Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 December laim. 2-7
  • Jesuh’ Nalamdang Bawlna Tawh Tampi A Pha Anlum

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jesuh’ Nalamdang Bawlna Tawh Tampi A Pha Anlum
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • JESUH IN NALAMDANG BAWLNA TAWH ANLUM TAMPI PHASAK
  • “ANLUM TAWH KISAI” A KHIATNA
  • A THUPI PEN I NGAIHSUT DING THU
  • Nuntak Tawntungna Bangci Ngah Thei Ding Na Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jesuh Leitungah A Nunung Ni 40 A Om Hun Sunga A Lahkhiat Etteh Ding Lim
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 December laim. 2-7

Sin Ding Thu 48

LA 97 Pasian Genkhiat Thute I Nuntakna Hi

Jesuh’ Nalamdang Bawlna Tawh Tampi A Pha Anlum

“Kei pen nuntakna an ka hi hi. Ka kiangah hong paite gilkial ngei nawn lo ding.”—JOH. 6:35.

အာရုံစိုက်​ရာ

လူ​ထောင်ချီ စားဖို့ မုန့်​ငါးလုံး​နဲ့ ငါးကလေး​နှစ်ကောင်ကို ယေရှု အံ့ဖွယ်​နည်းနဲ့ ပွားများ​စေ​တဲ့​အကြောင်း ယောဟန် အခန်းကြီး ၆ မှာ မှတ်တမ်းတင်ထားတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။

1. Tanglai hunin anlum a thupi mahmahna Lai Siangtho pan bangci theih i hiam?

ကျမ်းစာခေတ်မှာ ပေါင်မုန့်​ဟာ အဓိက အစားအစာ ဖြစ်တယ်။ (က. ၁၄:၁၈။ ၁၈:၆) ပေါင်မုန့် ဘယ်လောက် အရေးပါသလဲ​ဆိုရင် ကျမ်းစာမှာ အစားအစာ​အကြောင်း ပြောတဲ့အခါ “မုန့်” လို့​ပဲ ခြုံငုံ​ပြော​လေ့ရှိတယ်။ (၁ ဘု. ၁၇:၁၁၊ ၁၂) ယေရှု အံ့ဖွယ်​နည်းနဲ့ မုန့်​ပွားများ​စေ​တဲ့​အကြောင်း မှတ်တမ်း​နှစ်ခု​ဟာ လူသိများတယ်။ (မ. ၁၆:၉၊ ၁၀) မှတ်တမ်း​တစ်ခုကို ယောဟန် အခန်းကြီး ၆ မှာ တွေ့ရတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

2. Ba’hang mi tul tampi ading an kisam a hiam?

၂ ယေရှုရဲ့ တမန်တော်တွေ​ဟာ မြို့ရွာတွေမှာ လှည့်လည်​ဟောပြောပြီး​အပြန် ပင်ပန်း​နေကြတယ်။ ဒါကြောင့် ဂါလိလဲအိုင်​တစ်ဖက်​ကမ်း ဗက်ဇဲဒ​မြို့နားက လူသူမရှိ​တဲ့ နေရာမှာ သွား​နားဖို့ သူတို့ကို လှေနဲ့ ယေရှု ခေါ်လာတယ်။ (မာ. ၆:၇၊ ၃၀-၃၂။ လု. ၉:၁၀) ဒါပေမဲ့ အဲဒီ​နေရာကို လူ​ထောင်ချီ ရောက်လာကြတယ်။ လူအုပ်ကို ယေရှု မသိကျိုးကျွန်​ပြုသလား။ မပြုဘူး။ အချိန်ပေးပြီး ဘုရားနိုင်ငံတော်​အကြောင်း သွန်သင်ပေးတယ်၊ လူနာတွေ​ကို ကုသ​ပေးတယ်။ ဒီလိုနဲ့ ညနေစောင်း​လာတော့ လူအုပ် ဘာ​စား​မလဲ​ဆိုပြီး တမန်တော်တွေ စိတ်ပူ​သွားကြတယ်။ လူအုပ်​ထဲက တချို့​မှာ စားစရာ​နည်းနည်း ပါလာ​ပုံ​ပဲ။ အများစုကတော့ စားစရာ ပါ​မလာလို့ အနီးအနား ရွာတွေမှာ သွား​ဝယ်​ကြရမယ်။ (မ. ၁၄:၁၅။ ယော. ၆:၄၊ ၅) ယေရှု ဘာလုပ်မလဲ။

