Sin Ding Thu 46
LA 49 ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံးစေခြင်း
Unaupate Aw—Pawlpi Nasem Suak Dingin Na Hanciam Uh Hiam?
“Ngahna sangin piak khiatna-ah lungdamna lianzaw hi.”—SAWL. 20:35.
အာရုံစိုက်ရာ
နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ အသင်းတော် အမှုထမ်း ဖြစ်ချင်လာအောင်၊ အရည်အချင်း ပြည့်မီလာအောင် ကူညီပေးဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။
1. Sawltak Paul in pawlpi nasemte koi bangin mu a hiam?
အသင်းတော် အမှုထမ်းတွေဟာ အသင်းတော်မှာ သိပ်အရေးပါတဲ့ တာဝန်တွေ ထမ်းဆောင်ကြတယ်။ အသင်းတော် အမှုထမ်းတွေကို တမန်တော် ပေါလု တန်ဖိုးထားတယ်။ ဥပမာ၊ ဖိလိပ္ပိအသင်းတော်ဆီ ရေးတဲ့ စာမှာ အကြီးအကဲတွေအပြင် အသင်းတော် အမှုထမ်းတွေကို နှုတ်ဆက်ထားတယ်။—ဖိ. ၁:၁။
2. Unaupa Luis in pawlpi nasem tavuan pen koi bangin ngaihsut a hiam?
၂ နှစ်ခြင်းခံပြီးသား ညီအစ်ကိုများစွာဟာ အသင်းတော် အမှုထမ်းအဖြစ် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နေကြတယ်။ အမှုထမ်းတွေဟာ အသက်အရွယ် မတူကြဘူး။ ဥပမာ၊ ညီအစ်ကို ဒယ်ဗန်ဟာ အသက် ၁၈ နှစ်မှာ၊ ညီအစ်ကို လူးဝစ်ဟာ အသက် ၅၀ ကျော်မှာ အမှုထမ်းအဖြစ် ခန့်အပ်ခံရတယ်။ “ဒီနည်းနဲ့ ညီအစ်ကို/မတွေအကျိုး သယ်ပိုးရလို့ သိပ်ပျော်တယ်။ မေတ္တာတုံ့ပြန်ခွင့် ရလိုက်သလိုပါပဲ” လို့ ညီအစ်ကို လူးဝစ် ပြောတယ်။ သူ ပြောတာကို အသင်းတော် အမှုထမ်းများစွာ သဘောတူကြမှာပါ။
3. Hih thulu-ah bang dotnate kikum ding i hiam?
၃ သင်ဟာ နှစ်ခြင်းခံပြီးသား ညီအစ်ကိုဆိုရင် အသင်းတော် အမှုထမ်း ဖြစ်ဖို့ ပန်းတိုင်ထားနိုင်မလား။ အသင်းတော် အမှုထမ်း ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်သင့်သလဲ။ ဘယ်ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီရမလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။ အသင်းတော် အမှုထမ်းရဲ့ တာဝန်က ဘာလဲဆိုတာ အရင်ဆုံး ဆွေးနွေးကြရအောင်။
