SIN DING THU 19
LA 22 နိုင်ငံတော် ရောက်ရှိပြီ၊ လာပါစေ
Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?
‘Note khat beek in siatna na thuakkhak ding uh [Jehovah in] deih lo hi.—2 PE. 3:9.
အာရုံစိုက်ရာ
အနာဂတ်မှာ လူတွေကို ယေဟောဝါ ဖြောင့်မတ်မျှတစွာ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
1. A thalawphuai hunah nunga ihihlam bang hang gen thei i hiam
စိတ်လှုပ်ရှားစရာကာလမှာ ကျွန်တော်တို့ အသက်ရှင်နေကြတယ်။ ကျမ်းစာကြိုဟောချက်တွေ ပြည့်စုံတာ နေ့တိုင်း မြင်နေရတယ်။ ဥပမာ၊ ကမ္ဘာ့အင်အားအကြီးဆုံး ဖြစ်ဖို့ “မြောက်ဘုရင်” နဲ့ “တောင်ဘုရင်” အပြန်အလှန် တွန်းထိုးတာ မြင်ရတယ်။ (ဒံ. ၁၁:၄၀) နိုင်ငံတော် သတင်းကောင်းကို မြေတစ်ခွင်လုံးမှာ ဟောပြောတာ၊ လူသန်းချီ လက်ခံတာ မြင်ရတယ်။ (ဟေရှာ. ၆၀:၂၂။ မ. ၂၄:၁၄) ကျွန်တော်တို့ “အချိန်တန်” အစားအစာ ဝဝလင်လင် စားသုံးနေရတယ်။—မ. ၂၄:၄၅-၄၇။
2. Bang muang thei i hiam? Ahih hang, bang pen i san theih ding kisam a hiam?
၂ သိပ်မကြာခင် မြင်ရမယ့် အရေးကြီး ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး နားလည်သည်ထက် နားလည်ဖို့ ယေဟောဝါဘုရား ဆက်ကူညီပေးနေတယ်။ (ပညာ. ၄:၁၈။ ဒံ. ၂:၂၈) ဒါကြောင့် သိသင့်သိထိုက်တာမှန်သမျှကို ကြီးစွာသောဒုက္ခ စပြီဆိုတာနဲ့ ကျွန်တော်တို့ သိနေပြီး ဖြစ်မယ်ဆိုတာ စိတ်ချနိုင်တယ်။ သိသင့်သိထိုက်တာမှန်သမျှလို့ ပြောတဲ့အခါ အဲဒီလို ခက်ခဲတဲ့ ကာလအတွင်း ဘယ်လို ဆက်သစ္စာရှိနိုင်မလဲ၊ ဆက်စည်းလုံးနိုင်မလဲ စတာတွေ ပါတယ်။ ဒါပေမဲ့ မသိတာတွေလည်း ရှိတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ဖြစ်ရပ်တချို့နဲ့ပတ်သက်ပြီး အရင်က ရှင်းပြခဲ့တာကို ဘာကြောင့် ပြုပြင်ပြောင်းလဲလိုက်သလဲ။ အနာဂတ်နဲ့ပတ်သက်ပြီး၊ ကောင်းကင်ဘုံစံအဖ ဘယ်လို လုပ်ဆောင်မယ်ဆိုတာနဲ့ပတ်သက်ပြီး သိထားတာတချို့က ဘာလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
BANG THUTE THEI LO I HIAM?