JESUH IN NALAMDANG BAWLNA TAWH ANLUM TAMPI PHASAK

3. Jesuh in sawltakte kiangah mihonpite ading bang hihsak dingin na gen a hiam? (Lim zong en in.)

၃ “သူတို့ သွားစရာ မလိုပါဘူး။ ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (မ. ၁၄:၁၆) ဒါပေမဲ့ လူအုပ်​ထဲ​မှာ ယောက်ျားချည်း​ပဲ​ဆိုရင်တောင် လူ ၅,၀၀၀ လောက် ရှိတာ။ အမျိုးသမီးတွေ၊ ကလေးတွေကို​ပါ ထည့်တွက်​ရင် လူ ၁၅,၀၀၀ လောက် ရှိမယ်။ (မ. ၁၄:၂၁) အဲဒီအချိန်မှာ​ပဲ “ဒီ​ကောင်လေး​ဆီ​မှာ မုယော​မုန့်​ငါးလုံး​နဲ့ ငါး​ကလေး​နှစ်ကောင် ရှိပါတယ်” ဆိုပြီး တမန်တော် အန္ဒြေ ပြောတယ်။ မုယော​မုန့်​ဟာ အဲဒီခေတ်မှာ လူတွေ ပုံမှန် စား​နေ​ကျ အစားအစာ​ပဲ။ ငါး​ကျတော့ ဆားသိပ်​ပြီး အခြောက်လှန်း​ထားတဲ့​ငါး ဖြစ်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် အန္ဒြေ ဆက်​ပြောသလို “လူတွေ ဒီလောက်​များ​တာ ဘယ်လိုလုပ် လောက်​မှာ​လဲ။”—ယော. ၆:၉။

တမန်တော်တွေကို မုန့်နဲ့ ငါး ယေရှု ပေးနေ။ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေ ပါတဲ့ လူအုပ်ကို တမန်တော်တွေ စားစရာ ဝေပေး​နေ။

လူတွေ​အတွက် ပကတိ​အစာ​ကော ထာဝရ​အသက် ရစေတဲ့ အစာ​ပါ ယေရှု ပေး (စာပိုဒ် ၃ ကို ကြည့်ပါ)


4. Johan 6:11-13 sunga thupiang pan bang sin thei i hiam? (Lim zong en in.)

၄ လူအုပ်ကို ယေရှု ကျွေးမွေး​ချင်တယ်။ ဒါကြောင့် မြက်ခင်း​ပေါ် အစုလိုက် ထိုင်​ခိုင်း​လိုက်တယ်။ (မာ. ၆:၃၉၊ ၄၀။ ယောဟန် ၆:၁၁-၁၃ ကို ဖတ်ပါ။) မုန့်နဲ့ ငါး​အတွက် အဖ​ဘုရားကို ယေရှု ကျေးဇူးတင်​ချီးမွမ်းတယ်။ အစားအစာ ပေးသနား​ရှင်​ဟာ ဘုရားသခင် ဖြစ်လို့ ဒီလို​ကျေးဇူးတင်​ချီးမွမ်း​တာ တကယ် သင့်တော်တယ်။ ကျွန်တော်တို့လည်း တစ်ယောက်တည်း ရှိတဲ့​အချိန်​ဖြစ်ဖြစ်၊ တခြားသူတွေ ရှိတဲ့​အချိန်​ဖြစ်ဖြစ် အစာမစားခင် ဆုတောင်းခြင်းအားဖြင့် ယေရှုကို အတု​ယူရမယ်။ ယေရှု ကျေးဇူးတင်​ချီးမွမ်းပြီး​နောက် တမန်တော်တွေကို မုန့်နဲ့ ငါး လိုက်​ဝေ​ခိုင်းတယ်။ လူတွေ အဝ​စား​ရတဲ့​အပြင် ပို​တောင်​ပိုနေသေးတယ်။ စားကြွင်း​စားကျန်​တွေ​ကို အလေအလွင့် မဖြစ်စေချင်လို့ တမန်တော်တွေကို ယေရှု လိုက်​ကောက်​ခိုင်းတယ်။ နောက်မှ စားဖို့ ဖြစ်မယ်။ မဖြုန်းတီး​ဖို့ ယေရှု သင်ပေး​လိုက်တာပါပဲ။ သင်ဟာ မိဘ​ဆိုရင် ဒီ​မှတ်တမ်း သုံးပြီး သားသမီးတွေကို ဘာ​သင်ပေးနိုင်သလဲ။ အစာမစားခင် ဆုတောင်းဖို့၊ တခြားသူတွေကို ဧည့်ဝတ်ပြုဖို့၊ ရက်ရော​ဖို့ သင်ပေးနိုင်တယ်။

