Sin Ding Thu 45
LA 138 ဖြူသောဆံပင်ရဲ့ တင့်တယ်မှု
A Citak Pasalte’ Kam Vaikhak
“Khanghamte in pilna nei a, nuntak saute in thu thei tel uh hi?”—JOB 12:12.
အာရုံစိုက်ရာ
ယေဟောဝါဘုရားကို နာခံတာက လောလောဆယ် ကောင်းချီးတွေ ရစေတယ်။ အနာဂတ်မှာ ထာဝရအသက် ရစေတယ်။
1. Bang hang khanghamte kiang pan sin kul i hiam?
ဘဝမှာ အရေးကြီး ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ကျွန်တော်တို့အားလုံး အကြံဉာဏ်ကောင်း လိုအပ်ကြတယ်။ အကြီးအကဲတွေ၊ ရင့်ကျက်တဲ့ ညီအစ်ကို/မတွေဆီကနေ အကြံဉာဏ်ကောင်း ရနိုင်တယ်။ အကြံပေးသူဟာ ကိုယ့်ထက် အများကြီး အသက်ပိုကြီးတယ်ဆိုရင် သူတို့ရဲ့ အကြံဉာဏ် ခေတ်နောက်ကျတယ်ဆိုပြီး မပစ်ပယ်သင့်ဘူး။ အသက်ကြီးသူတွေဟာ ကျွန်တော်တို့ထက် ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေ ပိုများတဲ့အတွက် အတွေ့အကြုံ၊ သိနားလည်မှု၊ ဉာဏ်ပညာ ပိုများတယ်။ ဒါကြောင့် အသက်ကြီးသူတွေဆီကနေ ကျွန်တော်တို့ကို ယေဟောဝါဘုရား သင်ယူစေချင်တယ်။—ယောဘ ၁၂:၁၂။
2. Hih thulu-ah bang thu kikum ding i hiam?
၂ ကျမ်းစာခေတ်မှာ မိမိလူမျိုးကို အားပေးဖို့၊ လမ်းပြဖို့ သစ္စာရှိ အသက်ကြီးသူတွေကို ယေဟောဝါ သုံးခဲ့တယ်။ ဥပမာ၊ မောရှေ၊ ဒါဝိဒ်၊ တမန်တော် ယောဟန်တို့ ဖြစ်တယ်။ သူတို့ အသက်ရှင်ခဲ့ကြတဲ့ ခေတ်ကာလ၊ အခြေအနေ မတူကြဘူး။ မသေဆုံးခင်မှာ သူတို့ထက် အသက်ပိုငယ်သူတွေကို အကြံဉာဏ်ကောင်း ပေးခဲ့ကြတယ်။ ဘုရားကို နာခံဖို့ သိပ်အရေးကြီးကြောင်း သုံးယောက်စလုံး ပြောခဲ့ကြတယ်။ သူတို့ရဲ့ အမှာစကားတွေကို ကျွန်တော်တို့အကျိုးအတွက် ကျမ်းစာမှာ ယေဟောဝါ မှတ်တမ်းတင်စေတယ်။ အဲဒီစကားတွေကို သုံးသပ်တဲ့အခါ အသက်ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ အကျိုးရနိုင်တယ်။ (ရော. ၁၅:၄။ ၂ တိ. ၃:၁၆) သူတို့ ဘာတွေ မှာသွားသလဲ၊ သူတို့ရဲ့ အမှာစကားကနေ ဘာသင်ယူနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
“NOTE-A’ DINGIN NUNTAKNA LE KHANSAUNA AHI HI”
3. Moses in bangteng na sem a hiam?
၃ မောရှေဟာ တစ်ဘဝလုံး ယေဟောဝါကို ဆည်းကပ်သူ ဖြစ်တယ်။ ပရောဖက်၊ တရားသူကြီး၊ ခေါင်းဆောင်၊ ကျမ်းရေးသူလည်း ဖြစ်တယ်။ ဘဝအတွေ့အကြုံ များတယ်။ အီဂျစ်ပြည် ကျွန်ဘဝကနေ အစ္စရေးလူမျိုးကို ခေါ်ထုတ်ခဲ့တယ်။ ယေဟောဝါရဲ့ အံ့ဖွယ်အမှုများစွာကို မြင်ခဲ့တယ်။ ကျမ်းစာမှာ ပါတဲ့ ဦးဆုံး ကျမ်းငါးစောင်နဲ့ ဆာလံ ၉၀ ကို ရေးတယ်။ ဆာလံ ၉၁ နဲ့ ယောဘကျမ်းကို ရေးတာလည်း မောရှေ ဖြစ်နိုင်တယ်။