3. Thu-um lo mite adingin Jehovah tawh a kipawl theih nading hunpha bang hun ciangin om nawn lo ding ci-in gen i hiam? Bang hang hiam?။
၃ ကြီးစွာသောဒုက္ခ စပြီဆိုတာနဲ့ မယုံကြည်သူတွေ ယေဟောဝါဘက် ရပ်တည်ဖို့၊ အာမဂေဒုန်မှာ လွတ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ အရင်က ရှင်းပြခဲ့တယ်။ ရေလွှမ်းမိုးဘေး ဖြစ်ရပ်တစ်ခုချင်းစီ၊ လူတစ်ယောက်စီဟာ အနာဂတ် ဖြစ်ရပ်တွေရဲ့ ရှေ့ပြေးလို့ ထင်ပြီး အဲဒီလိုရှင်းပြခဲ့တာ။ ဥပမာ၊ ရေလွှမ်းမိုးဘေး မစခင် သင်္ဘောတံခါးကို ယေဟောဝါ ပိတ်လိုက်သလို ကြီးစွာသောဒုက္ခ စတဲ့အခါ စာတန့်စနစ်ကို “တံခါးပိတ်လိုက်” မယ်၊ နောက်ထပ် လူတွေ ယေဟောဝါဘက် ရပ်တည်ဖို့၊ အာမဂေဒုန်မှာ လွတ်ဖို့ အခွင့်အရေး မရှိတော့ဘူးလို့ ထင်ခဲ့တယ်။—မ. ၂၄:၃၇-၃၉။
4. Tuiciin a pianna thu khatciat in mailama hong piang ding thute muhkholna hi, ci-a ngaihsut ding bang hang kilawm lo a hiam?
၄ ရေလွှမ်းမိုးဘေး ဖြစ်ရပ်တစ်ခုချင်းစီဟာ အနာဂတ် ဖြစ်ရပ်တွေရဲ့ ရှေ့ပြေးလို့ ကောက်ချက်ချသင့်သလား။ မချသင့်ဘူး။ ဘာကြောင့်လဲ။ ကျမ်းစာမှာ ဖော်ပြမထားလို့ပါပဲ။a မိမိ ရောက်ရှိချိန်ကို “နောဧလက်ထက်” နဲ့ ယေရှု ခိုင်းနှိုင်းတယ်။ ဒါပေမဲ့ သင်္ဘောတံခါးကို ယေဟောဝါ ပိတ်လိုက်တာလိုမျိုး ဖြစ်ရပ်တစ်ခုချင်းစီဟာ အနာဂတ် ဖြစ်ရပ်တွေရဲ့ ရှေ့ပြေးလို့ မပြောဘူး။ နောဧရေလွှမ်းမိုးဘေး မှတ်တမ်းကနေ သင်ယူစရာ မရှိတာတော့ မဟုတ်ပါဘူး။
5. (a) Tuiciin a tun ma-in Noah in bang sem a hiam? (Hebru 11:7; 1 Peter 3:20) (b) Noah ii taangko nasepna le ei huna taangko nasep bang pen kibang a hiam?
၅ ယေဟောဝါဆီက သတိပေးချက်သတင်း ကြားတဲ့အခါ ယုံကြည်ခြင်းကြောင့် နောဧ သင်္ဘောဆောက်တယ်။ (ဟီဘရူး ၁၁:၇။ ၁ ပေတရု ၃:၂၀ တို့ကို ဖတ်ပါ။) အဲဒီလိုပဲ နိုင်ငံတော် သတင်းကောင်း ကြားသူတွေဟာ ကြားတာကို ယုံကြောင်း လက်တွေ့ပြရမယ်။ (တ. ၃:၁၇-၂၀) နောဧ “ဖြောင့်မတ်ခြင်းတရား ဟောပြော” တယ်လို့ ပေတရု ပြောတယ်။ (၂ ပေ. ၂:၅) ဒါပေမဲ့ ရှေ့ဆောင်းပါးမှာ သိခဲ့တဲ့အတိုင်း ရေလွှမ်းမိုးဘေး မကျရောက်ခင် လူတိုင်းကို နောဧ ဟောသလား၊ မဟောသလားဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒီနေ့လည်း ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်တို့ ထက်ထက်သန်သန် ပါဝင်နေကြတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ အဆုံးမရောက်ခင် လူတိုင်းကို သတင်းကောင်း ဟောနိုင်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲ။
6-7. Beina hun hong tun ma-in mi kuama peuh kiangah lungdamna thu bang hangin kitaangko khin zo lo ding a hiam?
