Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 March laim. 8-13
  • Tui Kiphum Khit Ciangin Zong Jesuh’ Nung ‘Zui Den’ In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tui Kiphum Khit Ciangin Zong Jesuh’ Nung ‘Zui Den’ In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • HAKSATNATE LE ZE-ETNATE A OM HANG JESUH’ NUNG ‘ZUI DEN’ IN
  • JESUH’ NUNG ZUIH DEN THEIH DAN
  • “KI-ENTEL UNLA, KISITTEL UN”
  • Jehovah Kiang Ki-ap Dingin A Kigingsa-in Na Omta Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 March laim. 8-13

SIN DING THU 10

LA 13 စံနမူနာရှင် ခရစ်တော်

Tui Kiphum Khit Ciangin Zong Jesuh’ Nung ‘Zui Den’ In

“Mi khatpeuh in kei hong zuihnop leh ama deihna bangin gamta nawn loin bawlsiatna singkhuam pua-in ka nung hong zuih den ding kul hi.”—LK 9:23, New World Translation.

အာရုံစိုက်​ရာ

ဆက်ကပ်အပ်နှံခြင်း​ကတိ ဘာကို ဆိုလိုကြောင်း ကျွန်တော်တို့​အားလုံး ပြန်စဉ်းစားဖို့၊ လောလောလတ်လတ် နှစ်ခြင်းခံ​ထား​သူ​တွေ ဆက်သစ္စာရှိနိုင်ဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

1-2. Tui kiphumkhit ciangin bang thuphate kingah a hiam?

နှစ်ခြင်းခံတဲ့အခါ ဘုရား​မိသားစုဝင် ဖြစ်လာလို့ ကျွန်တော်တို့ သိပ်ပျော်ကြတယ်။ ယေဟောဝါနဲ့ ဒီလို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်တာ အခွင့်ထူး​ပဲ။ ဆာလံကျမ်း​ရေးသူ ဒါဝိဒ် ပြောသလို “တံတိုင်းတော်​ထဲ​မှာ နေဖို့ [ယေဟောဝါ] ရွေးချယ်ပြီး ဖိတ်ခေါ်ထား​တဲ့သူ​ဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။”—ဆာ. ၆၅:၄။

၂ တံတိုင်းတော်​ထဲ လူတိုင်းကို ယေဟောဝါ မ​ဆွဲဆောင်​ဘူး။ ရှေ့ဆောင်းပါးမှာ သိခဲ့​ရတဲ့​အတိုင်း မိမိနဲ့ ရင်းနှီး​ချင်ကြောင်း ပြသူတွေကို​ပဲ ဆွဲဆောင်တာ။ (ယာ. ၄:၈) သင် ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံတဲ့အခါ ယေဟောဝါနဲ့ ထူးထူးခြားခြား ရင်းနှီး​လာမယ်။ ယေဟောဝါ “ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်း​မယ်။”—မာ​လ. ၃:၁၀။ ယေ. ၁၇:၇၊ ၈။

3. Ki-ap a, tui kiphum khin Khristiante in bang a thupi tavuan nei uh a hiam? (Thuhilhna 5:4, 5)

၃ နှစ်ခြင်း​ဟာ အစပဲ ရှိသေးတယ်။ နှစ်ခြင်းခံပြီး​သွား​ရင် ဆက်ကပ်အပ်နှံခြင်း​ကတိ တည်ဖို့၊ ယေဟောဝါကို သစ္စာရှိမြဲ ရှိဖို့ သင် ကြိုးစားချင်​မှာ​ပဲ။ အထူးသဖြင့် အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ကြုံတဲ့အခါ ဖြစ်တယ်။ (ဒေသနာ ၅:၄၊ ၅ ကို ဖတ်ပါ။) နောက်လိုက်​တစ်ယောက်အနေနဲ့ ယေရှုကို အတုယူချင်​စိတ်၊ ယေရှုရဲ့ မိန့်မှာချက်​တွေ တစ်သဝေမတိမ်း လိုက်နာချင်​စိတ် ရှိမှာပဲ။ (မ. ၂၈:၁၉၊ ၂၀။ ၁ ပေ. ၂:၂၁) အဲဒီလို လိုက်နာနိုင်​ဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