4. Moses in kuate tha pia a hiam? Bang hang hiam?
၄ မောရှေ မသေဆုံးခင် အသက် ၁၂၀ မှာ အစ္စရေးအားလုံးကို ခေါ်ပြီး သူတို့ ငယ်ငယ်က မြင်ခဲ့ကြုံခဲ့ရတာတွေကို ပြန်အမှတ်ရစေတယ်။ သူတို့ထဲက တချို့ဟာ ယေဟောဝါ အံ့ဖွယ်အမှုတွေ လုပ်တာ၊ အီဂျစ်တွေကို ဒဏ်ခတ်တာ မြင်ခဲ့ကြတယ်။ (ထွ. ၇:၃၊ ၄) ပင်လယ်နီ နှစ်ခြမ်းကွဲသွားပြီး ပင်လယ်ကြမ်းပြင်ပေါ် ဖြတ်လျှောက်ခဲ့ကြတယ်။ ဖာရောရဲ့ စစ်တပ် ဖျက်ဆီးခံလိုက်ရတာ တွေ့ခဲ့ကြတယ်။ (ထွ. ၁၄:၂၉-၃၁) တောကန္တာရမှာ ယေဟောဝါ ကာကွယ်စောင့်ရှောက်ပေးတာကို ခံစားခဲ့ကြရတယ်။ (တရား. ၈:၃၊ ၄) အခု၊ သူတို့ ကတိထားရာပြည် ဝင်ကြတော့မယ်။ ဒါကြောင့် မိမိ မသေဆုံးခင် နောက်ဆုံး အခွင့်အရေးကို အမိအရ ယူပြီး သူတို့ကို မောရှေ အားပေးတယ်။a
5. Thu Hilhkikna 30:19, 20-a Moses’ kam vaikhakna in Israelte koi bangin lungnuamsak a hiam?
၅ မောရှေ ဘာမှာသလဲ။ (တရားဟောရာ ၃၀:၁၉၊ ၂၀ ကို ဖတ်ပါ။) အစ္စရေးလူမျိုးရဲ့ နောင်ရေးဟာ စိတ်အေးစရာပါပဲ။ ဘုရားကောင်းချီးကြောင့် ကတိထားရာပြည်မှာ အသက်ရှည်ရှည် နေနိုင်တော့မယ်။ ကတိထားရာပြည်ဟာ သီးနှံဖြစ်ထွန်းပြီး နေချင့်စဖွယ်ပြည် ဖြစ်တယ်။ “ကိုယ်တိုင် မတည်ဆောက်ခဲ့တဲ့ မြို့ကြီးမြို့ကောင်းတွေ၊ ကိုယ်တိုင် မဖြည့်ဘဲ ကောင်းမွန်ရာအမျိုးမျိုး ပြည့်နေတဲ့အိမ်တွေ၊ ကိုယ်တိုင် မတူးခဲ့တဲ့ ရေလှောင်ကန်တွေ၊ ကိုယ်တိုင် မစိုက်ပျိုးခဲ့တဲ့ စပျစ်ခြံတွေ၊ သံလွင်ပင်တွေ ရှိတဲ့ ပြည်” လို့ မောရှေ ပြောတယ်။—တရား. ၆:၁၀၊ ၁၁။
