Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 May laim. 8-13
  • Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • BANG THUTE THEI LO I HIAM?
  • BANG THUTE THEI I HIAM?
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Itna Bulphuhin Pasian’ Thu Taangkosuak In!
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • “Leitung Khempeuh Thukhen Pa” In Hehpihna A Neihlam Muang In!
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Taangko Nasepna-ah Jesuh’ Thalawp Dan Etteh In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 May laim. 8-13

SIN DING THU 19

LA 22 နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ

Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?

‘Note khat beek in siatna na thuakkhak ding uh [Jehovah in] deih lo hi.—2 PE. 3:9.

အာရုံစိုက်​ရာ

အနာဂတ်မှာ လူတွေကို ယေဟောဝါ ဖြောင့်မတ်​မျှတစွာ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။

1. A thalawphuai hunah nunga ihihlam bang hang gen thei i hiam

စိတ်လှုပ်ရှားစရာ​ကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ကျမ်းစာ​ကြိုဟောချက်​တွေ ပြည့်စုံတာ နေ့တိုင်း မြင်နေရတယ်။ ဥပမာ၊ ကမ္ဘာ့​အင်အား​အကြီးဆုံး ဖြစ်ဖို့ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” အပြန်အလှန် တွန်းထိုး​တာ မြင်ရတယ်။ (ဒံ. ၁၁:၄၀) နိုင်ငံတော် သတင်းကောင်းကို မြေတစ်ခွင်လုံးမှာ ဟောပြောတာ၊ လူ​သန်းချီ လက်ခံတာ မြင်ရတယ်။ (ဟေရှာ. ၆၀:၂၂။ မ. ၂၄:၁၄) ကျွန်တော်တို့ “အချိန်တန်” အစားအစာ ဝဝလင်လင် စားသုံး​နေ​ရတယ်။—မ. ၂၄:၄၅-၄၇။

2. Bang muang thei i hiam? Ahih hang, bang pen i san theih ding kisam a hiam?

၂ သိပ်မကြာခင် မြင်ရ​မယ့် အရေးကြီး ဖြစ်ရပ်တွေ​နဲ့ပတ်သက်ပြီး နားလည်သည်ထက် နားလည်ဖို့ ယေဟောဝါ​ဘုရား ဆက်​ကူညီပေးနေတယ်။ (ပညာ. ၄:၁၈။ ဒံ. ၂:၂၈) ဒါကြောင့် သိသင့်သိထိုက်တာ​မှန်သမျှကို ကြီးစွာသောဒုက္ခ စပြီဆိုတာ​နဲ့ ကျွန်တော်တို့ သိနေပြီး ဖြစ်မယ်​ဆိုတာ စိတ်ချနိုင်တယ်။ သိသင့်သိထိုက်တာ​မှန်သမျှ​လို့ ပြောတဲ့အခါ အဲဒီလို ခက်ခဲတဲ့ ကာလအတွင်း ဘယ်လို ဆက်သစ္စာ​ရှိနိုင်မလဲ၊ ဆက်​စည်းလုံး​နိုင်​မလဲ စတာတွေ ပါတယ်။ ဒါပေမဲ့ မသိတာ​တွေ​လည်း ရှိတယ်ဆိုတာ အသိအမှတ်ပြု​ရမယ်။ ဖြစ်ရပ်​တချို့​နဲ့ပတ်သက်ပြီး အရင်က ရှင်းပြခဲ့​တာကို ဘာကြောင့် ပြုပြင်​ပြောင်းလဲ​လိုက်သလဲ။ အနာဂတ်​နဲ့ပတ်သက်ပြီး၊ ကောင်းကင်ဘုံစံ​အဖ ဘယ်လို လုပ်ဆောင်မယ်ဆိုတာ​နဲ့ပတ်သက်ပြီး သိထားတာ​တချို့က ဘာလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

BANG THUTE THEI LO I HIAM?