HAKSATNATE LE ZE-ETNATE A OM HANG JESUH’ NUNG ‘ZUI DEN’ IN

4. Nungzuite in “bawlsiatna singkhuam” pua ding cih in bang a cihnopna hiam? (Luka 9:23)

၄ နှစ်ခြင်းခံ​လိုက်လို့ ဘဝက ပြဿနာ ကင်း​သွားမှာ မဟုတ်ဘူး။ “ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (လုကာ ၉:၂၃ ကို ဖတ်ပါ။) နောက်လိုက်တွေ တစ်ချိန်လုံး ဒုက္ခ​ကြုံရမယ်လို့ ဆိုလိုသလား။ မဆိုလိုဘူး။ နှစ်ခြင်းခံ​လို့ ကောင်းချီးတွေ ရ​သလို အခက်အခဲတွေ ကြုံရနိုင်တယ်​လို့ ဆိုလိုတာ​ပါ။ အခက်အခဲ​တချို့ဆိုရင် တော်တော် ခံရ​ခက်နိုင်တယ်။—၂ တိ. ၃:၁၂။

5. A kipiakhia mi te’n bang thupha ngah ding ci-in Jesuh in kamciam a hiam?

၅ မိသားစုဝင်တွေ ဆန့်ကျင်တာ သင် ကြုံခဲ့​ရနိုင်တယ်။ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ ငွေကြေး​ဥစ္စာ စွန့်ခဲ့​ရနိုင်တယ်။ (မ. ၆:၃၃) သင် ကိုယ်ကျိုးစွန့်​သမျှ ယေဟောဝါ သိတယ်။ (ဟီ. ၆:၁၀) “ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်း​ကြောင့် မိဘ၊ ညီအစ်ကို​မောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်​လိုက်ရ​သူ​တိုင်း အခု​အချိန်မှာ မိဘ၊ ညီအစ်ကို​မောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်​ရမယ့်​အပြင် ညှဉ်းဆဲ​တာ ခံရမယ်။ နောင်လာမယ့် လောကစနစ်​မှာ​လည်း ထာဝရ​အသက်ကို ရဦးမယ်” ဆိုတဲ့ ယေရှု​စကားတွေ မှန်ကန်ကြောင်း ကိုယ်တွေ့ ကြုံခဲ့​မှာ​ပါ။ (မာ. ၁၀:၂၉၊ ၃၀) စွန့်လွှတ်​လိုက်ရတာ​တွေ​ထက် ရလာတဲ့ ကောင်းချီးတွေ ပိုများတယ် မဟုတ်လား။—ဆာ. ၃၇:၄။

