SIN DING THU 41
LA 13 စံနမူနာရှင် ခရစ်တော်
Jesuh Leitungah A Nunung Ni 40 A Om Hun Sunga A Lahkhiat Etteh Ding Lim
“Ni sawm li sung … amaute in amah mu uh a, Pasian’ Ukna thu amaute tungah a gen hi.”—SAWL. 1:3.
အာရုံစိုက်ရာ
မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း ယေရှု ပြခဲ့တဲ့ စံနမူနာကို ဘယ်လို အတုယူနိုင်သလဲ။
1-2. Emmaus khua paina lampi-ah Jesuh’ nungzui nihte in bang tuakkha uh a hiam?
အေဒီ ၃၃၊ နိသန်လ ၁၆ ရက်မှာ ဂျေရုဆလင်မြို့ကနေ ၇ မိုင် (၁၁ ကီလိုမီတာ) လောက် ဝေးတဲ့ ဧမောက်ရွာကို ယေရှုရဲ့ တပည့်နှစ်ယောက် သွားနေတယ်။ ခေါင်းဆောင် ယေရှု မကြာသေးခင်ကပဲ အသတ်ခံလိုက်ရလို့ စိတ်ညှိုးငယ်နေကြတယ်။ မေရှိယ လုပ်ပေးမယ်လို့ မျှော်လင့်ထားတာတွေ ပျောက်ပျက်သွားပုံပဲ။ ဒါပေမဲ့ ထင်မထားတာတစ်ခု ဖြစ်လာတယ်။
၂ သူစိမ်းအမျိုးသားတစ်ယောက် သူတို့အနား ရောက်လာပြီး အတူလျှောက်တယ်။ ယေရှု ကြုံခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်တွေအကြောင်း သူတို့ ပြောပြကြတယ်။ ဒါနဲ့ သူတို့ စိတ်ထဲ စွဲနေမယ့် အကြောင်းအရာတွေကို သူစိမ်းအမျိုးသား ပြောပြတယ်။ မေရှိယ ဘာကြောင့် ဒုက္ခဝေဒနာ ခံစားပြီး သေခဲ့ရကြောင်း “မောရှေနဲ့ ပရောဖက်တွေ ရေးခဲ့တဲ့ ကျမ်းစောင်တွေကနေ စပြီး” ရှင်းပြတယ်။ ဧမောက်ရွာကို ရောက်တော့မှပဲ အဲဒီသူစိမ်းအမျိုးသားဟာ ရှင်ပြန်ထမြောက်ပြီး ဖြစ်တဲ့ ယေရှုဆိုတာ တပည့်နှစ်ယောက် သိလိုက်ရတယ်။ မေရှိယ အသက်ရှင်နေမှန်း သိရလို့ သိပ်ဝမ်းသာသွားကြမှာပဲ။—လု. ၂၄:၁၃-၃၅။
3-4. (a) Jesuh’ nungzuite tungah bang thu piang a hiam? (Sawltak 1:3) (b) Hih thulu-ah bang thu kikum ding i hiam?
၃ မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း တပည့်တွေကို ယေရှု အကြိမ်ကြိမ် ကိုယ်ထင်ပြတယ်။a (တမန်တော် ၁:၃ ကို ဖတ်ပါ။) ပူဆွေးထိတ်လန့်နေတဲ့ တပည့်တွေကို အားပေးတယ်။ ဒါကြောင့် သူတို့ အားတက်လာကြတယ်။ ရွှင်ရွှင်ပျပျ ဖြစ်လာကြတယ်။ နိုင်ငံတော် သတင်းကောင်း ဟောပြောသွန်သင်ဖို့ သတ္တိရှိလာကြတယ်။
၄ မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း ယေရှု လုပ်ခဲ့တာတွေကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။ ရက် ၄၀ အတွင်း တပည့်တွေကို ယေရှု (၁) ဘယ်လို အားပေးသလဲ၊ (၂) ကျမ်းစာကို ကျိုးကြောင်းဆင်ခြင်တတ်အောင် ဘယ်လို ကူညီပေးသလဲ၊ (၃) ထပ်ဆင့် တာဝန်တွေ ထမ်းဆောင်နိုင်အောင် ဘယ်လို လေ့ကျင့်ပေးသလဲ။ ကဏ္ဍတစ်ခုစီမှာ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။
