Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 June laim. 8-13
  • Jakob A Sih Ma-in A Gen Thute Pan I Sin Theih Thute—Khen 2

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jakob A Sih Ma-in A Gen Thute Pan I Sin Theih Thute—Khen 2
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • ZEBULUN
  • ISSAKHAR
  • DAN
  • GAD
  • ASHER
  • NAFTALI
  • JOSEF
  • BENJAMIN
  • Jakob A Sih Ma-in A Gen Thute Pan I Sin Theih Thute—Khen 1
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 June laim. 8-13

SIN DING THU 25

LA 96 ဘုရားသခင့်​ကျမ်းစာ မြတ်ရတနာ

Jakob A Sih Ma-in A Gen Thute Pan I Sin Theih Thute—Khen 2

‘Amau tawh a kituak ciatin a pa in amaute thupha pia hi.’—PIAN. 49:28.

အာရုံစိုက်​ရာ

သား​ရှစ်ယောက်​ကို ယာကုပ် မသေဆုံးခင် ပြောတဲ့​စကားတွေ​ကနေ ဘာသင်ယူနိုင်သလဲ။

1. Hih sin ding thu ah bang thu kikum ding i hiam?

တစ်ယောက်ချင်းစီ​ကို သက်ကြီး​ဖခင် ယာကုပ် အမှာစကား​ပြောနေတာ သားတွေ ဂရုတစိုက် နားထောင်​နေကြတယ်။ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့​အတိုင်း ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ​တို့ကို ယာကုပ် ပြောတဲ့​စကားတွေ​ဟာ စိတ်ဝင်စားဖို့​ကောင်း​သလို သူတို့ မျှော်လင့်မထားတဲ့ စကားတွေ ဖြစ်တယ်။ ဒါကြောင့် ကျန်တဲ့​သား​ရှစ်ယောက်​ကို​ကော ယာကုပ် ဘာတွေများ ပြော​မလဲ​ဆိုပြီး သိချင်​နေ​ကြ​မှာ​ပဲ။ ဇာဗုလုန်၊ အိသခါ၊ ဒန်၊ ဂဒ်၊ အာရှာ၊ နဿလိ၊ ယောသပ်၊ ဗင်ယာမိန်​တို့ကို ယာကုပ် ပြောတဲ့​စကားတွေ​ကနေ ဘာ​သင်ယူနိုင်ကြောင်း ဆွေးနွေး​ကြရအောင်။a

ZEBULUN

2. Jakob in Zebulun tungah bang gen a hiam? Jakob ii a gen thute koi bangin hong tangtung a hiam? (Piancilna 49:13) (Kiu li bawm zong en in.)

၂ ကမ္ဘာဦး ၄၉:၁၃ ကို ဖတ်ပါ။ ယာကုပ်​စကား​အရ ဇာဗုလုန်​အနွယ်​ဟာ ကတိထားရာပြည်​မြောက်ပိုင်း ပင်လယ်​ကမ်းနား​မှာ နေထိုင်​ရမယ်။ နောက်​အနှစ် ၂၀၀ ကျော်​မှာ ဇာဗုလုန်​အနွယ် အမွေမြေ ရလာတယ်။ ဒါပေမဲ့ မြေထဲ​ပင်လယ်​ကမ်းနား​မှာ မဟုတ်ဘဲ မြေထဲ​ပင်လယ်​နဲ့ ဂါလိလဲ​အိုင်​ကြားမှာ။ ဘာပဲ​ဖြစ်ဖြစ် ဇာဗုလုန်​အနွယ်​အတွက် ဝမ်းမြောက်စရာ​ပါပဲ။ ဘာကြောင့်လဲ။ ကမ်းနား​နှစ်ခုစလုံး​ကို အလွယ်တကူ သွားလာ​နိုင်​လို့ ကူးသန်း​ရောင်းဝယ်ရေး​အတွက် အဆင်ပြေတယ်။ ဒါကြောင့်​လည်း “ဇာဗုလုန်၊ မင်းရဲ့ ကူးသန်း​ရောင်းဝယ်​မှု​ကြောင့် ဝမ်းမြောက်​ပါ” ဆိုပြီး မောရှေ ပြောခဲ့တာ ဖြစ်မယ်။—တရား. ၃၃:၁၈။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

ဇာဗုလုန်။

သား

ဇာဗုလုန်

ကြိုဟောချက်

“ဇာဗုလုန်​က ပင်လယ်​ကမ်း​နား​မှာ . . . နေထိုင်​လိမ့်မယ်။ သူ့​ပိုင်နက်​က ဆိုင်ဒုန်​မြို့​နား​အထိ ကျယ်ပြန့်​လိမ့်မယ်။”—က. ၄၉:၁၃။

ပြည့်စုံချက်

ကတိထားရာပြည်​မြောက်ပိုင်း၊ မြေထဲ​ပင်လယ်​နဲ့ ဂါလိလဲ​အိုင်​ကြားမှာ ဇာဗုလုန်​အနွယ် နေထိုင်တယ်။—ယောရှု ၁၉:၁၀-၁၆။

