Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 December laim. 8-13
  • Nuntak Tawntungna Bangci Ngah Thei Ding Na Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Nuntak Tawntungna Bangci Ngah Thei Ding Na Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • “NUNTAKNA AN” LE “SA”
  • THUPIANG NIH’ A KILAMDANNATE
  • NANG ZONG NA KIHEL DAN
  • Jesuh’ Nalamdang Bawlna Tawh Tampi A Pha Anlum
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jesuh Leitungah A Nunung Ni 40 A Om Hun Sunga A Lahkhiat Etteh Ding Lim
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah Min—Jesuh Ading Thupi
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 December laim. 8-13

Sin Ding Thu 49

LA 147 Tawntung Nuntak Kamciamna

Nuntak Tawntungna Bangci Ngah Thei Ding Na Hiam?

Tapa mu-in a um mi khempeuh in nuntak tawntungna ngah ding hi.’—JOH. 6:40.

အာရုံစိုက်​ရာ

ယေရှုခရစ်ရဲ့ ပူဇော်သက္ကာကြောင့် ဘိသိက်ခံတွေ၊ တခြား​သိုးတွေ ဘာအကျိုးရသလဲ။

1. A tawntunga kinungta ding, cih tawh kisai mi pawl khat in koi bangin ngaihsun uh a hiam?

လူ​တော်တော်​များများ သက်​ရှည်​ကျန်းမာ​ချင်လို့ အစားအသောက် ဂရုစိုက်​ကြတယ်၊ လေ့ကျင့်ခန်း ပုံမှန် လုပ်ကြတယ်။ ဒါပေမဲ့ အစားအသောက် ဘယ်လောက် ဂရုစိုက်​စိုက်၊ လေ့ကျင့်ခန်း ဘယ်လောက် လုပ်​လုပ် ဇရာ​နဲ့ သေခြင်းတရားကို မလွန်ဆန်​နိုင်​မှန်း သိထားကြတယ်။ ဇရာ​နဲ့​အတူ ဒုက္ခတွေ တွဲ​ပါလာ​တတ်​လို့ ထာဝစဉ် အသက်မရှင်​ချင်ဘူး၊ ထာဝစဉ် အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး​လို့ တွေးကြတယ်။ ဒါပေမဲ့ ယောဟန် ၃:၁၆ နဲ့ ၅:၂၄ မှာ ယေရှု ပြောသလို​ပဲ လူတွေ “ထာဝရ​အသက်” ရနိုင်တယ်။

2. Johan a lian 6-ah nuntak tawntungna thu koi bangin na gelh a hiam? (Johan 6:39, 40)

၂ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း လူ​ထောင်ချီ စားဖို့ မုန့်နဲ့ ငါး​ကို ယေရှု ပွားများ​စေ​တယ်။ (ယော. ၆:၅-၃၅) အံ့ဩစရာ​ပါပဲ။ ဒါပေမဲ့ နောက်တစ်ရက်​မှာ ဂါလိလဲအိုင်​နား ကပေရနောင်​မြို့​အထိ မိမိကို လိုက်ရှာ​သူတွေကို ယေရှု ပြောလိုက်တဲ့ စကားက ပို​အံ့ဩ​ဖို့​ကောင်းတယ်။ လူတွေ ရှင်ပြန်ထမြောက်လာ​နိုင်တယ်၊ ထာဝစဉ် အသက်ရှင်​နိုင်တယ်လို့ ပြောလိုက်တာ​ပါ။ (ယောဟန် ၆:၃၉၊ ၄၀ ကို ဖတ်ပါ။) သေဆုံးသွားတဲ့ သင့်​မိတ်ဆွေတွေ၊ မိသားစုဝင်တွေ​အတွက် ဘာအဓိပ္ပာယ် ရှိတယ်ဆိုတာ စဉ်းစားကြည့်ပါ။ သေဆုံးသွား​သူ​များစွာ ရှင်ပြန်ထမြောက်လာ​နိုင်တယ်၊ ချစ်ခင်​ရသူတွေ​နဲ့​အတူ သင် ထာဝစဉ် အသက်ရှင်နိုင်တယ်ဆိုတာ ယေရှုရဲ့ စကားက ဖော်ပြနေတယ်။ ဒါပေမဲ့ နောက်ထပ် အခန်းငယ်​တွေ​မှာ ယေရှု ဆက်ပြောတဲ့ စကားကို လူအုပ်​ထဲက တော်တော်​များများ နားမလည်ကြဘူး။ ဒီနေ့ခေတ်မှာလည်း နားမလည်​သူ တော်တော်​များများ ရှိတယ်။ ယေရှု ဘာများ ပြောလိုက်လို့​လဲ။

