SIN DING THU 18
LA 1 ယေဟောဝါရဲ့ ဂုဏ်ရည်တော်များ
“Leitung Khempeuh Thukhen Pa” In Hehpihna A Neihlam Muang In!
“Leitung khempeuh Thukhen pa a manin gamta lo ding ahi hiam?”—PIAN. 18:25.
အာရုံစိုက်ရာ
မဖြောင့်မတ်သူတွေကို ရှင်ပြန်ထမြောက်စေခြင်းနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ ကရုဏာနဲ့ တရားမျှတမှုကို ပိုသဘောပေါက်စေဖို့ ဒီဆောင်းပါးက ရည်ရွယ်ပါတယ်။
1. Abraham in hehnepna a pia bang thu a tel ding Jehovah in deih a hiam?
သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးမယ့်အကြောင်း ကောင်းကင်တမန်ကတစ်ဆင့် အာဗြဟံကို ယေဟောဝါဘုရား ပြောတယ်။ ယေဟောဝါကို အာဗြဟံ အခိုင်အမာ ယုံပေမဲ့ နားလည်ရခက်သွားတယ်။ ဒါနဲ့ “လူကောင်းတွေကို လူဆိုးတွေနဲ့အတူ တကယ် ဖျက်ဆီးပစ်မှာလား။ . . . မြေတစ်ပြင်လုံးရဲ့ တရားသူကြီးက မှန်ကန်တာကိုပဲ လုပ်” မယ် မဟုတ်လားလို့ မေးတယ်။ (က. ၁၈:၂၃-၃၃) ဖြောင့်မတ်သူ လူကောင်းတွေကို ဘယ်တော့မှ မဖျက်ဆီးဘူးဆိုတဲ့ အရေးကြီး သင်ခန်းစာကို ချစ်မိတ်ဆွေ အာဗြဟံ သဘောပေါက်ဖို့ ယေဟောဝါ စိတ်ရှည်ရှည် ကူညီပေးတယ်။ ကျွန်တော်တို့အားလုံးအတွက် အကျိုးရှိတဲ့၊ နှစ်သိမ့်မှု ဖြစ်စေတဲ့ သင်ခန်းစာပါပဲ။
2. Jehovah’ thukhensatnate a tawntungin thumanin, hehpihna kihel ahihlam bang hang muang thei i hiam?
၂ ယေဟောဝါရဲ့ တရားစီရင်ချက်တွေ အမြဲ ဖြောင့်မတ်မှန်ကန်တယ်၊ ကရုဏာ ပါတယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။ “နှလုံးသားကို ကြည့်” တဲ့ ဘုရားမို့လို့ပါ။ (၁ ရှ. ၁၆:၇) အံ့ဩစရာပါပဲ။ “လူသားတိုင်းရဲ့ စိတ်နှလုံးကို” သိနေတာ။ (၁ ဘု. ၈:၃၉။ ၁ ရာ. ၂၈:၉) ကျွန်တော်တို့ သိတာထက် ဘုရား သိတာတွေ အဆမတန် များတဲ့အတွက် ဘုရားရဲ့ တရားစီရင်ချက်တွေကို အပြည့်အဝ နားမလည်တဲ့အချိန်တွေ ရှိနိုင်တယ်။ ဒါကြောင့်လည်း “တရားစီရင်ချက်တွေကို စိစစ်လို့ မကုန်နိုင်ဘူး” လို့ တမန်တော် ပေါလု ပြောတာ။—ရော. ၁၁:၃၃။
3-4. Khat veivei ciangin koi bangin ngaihsun khathei i hiam? Hih thulu-ah bang thu kikum ding i hiam? (Johan 5:28, 29)
၃ မှန်ကန်တာကိုပဲ ယေဟောဝါ အမြဲ လုပ်တယ်ဆိုတာ သိပေမဲ့ အာဗြဟံ တွေးမိတာတွေ ရှိသလို ကျွန်တော်တို့လည်း တွေးမိတာတွေ ရှိနိုင်တယ်။ ဥပမာ၊ ‘သောဒုံနဲ့ ဂေါမောရမြို့သားတွေလို ယေဟောဝါ ဖျက်ဆီးလိုက်သူတွေ အနာဂတ်မှာ အသက်ပြန်ရှင်လာဦးမလား။ “ရှင်ပြန်ထမြောက်လာမယ့်” “မဖြောင့်မတ်သူတွေ” ထဲ သူတို့ထဲကတချို့ ပါနိုင်သလား’ စသဖြင့် တွေးမိနိုင်တယ်။—တ. ၂၄:၁၅။
၄ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘယ်လို နားလည်ထားသလဲ။ ‘အသက်ရှင်ဖို့ ထမြောက်ခြင်း၊’ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ နဲ့ပတ်သက်ပြီး မကြာသေးခင်က နားလည်မှု ပြုပြင်ပြောင်းလဲခဲ့တယ်။a (ယောဟန် ၅:၂၈၊ ၂၉ ကို ဖတ်ပါ။) အဲဒီပြုပြင်ပြောင်းလဲမှုကြောင့် နောက်ထပ် နားလည်မှု ပြုပြင်ပြောင်းလဲစရာတွေ ပေါ်လာတယ်။ ဒီအကြောင်း ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ ယေဟောဝါရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေ မသိသလဲ၊ ဘာတွေ သိသလဲဆိုတာ အရင်ဆုံး သုံးသပ်ကြမယ်။
BANG THUTE THEI LO I HIAM?