3. Thu-um lo mite adingin Jehovah tawh a kipawl theih nading hunpha bang hun ciangin om nawn lo ding ci-in gen i hiam? Bang hang hiam?။

၃ ကြီးစွာသောဒုက္ခ စပြီဆိုတာ​နဲ့ မယုံကြည်သူတွေ ယေဟောဝါဘက် ရပ်တည်ဖို့၊ အာမဂေဒုန်မှာ လွတ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ အရင်က ရှင်းပြခဲ့တယ်။ ရေလွှမ်းမိုး​ဘေး ဖြစ်ရပ်​တစ်ခု​ချင်း​စီ၊ လူတစ်ယောက်​စီ​ဟာ အနာဂတ် ဖြစ်ရပ်တွေ​ရဲ့ ရှေ့ပြေး​လို့ ထင်ပြီး အဲဒီလို​ရှင်းပြခဲ့​တာ။ ဥပမာ၊ ရေလွှမ်းမိုး​ဘေး မစခင် သင်္ဘော​တံခါး​ကို ယေဟောဝါ ပိတ်​လိုက်​သလို ကြီးစွာသောဒုက္ခ စတဲ့အခါ စာတန့်​စနစ်ကို “တံခါးပိတ်​လိုက်” မယ်၊ နောက်ထပ် လူတွေ ယေဟောဝါဘက် ရပ်တည်ဖို့၊ အာမဂေဒုန်မှာ လွတ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်ခဲ့တယ်။—မ. ၂၄:၃၇-၃၉။

4. Tuiciin a pianna thu khatciat in mailama hong piang ding thute muhkholna hi, ci-a ngaihsut ding bang hang kilawm lo a hiam?

၄ ရေလွှမ်းမိုး​ဘေး ဖြစ်ရပ်​တစ်ခု​ချင်း​စီ​ဟာ အနာဂတ် ဖြစ်ရပ်တွေ​ရဲ့ ရှေ့ပြေး​လို့ ကောက်ချက်ချ​သင့်​သလား။ မချသင့်ဘူး။ ဘာကြောင့်လဲ။ ကျမ်းစာမှာ ဖော်ပြ​မ​ထားလို့ပါ​ပဲ။a မိမိ ရောက်ရှိချိန်​ကို “နောဧ​လက်ထက်” နဲ့ ယေရှု ခိုင်းနှိုင်းတယ်။ ဒါပေမဲ့ သင်္ဘော​တံခါး​ကို ယေဟောဝါ ပိတ်​လိုက်တာ​လို​မျိုး ဖြစ်ရပ်​တစ်ခု​ချင်း​စီ​ဟာ အနာဂတ် ဖြစ်ရပ်တွေ​ရဲ့ ရှေ့ပြေး​လို့ မပြောဘူး။ နောဧ​ရေလွှမ်းမိုး​ဘေး မှတ်တမ်းကနေ သင်ယူစရာ မရှိတာ​တော့ မဟုတ်ပါဘူး။

5. (a) Tuiciin a tun ma-in Noah in bang sem a hiam? (Hebru 11:7; 1 Peter 3:20) (b) Noah ii taangko nasepna le ei huna taangko nasep bang pen kibang a hiam?

၅ ယေဟောဝါဆီက သတိပေးချက်​သတင်း ကြားတဲ့အခါ ယုံကြည်ခြင်းကြောင့် နောဧ သင်္ဘော​ဆောက်တယ်။ (ဟီဘရူး ၁၁:၇။ ၁ ပေတရု ၃:၂၀ တို့ကို ဖတ်ပါ။) အဲဒီလိုပဲ နိုင်ငံတော် သတင်းကောင်း ကြား​သူ​တွေ​ဟာ ကြားတာကို ယုံကြောင်း လက်တွေ့​ပြရမယ်။ (တ. ၃:၁၇-၂၀) နောဧ “ဖြောင့်မတ်ခြင်း​တရား ဟောပြော” တယ်လို့ ပေတရု ပြောတယ်။ (၂ ပေ. ၂:၅) ဒါပေမဲ့ ရှေ့ဆောင်းပါးမှာ သိခဲ့​တဲ့​အတိုင်း ရေလွှမ်းမိုး​ဘေး မကျရောက်ခင် လူတိုင်းကို နောဧ ဟော​သလား၊ မဟော​သလား​ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒီနေ့လည်း ကမ္ဘာချီ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်တို့ ထက်ထက်သန်သန် ပါဝင်နေကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ အဆုံး​မရောက်ခင် လူတိုင်းကို သတင်းကောင်း ဟောနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။

6-7. Beina hun hong tun ma-in mi kuama peuh kiangah lungdamna thu bang hangin kitaangko khin zo lo ding a hiam?