3. Johan 6:51-ah Jesuh’n bang gen a hiam?

၃ ယေရှု အံ့ဖွယ်​နည်းနဲ့ မုန့်​ပွားများ​စေ​တာကို တောကန္တာရမှာ ဘိုးဘေး​တွေ​အတွက် ယေဟောဝါ မန္နမုန့် ချ​ပေးတာနဲ့ လူအုပ် ဆက်စပ်​စဉ်းစားမိတယ်။ မန္န​ကို “ကောင်းကင်က မုန့်” လို့ ကျမ်းစာမှာ ခေါ်ထားတာ​ကိုး။ (ဆာ. ၁၀၅:၄၀။ ယော. ၆:၃၁) ဒါနဲ့ မန္နမုန့်​အကြောင်း အခြေခံပြီး ယေရှု ဆက်​သွန်သင်တယ်။ မိမိဟာ မန္နမုန့်နဲ့ ဘယ်လို ကွာသလဲ​ဆိုတာ ရှင်းပြတယ်။ မန္နမုန့်​ဟာ ယေဟောဝါ အံ့ဖွယ်​နည်းနဲ့ ပြင်ဆင်ပေးတဲ့​မုန့် ဖြစ်ပေမဲ့ စားတဲ့​သူတွေကို ထာဝရ​အသက် မရ​စေ​ဘူး။ (ယော. ၆:၄၉) ဒါပေမဲ့ မိမိဟာ “ကောင်းကင်​က စစ်မှန်တဲ့ မုန့်၊” ‘ဘုရားသခင် ပေးတဲ့ မုန့်၊’ “အသက်​မုန့်” ဖြစ်တယ်လို့ ယေရှု ပြောတယ်။ (ယော. ၆:၃၂၊ ၃၃၊ ၃၅) “ကျွန်တော်ဟာ ကောင်းကင်​က လာတဲ့ သက်ရှိမုန့်​ပဲ။ ဒီမုန့်​ကို စားတဲ့​သူ​တိုင်း ထာဝစဉ် အသက်ရှင်​လိမ့်မယ်” လို့ ဆက်ပြောတယ်။ (ယောဟန် ၆:၅၁ ကို ဖတ်ပါ။) မိမိဟာ ကောင်းကင်​က လာတဲ့ “မုန့်” ဖြစ်တယ်၊ တောကန္တာရမှာ ဘိုးဘေး​တွေ​အတွက် ဘုရားသခင် ချပေးတဲ့ မန္နမုန့်​ထက် သာတယ်လို့ ယေရှု ဘာကြောင့် ပြောသလဲ​ဆိုပြီး လူအုပ် စိတ်ရှုပ်​သွားတယ်။ “ကျွန်တော် ပေးမယ့် မုန့်​ဟာ ကျွန်တော့်​အသား​ပဲ” ဆိုတဲ့ ယေရှု​စကား​မှာ သဲလွန်စ ပါတယ်။ ဘာအဓိပ္ပာယ်လဲ။ ကျွန်တော်တို့​ကိုယ်တိုင်​နဲ့ ချစ်ခင်​ရသူတွေ ထာဝစဉ် အသက်ရှင်ရေး​နဲ့ ဆိုင်​လို့ ယေရှု​စကား​ရဲ့ အဓိပ္ပာယ်ကို စိတ်ဝင်စားသင့်တယ်။

“NUNTAKNA AN” LE “SA”

