Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 June laim. 14-19
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • EITE IN BEINA A TUN DING HUN THEI LO
  • JEHOVAH’ HONG HUH DAN DING EITE IN THEI LO
  • MAILAM AH A PIANG DING THU EITE IN THEI LO
  • JEHOVAH IN I THU HONG THEIH ZAH EITE IN KITHEI KHINZO LO
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pasian’ Nasepna-ah Nuam I Sak Theih Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 June laim. 14-19

SIN DING THU 26

LA 123 ဘုရား​အစီအစဉ်ကို လက်အောက်ခံခြင်း

I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In

“Pasian vanglian mahmah a, eite’ theih zawh hi lo hi.”—JOB 37:23.

အာရုံစိုက်​ရာ

ကိုယ်​မသိတာတွေ ရှိတယ်​ဆိုတာ ကျိုးနွံမှု​ရှိရှိ အသိအမှတ်​ပြုရင်၊ သိထားတာတွေကို အာရုံစိုက်​ရင်၊ ယေဟောဝါကို ယုံကြည်​ကိုးစားရင် အခက်အခဲတွေ ခံရပ်နိုင်မယ်။

1. Jehovah in bang hih theihnate hong pia a hiam? Ba’hang hiam?

ကျွန်တော်တို့ကို တွေးခေါ်​နိုင်စွမ်း၊ လေ့လာ​သင်ယူ​နိုင်စွမ်း၊ နားလည်​သဘောပေါက်​နိုင်စွမ်း၊ လက်တွေ့​အသုံးချ​နိုင်စွမ်း ယေဟောဝါ​ဘုရား ထည့်သွင်း​ဖန်ဆင်း​ထားတယ်။ ဘာကြောင့်လဲ။ “ဘုရား​နဲ့​ပတ်သက်တဲ့ အသိပညာ” ရစေချင်လို့၊ စဉ်းစား​ဆင်ခြင်​နိုင်စွမ်း သုံးပြီး အမှုဆောင်​စေချင်​လို့​ပါပဲ။—ပညာ. ၂:၁-၅။ ရော. ၁၂:၁။

2. (a) Eite in bang ciangtanna nei i hiam? (Job 37:23, 24) (Lim zong en in.) (b) I theih lohte om ahihlam kinuaikoihna lungsim tawh sang lehang, bang hamphatna ngah ding i hiam?

၂ လေ့လာ​သင်ယူ​နိုင်စွမ်း ရှိပေမဲ့ ကျွန်တော်တို့ သိနိုင်​တာ အကန့်​အသတ် ရှိတယ်။ (ယောဘ ၃၇:၂၃၊ ၂၄ ကို ဖတ်ပါ။) ယောဘ​အကြောင်း စဉ်းစား​ကြည့်ပါ။ ယေဟောဝါ မေးခွန်း တသီ​တတန်းကြီး မေးလိုက်တော့​မှ​ပဲ ကိုယ်​မသိတာတွေ အများကြီး ရှိ​မှန်း ယောဘ သဘောပေါက်​သွား​တယ်။ စိတ်​နှိမ့်ချ​သွား​တယ်။ အတွေး​အခေါ် ပြောင်းလဲ​သွား​တယ်။ (ယောဘ ၄၂:၃-၆) ကျွန်တော်တို့လည်း မသိတာတွေ ရှိတယ်​ဆိုတာ ကျိုးနွံမှု​ရှိရှိ အသိအမှတ်​ပြုရင် အကျိုး​ရမယ်။ ဘာအကျိုး​လဲ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် တကယ် သိဖို့ လိုတာတွေ​ကို ယေဟောဝါ အသိပေး​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​လာမယ်။—ပညာ. ၂:၆။

[စာမျက်နှာ ၁၅ မှာ ပါတဲ့ ရုပ်ပုံ]

ကိုယ်​မသိတာ​တွေ ရှိတယ်​ဆိုတာ ယောဘလို အသိအမှတ်ပြု​တာ အကျိုးရှိ (စာပိုဒ် ၂ ကို ကြည့်ပါ)