MIDANGTE THA PIA IN
5. Jesuh’ nungzuite bang hang thapiakna kisam a hiam?
၅ ယေရှုတပည့်တွေ အားပေးမှု လိုတယ်။ ဘာကြောင့်လဲ။ တချို့က ယေရှုနောက် အချိန်ပြည့်လိုက်နိုင်ဖို့ အိမ်၊ မိသားစု၊ စီးပွားရေးလုပ်ငန်းတွေ ထားခဲ့ကြတယ်။ (မ. ၁၉:၂၇) တချို့က ယေရှုနောက်လိုက် ဖြစ်လာလို့ ပတ်ဝန်းကျင်မှာ အကြဉ်ခံကြရတယ်။ (ယော. ၉:၂၂) ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်တယ်ဆိုတာ ယုံလို့ ဒီလိုစွန့်လွှတ်အနစ်နာခံခဲ့ကြတာ။ (မ. ၁၆:၁၆) ဒါပေမဲ့ ယေရှု အသတ်ခံလိုက်ရတော့ မျှော်လင့်သမျှ သဲထဲရေသွန် ဖြစ်သွားပြီ အထင်နဲ့ စိတ်ပျက်အားငယ်ခဲ့ကြတယ်။
6. Jesuh a thawhkik khit ciang bang sem a hiam?
၆ တပည့်တွေ စိတ်ပျက်အားငယ်တာဟာ ယုံကြည်ခြင်း မရှိလို့ မဟုတ်ဘူး၊ ချစ်ရသူ ဆုံးရှုံးတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ ခံစားချက်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်တဲ့ နေ့ကစပြီး တပည့်တွေကို လိုက်အားပေးတယ်။ ဥပမာ၊ မိမိရဲ့ သင်္ချိုင်းဂူမှာ ငိုနေတဲ့ မာဂဒလမာရိကို ကိုယ်ထင်ပြတယ်။ (ယော. ၂၀:၁၁၊ ၁၆) ဆောင်းပါးအစမှာ ဖော်ပြထားတဲ့အတိုင်း ဧမောက်ရွာကို သွားနေတဲ့ တပည့်နှစ်ယောက်ကို ကိုယ်ထင်ပြတယ်။ တမန်တော် ပေတရုကို ကိုယ်ထင်ပြတယ်။ (လု. ၂၄:၃၄) ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။ ယေရှု ဦးဆုံး ကိုယ်ထင်ပြချိန်အကြောင်း သုံးသပ်ကြရအောင်။