4. Jesuh’ thugen a zak uh ciang mi pawlkhat bang hang patau dipkua uh a hiam?

၄ “ဒီ​လောက​မှာ ရှိတဲ့ လူတွေ အသက်​ရနိုင်ဖို့ ကျွန်တော် ပေးမယ့် မုန့်​ဟာ ကျွန်တော့်​အသား​ပဲ” လို့ ယေရှု ပြောလိုက်တော့ လူအုပ်​ထဲက တချို့ လန့်သွားတယ်။ သူ့​အသား စား​ခိုင်းတယ်​လို့ ထင်​သွားတာများလား။ (ယော. ၆:၅၂) “လူသား​ရဲ့ အသားကို မစား​ဘူး၊ လူသား​ရဲ့ သွေးကို မသောက်​ဘူး​ဆိုရင် ခင်ဗျားတို့ အသက်​ရမှာ မဟုတ်ဘူး” လို့ ယေရှု ဆက်​ပြောတော့ ပို​လန့်​သွားကြတယ်။—ယော. ၆:၅၃။

5. Jesuh in mihonpi tungah a si dawn dingin a gen lohlam bangci theithei i hiam?

၅ သွေး​မစားဖို့ နောဧ​ခေတ်မှာ ဘုရားသခင် မိန့်မှာခဲ့တယ်။ (က. ၉:၃၊ ၄) အစ္စရေးတွေ​ကို ပေးတဲ့ ပညတ်မှာလည်း သွေး​မစားဖို့ ပါတယ်။ သွေးစား​သူ ဘယ်သူ့ကိုမဆို “ပယ်ရှင်း​ရမယ်။” (ဝတ်. ၇:၂၇) ယေရှုဟာ မောရှေ​ပညတ် လိုက်နာတယ်။ (မ. ၅:၁၇-၁၉) ဒါကြောင့် လူအုပ်ကို မိမိရဲ့ အသား​စား​ခိုင်း​တာ၊ မိမိရဲ့ သွေး​သောက်​ခိုင်း​တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တကယ်တော့ “ထာဝရ​အသက်” ရနိုင်ပုံ​ကို သင်ပေးချင်​လို့ စိတ်ဝင်စားအောင် ပြောလိုက်တာ​ပါ။—ယော. ၆:၅၄။

6. Johan 6:53-a Jesuh’ kammal in gentehna limin kizang ahihlam bangci theithei i hiam?

၆ ယောဟန် ၆:၅၃ မှာ ပါတဲ့ ယေရှု​စကားဟာ တင်စား​ပြော​ထားတာ​ပါ။ ရှမာရိ​အမျိုးသမီးနဲ့ စကားပြော​တုန်းက​လည်း ဒီလို​တင်စား​ပြောခဲ့တယ်– “ကျွန်တော် ပေးတဲ့ ရေ​ကို သောက်​တဲ့​သူကတော့ ဘယ်တော့မှ ရေငတ်​မှာ မဟုတ်ဘူး။ သူ့​အထဲမှာ အဲဒီ​ရေဟာ ထာဝရ​အသက် ရစေမယ့် စိမ့်ထွက်နေ​တဲ့ စမ်းရေ​လို ဖြစ်လိမ့်မယ်။” (ယော. ၄:၇၊ ၁၄)a ရေ​သောက်​ရုံနဲ့ ထာဝရ​အသက် ရမယ်ဆိုပြီး ရှမာရိ​အမျိုးသမီးကို ယေရှု ပြောနေတာ မဟုတ်ဘူး။ အဲဒီလိုပဲ မိမိရဲ့ အသား​စားရင်၊ မိမိရဲ့ သွေး​သောက်​ရင် ထာဝရ​အသက် ရမယ်ဆိုပြီး လူအုပ်ကို ယေရှု ပြောနေတာ မဟုတ်ဘူး။