3. Hih sin ding thu ah bang thu kikum ding i hiam?

၃ ကျွန်တော်တို့ ဘာတွေ မသိ​သလဲ။ မသိတဲ့​အတွက် ဘာ​ဖြစ်လာ​နိုင်သလဲ။ မသိတာ ဘာ​အကျိုး​ရှိသလဲ။ ဒီ​မေးခွန်းတွေ​ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီမေးခွန်းတွေ​ရဲ့ အဖြေ​က ကျွန်တော်တို့ တကယ် သိဖို့ လိုတာတွေ​ကို “အသိပညာနဲ့ ပြီးပြည့်စုံတဲ့​အရှင်” ယေဟောဝါ အသိပေး​မယ်​ဆိုတာ ပို​ယုံကြည်​စိတ်ချ​လာ​စေမယ်။—ယောဘ ၃၇:၁၆။

EITE IN BEINA A TUN DING HUN THEI LO

4. Matthai 24:36-a a gen mah bangin, i theih loh thu khat in bang a hiam?

၄ မဿဲ ၂၄:၃၆ ကို ဖတ်ပါ။ ဒီလောက​စနစ် အဆုံး​တိုင်မယ့်​အချိန် ကျွန်တော်တို့ မသိဘူး။ ယေရှု​တောင် မြေကြီးပေါ် ရှိစဉ်​တုန်းက “အဲဒီ​နေ့၊ အဲဒီ​အချိန်” ကို မသိဘူး။a ယေဟောဝါဟာ အချိန်ကာလ သတ်မှတ်​ရှင် ဖြစ်တယ်​လို့ နောက်ပိုင်းမှာ တမန်တော်တွေကို ယေရှု ပြောတယ်။ (တ. ၁:၆၊ ၇) အဆုံး​ရောက်မယ့်​အချိန်ကို ယေဟောဝါ သတ်မှတ်​ပြီးပြီ။ ဒါပေမဲ့ အဲဒီ​အချိန် အတိအကျ​ကို ကျွန်တော်တို့ သိခွင့်​မရှိဘူး။

5. Beina a tun ding hun thei lo ihih manin koicih om kha thei i hiam?

၅ ယေရှု​စကား​အရ အဆုံး​ရောက်ဖို့ ဘယ်လောက် စောင့်​ရ​ဦး​မလဲ ကျွန်တော်တို့ မသိဘူး။ ယေဟောဝါရဲ့ နေ့ကို စောင့်မျှော်နေ​တာ နှစ်​များစွာ ကြာပြီ ဖြစ်လို့ စိတ်မရှည်​ဖြစ်လာနိုင်တယ်၊ စိတ်ဓာတ်​ကျလာနိုင်တယ်။ ဒါမှ​မဟုတ် အဆုံး​ရောက်​မလာ​သေးလို့​ဆိုပြီး မိသားစုဝင်တွေ၊ တခြားသူတွေ ကဲ့ရဲ့​လှောင်ပြောင်​တဲ့​အခါ ခံရ​ခက်နိုင်တယ်။ (၂ ပေ. ၃:၃၊ ၄) အဆုံး​ရောက်​မယ့်​နေ့ အတိအကျ​ကို​သာ သိရင် စိတ်ရှည်ဖို့၊ ကဲ့ရဲ့​လှောင်ပြောင်မှု​တွေ​ကို ခံရပ်ဖို့ ပိုလွယ်မှာ​လို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။

6. Beina a tun ding hun i theih lohna in bang hamphatna om a hiam?

၆ အဆုံး​ရောက်​မယ့်​နေ့ အတိအကျ​ကို မသိတာ ဘာအကျိုး​ရှိသလဲ။ ယေဟောဝါကို ချစ်လို့၊ ယုံကြည်လို့ ဝတ်ပြုတယ်​ဆိုတာ သက်သေ​ပြခွင့်​ရတယ်။ သတ်မှတ်ထားတဲ့ နေ့​တစ်နေ့ ရောက်ရင်​ပဲ ယေဟောဝါကို ယုံကြည်ဖို့ မလို​တော့​တဲ့​ပုံစံနဲ့ ကျွန်တော်တို့ ဝတ်ပြု​ကြ​တာ မဟုတ်ဘူး။ “ယေဟောဝါရဲ့​နေ့” ဘယ်တော့ ရောက်မယ်​ဆိုတာ အဓိက အာရုံမစိုက်ဘဲ အဲဒီ​နေ့ ရောက်လာ​ရင် ဘာကောင်းကျိုး​တွေ ရမယ်​ဆိုတာ အာရုံစိုက်​ကြတယ်။ ဘုရားတရား ဆက်​ကိုင်းရှိုင်း​ကြတယ်။ ယေဟောဝါ နှစ်သက်မယ့်​အရာတွေ အစွမ်းကုန် ဆက်လုပ်ကြတယ်။—၂ ပေ. ၃:၁၁၊ ၁၂။