7. Nisan kha 16 ni zingsang tungin Mary ahih bang pen Jesuh in mu a hiam? Jesuh in bang hih a hiam? (Lim zong en in.)
၇ ယောဟန် ၂၀:၁၁-၁၆ ကို ဖတ်ပါ။ နိသန်လ ၁၆ ရက် မနက်စောစောမှာ ယေရှုရဲ့ သင်္ချိုင်းဂူကို အမျိုးသမီးတစ်စု ရောက်လာတယ်။ (လု. ၂၄:၁၊ ၁၀) အဲဒီထဲက တစ်ယောက်က မာဂဒလမာရိပါ။ သင်္ချိုင်းဂူကို ရောက်တော့ ယေရှုအလောင်း မတွေ့တော့ဘူး။ ဒါနဲ့ ပေတရုနဲ့ ယောဟန်ဆီ အပြေးသွားပြောတယ်။ သင်္ချိုင်းဂူကို ပေတရုနဲ့ ယောဟန် ပြေးလာကြည့်တော့ မာရိလည်း သူတို့နောက်က လိုက်လာတယ်။ အလောင်း မရှိတာ သေချာသွားလို့ ပေတရုနဲ့ ယောဟန် ပြန်သွားပေမဲ့ မာရိကတော့ ငိုပြီး ကျန်ရစ်ခဲ့တယ်။ ယေရှု ကြည့်နေမှန်း မာရိ မသိဘူး။ မာရိ ငိုနေတာကို ယေရှု မြင်ပြီး နှစ်သိမ့်ပေးချင်လာတယ်။ ဒါကြောင့် ကိုယ်ထင်ပြပြီး စကားပြောတယ်။ မိမိ ရှင်ပြန်ထမြောက်ပြီ ဖြစ်ကြောင်း ညီအစ်ကိုတွေဆီ သွားပြောခိုင်းတယ်။ ယေရှု လုပ်လိုက်တာ ရိုးရိုးလေးပေမဲ့ မာရိ သိပ်အားတက်သွားမှာပဲ။—ယော. ၂၀:၁၇၊ ၁၈။
မျက်စိရှင်ရှင်ထားခြင်း၊ ညီအစ်ကို/မတွေနေရာကနေ ဝင်ခံစားနှစ်သိမ့်ပေးခြင်းအားဖြင့် ယေရှုကို အတုယူပါ (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Jesuh bangci etteh thei ding i hiam?
၈ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ ဘုရားအမှု ဆက်ဆောင်နိုင်အောင် ညီအစ်ကို/မတွေကို အားပေးတဲ့အခါ ယေရှုကို အတုယူနိုင်တယ်။ ဘာတွေကြောင့် ညီအစ်ကို/မတွေ သောကရောက်နေသလဲ သိအောင် မျက်စိရှင်ရှင်ထားနိုင်တယ်။ သူတို့နေရာကနေ ဝင်ခံစားပေးနိုင်တယ်။ နှစ်သိမ့်ပေးနိုင်တယ်။ မတော်တဆမှုတစ်ခုကြောင့် ညီအစ်မ ဂျိုစလင်းရဲ့ ညီမ ဆုံးသွားတယ်။ “လအတော်ကြာထိ ကျွန်မ ဖြေမဆည်နိုင်ဘူး” လို့ ပြောတယ်။ ဂျိုစလင်း သောကရောက်နေတာကို ညီအစ်ကို/မ မောင်နှံတစ်စုံ သတိထားမိပြီး အိမ်ဖိတ်တယ်။ ရင်ဖွင့်တာကို စာနာမှုရှိရှိ နားထောင်ပေးတယ်။ ဂျိုစလင်းကို ဘုရား တန်ဖိုးထားကြောင်း စိတ်ချစေတယ်။ “သူတို့ကတစ်ဆင့် ကျွန်မကို မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ကနေ ယေဟောဝါဘုရား ဆွဲယူပြီး အသက်ကယ်လှေပေါ် တင်ပေးလိုက်သလိုပဲ။ သူတို့အကူအညီဟာ ဘုရားအမှု ဆက်ဆောင်ဖို့ တွန်းအားပါပဲ” လို့ ပြောတယ်။ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေ ရင်ဖွင့်တဲ့အခါ ဂရုတစိုက် နားထောင်ပေးခြင်း၊ စာနာမှုရှိရှိ နှစ်သိမ့်စကား ပြောခြင်းအားဖြင့် ဘုရားအမှု ဆက်ဆောင်နိုင်အောင် ကူညီပေးနိုင်တယ်။—ရော. ၁၂:၁၅။