6. Minam dangte in Israelte gualzo dingin Jehovah in ba’hang phal a hiam?
၆ အစ္စရေးတွေကို မောရှေ သတိလည်း ပေးတယ်။ သီးနှံဖြစ်ထွန်းပြီး သိပ်လှတဲ့ ပြည်မှာ အမြဲ နေချင်ရင် ဘုရားပညတ်တွေကို နာခံရမယ်လို့ သတိပေးတာပါ။ ဘုရားကို နာခံခြင်း၊ “တွယ်တာနေ” ခြင်းအားဖြင့် “အသက်ရှင်ခြင်းကို ရွေးချယ်” ဖို့ တိုက်တွန်းတယ်။ ဒါပေမဲ့ ယေဟောဝါကို အစ္စရေးတွေ မနာခံကြဘူး။ ဒါကြောင့် အဆီးရီးယားတွေ၊ နောက်ပိုင်းမှာ ဗာဗုလုန်တွေ သူတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။—၂ ဘု. ၁၇:၆-၈၊ ၁၃၊ ၁၄။ ၂ ရာ. ၃၆:၁၅-၁၇၊ ၂၀။
7. Moses’ kam vaikhakna pan bang sin thei i hiam? (Lim zong en in.)
၇ ဘာသင်ခန်းစာ ရသလဲ။ ဘုရားကို နာခံရင် အသက်ရတယ်။ ကတိထားရာပြည်ထဲ ဝင်ခါနီး အစ္စရေးတွေလိုပဲ ကျွန်တော်တို့လည်း ကမ္ဘာသစ်ထဲ ဝင်ရခါနီးနေပြီ။ မကြာခင် ကမ္ဘာတစ်ခုလုံး ပရဒိသု ဖြစ်လာတော့မယ်။ (ဟေရှာ. ၃၅:၁။ လု. ၂၃:၄၃) မာရ်နတ်နဲ့ နတ်ဆိုးတွေ မရှိတော့ဘူး။ (ဗျာ. ၂၀:၂၊ ၃) လူတွေကို ဘုရားဆီကနေ လမ်းလွဲအောင် လုပ်မယ့် မှားယွင်းတဲ့ ဘာသာရေးတွေ မရှိတော့ဘူး။ (ဗျာ. ၁၇:၁၆) ပြည်သူပြည်သားတွေကို ဖိနှိပ်မယ့် လူ့အစိုးရတွေ မရှိတော့ဘူး။ (ဗျာ. ၁၉:၁၉၊ ၂၀) ပြဿနာ ဖန်တီးမယ့်သူတွေ လုံးဝ မရှိတော့ဘူး။ (ဆာ. ၃၇:၁၀၊ ၁၁) လူတိုင်း ဘုရားပညတ်တွေကို နာခံကြမှာ ဖြစ်လို့ စည်းလုံးငြိမ်သက်နေမယ်။ အချင်းချင်း ချစ်ခင်ကြမယ်၊ ယုံကြည်ကြမယ်။ (ဟေရှာ. ၁၁:၉) ကျွန်တော်တို့ရဲ့ နောင်ရေးဟာ စိတ်အေးစရာပါပဲ။ ယေဟောဝါကိုသာ နာခံရင် ပရဒိသုကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ကြရမှာ။—ဆာ. ၃၇:၂၉။ ယော. ၃:၁၆။
ယေဟောဝါကိုသာ နာခံရင် ပရဒိသုကမ္ဘာမြေမှာ ထာဝစဉ် အသက်ရှင်ကြရမှာ (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Tawntung nuntak kamciamna in kum tampi sung missionary a sem unaupa koi bangin na huh a hiam? (Jude 20, 21)
၈ ထာဝရအသက် ပေးမယ်ဆိုတဲ့ ဘုရားကတိသာ အတွေးထဲမှာ အမြဲ ရှိနေရင် ဘာစမ်းသပ်မှုပဲ ကြုံရပါစေ ဘုရားကို နာခံနိုင်မယ်။ (ယုဒ ၂၀၊ ၂၁ ကို ဖတ်ပါ။) အမှားလုပ်ချင်စိတ်ကို တိုက်လှန်နိုင်မယ်။ အာဖရိကမှာ အမှုဆောင်နေတဲ့ သက်တမ်းကြာ သာသနာပြု ညီအစ်ကိုတစ်ယောက်ဟာ အရိုးစွဲနေတဲ့ အကျင့်တစ်ခုကို ဖျောက်ဖို့ ကြိုးစားခဲ့ရတယ်။ “ဘုရားပညတ် ချိုးဖောက်မိရင် ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ခွင့် လက်လွတ်ဆုံးရှုံးရမယ်ဆိုတဲ့ အသိက အမှားလုပ်ချင်စိတ်ကို တိုက်လှန်ဖို့ ကူညီပေးတယ်။ ယေဟောဝါဆီ ဆုတောင်းအသနားခံဖို့ လှုံ့ဆော်ပေးတယ်။ အရိုးစွဲနေတဲ့ အကျင့်ကို ဘုရားအကူအညီနဲ့ ဖျောက်နိုင်ခဲ့ပါတယ်” လို့ ပြောတယ်။
‘NA DAUPAI DING HI’