3. Neihzah tawh lungkim nadingin bangin hong huh thei a hiam?

၃ ဘာသင်ယူနိုင်သလဲ။ ဘယ်မှာပဲ နေရ​နေရ၊ အခြေအနေ ဘယ်လိုပဲ ရှိရှိ ဝမ်းမြောက်စရာ အကြောင်းရင်း အမြဲ ရှိတယ်။ ဝမ်းမြောက်နိုင်​ဖို့​ဆိုရင် ရှိတာနဲ့ ကျေနပ်​ရောင့်ရဲ​ရမယ်။ (ဆာ. ၁၆:၆။ ၂၄:၅) ကောင်းတာတွေ ပိုင်ဆိုင်​ထား​လျက်​နဲ့ မပိုင်ဆိုင်​ရတဲ့​အရာတွေကို​ပဲ အာရုံစိုက်​နေ​ရင် စိတ်ဓာတ်​ကျလာနိုင်တယ်။ ဒါကြောင့် ကိုယ့်​အခြေအနေနဲ့​ပတ်သက်ပြီး ကောင်းတာတွေကို မြင်အောင် ကြည့်ဖို့ ကြိုးစားပါ။—ဂလ. ၆:၄။

ISSAKHAR

4. Jakob in Issakhar tungah bang gen a hiam? Jakob ii a gen thute koi bangin hong tangtung a hiam? (Piancilna 49:14, 15) (Kiu li bawm zong en in.)

၄ ကမ္ဘာဦး ၄၉:၁၄၊ ၁၅ ကို ဖတ်ပါ။ အလုပ်​ကြိုးစားတဲ့ အိသခါ​ကို ယာကုပ် ချီးမွမ်းတယ်။ လေးလံ​တဲ့ ဝန်တွေ ထမ်း​နိုင်​တဲ့ အရိုး​သန်မာတဲ့ မြည်း​နဲ့ တူတယ်လို့ ပြောတယ်။ အိသခါ ရတဲ့ နယ်မြေဟာ သာယာ​မယ်​လို့လည်း ပြောတယ်။ ယာကုပ်​စကား​အတိုင်းပဲ ဂျော်ဒန်​မြစ်နား​က မြေဩဇာ​ကောင်းပြီး သီးပွင့်​ဖြစ်ထွန်းတဲ့ နယ်မြေ​ကို အိသခါ​အနွယ် အမွေ​ရတယ်။ (ယောရှု ၁၉:၂၂) အမွေမြေ​မှာ သူတို့ ကြိုးကြိုး​စားစား စိုက်ပျိုး​ထွန်ယက်​ကြတယ်။ ဒါ့အပြင် အစ္စရေး​လူမျိုး​အကျိုး​အတွက် ကြိုးပမ်း​ကြတယ်။ (၁ ဘု. ၄:၇၊ ၁၇) ဥပမာ၊ သိသရ​ကို တိုက်ဖို့ တရားသူကြီး ဗာရက်​နဲ့ ပရောဖက်မ ဒေဗောရ စစ်ကူ​ခေါ်​တုန်းက ကူညီပေး​ခဲ့​တဲ့ အစ္စရေး​အနွယ်တွေ​ထဲ​မှာ အိသခါ​အနွယ် ပါတယ်။ ဒါဟာ အစ္စရေး​လူမျိုး​အကျိုး​အတွက် အိသခါ​အနွယ် တိုက်ပွဲ​ဝင်​ခဲ့​တဲ့ မှတ်တမ်း​တစ်ခုပဲ ရှိသေးတယ်။—သူကြီး. ၅:၁၅။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

အိသခါ။

သား

အိသခါ

ကြိုဟောချက်

“[အိသခါ]က ဝန်တွေ ထမ်း​ဖို့ ကျောကို ညွတ်ပေး​မယ်။”—က. ၄၉:၁၄၊ ၁၅။

ပြည့်စုံချက်

အစ္စရေး​လူမျိုး​အကျိုး​အတွက် အိသခါ​အနွယ် ကြိုးပမ်း​တယ်။—သူကြီး. ၅:၁၅။ ၁ ဘု. ၄:၁၊ ၇၊ ၁၇။

