Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 November laim. 20-25
  • Unaupate Aw—Pawlpi Upa Suak Dingin Na Hanciam Uh Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Unaupate Aw—Pawlpi Upa Suak Dingin Na Hanciam Uh Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • MINPHA NGAH THEIH DAN
  • INNKUAN LUTANG HOIH SUAH THEIH DAN
  • UNAUPIHTE HUH THEIH DAN
  • KHANGTO SUAK IN
  • Unaupate Aw—Pawlpi Nasem Suak Dingin Na Hanciam Uh Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Kiseh Pasalte Tungah Na Lungdamna Lak In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jesuh Leitungah A Nunung Ni 40 A Om Hun Sunga A Lahkhiat Etteh Ding Lim
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 November laim. 20-25

Sin Ding Thu 47

LA 103 လူ့​အသွင်​ဆု သိုးထိန်းများ

Unaupate Aw—Pawlpi Upa Suak Dingin Na Hanciam Uh Hiam?

“Mi khat peuh in pawlpi kem suah ding a ut leh nasep thupi sem nuam ahi hi.”—1 TIM. 3:1, ZIV.

အာရုံစိုက်​ရာ

အကြီးအကဲ ဖြစ်ဖို့ ညီအစ်ကိုတွေ ပြည့်မီရမယ့် ကျမ်းစာ​တောင်းဆိုချက်​တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။

1-2. Pawlpi upate’ tavuan in bang a hiam?

သင်ဟာ အသင်းတော် အမှုထမ်းအဖြစ် အမှုဆောင်​နေတယ်​ဆိုရင် အကြီးအကဲ ဖြစ်ဖို့ လိုအပ်တဲ့ အရည်အသွေး တော်တော်​များများ ရှိနေ​လောက်​ပါ​ပြီ။ အကြီးအကဲ ဖြစ်ဖို့ သင် တက်လှမ်းနိုင်​မ​လား။—၁ တိ. ၃:၁။

၂ အကြီးအကဲတွေရဲ့ တာဝန်က ဘာလဲ။ ဟောပြောခြင်း​လုပ်ငန်းမှာ ထက်ထက်​သန်သန် ပါဝင်​ရတယ်။ ညီအစ်ကို/မတွေကို ထိန်းကျောင်း​ရတယ်၊ သွန်သင်​ရတယ်။ သူတို့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် အပြောအဆို၊ လုပ်ရပ်​အားဖြင့် ကူညီ​ပေးရတယ်။ ဒါကြောင့်​လည်း အကြီးအကဲတွေကို “လက်ဆောင်” လို့ ကျမ်းစာမှာ ခေါ်ထားတာ။—ဧ. ၄:၈။

3. Unaupate koi bangin pawlpi upa suak thei ding uh a hiam? (1 Timoti 3:1-7. Titus 1:5-9)

၃ ညီအစ်ကိုတွေ အကြီးအကဲ ဘယ်လို ဖြစ်လာနိုင်သလဲ။ လောကအလုပ်​တွေ​မှာ များသောအားဖြင့် အလုပ်ရှင် တောင်းဆိုတဲ့ စွမ်းရည်​တွေ ရှိရင် အလုပ်​ရပြီ။ အကြီးအကဲ​ဆိုတဲ့ မွန်မြတ်တဲ့ အလုပ်​အတွက်တော့ ဟောပြော​သွန်သင်ခြင်း​စွမ်းရည် ရှိရုံနဲ့ မလုံလောက်ဘူး။ ၁ တိမောသေ ၃:၁-၇ နဲ့ တိတု ၁:၅-၉ မှာ ဖော်ပြထားတဲ့ ကျမ်းစာ​တောင်းဆိုချက်တွေ ပြည့်မီ​ရမယ်။ (ဖတ်ပါ။) အဲဒီ​ကျမ်းပိုဒ်တွေ​မှာ ပါတဲ့ တောင်းဆိုချက်​တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။ အသင်းတော် အတွင်းအပြင်မှာ နာမည်ကောင်း ရခြင်း၊ အိမ်ထောင်ဦးစီး​ကောင်း ဖြစ်​ခြင်း၊ ညီအစ်ကို/မတွေ​အကျိုးကို လိုလိုလားလား သယ်ပိုး​ခြင်း​ဆိုတဲ့ ကဏ္ဍ​သုံးရပ်​မှာ ညီအစ်ကိုတွေ အရည်အချင်း ဘယ်လို ပြည့်မီနိုင်​သလဲ။

MINPHA NGAH THEIH DAN

4. “Paubaanna a nei lo mi” hi ding, cih in bang a cihnopna a hiam?