7. Eite in bangteng thei khin i hiam?

၇ သိထားတာတွေကို အာရုံစိုက်ဖို့ သိပ်အရေးကြီးတယ်။ ကျွန်တော်တို့ ဘာ​သိထားသလဲ။ ၁၉၁၄ ခုနှစ်မှာ နောက်ဆုံး​ကာလ စတင်တယ်​ဆိုတာ သိထားတယ်။ နောက်ဆုံး​ကာလ စတင်မယ့်​နှစ်ကို ညွှန်ပြ​တဲ့ ကြိုဟောချက်တွေ​အပြင် နောက်ဆုံး​ကာလ​မှာ ဖြစ်လာမယ့် ကမ္ဘာ့​အခြေအနေ အသေးစိတ်ကို ကျမ်းစာမှာ ယေဟောဝါ ဖော်ပြထားတယ်။ ဒါကြောင့် ကြိုဟောချက်​တွေ ပြည့်စုံ​လာတာ​နဲ့​အမျှ “ယေဟောဝါရဲ့​နေ့ကြီး နီးနေပြီ” ဆိုတာ ကျွန်တော်တို့ စိတ်ချလာကြတယ်။ (ဇေ. ၁:၁၄) နောက်ထပ်​ကော ဘာ​သိထားသလဲ။ လူများနိုင်​သမျှ များများ​ကို “နိုင်ငံတော် သတင်းကောင်း” ဟောပြောဖို့ ယေဟောဝါ အလို​ရှိတယ်​ဆိုတာ သိထားတယ်။ (မ. ၂၄:၁၄) ဒါကြောင့် နိုင်ငံ​ဒေသ ၂၄၀ လောက်​မှာ ဘာသာစကား ၁,၀၀၀ ကျော်​နဲ့ ကျွန်တော်တို့ သတင်းကောင်း ဟောပြောနေကြတယ်။ ထက်ထက်​သန်သန် ဟောပြောဖို့ အဆုံး​ရောက်​မယ့်​နေ့နဲ့ အချိန်ကို သိ​စရာ မလိုပါဘူး။

JEHOVAH’ HONG HUH DAN DING EITE IN THEI LO

8. “Na khempeuh a bawl Pasian’ nasepna na thei zo ngei kei ding hi,” cih in bang a cih nopna a hiam? (Thuhilhna 11:5)

၈ မိမိ​အလိုတော် ပြည့်စုံဖို့ ယေဟောဝါ ဖြစ်စေတဲ့​အရာတွေ ဒါမှ​မဟုတ် ဖြစ်ခွင့်​ပြုတဲ့​အရာတွေ ရှိတယ်။ ဒါပေမဲ့ “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို မသိနိုင်ဘူး” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေသနာ ၁၁:၅ ကို ဖတ်ပါ။) ဘာကို ဆိုလို​သလဲ။ စဉ်းစားကြည့်ပါ– မိခင်​ဝမ်းထဲမှာ သန္ဓေသား ဘယ်လို ကြီးထွား​လာ​သလဲ​ဆိုတာ ဒီနေ့ခေတ် သိပ္ပံပညာရှင်တွေ​တောင် အပြည့်အဝ မသိနိုင်ဘူး။ အဲဒီလိုပဲ တချို့​အရာတွေကို ယေဟောဝါ ဘာကြောင့် ဖြစ်​ခွင့်ပြုတယ်၊ ကျွန်တော်တို့ကို ဘယ်လို ထောက်မမယ်​ဆိုတာ အမြဲ အတိ​အကျ မသိနိုင်ဘူး။—ဆာ. ၃၇:၅။