6. Tui kiphum khit ciangin zong “pumpi deihna” dosuak ding bang hangin kisam a hiam?

၆ နှစ်ခြင်းခံပြီး​ရင်​လည်း “သွေးသား​အလိုဆန္ဒ” ကို ဆက်တိုက်လှန်​ရမယ်။ (၁ ယော. ၂:၁၆) အာဒံရဲ့ မစုံလင်တဲ့ သားစဉ်မြေးဆက် ဖြစ်နေဆဲ​မို့လို့​ပါ။ “ကျွန်တော်က ဘုရားသခင်ရဲ့ ပညတ်ကို စိတ်ထဲမှာ နှစ်နှစ်ကာကာ မြတ်နိုးပါ​တယ်။ ဒါပေမဲ့ ကျွန်တော့်​ကိုယ်ခန္ဓာ​ထဲ​မှာ တခြား​တရား​တစ်ခုက စိတ်ထဲက တရားကို တိုက်ခိုက်တဲ့အတွက် ကိုယ်ခန္ဓာ​ထဲ​မှာ ရှိနေတဲ့ အပြစ်​တရား​ရဲ့ ဖမ်းဆီး​ချုပ်နှောင်​မှု​အောက် ကျွန်တော် ရောက်သွားတာ​ကို မြင်​လိုက်တယ်” လို့ ပြောတဲ့ တမန်တော် ပေါလုလို တစ်ခါတလေ ခံစားရနိုင်တယ်။ (ရော. ၇:၂၂၊ ၂၃) သွေးသား​အလိုဆန္ဒ တိုက်လှန်​ရ​လွန်းလို့ စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါပေမဲ့ ဘုရားဆီ ဆက်ကပ်အပ်နှံချိန်မှာ ပေးထားတဲ့ ကတိကို စဉ်းစားတာက သွေးဆောင်မှုတွေ တိုက်လှန်​မယ်​ဆိုတဲ့ သန္နိဋ္ဌာန် ပိုခိုင်မာစေတယ်။ တကယ်တော့ ဆက်ကပ်အပ်နှံခြင်း​ကတိက သွေးဆောင်မှုတွေ တိုက်လှန်​ဖို့ အများကြီး ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။

7. Jehovah kiang ki-apna in cihtak nadingin koi bangin hong huh a hiam?

၇ ယေဟောဝါ​ဘုရားဆီ ဆက်ကပ်အပ်နှံ​တာ​ဟာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်​လိုက်တာပဲ။ ဘုရား​စိတ်နဲ့ မ​တွေ့​မယ့် အလိုဆန္ဒတွေ၊ ပန်းတိုင်တွေကို ငြင်းပယ်ဖို့ ရွေးချယ်​လိုက်တာပဲ။ (မ. ၁၆:၂၄) ဘုရားကို သစ္စာစောင့်သိဖို့၊ ဘုရား နှစ်သက်တာ လုပ်ဖို့ ဆုံးဖြတ်ပြီး​သား ဖြစ်နေလို့ သွေးဆောင်မှုတွေ၊ အခက်အခဲတွေ ကြုံလာ​မှ ဘာလုပ်ရမလဲ အချိန်ကုန်​ခံ စဉ်းစား​နေစရာ မလိုတော့ဘူး။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံ​တာ​တောင် “ကျုပ်​ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြောတဲ့ ယောဘလို သစ္စာစောင့်သိ​မှာ ဖြစ်တယ်။—ယောဘ ၂၇:၅။

8. Ki-apna kamciam lungngaihkikna in zolnate do zawh nadingin koi bangin hong huh thei a hiam?

၈ ဆက်ကပ်အပ်နှံခြင်း​ကတိကို ပြန်​စဉ်းစားတာက သွေးဆောင်မှုတွေ တွန်းလှန်​ဖို့ ကူညီပေးတယ်။ ဥပမာ၊ အိမ်ထောင်သည်​တစ်ယောက်နဲ့ သင် ပရောပရည် လုပ်မလား။ လုပ်မှာ မဟုတ်ဘူး။ ဘုရားဆီ ဆက်ကပ်အပ်နှံ​တုန်းက ငြင်းပယ်ပါ့မယ်​လို့ ကတိ​ပေးထားတဲ့​အထဲမှာ ဒီ​လုပ်ရပ် ပါပြီးသား​ပဲ။ နဂို​ကတည်းက မသင့်တော်တဲ့ ဆန္ဒ​တွေ အမြစ်စွဲ​ဖို့ ခွင့်ပြု​မထား​လို့ နောက်မှ အမြစ်​လိုက်နုတ်ရတဲ့ အဖြစ်မျိုး မ​ရောက်တော့​ဘူး။ “လူဆိုးတွေရဲ့ လမ်း” ကို “ရှောင်​သွား” မှာ ဖြစ်တယ်။—ပညာ. ၄:၁၄၊ ၁၅။