၄ အကြီးအကဲအဖြစ် အရည်အချင်း ပြည့်မီဖို့​ဆိုရင် “အပြစ်​ပြောစရာ​မရှိသူ” ဖြစ်ရမယ်။ ဆိုလိုတာက ညီအစ်ကို/မတွေ​ရှေ့မှာ ကိုယ့်​အမူအကျင့်​တွေ​ဟာ ကဲ့ရဲ့စရာ ဖြစ်​မနေ​ရ​ဘူး။ ဒါ့အပြင် “အသင်းတော်​ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်း ရှိတဲ့သူ” ဖြစ်ရမယ်။ ခရစ်ယာန် ယုံကြည်ချက်တွေနဲ့​ပတ်သက်လာရင် သင့်ကို မယုံကြည်သူတွေ ကဲ့ရဲ့​နိုင်တယ်။ ဒါပေမဲ့ သင့်​ရိုးသားမှု၊ အမူအကျင့်​နဲ့​ပတ်သက်လာရင်တော့ ကဲ့ရဲ့စရာ​အကြောင်း မရှိ​သင့်​ဘူး။ (ဒံ. ၆:၄၊ ၅) ‘အသင်းတော် အတွင်းအပြင်မှာ ငါ နာမည်ကောင်း ရှိရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ကြည့်ပါ။

5. “Thuhoih a deih mi” na hihlam bangci lakkhia thei ding na hiam?

၅ “ကောင်းမြတ်တဲ့​အရာကို နှစ်သက်သူ” ဟာ တခြားသူတွေရဲ့ ကောင်းကွက်​ကို ရှာတယ်။ အရည်အသွေးကောင်းတွေကို ချီးမွမ်း​ပေးတယ်။ ကောင်းမှုပြုဖို့ တာဝန် မရှိရင်တောင် ကောင်းမှု​ပြုတယ်။ (၁ သက်. ၂:၈) အကြီးအကဲတွေ ကောင်းမြတ်တဲ့​အရာကို နှစ်သက်​ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကောင်းမြတ်တဲ့​အရာကို နှစ်သက်​မှ ညီအစ်ကို/မတွေကို ထိန်းကျောင်း​ရာ​မှာ၊ အသင်းတော်​တာဝန်တွေ ထမ်းဆောင်ရာမှာ တန်ဖိုး​ရှိတဲ့ ကိုယ့်​အချိန်တွေကို ကြည်ကြည်ဖြူဖြူ အသုံးပြု​မှာ ဖြစ်တယ်။ (၁ ပေ. ၅:၁-၃) သူတစ်ပါး​အကျိုး သယ်ပိုး​တဲ့အခါ စွန့်လွှတ်​ပေးဆက်​ရပေမဲ့ ပြန်​ရတဲ့ ပျော်ရွှင်မှု​က ပို​ပါတယ်။—တ. ၂၀:၃၅။

6. “Zinleleeng do a siam mi” na hihlam bangci lakkhia thei ding na hiam? (Hebru 13:2, 16. Lim zong en in.)

၆ “ဧည့်ဝတ်​ကျေပွန်သူ” ဟာ ရင်းနှီးတဲ့ မိတ်ဆွေ မဟုတ်သူတွေကို​တောင် ကောင်းမှု​ပြုတယ်။ (၁ ပေ. ၄:၉) “အသိ​မိတ်ဆွေ မဟုတ်​သူ​တွေ​အတွက် အိမ်တံခါး​ကို​ကော နှလုံးသား​တံခါး​ကို​ပါ ဖွင့်ထား​တယ်” လို့ အကိုးအကား​စာအုပ်​တစ်အုပ်​က ဆိုတယ်။ ‘ဧည့်ဝတ်​ကျေပွန်သူ​ဆိုတဲ့ နာမည်ကောင်း ငါ ရ​ထားသလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ကြည့်ပါ။ (ဟီဘရူး ၁၃:၂၊ ၁၆ ကို ဖတ်ပါ။) ဧည့်ဝတ်​ကျေပွန်သူဟာ ငွေကြေး​ချို့တဲ့သူတွေ​ကို တတ်​နိုင်သလောက် ဝေမျှပေး​ကမ်း​တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဧည့်ဟောပြောသူ​တွေ​လို အလုပ်​ကြိုးစားတဲ့ ဘုရား​အမှုဆောင်တွေ​ကို တတ်​နိုင်သလောက် ဧည့်ဝတ်ပြုတယ်။—က. ၁၈:၂-၈။ ပညာ. ၃:၂၇။ လု. ၁၄:၁၃၊ ၁၄။ တ. ၁၆:၁၅။ ရော. ၁၂:၁၃။

တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီး​အတွက် ပြင်ဆင်ထားတဲ့ မိမိတို့​အိမ်က ဧည့်သည်​အခန်းကို မောင်နှံတစ်စုံ ပြနေ။

ဧည့်ဝတ်​ကျေပွန်​တဲ့ မောင်နှံတစ်စုံ​ဟာ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို အိမ်မှာ တည်း​ခွင့်​ပေး (စာပိုဒ် ၆ ကို ကြည့်ပါ)


7. “Sum a deihlua lo mi“ na hihlam bangci lakkhia thei ding na hiam?

၇ “ငွေ​မတပ်မက်​သူ” ဖြစ်ရမယ်။ ဆိုလိုတာက ပစ္စည်းဥစ္စာ အဓိက​မထားရဘူး။ ဆင်းရဲ​သည်​ဖြစ်စေ၊ ချမ်းသာ​သည်​ဖြစ်စေ ဘဝ​ကဏ္ဍတိုင်းမှာ ဘုရားနိုင်ငံတော်ကို အဓိကထား​ရမယ်။ (မ. ၆:၃၃) ဝတ်ပြုရေး၊ မိသားစု၊ အသင်းတော်အတွက် ကိုယ့်​အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကို အသုံးပြုရမယ်။ (မ. ၆:၂၄။ ၁ ယော. ၂:၁၅-၁၇) ‘ငွေနဲ့​ပတ်သက်တဲ့ ငါ့​သဘောထားက ဘာလဲ။ ရှိတာလေးနဲ့ ရောင့်ရဲ​သလား။ ငွေ ပို​ရဖို့၊ ပစ္စည်းဥစ္စာ ပိုရှိလာဖို့ အဓိကထား​နေရဲ့​လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ကြည့်ပါ။—၁ တိ. ၆:၆၊ ၁၇-၁၉။

8. “Lungsim hoih hithiat mi” le “a kisekzo mi” na hihlam bangci lakkhia thei ding na hiam?

၈ “ပြုမူ​ကျင့်ကြံ​ပုံ အစွန်း​မ​ရောက်​သူ၊” “ချုပ်တည်းခြင်း​ရှိသူ” ဟာ ဘဝ​ကဏ္ဍတိုင်းမှာ အကျိုးသင့်အကြောင်းသင့်​ရှိတယ်။ ဥပမာ၊ အစားအသောက်၊ ဝတ်စား​ဖြီးလိမ်းပုံ၊ ဖျော်ဖြေရေး​ကဏ္ဍတွေမှာ အစွန်း​မ​ရောက်​ဘူး။ ခေတ်​ရေစီးကြောင်း​နောက် မလိုက်ဘူး။ (လု. ၂၁:၃၄။ ယာ. ၄:၄) ဒေါသ​ထွက်​စ​ရာ အခြေအနေမှာတောင် အေးဆေး​တည်ငြိမ်​တယ်။ “သောက်ကြူး​သူ” မဖြစ်ရဘူး။ ဆိုလိုတာက မူးတဲ့အထိ မသောက်​ရ​ဘူး။ မ​မူး​ဘူး​ဆိုရင်တောင် ကိုယ်​သောက်​တဲ့ ပမာဏ​ကြောင့် သောက်ကြူး​သူ​လို့ သတ်မှတ်ခံရတာ​မျိုး မဖြစ်ရဘူး။ ‘ပြုမူ​ကျင့်ကြံ​ပုံ အစွန်း​မ​ရောက်​သူ၊ ချုပ်တည်းခြင်း​ရှိသူ ဖြစ်​နေရဲ့​လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်​ကြည့်ပါ။

9. (a) “Thu a ngaihsun thei mi” na hihlam bangci lakkhia thei ding na hiam? (b) “A kilawm a kituakin a gamta mi” na hihlam bangci lakkhia thei ding na hiam?