9. David in bang haksatnate na tuakkha a hiam?
၉ ဒါဝိဒ်ဟာ မင်းကောင်းတစ်ပါး ဖြစ်တယ်။ ဂီတသမား၊ ကဗျာဆရာ၊ စစ်သူရဲ၊ ပရောဖက်လည်း ဖြစ်တယ်။ ဘဝအချိုးအကွေ့ များတယ်။ ဘုရင်ရှောလု မလိုတမာစိတ်နဲ့ လိုက်သတ်လို့ နှစ်ပေါင်းများစွာ ထွက်ပြေးပုန်းရှောင်ရတယ်။ ကိုယ်တိုင် ဘုရင်ဖြစ်လာတော့လည်း သားတော် အဗရှလုံ နန်းလုဖို့ ကြိုးစားလို့ အသက်လုပြေးရပြန်တယ်။ ဒါဝိဒ် ဒုက္ခတွေ များပေမဲ့၊ ကြီးလေးတဲ့အမှားတွေ လုပ်မိပေမဲ့ ယေဟောဝါအပေါ် သေတဲ့အထိ သစ္စာစောင့်သိတယ်။ ဒါကြောင့်လည်း “ငါနဲ့ စိတ်သဘောထားချင်း ကိုက်ညီသူ” လို့ ဒါဝိဒ်ကို ယေဟောဝါ ခေါ်ခဲ့တယ်။ ဒီလိုလူရဲ့ အမှာစကားကို ကျွန်တော်တို့ နားထောင်သင့်တယ် မဟုတ်လား။—တ. ၁၃:၂၂။ ၁ ဘု. ၁၅:၅။
10. Ama kumpi za a luah ding a tapa Solomon tungah David in ba’hang kam vaikhakna nei a hiam?
၁၀ ထီးနန်းဆက်ခံမယ့် သားတော် ရှောလမုန်ကို ဒါဝိဒ် ဘာတွေ မှာသလဲ သုံးသပ်ကြည့်ပါ။ စင်ကြယ်တဲ့ ဝတ်ပြုရေး ထွန်းကားအောင် လုပ်ဖို့၊ ဗိမာန်တော် တည်ဆောက်ဖို့ လူငယ်လေး ရှောလမုန်ကို ယေဟောဝါ ရွေးချယ်တယ်။ (၁ ရာ. ၂၂:၅) အခက်အခဲ များတဲ့ တာဝန်ပါပဲ။ ရှောလမုန်ကို ဒါဝိဒ် ဘာတွေများ မှာမလဲ ကြည့်ကြရအောင်။
11. (a) David in Solomon bang na vaikhak a hiam? (1 Kumpi 2:2, 3) (Lim zong en in.) (b) David‘ gente man ahihlam bangci thei thei i hiam?