THUPIANG NIH’ A KILAMDANNATE

7. Johan 6:53-a Jesuh’ kammal tawh kisai-in mi pawlkhat in bang gen uh a hiam?

၇ သခင့်​ညစာ​စားပွဲ​မှာ ယေရှု ပြောတဲ့ စကားဟာ ယောဟန် ၆:၅၃ မှာ ပါတဲ့ စကားနဲ့ ဆင်တူတယ်။ ဒါကြောင့် သခင့်​ညစာ​စားပွဲ​မှာ ဘာတွေ လုပ်ရမယ်ဆိုတာ​ကို ယောဟန် ၆:၅၃ က ဖော်ပြနေ​တာ​လို့ လူ​တချို့ ထင်ကြတယ်။ (မ. ၂၆:၂၆-၂၈) သခင့်​ညစာ​စားပွဲ​မှာ မုန့်နဲ့ ဝိုင် လက်ဆင့်ကမ်း​တဲ့အခါ တက်ရောက်သူ​တိုင်း သုံး​ဆောင်သင့်တယ်​လို့ ပြောကြတယ်။ တကယ် ဟုတ်​သလား။ ဟုတ်မဟုတ် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိဖို့ အရေးကြီးတယ်။ နှစ်စဉ် သခင့်​ညစာ​စားပွဲ​ကို ကျွန်တော်တို့ ကျင်းပတဲ့​အခါ ကမ္ဘာတစ်ဝန်းက လူ​သန်းချီ လာ​တက်ကြ​လို့​ပါ။ ယောဟန် ၆:၅၃ မှာ ပါတဲ့ ယေရှု​စကားနဲ့ သခင့်​ညစာ​စားပွဲ​မှာ ပြောတဲ့ စကား​ရဲ့ ကွာခြားချက်ကို သုံးသပ်ကြည့်​ရအောင်။

8. Thupiang nih’ a kilamdanna pawlkhat in bang a hiam? (Lim zong en in.)

၈ ဖြစ်ရပ်​နှစ်ခု​ရဲ့ ကွာခြားချက်​နှစ်ချက်ကို သုံးသပ်ကြည့်ပါ။ ပထမ၊ ယောဟန် ၆:၅၃ မှာ ပါတဲ့ စကားတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ ယေရှု ပြောသလဲ။ အေဒီ ၃၂၊ ဂါလိလဲ​နယ်မှာ​ပါ။ ဒါဟာ ဂျေရုဆလင်​မြို့မှာ သခင့်​ညစာ​စားပွဲ မကျင်းပခင် တစ်နှစ်လောက်​အ​လို ဖြစ်တယ်။ ဒုတိယ၊ ဘယ်သူတွေကို ဦးတည်ပြီး ယောဟန် ၆:၅၃ မှာ ပါတဲ့ စကားတွေ ယေရှု ပြောသလဲ။ ဘုရားနိုင်ငံတော်​အကြောင်း သင်ယူဖို့​ထက် အစာစား​ရဖို့ အာရုံစိုက်​နေသူတွေကို​ပါ။ (ယော. ၆:၂၆) အစာစား​ရဖို့​ပဲ အာရုံစိုက်​နေလို့လည်း နားလည်ဖို့ ခက်တဲ့ အကြောင်းအရာ​တစ်ခု ယေရှု ပြောလိုက်တာနဲ့ သူတို့ ယုံကြည်ခြင်း ပျောက်​သွားကြတယ်။ တပည့်​တချို့ဆိုရင် ယေရှုနောက် ဆက်​မလိုက်ကြတော့ဘူး။ (ယော. ၆:၁၄၊ ၃၆၊ ၄၂၊ ၆၀၊ ၆၄၊ ၆၆) ဒီ​ဖြစ်ရပ်​ဟာ တစ်နှစ်လောက်​အ​ကြာ အေဒီ ၃၃ မှာ ကျင်းပတဲ့ သခင့်​ညစာ​စားပွဲ​နဲ့ ဘယ်လို ကွာသလဲ။ သခင့်​ညစာ​စားပွဲ​မှာ ယေရှုနဲ့​အတူ ရှိနေတဲ့ တမန်တော် ၁၁ ယောက်​ဟာ ဂါလိလဲ​နယ်​က လူအုပ်​လို မဟုတ်ဘူး။ ယေရှု ပြောသမျှ အပြည့်အဝ သဘောမပေါက်​ပေမဲ့ သစ္စာ​ရှိကြတယ်။ ယေရှုဟာ ကောင်းကင်​က လာတဲ့ ဘုရား​သားတော်​ဆိုတာ ယုံကြည်​ကြတယ်။ (မ. ၁၆:၁၆) ဒါကြောင့်​လည်း “ခင်ဗျားတို့က ကျွန်တော် စမ်းသပ်မှု ကြုံရချိန်​တွေ​မှာ ကျွန်တော့်ကို မ​စွန့်ခွာ​ကြ​ဘူး” လို့ ယေရှု ပြောတာ။ (လု. ၂၂:၂၈) ဒီကွာခြားချက်​နှစ်ချက်​နဲ့တင် ယောဟန် ၆:၅၃ မှာ ပါတဲ့ ယေရှု​စကားဟာ သခင့်​ညစာ​စားပွဲ​နဲ့ မသက်ဆိုင်​မှန်း သိနိုင်တယ်။ နောက်ထပ် ကွာခြားချက်​တွေ ရှိသေးတယ်။