၉ “ချင့်ချိန်​တတ်​သူ” ဟာ ကိစ္စရပ်တွေနဲ့​ပတ်သက်ပြီး ကျမ်းစာမူတွေကို သေသေချာချာ စဉ်းစားတယ်။ ဒါကြောင့် ထိုးထွင်းဉာဏ် ရှိလာတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ချင့်ချိန်​တတ်​သူဟာ အလျင်စလို ကောက်ချက်​မ​ချ​ဘူး။ အကြောင်းစုံ သိအောင် လုပ်တယ်။ (ပညာ. ၁၈:၁၃) ဒါကြောင့် ယေဟောဝါရဲ့ စဉ်းစားပုံနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ “စည်းစနစ်​ရှိသူ” ဟာ စနစ်တကျ လုပ်ကိုင်တယ်၊ အချိန်​တိကျတယ်။ ယုံကြည်​စိတ်ချထိုက်သူ၊ ညွှန်ကြားချက် လိုက်နာသူ​လို့ နာမည်​ရတယ်။ အခုထိ ဆွေးနွေး​သွားတဲ့ အရည်အသွေးတွေ ရှိလာ​ရင် သင် နာမည်ကောင်း ရလာမယ်။ အခု၊ အိမ်ထောင်သည် အကြီးအကဲတွေ ပြည့်မီရမယ့် ကျမ်းစာ​တောင်းဆိုချက်တွေကို ဆွေးနွေး​ကြရအောင်။

INNKUAN LUTANG HOIH SUAH THEIH DAN

10. “Innkuan sung hoih takin a ukzo mi” na hihlam bangci lakkhia thei ding na hiam?

၁၀ သင်ဟာ အိမ်ထောင်သည်​ဆိုရင် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီ​မမီ​ဆိုတာ သင့်​မိသားစု နာမည်ကောင်း ရှိ​မရှိ​ဆိုတာနဲ့​လည်း သက်ဆိုင်တယ်။ ဒါကြောင့် သင်ဟာ “အိမ်ထောင်ကို ကောင်းစွာ ဦးစီး​တတ်​သူ” ဖြစ်ရမယ်။ ဆိုလိုတာက မေတ္တာရှိ​ပြီး တာဝန်​ကျေပွန်​တဲ့ အိမ်ထောင်ဦးစီး ဖြစ်ရမယ်။ ဝတ်ပြုမှု​ကဏ္ဍတိုင်းမှာ မိသားစုကို ဦးဆောင်​ပေးရမယ်။ ဒါ ဘာကြောင့် သိပ်အရေးကြီးသလဲ။ တမန်တော် ပေါလု ပြောသလို​ပါပဲ “သူ့​အိမ်ထောင်ကို​တောင် မဦးစီး​တတ်​ရင် ဘုရားသခင်ရဲ့ အသင်းတော်ကို ဘယ်လိုလုပ် ဂရုစိုက်​စောင့်ရှောက်​နိုင်​မလဲ။”—၁ တိ. ၃:၅။

11-12. Pawlpi upa suak dingin kicinna neihna pen a innkuanpihte’ gamtat zia tawh koi bangin kizopna nei a hiam? (Lim zong en in.)

၁၁ သင်ဟာ ဖခင်​ဆိုရင် သင့်​အုပ်ထိန်းမှုအောက်မှာ ရှိတဲ့ ‘သားသမီးတွေဟာ အမူအကျင့်​ကောင်းပြီး နာခံတတ်​သူ​တွေ ဖြစ်ရမယ်။’ ကလေး​သဘာဝ သူတို့ ပျော်​ချင်၊ ဆော့​ချင်ကြ​မှာ​ပဲ။ ဒါပေမဲ့ သူတို့ကို မေတ္တာပါပါ သွန်သင်ပေး​ရမယ်။ မိဘ​စကား နားထောင်​တတ်​ဖို့၊ တခြားသူတွေကို လေးစား​တတ်​ဖို့၊ လိမ္မာ​ရေး​ခြား ရှိဖို့ ကောင်းကောင်း လေ့ကျင့်ပေး​ရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်း​ဖို့၊ ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့၊ နှစ်ခြင်းခံတဲ့အထိ တိုး​တက်ဖို့လည်း အစွမ်းကုန် ကူညီပေးရမယ်။

၁၂ ‘သားသမီးတွေဟာ ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့​သူ၊ ဆုံးမ​ရ​ခက်​သူ​တွေ​လို့ နာမည်​မထွက်​ရ​ဘူး။’ မိဘနဲ့​အတူ နေတဲ့ ယုံကြည်သူ သားသမီးဟာ ကြီးလေးတဲ့​အပြစ် လုပ်ရင် ဖခင်ကို ဘယ်လို ထိခိုက်​နိုင်​သလဲ။ ဖခင် လေ့ကျင့်​ဆုံးမ​တာ ပေါ့​လျော့​လို့​ဆိုရင် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း မပြည့်မီ​တာ​မျိုး ဖြစ်နိုင်တယ်။—၁၉၉၆၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် စာ. ၂၁၊ ပိုဒ်. ၆-၇ ကို ကြည့်ပါ။

ရုပ်ပုံ– ၁။ ဇနီး၊ သားငယ်​သမီး​ငယ်​တွေ​နဲ့​အတူ အိမ်ထောင်ဦးစီး​တစ်ယောက် မိသားစု ဝတ်ပြုမှု လုပ်နေ။ jw.org မှာ ရှိတဲ့ “ယေဟောဝါရဲ့​မိတ်ဆွေ​ဖြစ်ပါ—ယေဟောဝါရဲ့ အိမ်တော်ကို နှစ်သက်​မြတ်နိုးပါ” ဗီဒီယို ကြည့်နေ။ ၂။ နောက်ပိုင်းမှာ သား​နှစ်ယောက်​နဲ့​အတူ ဖခင်ဖြစ်သူ အစည်းအဝေး​ခန်းမ သန့်ရှင်းရေး​လုပ်နေ။ ဖခင်နဲ့ သားတစ်ယောက်က ဖုန်​စု​ပ်​ပြီး နောက်တစ်ယောက်က ဖုန်​သု​တ်​နေ။

ဝတ်ပြုမှု​ကဏ္ဍ အမျိုးမျိုးမှာ ပါဝင်ဖို့ သားသမီးတွေကို ဖခင်ဖြစ်သူ လေ့ကျင့်ပေးနေ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


UNAUPIHTE HUH THEIH DAN

13. (a) “Lungsimnem mi” na hihlam bangci lakkhia thei ding na hiam? (b) “A kiphasak lo” mi na hihlam bangci lakkhia thei ding na hiam?

၁၃ အရည်အသွေးကောင်း​တွေ ရှိတဲ့ ညီအစ်ကိုတွေဟာ အသင်းတော်အတွက် သိပ်​အဖိုးတန်တယ်။ ဥပမာ၊ အကြီးအကဲတွေဟာ “အကျိုးသင့်အကြောင်းသင့်​ရှိသူ” ဖြစ်ရမယ်။ ဆိုလိုတာက တခြားသူတွေနဲ့ သင့်မြတ်အောင် နေ​ရမယ်။ တခြားသူတွေ အချင်းချင်း သင့်မြတ်အောင်​လည်း ကူညီပေးရမယ်။ အကျိုးသင့်အကြောင်းသင့်​ရှိသူ​ဆိုတဲ့ နာမည်ကောင်း ရချင်ရင် တခြားသူတွေ ပြောတာ နားထောင်​ပေးပါ။ တခြားသူတွေရဲ့ အမြင်ကို နားလည်ဖို့ ကြိုးစားပါ။ သင် အကြီးအကဲ ဖြစ်​လာပြီ​ဆိုပါစို့။ အကြီးအကဲ အစည်းအဝေးမှာ ညီအစ်ကို အများစု သဘောတူတဲ့​အချက်က ကိုယ့်အကြိုက်​နဲ့ မ​ကိုက်​ရင်တောင် ကျမ်းစာမူနဲ့ ငြိမနေရင် လိုလိုလားလား သဘောတူမလား။ အကြီးအကဲတွေဟာ “ထင်ရာစိုင်း​သူ” မဖြစ်ရဘူး။ ဆိုလိုတာက ကိုယ့်​နည်းလမ်းအတိုင်း လိုက်လုပ်ဖို့ တခြားသူတွေကို ဖိ​အားမပေး​ရ​ဘူး။ တခြားသူတွေရဲ့ အကြံ​ပေး​ချက်​တွေ​ကို တန်ဖိုးထားပြီး ထည့်သွင်း​စဉ်းစားရမယ်။ (က. ၁၃:၈၊ ၉။ ပညာ. ၁၅:၂၂) “ရန်​မလို​တတ်​သူ” ဖြစ်ရမယ်။ “ဒေါသထွက်လွယ်သူ” မဖြစ်ရဘူး။ ဆိုလိုတာက မခက်ထန်​ရ​ဘူး၊ ညှိနှိုင်း​လို့​မရသူ မဖြစ်ရဘူး။ ပြေပြေလည်လည် ပြောဆို​ပြုမူ​တတ်​ရမယ်။ သင့်သင့်မြတ်မြတ် နေတတ်ရမယ်။ အခြေအနေ တင်းမာ​နေ​ရင်တောင် တခြားသူတွေနဲ့ သင့်မြတ်ဖို့ အစပြု​လုပ်ဆောင်ရမယ်။ (ယာ. ၃:၁၇၊ ၁၈) နား​ဝင်​အောင် ပြောတတ်​ရင် ဆန့်ကျင်သူတွေ အပါအဝင် တခြားသူတွေ သဘောထား ပျော့ပျောင်း​လာနိုင်တယ်။—သူကြီး. ၈:၁-၃။ ပညာ. ၂၀:၃။ ၂၅:၁၅။ မ. ၅:၂၃၊ ၂၄။