PAWLPI NASEM KHAT’ A SEP DING TAVUAN
4. Pawlpi nasem khat ii tavuan in bang a hiam? (Lim zong en in.)
၄ အသင်းတော် အမှုထမ်းဆိုတာ အရေးကြီး အသင်းတော်တာဝန် အမျိုးမျိုး ထမ်းဆောင်ရာမှာ အကြီးအကဲတွေကို ကူညီပေးဖို့ စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့ နှစ်ခြင်းခံပြီးသား ညီအစ်ကို ဖြစ်တယ်။ အမှုထမ်းတချို့က အမှုဆောင် ရပ်ကွက်တွေ၊ ဝေငှမယ့် စာပေတွေ လုံလုံလောက်လောက် ရှိအောင် စီစဉ်ပေးတယ်။ တချို့က အစည်းအဝေးခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးအပိုင်းမှာ ကူညီတယ်။ အစည်းအဝေးမှာ ဧည့်ကြို လုပ်တယ်၊ ရုပ်သံပိုင်း တာဝန်ယူပေးတယ်။ အဓိကကတော့ အသင်းတော် အမှုထမ်းတွေဟာ ယေဟောဝါဘုရားကို ချစ်တယ်။ ဘုရားစံနှုန်းတွေနဲ့အညီ နေထိုင်တယ်။ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်တယ်။ (မ. ၂၂:၃၇-၃၉) နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေ အသင်းတော် အမှုထမ်း ဘယ်လို ဖြစ်လာနိုင်သလဲ။
တခြားသူတွေအကျိုး သယ်ပိုးခြင်းအားဖြင့် ယေရှုကို အသင်းတော် အမှုထမ်းတွေ အတုယူ (စာပိုဒ် ၄ ကို ကြည့်ပါ)
5. Unaupate koi bangin pawlpi nasem suak thei ding uh a hiam?
၅ အသင်းတော် အမှုထမ်းတွေအတွက် တောင်းဆိုချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ တိ. ၃:၈-၁၀၊ ၁၂၊ ၁၃) ဒါကြောင့် အမှုထမ်း ဖြစ်ချင်ရင် ကျမ်းစာတောင်းဆိုချက်တွေကို လေ့လာပါ။ တောင်းဆိုချက်တွေ ပြည့်မီအောင် ကြိုးစားပါ။ ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့ အသင်းတော် အမှုထမ်း ဖြစ်ချင်သလဲဆိုတာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။
PAWLPI NASEM NA SUAHNOPNA AHANG
6. Unaute’ na huhna ahang pen bang hi ding kilawm a hiam? (Matthai 20:28. Lim zong en in.)
၆ အကောင်းဆုံး စံနမူနာရှင် ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ဘာပဲလုပ်လုပ် အဖဘုရားနဲ့ လူတွေကို ချစ်တဲ့ မေတ္တာကို အရင်းခံပြီး လုပ်တယ်။ မေတ္တာရှိလို့ တခြားသူတွေအတွက် အပင်ပန်းခံတာ၊ နိမ့်ကျပုံရတဲ့ အလုပ်တွေကို လုပ်တာ။ (မဿဲ ၂၀:၂၈ ကို ဖတ်ပါ။ ယော. ၁၃:၅၊ ၁၄၊ ၁၅) သင် အသင်းတော် အမှုထမ်း ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်ကလည်း မေတ္တာကို အရင်းခံတယ်ဆိုရင် သင့်ကို ယေဟောဝါ ကောင်းချီးပေးမယ်၊ ပန်းတိုင် ရောက်ဖို့ ကူညီပေးမယ်။—၁ ကော. ၁၆:၁၄။ ၁ ပေ. ၅:၅။
ဂုဏ်မမက်ဖို့၊ တခြားသူတွေအကျိုး နှိမ့်ချမှုရှိရှိ သယ်ပိုးဖို့ တမန်တော်တွေကို စံနမူနာ ပြပြီး ယေရှု သင်ပေး (စာပိုဒ် ၆ ကို ကြည့်ပါ)