5. Issakhar minamte koi bangin etteh thei ding i hiam? Ba’hang hiam?

၅ ဘာသင်ယူနိုင်သလဲ။ အိသခါ​အနွယ် အလုပ်​ကြိုးစားတာကို ယေဟောဝါ​ဘုရား တန်ဖိုးထား​သလို အမှုတော်မှာ ကျွန်တော်တို့ ကြိုးစား​ပမ်းစား ပါဝင်​တာကို တန်ဖိုးထားတယ်။ (ဒေ. ၂:၂၄) အသင်းတော်ကို အားသွန်​ခွန်စိုက် ဂရုစိုက်​ပေးနေတဲ့ အကြီးအကဲတွေ​အကြောင်း စဉ်းစားကြည့်ပါ။ (၁ တိ. ၃:၁) သူတို့ ပကတိတိုက်ပွဲ တိုက်ဖို့ မလိုပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ပြတ်တောက်​သွား​စေ​မယ့် အန္တရာယ်တွေ​ကနေ ညီအစ်ကို/မတွေကို စိတ်နှစ်​ကိုယ်နှစ် ကာကွယ်ပေးကြတယ်။ (၁ ကော. ၅:၁၊ ၅။ ယု. ၁၇-၂၃) ညီအစ်ကို/မတွေကို အားရှိစေ​မယ့် ဟောပြောချက်တွေ ကြိုးကြိုး​စားစား ပြင်ဆင်​တင်ဆက်​ကြတယ်။—၁ တိ. ၅:၁၇။

DAN

6. Dan minamte in bang tavuan ngah uh a hiam? (Piancilna 49:17, 18) (Kiu li bawm zong en in.)

၆ ကမ္ဘာဦး ၄၉:၁၇၊ ၁၈ ကို ဖတ်ပါ။ ဒန်​ဟာ စစ်မြင်း၊ မြင်းစီးသူ​လို မိမိ​ထက် အရွယ်အစား အများကြီး ပိုကြီးတဲ့ ရန်သူကို​တောင် ပေါက်​တတ်တဲ့ မြွေနဲ့ တူတယ်လို့ ယာကုပ် ပြောတယ်။ တကယ်လည်း ဒန်​အနွယ်​ဟာ အစ္စရေး​လူမျိုးရဲ့ ရန်သူတွေ ကြောက်​ရတဲ့အနွယ် ဖြစ်လာတယ်။ ကတိထားရာ​ပြည်ကို သွားတဲ့​လမ်းမှာ “နောက်ရံတပ်​အနေနဲ့” တခြား​အနွယ်တွေ​ကို စောင့်ကြပ်​ပေးတယ်။ (တော. ၁၀:၂၅) ဒန်​အနွယ်ရဲ့ တာဝန်ဟာ မမြင်သာပေမဲ့ သိပ်​အရေးပါတယ်။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

ဒန်။

သား

ဒန်

ကြိုဟောချက်

“ဒန်​ဟာ . . . မြင်းခွာ​ကို ပေါက်​တတ်တဲ့ ချို​ပါတဲ့​မြွေ ဖြစ်ပါစေ။”—က. ၄၉:၁၆-၁၈။

ပြည့်စုံချက်

ကတိထားရာပြည်ကို သွားတဲ့​လမ်းမှာ “နောက်ရံတပ်​အနေနဲ့” ဒန်​အနွယ် ချီတက်တယ်။—တော. ၁၀:၂၅။

7. Bangbang tavuan i ngah zongin koi bangin i ngaihsut ding kisam a hiam?

၇ ဘာသင်ယူနိုင်သလဲ။ တခြားသူတွေ သတိထားမိ​ပုံ​မရတဲ့ တာဝန် ရဖူး​သလား။ အစည်းအဝေး​ခန်းမ သန့်ရှင်းရေး လုပ်တာ၊ ပြုပြင်​ထိန်းသိမ်း​တာ၊ တိုက်နယ်​အစည်းအဝေး၊ ခရိုင်​အစည်းအဝေးမှာ လုပ်အား​ပေး​တာ ဒါမှ​မဟုတ် တခြား​တာဝန်​တစ်မျိုးမျိုး လုပ်တာ ဖြစ်နိုင်တယ်။ ချီးမွမ်းစရာ​ပါပဲ။ မိမိ​အတွက် သင် လုပ်ဆောင်​သမျှကို ယေဟောဝါ သတိထားမိပြီး တန်ဖိုးထားတယ်​ဆိုတာ အမြဲ သတိရပါ။ လူ​ချီးမွမ်းခံချင်​စိတ်နဲ့ မဟုတ်ဘဲ မိမိကို ချစ်တဲ့စိတ်နဲ့ အမှုဆောင်တဲ့​အခါ ယေဟောဝါ သိပ်​ပီတိ​ဖြစ်တယ်။—မ. ၆:၁-၄။

