၂ ခင်ဗျားတို့အားလုံးအတွက် ဆုတောင်းပေးတဲ့အခါတိုင်း ဘုရားသခင်ကို ကျွန်တော်တို့ ကျေးဇူးတင်ချီးမွမ်းမိတယ်။+ ၃ အဖဘုရားသခင်ရှေ့မှာ ခင်ဗျားတို့ သစ္စာရှိရှိ လုပ်ဆောင်ခဲ့တာ၊ မေတ္တာပါပါ ကြိုးစားအားထုတ်ခဲ့တာ၊ သခင်ယေရှုခရစ်ကို မျှော်လင့်တဲ့စိတ်ကြောင့်+ ခံနိုင်ရည်ပြခဲ့တာတွေကို ကျွန်တော်တို့ အမြဲအမှတ်ရနေပါတယ်။