7. Ba’hang unaupate in amau’ phattuam nading bek ngaihsun lo ding uh hiam?
၇ လောကမှာ လူအထင်ကြီးခံရအောင် နေသူတွေကို လူတွေ အထင်ကြီးတတ်ကြတယ်။ ဘုရားအဖွဲ့အစည်းမှာတော့ အဲဒီလိုမဟုတ်ဘူး။ ယေရှုလိုပဲ တခြားသူတွေအပေါ် မေတ္တာထားတဲ့ ညီအစ်ကိုဟာ ဂုဏ်၊ အာဏာ၊ ရာထူးတွေကို မမက်ဘူး။ ဂုဏ်မက်သူသာ အသင်းတော် အမှုထမ်းအဖြစ် ခန့်အပ်ခံရရင် ဘာဖြစ်နိုင်သလဲ။ ယေဟောဝါရဲ့ အဖိုးတန် သိုးတွေကို ကြည့်ရှုစောင့်ရှောက်ရာမှာ တချို့အလုပ်တွေက နိမ့်ကျပုံပေါက်နေနိုင်တယ်။ အဲဒီလိုအလုပ်တွေဆိုရင် အောက်ကျနောက်ကျနိုင်တယ်လို့ ထင်ပြီး လုပ်ချင်မှာ မဟုတ်ဘူး။ (ယော. ၁၀:၁၂) မာနစိတ်၊ ကိုယ်ကျိုးရှာစိတ်နဲ့ လုပ်တဲ့ ဘယ်လုပ်ရပ်ကိုမှ ယေဟောဝါ ကောင်းချီးမပေးဘူး။—၁ ကော. ၁၀:၂၄၊ ၃၃။ ၁၃:၄၊ ၅။
8. Jesuh in sawltakte koi bangin thuhilh a hiam?
၈ ယေရှုရဲ့ တမန်တော်တွေဟာ အခွင့်ထူးတွေ ရဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ရည်ရွယ်ချက် မမှန်တဲ့အချိန်တွေ ရှိတယ်။ ဥပမာ၊ နိုင်ငံတော်မှာ အရေးပါတဲ့ နေရာပေးဖို့ ယေရှုကို တမန်တော် ယာကုပ်နဲ့ ယောဟန် တောင်းဆိုကြတယ်။ သူတို့ အဲဒီလိုတောင်းဆိုတာကို ယေရှု သဘောမတွေ့ဘူး။ ဒါနဲ့ တမန်တော် ၁၂ ယောက်စလုံးကို ခေါ်ပြီး “ကြီးမြတ်ချင်သူတိုင်း အစေခံ ဖြစ်ရမယ်။ ခင်ဗျားတို့ထဲမှာ ပထမနေရာ ရချင်သူတိုင်း အားလုံးရဲ့ ကျွန် ဖြစ်ရမယ်” လို့ ဆုံးမတယ်။ (မာ. ၁၀:၃၅-၃၇၊ ၄၃၊ ၄၄) ညီအစ်ကိုတွေလည်း သူတစ်ပါးအကျိုး သယ်ပိုးဖို့ဆိုတဲ့ ရည်ရွယ်ချက်မှန်နဲ့ အသင်းတော် အမှုထမ်း ဖြစ်ဖို့ တက်လှမ်းမယ်ဆိုရင် အသင်းတော်အတွက် ကောင်းချီးတစ်ရပ် ဖြစ်လာမယ်။—၁ သက်. ၂:၈။