ရုပ်ပုံ– ၁။ လူအုပ်ကို ယေရှု စကားပြော​နေ။ ယေရှု​စကားကြောင့် တချို့ လန့်​သွားပြီး တချို့ တီးတိုး​ပြော​နေ။ ၂။ သစ္စာရှိ တမန်တော်တွေနဲ့​အတူ သခင့်​ညစာ​စားပွဲ​ကို ယေရှု ကျင်းပ​နေ။

ဂါလိလဲ​နယ်​က ဂျူး​လူအုပ်ကို ယေရှု စကားပြော​နေတာ ယောဟန် အခန်းကြီး ၆ မှာ ဖော်ပြထား (ဘယ်)။ တစ်နှစ်လောက်​အ​ကြာ ဂျေရုဆလင်​မြို့မှာ သစ္စာရှိ တမန်တော် ၁၁ ယောက်​ကို ယေရှု စကားပြော​နေ (ညာ) (စာပိုဒ် ၈ ကို ကြည့်ပါ)


NANG ZONG NA KIHEL DAN

9. Topa Nitak Nekkhopna-a Jesuh’ thugen pen kuate tungah a gennopna a hiam?

၉ သခင့်​ညစာ​စားပွဲ​မှာ တမန်တော်တွေကို ယေရှု တဆေးမဲ့​မုန့် ဝေပေးတယ်။ ဒါဟာ မိမိ​ကိုယ်ခန္ဓာကို ကိုယ်စားပြုတယ်​လို့ ပြောတယ်။ အဲဒီနောက် ဝိုင် ဝေပေးတယ်။ ဒါဟာ “ပဋိညာဉ်​နဲ့​ဆိုင်တဲ့ သွေး” ကို ကိုယ်စားပြုတယ်​လို့ ပြောတယ်။ (မာ. ၁၄:၂၂-၂၅။ လု. ၂၂:၂၀။ ၁ ကော. ၁၁:၂၄) အဲဒီပဋိညာဉ်ကို ပဋိညာဉ်သစ်​လို့ ယေရှု ခေါ်ထားတယ်။ ပဋိညာဉ်သစ်​ဟာ “[ပုံဆောင်] အစ္စရေး​အမျိုး၊” တစ်နည်းအားဖြင့် “ဘုရားသခင့်​နိုင်ငံတော်” မှာ ယေရှုနဲ့​အတူ အုပ်ချုပ်မယ့်​သူ​တွေ​နဲ့ ယေဟောဝါ ဖွဲ့​ထားတာ ဖြစ်တယ်။ လူတိုင်း​နဲ့ ဖွဲ့​ထားတာ မဟုတ်ဘူး။ (ဟီ. ၈:၆၊ ၁၀။ ၉:၁၅) ပဋိညာဉ်သစ်​အကြောင်း ယေရှု ပြော​တုန်းက တမန်တော်တွေ လုံးစေ့ပတ်စေ့ သဘောမပေါက်​ပေမဲ့ မကြာခင်​မှာ​ပဲ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေး​ခံကြရတယ်။ ယေရှုနဲ့​အတူ ကောင်းကင်မှာ နေရာ​ရဖို့ ပဋိညာဉ်သစ်​အဝင် ဖြစ်လာကြတယ်။—ယော. ၁၄:၂၊ ၃။