9. Ki-apna kamciam lungngaihkikna in biakpiakna a masapena koih dingin koi bangin hong huh a hiam?

၉ အစည်းအဝေး ပျက်​မယ့်​အလုပ် ကမ်းလှမ်း​ခံရတဲ့အခါ ဘာလုပ်မလဲ။ အလုပ် ကမ်းလှမ်း​မခံရခင်က​တည်း​က အဲဒီလို​အလုပ်မျိုး ငြင်း​မယ်​လို့ ဆုံးဖြတ်ပြီး​သား​ပဲ။ ဒါဆိုရင် အစည်းအဝေး ပျက်​မယ့်​အလုပ်​မှန်း သိလျက်နဲ့ လက်ခံပြီး​ခါ​မှ အစည်းအဝေး မပျက်အောင် ဖြေရှင်းနည်း ရှာ​ရတဲ့ အဖြစ်မျိုး မ​ရောက်တော့​ဘူး။ အဖ စိတ်​ရွှင်လန်းအောင် လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ ယေရှုရဲ့ စံနမူနာကို စဉ်းစားတာ အကူအညီ ဖြစ်စေတယ်။ ယေရှုလိုပဲ ကိုယ်​ဆက်ကပ်အပ်နှံထားတဲ့ အဖ မနှစ်မြို့​မယ့်​အရာ​မှန်သမျှ ချက်ချင်း ပြတ်ပြတ်သားသား ငြင်းပယ်ဖို့ ဆုံးဖြတ်ထားပါ။—မ. ၄:၁၀။ ယော. ၈:၂၉။

10. Tui kiphum khit ciangin zong Jesuh’ nung “zuih den” zawh nadingin Jehovah in koi bangin hong huh ding a hiam?

၁၀ အခက်အခဲတွေ၊ စမ်းသပ်မှုတွေ​ဟာ ယေရှုနောက် “အမြဲ လိုက်” ချင်ကြောင်း သက်သေပြဖို့ အခွင့်အရေးပဲ။ ယေရှုနောက် အမြဲ လိုက်​နိုင်အောင် ယေဟောဝါ ကူညီပေးမယ်။ “ဘုရားသခင်ဟာ သစ္စာရှိတဲ့အတွက် ခင်ဗျားတို့ မခံနိုင်​လောက်​တဲ့ သွေးဆောင်ခြင်း​ကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါ့အပြင် သွေးဆောင်ခံရတဲ့အခါ ခံရပ်နိုင်ဖို့ လွတ်မြောက်ရာလမ်း​ကို ပြင်ဆင်​ပေးလိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။—၁ ကော. ၁၀:၁၃။

JESUH’ NUNG ZUIH DEN THEIH DAN

11. Jesuh’ nung zuih den zawh nading a hoihpen thu khat in bang a hiam? (Lim zong en in.)

၁၁ ယေရှု စိတ်နှလုံး အကြွင်းမဲ့ ဘုရား​အလိုတော် ဆောင်​တယ်။ ဆုတောင်းခြင်းအားဖြင့် ဘုရားနဲ့ အမြဲ ရင်းနှီးအောင် လုပ်တယ်။ (လု. ၆:၁၂) ဒါကြောင့် ယေရှုနောက် အမြဲ လိုက်​နိုင်​တဲ့ အကောင်းဆုံး တစ်နည်းက နှစ်ခြင်းခံပြီးနောက် ယေဟောဝါနဲ့ ပိုရင်းနှီးစေ​မယ့်​အရာတွေ ဆက်လုပ်တာ​ပဲ။ “ကျွန်တော်တို့ ဒီလောက်ထိ တိုးတက်လာပြီ ဖြစ်လို့ ဒီ​လမ်းစဉ်​အတိုင်းပဲ ဆက်ပြီး စနစ်တကျ ကျင့်ကြံနေကြစို့” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဖိ. ၃:၁၆) ဘုရား​ကျေးကျွန်တွေဟာ ဘုရား​အမှု ပို​ဆောင်နိုင်ဖို့ နည်းလမ်း ရှာကြတယ်။ (တ. ၁၆:၉) သတင်းကောင်း ဟောပြောသူများ​အတွက် သင်တန်း တက်ဖို့၊ ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ဖို့ ဆုံးဖြတ်တဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှု ကြားဖူး​မှာ​ပါ။ အခြေအနေ ပေး​ရင် သင်လည်း အဲဒီလို​ပန်းတိုင်တွေ ထားနိုင်တယ်။ အခြေအနေ မပေးရင်​ကော။ တခြားသူတွေ​လောက် မလုပ်နိုင်ဘူး​ဆိုပြီး သိမ်ငယ်​မ​သွားပါနဲ့။ အရေးကြီးတာက ခံနိုင်ရည် ရှိဖို့​ပါပဲ။ (မ. ၁၀:၂၂) ကိုယ့်​အခြေအနေ၊ အစွမ်းအစနဲ့​အညီ အမှုဆောင်တဲ့အခါ ဘုရား နှစ်သက်တယ်။—ဆာ. ၂၆:၁။