PAWLPI NASEM SUAH NOPNA LUNGSIM NEIH THEIH DAN
9. Bang in pawlpi nasem suah nopna lungsim hong neisak ding a hiam?
၉ ယေဟောဝါကို ညီအစ်ကိုတို့ ချစ်ကြမှာ၊ တခြားသူတွေအကျိုး သယ်ပိုးချင်ကြမှာပါ။ ဒါပေမဲ့ အသင်းတော် အမှုထမ်း ဖြစ်လာရင် တာဝန်တွေ ပိုလာတော့မယ်။ တာဝန်တွေအကြောင်း စဉ်းစားလိုက်တဲ့အခါ အမှုထမ်း ဖြစ်ဖို့ မတက်လှမ်းချင်တော့တာ ဖြစ်နိုင်တယ်။ တက်လှမ်းချင်လာအောင် ဘာက လှုံ့ဆော်ပေးမလဲ။ ညီအစ်ကို/မတွေအကျိုး သယ်ပိုးရင် ရမယ့် ပျော်ရွှင်မှုကို စဉ်းစားခြင်းပါ။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” လို့ ယေရှု ပြောတယ်။ (တ. ၂၀:၃၅) သူတစ်ပါးအကျိုး သယ်ပိုးလို့ ယေရှု ပျော်ရွှင်ခဲ့ရတယ်။ သင်လည်း သူတစ်ပါးအကျိုး သယ်ပိုးရင် ပျော်ရွှင်ရပါလိမ့်မယ်။
10. Midangte huh pen nuam a saklam Jesuh in koi bangin lakkhia a hiam? (Marka 6:31-34)
၁၀ တခြားသူတွေအကျိုး သယ်ပိုးရတာ ပျော်ကြောင်း ယေရှု ဘယ်လို ပြသလဲ။ (မာကု ၆:၃၁-၃၄ ကို ဖတ်ပါ။) တစ်ခါတုန်းက ယေရှုနဲ့ တမန်တော်တွေ ပင်ပန်းနေကြတယ်။ “အနားယူဖို့၊ အစာစားဖို့တောင် အချိန်မရှိ” လို့ ခဏတစ်ဖြုတ် နားဖို့ လူသူမရှိတဲ့နေရာဆီ ထွက်လာကြတယ်။ ဒါပေမဲ့ ယေရှု သွန်သင်တာကို နားထောင်ချင်လို့ လူအုပ် ကြိုရောက်နှင့်နေတယ်။ သင်မပေးနိုင်ဘူးဆိုပြီး လူအုပ်ကို ယေရှု ငြင်းလွှတ်လိုက်လို့ရတယ်။ ဒါမှမဟုတ် တစ်ချက်၊ နှစ်ချက်လောက် သွန်သင်ပေးပြီး ပြန်လွှတ်လိုက်လို့ရတယ်။ ဒါပေမဲ့ “သနားစိတ် ယိုဖိတ်လာပြီး သူတို့ကို အများကြီး သွန်သင်ပေးတယ်။” “နေ့တာ ကုန်ခါနီး” အထိကို သွန်သင်ပေးတယ်။ (မာ. ၆:၃၅) တာဝန်ရှိလို့ မဟုတ်ဘဲ မေတ္တာရှိလို့ သွန်သင်ပေးချင်တာ။ တခြားသူတွေအကျိုး သယ်ပိုးလို့ ယေရှု သိပ်ပျော်ရွှင်ခဲ့ရတယ်။
11. Jesuh in mite’ kisapna tawh kizui-a koi bang danin na panpih a hiam? (Lim zong en in.)
