-
တမန်တော် ၈:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ရှောလုက အသင်းတော်ကို အကြီးအကျယ် ဒုက္ခပေးတော့တယ်။ အမျိုးသားအမျိုးသမီးတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဆွဲထုတ်ပြီး ထောင်ချတယ်။+
-
-
တမန်တော် ၂၂:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ သခင့်လမ်းစဉ်လိုက်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ဖမ်းဆီးချည်နှောင်ပြီး ထောင်ချတယ်၊ အသေသတ်တဲ့အထိ ညှဉ်းဆဲခဲ့ပါတယ်။+
-
-
တမန်တော် ၂၆:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ဂျေရုဆလင်မြို့မှာ အဲဒီလိုပဲ လုပ်ခဲ့တယ်။ ပုရောဟိတ်မင်းတွေပေးတဲ့ အခွင့်အာဏာနဲ့+ သန့်ရှင်းသူတွေကို ထောင်ထဲမှာ အကျဉ်းချခဲ့တယ်။+ သူတို့ကို ကွပ်မျက်တဲ့အခါ ကျွန်တော် ထောက်ခံခဲ့တယ်။ ၁၁ တရားဇရပ်တိုင်းမှာ သူတို့ကို အကြိမ်ကြိမ် ပြစ်ဒဏ်ပေးပြီး သူတို့ရဲ့ ယုံကြည်သက်ဝင်မှုကို စွန့်လွှတ်အောင် အတင်းအကျပ်လုပ်ခဲ့တယ်။ သူတို့ကို ဒေါသစိတ်မွှန်ပြီး တခြားမြို့တွေအထိ လိုက်လံညှဉ်းဆဲခဲ့ပါတယ်။
-