ရုပ်ပုံ– ညီအစ်ကို/မတွေ အစာမစားခင် ဆုတောင်းနေ။ ၁။ ကျောင်း​ထမင်းစားခန်း​ထဲ အတန်းဖော်တွေ ဘေးမှာ စကားပြော​နေတုန်း ညီအစ်မငယ်​တစ်ယောက် ဆုတောင်းနေ။ ၂။ ဆောက်လုပ်ရေး လုပ်ငန်းခွင်​ထဲ နေ့လယ်​စာ စားချိန် အလုပ်ဖော်​တွေ​ကြားမှာ ညီအစ်ကို​တစ်ယောက် ဆုတောင်းနေ။ ၃။ ထမင်းစား​ပွဲ​မှာ ဇနီး၊ သမီးနဲ့​အတူ အိမ်ထောင်ဦးစီး​တစ်ယောက် ဆုတောင်းနေ။

‘ယေရှုလိုပဲ အစာမစားခင် ငါ ဆုတောင်း​သလား’ လို့ ဆန်းစစ်ပါ (စာပိုဒ် ၄ ကို ကြည့်ပါ)


5. Tua ni-a Jesuh’ thu hilhna le nalamdang a bawlnate mite’n a muh uh ciang bang hih nuam uh hiam? Jesuh in koi bangin thukkik a hiam?

၅ ယေရှု သွန်သင်ပေးတာ၊ အံ့ဖွယ်အမှုတွေ လုပ်တာကို မြင်တော့ လူတွေ သိပ်​အံ့ဩ​သွားကြတယ်။ ထူးခြားတဲ့ ပရောဖက်​တစ်ယောက်ကို ဘုရားသခင် ပေါ်ထွန်း​စေမယ်​လို့ မောရှေ ပြော​ထားတာ သူတို့ သိကြတယ်။ ဒါကြောင့် ‘မောရှေ ပြောတဲ့ ပရောဖက်ဟာ ယေရှု​များလား’ လို့ တွေးမိ​သွားနိုင်တယ်။ (တရား. ၁၈:၁၅-၁၈) ယေရှုဟာ အစ္စရေး​တစ်ပြည်လုံး​ကို အစားအစာ ဖူလုံ​စေနိုင်​တဲ့ အုပ်စိုးရှင်ကောင်း ဖြစ်မယ်လို့ တွေးမိ​ကြ​ပုံ​ရတယ်။ ဒါနဲ့ ယေရှုကို “အတင်းအကျပ် ဘုရင်” မြှောက်​ဖို့ လုပ်ကြတယ်။ (ယော. ၆:၁၄၊ ၁၅) ယေရှု​သာ လူအုပ်​ဆန္ဒ လိုက်လျော​လိုက်ရင် ရောမ​လက်အောက်မှာ ရှိတဲ့ ဂျူးတွေ​ဘက် ရပ်တည်​ရာ​ကျ​သွားမှာ။ ယေရှု ဘာလုပ်သလဲ။ “တောင်ပေါ်​ကို တစ်ကိုယ်တည်း ရှောင်ထွက်​သွား” တယ်။ လူတွေ ဝိုင်း​ဖိအားပေး​ပေမဲ့ နိုင်ငံရေး​မှာ ယေရှု မပါဘူး။ ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။