၆ “လူမျိုး​အားလုံး​အတွက် သက်သေ​ဖြစ်စေဖို့” “လူ​နေထိုင်ရာ မြေတစ်ခွင်လုံးမှာ” သတင်းကောင်း ဟောရမယ်​လို့ ယေရှု ပြောတယ်။ (မ. ၂၄:၁၄) ဒီနေ့​အချိန်မှာ တစ်ခါ​နဲ့​မှ မတူအောင် ယေရှု​စကား ပြည့်စုံ​နေတယ်။ နိုင်ငံတော်​သတင်းကို ဘာသာစကား ၁,၀၀၀ ကျော်​နဲ့ ကျွန်တော်တို့ ဟောပြောနေတယ်။ ဒါ့အပြင် jw.org ဝက်ဘ်ဆိုက်​ကြောင့် လူအများစု သတင်းကောင်း သိနိုင်​ပြီ။

၇ “မြို့ရွာ​တွေ​ကို လှည့်လည် ဟောပြောလို့ မပြီးခင်၊” တစ်နည်းအားဖြင့် လူတိုင်း​ဆီ သတင်းကောင်း မရောက်ခင် မိမိ ကြွလာ​မယ်​လို့ တပည့်တွေကို ယေရှု ပြောတယ်။ (မ. ၁၀:၂၃။ ၂၅:၃၁-၃၃) ကျွန်တော်တို့​ခေတ်မှာ အဲဒီစကားတွေ ပြည့်စုံ​လာမယ်။ ဟောပြောခြင်း​လုပ်ငန်း တင်းတင်းကျပ်ကျပ် ပိတ်ပင်​ထားတဲ့ ဒေသ​တွေ​မှာ လူ​သန်းချီ နေကြတယ်။ မိနစ်​တိုင်း​မှာ ကလေး​ရာချီ မွေးဖွား​လာကြတယ်။ ဒါကြောင့် “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့​လူတွေ” ကို သတင်းကောင်း ဟောဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ အဆုံး​မရောက်ခင် လူတိုင်းကို ဟောနိုင်မှာ မဟုတ်ဘူး။—ဗျာ. ၁၄:၆။

8. Mailam huna thukhenna tawh kisai-in bang ngaihsun khathei i hiam? (Lim zong en in.)

၈ ကြီးစွာသောဒုက္ခ မတိုင်ခင် သတင်းကောင်း ကြား​ခွင့်​မရသူတွေကို ယေဟောဝါ​ဘုရား၊ တရားစီရင်​ပိုင်ခွင့် အပ်နှင်း​ခံထားရတဲ့ သားတော် ဘယ်လို တရားစီရင်​မလဲ​လို့ စဉ်းစားမိ​မယ်။ (ယော. ၅:၁၉၊ ၂၂၊ ၂၇။ တ. ၁၇:၃၁) ဒီဆောင်းပါးရဲ့ အဓိက​ကျမ်းချက်မှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါဟာ “ဘယ်သူ့ကိုမှ မပျက်စီး​စေချင်” ဘူး။ “လူအားလုံးကို နောင်တရ​စေချင်” တယ်။ (၂ ပေ. ၃:၉။ ၁ တိ. ၂:၄) ဒါပေမဲ့ သတင်းကောင်း ကြား​ခွင့်​မရသူတွေကို ဘယ်လို တရားစီရင်မယ်ဆိုတာ မဖော်ပြ​သေး​ဘူး။ မဖြစ်​မနေ ဖော်ပြဖို့ တာဝန်လည်း မရှိပါဘူး။

ကြီးစွာသောဒုက္ခ မတိုင်ခင် သတင်းကောင်း ကြား​ခွင့်​မရသူတွေကို ယေဟောဝါ ဘယ်လို တရားစီရင်​မလဲ (စာပိုဒ် ၈ ကို ကြည့်ပါ)c