၁၁ ဒါဝိဒ် ဘာမှာသလဲ။ (၁ ဘုရင်များ ၂:၂၊ ၃ ကို ဖတ်ပါ။) ယေဟောဝါကို နာခံရင် အောင်မြင်မယ်လို့ ရှောလမုန်ကို ဒါဝိဒ် မှာတယ်။ တကယ်လည်း ရှောလမုန်ဟာ အောင်မြင်တဲ့ ဘုရင်တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တယ်။ (၁ ရာ. ၂၉:၂၃-၂၅) ခမ်းနားထည်ဝါတဲ့ ဗိမာန်တော် တည်ဆောက်တယ်။ ကျမ်းစောင်တချို့ ရေးသားတယ်။ တခြားကျမ်းစောင်တွေမှာ သူ့စကားတွေ ထည့်သွင်းဖော်ပြခံရတယ်။ ဉာဏ်ပညာနဲ့ စည်းစိမ်ကြောင့် ဂုဏ်သတင်း ကျော်စောတယ်။ (၁ ဘု. ၄:၃၄) ဒါပေမဲ့ ဒါဝိဒ် မှာထားတဲ့အတိုင်း ယေဟောဝါကို နာခံသရွေ့ပဲ ရှောလမုန် အောင်မြင်မှာ။ ဝမ်းနည်းစရာက နောက်ပိုင်းမှာ တခြားဘုရားတွေကို ရှောလမုန် ကိုးကွယ်လာတယ်။ ဒါကြောင့် ဘုရားမျက်နှာသာ ဆုံးရှုံးသွားတယ်။ ပြည်သူပြည်သားတွေကို ဖြောင့်မှန်မျှတစွာ အုပ်စိုးနိုင်တဲ့ ဉာဏ်ပညာ ဆုံးရှုံးသွားတယ်။—၁ ဘု. ၁၁:၉၊ ၁၀။ ၁၂:၄။
နာခံမှု ရှိရင် ဆုံးဖြတ်ချက်ကောင်းတွေ ချစေနိုင်မယ့် ဉာဏ်ပညာ ယေဟောဝါ ပေးမယ်ဆိုတာ ရှောလမုန်အတွက် ဒါဝိဒ်ရဲ့ အမှာစကားကနေ သိရ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)b
12. David’ kam vaikhakna pan bang sin thei i hiam?
၁၂ ဘာသင်ခန်းစာ ရသလဲ။ ဘုရားကို နာခံရင် အောင်မြင်တယ်။ (ဆာ. ၁:၁-၃) ရှောလမုန်လို စည်းစိမ်ချမ်းသာ တိုးများအောင်၊ ဘုန်းတန်ခိုး ကြီးအောင် လုပ်ပေးမယ်လို့ ကျွန်တော်တို့ကို ယေဟောဝါ ကတိပေးမထားဘူး။ ဒါပေမဲ့ နာခံမှု ရှိရင် ဆုံးဖြတ်ချက်ကောင်းတွေ ချစေနိုင်မယ့် ဉာဏ်ပညာ ပေးမယ်။ (ပညာ. ၂:၆၊ ၇။ ယာ. ၁:၅) အလုပ်အကိုင်၊ ပညာရေး၊ ဖျော်ဖြေရေး၊ ငွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ဘုရားပေး ဉာဏ်ပညာက ကူညီပေးနိုင်တယ်။ ထာဝရအသက် ဆုံးရှုံးသွားစေနိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တယ်။ (ပညာ. ၂:၁၀၊ ၁၁) မိတ်ဆွေကောင်းတွေ ရစေတယ်။ မိသားစုဘဝ သာယာစေတယ်။
13. Unaunu Carmen in nuntakna daupai nading lampi koi bangin na mukhia a hiam?
၁၃ ဘဝအောင်မြင်ဖို့ အဆင့်မြင့်ပညာ တတ်ထားရမယ်လို့ မိုဇမ်ဘစ်နိုင်ငံမှာ နေတဲ့ ညီအစ်မ ကာမန် ထင်ခဲ့တယ်။ ဒါကြောင့် တက္ကသိုလ်မှာ ဗိသုကာပညာ ဆည်းပူးတယ်။ “သင်ယူသိရှိလာတာတွေကို ကြိုက်ပါတယ်။ ဒါပေမဲ့ မနက် ၇:၃၀ ကနေ ညနေ ၆:၀၀ အထိ ကျောင်းမှာပဲဆိုတော့ အချိန်ကုန် လူပင်ပန်းလာတယ်။ အစည်းအဝေးတွေ ပျက်လာတယ်။ ဘုရားရေးရာ ထိခိုက်လာတယ်။ သခင်နှစ်ဦးဆီမှာ အစေခံမိနေမှန်း သဘောပေါက်လာတယ်” လို့ ကာမန် ပြောတယ်။ (မ. ၆:၂၄) ဒါနဲ့ ကိုယ့်အခြေအနေနဲ့ပတ်သက်ပြီး ယေဟောဝါဆီ ကာမန် ဆုတောင်းပြောပြတယ်။ အဖွဲ့အစည်းစာပေတွေမှာ ရှာဖွေလေ့လာတယ်။ “အမေ့ဆီကကော အကြီးအကဲတွေဆီကပါ အကြံဉာဏ်ကောင်း အများကြီး ရတယ်။ ဒီလိုနဲ့ ကျောင်းထွက်ပြီး အချိန်ပြည့် အမှုဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ ကျွန်မဘဝရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုပါပဲ။ ဒီလိုဆုံးဖြတ်ခဲ့တာကို တစ်ခါမှ နောင်တမရဘူး” လို့ ဆက်ပြောတယ်။