5. Sodom le Gomorrah khua a kisuksiat lai-a suksiat a thuak mite tawh kisai-in pawlpi laibute-ah nidangin koi bangin na hilhcian a hiam?
၅ သောဒုံနဲ့ ဂေါမောရမြို့သားတွေလို မဖြောင့်မတ်သူတွေအဖြစ် ယေဟောဝါ တရားစီရင်လိုက်သူတွေ ရှင်ပြန်ထမြောက်မလာတော့ဘူးလို့ အဖွဲ့အစည်းစာပေတွေမှာ အရင်က ရှင်းပြခဲ့တယ်။ ဒါပေမဲ့ သေသေချာချာ ဆုတောင်း၊ ထပ်ဆင့် ရှာဖွေလေ့လာပြီးနောက်မှာ မေးစရာ ပေါ်လာတယ်။ အဲဒီလို တပ်အပ် ပြောလို့ရသလားဆိုတာပါ။
6. Jehovah in migilote thu na khen ahihlam Lai Siangtho sunga thu pawlkhat gen in. Lai Siangtho-ah bang thu kigen lo a hiam?
၆ မဖြောင့်မတ်သူတွေကို ယေဟောဝါ တရားစီရင်ခဲ့ကြောင်း ကျမ်းမှတ်တမ်းများစွာ ရှိတယ်။ ဥပမာ၊ နောဧတို့မိသားစုကလွဲပြီး ကမ္ဘာပေါ်မှာ ရှိသမျှ လူအားလုံးကို ရေလွှမ်းမိုးဘေးနဲ့ ပယ်ရှင်းလိုက်တယ်။ အစ္စရေးတွေကို သုံးပြီး ကတိထားရာပြည်က လူမျိုးခုနစ်မျိုးကို ဖျက်ဆီးလိုက်တယ်။ ကောင်းကင်တမန်တစ်ပါးကို သုံးပြီး အဆီးရီးယားစစ်သည် ၁၈၅,၀၀၀ ကို တစ်ညတည်းနဲ့ ကွပ်မျက်လိုက်တယ်။ (က. ၇:၂၃။ တရား. ၇:၁-၃။ ဟေရှာ. ၃၇:၃၆၊ ၃၇) သူတို့အားလုံးကို ယေဟောဝါ ထာဝရအပြီး ဖျက်ဆီးလိုက်ပြီ၊ ရှင်ပြန်ထမြောက်မပေးတော့ဘူးလို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားသလား။ ဖော်ပြမထားဘူး။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။
7. Tuiciin tawh suksiat a thuak mite tawh kisa-a i theih loh thu in bang a hiam? (Lim en in.) (b) Israel mi te’n Kanaan gam a suksiat lai-a suksiat a thuak mite tawh kisai bang thu thei lo i hiam?
