SIN DING THU 20
LA 67 “တရားစကားကို ဟောပြောပါ”
Itna Bulphuhin Pasian’ Thu Taangkosuak In!
“Mi khempeuh tungah lungdamna thu kihilh masa phot ding hi.”—MRK 13:10.
အာရုံစိုက်ရာ
ထက်ထက်သန်သန် စိတ်ပါလက်ပါ ဟောပြောဖို့ ချစ်ခြင်းမေတ္တာက ဘယ်လို လှုံ့ဆော်ပေးသလဲ။
1. Kum 2023 annual meeting-ah bang thute theikhia i hiam?
၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာa နားလည်မှုတချို့ ပြုပြင်ပြောင်းလဲလိုက်တယ်။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ကြေညာချက်တချို့ ကြားခဲ့ရတယ်။ ဥပမာ၊ မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက်မှာတောင် ယေဟောဝါလူမျိုးနဲ့ ပူးပေါင်းဖို့ လူတချို့ အခွင့်အရေး ရှိနိုင်ကြောင်း သိခဲ့ရတယ်။ ၂၀၂၃၊ နိုဝင်ဘာလကစပြီး အမှုဆောင်လုပ်ငန်း လုပ်ဆောင်မှုတိုင်းကို မှတ်တမ်းသွင်းစရာ မလိုတော့ကြောင်းလည်း သိခဲ့ရတယ်။ ဒီအပြောင်းအလဲတွေက အမှုဆောင်လုပ်ငန်း အရင်ကလောက် အရေးမကြီးတော့ဘူးလို့ ဆိုလိုသလား။ လုံးဝ မဆိုလိုပါဘူး။
2. Ni khat khit ni khat Pasian’ nasepna bang hangin thupi semsem a hiam? (Marka 13:10)
၂ တစ်ရက်ကုန်သွားတိုင်း အမှုဆောင်လုပ်ငန်း ပိုအရေးကြီးလာတယ်။ ဘာကြောင့်လဲ။ အချိန် သိပ်မကျန်တော့လို့ပါ။ နောက်ဆုံးကာလအတွင်း ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှု ဘာကြိုပြောသလဲ။ (မာကု ၁၃:၁၀ ကို ဖတ်ပါ။) မဿဲကျမ်းပြိုင်မှတ်တမ်းမှာ “အဆုံး” မရောက်ခင် လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ သတင်းကောင်း ဟောရမယ်လို့ ပြောတယ်။ (မ. ၂၄:၁၄) အဆုံးဆိုတာ စာတန့်စနစ်ဆိုးရဲ့ အဆုံးကို ပြောတာပါ။ မကြာခင် ဖြစ်လာမယ့် ဖြစ်ရပ်တွေအတွက် “နေ့” နဲ့ “အချိန်” ကို ယေဟောဝါဘုရား သတ်မှတ်ထားပြီးပြီ။ (မ. ၂၄:၃၆။ ၂၅:၁၃။ တ. ၁:၇) တစ်ရက်ကုန်သွားတိုင်း အဲဒီနေ့၊ အဲဒီအချိန် ပိုနီးလာနေတယ်။ (ရော. ၁၃:၁၁) အဲဒီအချိန် မရောက်ခင် ကျွန်တော်တို့ ဆက်ဟောပြောနေကြရမယ်။
3. Pasian’ thu a taangko dingin bang in hong tawsawn a hiam?
၃ စဉ်းစားစရာ မေးခွန်းတစ်ခု ပေါ်လာတယ်။ ကျွန်တော်တို့ ဘာကြောင့် သတင်းကောင်း ဟောကြသလဲ။ ချစ်ခြင်းမေတ္တာကြောင့်ပါ။ ဟောပြောတာဟာ သတင်းကောင်းကို၊ လူတွေကို၊ အဓိက,ကတော့ ယေဟောဝါနဲ့ နာမတော်ကို ချစ်မြတ်နိုးကြောင်း ပြနေတာပါပဲ။ တစ်ချက်ချင်းစီ ဆွေးနွေးကြရအောင်။