၁၁ တခြားသူတွေအကျိုး ယေရှု သယ်ပိုးတယ်လို့ ပြောတဲ့အခါ ဘုရားအကြောင်း သွန်သင်ပေးတာလောက်ပဲ မဟုတ်ပါဘူး။ လူတွေ လိုအပ်တာကိုလည်း လက်တွေ့ကျကျ ဖြည့်ဆည်းပေးတယ်။ ဥပမာ၊ အံ့ဖွယ်နည်းနဲ့ စားစရာ ပြင်ဆင်ပေးပြီး တပည့်တွေကို လိုက်ဝေခိုင်းတယ်။ (မာ. ၆:၄၁) တခြားသူတွေအကျိုး ဘယ်လို သယ်ပိုးရတယ်ဆိုတာ တပည့်တွေကို သင်ပေးလိုက်တာပဲ။ အသင်းတော် အမှုထမ်းတွေ လုပ်ရလေ့ရှိတဲ့ ဒီလိုလက်တွေ့ကျ အလုပ်တွေဟာ သိပ်အရေးကြီးတယ်ဆိုတာကိုလည်း ယေရှု သင်ပေးနေတာ။ “လူတွေ အဝစား” နိုင်လောက်တဲ့အထိ အံ့ဖွယ်နည်းနဲ့ ယေရှု ဖန်တီးပေးလိုက်တဲ့ စားစရာကို တပည့်တွေ လိုက်ဝေပေးရလို့ ဘယ်လောက် ပျော်နေမလဲ မြင်ယောင်ကြည့်ပါ။ (မာ. ၆:၄၂) ကိုယ့်အကျိုးထက် တခြားသူတွေအကျိုးကို ယေရှု ရှေ့တန်းတင်ခဲ့တာ ဒီတစ်ကြိမ်ပဲ မဟုတ်ပါဘူး။ မြေကြီးအသက်တာ တစ်လျှောက်လုံး တခြားသူတွေအကျိုး သယ်ပိုးခဲ့တယ်။ (မ. ၄:၂၃။ ၈:၁၆) တခြားသူတွေကို သွန်သင်ပေးခြင်း၊ လိုအပ်တာတွေ ဖြည့်ဆည်းပေးခြင်းကနေ ယေရှု ပျော်ရွှင်မှု ရခဲ့တယ်။ သင်လည်း အသင်းတော် အမှုထမ်းအဖြစ် ကိုယ်ကျိုးမဖက်ဘဲ တခြားသူတွေအကျိုး သယ်ပိုးတဲ့အခါ ပျော်ရွှင်ရမယ်။
ယေဟောဝါကို ချစ်ရင်၊ သူတစ်ပါးအကျိုး သယ်ပိုးချင်စိတ် ရှိရင် ညီအစ်ကို/မတွေ လိုအပ်တာကို ဘယ်နည်းနဲ့မဆို ဖြည့်ဆည်းပေးမှာ ဖြစ် (စာပိုဒ် ၁၁ ကို ကြည့်ပါ)a
12. Ba’hangin pawlpi huh nading siamna a nei lo bangin i ngaihsut loh ding kisam a hiam?
၁၂ ထူးထူးခြားခြား တတ်ကျွမ်းထားတာ မရှိဘူးလို့ ခံစားနေရတယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ အသင်းတော်အတွက် အသုံးဝင်တဲ့ အရည်အသွေးတွေ သင့်မှာ ရှိမှာပါ။ ၁ ကောရိန္သု ၁၂:၁၂-၃၀ မှာ ပါတဲ့ ပေါလုရဲ့ စကားတွေကို ဆုတောင်းသုံးသပ်ပါ။ ယေဟောဝါရဲ့ ကျေးကျွန်ယောက်တိုင်းလိုပဲ သင်ဟာ အသင်းတော်အတွက် အသုံးဝင်တယ်၊ တန်ဖိုးရှိတယ်ဆိုတာ ပေါလုရဲ့ စကားတွေက ဖော်ပြတယ်။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ တောင်းဆိုချက်တချို့ လောလောဆယ် မပြည့်မီသေးဘူးဆိုရင်လည်း လက်မလျှော့လိုက်ပါနဲ့။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် လုပ်နိုင်တာတွေ လုပ်နေပါ။ တစ်ယောက်ချင်းစီရဲ့ စွမ်းရည်ကို ထည့်စဉ်းစားပြီးမှ အကြီးအကဲတွေ တာဝန်ပေးတယ်ဆိုတာ သတိရပါ။—ရော. ၁၂:၄-၈။