MIDANGTE LAI SIANGTHO A TELSIAM NADINGUN HUH IN
9. Jesuh’ nungzuite in bang thu tel lo uh a hiam? Jesuh in bangci huh a hiam?
၉ ယေရှုတပည့်တွေဟာ တရားစကားကို ယုံကြည်တယ်၊ အတတ်နိုင်ဆုံး လိုက်နာတယ်။ (ယော. ၁၇:၆) ဒါပေမဲ့ ရာဇဝတ်သားတစ်ယောက်လို သစ်တိုင်ပေါ် ယေရှု အသတ်ခံရတဲ့ အကြောင်းရင်းကို သဘောမပေါက်ဘူး။ ယေဟောဝါကို တပည့်တွေ မယုံလို့၊ မချစ်လို့ မဟုတ်ဘဲ ကျမ်းစာကို ပိုနားလည်ဖို့ လိုနေသေးလို့ဆိုတာ ယေရှု သိတယ်။ (လု. ၉:၄၄၊ ၄၅။ ယော. ၂၀:၉) ဒါကြောင့် ကျမ်းစာကို တပည့်တွေ ကျိုးကြောင်းဆင်ခြင်တတ်အောင် ကူညီပေးတယ်။ ဧမောက်ရွာကို သွားတဲ့ လမ်းမှာ တပည့်နှစ်ယောက်ကို ယေရှု ကိုယ်ထင်ပြချိန်အကြောင်း သုံးသပ်ကြည့်ရအောင်။
10. Jesuh in amah Messiah ahihlam a nunzuite a tel theih nadingun bangci huh a hiam? (Luka 24:18-27)
၁၀ လုကာ ၂၄:၁၈-၂၇ ကို ဖတ်ပါ။ မိမိ ဘယ်သူဘယ်ဝါဆိုတာ ယေရှု ချက်ချင်း မပြောဘဲ မေးခွန်းတွေ မေးတယ်။ ဘာကြောင့်လဲ။ တပည့်တွေ စိတ်ထဲ ရှိတဲ့အတိုင်း ထုတ်ပြောလာစေချင်လို့ ဖြစ်နိုင်တယ်။ တကယ်လည်း တပည့်တွေ ထုတ်ပြောလာတယ်။ ရောမ အဖိနှိပ်ခံဘဝကနေ အစ္စရေးလူမျိုး လွတ်မြောက်အောင် ယေရှု လုပ်ပေးမယ်လို့ မျှော်လင့်ထားကြောင်း သူတို့ ပြောကြတယ်။ သူတို့ စိတ်ထဲ ရှိတဲ့အတိုင်း ပြောတာကို ယေရှု နားထောင်ပေးတယ်။ အဲဒီနောက် ကြိုဟောချက် တော်တော်များများ ပြည့်စုံသွားတဲ့အကြောင်း ကျမ်းစာ သုံးပြီး ရှင်းပြတယ်။b အဲဒီနေ့ ညနေမှာ တခြားတပည့်တွေနဲ့ ယေရှု တွေ့ပြီး ကြိုဟောချက်တွေ ထပ်ရှင်းပြတယ်။ (လု. ၂၄:၃၃-၄၈) ဒီကနေ ဘာသင်ယူနိုင်သလဲ။
11-12. (a) Jesuh ii Lai Siangtho thuman a hilh dan pan bang sin thei i hiam? (Lim zong en in.) (b) Lai Siangtho sinpihpa in Nortey bangci huh a hiam?
၁၁ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ ကျမ်းစာသင်ပေးတဲ့အခါ ပညာသားပါပါ မေးခွန်း မေးခြင်းအားဖြင့် သင်သားရဲ့ ခံစားချက်ကို ခပ်ထုတ်ပါ။ (ပညာ. ၂၀:၅) သူတို့ ဘာခံစားနေရသလဲ သိပြီဆိုရင် သူတို့အခြေအနေနဲ့ ကိုက်တဲ့ ကျမ်းပိုဒ်တွေ ရှာနိုင်ပုံကို ပြပေးပါ။ ဘာလုပ်ပါဆိုပြီး မပြောပါနဲ့။ ကျမ်းစာကို ကျိုးကြောင်းဆင်ခြင်တတ်လာအောင်၊ ကျမ်းစာမူတွေ လက်တွေ့ကျင့်သုံးနိုင်ပုံကို မြင်လာအောင် ကူညီပေးပါ။ ဂါနာနိုင်ငံက ညီအစ်ကို နော်တေးအကြောင်း သုံးသပ်ကြည့်ပါ။