9. Lai Siangtho tungtawnin Jehovah in bang hong lakkhia a hiam?

၉ မိမိ လုပ်ဆောင်​မယ့်​အရာ​တချို့ကို ကျမ်းစာကတစ်ဆင့် ယေဟောဝါ ဖော်ပြထားတယ်။ ဥပမာ၊ သတင်းကောင်း ကြားဖို့၊ ဘဝ​လမ်းစဉ်​ပြောင်းဖို့ အခွင့်အရေး မရခဲ့​ကြ​တဲ့ “မဖြောင့်မတ်သူတွေ” ကို ရှင်ပြန်ထမြောက်လာ​စေမယ်။ (တ. ၂၄:၁၅။ လု. ၂၃:၄၂၊ ၄၃) ဒီ​အချက်ကြောင့် နောက်ထပ် စဉ်းစားစရာ​တွေ ပေါ်လာတယ်။

10. A ngaihsuthuai adang bang thute hong om a hiam?

၁၀ ကြီးစွာသောဒုက္ခအတွင်း သေသွား​သူ​အားလုံး ထာဝရ ပျက်စီးသွား​မလား။ အသက်ပြန်ရှင်​ဖို့ မျှော်လင့်ချက် မရှိတော့ဘူး​လား။ အာမဂေဒုန်မှာ ရန်သူတွေကို ယေဟောဝါနဲ့ ယေဟောဝါရဲ့ စစ်တပ် ဖျက်ဆီး​လိုက်တဲ့အခါ သူတို့ အသက်ပြန်ရှင်​မလာတော့​ဘူး​လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (၂ သက်. ၁:၆-၁၀) ဒါပေမဲ့ ကြီးစွာသောဒုက္ခအတွင်း ဖျားနာလို့၊ အသက်ကြီးလို့ သေသွား​သူ​တွေ၊ မတော်တဆ​ကြောင့်၊ လူ့​လက်ချက်ကြောင့် သေသွား​သူ​တွေ ရှိနိုင်တယ်။ (ဒေ. ၉:၁၁။ ဇာ. ၁၄:၁၃) ကမ္ဘာသစ်​မှာ ရှင်ပြန်ထမြောက်လာ​မယ့် “မဖြောင့်မတ်သူတွေ” ထဲ သူတို့ထဲက​တချို့ ပါ​မလား။ ကျွန်တော်တို့ မသိပါဘူး။

BANG THUTE THEI I HIAM?

11. Bang tungah kibulphuhin mite thu kikhen ding a hiam?

၁၁ အနာဂတ် ဖြစ်ရပ်တွေ​နဲ့ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး သိထားတယ်။ ဥပမာ၊ ခရစ်တော်ရဲ့ ညီတွေ​အပေါ် ဆက်ဆံပုံ​ကို အခြေခံပြီး လူတွေ တရားစီရင်​ခံ​ရကြမယ်။ (မ. ၂၅:၄၀) သိုး​အဖြစ် တရားစီရင်​ခံရသူတွေဟာ ဘိသိက်ခံတွေ​နဲ့ ခရစ်တော်ကို ထောက်ခံကြောင်း ပြနေ​ကြ​မယ်။ ကြီးစွာသောဒုက္ခ စပြီးနောက် ခရစ်တော်ရဲ့ ညီ​တချို့ မြေကြီးပေါ်မှာ ဆက်​ရှိမယ်။ အာမဂေဒုန် မစခင်လေးမှာ ကောင်းကင်ကို ခေါ်ဆောင်​ခံရမယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ညီ​တချို့ မြေကြီးပေါ်မှာ ရှိ​နေသရွေ့ သူတို့နဲ့ သူတို့​လုပ်ငန်းကို ထောက်ခံကြောင်း ပြဖို့ အခွင့်အရေး​လည်း ရှိနေမယ်။ (မ. ၂၅:၃၁၊ ၃၂။ ဗျာ. ၁၂:၁၇) ဒီအချက်က ဘာကြောင့် အရေးကြီးသလဲ။

12-13. “A Lian Babylon” a kisuksiat a muh khit uh ciangin mi pawlkhat in koici thukkik thei uh a hiam? (Lim zong en in.)