၆ “လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့” “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ” သတင်းကောင်း ဟောရမယ်လို့ ယေရှု ပြောတယ်။ (မ. ၂၄:၁၄) ဒီနေ့အချိန်မှာ တစ်ခါနဲ့မှ မတူအောင် ယေရှုစကား ပြည့်စုံနေတယ်။ နိုင်ငံတော်သတင်းကို ဘာသာစကား ၁,၀၀၀ ကျော်နဲ့ ကျွန်တော်တို့ ဟောပြောနေတယ်။ ဒါ့အပြင် jw.org ဝက်ဘ်ဆိုက်ကြောင့် လူအများစု သတင်းကောင်း သိနိုင်ပြီ။
၇ “မြို့ရွာတွေကို လှည့်လည် ဟောပြောလို့ မပြီးခင်၊” တစ်နည်းအားဖြင့် လူတိုင်းဆီ သတင်းကောင်း မရောက်ခင် မိမိ ကြွလာမယ်လို့ တပည့်တွေကို ယေရှု ပြောတယ်။ (မ. ၁၀:၂၃။ ၂၅:၃၁-၃၃) ကျွန်တော်တို့ခေတ်မှာ အဲဒီစကားတွေ ပြည့်စုံလာမယ်။ ဟောပြောခြင်းလုပ်ငန်း တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတဲ့ ဒေသတွေမှာ လူသန်းချီ နေကြတယ်။ မိနစ်တိုင်းမှာ ကလေးရာချီ မွေးဖွားလာကြတယ်။ ဒါကြောင့် “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကားအမျိုးမျိုး ပြောတဲ့လူတွေ” ကို သတင်းကောင်း ဟောဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ အဆုံးမရောက်ခင် လူတိုင်းကို ဟောနိုင်မှာ မဟုတ်ဘူး။—ဗျာ. ၁၄:၆။
8. Mailam huna thukhenna tawh kisai-in bang ngaihsun khathei i hiam? (Lim zong en in.)
၈ ကြီးစွာသောဒုက္ခ မတိုင်ခင် သတင်းကောင်း ကြားခွင့်မရသူတွေကို ယေဟောဝါဘုရား၊ တရားစီရင်ပိုင်ခွင့် အပ်နှင်းခံထားရတဲ့ သားတော် ဘယ်လို တရားစီရင်မလဲလို့ စဉ်းစားမိမယ်။ (ယော. ၅:၁၉၊ ၂၂၊ ၂၇။ တ. ၁၇:၃၁) ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်မှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါဟာ “ဘယ်သူ့ကိုမှ မပျက်စီးစေချင်” ဘူး။ “လူအားလုံးကို နောင်တရစေချင်” တယ်။ (၂ ပေ. ၃:၉။ ၁ တိ. ၂:၄) ဒါပေမဲ့ သတင်းကောင်း ကြားခွင့်မရသူတွေကို ဘယ်လို တရားစီရင်မယ်ဆိုတာ မဖော်ပြသေးဘူး။ မဖြစ်မနေ ဖော်ပြဖို့ တာဝန်လည်း မရှိပါဘူး။
ကြီးစွာသောဒုက္ခ မတိုင်ခင် သတင်းကောင်း ကြားခွင့်မရသူတွေကို ယေဟောဝါ ဘယ်လို တရားစီရင်မလဲ (စာပိုဒ် ၈ ကို ကြည့်ပါ)c
9. Lai Siangtho tungtawnin Jehovah in bang hong lakkhia a hiam?
၉ မိမိ လုပ်ဆောင်မယ့်အရာတချို့ကို ကျမ်းစာကတစ်ဆင့် ယေဟောဝါ ဖော်ပြထားတယ်။ ဥပမာ၊ သတင်းကောင်း ကြားဖို့၊ ဘဝလမ်းစဉ်ပြောင်းဖို့ အခွင့်အရေး မရခဲ့ကြတဲ့ “မဖြောင့်မတ်သူတွေ” ကို ရှင်ပြန်ထမြောက်လာစေမယ်။ (တ. ၂၄:၁၅။ လု. ၂၃:၄၂၊ ၄၃) ဒီအချက်ကြောင့် နောက်ထပ် စဉ်းစားစရာတွေ ပေါ်လာတယ်။
