-
မဿဲ ၁၉:၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ ယေရှုက “ကျွန်တော် မှန်တာကိုပြောမယ်။ ဘုရားသခင်က အရာအားလုံး အသစ်ဖြစ်အောင်လုပ်တဲ့အချိန်မှာ လူသားဟာ ဘုန်းကြီးတဲ့ ရာဇပလ္လင်ပေါ် ထိုင်လိမ့်မယ်။ အဲဒီအခါ ကျွန်တော့်နောက်လိုက်တဲ့ ခင်ဗျားတို့ဟာ ပလ္လင် ၁၂ ခုပေါ် ထိုင်ပြီး အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+
-
-
လုကာ ၂၂:၂၈-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှုကြုံရချိန်တွေမှာ+ ကျွန်တော့်ကို မစွန့်ခွာကြဘူး။+ ၂၉ အဖဘုရားက ကျွန်တော်နဲ့ ပဋိညာဉ်ဖွဲ့ခဲ့သလို ကျွန်တော်ကလည်း နိုင်ငံတော်မှာ အုပ်ချုပ်ဖို့ ခင်ဗျားတို့နဲ့ ပဋိညာဉ်ဖွဲ့တယ်။+ ၃၀ ခင်ဗျားတို့ဟာ နိုင်ငံတော်မှာ ကျွန်တော်နဲ့ တစ်စားပွဲတည်းထိုင်ပြီး စားသောက်ရလိမ့်မယ်။+ ပလ္လင်ပေါ်ထိုင်ပြီး+ အစ္စရေး ၁၂ နွယ်ကို တရားစီရင်ရလိမ့်မယ်။+
-
-
ဗျာဒိတ် ၂:၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ ငါ့လမ်းစဉ်အတိုင်း အဆုံးအထိ လျှောက်လှမ်းပြီး အောင်မြင်သူကို လူမျိုးတွေအပေါ် အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာ ငါပေးမယ်။+
-