-
တမန်တော် ၈:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ရှောလုက အသင်းတော်ကို အကြီးအကျယ် ဒုက္ခပေးတော့တယ်။ အမျိုးသားအမျိုးသမီးတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် ဆွဲထုတ်ပြီး ထောင်ချတယ်။+
-
-
တမန်တော် ၂၆:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ တကယ်တော့ နာဇရက်မြို့သား ယေရှုရဲ့နာမည်ကို ဆန့်ကျင်ဖို့ဆိုရင် ဘာမဆို လုပ်ရမယ်လို့ ကျွန်တော်လည်း အခိုင်အမာ ယူဆခဲ့ဖူးတယ်။ ၁၀ ဂျေရုဆလင်မြို့မှာ အဲဒီလိုပဲ လုပ်ခဲ့တယ်။ ပုရောဟိတ်မင်းတွေပေးတဲ့ အခွင့်အာဏာနဲ့+ သန့်ရှင်းသူတွေကို ထောင်ထဲမှာ အကျဉ်းချခဲ့တယ်။+ သူတို့ကို ကွပ်မျက်တဲ့အခါ ကျွန်တော် ထောက်ခံခဲ့တယ်။ ၁၁ တရားဇရပ်တိုင်းမှာ သူတို့ကို အကြိမ်ကြိမ် ပြစ်ဒဏ်ပေးပြီး သူတို့ရဲ့ ယုံကြည်သက်ဝင်မှုကို စွန့်လွှတ်အောင် အတင်းအကျပ်လုပ်ခဲ့တယ်။ သူတို့ကို ဒေါသစိတ်မွှန်ပြီး တခြားမြို့တွေအထိ လိုက်လံညှဉ်းဆဲခဲ့ပါတယ်။
-