-
တရားဟောရာ ၇:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့။ ကိုယ့်သမီးတွေကို သူတို့သားတွေနဲ့ မပေးစားနဲ့။ သူတို့သမီးတွေကိုလည်း ကိုယ့်သားတွေနဲ့ မပေးစားနဲ့။+ ၄ ဘုရားသခင်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဝတ်ပြုအောင် ခင်ဗျားတို့ရဲ့ သားသမီးတွေကို သူတို့သွေးဆောင်လိမ့်မယ်။+ အဲဒီအခါ ခင်ဗျားတို့ကို ယေဟောဝါ အမျက်ထွက်ပြီး ချက်ချင်း ဖျက်ဆီးလိမ့်မယ်။+
-
-
နေဟမိ ၁၃:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ဒါကြောင့် ကျွန်တော်က သူတို့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြီး ဘုရားသခင် ဆုံးမတာ ခံရမယ်လို့ သတိပေးလိုက်တယ်။ တချို့ကို ရိုက်နှက်ပြီး+ ဆံပင်ဆွဲနုတ်ပစ်တယ်။ အဲဒီနောက် ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုခိုင်းတယ်– “ကိုယ့်သမီးတွေကို သူတို့ရဲ့သားတွေနဲ့ မပေးစားနဲ့။ သူတို့ရဲ့သမီးတွေကို ကိုယ်တိုင်လည်း မယူနဲ့။ ကိုယ့်သားတွေနဲ့လည်း မပေးစားနဲ့။+ ၂၆ အစ္စရေးဘုရင် ရှောလမုန်က အဲဒီလိုလုပ်ပြီး ပြစ်မှားခဲ့တယ် မဟုတ်လား။ လူမျိုးတွေထဲမှာ သူ့လိုဘုရင်မျိုး မရှိဘူး။+ ဘုရားသခင်က သူ့ကို ချစ်တဲ့အတွက်+ အစ္စရေးဘုရင်အဖြစ် ခန့်အပ်တယ်။ ဒါပေမဲ့ တိုင်းတစ်ပါးမိန်းမတွေက သူအပြစ်ကျူးလွန်အောင် လုပ်နိုင်ခဲ့တယ်။+
-