14. (a) “Khristian a suaktungte” hi lo ding, cih in bang a cihnopna a hiam? (b) A citak mi na hihlam bangci lakkhia thei ding na hiam?

၁၄ အကြီးအကဲအဖြစ် ခန့်အပ်ခံရမယ့်​သူဟာ “ယုံကြည်သူ လူသစ်” မဖြစ်ရဘူး။ အမှန်တရား​သက်တမ်း အကြာကြီး ရှိဖို့ မလိုပေမဲ့ အကြီးအကဲအဖြစ် အမှုဆောင်နိုင်လောက်တဲ့​အထိ ရင့်ကျက်ဖို့ အချိန်​လိုတယ်။ ယေရှုလို နှိမ့်ချမှု ရှိသူ၊ ထပ်ဆင့်​တာဝန်တွေ ယေဟောဝါ ပေး​လာမယ့်​အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်း​တတ်​သူ ဖြစ်ရမယ်။ (မ. ၂၀:၂၃။ ဖိ. ၂:၅-၈) ယေဟောဝါ​ဘုရားဆီ​မှာ တွယ်ကပ်​နေခြင်း၊ ဘုရား​စံနှုန်းတွေ​ကနေ သွေဖည်​မ​သွားခြင်း၊ ဘုရား​အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် “သစ္စာစောင့်သိ​သူ” ဖြစ်ကြောင်း သက်သေပြနိုင်တယ်။—၁ တိ. ၄:၁၅။

15. Pawlpi upate’n mipi mai thugenna-ah a siam mahmah ding uh a kisam hiam? Hilhcian in.

၁၅ ကြီးကြပ်မှူးတွေဟာ “သွန်သင်​ဖို့ အရည်အချင်း ပြည့်မီ​သူ” ဖြစ်ရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဟောပြောချက် ပေးတာ အရမ်း​တော်​နေ​ရမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အကြီးအကဲများစွာဟာ ဟောပြောချက် ပေးရာမှာ အရမ်း​တော်​မ​နေပေမဲ့ အမှုဆောင်မှာ၊ သိုးထိန်းလည်ပတ်မှုတွေ​မှာ ထိထိရောက်ရောက် သွန်သင်နိုင်​ကြတယ်။ (၁ ကောရိန္သု ၁၂:၂၈၊ ၂၉ နဲ့ ဧဖက် ၄:၁၁ ကို နှိုင်းယှဉ်ပါ။) ဟောပြောချက် ပေးတာ အရမ်း​တော်​နေဖို့ မလိုပေမဲ့ ထိရောက်တဲ့ သွန်သင်သူ ဖြစ်ဖို့ အမြဲ ကြိုးစား​နေ​ရမယ်။ ထိရောက်တဲ့ သွန်သင်သူ ဘယ်လို ဖြစ်လာနိုင်သလဲ။