GAD

8. Gad minamte in a galte ii olno taka simna ba’hang thuak kha thei a hiam? (Piancilna 49:19) (Kiu li bawm zong en in.)

၈ ကမ္ဘာဦး ၄၉:၁၉ ကို ဖတ်ပါ။ ဂဒ်ကို ဓားပြ​တွေ တိုက်ခိုက်မယ်​လို့ ယာကုပ် ကြိုဟောတယ်။ နောက်​အနှစ် ၂၀၀ ကျော်​မှာ ဂျော်ဒန်​မြစ်အရှေ့ဘက်​က နယ်မြေ​ကို ဂဒ်​အနွယ် အမွေ​ရတယ်။ ရန်သူ​နယ်မြေ​နဲ့ ထိစပ်​နေ​လို့ အလွယ်​တကူ တိုက်ခိုက်​ခံရနိုင်တယ်။ ဒါပေမဲ့ သိုးနွား​တိရစ္ဆာန်တွေ​အတွက် စားကျက်ကောင်း ဖြစ်လို့ အဲဒီ​နေရာမှာ ဂဒ်​အနွယ် နေ​ချင်တယ်။ (တော. ၃၂:၁၊ ၅) ဂဒ်​အနွယ် သတ္တိ​ရှိတာ သိပ်​ထင်ရှား​တယ်။ ပို​ထင်ရှားတဲ့ အချက်​ကတော့ အမွေမြေ​ကို ဓားပြ​တွေ​လက်​ကနေ ကာကွယ်ဖို့ ယေဟောဝါ ကူညီပေး​မယ်​ဆိုတာ စိတ်ချတာ​ပါပဲ။ ဂျော်ဒန်​မြစ်အနောက်ဘက်​က ကတိထားရာပြည်​ရဲ့ ကျန်တဲ့​အပိုင်းကို တခြား​အနွယ်တွေ သိမ်းပိုက်​ရာ​မှာ ဂဒ်​အနွယ် စစ်သည်​တွေ နှစ်နဲ့ချီ သွား​ကူညီပေးကြတယ်။ (တော. ၃၂:၁၆-၁၉) ယောက်ျားသားတွေ မရှိတဲ့​အချိန် သူတို့ရဲ့ သားမယားတွေ​ကို ယေဟောဝါ ကာကွယ်ပေးမယ်​ဆိုတာ စိတ်ချကြတယ်။ သူတို့ရဲ့ သတ္တိ​ရှိ​မှု၊ ကိုယ်ကျိုး​စွန့်​မှု​ကို ယေဟောဝါ ကောင်းချီးပေး​တယ်။—ယောရှု ၂၂:၁-၄။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

ဂဒ်။

သား

ဂဒ်

ကြိုဟောချက်

“ဂဒ်ကို​တော့ ဓားပြ​တွေ တိုက်ခိုက်​လိမ့်မယ်။”—က. ၄၉:၁၉။

ပြည့်စုံချက်

အလွယ်တကူ တိုက်ခိုက်​ခံရနိုင်တဲ့ ဂျော်ဒန်​မြစ်​အရှေ့ဘက်မှာ ဂဒ်​အနွယ် နေထိုင်တယ်။—ယောရှု ၁၃:၂၄-၂၈။

9. Jehovah muang ihih leh bang sem ding i hiam?

၉ ဘာသင်ယူနိုင်သလဲ။ အခက်အခဲတွေ ရှိပေမဲ့ ဆက်​အမှုဆောင်နိုင်ဖို့​ဆိုရင် ယေဟောဝါကို ယုံကြည်​ကိုးစား​နေ​ရမယ်။ (ဆာ. ၃၇:၃) ဒီနေ့​အချိန်မှာ ညီအစ်ကို/မ​များစွာဟာ အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်ခြင်း၊ ဟောပြောသူ ပိုလိုအပ်တဲ့ ဒေသမှာ အမှုဆောင်ခြင်း၊ အဖွဲ့အစည်းကို နည်း​အမျိုးမျိုးနဲ့ ထောက်မခြင်း​အားဖြင့် ယေဟောဝါကို ယုံကြည်​ကိုးစား​ကြောင်း ပြနေကြတယ်။ မိမိတို့ကို ယေဟောဝါ အမြဲ စောင့်ရှောက်ပေးမယ်​ဆိုတာ ယုံလို့ ဒီလို​ကိုယ်ကျိုးစွန့်​ကြ​တာ။—ဆာ. ၂၃:၁။

ASHER

10. Jakob in Asher tungah a gen thute koi bangin hong tangtung a hiam? Ahih hang Asher minamte bang piang uh a hiam? (Piancilna 49:20) (Kiu li bawm zong en in.)