၁၂ ကြီးစွာသောဒုက္ခ စပြီးနောက် “မဟာဗာဗုလုန်” ဖျက်ဆီး​ခံရတာကို မြင်တဲ့အခါ ဒီအကြောင်း ယေဟောဝါ​သက်သေတွေ ပြောဖူးပါလား​ဆိုပြီး တချို့ ပြန်​မှတ်မိ​လာနိုင်တယ်။ မြင်ရတဲ့ ဖြစ်ရပ်တွေ​ကြောင့် တချို့ စိတ်ပြောင်း​လာ​မလား။—ဗျာ. ၁၇:၅။ ယေဇ. ၃၃:၃၃။

၁၃ မောရှေ​ခေတ်က အီဂျစ်​ပြည်မှာ ဘာဖြစ်ခဲ့သလဲ။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတုန်းက “ဧရာမ​လူအုပ်ကြီး” လည်း အတူ​လိုက်လာတယ်။ (ထွ. ၁၂:၃၈) လူအုပ်​ထဲက တချို့ဟာ မောရှေ ပြောတဲ့​အတိုင်း ကပ်ဘေး​ဆယ်ခု ဖြစ်လာတာ မြင်ပြီးနောက် ယေဟောဝါကို ယုံ​သွားတာ ဖြစ်မယ်။ မဟာဗာဗုလုန် ဖျက်ဆီး​ခံရပြီးနောက်​မှာ​လည်း အဲဒီလိုမျိုး​သာ လူ​တချို့ ကျွန်တော်တို့နဲ့ လာ​ပူးပေါင်း​ကြ​ရင်​ကော။ အဆုံး​မရောက်ခင်​လေး​မှ ကပ်ပြီး လာ​ပူးပေါင်း​ရ​ကောင်းလား​ဆိုပြီး ကျွန်တော်တို့ စိတ်ဆိုး​မလား။ စိတ်ဆိုး​မှာ မဟုတ်ပါဘူး။ ‘ကရုဏာ​ရှိပြီး သနားစာနာတတ်တဲ့၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့’ ကောင်းကင်ဘုံစံ​အဖ​ကို အတုယူ​ချင်ကြပါတယ်။b—ထွ. ၃၄:၆။

ရုပ်ပုံ– ၁။ ဘာသာရေး လုပ်ဆောင်မှုတွေ ပိတ်ပင်​လိုက်​ကြောင်း တီဗီ​သတင်းကို မိန်းကလေး​တစ်ယောက် ကြည့်နေ။ ဓာတ်ပုံ​တစ်ပုံ ကိုင်ထား။ မိဘတွေ​နဲ့​အတူ ယေဟောဝါကို ကိုးကွယ်​ချိန်​က မိမိ​ဘဝကို ပြန်တွေး​နေ။ ၂။ နောက်တော့ မိဘ​အိမ်ကို သွားလည်။ မိဘတွေ နွေးနွေးထွေးထွေး ကြိုဆို​လက်ခံ။ အိမ်အပြင်ဘက် လမ်းမ​မှာ ရုန်းရင်းဆန်ခတ် ဖြစ်​နေ။

“မဟာဗာဗုလုန်” ဖျက်ဆီး​ခံရတာကို မြင်တဲ့အခါ ယေဟောဝါ​သက်သေတွေ ဒီအကြောင်း ပြောဖူးပါလား​ဆိုပြီး တချို့ ပြန်​မှတ်မိ​လာနိုင် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)d


14-15. Mi khat a tawntungin nungta ding, nungta lo ding cih pen ama sih hun le a omna mun tungah a kiciangtan hiam? Hilhcian in. (Late 33:4, 5)

၁၄ မယုံကြည်သူ မိသားစုဝင်​တချို့​နဲ့ပတ်သက်ပြီး “ကြီးစွာသောဒုက္ခ မစခင် သူတို့ သေသွား​ကြ​ရင် ကောင်းမယ်။ ဒါမှ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိမှာ” လို့ ညီအစ်ကို/မတချို့ ပြောတတ်​ကြတယ်။ နားဝင်​ဆိုးပေမဲ့ ချစ်လို့ ပြောကြ​တာ​ပါ။ ဒါပေမဲ့ လူတစ်ယောက် ထာဝစဉ် အသက်ရှင်​မရှင်​ဆိုတာ သူ ဘယ်အချိန် သေ​သလဲ​ဆိုတာ​အပေါ် မမူတည်ဘူး။ ယေဟောဝါဟာ ပြည့်ဝစုံလင်တဲ့ တရားသူကြီး​ပါ။ တရားစီရင်ချက်​တွေ​ဟာ အမြဲ ဖြောင့်မတ်​မျှတတယ်။ (ဆာလံ ၃၃:၄၊ ၅ ကို ဖတ်ပါ။) မှန်ကန်​တာကို​ပဲ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” လုပ်မယ်​ဆိုတာ စိတ်ချနိုင်ပါတယ်။—က. ၁၈:၂၅။