10. Topa Nitak Nekkhopna-a Jesuh’ thugen le Johan 6:53-a a thugen, a kilamdanna bang a hiam? (Lim zong en in.)

၁၀ သခင့်​ညစာ​စားပွဲ​မှာ ယေရှု ပြောတဲ့ စကားဟာ “သိုးစုငယ်” နဲ့ သက်ဆိုင်တယ်။ အဲဒီ​အုပ်စုမှာ ဦးဆုံး ပါဝင်သူတွေက​တော့ သခင့်​ညစာ​စားပွဲ​မှာ ယေရှုနဲ့​အတူ ရှိနေတဲ့ သစ္စာရှိ တမန်တော်တွေ ဖြစ်တယ်။ (လု. ၁၂:၃၂) တမန်တော်တွေ၊ နောက်ပိုင်းမှာ သိုးစုငယ်​အဝင် ဖြစ်လာမယ့်​သူ​တွေ​ပဲ သခင့်​ညစာ​စားပွဲ အထိမ်းအမှတ်တွေ ဖြစ်တဲ့ မုန့်နဲ့ ဝိုင်ကို သုံးဆောင်သင့်တယ်။ သူတို့ဟာ ယေရှုနဲ့​အတူ ကောင်းကင်မှာ နေရာ​ရမယ့်​သူ​တွေ ဖြစ်တယ်။ ဒါဟာ သခင့်​ညစာ​စားပွဲ​မှာ ယေရှု ပြောတဲ့ စကားနဲ့ ယောဟန် ၆:၅၃ မှာ ပါတဲ့ စကား​ရဲ့ ကွာခြားချက် နောက်တစ်ချက် ဖြစ်တယ်။ သခင့်​ညစာ​စားပွဲ​မှာ တမန်တော်တွေကို ယေရှု ပြောတဲ့ စကားဟာ လူနည်းစု​နဲ့​ပဲ သက်ဆိုင်တယ်။ ဂါလိလဲ​နယ်မှာ ပြောတဲ့ ယောဟန် ၆:၅၃ ပါ စကားကတော့ မရေတွက်နိုင်အောင် များတဲ့ လူတွေနဲ့ သက်ဆိုင်တယ်။

သခင့်​ညစာ​စားပွဲ​မှာ ညီအစ်ကို​တစ်ယောက် မုန့် သုံးဆောင်​နေ။

သခင့်​ညစာ​စားပွဲ​မှာ လူနည်းစုပဲ မုန့်နဲ့ ဝိုင် သုံးဆောင်။ ဒါပေမဲ့ ယေရှုကို ယုံကြည်သက်ဝင်သူတိုင်း ထာဝရ​အသက် ရနိုင် (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Galilee gama Jesuh’ thugen in mi tawmno bek’ ngah ding thupha thu ahihlohlam koicih theih i hiam?

၁၁ အေဒီ ၃၂၊ ဂါလိလဲ​နယ်မှာ လူအုပ်​ထဲက အများစုဟာ မုန့်​စား​ရဖို့​ပဲ အာရုံရောက်နေကြတယ်။ ဒါနဲ့ ပကတိ​မုန့်​ထက် ပိုအရေးကြီးတဲ့၊ ထာဝရ​အသက် ရစေနိုင်​တဲ့ မုန့်​အကြောင်း သူတို့ကို ယေရှု ပြောပြတယ်။ သေဆုံးသွား​သူ​တွေ နောက်ဆုံးသော​နေ့မှာ ရှင်ပြန်ထမြောက်လာ​နိုင်တယ်၊ ထာဝစဉ် အသက်ရှင်​နိုင်တယ်လို့ ပြောတယ်။ ဒါ လူတိုင်း ရနိုင်တဲ့ ကောင်းချီး ဖြစ်တယ်။ နောက်ပိုင်း၊ သခင့်​ညစာ​စားပွဲ​မှာ ပြောတဲ့ လူနည်းစုပဲ ရမယ့် ကောင်းချီး မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ “ဒီမုန့်​ကို စားတဲ့​သူ​တိုင်း ထာဝစဉ် အသက်ရှင်​လိမ့်မယ်။ ဒီ​လောက​မှာ ရှိတဲ့ လူတွေ အသက်​ရနိုင်ဖို့ ကျွန်တော် ပေးမယ့် မုန့်​ဟာ ကျွန်တော့်​အသား​ပဲ” လို့ ပြော​လို့​ပါပဲ။—ယော. ၆:၅၁။