၁၀ ကမ္ဘာဦး ၄၉:၂၀ ကို ဖတ်ပါ။ အာရှာအနွယ် စည်းစိမ်​ကြွယ်ဝမယ်လို့ ယာကုပ် ကြိုဟောတယ်။ ကြိုဟောတဲ့​အတိုင်း တကယ် ဖြစ်လာတယ်။ အာရှာအနွယ်​ရဲ့ အမွေမြေ​ထဲမှာ အစ္စရေးပြည်ရဲ့ မြေဩဇာ​အကောင်းဆုံး နယ်မြေ​တချို့ ပါတယ်။ (တရား. ၃၃:၂၄) မြေထဲ​ပင်လယ်​နဲ့ ကပ်လျက်​မှာ ရှိပြီး စီးပွားရေး အချက်အချာ​ကျတဲ့ ဆိုင်ဒုန်ဆိပ်ကမ်း​မြို့​လည်း ပါတယ်။ ဒါပေမဲ့ ခါနန်​လူမျိုးတွေ​ကို နယ်မြေထဲ​ကနေ အာရှာ​အနွယ် မနှင်ထုတ်​ဘူး။ (သူကြီး. ၁:၃၁၊ ၃၂) ဒီလိုနဲ့ အာရှာအနွယ်ဟာ ခါနန်တွေ​ရဲ့ ဩဇာ​လွှမ်းမိုး​ခံရပြီး စည်းစိမ်​ဥစ္စာ​ကို ဦးစား​ထား​လာ​ပုံ​ရတယ်။ ဒါဟာ စစ်မှန်တဲ့ ဝတ်ပြုရေး​အတွက် ထက်သန်မှု လျော့သွား​ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်။ ခါနန်​လူမျိုး​ရန်သူတွေကို တိုက်ခိုက်ဖို့ တရားသူကြီး ဗာရက် စစ်ကူ​ခေါ်​တုန်းက အာရှာအနွယ် သွား​မကူညီ​ဘူး။ ဒါကြောင့် “မေဂိဒေါ​ချောင်းနား” မှာ အစ္စရေးတွေ​ကို ယေဟောဝါ အံ့ဖွယ်နည်း​နဲ့ အောင်ပွဲဆင်​စေ​တာ သူတို့ မတွေ့​လိုက်ရ​ဘူး။ (သူကြီး. ၅:၁၉-၂၁) ဗာရက်​နဲ့ ဒေဗောရ​ရဲ့ အောင်ပွဲခံ​သီချင်း​မှာ “အာရှာ​ကလည်း ကမ်းခြေ​မှာ​ပဲ အချိန်ဖြုန်း​နေတယ်” ဆိုတဲ့ စာသားကို ကြားရတော့ သူတို့ အရှက်ရ​ကြ​မှာ​ပဲ။—သူကြီး. ၅:၁၇။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

အာရှာ။

သား

အာရှာ

ကြိုဟောချက်

“အာရှာ​ဆီ​မှာ အစားအစာ ပေါများ​ကြွယ်ဝ​မယ်။”—က. ၄၉:၂၀။

ပြည့်စုံချက်

ကတိထားရာပြည်မှာ အာရှာအနွယ် စည်းစိမ်​ကြွယ်ဝ​တယ်။—တရား. ၃၃:၂၄။

11. Ba’hang neihlelam, sumlepaite a masa penin i koih loh ding kisam a hiam?

၁၁ ဘာသင်ယူနိုင်သလဲ။ လောကက လူတွေလို ငွေကြေး​စည်းစိမ်​ကို ကျွန်တော်တို့ ဦးစား​မထား​ကြ​ဘူး။ (ပညာ. ၁၈:၁၁) ငွေ​နဲ့​ပတ်သက်ပြီး မျှတတဲ့​အမြင် ရှိကြတယ်။ (ဒေ. ၇:၁၂။ ဟီ. ၁၃:၅) တကယ် မလိုအပ်တဲ့​အရာတွေ ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ကိုယ့်​အချိန်၊ ခွန်အားကို အလဟဿ အဖြစ်​မခံကြဘူး။ ဘာကြောင့်လဲ။ ယေဟောဝါ​အတွက် အကောင်းဆုံး ပေးဆက်​ချင်လို့​ပါ။ ဒါ့အပြင် ပူပင်​ကြောင့်ကြ​စရာ လုံးဝ မလိုတဲ့ အသက်တာမျိုး​ကို အနာဂတ်မှာ ယေဟောဝါ ပေးမယ်​ဆိုတာ သိထားလို့​ပါပဲ။—ဆာ. ၄:၈။

NAFTALI

12. Jakob in Naftali tungah a gen thute koi bangin hong tangtung a hiam? (Piancilna 49:21, NWT) (Kiu li bawm zong en in.)

၁၂ ကမ္ဘာဦး ၄၉:၂၁ ကို ဖတ်ပါ။ နဿလိ​ဟာ “ယဉ်ကျေး​ရည်မွန်​တဲ့ စကားတွေ” ပြောမယ်​လို့ ယာကုပ် ကြိုဟောတယ်။ ယေရှု အမှုဆောင်ချိန်​အတွင်း ဘယ်လို ဟောပြော​သွန်သင်​မယ်​ဆိုတာကို ရည်ညွှန်းတာ ဖြစ်နိုင်တယ်။ နဿလိ​နယ်၊ ကပေရနောင်​မြို့မှာ ယေရှု အထိုင်ချ​ရင်း ထိထိ​ရောက်ရောက် ဟောပြော​သွန်သင်တယ်။ ဒါကြောင့် ကပေရနောင်​မြို့ကို ယေရှုရဲ့ “နေရင်း​မြို့” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (မ. ၄:၁၃။ ၉:၁။ ယော. ၇:၄၆) ဇာဗုလုန်​နယ်သားတွေ​နဲ့ နဿလိ​နယ်သားတွေ “တောက်ပတဲ့ အလင်း” မြင်ရမယ်​လို့ ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၉:၁၊ ၂) တကယ်လည်း ယေရှုဟာ ဟောပြော​သွန်သင်ခြင်း​အားဖြင့် “လူအမျိုးမျိုးကို အလင်း​ပေးမယ့် စစ်မှန်တဲ့​အလင်း” ဖြစ်လာတယ်။—ယော. ၁:၉။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