LUNGDAMNA THU IT IHIH MANIN I TAANGKO HI
4. Lungdamna thu i zak ciangin koici thukkik i hiam?
၄ ကောင်းသတင်း ကြားတဲ့အခါ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်လေ့ရှိသလဲ။ ဥပမာ၊ ကိုယ့်မိသားစုဝင်တစ်ယောက်မှာ ရင်သွေးလေး ရှိနေပြီဆိုတာ သိလိုက်ရချိန်၊ ကိုယ်သိပ်လိုချင်နေတဲ့ အလုပ် ရသွားချိန်မျိုးပေါ့။ ကိုယ့်မိသားစု၊ မိတ်ဆွေတွေကို ဒီသတင်း ဝမ်းသာအားရ ပြောပြမှာပဲ။ အကောင်းတကာ့ အကောင်းဆုံး သတင်း ဖြစ်တဲ့ ဘုရားနိုင်ငံတော် သတင်းကောင်း ကြားရချိန်မှာကော အဲဒီလိုပဲလား။
5. Lai Siangtho thuman na theih masak lai-in na lungsim bangci om a hiam? (Lim zong en in.)
၅ ကျမ်းစာအမှန်တရား စသိချိန်မှာ ဘယ်လို ခံစားရသလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကို ကောင်းကင်ဘုံစံအဖ ချစ်ကြောင်း၊ ကမ္ဘာချီ မိသားစုဝင် ဖြစ်လာစေချင်ကြောင်း၊ နာကျင်မှု၊ ဒုက္ခတွေ အဆုံးတိုင်စေမယ်လို့ ကတိပေးထားကြောင်း၊ သေဆုံးသွားတဲ့ ချစ်ရသူတွေကို ကမ္ဘာသစ်မှာ အသက်ပြန်ရှင်စေမယ်ဆိုတဲ့ မျှော်လင့်ချက် ပေးထားကြောင်း စသဖြင့် သိလိုက်ရတယ်။ (မာ. ၁၀:၂၉၊ ၃၀။ ယော. ၅:၂၈၊ ၂၉။ ရော. ၈:၃၈၊ ၃၉။ ဗျာ. ၂၁:၃၊ ၄) ဒီအမှန်တရားတွေကြောင့် ရင်ထဲ လှိုက်ဆူသွားတယ်။ (လု. ၂၄:၃၂) သိလာတာတွေကို ချစ်မြတ်နိုးလွန်းလို့ တခြားသူတွေကို မပြောပြဘဲ မနေနိုင်တော့ဘူး။—ယေရမိ ၂၀:၉ နဲ့ နှိုင်းယှဉ်ပါ။
ကျမ်းစာအမှန်တရား စသိချိန်မှာ စိတ်လှုပ်ရှားလွန်းလို့ တခြားသူတွေကို မပြောပြဘဲ မနေနိုင်ကြ (စာပိုဒ် ၅ ကို ကြည့်ပါ)
6. Ernest le Rose ii tuahkhakna pan bang theikhia i hiam?
၆ ညီအစ်ကို အားနက်စ်b ရဲ့ တွေ့ကြုံမှုကို စဉ်းစားကြည့်ပါ။ အားနက်စ် ၁၀ နှစ်လောက်မှာ ဖခင် ဆုံးသွားတယ်။ “‘အဖေ ကောင်းကင်များ ရောက်သွားပြီလား ဒါမှမဟုတ် လုံးဝ ပျောက်ကွယ်သွားပြီလား’ လို့ စဉ်းစားမိတယ်။ တခြားကလေးတွေကို သူတို့အဖေတွေနဲ့ တတွဲတွဲ တွေ့ရတိုင်း မနာလိုဖြစ်မိတယ်” လို့ ပြောတယ်။ အဖေ့အုတ်ဂူဆီ သွားပြီး “ဘုရားသခင်၊ အဖေ ဘယ်ရောက်နေသလဲ သိချင်လိုက်တာ” လို့ ဒူးထောက်ဆုတောင်းလေ့ရှိတယ်။ အဖေ ဆုံးပြီး ၁၇ နှစ်လောက်အကြာမှာ အားနက်စ် ကျမ်းစာသင်အံမှု ကမ်းလှမ်းခံရတယ်။ ချက်ချင်း လက်ခံလိုက်တယ်။ သေဆုံးသွားသူတွေဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုပဲ ဘာမှ မသိကြောင်း၊ အနာဂတ်မှာ အသက်ပြန်ရှင်လာမှာ ဖြစ်ကြောင်း သိလိုက်ရတယ်။ (ဒေ. ၉:၅၊ ၁၀။ တ. ၂၄:၁၅) နောက်ဆုံးတော့ နှစ်တွေတစ်လျှောက် သိပ်သိချင်နေတဲ့ မေးခွန်းတွေရဲ့ အဖြေ ရသွားတယ်။ သိလာတဲ့ ကျမ်းစာအမှန်တရားတွေကြောင့် ရင်ထဲ လှိုက်ဆူသွားတယ်။ ဇနီး ရို့စ်လည်း အားနက်စ်နဲ့အတူ ကျမ်းစာလေ့လာတယ်။ လေ့လာသိရှိလာတာတွေကို ချစ်မြတ်နိုးတယ်။ ၁၉၇၈ ခုနှစ်မှာ သူတို့ နှစ်ခြင်းခံကြတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့ နားထောင်ချင်သူ ဘယ်သူ့ကိုမဆို အဖိုးတန် ကျမ်းစာအမှန်တရား ထက်ထက်သန်သန် ပြောပြကြတယ်။ ရလဒ်အနေနဲ့ လူပေါင်း ၇၀ ကျော်ကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ ကူညီပေးနိုင်ခဲ့ကြတယ်။
7. Lai Siangtho thuman i it a leh bang sem ding i hiam? (Luka 6:45)
၇ ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးရင် တခြားသူတွေကို ကျွန်တော်တို့ မပြောပြဘဲ မနေနိုင်တော့ဘူး။ (လုကာ ၆:၄၅ ကို ဖတ်ပါ။) “ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး” လို့ ပြောတဲ့ ပထမရာစု ယေရှုတပည့်တွေလို ခံစားကြရတယ်။ (တ. ၄:၂၀) အမှန်တရားကို ချစ်မြတ်နိုးလွန်းလို့ လူများနိုင်သမျှ များများကို ပြောပြချင်ကြတယ်။
MITE IT IHIH MANIN PASIAN’ THU I TAANGKO HI
8. Lungdamna thu a taangko dingin bang in hong tawsawn a hiam? (“Mite It In—Nungzui Suaksak In.” cih kiu li bawm en in.) (Lim zong en in.)
၈ ယေဟောဝါနဲ့ သားတော် ယေရှုလိုပဲ လူတွေကို ကျွန်တော်တို့ ချစ်မြတ်နိုးကြတယ်။ (ပညာ. ၈:၃၁။ ယော. ၃:၁၆) “ဘုရားသခင်ကို မသိတဲ့သူတွေ၊” “မျှော်လင့်ချက်မဲ့” သူတွေကို သနားစာနာကြတယ်။ (ဧ. ၂:၁၂) သူတို့ဟာ ဒုက္ခပင်လယ်ထဲ နစ်နေသူတွေနဲ့ တူတယ်။ သူတို့ လိုနေတဲ့ အသက်ကယ်အင်္ကျီ ကျွန်တော်တို့မှာ ရှိတယ်။ အဲဒါကတော့ ဘုရားနိုင်ငံတော် သတင်းကောင်းပါ။ အဲဒီလိုလူတွေကို ချစ်တဲ့စိတ်၊ သနားစာနာတဲ့စိတ်က အတတ်နိုင်ဆုံး သတင်းကောင်း ဟောဖို့ လှုံ့ဆော်ပေးတယ်။ အဖိုးတန် သတင်းကောင်း သူတို့ ကြားတဲ့အခါ မျှော်လင့်ချက် ရှင်သန်လာနိုင်တယ်။ လောလောဆယ်မှာတောင် ပျော်စရာ ဘဝအသက်တာ ပိုင်ဆိုင်လာနိုင်တယ်။ ကမ္ဘာသစ်မှာ “စစ်မှန်တဲ့ အသက်” ဖြစ်တဲ့ ထာဝရအသက် ရဖို့ အခွင့်အရေး ရှိလာနိုင်တယ်။—၁ တိ. ၆:၁၉။