16. Thu hilh a siam mi koi bangin suak thei ding na hiam? (Lim zong en in.)

၁၆ “စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြု​သူ” ဖြစ်ရမယ်။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်ဖို့​ဆိုရင် အများရှေ့​မှာ သွန်သင်တဲ့အခါ​ဖြစ်ဖြစ်၊ သီးသန့် အကြံ​ပေး​ဆုံးမ​တဲ့အခါ​ဖြစ်ဖြစ် ကျမ်းစာကို အခြေ​ခံရမယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်း​စာပေတွေကို အပတ်တကုတ် လေ့လာရမယ်။ (ပညာ. ၁၅:၂၈။ ၁၆:၂၃) လေ့လာတဲ့အခါ ကျမ်းပိုဒ်တွေ​ကို အဖွဲ့အစည်း​စာပေတွေမှာ ဘယ်လို ရှင်းပြထား​သလဲ​ဆိုတာ အာရုံစိုက်ရမယ်။ ဒါမှ ကျမ်းပိုဒ်တွေ​ကို မှန်မှန်ကန်ကန် ပြန်​သုံး​နိုင်မယ်။ ဒါ့အပြင် သိလာတာကို နားထောင်နေသူတွေ လက်တွေ့​ကျင့်သုံး​ချင်စိတ် ပေါ်လာအောင် သွန်သင်ပေး​ရမယ်။ အတွေ့အကြုံရှိ အကြီးအကဲတွေဆီကနေ အကြံဉာဏ် တောင်းတဲ့အခါ၊ အကြံဉာဏ်အတိုင်း လိုက်နာတဲ့အခါ ထိရောက်တဲ့ သွန်သင်သူ ဖြစ်လာနိုင်တယ်။ (၁ တိ. ၅:၁၇) အကြီးအကဲတွေဟာ ညီအစ်ကို/မတွေကို ‘အားပေးနိုင်​သူ’ ဖြစ်ရမယ်။ လိုအပ်တဲ့အခါ အကြံ​ပေးနိုင်သူ၊ ‘ပဲ့ပြင်​နိုင်သူ’ လည်း ဖြစ်ရမယ်။ အား​ပေးသည်​ဖြစ်စေ၊ အကြံ​ပေး​ပဲ့ပြင်​သည်​ဖြစ်စေ ကြင်နာမှု အမြဲ ရှိရမယ်။ မေတ္တာပါပါ နား​ဝင်​အောင် ပြောရင်၊ ကျမ်းစာကို အခြေခံ​ရင် ကြီးမြတ်တဲ့​ဆရာ ယေရှုကို အတုယူ​နေတာ ဖြစ်လို့ ထိရောက်တဲ့ သွန်သင်သူ ဖြစ်လာနိုင်တယ်။—မ. ၁၁:၂၈-၃၀။ ၂ တိ. ၂:၂၄။

ရုပ်ပုံ– ၁။ ညီအစ်မ​တစ်ယောက်​အိမ်ကို အသင်းတော် အမှုထမ်း​နဲ့ အကြီးအကဲ သွားလည်​နေ။ အသင်းတော် အမှုထမ်း ပြောတာကို နားထောင်​ရင်း သုံးယောက်စလုံး ကျမ်းစာ​ဖွင့်ထား။ ၂။ မှန်​ရှေ့မှာ အသင်းတော် အမှုထမ်း ဟောပြောချက် လေ့ကျင့်​နေ။

ကျမ်းစာ သုံးပြီး ဘယ်လို အားပေး​ရမယ်ဆိုတာ အတွေ့အကြုံရှိ အကြီးအကဲဆီကနေ အသင်းတော် အမှုထမ်း သင်ယူ​ခွင့်​ရ။ အသင်းတော်မှာ ဟောပြောချက် ပေးဖို့ မှန်​ရှေ့မှာ အစမ်း​လေ့ကျင့်​နေ (စာပိုဒ် ၁၆ ကို ကြည့်ပါ)


KHANGTO SUAK IN

17. (a) Pawlpi nasemte a khantohsuak nadingun bangin huh thei a hiam? (b) Pawlpi upate in unaupa khat upa sepsak dingin a sittel uh ciang bang a phawk ding uh kisam a hiam? (“Midangte Na Sittel Hun Ciang Kinuaikoihna Lungsim Nei In,” cih kiu li bawm en in.)

