-
၁ တိမောသေ ၁:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ငါ့သားတိမောသေ၊ မင်းကိုရည်စူးပြီး ဟောထားတဲ့ ပရောဖက်ပြုချက်တွေအတိုင်း ဒီညွှန်ကြားချက်ကို ငါပေးတာပါ။ အဲဒီပရောဖက်ပြုချက်တွေအတိုင်း မွန်မြတ်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်ခိုက်သွားပါ။+ ၁၉ ယုံကြည်ခြင်းနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုလည်း ထိန်းသိမ်းထားပါ။+ လူတချို့ဟာ အမှားအမှန်သိစိတ်ကို ဘေးဖယ်ထားတဲ့အတွက် ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ရတယ်။
-
-
၂ တိမောသေ ၁:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ မင်းကိုသတိရပြီး နေ့ညမပြတ် တိုးလျှိုးအသနားခံတဲ့အခါတိုင်း ဘုရားသခင်ကို ကျေးဇူးတင်မိတယ်။ ငါက အဲဒီဘုရားသခင်ကို ဘိုးဘေးတွေ ကိုးကွယ်ခဲ့သလိုပဲ အမှားအမှန်သိစိတ် ကြည်လင်စွာ ကိုးကွယ်ပါတယ်။
-