[စာမျက်နှာ ၁၀ မှာ ပါတဲ့ ရုပ်ပုံ]နှစ်ခြင်းခံပြီးခါစ ပြုံးပျော်နေတဲ့ ညီအစ်မငယ်​တစ်ယောက်။ ရုပ်ပုံ​ငယ်– ၁။ အမှုဆောင်မှာ ပါဝင်နေ။ ၂။ သတင်းကောင်း ဟောပြောသူများ​အတွက်​သင်တန်း တက်​နေ။ ၃။ အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်း​ရဲ့ လျှပ်စစ်​ဌာနမှာ ပါဝင်နေ။

နှစ်ခြင်းခံပြီးနောက် ဘုရားနဲ့ ပိုရင်းနှီးစေ​မယ့်​အရာတွေ ဆက်လုပ်ဖို့ ပန်းတိုင် ထားပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


12-13. Na thalawpna a hong kiam ciangin bang sem thei na hiam? (1 Korin 9:16, 17) (“Tai Kidemna-ah Taisuak In” cih kiu li bawm zong en in.)

၁၂ နှစ်ခြင်းခံပြီးနောက် အရင်ကလောက် စိတ်ပါလက်ပါ ဆု​မ​တောင်းတော့​ရင်၊ ကျမ်းစာ​ဖတ်ရတာ၊ အမှုဆောင် ထွက်​ရတာ မ​ပျော်​တော့​ရင်​ကော။ စွမ်းအားတော် မရတော့​လို့​ပဲ​ဆိုပြီး ကောက်ချက် မ​ချ​လိုက်ပါ​နဲ့။ မစုံလင်သူမို့ စိတ်​အတက်အကျ ရှိနိုင်တယ်။ ဇွဲလျော့​လာပြီ​ဆိုရင် တမန်တော် ပေါလု​အကြောင်း စဉ်းစား​လိုက်ပါ။ ယေရှုကို ကြိုးစား​အတုယူ​ပေမဲ့ လုပ်သင့်တာ လုပ်ဖို့ စိတ်မပါတဲ့​အချိန်တွေ ရှိနိုင်​မှန်း ပေါလု သိတယ်။ (၁ ကောရိန္သု ၉:၁၆၊ ၁၇ ကို ဖတ်ပါ။) “စိတ်မပါ​ရင်တောင် ကျွန်တော့်ကို ပေးအပ်ထားတဲ့ တာဝန်ကို လုပ်ဆောင်ရမှာ​ပဲ” လို့ ပြောတယ်။ စိတ်​အခြေအနေ ဘယ်လို​ရှိရှိ အမှုဆောင်တာ​ဝန် ကျေပွန်​ဖို့ ဆုံးဖြတ်ထားတယ်။