13. Pawlpi nasem khat suak ding ba’hang haksa lo a hiam?
၁၃ အသင်းတော် အမှုထမ်း ဖြစ်ဖို့ တက်လှမ်းသင့်တဲ့ အကြောင်းရင်း နောက်တစ်ခုကို စဉ်းစားကြည့်ပါ။ အသင်းတော် အမှုထမ်းတွေအတွက် တောင်းဆိုချက် အများစုဟာ ခရစ်ယာန်အားလုံးနဲ့ သက်ဆိုင်တယ်။ ခရစ်ယာန်ယောက်တိုင်း ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသင့်တယ်။ ညီအစ်ကို/မတွေအကျိုး သယ်ပိုးသင့်တယ်။ ဘုရားစံနှုန်းတွေအတိုင်း နေထိုင်သင့်တယ်။ ဒါကြောင့် အသင်းတော် အမှုထမ်း ဖြစ်ဖို့ တောင်းဆိုချက် အများစု သင် ပြည့်မီပြီးသားလို့ ပြောလို့ရတယ်။ ဒါပေမဲ့ နောက်ထပ် ဘာတောင်းဆိုချက်တွေ ပြည့်မီအောင် လုပ်နိုင်သလဲ။
PAWLPI NASEM SUAH THEIH DAN
14. “A gamtat hoih” mi hi ding, cih in bang a cihnopna a hiam? (1 Timoti 3:8-10, 12)
၁၄ ၁ တိမောသေ ၃:၈-၁၀၊ ၁၂ မှာ ဖော်ပြထားတဲ့ တောင်းဆိုချက်တချို့ကို သုံးသပ်ကြည့်ရအောင်။ (ဖတ်ပါ။) အသင်းတော် အမှုထမ်းတွေဟာ “လေးနက်တည်ကြည်သူ” ဖြစ်ရမယ်။ “လေးနက်တည်ကြည်သူ” ဆိုတာကို “တာဝန်သိတတ်သူ၊” “လေးစားခံထိုက်သူ” လို့လည်း ဘာသာပြန်ဆိုနိုင်တယ်။ လေးနက်တည်ကြည်သူ ဖြစ်ရမယ်ဆိုလို့ မပြုံးမရယ် ခပ်တည်တည်နေရမယ်လို့ မဆိုလိုပါဘူး။ (ဒေ. ၃:၁၊ ၄) ဒါပေမဲ့ တာဝန်နဲ့ပတ်သက်လာရင် အမြဲ လေးလေးနက်နက် ရှိသင့်တယ်။ ယုံကြည်စိတ်ချရသူ၊ အားကိုးရသူ ဖြစ်မယ်ဆိုရင် ညီအစ်ကို/မတွေ လေးစားလာကြမယ်။
15. (a) “A lungsim citak” mi hi ding, cih in bang a cihnopna a hiam? (b) “Sum thu-ah a huaiham mi hi lo ding” cih in bang a cihnopna a hiam?
၁၅ “လျှာနှစ်ခွနဲ့ ပြောတတ်သူ” မဖြစ်ရဘူး။ ဆိုလိုတာက ကတိတည်ရမယ်၊ ရိုးဖြောင့်ရမယ်။ တခြားသူတွေကို မလှည့်စားရဘူး၊ ရှေ့တစ်မျိုး နောက်တစ်မျိုး မပြောရဘူး။ (ပညာ. ၃:၃၂) ဒါ့အပြင် “မသမာနည်းနဲ့ လောဘတကြီး အမြတ်ထုတ်သူ” မဖြစ်ရဘူး။ ဆိုလိုတာက စီးပွားရေးကိစ္စ၊ ငွေကြေးကိစ္စတွေမှာ ရိုးသားရမယ်။ ရင်းနှီးမှုကို အခွင့်ကောင်း ယူပြီး ညီအစ်ကို/မတွေကို ငွေကြေး အမြတ်မထုတ်ရဘူး။
16. (a) “Leenggahzu tam a ne lo” mi hi ding, cih in bang a cihnopna a hiam? (b) “Lungsim kisuanna a om lo” mi hi ding, cih in bang a cihnopna a hiam?
၁၆ “ဝိုင်သောက်ကြူးသူ” မဖြစ်ရဘူး။ ဆိုလိုတာက အရက် အလွန်အကျွံ မသောက်ရဘူး၊ အလွန်အကျွံ သောက်တဲ့သူလို့ နာမည်မထွက်ရဘူး။ ဒါ့အပြင် “ကြည်လင်တဲ့ အမှားအမှန်သိစိတ်” ရှိရမယ်။ အမှားကင်းရမယ်လို့ မဆိုလိုပါဘူး။ ယေဟောဝါဘုရားရဲ့ စံနှုန်းတွေအတိုင်း နေထိုင်တဲ့အတွက်၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိတဲ့အတွက် သိစိတ်ကြည်လင်နေတာကို ဆိုလိုတယ်။