၁၂ အသက် ၁၆ နှစ်မှာ နော်တေး ကျမ်းစာ စလေ့လာတယ်။ မကြာခင်မှာပဲ မိသားစုဆန့်ကျင်မှု ကြုံရတယ်။ ကျမ်းစာ ဆက်လေ့လာဖို့ ဘာက ကူညီပေးသလဲ။ ခရစ်ယာန်စစ်တွေဟာ ညှဉ်းပန်းနှိပ်စက်မှု ကြုံရမှာ ဖြစ်ကြောင်း မဿဲ အခန်းကြီး ၁၀ ကို သုံးပြီး ကျမ်းစာသင်ပေးသူ ရှင်းပြထားတယ်။ “ဒီတော့ ဆန့်ကျင်မှုလည်း ကြုံရော ဒါ အမှန်တရားပဲဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်” လို့ နော်တေး ပြောတယ်။ ဒါ့အပြင် ကိုယ့်ယုံကြည်ချက်အကြောင်း မိသားစုကို ပြောပြတဲ့အခါ သတိရှိဖို့၊ လေးစားမှုရှိဖို့ မဿဲ ၁၀:၁၆ ကို သုံးပြီး ကျမ်းစာသင်ပေးသူ ကျိုးကြောင်းဆင်ခြင်ပြထားတယ်။ ဒီလိုနဲ့ နော်တေး နှစ်ခြင်းခံလိုက်တယ်။ နှစ်ခြင်းခံပြီးနောက် ရှေ့ဆောင်လုပ်ချင်လာတယ်။ ဒါပေမဲ့ အဖေက တက္ကသိုလ် တက်စေချင်တယ်။ ဘာလုပ်ပါဆိုပြီး ကျမ်းစာသင်ပေးသူ မပြောဘူး။ ကျမ်းစာမူတွေကို ကျိုးကြောင်းဆင်ခြင်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ မေးခွန်းတွေ မေးတယ်။ နော်တေး ဘာဆုံးဖြတ်သလဲ။ ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်တယ်။ ဒါနဲ့ နော်တေးကို အဖေဖြစ်သူ အိမ်ပေါ်က နှင်ချလိုက်တယ်။ “ကျွန်တော့်ဆုံးဖြတ်ချက် မှန်တယ်ဆိုတာ လုံးဝ ယုံတယ်” လို့ နော်တေး ပြောတယ်။ မှန်ပါတယ်၊ ကျမ်းစာကို ကျိုးကြောင်းဆင်ခြင်တတ်ဖို့ အချိန်ယူ ကူညီပေးတာဟာ အမှန်တရားမှာ အခြေခိုင်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ ကူညီပေးနေတာပါပဲ။—ဧ. ၃:၁၆-၁၉။
ကျမ်းစာကို တခြားသူတွေ ကျိုးကြောင်းဆင်ခြင်တတ်အောင် ကူညီပေးခြင်းအားဖြင့် ယေရှုကို အတုယူပါ (စာပိုဒ် ၁၁ ကို ကြည့်ပါ)e
MIHING ‘LETSONG’ A SUAH NADINGUN UNAUPATE SINSAK IN
13. Vangtung a kahkhit ciang tangko nasep a kizomsuak theih nadingin Jesuh in bang sem a hiam?
၁၃ အဖ ခိုင်းထားတဲ့ အလုပ်ကို မြေကြီးပေါ် ရှိစဉ် ယေရှု အကောင်းဆုံး လုပ်တယ်။ (ယော. ၁၇:၄) ဒါပေမဲ့ ဘာမဆို ကိုယ်လုပ်မှ ပြီးမယ်ဆိုတဲ့ သဘောထားမျိုး မရှိဘူး။ မြေကြီးပေါ် အမှုဆောင်ချိန် သုံးနှစ်ခွဲအတွင်း တခြားသူတွေကို လေ့ကျင့်ပေးတယ်။ ယေဟောဝါရဲ့ အဖိုးတန် သိုးတွေကို စောင့်ရှောက်ဖို့၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို ဦးဆောင်ဖို့ဆိုတဲ့ တာဝန်ကို ကောင်းကင်မတက်ခင် အပ်နှင်းခဲ့တယ်။ တပည့်တချို့ဆိုရင် အသက် ၂၀ ကျော်လောက်ပဲ ရှိဦးမယ်။ (ဧဖက် ၄:၈ ကို ဖတ်ပါ။) သစ္စာရှိ ဒီတပည့်တွေဟာ ယေရှုနဲ့အတူ ကြိုးကြိုးစားစား အမှုဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ လူ့အသွင်ဆုအဖြစ် တပည့်တွေ အရည်အချင်း ပြည့်မီအောင် ကောင်းကင်မတက်ခင် ရက် ၄၀ အတွင်း ယေရှု ထပ်လေ့ကျင့်ပေးတယ်။ ဘယ်လို လေ့ကျင့်ပေးသလဲ။