9. Jehovah’ hong huh dan ding thei lo ihih manin koicih om kha thei i hiam?

၉ ယေဟောဝါ ဘယ်လို ထောက်မမယ်​ဆိုတာ မသိတဲ့​အတွက် ဘာဖြစ်နိုင်သလဲ။ ဆုံးဖြတ်ချက်​တချို့ ချဖို့ အခက်​တွေ့နိုင်တယ်။ စွန့်လွှတ်​စရာ ရှိတာ စွန့်လွှတ်ပြီး အမှုဆောင်​လုပ်ငန်း တိုးချဲ့ဖို့၊ ဟောပြောသူ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ဖို့ တွေဝေ​မိ​နိုင်တယ်။ ဒါမှ​မဟုတ် ဘုရား​ရေးရာ ပန်းတိုင်တွေ မပြည့်မီတဲ့​အခါ၊ အမှုဆောင်မှာ ကြိုးစား​ပမ်းစား ပါဝင်​ပေမဲ့ ရလဒ်ကောင်းတွေ မရတဲ့​အခါ၊ အဖွဲ့အစည်း စီမံကိန်း​တစ်ခုခု​မှာ အတားအဆီး​တွေ ကြုံရတဲ့​အခါ ယေဟောဝါ ထောက်မနေ​ရဲ့​လား​လို့ တွေးမိ​နိုင်တယ်။

10. Jehovah’ hong huh dan ding i theih lohna in bang hamphatna om a hiam?

၁၀ ယေဟောဝါ ဘယ်လို ထောက်မမယ်​ဆိုတာ မသိတာ ဘာအကျိုး​ရှိသလဲ။ နှိမ့်ချမှု၊ ကျိုးနွံမှု စတဲ့ အရည်အသွေးကောင်း​တွေ ကျွန်တော်တို့မှာ ရှိလာတယ်။ ယေဟောဝါရဲ့ အကြံ​အစည်၊ လမ်းစဉ်ဟာ ကျွန်တော်တို့ရဲ့ အကြံ​အစည်၊ လမ်းစဉ်​ထက် မြင့်မားတယ်​ဆိုတာ သဘောပေါက်လာတယ်။ (ဟေရှာ. ၅၅:၈၊ ၉) ကိစ္စရပ်တွေကို ယေဟောဝါ အကောင်းဆုံး ကိုင်တွယ်​သွားမယ်​ဆိုတာ အကြွင်းမဲ့ စိတ်ချလာတယ်။ အမှုဆောင် ဒါမှမဟုတ် အဖွဲ့အစည်း စီမံကိန်းမှာ ရလဒ်ကောင်းတွေ ရတဲ့​အခါ ယေဟောဝါကိုပဲ ကျွန်တော်တို့ ချီးမွမ်းကြတယ်။ (ဆာ. ၁၂၇:၁။ ၁ ကော. ၃:၇) မျှော်လင့်​ထား​သလို ဖြစ်​မလာတဲ့​အချိန်တွေမှာ ကိစ္စရပ်​အားလုံး ယေဟောဝါ​လက်ထဲမှာ ရှိတယ်၊ ကျွန်တော်တို့ကို တည်မြဲတဲ့ ငြိမ်သက်မှု ပေးမယ်​ဆိုတာ သတိရကြတယ်။ (ဟေရှာ. ၂၆:၃) ကိုယ်​လုပ်နိုင်တာ လုပ်ပြီး ကျန်တာ ယေဟောဝါဆီ စိတ်ချ​လက်ချ အပ်ထားကြတယ်။ ရှေးအချိန်​ကလို အံ့ဖွယ်နည်း​နဲ့ လမ်းမညွှန်​ရင်တောင် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ယေဟောဝါ ပေးမယ်​ဆိုတာ ယုံကြည်​ကြတယ်။—တ. ၁၆:၆-၁၀။