10. A ngaihsuthuai adang bang thute hong om a hiam?
၁၀ ကြီးစွာသောဒုက္ခအတွင်း သေသွားသူအားလုံး ထာဝရ ပျက်စီးသွားမလား။ အသက်ပြန်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလား။ အာမဂေဒုန်မှာ ရန်သူတွေကို ယေဟောဝါနဲ့ ယေဟောဝါရဲ့ စစ်တပ် ဖျက်ဆီးလိုက်တဲ့အခါ သူတို့ အသက်ပြန်ရှင်မလာတော့ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ (၂ သက်. ၁:၆-၁၀) ဒါပေမဲ့ ကြီးစွာသောဒုက္ခအတွင်း ဖျားနာလို့၊ အသက်ကြီးလို့ သေသွားသူတွေ၊ မတော်တဆကြောင့်၊ လူ့လက်ချက်ကြောင့် သေသွားသူတွေ ရှိနိုင်တယ်။ (ဒေ. ၉:၁၁။ ဇာ. ၁၄:၁၃) ကမ္ဘာသစ်မှာ ရှင်ပြန်ထမြောက်လာမယ့် “မဖြောင့်မတ်သူတွေ” ထဲ သူတို့ထဲကတချို့ ပါမလား။ ကျွန်တော်တို့ မသိပါဘူး။
BANG THUTE THEI I HIAM?
11. Bang tungah kibulphuhin mite thu kikhen ding a hiam?
၁၁ အနာဂတ် ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အများကြီး သိထားတယ်။ ဥပမာ၊ ခရစ်တော်ရဲ့ ညီတွေအပေါ် ဆက်ဆံပုံကို အခြေခံပြီး လူတွေ တရားစီရင်ခံရကြမယ်။ (မ. ၂၅:၄၀) သိုးအဖြစ် တရားစီရင်ခံရသူတွေဟာ ဘိသိက်ခံတွေနဲ့ ခရစ်တော်ကို ထောက်ခံကြောင်း ပြနေကြမယ်။ ကြီးစွာသောဒုက္ခ စပြီးနောက် ခရစ်တော်ရဲ့ ညီတချို့ မြေကြီးပေါ်မှာ ဆက်ရှိမယ်။ အာမဂေဒုန် မစခင်လေးမှာ ကောင်းကင်ကို ခေါ်ဆောင်ခံရမယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ညီတချို့ မြေကြီးပေါ်မှာ ရှိနေသရွေ့ သူတို့နဲ့ သူတို့လုပ်ငန်းကို ထောက်ခံကြောင်း ပြဖို့ အခွင့်အရေးလည်း ရှိနေမယ်။ (မ. ၂၅:၃၁၊ ၃၂။ ဗျာ. ၁၂:၁၇) ဒီအချက်က ဘာကြောင့် အရေးကြီးသလဲ။
12-13. “A Lian Babylon” a kisuksiat a muh khit uh ciangin mi pawlkhat in koici thukkik thei uh a hiam? (Lim zong en in.)
၁၂ ကြီးစွာသောဒုက္ခ စပြီးနောက် “မဟာဗာဗုလုန်” ဖျက်ဆီးခံရတာကို မြင်တဲ့အခါ ဒီအကြောင်း ယေဟောဝါသက်သေတွေ ပြောဖူးပါလားဆိုပြီး တချို့ ပြန်မှတ်မိလာနိုင်တယ်။ မြင်ရတဲ့ ဖြစ်ရပ်တွေကြောင့် တချို့ စိတ်ပြောင်းလာမလား။—ဗျာ. ၁၇:၅။ ယေဇ. ၃၃:၃၃။