၇ သူတို့တစ်ယောက်စီကို ယေဟောဝါ ဘယ်လို စီရင်ချက်မျိုး ချလိုက်သလဲ၊ ယေဟောဝါအကြောင်း သင်ယူဖို့၊ နောင်တယူဖို့ သူတို့ အခွင့်အရေး ရခဲ့ကြသလားဆိုတာ ကျွန်တော်တို့ မသိဘူး။ ရေလွှမ်းမိုးဘေးအကြောင်း ကျမ်းစာမှာ ဖော်ပြတုန်းက “ဖြောင့်မတ်ခြင်းတရား ဟောပြော” သူလို့ နောဧကို ခေါ်ထားတယ်။ (၂ ပေ. ၂:၅) ဒါပေမဲ့ ဧရာမ သင်္ဘောကြီး ဆောက်ရင်း ကမ္ဘာပေါ်က လူတိုင်းကို ဟောပြောခဲ့တယ်လို့ ကျမ်းစာမှာ ဖော်ပြမထားဘူး။ အဲဒီလိုပဲ ခါနန်ပြည်က လူဆိုးအားလုံး ယေဟောဝါအကြောင်း သင်ယူဖို့၊ ဘဝလမ်းစဉ်ပြောင်းဖို့ အခွင့်အရေး ရခဲ့ကြသလားဆိုတာ ကျွန်တော်တို့ မသိဘူး။
နောဧတို့မိသားစု ဧရာမ သင်္ဘောကြီး ဆောက်ရင်း ရေလွှမ်းမိုးဘေး မတိုင်ခင် ကမ္ဘာပေါ်က လူတိုင်းကို ဟောပြောခဲ့သလားဆိုတာ ကျွန်တော်တို့ မသိဘူး (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Sodom le Gomorrah khuamite’ tawh kisai-in bang thu thei lo i hiam?
၈ သောဒုံ၊ ဂေါမောရမြို့သားတွေနဲ့ပတ်သက်ပြီးတော့ကော။ သောဒုံမြို့မှာ လောတလို့ ခေါ်တဲ့ ဖြောင့်မတ်သူတစ်ယောက် နေတယ်။ ဒါပေမဲ့ သူတို့ယောက်တိုင်းကို လောတ ဟောပြောခဲ့သလားဆိုတာ ကျွန်တော်တို့ မသိဘူး။ သူတို့ ကမ်းကုန်အောင် ဆိုးကြတယ်။ ဒါပေမဲ့ ဆိုးလို့ ဆိုးမှန်းကော သိကြရဲ့လား။ လောတအိမ်ကို ရောက်နေတဲ့ ဧည့်သည်တွေနဲ့ လိင်ဆက်ဆံချင်လို့ ထုတ်ပေးစမ်းဆိုပြီး လူရမ်းကားတစ်အုပ် လာဝိုင်းတာ သတိရပါ။ အဲဒီလူရမ်းကားတွေထဲမှာ “လူကြီးလူငယ်တွေ” ပါတယ်လို့ ကျမ်းစာ ဆိုတယ်။ (က. ၁၉:၄။ ၂ ပေ. ၂:၇) လူကြီးကအစ လူငယ်အဆုံး ဆိုးသွမ်းနေတဲ့ အဲဒီလိုနေရာမျိုးမှာ ဘုရားအကြောင်း၊ ဘုရားစံနှုန်းတွေအကြောင်း သင်ယူဖို့ လူအများစု အခွင့်အရေး ရခဲ့ကြပါ့မလား။ သူတို့တစ်ယောက်ကိုမှ ရှင်ပြန်ထမြောက်မပေးတော့ဘူးလို့ ကရုဏာရှင် ယေဟောဝါ ဆုံးဖြတ်လိုက်မှန်း ကျွန်တော်တို့ တကယ် သိရလို့လား။ အဲဒီမြို့မှာ ဖြောင့်မတ်သူ လူကောင်းဆယ်ယောက်တောင် မရှိဘူး။ (က. ၁၈:၃၂) မဖြောင့်မတ်ကြလို့၊ ဖျက်ဆီးသင့်လို့ ယေဟောဝါ ဖျက်ဆီးလိုက်တယ်။ ဒါပေမဲ့ “ရှင်ပြန်ထမြောက်လာမယ့်” “မဖြောင့်မတ်သူတွေ” ထဲ သူတို့တစ်ယောက်မှ မပါဘူးလို့ တပ်အပ် ပြောနိုင်သလား။ မပြောနိုင်ဘူး။