11. Bangteng thei khin i hiam?

၁၁ ကျွန်တော်တို့ ဘာတွေ သိထား​သလဲ ပြန်စဉ်းစားကြည့်ပါ။ ယေဟောဝါဟာ အမြဲ မေတ္တာရှိ​တယ်၊ တရား​မျှတတယ်၊ ဉာဏ်ပညာ​ရှိတယ်​ဆိုတာ သိထားတယ်။ မိမိ​အတွက်၊ ယုံကြည်သူချင်းတွေ​အတွက် ကျွန်တော်တို့ လုပ်သမျှကို တန်ဖိုးထားတယ်​ဆိုတာ သိထားတယ်။ သစ္စာစောင့်သိ​သူတွေကို အမြဲ ဆုချတယ်​ဆိုတာလည်း သိထားတယ်။—ဟီ. ၁၁:၆။

MAILAM AH A PIANG DING THU EITE IN THEI LO

12. James 4:13, 14-a a gen mah bangin, eite in bang thei lo i hiam?

၁၂ ယာကုပ် ၄:၁၃၊ ၁၄ ကို ဖတ်ပါ။ မနက်ဖြန် ဘာဖြစ်မလဲ ကျွန်တော်တို့ မသိဘူး။ “မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရ​တတ်” တယ်။ (ဒေ. ၉:၁၁) ဒါကြောင့် ကိုယ်​စီစဉ်ထားတာတွေ ဖြစ်​လာ​မလား၊ စီစဉ်ထား​သလို ဖြစ်လာတဲ့​အထိ​တောင် အသက်ရှည်​ပါ့မလား မသိနိုင်ဘူး။

13. Mailam ah a piang ding thu thei cian lo ihih manin koicih om kha thei i hiam?

၁၃ အဖြစ်ဆိုးတွေ ရုတ်တရက် ကြုံရလို့၊ မျှော်လင့်မထားတာတွေ ဖြစ်လာလို့ ကျွန်တော်တို့ သောက​ရောက်​တဲ့​အချိန်တွေ၊ ခြေမကိုင်မိ​လက်မကိုင်မိ ဖြစ်တဲ့​အချိန်တွေ ရှိတတ်တယ်။ မျှော်လင့်​ထားတာ​တွေ ဖြစ်​မလာ​လို့ စိတ်အား​လျော့​တဲ့​အချိန်တွေလည်း ရှိတတ်တယ်။ (ပညာ. ၁၃:၁၂) ဘဝက မသေချာ​မရေရာတဲ့​အတွက် ဘာတွေ​များ ဖြစ်လာ​မလဲ​ဆိုပြီး အစိုးရိမ်​လွန်​လာနိုင်တယ်၊ မပျော်​မရွှင် ဖြစ်လာနိုင်တယ်။

14. I lungnopna pen bang tungah kinga a hiam? (Lim zong en in.)

၁၄ ဘာတွေပဲ ကြုံ​လာပါစေ ခံရပ်​တဲ့အခါ ဘာအကျိုး​ရသလဲ။ ယေဟောဝါကို ချစ်လို့ ဝတ်ပြုတာ ဖြစ်ကြောင်း သက်သေ​ပြခွင့်​ရတယ်။ အခက်အခဲ​တိုင်း​ကနေ ကာကွယ်ခံရဖို့ မမျှော်လင့်​သင့်​ကြောင်း၊ ဘဝမှာ ဘာတွေ ကြုံတွေ့​စေမယ်​ဆိုတာ ယေဟောဝါ ကြိုတင်​သတ်မှတ်​မထား​ကြောင်း ကျမ်း​မှတ်တမ်းတွေ​ကနေ သိရတယ်။ ဒါ့အပြင် ပျော်ရွှင်မှု​ဟာ ရှေ့ရေး​ကို ကြို​သိခြင်း၊ မသိခြင်း​အပေါ် မမူတည်​ဘဲ မိမိ​လမ်းညွှန်ချက်တွေကို ရှာဖွေခြင်း၊ လိုက်လျှောက်ခြင်း​အပေါ်​ပဲ မူတည်တယ်​ဆိုတာ ယေဟောဝါ သိတယ်။ (ယေ. ၁၀:၂၃) ဒါကြောင့် ယေဟောဝါကို အားကိုးပြီး ဆုံးဖြတ်ချက်တွေ ချ​တာ​ဟာ “အလိုတော် ရှိရင် ကျွန်တော်တို့ အသက်ဆက်ရှင်​ပြီး ဒါတွေ​ဒါတွေ လုပ်ကြမယ်” လို့ ပြော​နေ​သလို​ပါပဲ။—ယာ. ၄:၁၅။