၁၃ မောရှေခေတ်က အီဂျစ်ပြည်မှာ ဘာဖြစ်ခဲ့သလဲ။ အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတုန်းက “ဧရာမလူအုပ်ကြီး” လည်း အတူလိုက်လာတယ်။ (ထွ. ၁၂:၃၈) လူအုပ်ထဲက တချို့ဟာ မောရှေ ပြောတဲ့အတိုင်း ကပ်ဘေးဆယ်ခု ဖြစ်လာတာ မြင်ပြီးနောက် ယေဟောဝါကို ယုံသွားတာ ဖြစ်မယ်။ မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက်မှာလည်း အဲဒီလိုမျိုးသာ လူတချို့ ကျွန်တော်တို့နဲ့ လာပူးပေါင်းကြရင်ကော။ အဆုံးမရောက်ခင်လေးမှ ကပ်ပြီး လာပူးပေါင်းရကောင်းလားဆိုပြီး ကျွန်တော်တို့ စိတ်ဆိုးမလား။ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့’ ကောင်းကင်ဘုံစံအဖကို အတုယူချင်ကြပါတယ်။b—ထွ. ၃၄:၆။
“မဟာဗာဗုလုန်” ဖျက်ဆီးခံရတာကို မြင်တဲ့အခါ ယေဟောဝါသက်သေတွေ ဒီအကြောင်း ပြောဖူးပါလားဆိုပြီး တချို့ ပြန်မှတ်မိလာနိုင် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)d
14-15. Mi khat a tawntungin nungta ding, nungta lo ding cih pen ama sih hun le a omna mun tungah a kiciangtan hiam? Hilhcian in. (Late 33:4, 5)
၁၄ မယုံကြည်သူ မိသားစုဝင်တချို့နဲ့ပတ်သက်ပြီး “ကြီးစွာသောဒုက္ခ မစခင် သူတို့ သေသွားကြရင် ကောင်းမယ်။ ဒါမှ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိမှာ” လို့ ညီအစ်ကို/မတချို့ ပြောတတ်ကြတယ်။ နားဝင်ဆိုးပေမဲ့ ချစ်လို့ ပြောကြတာပါ။ ဒါပေမဲ့ လူတစ်ယောက် ထာဝစဉ် အသက်ရှင်မရှင်ဆိုတာ သူ ဘယ်အချိန် သေသလဲဆိုတာအပေါ် မမူတည်ဘူး။ ယေဟောဝါဟာ ပြည့်ဝစုံလင်တဲ့ တရားသူကြီးပါ။ တရားစီရင်ချက်တွေဟာ အမြဲ ဖြောင့်မတ်မျှတတယ်။ (ဆာလံ ၃၃:၄၊ ၅ ကို ဖတ်ပါ။) မှန်ကန်တာကိုပဲ “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” လုပ်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—က. ၁၈:၂၅။
၁၅ လူတစ်ယောက် ထာဝစဉ် အသက်ရှင်မရှင်ဆိုတာ ဘယ်နေရာမှာ နေသလဲဆိုတာအပေါ်လည်း မမူတည်ဘူး။ နိုင်ငံတော်သတင်း တစ်ခါမှ ကြားခွင့်မရတဲ့ ဒေသမှာ နေတဲ့ လူသန်းချီကို “ဆိတ်” လို့ ယေဟောဝါ တန်းသတ်မှတ်လိုက်မှာ မဟုတ်ဘူး။ (မ. ၂၅:၄၆) သူတို့အတွက် ကျွန်တော်တို့ တွေးပေးတာထက် မြေတစ်ပြင်လုံးရဲ့ ဖြောင့်မတ်တဲ့ တရားသူကြီးက ပိုလို့တောင် တွေးပေးသေးတယ်။ ကြီးစွာသောဒုက္ခအတွင်း ယေဟောဝါ ဘာတွေကို ဘယ်လို ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ မိမိကိုယ်မိမိ လူမျိုးတွေရှေ့မှာ ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေတဲ့အခါ မြင်ရတွေ့ရတာတွေကြောင့် ယေဟောဝါအကြောင်း လူတချို့ သိချင်လာနိုင်တယ်။ ယုံကြည်လာနိုင်တယ်။ ယေဟောဝါဘက် ရပ်တည်ချင်လာနိုင်တယ်။—ယေဇ. ၃၈:၁၆။
ကြီးစွာသောဒုက္ခ စပြီးနောက် . . . မြင်ရတဲ့ ဖြစ်ရပ်တွေကြောင့် တချို့ စိတ်ပြောင်းလာမလား