9. Solomon’ thu i theih loh bang a hiam?
၉ နဂိုတုန်းက ဖြောင့်မတ်ပေမဲ့ မဖြောင့်မတ်တဲ့ လမ်းစဉ် လိုက်သွားသူတွေအကြောင်းလည်း ကျမ်းစာမှာ ပါတယ်။ ဥပမာ၊ ရှောလမုန်မင်းဟာ ယေဟောဝါ ဘယ်သူလဲ၊ ဘယ်လို ဝတ်ပြုကိုးကွယ်သင့်သလဲ ကောင်းကောင်း သိတယ်။ ကောင်းချီးအများကြီး ခံစားရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မှားယွင်းတဲ့ ဘုရားတွေကို ကိုးကွယ်လာလို့ ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တယ်။ ရှောလမုန်အပြစ်ရဲ့ ဆိုးကျိုးတွေကို အစ္စရေးလူမျိုး နှစ်ပေါင်းရာချီ ခံရတယ်။ ရှောလမုန် ကွယ်လွန်သွားတာကို “ဘိုးဘေးတို့နှင့် အိပ်ပျော်” တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘိုးဘေးတို့လို့ ပြောတဲ့အထဲမှာ ဘုရင် ဒါဝိဒ်လို သစ္စာရှိသူတွေ ပါတယ်။ (၁ ဘု. ၁၁:၅-၉၊ ၄၃၊ ယုဒသန်ကျမ်း။ ၂ ဘု. ၂၃:၁၃) အဲဒီလိုဖော်ပြထားတာဟာ ရှောလမုန် ရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့ အာမခံချက်လား။ ကျမ်းစာမှာ ဖော်ပြမထားဘူး။ “လူတစ်ယောက် သေဆုံးပြီဆိုရင် အပြစ်ရဲ့ လက်အောက်ကနေ လွတ်မြောက်သွားပြီ” လို့ တချို့ တွေးမယ်။ (ရော. ၆:၇) ဒါပေမဲ့ သေဆုံးသွားသူအားလုံး ရှင်ပြန်ထမြောက်လာမယ့်သဘော မဟုတ်ဘူး။ သေဆုံးသွားတာနဲ့ပဲ အသက်ပြန်ရှင်ဖို့ ထိုက်တန်သူ ဖြစ်မသွားဘူး။ ရှင်ပြန်ထမြောက်ခြင်းဆိုတာ မေတ္တာရှင် ဘုရားဆီက လက်ဆောင်ပါ။ မိမိကို ထာဝစဉ် ကိုးကွယ်ဖို့ ယေဟောဝါ အခွင့်အရေး ပေးချင်သူတွေပဲ ဒီလက်ဆောင် ရမှာ။ (ယောဘ ၁၄:၁၃၊ ၁၄။ ယော. ၆:၄၄) ဒီလက်ဆောင်ကို ရှောလမုန် ရမလား။ ယေဟောဝါပဲ သိတယ်။ ကျွန်တော်တို့ မသိဘူး။ မှန်ကန်တာကိုပဲ ယေဟောဝါ အမြဲ လုပ်မယ်ဆိုတာတော့ ကျွန်တော်တို့ သိတယ်။
BANG THUTE THEI I HIAM?
10. Jehovah in mite thu a khenna tungtangah a lungsim bangci om a hiam? (Ezekiel 33:11) (Lim zong en in.)
၁၀ ယေဇကျေလ ၃၃:၁၁ ကို ဖတ်ပါ။ လူတွေကို တရားစီရင်တာနဲ့ပတ်သက်ပြီး မိမိ ဘယ်လို ခံစားရကြောင်း ယေဟောဝါ ဖော်ပြတယ်။ “ဘယ်သူ့ကိုမှ [ယေဟောဝါ] မပျက်စီးစေချင်” ဘူးလို့ တမန်တော် ပေတရု ပြောတယ်။ (၂ ပေ. ၃:၉) ဒါဟာ ပရောဖက် ယေဇကျေလရဲ့ ဖော်ပြချက်နဲ့ ဆင်တူတယ်။ ဒီဖော်ပြချက်တွေက နှစ်သိမ့်မှု ဖြစ်စေတယ်။ အကြောင်းရင်း မည်မည်ရရ မရှိဘဲ တစ်ယောက်ယောက်ကို ယေဟောဝါ ထာဝရအပြီး မဖျက်ဆီးကြောင်း သိရလို့ပါပဲ။ ယေဟောဝါဟာ ကရုဏာ ပြည့်ဝတယ်။ ကရုဏာ ပြလို့ ရတဲ့အချိန်တိုင်း ကရုဏာ ပြတယ်။
မဖြောင့်မတ်သူတွေ ရှင်ပြန်ထမြောက်လာတဲ့အခါ နောက်ခံပေါင်းစုံ၊ အလွှာပေါင်းစုံက လူတွေဟာ ယေဟောဝါအကြောင်း သင်ယူဖို့ အခွင့်အရေး ရကြမယ် (စာပိုဒ် ၁၀ ကို ကြည့်ပါ)