၁၃ သင်လည်း စိတ်​အ​လို မလိုက်ပါနဲ့။ စိတ်​အခြေအနေ ဘယ်လို​ရှိရှိ မှန်ရာ လုပ်ဖို့ ဆုံးဖြတ်ထားပါ။ လုပ်စရာ ရှိတာ ဆက်လုပ်တဲ့​အခါ စိတ်​အခြေအနေ ပြောင်း​လာနိုင်တယ်။ ကျမ်းစာ လေ့လာတာ၊ ဆုတောင်းတာ၊ အစည်းအဝေး တက်တာ၊ ဟောပြောတာ မပျက်​ပါ​စေ​နဲ့။ ဒါ ယေရှုနောက် အမြဲ လိုက်​ကြောင်း ပြ​နေတာပဲ။ သင် ခံနိုင်ရည် ရှိတာကို မြင်တဲ့အခါ ညီအစ်ကို/မတွေ အား​ရှိလာကြ​မယ်။—၁ သက်. ၅:၁၁။

ပြေးပွဲ​မှာ ဆက်​ပြေးပါ

ရုပ်ပုံ– ၁။ အားကစားသမား​တစ်ယောက် အာဟာရ ရှိတဲ့ အစားအစာ စား​နေ။ ညီအစ်ကို ကျမ်းစာ​ဖတ်နေ​ပုံ​ကို ရုပ်ပုံ​ငယ်​မှာ ပြ​ထား။ ၂။ အားကစားသမား​တစ်ယောက် အကြော​လျှော့​နေ။ ညီအစ်ကို အစည်းအဝေးမှာ အဖြေပေး​နေ​ပုံ​ကို ရုပ်ပုံ​ငယ်​မှာ ပြ​ထား။ ၃။ အားကစားသမား​တစ်ယောက် ပြေး​နေ။ အများရှေ့ သက်သေခံခြင်းမှာ ညီအစ်ကို ပါဝင်နေ​ပုံ​ကို ရုပ်ပုံ​ငယ်​မှာ ပြ​ထား။

အပြေးသမား​တစ်ယောက် ပြေးပွဲ​မှာ ဆက်​ပြေး​နိုင်ဖို့ ကျန်းမာ​ကြံ့ခိုင်​နေ​ရမယ်။ အလားတူပဲ၊ နှစ်ခြင်းခံပြီးနောက် ယေဟောဝါ​အတွက် ဆက်​အမှုဆောင်နိုင်ဖို့ ဘုရားရေးရာမှာ ကျန်းမာ​ကြံ့ခိုင်​နေ​ရမယ်။

“KI-ENTEL UNLA, KISITTEL UN”

14. Ei le ei bangteng ki-ettel ding kisam a hiam? Bang hang hiam? (2 Korin13:5, ZSV)

၁၄ နှစ်ခြင်းခံပြီး​ရင်​လည်း ကိုယ့်ကိုယ်ကိုယ် မှန်မှန် ဆန်းစစ်​နေဖို့ အရေးကြီးတယ်။ (၂ ကောရိန္သု ၁၃:၅ ကို ဖတ်ပါ။) နေ့တိုင်း ဆုတောင်း​သ​လား၊ ကျမ်းစာ ဖတ်​သ​လား၊ လေ့လာ​သ​လား၊ မှန်မှန် အစည်းအဝေး တက်​သ​လား၊ အမှုဆောင်မှာ ပါဝင်သလား​လို့ မကြာမကြာ ဆန်းစစ်ပါ။ ဒီ​လုပ်ဆောင်မှုတွေ​ကနေ ပိုအကျိုး​ရစေမယ့်​နည်း​တွေ ရှာပါ။ ‘တခြားသူတွေကို အခြေခံ ကျမ်းစာ​သွန်သင်ချက်တွေ ငါ ရှင်းပြနိုင်​သ​လား။ အမှုဆောင်လုပ်ငန်းမှာ ပို​ပျော်​စေ​မယ့်​နည်း​တွေ ရှိသလား။ သတ်သတ်မှတ်မှတ် ဆုတောင်း​သ​လား။ ဘုရားကို အပြည့်အဝ ကိုးစားကြောင်း ငါ့​ဆုတောင်းချက်တွေ​က ပြသ​လား။ အစည်းအဝေး မှန်မှန် တက်​သ​လား။ အစည်းအဝေးမှာ ပို​ပါဝင်ဖို့၊ ပို​အာရုံစိုက်ဖို့ ဘာလုပ်နိုင်သလဲ’ လို့ စဉ်းစားပါ။

15-16. Zolna dona tawh kisai-in unaupa Robert ii tuahkhakna pan bang theikhia i hiam?