17. A “Kize-et” khin sa mi hi ding, cih in bang a cihnopna a hiam? (1 Timoti 3:10. Lim zong en in.)
၁၇ ‘အရည်အချင်း ပြည့်မီမမီ စမ်းသပ်ခံပြီးသူ’ ဖြစ်ရမယ်။ ဆိုလိုတာက တာဝန်နဲ့ပတ်သက်လာရင် စိတ်ချထိုက်ကြောင်း သက်သေပြပြီးသူ ဖြစ်ရမယ်။ ဒါကြောင့် တာဝန်တစ်ခုခု ရလာတဲ့အခါ အကြီးအကဲတွေနဲ့ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို တစ်သဝေမတိမ်း လိုက်နာပါ။ လုပ်ရမယ့်အထဲမှာ ဘာတွေ ပါသလဲ၊ ဘယ်အချိန် ပြီးရမလဲ သေသေချာချာ သိအောင် လုပ်ပါ။ တာဝန်တိုင်းကို ဝီရိယရှိရှိ ထမ်းဆောင်တဲ့အခါ သင့်တိုးတက်မှုကို ညီအစ်ကို/မတွေ သတိထားမိလာမယ်၊ တန်ဖိုးထားလာမယ်။ အကြီးအကဲတို့၊ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ စိတ်ဝင်တစား ရှိပါ။ (၁ တိမောသေ ၃:၁၀ ကို ဖတ်ပါ။) အသင်းတော်မှာ နှစ်ခြင်းခံပြီးသား အသက် ၁၅ နှစ်အောက် ညီအစ်ကိုတွေ ရှိသလား။ သူတို့ ကိုယ်ပိုင်လေ့လာမှု ကောင်းကောင်း လုပ်သလား။ အစည်းအဝေးမှာ မှတ်ချက် ပုံမှန် ပေးသလား။ အမှုဆောင်မှာ ပုံမှန် ပါဝင်သလား။ ဒါဆိုရင် သူတို့ရဲ့ အသက်အရွယ်၊ အခြေအနေနဲ့ သင့်တော်မယ့် တာဝန်တွေ ပေးပါ။ ဒါက “အရည်အချင်း ပြည့်မီမမီ သိနိုင်ဖို့ သူတို့ကို . . . စမ်းသပ်” နေတာပဲ။ ဒီလိုစမ်းသပ်ထားရင် သူတို့ အသက် ၂၀ မပြည့်ခင်မှာ အသင်းတော် အမှုထမ်းအဖြစ် ခန့်အပ်လို့ ရကောင်းရနိုင်တယ်။
နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေကို အကြီးအကဲတွေ တာဝန်ပေးခြင်းအားဖြင့် “အရည်အချင်း ပြည့်မီမမီ” စမ်းသပ်နိုင် (စာပိုဒ် ၁၇ ကို ကြည့်ပါ)
18. ‘Paubaanna a om lo’ mi hi ding, cih in bang a cihnopna a hiam?
၁၈ ‘ပြစ်တင်စွပ်စွဲစရာ ဘာမှ မရှိသူ’ ဖြစ်ရမယ်။ ဆိုလိုတာက ကြီးကြီးမားမား အပြစ်ပြောစရာ မရှိရဘူး။ ယေရှုကိုယ်တိုင် မဟုတ်မမှန် စွပ်စွဲခံခဲ့ရပြီး နောက်လိုက်တွေလည်း စွပ်စွဲခံရနိုင်တယ်လို့ ကြိုပြောထားတယ်။ ဒါကြောင့် ခရစ်ယာန်တွေဟာ မဟုတ်မမှန် စွပ်စွဲခံရနိုင်ပါတယ်။ (ယော. ၁၅:၂၀) ဒါပေမဲ့ ယေရှုလိုပဲ အမူအကျင့်ပိုင်း အပြစ်ပြောစရာ မရှိရင် အသင်းတော်မှာ နာမည်ကောင်း ရလာမယ်။—မ. ၁၁:၁၉။
19. “Zi khat bek a nei mi” hi ding, cih in bang a cihnopna a hiam?