[စာမျက်နှာ ၁၇ မှာ ပါတဲ့ ရုပ်ပုံ]

ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို ရှာဖွေတာ၊ လိုက်လျှောက်တာ အကာအကွယ်​ဖြစ် (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)b


15. Mailam thu tawh kisai bang thei khol i hiam?

၁၅ တစ်နေ့​တစ်နေ့ ဘာတွေ ကြုံရမလဲ ကျွန်တော်တို့ မသိပေမဲ့ ကောင်းကင်မှာ​ဖြစ်စေ၊ မြေကြီးမှာ​ဖြစ်စေ ထာဝရ​အသက် ပေးမယ်​ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သိထားတယ်။ ယေဟောဝါ မုသာ​မသုံး​မှန်း၊ ကတိတော်တွေ မပြည့်စုံအောင် ဘာကမှ မတားဆီးနိုင်မှန်း​လည်း သိထားတယ်။ (တိ. ၁:၂) ယေဟောဝါ​တစ်ပါးတည်းသာ “နောက်ဆုံး​ရလဒ်​ကို၊” “မလုပ်ဆောင်​ရသေးတဲ့​အရာတွေကို” ကြိုဟော​နိုင်တယ်။ ယေဟောဝါ ကြိုဟောထားတာ​တွေ အရင်က ပြည့်စုံ​သလို အနာဂတ်မှာ​လည်း ပြည့်စုံ​လာမယ်။ (ဟေရှာ. ၄၆:၁၀) ယေဟောဝါရဲ့ မေတ္တာ မခံစားရအောင် ဘယ်အရာက​မှ မတားဆီးနိုင်မှန်း ကျွန်တော်တို့ သေချာပေါက် သိထားတယ်။ (ရော. ၈:၃၅-၃၉) ဘာတွေပဲ ကြုံ​လာ​ပါစေ ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ၊ နှစ်သိမ့်မှု၊ အစွမ်း​ခွန်အား ယေဟောဝါ ပေးမယ်၊ ကောင်းချီး​ပေးမယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—ယေ. ၁၇:၇၊ ၈။

JEHOVAH IN I THU HONG THEIH ZAH EITE IN KITHEI KHINZO LO

16. Jehovah in i thu bangzah hong thei a hiam? Tua thu na theih ciang na lungsimah koi bangin om a hiam? (Late 139:1-6)

၁၆ ဆာလံ ၁၃၉:၁-၆ ကို ဖတ်ပါ။ ဘုရင်​ဒါဝိဒ် ပြောသလို​ပါပဲ ကျွန်တော်တို့ကို ဖန်ဆင်းရှင် ယေဟောဝါ ဂရုတစိုက်​ကြည့်နေတယ်၊ ကူညီပေးဖို့ အနီးအပါး​မှာ အမြဲ ရှိတယ်။ ကျွန်တော်တို့​အကြောင်း ခရေစေ့​တွင်းကျ သိတယ်။ ဘာကြောင့် ဘယ်လို တွေးတယ်၊ ခံစားတယ်​ဆိုတာ သိတယ်။ ပြောလိုက်တဲ့ စကား​တစ်ခွန်း၊ လုပ်ရပ်​တစ်ခုရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိတယ်။ စကြဝဠာ အချုပ်အခြာ​အာဏာရှင်၊ ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်း​တဲ့ အနန္တ​တန်ခိုးရှင်​က ကိုယ့်ကို ဒီလောက် သိတယ်​ဆိုတော့ ဘယ်လို ခံစားရသလဲ။ “အဲဒီလောက်​ထိ သိနိုင်စွမ်း ရှိတာကို ကျွန်တော့်​ဉာဏ်​နဲ့ မမီနိုင်​ဘူး။ လက်လှမ်း​မမီနိုင်လောက်အောင် မြင့်မား​လွန်း​ပါတယ်” လို့ ပြောတဲ့ ဒါဝိဒ်လို ခံစားရမှာ သေချာပါတယ်။—ဆာ. ၁၃၉:၆။

