-
ရောမ ၁၁:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဒါဆိုရင် ကျွန်တော် မေးဦးမယ်။ လူမျိုးတော်ကို ဘုရားသခင် ပစ်ပယ်လိုက်တာလား။+ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်က အစ္စရေးတစ်ယောက်ပါ။ အာဗြဟံရဲ့မျိုးနွယ်၊ ဗင်ယာမိန် မျိုးနွယ်စုကပါ။
-
-
ဖိလိပ္ပိ ၃:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ လူတွေ ယုံကြည်အားကိုးတဲ့အရာကို အားကိုးစတမ်းဆိုရင် ကျွန်တော့်မှာလည်း အဲဒီလိုအားကိုးဖို့ ခိုင်လုံတဲ့အကြောင်းရင်း ရှိတယ်။
တခြားသူတွေထက်တောင်မှ ခိုင်လုံတဲ့အကြောင်းရင်း ပိုရှိသေးတယ်။ ၅ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ရှစ်ရက်သားအရွယ်မှာ အရေဖျားဖြတ်ခဲ့သူပါ။+ အစ္စရေးလူမျိုး၊ ဗင်ယာမိန်အနွယ်ဝင်ပါ။ ဟီဘရူးမိဘကနေ မွေးဖွားလာတဲ့ ဟီဘရူးတစ်ယောက်ပါ။+ ပညတ်နဲ့ပတ်သက်လာရင် ဖာရိရှဲတစ်ယောက်ပါ။+
-