လူတွေကို ချစ်တဲ့စိတ်၊ သနားစာနာတဲ့စိတ်က အတတ်နိုင်ဆုံး သတင်းကောင်း ဟောဖို့ လှုံ့ဆော်ပေး (စာပိုဒ် ၈ ကို ကြည့်ပါ)
9. Mailam hun tawh kisai-in mite bang thu theisaknuam na hiam? Bang hang hiam? (Ezekiel 33:7, 8)
၉ လူတွေကို ချစ်မြတ်နိုးတာက လောကစနစ်အဆုံး ရောက်လာတော့မယ့်အကြောင်း သတိပေးဖို့လည်း လှုံ့ဆော်ပေးတယ်။ (ယေဇကျေလ ၃၃:၇၊ ၈ ကို ဖတ်ပါ။) ယေဟောဝါကို မကိုးကွယ်တဲ့ မိသားစုဝင်တွေ အပါအဝင် လူအားလုံးကို ကျွန်တော်တို့ သနားစာနာကြတယ်။ “ဒီလောက တည်ချိန်ကနေ အခုထိ မဖြစ်ဖူးသေးတဲ့၊ နောင်လည်း ဖြစ်မှာ မဟုတ်တဲ့ ကြီးစွာသောဒုက္ခ” ရောက်လာတော့မယ်ဆိုတာ မသိဘဲ တစ်ရက်ပြီးတစ်ရက် ပုံမှန်အတိုင်း သူတို့ လှုပ်ရှားသွားလာနေကြတာ။ (မ. ၂၄:၂၁) မှားယွင်းတဲ့ ဘာသာရေး အရင်ဆုံး ဖျက်ဆီးခံရမယ်၊ အဲဒီနောက် အာမဂေဒုန်မှာ လောကစနစ်ဆိုးတစ်ခုလုံး ဖျက်ဆီးခံရမယ်ဆိုတာ သူတို့ကို သိစေချင်ကြတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၇:၁၆၊ ၁၇။ ၁၉:၁၁၊ ၁၉၊ ၂၀) အခုအချိန်မှာ မယုံကြည်သူ မိသားစုဝင်တွေ အပါအဝင် လူများနိုင်သမျှ များများ သတိပေးချက်ကို နားထောင်ပြီး စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်လာဖို့ ကျွန်တော်တို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ သတိပေးချက်ကို အခုအချိန် နားမထောင်ကြရင်ကော။
10. Mite vauna i piaksuak ding bang hangin thupi a hiam?
၁၀ ရှေ့ဆောင်းပါးမှာ ရှင်းပြခဲ့တဲ့အတိုင်း မဟာဗာဗုလုန် ဖျက်ဆီးခံရတာ မြင်တဲ့အခါ စိတ်နှလုံး ပြောင်းလဲလာသူတွေကို ကယ်တင်ဖို့ ယေဟောဝါ ဆန္ဒရှိနိုင်တယ်။ အဲဒီလိုသာဆိုရင် အခုအချိန်မှာ လူတွေကို ဆက်သတိပေးနေဖို့ ပိုလို့တောင် အရေးကြီးသေးတယ်။ စဉ်းစားကြည့်ပါ– အခုအချိန် ကျွန်တော်တို့ သတိပေးနေမှ နောင်တစ်ချိန် သူတို့ သတိရစရာ ရှိနေမှာ။ (ယေဇကျေလ ၃၃:၃၃ နဲ့ နှိုင်းယှဉ်ပါ။) ကျွန်တော်တို့ သတိပေးခဲ့ဖူးတာကို ပြန်သတိရပြီး အချိန်မနှောင်းခင် စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ချင်လာနိုင်တယ်။ “ငလျင်ကြီး လှုပ်ပြီး” နောက် ဖိလိပ္ပိမြို့က ထောင်မှူး စိတ်နှလုံး ပြောင်းလဲလာသလို မဟာဗာဗုလုန် ဖျက်ဆီးခံရတာလိုမျိုး ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက် စိတ်နှလုံး ပြောင်းလဲလာသူတချို့ ရှိနိုင်တယ်။—တ. ၁၆:၂၅-၃၄။