17. Jehovah in i thu hoih takin hong thei tel ahih lam i san ding ba’hang haksa kha thei a hiam?

၁၇ မိသားစု​နောက်ခံ၊ ယဉ်ကျေးမှု၊ အရင်က ယုံကြည်​လက်ခံ​ထားတာ​တွေ​ကြောင့် ကိုယ့်ကို စိတ်ဝင်တစား ဂရုစိုက်​ပေးတဲ့ မေတ္တာရှင်​ဖခင်အဖြစ် ယေဟောဝါကို မြင်ဖို့ ခက်နေနိုင်တယ်။ ဒါမှ​မဟုတ် အရင်က လုပ်ခဲ့တဲ့​အမှားတွေ ကြီးလေး​လွန်းလို့ ကိုယ့်​အကြောင်း ယေဟောဝါ သိချင်​မှာ မဟုတ်ဘူး၊ အနီးအနားမှာ မရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါဝိဒ်လည်း အဲဒီလို​ခံစားရချိန်တွေ ရှိတယ်။ (ဆာ. ၃၈:၁၈၊ ၂၁) ဘဝ​လမ်းစဉ် ပြောင်းလဲ​ပြီး ဘုရား​စံနှုန်းတွေ​အတိုင်း နေထိုင်ဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစား​သူ​တွေ​တောင် ဘယ်လို တွေးမိ​နိုင်သလဲ။ ‘ဘုရားသခင်သာ ငါ့ကို တကယ် နားလည်တယ်​ဆိုရင် ငါ့​ဖြစ်တည်​မှု​ကို အရှိ​အတိုင်း လက်မခံဘဲ ဘာလို့ ဘဝ​လမ်းစဉ် ခက်ခက်​ခဲခဲ ပြောင်းလဲ​ခိုင်းတာလဲ’ လို့ တွေးမိနိုင်တယ်။

18. Ei le ei i kitheihna sangin Jehovah in hong thei zaw ahih lam i theihna in bang hamphatna ngah i hiam? (Lim zong en in.)

၁၈ ကိုယ့်​အကြောင်း ကိုယ့်​ထက် ယေဟောဝါ ပို​သိတယ်​ဆိုတာ လက်ခံသဘောပေါက်​လာဖို့ ဒီအချက်တွေကို စဉ်းစားကြည့်ပါ– ကိုယ်တိုင်​တောင် မမြင်တဲ့ ကောင်းကွက်တွေ​ကို ယေဟောဝါ မြင်တယ်။ အဲဒီလို​ပြော​လို့ အမှားတွေကို မမြင်တာ မဟုတ်ဘူး။ မြင်ပေမဲ့ စိတ်ဆန္ဒ​အမှန်ကို သိလို့ မေတ္တာထား ကူညီပေးတယ်။ (ရော. ၇:၁၅) ဘယ်လို လူစားမျိုး ဖြစ်လာနိုင်တယ်​ဆိုတဲ့ အလားအလာကို ကြည့်တယ်။ ဒီအချက်တွေကို လက်ခံ​သဘောပေါက်​တဲ့အခါ ယေဟောဝါကို သစ္စာ​ရှိရှိ ဝမ်းမြောက်​ဝမ်းသာ ဝတ်ပြုဖို့ ကျွန်တော်တို့ အားတက်လာကြတယ်။

[စာမျက်နှာ ၁၈ မှာ ပါတဲ့ ရုပ်ပုံ]

ဘဝက မသေချာ​မရေရာ​ပေမဲ့ ကမ္ဘာသစ်​အသက်တာကို ပိုယုံကြည်စိတ်ချလာဖို့ ယေဟောဝါ ကူညီပေး (စာပိုဒ် ၁၈-၁၉ ကို ကြည့်ပါ)c