၁၅ ကိုယ့်​အားနည်းချက်​ကိုယ် သိဖို့လည်း အရေးကြီးတယ်။ ညီအစ်ကို ရောဘတ်​ရဲ့ တွေ့ကြုံမှု သုံးသပ်ကြည့်ပါ။ “ကျွန်တော် အသက် ၂၀ လောက်​မှာ အချိန်ပိုင်း​အလုပ်​တစ်ခု လုပ်တယ်။ တစ်ရက်၊ အလုပ်ဆင်း​တော့ အိမ်​လိုက်ခဲ့​ဖို့ အလုပ်ဖော် မိန်းကလေး​က ခေါ်တယ်။ နှစ်ယောက်တည်း ရှိနေမှာ၊ ‘အချိန်​ကောင်း​လေး​ပဲ’ လို့ ပြောတယ်။ ကျွန်တော် ငြင်း​တော့ ငြင်းတယ်။ ဒါပေမဲ့ ဝေ့လည်ကြောင်ပတ် ဖြစ်နေတယ်။ နောက်ဆုံးတော့ မလိုက်ဘူး​လို့ အပြတ် ငြင်း​ပြီး အကြောင်းရင်း​ပါ ရှင်းပြ​လိုက်တယ်” လို့ ရောဘတ် ပြောတယ်။ ရောဘတ် သွေးဆောင်မှု တွန်းလှန်နိုင်​ခဲ့တယ်။ ဒါ ချီးကျူး​စ​ရာ​ပဲ။ ဒါပေမဲ့ ဒီ​အဖြစ်အပျက်​ကို နောက်ပိုင်း ပြန်​စဉ်းစား​ကြည့်တဲ့အခါ ကိုယ့်​တုံ့ပြန်ပုံ​ကို သိပ်​အားမရ​ဘူး။ “ပေါတိဖာ​ရဲ့ မိန်းမ​ကို ယောသပ် ငြင်း​သလို ချက်ချင်း ပြတ်ပြတ်သားသား ကျွန်တော် မငြင်း​နိုင်​ခဲ့ဘူး။ (က. ၃၉:၇-၉) သွေးဆောင်မှုကို ငြင်းဖို့ အဲဒီလောက် ခက်​ပါ​လား​ဆိုတာ သဘောပေါက်သွားတယ်။ ဘုရားနဲ့ ဆက်ဆံရေး ပိုခိုင်ခံ့အောင် လုပ်ဖို့ လိုနေမှန်း မြင်လာတယ်” လို့ ပြောတယ်။

၁၆ သင်လည်း ရောဘတ်​လို ကိုယ့်ကိုယ်ကိုယ် ပြန်​ဆန်းစစ်​နိုင်တယ်။ သွေးဆောင်မှုကို ငြင်း​နိုင်ခဲ့ရင်​တောင် ‘ငြင်းဖို့ ဘယ်လောက်ကြာကြာ အချိန်ယူ​လိုက်ရ​သလဲ’ ဆိုတာ စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် အား​မရတာတွေ ရှိရင်တောင် စိတ်ဓာတ်​မကျပါနဲ့။ အားနည်းချက် သိရတာပဲ ဝမ်းသာ​လိုက်ပါ။ ကိုယ့်​အားနည်းချက်​အကြောင်း ယေဟောဝါဆီ ဆုတောင်း​ပြောပြပါ။ ဘုရား ချမှတ်ထားတဲ့ ကိုယ်ကျင့်တရား​စံနှုန်းအတိုင်း အသက်ရှင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာစေမယ့်​အရာတွေ လုပ်ပါ။—ဆာ. ၁၃၉:၂၃၊ ၂၄။