6. Jesuh koi bangin etteh thei i hiam? (Lim zong en in.)

၆ အံ့ဖွယ်​နည်းနဲ့ မုန့်​ပွားများ​စေဖို့၊ အနာ​ရောဂါ ကုသ​ပေးဖို့ ကျွန်တော်တို့ကို လူတွေ တောင်းဆို​မှာ မဟုတ်သလို ဘုရင်​မြှောက်​မှာ​လည်း မဟုတ်ဘူး။ ဒါပေမဲ့ အုပ်စိုးရှင်ကောင်း ဖြစ်မယ်လို့ သူတို့ ယူဆ​သူကို မဲပေး​ဖို့၊ ထောက်ခံဖို့ တိုက်တွန်း​လာနိုင်တယ်။ ယေရှုရဲ့ စံနမူနာကို သတိရပါ။ နိုင်ငံရေး​မှာ ယေရှု မပါဘူး။ “ကျွန်တော့်​နိုင်ငံဟာ ဒီ​လောကနဲ့ မပတ်သက်ဘူး” လို့​တောင် နောက်ပိုင်းမှာ ပြောတယ်။ (ယော. ၁၇:၁၄။ ၁၈:၃၆) ယေရှုရဲ့ အတွေးအခေါ်၊ လုပ်ရပ်ကို ဒီနေ့ခေတ် ခရစ်ယာန်စစ်​တွေ အတုယူကြတယ်။ ယေရှုလိုပဲ ဘုရားနိုင်ငံတော်ကို ထောက်ခံကြတယ်။ ဘုရားနိုင်ငံတော်​အကြောင်း သက်သေခံ​ကြတယ်။ ဘုရားနိုင်ငံတော် ရောက်လာဖို့ ဆုတောင်းကြတယ်။ (မ. ၆:၁၀) ယေရှု အံ့ဖွယ်​နည်းနဲ့ မုန့်​ပွားများ​စေ​တဲ့​အကြောင်း မှတ်တမ်းကနေ သင်ယူစရာတွေ ရှိသေးတယ်။

ရောမ​စစ်သား​နှစ်ယောက် စောင့်ကြပ်​ထားတဲ့ ယေရှုကို ပုန္တိပိလတ် မေးမြန်း​နေ။

နိုင်ငံရေး​မှာ မ​ပါဝင်ခြင်းအားဖြင့် နောက်လိုက်တွေ​အတွက် ယေရှု စံနမူနာ​ပြ (စာပိုဒ် ၆ ကို ကြည့်ပါ)


“ANLUM TAWH KISAI” A KHIATNA

7. Jesuh bang hih a hiam? Sawltakte in bangci thukkik uh a hiam? (Johan 6:16-20)

၇ လူအုပ်ကို ကျွေး​မွေးပြီးနောက် တောင်ပေါ်​ကို ယေရှု တစ်ယောက်တည်း တက်သွားတယ်။ တမန်တော်တွေကို​တော့ အိုင်​တစ်ဖက်​ကမ်း​က ကပေရနောင်​မြို့ကို လှေနဲ့ ကူး​နှင့်​ခိုင်းတယ်။ ဒီလိုနဲ့ မိမိကို ဘုရင်​မြှောက်​ဖို့ လုပ်နေတဲ့ လူအုပ်ကို ရှောင်​လိုက်တယ်။ (ယောဟန် ၆:၁၆-၂၀ ကို ဖတ်ပါ။) တမန်တော်တွေ လှေနဲ့ ကူး​နေတုန်း လေပြင်း​တိုက်​လို့ လှိုင်း​လေထန်​လာတယ်။ အဲဒီအချိန်မှာ ယေရှု ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာတယ်။ တမန်တော် ပေတရု​ကိုလည်း ရေပေါ် လမ်းလျှောက်​ဖို့ ပြောတယ်။ (မ. ၁၄:၂၂-၃၁) အဲဒီနောက် ယေရှု လှေပေါ် ရောက်တာနဲ့ လေ​ငြိမ်သွားတယ်။ တမန်တော်တွေ အံ့အားသင့်​သွားပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ သား​ပါ” လို့ ပြောကြတယ်။a (မ. ၁၄:၃၃) ဒါပေမဲ့ စိတ်ဝင်စားစရာ​က ယေရှု အံ့ဖွယ်​နည်းနဲ့ မုန့်​ပွားများ​စေ​ပြီးနောက်မှာ မဟုတ်ဘဲ ရေပေါ် လမ်းလျှောက်ပြီး​နောက်မှာ သူတို့ ဒီလို​ပြောကြ​တာ။ “[သူတို့] အံ့အားသင့်​သွားတယ်။ မုန့်​ကျွေးတဲ့ အံ့ဖွယ်အမှု​ရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်​သေး​ဘူး။ နားမလည်သေး​ဘူး” လို့ မာကု ပြောတယ်။ (မာ. ၆:၅၀-၅၂) မုန့်​ပွားများ​စေနိုင်​တဲ့ တန်ခိုး​လောက်​ပဲ ယေရှုကို ယေဟောဝါ​ဘုရား ပေးထားတာ မဟုတ်မှန်း သူတို့ သဘောမပေါက်​ကြ​ဘူး။ ဒါပေမဲ့ ဒီ​အဖြစ်အပျက်​ပြီးနောက် သိပ်မကြာခင်မှာပဲ မုန့်​ပွားများ​စေ​တဲ့ အံ့ဖွယ်အမှု​အကြောင်း ယေရှု​ကိုယ်တိုင် အစ​ပြန်​ဖော်​ပြီး သင်ခန်းစာ​နောက်တစ်ခု ပေးတယ်။