11. Kuate a thokik dingin lametna om lo a hiam? Koici theithei i hiam?
၁၁ ရှင်ပြန်ထမြောက်မလာမယ့်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဘာတွေ သိသလဲ။ ကျမ်းစာမှာ ဥပမာ နည်းနည်း ဖော်ပြထားတယ်။b ယေရှုစကားအရ ယုဒရှကာရုတ် ရှင်ပြန်မထမြောက်ဘူး။c (မာ. ၁၄:၂၁။ ယော. ၁၇:၁၂) ယေဟောဝါဘုရားနဲ့ သားတော်ကို ဆန့်ကျင်ရာရောက်မှန်း သိသိကြီးနဲ့ တမင်တကာ အမှားလုပ်ခဲ့လို့ပဲ။d (မာ. ၃:၂၉) မိမိကို ဆန့်ကျင်တဲ့ ဘာသာရေး ခေါင်းဆောင်တချို့လည်း ရှင်ပြန်မထမြောက်ဘူးလို့ ယေရှု ပြောတယ်။ (မ. ၂၃:၃၃) ဒါ့အပြင် နောင်တမရတဲ့ အယူဖောက်ပြန်သူတွေ ရှင်ပြန်မထမြောက်ဘူးလို့ တမန်တော် ပေါလု သတိပေးတယ်။—ဟီ. ၆:၄-၈။ ၁၀:၂၉။
12. Jehovah’ hehpihna thu bang theikhia i hiam? Gentehna pawlkhat gen in.
၁၂ ဒါပေမဲ့ အစောပိုင်းမှာ ဖော်ပြခဲ့သလို ယေဟောဝါဟာ ကရုဏာ ပြည့်ဝတယ်။ “ဘယ်သူ့ကိုမှ မပျက်စီးစေချင်” ဘူး။ ကြီးလေးတဲ့အပြစ် ကျူးလွန်ခဲ့သူတချို့ကို ဘယ်လို ကရုဏာ ပြသလဲဆိုတာ သုံးသပ်ကြည့်ပါ။ ဘုရင် ဒါဝိဒ်ဟာ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ လူသတ်မှု စတဲ့ အပြစ်ကြီးတွေ ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ကရုဏာထားပြီး ခွင့်လွှတ်ပေးတယ်။ (၂ ရှ. ၁၂:၁-၁၃) ဘုရင် မနာရှေဟာ တစ်ဘဝလုံးနီးပါး မိုက်တွင်းနက်ခဲ့တယ်။ ဒါပေမဲ့ နောင်တရတဲ့အတွက် ယေဟောဝါ ကရုဏာထားပြီး ခွင့်လွှတ်ပေးတယ်။ (၂ ရာ. ၃၃:၉-၁၆) ကရုဏာ ပြစရာ အကြောင်းရင်း တွေ့တဲ့အခါတိုင်း ယေဟောဝါ ကရုဏာ ပြကြောင်း ဒီမှတ်တမ်းတွေကနေ သိရတယ်။ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ ကြီးလေးမှန်း အသိအမှတ်ပြုပြီး နောင်တရသူတွေကို ရှင်ပြန်ထမြောက်ပေးပါလိမ့်မယ်။
13. (a) Ninevih khuamite tungah Jehovah in bang hangin hehpihna lak a hiam? (b) Jesuh in Ninevih khuamite tawh kisai-in bang gen a hiam?