16. Jehovah’ thu bangteng thei khin i hiam? (Lim zong en in.)
၁၆ လူတွေကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားကြောင်း ကျမ်းစာလေ့လာတဲ့အခါ သိလာရတယ်။ ကျွန်တော်တို့အားလုံး ထာဝရအသက် ရနိုင်ဖို့ သားတော်ရဲ့ အသက်ကို ပေးခဲ့တယ်။ (ယော. ၃:၁၆) ကျွန်တော်တို့ကို သနားကြင်နာတယ်။ (ဟေရှာ. ၄၉:၁၅) တစ်ယောက်စီကို နာမည်နဲ့တကွ သိတယ်။ သေဆုံးသွားရင်တောင် ကျွန်တော်တို့ရဲ့ အသေးစိတ်ကျတဲ့ တစ်မူထူးခြားချက်တွေ၊ မှတ်ဉာဏ်တွေကို ထည့်သွင်းပြီး ရှင်ပြန်ထမြောက်စေနိုင်လောက်တဲ့အထိ တစ်ယောက်စီအကြောင်း ကောင်းကောင်း သိတယ်။ (မ. ၁၀:၂၉-၃၁) ဒါကြောင့် တစ်ယောက်စီကို ဟာကွက်မရှိ၊ မှန်မှန်ကန်ကန်၊ ကရုဏာပါပါ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင်တယ်။—ယာ. ၂:၁၃။
တစ်ယောက်စီကို ဟာကွက်မရှိ၊ မှန်မှန်ကန်ကန်၊ ကရုဏာပါပါ ယေဟောဝါ တရားစီရင်မယ်ဆိုတာ စိတ်ချနိုင် (စာပိုဒ် ၁၆ ကို ကြည့်ပါ)
17. A zom thulu-ah bang thu kikum ding i hiam?
၁၇ ဒီလို နားလည်မှု ပြုပြင်လိုက်လို့ ဟောပြောခြင်းလုပ်ငန်း အရင်ကထက် ပိုအရေးကြီးလာမှန်း သဘောပေါက်သွားပြီ။ ဘာကြောင့်လဲ။ ဇွဲမလျှော့တမ်း သတင်းကောင်း ဆက်ဟောဖို့ ဘာက လှုံ့ဆော်ပေးသလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးကြမယ်။
LA 76 ဘယ်လို ခံစားရလဲ
a ဒီလိုပြုပြင်ပြောင်းလဲလိုက်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ၂၀၁၅၊ မတ် ၁၅ ကင်းမျှော်စင် စာ. ၃-၈ မှာ ပါတဲ့ “ထိုအမှုသည် ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါ၏” ဆောင်းပါးကို ကြည့်ပါ။
b မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက် ယေဟောဝါရဲ့ ကျေးကျွန်အားလုံးဟာ မာဂေါဂပြည်က ဂေါဂမင်းရဲ့ တိုက်ခိုက်မှုအတွင်း စမ်းသပ်ခံရကြမယ်။ မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက် ဘုရားလူမျိုးနဲ့ ပူးပေါင်းလာသူတွေလည်း စမ်းသပ်ခံရကြမယ်။
c ပုံအညွှန်း– လူနေရာ မြေတစ်ခွင်လုံးမှာ ကျွန်တော်တို့ ဟောနေပေမဲ့ လူတချို့ သတင်းကောင်း ကြားခွင့်မရတဲ့ အကြောင်းရင်းကို ဖော်ပြတဲ့ ရုပ်ပုံသုံးပုံ– (၁) ဟောပြောခြင်းလုပ်ငန်း ထိုးဖောက်ဖို့ မလွယ်တဲ့၊ ဘာသာရေးဩဇာ ကြီးတဲ့ဒေသက အမျိုးသမီးတစ်ယောက်။ (၂) ဟောပြောခြင်းလုပ်ငန်း တရားမဝင်တဲ့၊ အန္တရာယ်များတဲ့၊ နိုင်ငံရေးဩဇာ ကြီးတဲ့ဒေသက စုံတွဲတစ်တွဲ။ (၃) ဝေးလံခေါင်သီပြီး သွားလာရခက်တဲ့ ဒေသက အမျိုးသားတစ်ယောက်။
d ပုံအညွှန်း– အမှန်တရားကို စွန့်သွားတဲ့ မိန်းကလေးတစ်ယောက် “မဟာဗာဗုလုန်” ဖျက်ဆီးခံရခြင်းအကြောင်း အရင်က သိထားတာကို ပြန်သတိရလာ။ စိတ်ပြောင်းလဲသွားပြီး သက်သေခံ မိဘတွေဆီ ပြန်လာ။ အဲဒီလိုသာ ဖြစ်လာရင် ကရုဏာရှိပြီး သနားစာနာတတ်တဲ့ ကောင်းကင်ဘုံစံအဖကို ကျွန်တော်တို့ အတုယူချင်။ အပြစ်လုပ်သူ နောင်တရပြီး ပြန်လှည့်လာတဲ့အခါ ဝမ်းသာ။