JEHOVAH LE A MIN IT IHIH MANIN PASIAN’ THU I TAANGKO HI
11. Jehovah tungah pahtawina, phatna le thahatnate koi bangin pia i hiam? (Maangmuhna 4:11) (Lim zong en in.)
၁၁ သတင်းကောင်း ဟောရတဲ့ အဓိက အကြောင်းရင်းဟာ ယေဟောဝါဘုရားနဲ့ နာမတော်ကို ချစ်မြတ်နိုးလို့ပါပဲ။ အမှုဆောင်လုပ်ငန်းဟာ သိပ်ချစ်ရတဲ့ ဘုရားကို ချီးမွမ်းဂုဏ်တင်တဲ့ နည်းတစ်နည်း ဖြစ်တယ်။ (ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။) ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ဘုရား ရထိုက်တယ်ဆိုတာ ကျွန်တော်တို့ သဘောတူကြတယ်။ “အရာခပ်သိမ်းကို [ဘုရား] ဖန်ဆင်းခဲ့” ကြောင်း၊ ဘုရားကြောင့်သာ ကျွန်တော်တို့ တည်ရှိနေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တခြားသူတွေကို ပြောပြတာဟာ ဘုရားကို ဂုဏ်တင်ချီးမွမ်းနေတာပါပဲ။ အခြေအနေ ပေးသလောက် အမှုဆောင်လုပ်ငန်းမှာ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ အသုံးပြုနေတာဟာ ကိုယ့်အစွမ်းခွန်အားကို ဘုရားဆီ ပေးနေတာပါပဲ။ (မ. ၆:၃၃။ လု. ၁၃:၂၄။ ကော. ၃:၂၃) ဘုရားကို ချစ်မြတ်နိုးလွန်းလို့ ဘုရားအကြောင်း ပြောပြချင်ကြတယ်။ နာမတော်အကြောင်း၊ ယေဟောဝါ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်းလည်း ပြောပြချင်ကြတယ်။ ဘာကြောင့်လဲ။
အခြေအနေ ပေးသလောက် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ အသုံးပြုတာဟာ ယေဟောဝါကို ကိုယ့်ရဲ့ အစွမ်းခွန်အား ပေးတာ ဖြစ် (စာပိုဒ် ၁၁ ကို ကြည့်ပါ)
12. Koi bang danin Pasian’ nasepna-ah Pasian’ min siangthosak i hiam?
၁၂ ယေဟောဝါကို ချစ်မြတ်နိုးတာက နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့လည်း လှုံ့ဆော်ပေးတယ်။ (မ. ၆:၉) ယေဟောဝါအကြောင်း စာတန် ပြောထားသမျှ အလိမ်အညာတွေချည်းပဲဆိုတာ တခြားသူတွေကို ကျွန်တော်တို့ ပြောပြချင်ကြတယ်။ (က. ၃:၁-၅။ ယောဘ ၂:၄။ ယော. ၈:၄၄) ယေဟောဝါဟာ ဘယ်သူ ဖြစ်ကြောင်း၊ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အမှုဆောင်မှာ နားထောင်သူ ဘယ်သူ့ကိုမဆို ပြောပြချင်ကြတယ်။ ဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေးဟာ မေတ္တာ ဖြစ်တယ်၊ ဘုရားရဲ့ အုပ်ချုပ်ပုံနည်းလမ်းဟာ ဖြောင့်မတ်မှန်ကန်တယ်၊ မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရားနိုင်ငံတော်က အဆုံးတိုင်စေပြီး လူ့မိသားစုအတွက် ငြိမ်သက်ပျော်ရွှင်မှု ဆောင်ကြဉ်းပေးတော့မယ်ဆိုတာ လူတိုင်းကို ပြောပြချင်ကြတယ်။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉။ ၁ ယော. ၄:၈) ဒီလိုမျိုးပြောပြတာဟာ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေနေတာပဲ။ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ နေနေတယ်ဆိုတဲ့ အသိကြောင့်လည်း ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်ရတယ်။ ဘာကြောင့်လဲ။
13. Jehovah Teci ci-a a hong kisap pen bang hangin angtang i hiam? (Isaiah 43:10-12)
၁၃ မိမိရဲ့ “သက်သေတွေ” လို့ ကျွန်တော်တို့ကို ယေဟောဝါ ခေါ်တယ်။ (ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။) “ယေဟောဝါသက်သေများဟု အခေါ်ခံရခြင်းက ဂုဏ်အရှိဆုံး ဖြစ်သည်” လို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အုပ်ချုပ်ရေးအဖွဲ့ဆီက လာတဲ့ စာမှာ ဖော်ပြဖူးတယ်။c ဘာကြောင့်လဲ။ စာရိတ္တ ကောင်းမွန်ကြောင်း တရားရုံးမှာ ကိုယ့်ကို သက်သေလိုက်ပေးမယ့်သူ လိုနေတယ် ဆိုပါစို့။ ကိုယ် ကောင်းကောင်း သိသူ၊ ယုံကြည်ရသူ၊ ယုံလို့ ရတယ်ဆိုတဲ့ နာမည်ကောင်း ရှိသူကို ရွေးမယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ကို သက်သေအဖြစ် ယေဟောဝါ ရွေးတာဟာ ကျွန်တော်တို့အကြောင်း ကောင်းကောင်း သိကြောင်း၊ မိမိဟာ စစ်မှန်ပြီး တစ်ဆူတည်းသော ဘုရား ဖြစ်မှန်း သက်သေခံပေးမယ်ဆိုတာ ယုံကြောင်း ပြလိုက်တာပဲ။ ယေဟောဝါသက်သေ ဖြစ်ခွင့်ရတာကို ကျွန်တော်တို့ သိပ်ဂုဏ်ယူတဲ့အတွက် အခွင့်အရေး ရတိုင်း နာမတော်ကို ကြေညာကြတယ်။ ဘုရားအကြောင်း အလိမ်အညာတွေ ဖော်ထုတ်ကြတယ်။ ဒီနည်းအားဖြင့် ဂုဏ်ယူစွာ ခံယူထားတဲ့ ယေဟောဝါသက်သေဆိုတဲ့ နာမည်နဲ့အညီ နေထိုင်ကြတယ်။—ဆာ. ၈၃:၁၈။ ရော. ၁၀:၁၃-၁၅။