14. Moses le David in a diakin bang thu vaikhak a hiam?
၁၄ မောရှေကော ဒါဝိဒ်ပါ ယေဟောဝါကို သိပ်ချစ်တယ်။ ယေဟောဝါကို နာခံဖို့ အရေးကြီးမှန်း သိတယ်။ ဒါကြောင့် မိမိတို့ကို အတုယူပြီး ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ နောင်လာနောက်သားတွေကို နှစ်ယောက်စလုံး မှာခဲ့ကြတယ်။ သစ္စာမစောင့်သိရင် ဘုရားမျက်နှာသာနဲ့ ကောင်းချီး ဆုံးရှုံးမယ်လို့လည်း သတိပေးခဲ့ကြတယ်။ အဲဒီသတိပေးအမှာစကားတွေဟာ ဒီနေ့အထိ တန်ဖိုးရှိနေဆဲပါပဲ။ ယေဟောဝါအပေါ် သစ္စာစောင့်သိဖို့ အရေးကြီးကြောင်း ရာစုနှစ်များစွာအကြာမှာ ဘုရားကျေးကျွန် နောက်တစ်ယောက်လည်း ပြောထားတယ်။
“ADANG LUNGDAMNA LIANZAW BANGMAH OM LO HI”
15. Sawltak Johan in bangteng na tuakkha a hiam?
၁၅ ယောဟန်ဟာ ယေရှု သိပ်ချစ်တဲ့ တမန်တော် ဖြစ်တယ်။ (မ. ၁၀:၂။ ယော. ၁၉:၂၆) ယေရှုနဲ့အတူ အမှုဆောင်တယ်။ ယေရှုရဲ့ အံ့ဖွယ်အမှုတွေကို မြင်ရတယ်။ အခက်ခဲဆုံးအချိန်မှာ ယေရှုအပေါ် သစ္စာစောင့်သိခဲ့တယ်။ ယေရှု အသတ်ခံရချိန်မှာ ရှိနေတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှာ ဆုံတွေ့ခွင့်ရခဲ့တယ်။ ပထမရာစုမှာ သစ္စာရှိ လူနည်းစုလေးကနေ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်း” ဆီ သတင်းကောင်း ရောက်သွားတဲ့အထိ ခရစ်ယာန်ဘာသာ ပျံ့နှံ့လာတာလည်း ယောဟန် တွေ့ခဲ့တယ်။—ကော. ၁:၂၃။
16. Johan’ laikhakte pan kua te’n hamphatna ngah uh a hiam?
၁၆ ယောဟန် မီးစာကုန်ဆီခန်းအရွယ် ရောက်လာချိန်မှာ ယေရှုဆီကနေ “ဗျာဒိတ်တော်” ရပြီး ဗျာဒိတ်ကျမ်း ရေးခွင့်ရတယ်။ (ဗျာ. ၁:၁) ယောဟန် ခရစ်ဝင်ကျမ်း၊ ယောဟန် ပထမစောင်၊ ဒုတိယစောင်၊ တတိယစောင်ကိုလည်း ရေးခဲ့တယ်။ ယောဟန် တတိယစောင်ကို ဂါယုလို့ ခေါ်တဲ့ သစ္စာရှိ ခရစ်ယာန်တစ်ယောက်ဆီ ရေးခဲ့တာ။ ဂါယုဟာ သားတစ်ယောက်လို ယောဟန် ချစ်ရသူ ဖြစ်တယ်။ (၃ ယော. ၁) အဲဒီအချိန်မှာ သားသမီးလို ယောဟန် ချစ်ရသူတွေ နောက်ထပ် အများကြီး ရှိမှာပါ။ သစ္စာရှိ ယောဟန်ရဲ့ အမှာစကားတွေဟာ ဒီနေ့ခေတ် ယေရှုနောက်လိုက်အားလုံးအတွက်လည်း အားပေးမှု ဖြစ်နေဆဲပါပဲ။