17. Robert’ tuahkhakna-ah Jehovah’ min koi bangin na kihel a hiam?

၁၇ ရောဘတ်​ရဲ့ တွေ့ကြုံမှု​ကနေ သင်ခန်းစာ နောက်တစ်ခု ရ​သေးတယ်။ “ကျွန်တော် ငြင်း​လိုက်တော့ ‘ရှင့်​ကို ဒါမျိုး စမ်းလို့ မရဘူး​ပဲ’ လို့ အလုပ်ဖော် မိန်းကလေး ပြောတယ်။ ‘ဘာ​ပြောချင်​တာ​လဲ’ လို့ ကျွန်တော် မေးလိုက်တယ်။ သူ့​သူငယ်ချင်း ကောင်လေး​တစ်ယောက်ဟာ အရင်က ယေဟောဝါ​သက်သေ။ သက်သေခံ လူငယ်​အားလုံး ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တဲ့​သူချည်းပဲ၊ အခွင့်အရေး ရရင် ယူ​မယ့်​သူချည်းပဲ​လို့ ပြော​ထားတာ။ ဒါနဲ့ ဟုတ်မဟုတ် သိရအောင် ကျွန်တော့်ကို လာစမ်းတာ။ ယေဟောဝါ​နာမည် ဂုဏ်တက်​အောင် လုပ်​ခွင့် ရလို့ ကျွန်တော် သိပ်ပျော်တယ်” လို့ ရောဘတ် ပြောတယ်။

18. Tui na kiphum khit ciangin bang sep ding na khensat kul a hiam? (“Na Deih Ding Thulu Nih” cih kiu li bawm zong en in.)

၁၈ ယေဟောဝါဆီ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာ​ဟာ ဘယ်လို အခြေအနေမှာ​မ​ဆို ဘုရား​နာမည် သန့်ရှင်း​မြင့်မြတ်​အောင် လုပ်ချင်ကြောင်း ပြတာပဲ။ ဘာစမ်းသပ်မှု​တွေ၊ ဘာအခက်အခဲတွေ သင် ကြုံနေရ​မှန်း ယေဟောဝါ သိတယ်။ သစ္စာစောင့်သိဖို့ သင် ကြိုးစား​နေတဲ့အတွက် ဆုချမယ်။ သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။ (လု. ၁၁:၁၁-၁၃) ဘုရား​အကူအညီကြောင့် နှစ်ခြင်းခံပြီး​ရင်​လည်း ယေရှုနောက် သင် အမြဲ လိုက်​နိုင်​ပါလိမ့်မယ်။

အကြိုက်တွေ့​သွား​မယ့် ဆောင်းပါး​နှစ်ခု

သင်ဟာ အမှန်တရားမှာ ကြီးပြင်းလာတဲ့ လူငယ်​လား။ ဒါဆိုရင် jw.org မှာ တင်ထားတဲ့ “လူငယ်များအမေး . . . နှစ်ခြင်းခံပြီးနောက် ဘာလုပ်ရမလဲ” အပိုင်း ၁၊ ၂ ကို အကြိုက်တွေ့​သွားမှာ သေချာတယ်။ ဘုရားရေးရာ လုပ်ဆောင်မှုတွေ ဆက်လုပ်နိုင်ဖို့ အပိုင်း ၁ က ကူညီပေးမယ်။ အခက်အခဲတွေ၊ စမ်းသပ်မှုတွေ ကြုံတဲ့အခါ သစ္စာစောင့်သိ​နိုင်ဖို့ အပိုင်း ၂ က ကူညီပေးမယ်။

NANGH BANGCI DAWNG DING?

  • Khristiante in koi bang danin “bawlsiatna singkhuam” pua-in Jesuh’ nung ‘zui den’ uh a hiam?

  • Tui kiphum khit ciangin zong Jesuh’ nung koi bangin ‘zui den’ thei na hiam?

  • Ki-apna kamciam lungngaihkikna in na cihtak nadingin koi bangin hong huh a hiam?

LA 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