၁၉ “ဇနီးတစ်ဦးတည်းရှိသူ” ဖြစ်ရမယ်။ သင်ဟာ အိမ်ထောင်သည်ဆိုရင် အိမ်ထောင်အတွက် ယေဟောဝါ ချမှတ်ထားတဲ့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရမယ်။ (မ. ၁၉:၃-၉) လိင်အကျင့်မယိုယွင်းရဘူး။ (ဟီ. ၁၃:၄) ဒါပေမဲ့ လိင်အကျင့်မယိုယွင်းရုံနဲ့ မပြီးသေးဘူး။ ဇနီးအပေါ် သစ္စာရှိရမယ်။ တခြားအမျိုးသမီးတွေနဲ့ ဘယ်တော့မှ ပရောပရည် မလုပ်ရဘူး။—ယောဘ ၃၁:၁။
20. Unaupa khat in koi bangin ‘a innkuansung hoihtakin ukzo’ ding a hiam?
၂၀ “သားသမီးတွေနဲ့ အိမ်ထောင်ကို ကောင်းစွာ ဦးစီးနိုင်သူ” ဖြစ်ရမယ်။ သင်ဟာ ဖခင်ဆိုရင် အိမ်ထောင်ဦးစီးတာဝန်ကို အလေးအနက် ထားရမယ်။ မိသားစု ဝတ်ပြုမှု မှန်မှန် လုပ်ရမယ်။ မိသားစုဝင်ယောက်တိုင်းနဲ့ မကြာမကြာ တွဲအမှုဆောင်ရမယ်။ သားသမီးတွေ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိနေဖို့ ကူညီပေးရမယ်။ (ဧ. ၆:၄) မိသားစုကို ဂရုစိုက်စောင့်ရှောက်သူဟာ အသင်းတော်ကိုလည်း ဂရုစိုက်စောင့်ရှောက်နိုင်ကြောင်း သက်သေပြနေတာပါပဲ။—၁ တိမောသေ ၃:၅ နဲ့ နှိုင်းယှဉ်ပါ။
21. Pawlpi nasem khat suak nai lo na hih leh bang sem thei na hiam?
၂၁ ညီအစ်ကိုတို့၊ အသင်းတော် အမှုထမ်း မဖြစ်သေးဘူးဆိုရင် ဆုတောင်းပြီး ဒီဆောင်းပါးကို သုံးသပ်ပါ။ အသင်းတော် အမှုထမ်းတွေအတွက် တောင်းဆိုချက်တွေကို လေ့လာပါ။ တောင်းဆိုချက်တွေ ပြည့်မီဖို့ ကြိုးစားပါ။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေကို ကိုယ် ဘယ်လောက် ချစ်သလဲ စဉ်းစားပါ။ သူတို့အကျိုး သယ်ပိုးချင်စိတ် တိုးများလာအောင် လုပ်ပါ။ (၁ ပေ. ၄:၈၊ ၁၀) သူတို့အကျိုး သယ်ပိုးခြင်းကနေ ရလာမယ့် ပျော်ရွှင်မှုကို ခံစားကြည့်ပါ။ အသင်းတော် အမှုထမ်း ဖြစ်ဖို့ သင် ကြိုးစားတက်လှမ်းနေတာကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးပါစေ။—ဖိ. ၂:၁၃။
LA 17 “ငါဆန္ဒရှိ”
a ပုံအညွှန်း– ဘယ်ဘက်ပုံမှာ တခြားသူတွေ လိုအပ်တာကို ယေရှု ဖြည့်ဆည်းပေးနေ။ ညာဘက်ပုံမှာ သက်ကြီးညီအစ်ကိုတစ်ယောက်ကို အသင်းတော် အမှုထမ်း ကူညီပေးနေ။