14. Jesuh in Leitunga a nunung ni 40 a om sungin a nungzuite bangci sinpih beh a hiam? (Lim zong en in.)
၁၄ တဲ့တိုးကျပေမဲ့ မေတ္တာပါပါ ယေရှု အကြံပေးတယ်။ ဥပမာ၊ တပည့်တချို့ သံသယဝင်နေမှန်း သိလို့ ဆုံးမတယ်။ (လု. ၂၄:၂၅-၂၇။ ယော. ၂၀:၂၇) သက်မွေးအလုပ်ထက် သိုးထိန်းအလုပ်မှာ အာရုံနှစ်ထားဖို့လည်း ပြောတယ်။ (ယော. ၂၁:၁၅) အမှုတော်မှာ တခြားသူတွေ ရတဲ့ အခွင့်ထူးတွေကို အလွန်အမင်း အာရုံမစိုက်ဖို့ သတိပေးတယ်။ (ယော. ၂၁:၂၀-၂၂) နိုင်ငံတော်နဲ့ပတ်သက်ပြီး အထင်မှားနေတာတွေကို တည့်မတ်ပေးတယ်။ ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (တ. ၁:၆-၈) ယေရှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။
ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီဖို့ ညီအစ်ကိုတွေကို လေ့ကျင့်ပေးခြင်းအားဖြင့် ယေရှုကို အတုယူပါ (စာပိုဒ် ၁၄ ကို ကြည့်ပါ)
15-16. (a) Pawlpi upate in Jesuh bangci etteh thei a hiam? (b) Thu kihilhna pan Patrick bang hamphatna na ngah a hiam?
၁၅ ယေရှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ တော်တော် ငယ်သေးတဲ့ ညီအစ်ကိုတွေကိုတောင် ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီဖို့ အကြီးအကဲတွေ လေ့ကျင့်ပေးရမယ်၊ ကူညီပေးရမယ်။c သင်ပေးစရာ အများကြီး ရှိမှန်း သဘောပေါက်ရမယ်။ ညီအစ်ကိုငယ်တွေ နှိမ့်ချမှုရှိသူ၊ ယုံကြည်အားကိုးထိုက်သူ၊ သူတစ်ပါးအကျိုး သယ်ပိုးတတ်သူ ဖြစ်လာဖို့၊ အတွေ့အကြုံ ရှိလာဖို့ မေတ္တာပါပါ အကြံပေးဆုံးမသင့်တယ်။—၁ တိ. ၃:၁။ ၂ တိ. ၂:၂။ ၁ ပေ. ၅:၅။
၁၆ အကြံပေးဆုံးမမှုကနေ ညီအစ်ကို ပက်ထရစ် အကျိုးရခဲ့တယ်။ ပက်ထရစ် ခပ်ငယ်ငယ်တုန်းက စကားပြောကြမ်းတယ်။ ညီအစ်မတွေအပေါ်တောင် မကြင်မနာ ပြုမူတတ်တယ်။ ပက်ထရစ်ရဲ့ အားနည်းချက်ကို ရင့်ကျက်တဲ့ အကြီးအကဲတစ်ယောက် သတိထားမိပြီး မေတ္တာပါပါ တဲ့တိုးကျကျ အကြံပေးဆုံးမတယ်။ “အကြီးအကဲ အကြံပေးဆုံးမခဲ့တာကို သိပ်ကျေးဇူးတင်တာပဲ။ ကိုယ်ရချင်တဲ့ အခွင့်ထူးတစ်ခုကို တခြားတစ်ယောက် ရသွားရင် ကျွန်တော် စိတ်ဓာတ်ကျတတ်တယ်။ ဒါပေမဲ့ အခွင့်ထူးတွေ ရဖို့ထက် နှိမ့်ချမှုရှိဖို့၊ ညီအစ်ကို/မတွေကို မေတ္တာထားဖို့ အာရုံစိုက်သင့်မှန်း အကြံပေးဆုံးမမှုကြောင့် သဘောပေါက်လာတယ်” လို့ ပြောတယ်။ အသက် ၂၃ နှစ်မှာ အကြီးအကဲအဖြစ် ပက်ထရစ် ခန့်အပ်ခံရတယ်။—ပညာ. ၂၇:၉။