8-9. Ba’hang mihonpite in Jesuh zong uh a hiam? (Johan 6:26, 27)

၈ မုန့်​ဝေ​ပေးခဲ့တဲ့ နေရာကို နောက်တစ်နေ့ လူအုပ် ရောက်လာ​ပေမဲ့ ယေရှုနဲ့ တမန်တော်တွေ မရှိတော့ဘူး။ ဒါနဲ့ အဲဒီ​နေရာ​နား ဆိုက်​လာတဲ့ တိဗေရိ​မြို့က လှေ​တွေ စီးပြီး ယေရှုကို ရှာဖို့ ကပေရနောင်​မြို့ဆီ ထွက်လာကြတယ်။ (ယော. ၆:၂၂-၂၄) ဘုရားနိုင်ငံတော်​အကြောင်း ထပ်​သင်ယူချင်​လို့ မဟုတ်ဘဲ စား​ချင်လို့ ယေရှုကို ရှာ​ကြ​တာ။ ဘာကြောင့် အဲဒီလို​ပြောနိုင်သလဲ။

၉ ကပေရနောင်​မြို့နားမှာ ယေရှုကို လူအုပ် တွေ့သွားတယ်။ ဝမ်း​တစ်ထွာ ပြည့်​ဖို့ မိမိကို ရှာ​နေကြတာ​လို့ ယေရှု ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ ယေရှု လုပ်ပေးတဲ့ မုန့်​ကို သူတို့ “အဝ​စား” ခဲ့​ရလို့ ဆန္ဒ​ပြည့်​သွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါ “ပျက်စီးတတ်တဲ့ အစာ” ဖြစ်တယ်လို့ ယေရှု ပြောတယ်။ ဒါကြောင့် “ထာဝရ​အသက် ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ” လို့ တိုက်တွန်းတယ်။ (ယောဟန် ၆:၂၆၊ ၂၇ ကို ဖတ်ပါ။) ထာဝရ​အသက် ရစေတဲ့ အစာ ရှိတယ်ဆိုတာ ကြားလိုက်​ရတော့ လူအုပ် အံ့ဩ​သွားမှာပဲ။ ဘယ်လို​အစာ​မျိုး​မို့လို့ ထာဝရ​အသက် ရစေနိုင်​တာ​လဲ။ အဲဒီ​အစာ ဘယ်လို ရနိုင်မလဲ။

10. “Nuntak tawngtung ngah nading” bangci gamta ding i hiam?

၁၀ ထာဝရ​အသက် ရစေတဲ့ အစာ ရဖို့ တစ်ခုခု လုပ်ရမယ်လို့ လူအုပ် တွေးမိ​တာ ထင်ရှားတယ်။ မောရှေ​ပညတ်မှာ တောင်းဆို​ထားတာ​တွေ လုပ်ရမယ်လို့ တွေးမိ​ပုံ​ပဲ။ ဒါပေမဲ့ “ဘုရားသခင် စေလွှတ်တဲ့​သူကို ယုံကြည်​သက်ဝင်​တာ​ဟာ ဘုရားသခင် နှစ်သက်တဲ့ လုပ်ရပ်​ပဲ” လို့ ယေရှု ပြောတယ်။ (ယော. ၆:၂၈၊ ၂၉) “ထာဝရ​အသက် ရနိုင်ဖို့” ဆိုရင် ဘုရားသခင် စေလွှတ်တဲ့​သူကို ယုံကြည်​သက်ဝင်ရမယ်။ ဒီအကြောင်း အရင်ကလည်း ယေရှု ပြောဖူးတယ်။ (ယော. ၃:၁၆-၁၈၊ ၃၆) ထာဝရ​အသက် ဘယ်လို ရနိုင်​ကြောင်း နောက်ပိုင်းမှာ​လည်း ပြောသေးတယ်။—ယော. ၁၇:၃။