၁၃ နိနဝေမြို့သားတွေကိုလည်း ယေဟောဝါ ကရုဏာ ပြတယ်။ “သူတို့ရဲ့ ဆိုးသွမ်းမှုကို ငါ သတိထားမိ” တယ်လို့ ပြောတယ်။ ဒါပေမဲ့ နိနဝေမြို့သားတွေ နောင်တရတဲ့အခါ ကရုဏာထားပြီး ခွင့်လွှတ်ပေးတယ်။ အဲဒီလိုခွင့်လွှတ်လိုက်တာကို ယောန စိတ်ဆိုးတယ်။ ဒါကြောင့် နိနဝေမြို့သားတွေဟာ “အမှားအမှန်ကိုတောင် ခွဲခြားမသိ” ရှာဘူးလို့ ယောနကို ယေဟောဝါ သတိပေးခဲ့ရတယ်။ ယောနထက် ယေဟောဝါ အဆပေါင်းများစွာ ကရုဏာ ရှိတာ ထင်ရှားတယ်။ (ယောန ၁:၁၊ ၂။ ၃:၁၀။ ၄:၉-၁၁) နောက်ပိုင်းမှာ ဒီမှတ်တမ်းကို သုံးပြီး ယေဟောဝါရဲ့ တရားမျှတမှု၊ ကရုဏာအကြောင်း ယေရှု သင်ပေးတယ်။ နောင်တရတဲ့ နိနဝေမြို့သားတွေ “တရားစီရင်ချိန်မှာ” “အသက်ပြန်ရှင်လာ” မယ်လို့ ပြောတယ်။—မ. ၁၂:၄၁။
14. ‘Thukhenna a thuak dinga thawhkik ding’ pen Ninevih khuamite adingin bang a khiatna om ding a hiam?
၁၄ “တရားစီရင်ချိန်မှာ” နိနဝေမြို့သားတွေ “အသက်ပြန်ရှင်လာ” မယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ‘တရားစီရင်ခံရဖို့ ထမြောက်ခြင်း’ အကြောင်း ယေရှု ပြောတယ်။ (ယော. ၅:၂၉) “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ့်” အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အကြောင်း ပြောနေတာ။ (တ. ၂၄:၁၅) မဖြောင့်မတ်သူတွေဟာ “တရားစီရင်ခံရဖို့ ထမြောက်လာ” ကြမယ်။ ထမြောက်လာတဲ့အခါ သူတို့ နာခံမှု ရှိမရှိ၊ သင်ယူသိရှိလာတာတွေကို လိုက်နာ၊ မလိုက်နာဆိုတာ ယေဟောဝါနဲ့ ယေရှု စောင့်ကြည့်အကဲဖြတ်ကြမယ်။ နိနဝေမြို့သားတစ်ယောက် အသက်ပြန်ရှင်လာရင်တောင် ယေဟောဝါကို ကိုးကွယ်ဖို့ မဆုံးဖြတ်ဘူးဆိုရင် ဆက်အသက်ရှင်ခွင့် ရမှာ မဟုတ်ဘူး။ (ဟေရှာ. ၆၅:၂၀) ယေဟောဝါကို သစ္စာရှိရှိ ကိုးကွယ်ဖို့ ဆုံးဖြတ်သူအားလုံးကတော့ ထာဝရ အသက်ရှင်ခွင့် ရကြမယ်။—ဒံ. ၁၂:၂။
15. (a) Sodom le Gomorrah a kisuksiat lai-a suksiat a thuak mite kuamah thokik lo ding ci-in bang hang gen ding kilawm lo a hiam? (b) Jude 7-a kammalte bangci tel theih i hiam? (“Jude’ Gennop In Bang A Hiam?” kiu li bawm en in.)