၁၅ လူတစ်ယောက် ထာဝစဉ် အသက်ရှင်​မရှင်​ဆိုတာ ဘယ်နေရာမှာ နေသလဲဆိုတာ​အပေါ်လည်း မမူတည်ဘူး။ နိုင်ငံတော်​သတင်း တစ်ခါမှ ကြား​ခွင့်​မရတဲ့ ဒေသမှာ နေတဲ့ လူ​သန်းချီ​ကို “ဆိတ်” လို့ ယေဟောဝါ တန်း​သတ်မှတ်​လိုက်​မှာ မဟုတ်ဘူး။ (မ. ၂၅:၄၆) သူတို့အတွက် ကျွန်တော်တို့ တွေး​ပေးတာ​ထက် မြေတစ်ပြင်လုံးရဲ့ ဖြောင့်မတ်တဲ့ တရားသူကြီး​က ပိုလို့တောင် တွေး​ပေး​သေးတယ်။ ကြီးစွာသောဒုက္ခအတွင်း ယေဟောဝါ ဘာတွေကို ဘယ်လို ဖြစ်စေမယ်​ဆိုတာ ကျွန်တော်တို့ မသိဘူး။ မိမိ​ကိုယ်​မိမိ လူမျိုးတွေ​ရှေ့မှာ ယေဟောဝါ သန့်ရှင်း​မြင့်မြတ်​စေ​တဲ့အခါ မြင်ရ​တွေ့ရတာ​တွေ​ကြောင့် ယေဟောဝါအကြောင်း လူ​တချို့ သိချင်​လာနိုင်တယ်။ ယုံကြည်​လာနိုင်တယ်။ ယေဟောဝါဘက် ရပ်တည်​ချင်​လာနိုင်တယ်။—ယေဇ. ၃၈:၁၆။

ကြီးစွာသောဒုက္ခ စပြီးနောက် . . . မြင်ရတဲ့ ဖြစ်ရပ်တွေ​ကြောင့် တချို့ စိတ်ပြောင်း​လာ​မလား

16. Jehovah’ thu bangteng thei khin i hiam? (Lim zong en in.)

၁၆ လူတွေကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားကြောင်း ကျမ်းစာ​လေ့လာတဲ့အခါ သိလာရတယ်။ ကျွန်တော်တို့​အားလုံး ထာဝရ​အသက် ရနိုင်ဖို့ သားတော်ရဲ့ အသက်ကို ပေးခဲ့တယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို သနား​ကြင်နာတယ်။ (ဟေရှာ. ၄၉:၁၅) တစ်ယောက်စီကို နာမည်နဲ့တကွ သိတယ်။ သေဆုံးသွားရင်တောင် ကျွန်တော်တို့ရဲ့ အသေးစိတ်ကျတဲ့ တစ်မူထူးခြား​ချက်​တွေ၊ မှတ်ဉာဏ်​တွေ​ကို ထည့်သွင်း​ပြီး ရှင်​ပြန်ထမြောက်​စေနိုင်​လောက်​တဲ့​အထိ တစ်ယောက်စီအကြောင်း ကောင်းကောင်း သိတယ်။ (မ. ၁၀:၂၉-၃၁) ဒါကြောင့် တစ်ယောက်စီကို ဟာကွက်​မရှိ၊ မှန်မှန်ကန်ကန်၊ ကရုဏာ​ပါပါ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင်တယ်။—ယာ. ၂:၁၃။

မိဘတွေ၊ တခြားသူတွေနဲ့​အတူ ကြီးစွာသောဒုက္ခကနေ မိန်းကလေး​တစ်ယောက် ထွက်လာ။

တစ်ယောက်စီကို ဟာကွက်​မရှိ၊ မှန်မှန်ကန်ကန်၊ ကရုဏာ​ပါပါ ယေဟောဝါ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင် (စာပိုဒ် ၁၆ ကို ကြည့်ပါ)