11. Mite’n a kine thei anlum thu bek ngaihsun ahihlam uh koicih theih i hiam? (Late 78:24, 25)

၁၁ ယေရှုကို လူအုပ် မယုံကြည်​ဘူး။ “ကျွန်တော်တို့ မြင်ပြီး ဆရာ့​ကို ယုံကြည်​လာအောင် ဘယ်​အံ့ဖွယ်အမှုကို ပြမှာ​လဲ” လို့​တောင် မေး​ကြသေးတယ်။ (ယော. ၆:၃၀) မောရှေ​ခေတ်​တုန်းက​ဆိုရင် ဘိုးဘေး​တွေ မန္နမုန့် စား​ရတယ်​ဆိုပြီး ပြောကြတယ်။ (နေ. ၉:၁၅။ ယော. ၆:၃၁။ ဆာလံ ၇၈:၂၄၊ ၂၅ ကို ဖတ်ပါ။) ပကတိ​မုန့်​အကြောင်း​ပဲ သူတို့ တွေးနေတာ ထင်ရှားတယ်။ မန္နမုန့်နဲ့ မတူဘဲ ထာဝရ​အသက် ရစေတဲ့ “ကောင်းကင်​က စစ်မှန်တဲ့ မုန့်” အကြောင်း ယေရှု ဆက်​ပြောချိန်မှာ ဆိုလိုရင်း​ကို မေး​တောင် မ​မေး​ကြ​ဘူး။ (ယော. ၆:၃၂) ထာဝရအသက်နဲ့​ပတ်သက်ပြီး ယေရှု သွန်သင်ပေး​ချင်​တာကို အာရုံမစိုက်နိုင်တဲ့အထိ ပကတိ​မုန့်​ကို​ပဲ အာရုံစိုက်​နေကြတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။

A THUPI PEN I NGAIHSUT DING THU

12. Jesuh in a thupi pen i ngaihsut ding bang thu gen a hiam?

၁၂ ယောဟန် အခန်းကြီး ၆ ကနေ ရတဲ့ အရေးကြီး သင်ခန်းစာ​က ဘာလဲ။ ဘုရားကို နာခံဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကျွန်တော်တို့ အဓိက အာရုံစိုက်သင့်​တယ်။ စာတန် လာ​သွေးဆောင်ချိန်​မှာ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်​ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်​စကား မှန်သမျှနဲ့ အသက်ရှင်​ရမယ်” ဆိုပြီး ယေရှု ပြောတယ်။ ဘုရားကို နာခံတာ အစားအစာ​ထက် ပိုအရေးကြီးတယ်လို့ ပြော​လိုက်တာပါပဲ။ (မ. ၄:၃၊ ၄) ဒါ့အပြင် ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အရေးကြီးတယ်လို့ တောင်ပေါ် တရားတော်​မှာ ပြောတယ်။ (မ. ၅:၃) ဒါကြောင့် ‘ငါ့​ဘဝမှာ လိုအင်ဆန္ဒ​တွေ ပြည့်ဝ​ဖို့​ထက် ဘုရားကို နာခံဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ပို​အာရုံစိုက်​နေရဲ့​လား’ လို့ ဆန်းစစ်​သင့်​တယ်။

13. (a) An nek tui dawn nopna pen ba’hang khial lo a hiam? (b) Bang thu hilhkholhna pen mitsuan kul i hiam? (1 Korin 10:6, 7, 11)