17. Jesuh in a nungzuite a muanlam bangci lak a hiam?
၁၇ ဟောပြောခြင်းတာဝန်သာမက သွန်သင်ခြင်းတာဝန်ပါ တပည့်တွေကို ယေရှု ပေးတယ်။ တာဝန်အတွက် အရည်အချင်း မပြည့်မီဘူးလို့ တပည့်တွေ ခံစားရနိုင်တယ်။ ဒါပေမဲ့ တပည့်တွေကို ယေရှု သံသယမရှိ ယုံကြည်စိတ်ချတယ်။ ယုံကြည်စိတ်ချကြောင်း ထုတ်ပြောတယ်။ “အဖဘုရားက ကျွန်တော့်ကို ဒီလောကထဲ စေလွှတ်သလို ကျွန်တော်လည်း ခင်ဗျားတို့ကို ဒီလောကထဲ စေလွှတ်တယ်” ဆိုတဲ့ ယေရှုရဲ့ စကားက တပည့်တွေကို အပြည့်အဝ ယုံကြည်စိတ်ချကြောင်း ဖော်ပြတယ်။—ယော. ၂၀:၂၁။
18. Pawlpi upate in Jesuh bangci etteh thei a hiam?
၁၈ ယေရှုကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ အတွေ့အကြုံရှိ အကြီးအကဲတွေဟာ တာဝန်လွှဲပေးကြတယ်။ (ဖိ. ၂:၁၉-၂၂) ဥပမာ၊ အစည်းအဝေးခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ လူငယ်တွေကို ဝိုင်းကူညီခိုင်းနိုင်တယ်။ တာဝန်တစ်ခုခု ထမ်းဆောင်နိုင်ဖို့ လေ့ကျင့်ပေးခြင်း၊ စိတ်ချလက်ချ တာဝန်လွှဲပေးခြင်းအားဖြင့် ညီအစ်ကိုတွေကို ယုံကြည်စိတ်ချကြောင်း ပြနိုင်တယ်။ တာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်အောင် အတွေ့အကြုံရှိ အကြီးအကဲတွေ သေသေချာချာ လေ့ကျင့်ပေးလို့၊ စိတ်ချလက်ချ တာဝန်လွှဲပေးလို့ ကျေးဇူးတင်ကြောင်း အကြီးအကဲ ဖြစ်ခါစ ညီအစ်ကို မက်သရူး ပြောတယ်။ “ကျွန်တော် အမှားလုပ်မိတဲ့အခါ အမှားကနေ သင်ခန်းစာ ယူဖို့၊ ထပ်မမှားဖို့ ကူညီပေးလို့ သိပ်ကျေးဇူးတင်တယ်” ဆိုပြီး ပြောတယ်။d