နဿလိ။

သား

နဿလိ

ကြိုဟောချက်

“နဿလိ​ဟာ . . . ယဉ်ကျေး​ရည်မွန်​တဲ့ စကားတွေ ပြောတတ်တယ်။”—က. ၄၉:၂၁။

ပြည့်စုံချက်

နဿလိ​နယ်မှာ ယေရှု အထိုင်ချ​ရင်း ဟောပြော​သွန်သင်တယ်။—မ. ၄:၁၃။ ၉:၁။

13. Jehovah lungsim tawh a kituak kampaute koi bangin pau thei i hiam?

၁၃ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ ပြောတဲ့​စကားကို​ရော ပြောတဲ့​ပုံစံကို​ပါ ယေဟောဝါ ဂရုစိုက်​တယ်။ ယေဟောဝါ နှစ်သက်တဲ့ “ယဉ်ကျေး​ရည်မွန်​တဲ့ စကားတွေ” ဘယ်လို ပြောနိုင်သလဲ။ ဟုတ်တိုင်း​မှန်ရာ ပြောပါ။ (ဆာ. ၁၅:၁၊ ၂) တခြားသူတွေကို ချီးမွမ်းဖို့ နှုတ်​မလေး​ပါ​နဲ့။ ပြစ်တင်​ဝေဖန်​မစော​ပါ​နဲ့။ (ဧ. ၄:၂၉) စကားစမြည် စပြော​ရာ​မှာ ပိုကျွမ်းကျင်​လာဖို့ ပန်းတိုင်​ထားပါ။ ဒါဆိုရင် သက်သေခံဖို့ လမ်းပွင့်လာမယ်။

JOSEF

14. Jakob in Josef tungah a gen thute koi bangin hong tangtung a hiam? (Piancilna 49:22, 26) (Kiu li bawm zong en in.)

၁၄ ကမ္ဘာဦး ၄၉:၂၂၊ ၂၆ ကို ဖတ်ပါ။ သိပ်ချစ်ရတဲ့ ဇနီး​ရာခေလ မွေးတဲ့ သားဦး​ယောသပ်​ကို “အသီးသီး​နေတဲ့​အပင်ရဲ့ အကိုင်း” လို့ ယာကုပ် ခေါ်ထားတယ်။ ယာကုပ်ဟာ အပင် ဖြစ်ပြီး ယောသပ်ဟာ အကိုင်း ဖြစ်တယ်။ “ညီအစ်ကိုတွေထဲက [ယောသပ်] ရွေးချယ်ခံ​ရ” လို့ ယာကုပ် သိပ်​ဂုဏ်ယူ​နေ​မှာ​ပဲ။ ယာကုပ်​စကား​အရ သားဦး​ရုဗင် မရတဲ့ အမွေ​နှစ်ဆ​ကို ယောသပ် ရမယ်။ (က. ၄၈:၅၊ ၆။ ၁ ရာ. ၅:၁၊ ၂) ယောသပ်ရဲ့ သား​နှစ်ယောက် ဖြစ်တဲ့ ဧဖရိမ်​နဲ့ မနာရှေ​ကနေ အနွယ်​နှစ်နွယ် ဆင်းသက်လာပြီး အမွေမြေ ကိုယ်စီ​ရချိန်မှာ ယာကုပ်ရဲ့ စကားတွေ ပြည့်စုံလာတယ်။—က. ၄၉:၂၅။ ယောရှု ၁၄:၄။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

ယောသပ်။

သား

ယောသပ်

ကြိုဟောချက်

“ကောင်းချီးတွေ​ဟာ . . . ညီအစ်ကိုတွေထဲက ရွေးချယ်ခံရသူ​ရဲ့ ဦးထိပ်​မှာ အမြဲ တည်နေမယ်။”—က. ၄၉:၂၂-၂၆။

ပြည့်စုံချက်

သားဦး​အခွင့်အရေး​ကို ယောသပ် ရတယ်။ ယောသပ်ရဲ့ သား​နှစ်ယောက်​ကနေ အစ္စရေး​နှစ်နွယ် ဆင်းသက်လာတယ်။—ယောရှု ၁၄:၄။ ၁ ရာ. ၅:၁၊ ၂။