၁၃ လိုအင်ဆန္ဒ​တွေ ပြည့်ဝ​ဖို့ ဆုတောင်းတာ၊ လိုအင်ဆန္ဒ​တွေ ပြည့်ဝ​တဲ့အခါ ပျော်တာ မမှားပါဘူး။ (လု. ၁၁:၃) “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်​တာ​တွေ​ကြောင့် ပျော်ရွှင်​ရတာထက် ကောင်းတာ ဘာမှ မရှိဘူး။ ဒါဟာ စစ်မှန်တဲ့ ဘုရားသခင် ပေးသနား​တဲ့​အရာ​ပဲ” လို့ ကျမ်းစာ ဆိုတယ်။ (ဒေ. ၂:၂၄။ ၈:၁၅။ ယာ. ၁:၁၇) ဒါပေမဲ့ အစားအစာ၊ ပစ္စည်းဥစ္စာတွေ​ကို ဘဝမှာ သူ့နေရာနဲ့သူ ထားရမယ်။ ဂျေရုဆလင်​မြို့နဲ့ ဗိမာန်တော် ဖျက်ဆီး​ခံရ​ခါ​နီး​မှာ အသက်ရှင်ခဲ့​တဲ့ ခရစ်ယာန်တွေ​ဆီ တမန်တော် ပေါလု စာရေးတုန်းက ဒီအချက်ကို အလေးပေး​ဖော်ပြတယ်။ တောကန္တာရမှာ အစ္စရေးလူမျိုး ဘာ​အမှားတွေ လုပ်ခဲ့​ကြောင်း ပြောတယ်။ ဆိုင်းနိုင်း​တောင်​နား​မှာ လုပ်ခဲ့တဲ့ လုပ်ရပ်​အကြောင်းလည်း ပါတယ်။ ‘အကျိုးပျက်စေတဲ့အရာ​တွေ​ကို သူတို့ တပ်မက်​သလို မတပ်မက်​ဖို့’ ခရစ်ယာန်တွေကို ပေါလု သတိပေးတယ်။ (၁ ကောရိန္သု ၁၀:၆၊ ၇၊ ၁၁ ကို ဖတ်ပါ။) ယေဟောဝါ အံ့ဖွယ်​နည်းနဲ့ ပြင်ဆင်ပေးတဲ့ အစားအစာ​တောင် “အကျိုးပျက်စေတဲ့အရာ” ဖြစ်သွား​ခဲ့​တာ​ဟာ အစ္စရေးတွေ အစားအစာ အငမ်းမရ ဖြစ်​လွန်းလို့​ပဲ။ (တော. ၁၁:၄-၆၊ ၃၁-၃၄) ရွှေ​နွားရုပ်​ရှေ့မှာ ပွဲ​လုပ်တုန်း​ကလည်း သူတို့ စားသောက်ပြီး မြူးထူး​ပျော်ပါး​ခဲ့ကြတယ်။ (ထွ. ၃၂:၄-၆) အေဒီ ၇၀၊ ဂျူး​စနစ် အဆုံးမတိုင်ခင် အသက်ရှင်ခဲ့​တဲ့ ခရစ်ယာန်တွေ​အတွက် သတိပေး​ပုံနမူနာ​အဖြစ် ဒီအကြောင်းတွေကို ပေါလု ပြောခဲ့တာ။ ကျွန်တော်တို့လည်း လောကစနစ်​အဆုံးမှာ အသက်ရှင်နေ​ရလို့ ပေါလုရဲ့ သတိပေးချက်ကို အာရုံစိုက်သင့်​တယ်။

14. Nekledawn tawh kisai-in leitung thak ah bang lamen thei i hiam?

၁၄ “ဒီနေ့​အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ” လို့ ဆုတောင်းဖို့ ယေရှု သင်ပေး​တုန်းက ကောင်းကင်မှာ​ကော ကမ္ဘာမြေမှာ​ပါ အလိုတော် ပြည်​စုံ​လာမယ့်​အချိန်နဲ့ ဆက်စပ်​ဖော်ပြခဲ့တာ​ကို သတိပြုပါ။ (မ. ၆:၉-၁၁) အလိုတော် ကမ္ဘာမြေမှာ ပြည့်စုံ​လာမယ့်​အချိန်ကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာမြေ​အတွက် ဘုရား​အလိုတော်​မှာ စားကောင်း​သောက်​ဖွယ် ပေါကြွယ်ဝ​ဖို့ ပါတယ်။ ဘုရားနိုင်ငံတော်မှာ အရသာရှိတဲ့ အစားအသောက် အလျှံပယ် ရှိမယ်လို့ ဟေရှာယ ၂၅:၆-၈ မှာ ဖော်ပြထားတယ်။ ဆာလံ ၇၂:၁၆ အရ “ကောက်နှံ​တွေ​ဟာ မြေပေါ်​မှာ တောင်ပုံရာပုံ ရှိနေ​လိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်​နေ​လိမ့်မယ်။” ဘာ​မုန့်​တွေ လုပ်မယ်၊ ဘယ်လို​ဟင်းလျာ​အသစ်တွေ စမ်းချက်​မယ်​ဆိုပြီး စဉ်းစားကြည့်ပါ။ ကိုယ်​စိုက်​တဲ့ စပျစ်ခြံ​က စပျစ်သီး​တွေ စားပြီး စပျစ်ဝိုင် သောက်​နေတယ်လို့ မြင်ယောင်ကြည့်ပါ။ (ဟေရှာ. ၆၅:၂၁၊ ၂၂) ဒီ​ကောင်းချီးတွေကို လူတိုင်း ခံစားကြရ​မှာ။