၁၇ အကြီးအကဲ ဖြစ်ဖို့ ပြည့်မီရမယ့် တောင်းဆိုချက် အများကြီး ရှိလို့ အကြီးအကဲ ဖြစ်နိုင်​မှာ မဟုတ်တော့ပါဘူး​လို့ အသင်းတော် အမှုထမ်း​တချို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက်တွေ ရာနှုန်း​ပြည့် ပြည့်မီဖို့ ယေဟောဝါ​ကော အဖွဲ့အစည်း​ပါ မ​မျှော်လင့်ကြောင်း သတိရပါ။ (ယာ. ၃:၂) ဒါ့အပြင် တောင်းဆိုချက်တွေ ပြည့်မီဖို့ စွမ်းအားတော်က ကူညီပေးနိုင်တယ်။ (ဖိ. ၂:၁၃) သင် တိုးတက်ချင်တဲ့ သတ်သတ်မှတ်မှတ် အရည်အသွေး ရှိသလား။ ယေဟောဝါဆီ ဆုတောင်း​ပြောပြပါ။ အဲဒီ​အရည်အသွေးအကြောင်း ရှာဖွေ​လေ့လာ​ပါ။ ဘယ်လို တိုးတက်အောင် လုပ်ရမလဲ​ဆိုတာ အကြီးအကဲ​တစ်ယောက်ယောက်ကို အကြံဉာဏ်​တောင်းပါ။

တခြားသူတွေကို အကဲဖြတ်​တဲ့အခါ ကျိုးနွံမှု ရှိပါ

ညီအစ်ကို​တစ်ယောက် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီ​မမီ အကဲဖြတ်​တဲ့အခါ အကြီးအကဲတွေ ကျိုးနွံမှု ရှိကြတယ်။ “တရားလွန် မ​ဖြောင့်မတ်” ကြ​ဘူး။ (ဒေ. ၇:၁၆။ ရော. ၁၂:၃) ကိုယ်တိုင်လည်း ကျမ်းစာ​တောင်းဆိုချက်တွေ ရာနှုန်းပြည့် ပြည့်မီ​နေတာ မဟုတ်မှန်း သတိရကြတယ်။ တောင်းဆိုချက်တွေကို အတိုင်းအတာ​တစ်ခုအထိ ညီအစ်ကို ပြည့်မီ​မမီ အ​ကဲ​ဖြတ်နိုင်ဖို့ ဆုတောင်းကြတယ်။ ယေဟောဝါရဲ့ စံနှုန်းတွေနဲ့​အညီ နေထိုင်သူ၊ အသင်းတော်အတွက် အကျိုးပြုမယ့်​သူ ဟုတ်မဟုတ် အ​ကဲ​ဖြတ်နိုင်ဖို့ ဒီအချက်တွေ​က အကြီးအကဲတွေကို ကူညီပေးတယ်။

18. Pawlpi nasemte khempeuh in bang thapiakna ngah uh a hiam?

၁၈ အကြီးအကဲတွေ အပါအဝင် ညီအစ်ကို​အားလုံး ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေ ရှိနေဖို့ ဆက်ကြိုးစား​ကြရအောင်။ (ဖိ. ၃:၁၆) သင်ဟာ အသင်းတော် အမှုထမ်း​လား။ ဒါဆိုရင် အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းပါ။ ယေဟောဝါ​အတွက်၊ အသင်းတော်အတွက် ပိုအသုံးဝင်သူ ဖြစ်လာအောင် လေ့ကျင့်​ပုံသွင်း​ပေးပါ​လို့ ဆုတောင်းပါ။ (ဟေရှာ. ၆၄:၈) အကြီးအကဲ ဖြစ်ဖို့ သင် ကြိုးစား​တက်လှမ်း​နေတာကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးပါ​စေ။

NANGH BANGCI DAWNG DING?

  • 1 Timoti 3:1-7 pan bang sin thei i hiam?

  • Titus 1:5-9 pan bang sin thei i hiam?

  • Hebru 13:2, 16 pan bang sin thei i hiam?

LA 101 စည်းလုံးစွာ လုပ်ဆောင်ခြင်း

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