19. Bang i khensat kholh ding kisam a hiam?
၁၉ မြေကြီးပေါ် နောက်ဆုံးရက် ၄၀ အတွင်း တခြားသူတွေကို ယေရှု အားပေးတယ်၊ သွန်သင်တယ်၊ လေ့ကျင့်တယ်။ ယေရှုရဲ့ စံနမူနာကို ထက်ကြပ်မကွာ လိုက်လျှောက်ဖို့ ဆုံးဖြတ်ထားကြရအောင်။ (၁ ပေ. ၂:၂၁) မိမိစံနမူနာကို ထက်ကြပ်မကွာ လိုက်လျှောက်နိုင်အောင် ယေရှု ကူညီပေးမယ်။ “လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ ကတိပေးထားလို့ပါပဲ။—မ. ၂၈:၂၀။
LA 15 ယေဟောဝါရဲ့ သားဦးကို ကြိုဆိုဂုဏ်ပြု
a ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တွေကို အကြိမ်ကြိမ် ကိုယ်ထင်ပြကြောင်း ခရစ်ဝင်ကျမ်းတွေနဲ့ တခြားကျမ်းစောင်တွေမှာ မှတ်တမ်းတင်ထားတယ်။ ဥပမာ၊ မာဂဒလမာရိ (ယော. ၂၀:၁၁-၁၈)၊ တခြားအမျိုးသမီးတွေ (မ. ၂၈:၈-၁၀။ လု. ၂၄:၈-၁၁)၊ တပည့်နှစ်ယောက် (လု. ၂၄:၁၃-၁၅)၊ ပေတရု (လု. ၂၄:၃၄)၊ သောမက လွဲပြီး တမန်တော်တွေ (ယော. ၂၀:၁၉-၂၄)၊ သောမအပါအဝင် တမန်တော်တွေ (ယော. ၂၀:၂၆)၊ တပည့်ခုနစ်ယောက် (ယော. ၂၁:၁၊ ၂)၊ တပည့် ၅၀၀ ကျော် (မ. ၂၈:၁၆။ ၁ ကော. ၁၅:၆)၊ ညီဖြစ်သူ ယာကုပ် (၁ ကော. ၁၅:၇)၊ တမန်တော်အားလုံး (တ. ၁:၄)၊ ဗေသနိရွာနားမှာ တမန်တော်တွေ (လု. ၂၄:၅၀-၅၂) ကို ကိုယ်ထင်ပြခဲ့တယ်။ ကျမ်းစာမှာ မှတ်တမ်းတင်မထားပေမဲ့ ယေရှု ကိုယ်ထင်ပြတဲ့ တခြားအချိန်တွေ ရှိနိုင်တယ်။—ယော. ၂၁:၂၅။
b မေရှိယ ကြိုဟောချက်စာရင်းကို jw.org မှာ တင်ထားတဲ့ “ယေရှုဟာ မေရှိယဖြစ်ကြောင်း မေရှိယနဲ့ဆိုင်တဲ့ ပရောဖက်ပြုချက်တွေက သက်သေထူပါသလား” ဆောင်းပါးမှာ ကြည့်ပါ။
c ငယ်ရွယ်တဲ့ အကြီးအကဲတချို့ဟာ အရည်အချင်း ပြည့်မီရင် အသက် ၂၅-၃၀ ဝန်းကျင်မှာတောင် တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရနိုင်တယ်။ အကြီးအကဲအဖြစ် အမှုဆောင်တဲ့ အတွေ့အကြုံတော့ ရှိထားရမယ်။
d ထပ်ဆင့် တာဝန်တွေအတွက် အရည်အချင်း ပြည့်မီဖို့ ညီအစ်ကိုငယ်တွေကို ကူညီပေးနိုင်ပုံအကြောင်း သိချင်ရင် ၂၀၁၈၊ ဩဂုတ် ကင်းမျှော်စင် စာ. ၁၁-၁၂၊ ပိုဒ်. ၁၅-၁၇ နဲ့ ၂၀၁၅၊ ဧပြီ ၁၅ ကင်းမျှော်စင် စာ. ၃-၁၄ မှာ ကြည့်ပါ။
e ပုံအညွှန်း– ကျမ်းစာကို ကျိုးကြောင်းဆင်ခြင်တတ်ဖို့ ကျမ်းစာသင်ပေးသူ ကူညီပေးပြီးနောက် ခရစ်စမတ် အဆင်အယင်တွေ လွှင့်ပစ်ဖို့ သင်သား ဆုံးဖြတ်။