၁၅ မိမိကို၊ မိမိသွန်သင်ချက်တွေကို လက်မခံသူတွေလောက် သောဒုံနဲ့ ဂေါမောရမြို့သားတွေဟာ “တရားစီရင်ရာနေ့မှာ” ခံရမှာ မဟုတ်ဘူးလို့ ယေရှု ပြောတယ်။ (မ. ၁၀:၁၄၊ ၁၅။ ၁၁:၂၃၊ ၂၄။ လု. ၁၀:၁၂) ဘာကို ဆိုလိုသလဲ။ သောဒုံနဲ့ ဂေါမောရမြို့သားတွေထက် မိမိခေတ်က လူတွေ ပိုဆိုးကြောင်း ပေါ်လွင်စေချင်လို့ တင်စားပြောလိုက်တာလား။ “တရားစီရင်ချိန်မှာ” နိနဝေမြို့သားတွေ “အသက်ပြန်ရှင်လာ” မယ်လို့ ပြောတုန်းက တင်စားပြောတာ မဟုတ်ကြောင်း သတိရပါ။ ဒါကြောင့် သောဒုံနဲ့ ဂေါမောရမြို့သားတွေအကြောင်းလည်း တင်စားပြောနေပုံမရဘူး။ နိနဝေမြို့သားတွေအကြောင်း ပြောတုန်းက ပါတဲ့ “တရားစီရင်ချိန်” နဲ့ သောဒုံ၊ ဂေါမောရမြို့သားတွေအကြောင်း ပြောတုန်းက ပါတဲ့ “တရားစီရင်ရာနေ့” ဟာ အတူတူပဲဆိုတာ သေချာတယ်။ ဒါ့အပြင် “တရားစီရင်ခံရဖို့ ထမြောက်လာ” မယ့်သူတွေထဲ “ဆိုးညစ်တဲ့ အကျင့်ကို ကျင့်သူတွေ” ပါမယ်လို့ ယေရှု ပြောတာကို သတိရပါ။ (ယော. ၅:၂၉) နိနဝေမြို့သားတွေကော သောဒုံနဲ့ ဂေါမောရမြို့သားတွေပါ ဆိုးညစ်တဲ့ အကျင့် ကျင့်ခဲ့ကြတယ်။ နိနဝေမြို့သားတွေ နောင်တယူဖို့ အခွင့်အရေး ရခဲ့ကြပေမဲ့ သောဒုံနဲ့ ဂေါမောရမြို့သားတွေ နောင်တယူဖို့ အခွင့်အရေး မရခဲ့ကြဘူး။ ဒါကြောင့် သောဒုံနဲ့ ဂေါမောရမြို့သားတွေအတွက် မျှော်လင့်ချက် ရှိမယ့်ပုံပဲ။ သူတို့ထဲက တချို့ ရှင်ပြန်ထမြောက်လာနိုင်တယ်။ ယေဟောဝါနဲ့ ယေရှုခရစ်အကြောင်း သူတို့ကို သင်ပေးခွင့် ကျွန်တော်တို့ ရလာနိုင်တယ်။
16. Kuate thokiksak ding cih thu a khensat nadingin, Jehovah in bang pen sittel a hiam? (Jeremiah 17:10)
၁၆ ယေရမိ ၁၇:၁၀ ကို ဖတ်ပါ။ ယေဟောဝါဟာ အမြဲတမ်း “စိတ်နှလုံးကို စစ်ကြောပြီး အနက်ရှိုင်းဆုံး ခံစားချက်တွေကို စစ်ဆေး” ကြောင်း ဒီကျမ်းပိုဒ်ကနေ သိရတယ်။ ဘယ်သူတွေကို ရှင်ပြန်ထမြောက်စေမလဲဆိုတာ ဆုံးဖြတ်တဲ့အခါ ‘လူတစ်ယောက်စီကို သူ့လမ်းစဉ်တွေရဲ့ အကျိုးဆက်ကို ပြန်ဆပ်ပေး’ ပါလိမ့်မယ်။ ယေဟောဝါဟာ ပြတ်သားဖို့ လိုတဲ့အချိန် ပြတ်သားတယ်။ ဒါပေမဲ့ ကရုဏာ ပြလို့ ရတဲ့အချိန်တိုင်း ကရုဏာ ပြတယ်။ ဒါကြောင့် ကျမ်းစာမှာ ဖော်ပြထားလို့ တပ်အပ် သိရတာ မဟုတ်သရွေ့ ဘယ်သူကတော့ ရှင်ပြန်ထမြောက်မလာတော့ဘူးဆိုပြီး မပြောသင့်ဘူး။
“LEITUNG KHEMPEUH THUKHEN PA A MANIN GAMTA LO DING AHI HIAM?”