17. A zom thulu-ah bang thu kikum ding i hiam?

၁၇ ဒီလို နားလည်မှု ပြုပြင်​လိုက်လို့ ဟောပြောခြင်း​လုပ်ငန်း အရင်ကထက် ပိုအရေးကြီးလာမှန်း သဘောပေါက်​သွားပြီ။ ဘာကြောင့်လဲ။ ဇွဲမလျှော့တမ်း သတင်းကောင်း ဆက်​ဟောဖို့ ဘာက လှုံ့ဆော်ပေးသလဲ။ ဒီ​မေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။

MAILAM HUNAH JEHOVAH IN MITE TUNGA THU A KHEN DAN DING TAWH KISAI-A, . . .

  • i theih nai loh thu pawlkhat in bang a hiam?

  • i theih thu pawlkhat in bang a hiam?

  • bang pen muang thei i hiam?

LA 76 ဘယ်လို ခံစားရလဲ

a ဒီလို​ပြုပြင်​ပြောင်းလဲ​လိုက်ရတဲ့ အကြောင်းရင်း​နဲ့ပတ်သက်ပြီး ၂၀၁၅၊ မတ် ၁၅ ကင်းမျှော်စင် စာ. ၃-၈ မှာ ပါတဲ့ “ထို​အမှုသည် ကိုယ်တော်​အလို​ရှိသည့်အတိုင်း ဖြစ်ပါ၏” ဆောင်းပါးကို ကြည့်ပါ။

b မဟာဗာဗုလုန် ဖျက်ဆီး​ခံရပြီးနောက် ယေဟောဝါရဲ့ ကျေးကျွန်​အားလုံးဟာ မာဂေါဂပြည်က ဂေါဂ​မင်းရဲ့ တိုက်ခိုက်မှု​အတွင်း စမ်းသပ်ခံရ​ကြ​မယ်။ မဟာဗာဗုလုန် ဖျက်ဆီး​ခံရပြီးနောက် ဘုရားလူမျိုးနဲ့ ပူးပေါင်း​လာ​သူ​တွေ​လည်း စမ်းသပ်ခံရ​ကြ​မယ်။

c ပုံအညွှန်း– လူ​နေရာ မြေတစ်ခွင်လုံးမှာ ကျွန်တော်တို့ ဟော​နေပေမဲ့ လူ​တချို့ သတင်းကောင်း ကြား​ခွင့်​မရတဲ့ အကြောင်းရင်းကို ဖော်ပြတဲ့ ရုပ်ပုံ​သုံး​ပုံ– (၁) ဟောပြောခြင်း​လုပ်ငန်း ထိုးဖောက်​ဖို့ မလွယ်တဲ့၊ ဘာသာရေး​ဩဇာ ကြီးတဲ့​ဒေသက အမျိုးသမီးတစ်ယောက်။ (၂) ဟောပြောခြင်း​လုပ်ငန်း တရားမဝင်​တဲ့၊ အန္တရာယ်များတဲ့၊ နိုင်ငံရေး​ဩဇာ ကြီးတဲ့​ဒေသက စုံတွဲ​တစ်တွဲ။ (၃) ဝေးလံခေါင်သီ​ပြီး သွားလာ​ရ​ခက်တဲ့ ဒေသက အမျိုး​သားတစ်ယောက်။

d ပုံအညွှန်း– အမှန်တရားကို စွန့်​သွားတဲ့ မိန်းကလေး​တစ်ယောက် “မဟာဗာဗုလုန်” ဖျက်ဆီး​ခံရခြင်း​အကြောင်း အရင်က သိထားတာကို ပြန်သတိရလာ။ စိတ်ပြောင်း​လဲသွား​ပြီး သက်သေခံ မိဘတွေ​ဆီ ပြန်လာ။ အဲဒီလိုသာ ဖြစ်လာရင် ကရုဏာ​ရှိပြီး သနားစာနာတတ်တဲ့ ကောင်းကင်ဘုံစံ​အဖ​ကို ကျွန်တော်တို့ အတုယူချင်။ အပြစ်​လုပ်​သူ နောင်တရပြီး ပြန်လှည့်လာ​တဲ့အခါ ဝမ်းသာ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