12. Jesuh’ gen thupha ngah nadingin bang kisam a hiam?

၁၂ ကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့သူ​တိုင်း၊ မွေးလာမယ့်​သူ​တိုင်း ဒီ​ကောင်းချီး ရမယ်လို့တော့ ယေရှု မပြောဘူး။ “ဒီမုန့်​ကို စားတဲ့​သူ၊” တစ်နည်းအားဖြင့် ယေရှုကို ယုံကြည်​သက်ဝင်​သူပဲ ဒီ​ကောင်းချီး ရမှာ။ “[ယေရှု]ကို ယုံကြည်” ရင်၊ ကယ်တင်ရှင်​အဖြစ် လက်ခံရင် ကယ်တင်ခြင်း ရပြီ​လို့ အမည်ခံ ခရစ်ယာန် တော်တော်​များများ ထင်ကြတယ်။ (ယော. ၆:၂၉၊ ယုဒဿန်​ကျမ်း) ဒါပေမဲ့ ယေရှုကို ယုံကြည်​ရုံနဲ့ မလုံလောက်ဘူး။ ဂါလိလဲ​နယ်​က လူအုပ်​ထဲက တချို့ဆိုရင်လည်း အစပိုင်းမှာ ယေရှုကို ယုံကြည်​ကြတယ်။ ဒါပေမဲ့ နောက်တော့ ယေရှုနောက် ဆက်​မလိုက်ကြတော့ဘူး။ ဘာကြောင့်လဲ။

13. Jesuh’ nungzui taktak i suah nop leh bang i hih ding kisam a hiam?

၁၃ လူအုပ်​ထဲက အများစုဟာ အစာစား​ရလို့​သာ ယေရှုနောက် လိုက်​ကြ​တာ။ အံ့ဖွယ်​နည်းနဲ့ ကုသ​ခံ​ချင်ကြ​တယ်၊ အစာစား​ချင်ကြ​တယ်၊ သူတို့​အကြိုက်နဲ့ ကိုက်တဲ့ သွန်သင်ချက်တွေ​လောက်ကို​ပဲ နားထောင်ချင်​ကြတယ်။ ဒါပေမဲ့ ယေရှု မြေကြီးပေါ်​လာတာ လူတွေရဲ့ လိုအင်ဆန္ဒ ဖြည့်ဆည်းပေးဖို့​သက်သက် မဟုတ်ဘူး။ မိမိရဲ့ နောက်လိုက်စစ် ဖြစ်ချင်ရင် ဘာ​လုပ်ရမယ်ဆိုတာ သွန်သင်ပေးဖို့ ရောက်လာတာ။ နောက်လိုက်စစ် ဖြစ်ချင်ရင် ယေရှု​ဆီ “လာ” ရမယ်။ ဆိုလိုတာက ယေရှု သွန်သင်သမျှ​ကို လက်ခံပြီး လိုက်နာရမယ်။—ယော. ၅:၄၀။ ၆:၄၄။

14. Nuntak tawngtungna i ngah nop leh bang i hih ding kisam a hiam?

၁၄ မိမိရဲ့ အသား​နဲ့ သွေးကို ပူဇော်သက္ကာ​အဖြစ် ပေးဆက်ခြင်းအားဖြင့် လူတွေ ထာဝစဉ် အသက်ရှင်​နိုင်အောင် လုပ်ပေးမယ်လို့ ယေရှု ပြောတယ်။ ဒီအချက်ကို လူအုပ် ယုံကြည်​သက်ဝင်​ဖို့ လို​သလို ကျွန်တော်တို့လည်း ယုံကြည်​သက်ဝင်​ဖို့ လိုတယ်။ (ယော. ၆:၄၀) ထာဝရ​အသက် ရချင်ရင် ယေရှုရဲ့ ရွေးဖိုး​ကို ယုံကြည်​သက်ဝင်ရမယ်​ဆိုတာ ယောဟန် ၆:၅၃ က ဖော်ပြတယ်။ ထာဝရ​အသက်ဟာ မရေတွက်နိုင်အောင် များတဲ့ လူတွေ ရမယ့် ကောင်းချီးပါပဲ။—ဧ. ၁:၇။