15. Josef in thuman lohna a thuak hun ciang koi bangin thukkik a hiam?

၁၅ “လေးသမား​တွေ​က [ယောသပ်]ကို မပြတ်​နှောင့်ယှက်​ပြီး ပစ်ခတ်​တယ်။ မုန်းတီးစိတ်​နဲ့ ရန်ငြိုး​ထားတယ်” လို့လည်း ယာကုပ် ပြောတယ်။ (က. ၄၉:၂၃) ယောသပ်​ကို မနာလို​ဖြစ်တဲ့ အစ်ကိုတွေကို ရည်ညွှန်းပြီး ပြောတာ​ပါ။ ယောသပ် မတရားမှု​အများကြီး ကြုံရတာ အစ်ကိုတွေ​ကြောင့်​ပဲ။ ဒါပေမဲ့ အစ်ကိုတွေကို ယောသပ် မနာကြည်း​ဘူး။ မတရားမှု ကြုံ​ခွင့်​ပြုလို့​ဆိုပြီး ယေဟောဝါကို အပြစ်​မတင်ဘူး။ ယာကုပ် ပြော​သလိုပဲ ယောသပ်ဟာ “သူ့ရဲ့​လေး​ကို ဆုပ်ကိုင်​ထားတယ်။ သူ့​လက်တွေ​ဟာ သန်မာ​သွက်လက်​တယ်။” (က. ၄၉:၂၄) ဆိုလိုတာက လက်ထဲမှာ လေး​အသင့်​ရှိပေမဲ့ မြား​နဲ့ တူတဲ့ အမုန်း​တရားတွေ မပစ်ခတ်​ဘူး။ စမ်းသပ်ခံရချိန်မှာ ယေဟောဝါကို အားကိုး​တယ်။ အစ်ကိုတွေကို ခွင့်လွှတ်တဲ့​အပြင် မေတ္တာနဲ့ ဆက်ဆံ​တယ်။ (က. ၄၇:၁၁၊ ၁၂) စမ်းသပ်မှုတွေ​ဟာ မိမိကို ပိုကောင်းတဲ့​လူ ဖြစ်​လာစေတဲ့​အရာလို့ သဘောထားတယ်။ (ဆာ. ၁၀၅:၁၇-၁၉) ဒါကြောင့်​လည်း ယေဟောဝါ​အတွက် ယောသပ် သိပ်​အသုံးဝင်သူ ဖြစ်လာတာ။

16. Ze-etna i thuak hun ciang Josef koi bangin etteh thei ding i hiam?

၁၆ ဘာသင်ယူနိုင်သလဲ။ စမ်းသပ်မှုတွေ​ကြောင့် ယေဟောဝါနဲ့​ကော ညီအစ်ကို/မတွေနဲ့​ပါ ဝေးကွာ​မသွားပါစေ​နဲ့။ ကျွန်တော်တို့ကို လေ့ကျင့်ပေးဖို့ စမ်းသပ်မှုတွေ ယေဟောဝါ ကြုံ​ခွင့်​ပြုနိုင်တယ်​ဆိုတာ သတိရပါ။ (ဟီ. ၁၂:၇၊ အောက်ခြေမှတ်ချက်) အဲဒီ​လေ့ကျင့်မှု​က ကရုဏာ၊ ခွင့်လွှတ်မှု စတဲ့ အရည်အသွေးကောင်း​တွေ ပို​ရှိလာ​စေ​တယ်။ (ဟီ. ၁၂:၁၁) ခံနိုင်ရည် ရှိမယ်​ဆိုရင် ယောသပ်​ကို ဆုချ​သလို ကျွန်တော်တို့ကို ယေဟောဝါ ဆုချမယ်။

BENJAMIN

17. Jakob in Benjamin tungah a gen thute koi bangin hong tangtung a hiam? (Piancilna 49:27) (Kiu li bawm zong en in.)

၁၇ ကမ္ဘာဦး ၄၉:၂၇ ကို ဖတ်ပါ။ ဗင်ယာမိန်​အနွယ်​ဟာ ဝံပုလွေ​လို တိုက်ရည်​ခိုက်ရည် ရှိမယ်လို့ ယာကုပ် ကြိုဟောတယ်။ (သူကြီး. ၂၀:၁၅၊ ၁၆။ ၁ ရာ. ၁၂:၂) ‘မနက်ပိုင်းမှာ သားကောင်ကို ကိုက်စား​မယ်’ ဆိုတဲ့ ကြိုဟောချက် ဘယ်လို ပြည့်စုံလာ​သလဲ။ “မနက်ပိုင်း” ဖြစ်တဲ့ အစ္စရေး​မင်းဆက်​အစမှာ ဗင်ယာမိန်​အနွယ် ရှောလုဟာ ဦးဆုံး အစ္စရေး​ဘုရင် ဖြစ်လာတယ်။ ဖိလိတိတွေကို ရှောလု ရွပ်ရွပ်​ချွံချွံ တိုက်ခိုက်​ခဲ့တယ်။ (၁ ရှ. ၉:၁၅-၁၇၊ ၂၁) “ညနေပိုင်းမှာ တိုက်ရာပါ​ဥစ္စာတွေကို ခွဲဝေ​မယ်” ဆိုတဲ့ ကြိုဟောချက်​ကော ဘယ်လို ပြည့်စုံလာ​သလဲ။ “ညနေပိုင်း” ဖြစ်တဲ့ အစ္စရေး​မင်းဆက် မရှိတော့တဲ့​အချိန်မှာ ပါးရှား​အင်ပါယာ​တစ်ခွင်​က အစ္စရေးတွေ သုတ်သင်​ခံရမယ့်​အဖြစ်​ကနေ ဗင်ယာမိန်​အနွယ် မိဖုရား ဧသတာနဲ့ ဝန်ကြီးချုပ် မော်ဒကဲ ကယ်တင်ခဲ့​တယ်။—ဧသ. ၂:၅-၇။ ၈:၃။ ၁၀:၃။