17. Johan Thumna 4-ah a gen mah bangin, bangin lungdamna liansak a hiam?
၁၇ ယောဟန် ဘာမှာသလဲ။ (၃ ယောဟန် ၄ ကို ဖတ်ပါ။) ဘုရားကို ညီအစ်ကို/မတွေ နာခံတာ မြင်တဲ့အခါ သိပ်ဝမ်းသာတယ်လို့ ယောဟန် ပြောတယ်။ ယောဟန် တတိယစောင်ကို ရေးချိန်မှာ တချို့က သွန်သင်ချက်အမှားတွေ ဖြန့်နေကြတယ်၊ ဂိုဏ်းခွဲနေကြတယ်။ ဒါပေမဲ့ ညီအစ်ကို/မများစွာဟာ “အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေ” တယ်။ ဘုရားကို နာခံပြီး “ဘုရားရဲ့ ပညတ်တွေကို လိုက်လျှောက်နေ” တယ်။ (၂ ယော. ၄၊ ၆) သစ္စာရှိ ခရစ်ယာန်တွေကြောင့် ယောဟန်သာမက ယေဟောဝါလည်း ဝမ်းသာမှာပဲ။—ပညာ. ၂၇:၁၁။
18. Johan’ kam vaikhakna pan bang sin thei i hiam?
၁၈ ဘာသင်ခန်းစာ ရသလဲ။ ဘုရားအပေါ် သစ္စာရှိရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဝမ်းသာရတယ်။ (၁ ယော. ၅:၃) ဥပမာ၊ ယေဟောဝါကို စိတ်ရွှင်လန်းအောင် လုပ်နေတယ်ဆိုတဲ့ အသိကြောင့် ကျွန်တော်တို့ ဝမ်းသာတယ်။ သွေးဆောင်မှုတွေကို ကျွန်တော်တို့ တွန်းလှန်တာ၊ ပညတ်ချက်တွေကို လိုက်နာတာ မြင်တဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ (ပညာ. ၂၃:၁၅) ကောင်းကင်တမန်တွေလည်း ဝမ်းမြောက်ကြတယ်။ (လု. ၁၅:၁၀) စမ်းသပ်မှုတွေ၊ သွေးဆောင်မှုတွေ ကြုံရတဲ့ကြားက ညီအစ်ကို/မတွေ သစ္စာရှိတာ မြင်တဲ့အခါ ကျွန်တော်တို့လည်း ဝမ်းသာရတယ်။ (၂ သက်. ၁:၄) ဒါ့အပြင် စာတန့်လောကစနစ် ဖျက်ဆီးခံရချိန်မှာ ဝမ်းသာရဦးမယ်။ စာတန် ချုပ်ကိုင်ထားတဲ့ လောကမှာတောင် ယေဟောဝါအပေါ် သစ္စာစောင့်သိကြောင်း ပြနိုင်ခဲ့တယ်ဆိုတဲ့ အသိကြောင့်ပါ။
19. Midangte tungah thuman hilhna tawh kisai-in unaunu Rachel in bang gen a hiam? (Lim zong en in.)
၁၉ အထူးသဖြင့် တခြားသူတွေကို အမှန်တရား သွန်သင်ပေးတဲ့အခါ ကျွန်တော်တို့ ဝမ်းသာရတယ်။ ကိုယ်ကိုးကွယ်တဲ့ ဘုရားအကြောင်း တခြားသူတွေကို သွန်သင်ပေးရတာ အခွင့်ထူးပဲလို့ ဒိုမီနီကန် သမ္မတနိုင်ငံမှာ နေတဲ့ ညီအစ်မ ရေချယ် ခံစားရတယ်။ ယေဟောဝါကို ကိုးကွယ်လာဖို့ လူများစွာကို ရေချယ် ကူညီပေးခဲ့တယ်။ “ကိုယ့်သင်သားတွေ ယေဟောဝါကို ချစ်တတ်လာတာ၊ အားကိုးတတ်လာတာ၊ ယေဟောဝါ စိတ်ရွှင်လန်းဖို့ ဘဝမှာ အပြောင်းအလဲတွေ လုပ်တာကို မြင်ရတဲ့အခါ ပြောမပြတတ်လောက်အောင် ဝမ်းသာရတယ်။ တကယ် ကြိုးစားရကျိုးနပ်တယ်၊ ကိုယ်ကျိုးစွန့်ရကျိုးနပ်တယ်” လို့ ရေချယ် ပြောတယ်။
ယေဟောဝါကို ချစ်တတ်လာဖို့၊ နာခံတတ်လာဖို့ တခြားသူတွေကို သွန်သင်ပေးတဲ့အခါ ကျွန်တော်တို့ ဝမ်းသာရ (စာပိုဒ် ၁၉ ကို ကြည့်ပါ)