15-16. Johan a lian 6 pan bangteng sinkha i hiam?

၁၅ ကိုယ်တိုင်နဲ့ ချစ်ခင်​ရသူတွေ​အတွက် သိပ်​အဖိုးတန်​တဲ့ သင်ခန်းစာတွေကို ယောဟန် အခန်းကြီး ၆ ကနေ သင်ယူခဲ့​ကြ​ရပြီ။ လူတွေကို ယေရှု ဘယ်လောက် ဂရုစိုက်သလဲ​ဆိုတာ သိရတယ်။ လူနာတွေ​ကို ယေရှု ကုသ​ပေးတယ်၊ ဘုရားနိုင်ငံတော်​အကြောင်း ဟောပြောတယ်၊ ကျွေးမွေး​ဖို့ လိုတဲ့အခါ ကျွေးမွေးတယ်။ (လု. ၉:၁၁။ ယော. ၆:၂၊ ၁၁၊ ၁၂) အဓိကကတော့ မိမိဟာ “အသက်​မုန့်” ဖြစ်တယ်ဆိုတာ သွန်သင်ပေးတယ်။—ယော. ၆:၃၅၊ ၄၈။

၁၆ နှစ်စဉ် သခင့်​ညစာ​စားပွဲ​မှာ “တခြား​သိုးတွေ” ဟာ မုန့်နဲ့ ဝိုင် မသုံးဆောင်​ကြ​ဘူး။ သုံး​လည်း မသုံးဆောင်​သင့်​ဘူး။ (ယော. ၁၀:၁၆) “အသက်​မုန့်” ကိုတော့ သုံးဆောင်ကြတယ်။ ယေရှုရဲ့ ပူဇော်သက္ကာ​နဲ့ ပူဇော်သက္ကာကြောင့် ရလာမယ့် ကောင်းချီးတွေကို ယုံကြည်​သက်ဝင်​ခြင်း​အားဖြင့်​ပါ။ (ယော. ၆:၅၃) ပဋိညာဉ်သစ်​မှာ ပါဝင်သူတွေ၊ နိုင်ငံတော်မှာ အုပ်ချုပ်​ဖို့ မျှော်လင့်ချက် ရှိသူတွေကတော့ မုန့်နဲ့ ဝိုင် သုံးဆောင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ယောဟန် အခန်းကြီး ၆ မှာ ပါတဲ့ မှတ်တမ်းမှာ ဘိသိက်ခံတွေအတွက်​ကော တခြားသိုးတွေ​အတွက်ပါ အရေးကြီး သင်ခန်းစာ ရှိတယ်။ ထာဝရ​အသက် ရချင်ရင် ရွေးဖိုး​ကို ယုံကြည်​သက်ဝင်ရမယ်​ဆိုတဲ့ သင်ခန်းစာပါပဲ။

NANGH BANGCI DAWNG DING?

  • Nuntak tawngtungna i ngah nop leh bang i hih ding kisam a hiam?

  • Johan 6:53-a Jesuh’ thugen le Topa Nitak Nekkhopna-a a thugen, bang kilamdang a hiam?

  • Topa Nitak Nekkhopna-ah tuu dangte in anlum ne-in leenggah zu a dawn loh uh hang, Johan a lian 6-ah a gen mah bangin bang lametna nei uh hiam?

LA 150 ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ

a ယေရှု ပြောတဲ့ ရေ​ဆိုတာ ထာဝရ​အသက် ရဖို့ ယေဟောဝါ ပြင်ဆင်ပေးသမျှကို ဆိုလိုတယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