ယာကုပ်ရဲ့ နောက်ဆုံး​အမှာစကား

ဗင်ယာမိန်။

သား

ဗင်ယာမိန်

ကြိုဟောချက်

“မနက်ပိုင်းမှာ သားကောင်ကို ကိုက်စား​ပြီး ညနေပိုင်းမှာ တိုက်ရာပါ​ဥစ္စာတွေကို ခွဲဝေ​မယ်။”—က. ၄၉:၂၇။

ပြည့်စုံချက်

ရှောလုဟာ ဦးဆုံး အစ္စရေး​ဘုရင် ဖြစ်လာတယ်။ (၁ ရှ. ၉:၁၅-၁၇) နှစ်ပေါင်းများစွာ ကြာပြီးနောက် ယေဟောဝါရဲ့​လူမျိုးကို ဧသတာနဲ့ မော်ဒကဲ ကယ်တင်တယ်။—ဧသ. ၂:၅-၇။ ၈:၃။ ၁၀:၃။

18. Benjamin minamte ii cihtakna koi bangin etteh thei i hiam?

၁၈ ဘာသင်ယူနိုင်သလဲ။ မိမိတို့​အနွယ်​ထဲက ရှောလု ဘုရင်​ဖြစ်လာ​တာ မြင်ရလို့ ဗင်ယာမိန်​အနွယ် သိပ်​ဂုဏ်ယူ​မှာ​ပဲ။ ယုဒ​အနွယ်​ထဲက ဒါဝိဒ်​ကို ယေဟောဝါ ထီးနန်း​လွှဲပြောင်းပေးတဲ့​အခါ သူတို့ အစပိုင်းမှာ မထောက်ခံ​ပေမဲ့ နောက်ပိုင်းမှာ သဘောတူ​ထောက်ခံတယ်။ (၂ ရှ. ၃:၁၇-၁၉) နှစ်များစွာ​အကြာမှာ ယုဒ​နိုင်ငံ​ကို ဆယ်နွယ်​နိုင်ငံ ပုန်ကန်​တဲ့​အခါ ယုဒ​အနွယ်​ကို​ကော ယေဟောဝါ ရွေးချယ်ထားတဲ့ ဘုရင်​ကို​ပါ သူတို့ သစ္စာ​စောင့်သိ​တယ်။ (၁ ဘု. ၁၁:၃၁၊ ၃၂။ ၁၂:၁၉၊ ၂၁) ဒီနေ့​အချိန်မှာ​လည်း လူမျိုးတော်ကို ဦးဆောင်ဖို့ ယေဟောဝါ ခန့်အပ်ထား​သူတွေကို ကျွန်တော်တို့ သစ္စာ​ရှိရှိ ထောက်မ​ရမယ်။—၁ သက်. ၅:၁၂။

19. Jakob ii a nunung kam vaikhaknate pan bang sin thei i hiam?

၁၉ ယာကုပ်ရဲ့ နောက်ဆုံး​အမှာ​စကားတွေ​ကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။ ယာကုပ်ရဲ့ ကြိုဟောချက်​တွေ ဘယ်လို ပြည့်စုံ​လာ​ကြောင်း လေ့လာတဲ့​အခါ ကျမ်းစာထဲက တခြား​ကြိုဟောချက်​တွေ​လည်း ပြည့်စုံလာမယ်​ဆိုတာ ပို​စိတ်ချလာတယ်။ ယေဟောဝါရဲ့ စိတ်တော်​နဲ့ တွေ့ဖို့ ဘာ​လုပ်ရမယ်​ဆိုတာ ပိုနားလည်လာတယ်။

NANGH BANGCI DAWNG DING?

  • Jakob in Zebulun, Issakhar, le Dan-te tungah a gen thute pan bang sin thei i hiam?

  • Jakob in Gad, Asher, le Naftali-te tungah a gen thute pan bang sin thei i hiam ?

  • Jakob in Josef le Benjamin tungah a gen thute pan bang sin thei i hiam?

LA 128 အဆုံးအထိ ခံရပ်​နေပါ

a ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ​တို့ကို ယာကုပ် ကြီးစဉ်​ငယ်လိုက် အ​မှာ​စကားပြောတယ်။ ကျန်တဲ့​သား​ရှစ်ယောက်​ကိုတော့ ကြီးစဉ်​ငယ်လိုက် ပြောတာ မဟုတ်ပါဘူး။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