A CITAK PASALTE’ KAM VAIKHAKNA NGAI IN
20. Moses, David le Johan tawh kibatna bangteng nei i hiam?
၂၀ မောရှေ၊ ဒါဝိဒ်နဲ့ ယောဟန်တို့ အသက်ရှင်ခဲ့တဲ့ ခေတ်ကာလ၊ အခြေအနေဟာ ကျွန်တော်တို့နဲ့ မတူဘူး။ ဒါပေမဲ့ တူတာတွေလည်း ရှိပါတယ်။ သူတို့လိုပဲ ကျွန်တော်တို့လည်း စစ်မှန်တဲ့ ဘုရားသခင်ကို ကိုးကွယ်ကြတယ်၊ အားကိုးကြတယ်၊ ဘုရားသခင်ဆီ ဆုတောင်းကြတယ်၊ အကြံဉာဏ် တောင်းခံကြတယ်။ နာခံမှု ရှိသူတွေကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်ဆိုတာ သူတို့သုံးယောက်လိုပဲ ကျွန်တော်တို့လည်း စိတ်ချကြတယ်။
21. A citak khanghamte ahi Moses, David le Johan-te’ kam vaikhakna a zuite in bang thupha ngah ding uh a hiam?
၂၁ ယေဟောဝါရဲ့ ပညတ်ချက်တွေကို နာခံခြင်းအားဖြင့် သစ္စာရှိ အမျိုးသားတွေရဲ့ အမှာစကားကို နားထောင်ကြရအောင်။ ဒါဆိုရင် လုပ်လေရာရာမှာ အောင်မြင်မယ်။ “အသက်ရှည်ရှည် နေခွင့်” ရမယ်။ ထာဝစဉ်တောင် အသက်ရှည်မှာ။ (တရား. ၃၀:၂၀) ဒါ့အပြင် စိတ်ကူးလို့တောင် မရနိုင်တဲ့ ကောင်းချီးတွေ ပေးမယ့် ကောင်းကင်ဘုံစံအဖကို စိတ်ရွှင်လန်းစေတယ်ဆိုတဲ့ အသိကြောင့် ဝမ်းသာရပါလိမ့်မယ်။—ဧ. ၃:၂၀။
LA 129 ခံရပ်နေမယ်
a ပင်လယ်နီမှာ ယေဟောဝါရဲ့ အံ့ဖွယ်အမှုတွေကို မြင်ခဲ့ရတဲ့ အစ္စရေးအများစုဟာ ကတိထားရာပြည်ကို မြင်ခွင့်မရဘူး။ (တော. ၁၄:၂၂၊ ၂၃) အသက် ၂၀ ပြည့် စာရင်းဝင်သူအားလုံး တောထဲမှာပဲ သေဆုံးရမယ်လို့ ယေဟောဝါ ပြောတယ်။ (တော. ၁၄:၂၉) ဒါပေမဲ့ ယောရှု၊ ကာလက်၊ အသက် ၂၀ အောက် အစ္စရေးများစွာနဲ့ လေဝိအနွယ်ဝင်တွေဟာ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ကတိထားရာ ခါနန်ပြည်ထဲ ဝင်ခွင့်ရခဲ့ကြတယ်။—တရား. ၁:၂၄-၄၀။
b ပုံအညွှန်း– ဘယ်– သားတော် ရှောလမုန်ကို ဒါဝိဒ် အမှာစကား ပြောနေ။ ညာ– ရှေ့ဆောင်လုပ်ငန်း သင်တန်းမှာ ဘုရားပေး ဉာဏ်ပညာကို ညီအစ်ကို/မတွေ ဆည်းပူးနေကြ။