19. Jehovah tawh kisai bang pen a kicianin thei i hiam?

၁၉ ယေဟောဝါနဲ့​ပတ်သက်ပြီး ကျွန်တော်တို့ ဘာကို အသေအချာ သိသလဲ။ ယေဟောဝါဟာ ချစ်ခြင်း​မေတ္တာ ဖြစ်တယ်။ (၁ ယော. ၄:၈) ကျွန်တော်တို့ကို ချစ်လို့၊ အကျိုး​ရစေချင်လို့ စံနှုန်းတွေ ချမှတ်ပေးထားတယ်။ ထာဝရ​အသက် ရစေချင်လို့ ရွေးဖိုး ပြင်ဆင်ပေးထားတယ်။ မစုံလင်ပေမဲ့ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်​ဆိုတာ ရွေးဖိုး​က သက်သေ​ပါပဲ။ (ရော. ၇:၂၄၊ ၂၅) ဒါ့အပြင် “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံး​ထက် ပိုကြီးမြတ်တယ်၊ အရာအားလုံးကို ကိုယ်တော် သိနေတယ်။” (၁ ယော. ၃:၁၉၊ ၂၀) ကျွန်တော်တို့​အကြောင်း သိလို့ အလိုတော်ကို အောင်အောင်​မြင်မြင် ထမ်းဆောင်နိုင်​မယ်​ဆိုတာ​လည်း ယေဟောဝါ စိတ်ချတယ်။

20. I lunghimawh luat loh nadingin bang in hong huh ding a hiam?

၂၀ ကျွန်တော်တို့ တကယ် သိဖို့ လိုတာ​တွေ​ကို ယေဟောဝါ အသိ​မပေးဘဲ မနေပါဘူး။ ဒီအချက်ကို ကျိုးနွံမှု​ရှိရှိ အသိအမှတ်​ပြုတဲ့​အခါ ကိုယ်​မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ​အတွက် အစိုးရိမ်​မလွန်​တော့​ဘူး။ တကယ် အရေးကြီးတဲ့​ကိစ္စတွေကို အာရုံစိုက်နိုင်တယ်။ ဒါက “အသိပညာနဲ့ ပြီးပြည့်စုံတဲ့​အရှင်” ယေဟောဝါကို အပြည့်အဝ ယုံကြည်​ကိုးစားကြောင်း ပြတာပဲ။ (ယောဘ ၃၆:၄) အခု​အချိန်မှာ ကျွန်တော်တို့ မသိတာ​တွေ ရှိပေမဲ့ ယေဟောဝါဆီက ထာဝစဉ် သင်ယူစရာတွေ ရှိတယ်။ အဲဒီလို​သင်ယူရမယ့်​အချိန်ကို မျှော်လင့်​တကြီး စောင့်မျှော်နေကြပါတယ်။—ဒေ. ၃:၁၁။

NANGH BANGCI DAWNG DING?

  • Beina a tun ding hun i theih lohna in bang hamphatna om a hiam?

  • Mailam ah hong piang ding thu i theih lohna in bang hamphatna om a hiam?

  • Jehovah in i thu hoihtakin hong thei ahih lam i telna pan bang hamphatna ngah i hiam?

LA 104 ဘုရားပေး​လက်ဆောင် သန့်ရှင်းသော စွမ်းအားတော်

a ဆိုးညစ်တဲ့ စာတန့်လောက​ကို ဖျက်ဆီး​ရာ​မှာ ယေရှု ဦးဆောင်​မှာ ဖြစ်လို့ အာမဂေဒုန် ရောက်မယ့်​နေ့နဲ့ “အပြီးသတ် အောင်ပွဲခံ” မယ့်​အချိန်ကို ယေရှု အခု သိနေ​ပြီ​လို့ ကောက်ချက်ချ​တာ သင့်တော်ပါတယ်။—ဗျာ. ၆:၂။ ၁၉:၁၁-၁၆။

b ပုံအညွှန်း– အရေးပေါ် အခြေအနေ ကြုံလာရင် မိသားစု အဆင်သင့်​ဖြစ်နေအောင် သားအဖ​နှစ်ယောက် အရေးပေါ်​အိတ် ပြင်ဆင်​နေ။

c ပုံအညွှန်း– ဘဝ​အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ ညီအစ်ကို​တစ်ယောက် ကမ္ဘာသစ်​အသက်တာ​အကြောင်း တွေး​နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