BEINA HUN HONG TUN CIANGDONG PASIAN’ THU TAANGKO DING
14. Mailamah bang a thalawphuai thute hong piang thei a hiam?
၁၄ အနာဂတ်မှာ စိတ်လှုပ်ရှားစရာတွေ ဖြစ်လာတော့မယ်။ ကြီးစွာသောဒုက္ခ မစခင် နောက်ထပ် လူအများကြီး အမှန်တရား လက်ခံလာဖို့ ကျွန်တော်တို့ မျှော်လင့်ကြတယ်။ လူ့သမိုင်းရဲ့ အမှောင်ဆုံးအချိန် ကြီးစွာသောဒုက္ခအတွင်းမှာတောင် လူများစွာ စာတန့်လောက,ကနေ ထွက်လာပြီး ယေဟောဝါကို ကျွန်တော်တို့နဲ့အတူ ဂုဏ်တင်ချီးမွမ်းလာနိုင်ကြောင်း သိရလို့ ဝမ်းသာကြတယ်။—တ. ၁၃:၄၈။
15-16. Bang semsuak ding ihi hiam? Bang hun ciangdong a hiam?
၁၅ လောလောဆယ် ကျွန်တော်တို့မှာ လုပ်စရာ ရှိတယ်။ နောက်ဘယ်တော့မှ ထပ်မလုပ်ရတော့မယ့် အလုပ်ပါ။ အဲဒါကတော့ ကမ္ဘာမြေတစ်ခွင် ဘုရားနိုင်ငံတော် သတင်းကောင်း ဟောဖို့ ဖြစ်တယ်။ တစ်ချိန်တည်းမှာ ဆက်သတိပေးနေရမယ်။ ဒီစနစ်ဆိုးရဲ့ အဆုံး တစ်ဟုန်ထိုး လာနေပြီဆိုတာ လူတွေ သိဖို့ လိုတယ်။ ဒါမှ တရားစီရင်ချိန် ရောက်တဲ့အခါ ကျွန်တော်တို့ ဟောခဲ့တဲ့ သတင်းဟာ ယေဟောဝါဘုရားဆီက လာမှန်း သိကြမှာ။—ယေဇ. ၃၈:၂၃။
၁၆ ဒီတော့ ဘာဆုံးဖြတ်ထားကြမလဲ။ “တော်ပြီ၊ မဟောနဲ့တော့” လို့ ယေဟောဝါ ပြောတဲ့အချိန်ထိ သတင်းကောင်းကို၊ လူတွေကို၊ ယေဟောဝါကို၊ နာမတော်ကို ချစ်မြတ်နိုးစိတ်နဲ့ အရေးတကြီး ထက်ထက်သန်သန် ဇွဲရှိရှိ ဆက်ဟောနေကြရအောင်။
LA 54 “Hih Pen Lampi Hi”
a ၂၀၂၃၊ အောက်တိုဘာလ ၇ ရက်၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ နယူးဘာ့ဂ်မြို့ အစည်းအဝေးခန်းမမှာ ယေဟောဝါသက်သေများရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပခဲ့တယ်။ ၂၀၂၃၊ နိုဝင်ဘာလမှာ အပိုင်း ၁ အဖြစ်၊ ၂၀၂၄၊ ဇန်နဝါရီလမှာ အပိုင်း ၂ အဖြစ် အစီအစဉ်တစ်ခုလုံးကို JW ရုပ်သံထုတ်လွှင့်မှုမှာ တင်ဆက်ပေးခဲ့တယ်။
b ၂၀၁၅၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်—ယုတ္တိရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာအဖြေကို ကျွန်တော် သဘောကျ” ဆောင်းပါးကို ကြည့်ပါ။
c ၂၀၀၇ မတ်လ နိုင်ငံတော်ဓမ္မအမှု စာ. ၃ ကို ကြည့်ပါ။