15. A sisa hong thokik mite in bang sinkha ding uh a hiam? (Johan 6:35)

၁၅ ယောဟန် ၆:၃၅ ကို ဖတ်ပါ။ ကမ္ဘာသစ်​မှာ အစားအသောက် ပေါကြွယ်ဝ​မယ်။ ဒါပေမဲ့ စားရ​သောက်ရတာထက် ပျော်ရွှင်စေ​မယ့်​အရာ ရှိတယ်။ ယေရှု အံ့ဖွယ်​နည်းနဲ့ ပွားများ​စေ​တဲ့ မုန့်နဲ့ ငါး​ကို စားသုံးသူ​တွေ​အကြောင်း စဉ်းစားကြည့်ပါ။ အဲဒီတုန်းက ယေရှုကို သူတို့ ယုံကြည်​သက်ဝင်​ကြောင်း မပြ​ခဲ့​ရင်တောင် ရှင်ပြန်ထမြောက်လာတဲ့​အထဲ ပါနိုင်တယ်။ သူတို့ ရှင်ပြန်ထမြောက်လာတဲ့အခါ သူတို့ထဲက တချို့နဲ့ ကျွန်တော်တို့ တွေ့ဆုံ​ရနိုင်တယ်။ (ယော. ၅:၂၈၊ ၂၉) “ကျွန်တော်ဟာ အသက်မုန့်​ပဲ။ ကျွန်တော့်​ဆီ လာတဲ့သူ​ဟာ ဘယ်တော့မှ ဆာလောင်​မှာ မဟုတ်ဘူး” ဆိုတဲ့ ယေရှု​စကား​ရဲ့ အဓိပ္ပာယ်ကို အဲဒီအချိန်​ရောက်ရင်တော့ သူတို့ သင်ယူ​ကြရမယ်။ မိမိတို့အတွက် ရွေးဖိုး​ပူဇော်သက္ကာ​အဖြစ် ယေရှု အသက်ပေးခဲ့တယ်​ဆိုတာ ယုံကြည်​သက်ဝင်​ကြရမယ်။ ရှင်ပြန်ထမြောက်လာသူတွေ၊ ကမ္ဘာသစ်​မှာ မွေးလာမယ့်​ကလေးတွေ​အတွက် အဲဒီအချိန်မှာ ကျမ်းစာ​ပညာပေး အစီအစဉ် ရှိမယ်။ အဲဒီ​အစီအစဉ်မှာ သင် ပါဝင်ပြီး သူတို့ကို ကျမ်းစာ​အမှန်တရား သင်ပေးတဲ့အခါ စားရ​သောက်ရတာထက် ပို​ပျော်ရွှင်​မယ်။

16. A zom thulu-ah bang thu kikum ding i hiam?

၁၆ ယောဟန် အခန်းကြီး ၆ မှာ ပါတဲ့ မှတ်တမ်း​တစ်စိတ်တစ်ပိုင်း​ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီ။ ဒါပေမဲ့ “ထာဝရ​အသက်” နဲ့ပတ်သက်ပြီး ယေရှု ထပ်​သွန်သင်ပေး​သေးတယ်။ ယေရှု သွန်သင်ပေးတာ​ကို ဂျူးတွေ အာရုံစိုက်ဖို့ လို​ခဲ့​သလို ကျွန်တော်တို့လည်း အာရုံစိုက်ဖို့ လိုတယ်။ ယောဟန် အခန်းကြီး ၆ ကို နောက်ဆောင်းပါးမှာ ဆက်​ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • Mihonpi tungah anlum le ngasa a hop ma-a Jesuh’ sepkhiatna pan bang sin thei i hiam?

  • Mihonpi in kumpi-in amah a koih sawm lai-a Jesuh a thukkik dan pan bang sin thei i hiam?

  • 1 Korin 10:6, 7, 11-a Paul ii thu hilhkholhna pan bang sin thei i hiam?

LA 20 အချစ်ဆုံးသားကို ပေးခဲ့

a ဒီ​မှတ်တမ်း​နဲ့ပတ်သက်ပြီး ထပ်ဆင့် သိချင်ရင် ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက် စာအုပ် စာ. ၁၃၁ နဲ့ သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ စာအုပ် စာ. ၁၈၅ ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