17. A sikhinsa mite tungah bang piang ding uh a hiam?
၁၇ အာဒံ၊ ဧဝတို့ စာတန်နဲ့ ပူးပေါင်းပြီး ယေဟောဝါဘုရားကို ပုန်ကန်သွားကတည်းက လူသန်းထောင်ချီ သေဆုံးခဲ့ရတယ်။ ‘ရန်သူ သေခြင်း’ က အသက်ပေါင်းများစွာကို ခြွေယူနေတယ်။ (၁ ကော. ၁၅:၂၆) သေဆုံးသွားသူတွေ ဘာဖြစ်မလဲ။ ခရစ်တော်ရဲ့ သစ္စာရှိ နောက်လိုက်တွေထဲက ၁၄၄,၀၀၀ ဟာ ကောင်းကင်မှာ မသေနိုင်တဲ့ အသက်တာနဲ့ ရှင်ပြန်ထမြောက်ကြမယ်။ (ဗျာ. ၁၄:၁) ယေဟောဝါကို ချစ်တဲ့ သစ္စာရှိ အမျိုးသား/သမီးများစွာဟာ ‘ဖြောင့်မတ်သူတွေ’ အဖြစ် “ရှင်ပြန်ထမြောက်လာ” ကြမယ်။ ခရစ်တော်ရဲ့ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း၊ နောက်ဆုံးစမ်းသပ်မှုအတွင်း ဆက်ဖြောင့်မတ်နေရင် ထာဝရ အသက်ရှင်ကြရမယ်။ (ဒံ. ၁၂:၁၃။ ဟီ. ၁၂:၁) ယေဟောဝါကို တစ်ခါမှ မကိုးကွယ်ခဲ့သူတွေ၊ “ဆိုးညစ်တဲ့ အကျင့်ကို ကျင့်သူတွေ” ကအစ ပါဝင်မယ့် “မဖြောင့်မတ်သူတွေ” ဟာ အနှစ်တစ်ထောင်အတွင်း ယေဟောဝါကို ကိုးကွယ်ဖို့၊ ဘဝလမ်းစဉ်ပြောင်းဖို့ အခွင့်အရေး ရကြမယ်။ (လု. ၂၃:၄၂၊ ၄၃) ဒါပေမဲ့ တချို့ကတော့ ဆိုးကို ဆိုးလွန်းလို့၊ မိမိနဲ့ မိမိရည်ရွယ်ချက်ကို ခေါင်းမာမာနဲ့ ဆန့်ကျင်ခဲ့လို့ ရှင်ပြန်ထမြောက်မပေးတော့ဖို့ ဘုရား ဆုံးဖြတ်လိုက်တယ်။—လု. ၁၂:၄၊ ၅။
18-19. (a) A sikhinsa mite tawh kisai-a Jehovah’ thukhenna bang hangin muang thei i hiam? (Isaiah 55:8, 9) (b) A zom thulu-ah bang thu kikum ding i hiam?
၁၈ ယေဟောဝါရဲ့ တရားစီရင်ချက်အားလုံးကို အကြွင်းမဲ့ စိတ်ချနိုင်သလား။ စိတ်ချနိုင်ပါတယ်။ အာဗြဟံ ကောင်းကောင်း သဘောပေါက်သွားတဲ့အတိုင်း “မြေတစ်ပြင်လုံးရဲ့ တရားသူကြီး” ယေဟောဝါဟာ ပြည့်ဝစုံလင်တယ်၊ ထိုးထွင်းသိမြင်နိုင်တယ်၊ ကရုဏာ ပြည့်ဝတယ်။ သားတော်ကို လေ့ကျင့်သင်ကြားပေးပြီး တရားစီရင်ပိုင်ခွင့်အားလုံး အပ်ထားတယ်။ (ယော. ၅:၂၂) ယေဟောဝါကော ယေရှုပါ လူတစ်ယောက်စီရဲ့ စိတ်နှလုံးကို သိတယ်။ (မ. ၉:၄) ဒါကြောင့် တစ်ယောက်စီကို တရားစီရင်တဲ့အခါ ‘မှန်ကန်တာကိုပဲ လုပ်ကြမှာပါ။’
၁၉ ယေဟောဝါဘုရားကိုကော ဘုရားရဲ့ တရားစီရင်ချက်အားလုံးကိုပါ စိတ်ချနေကြရအောင်။ ကျွန်တော်တို့မှာ တရားစီရင်နိုင်စွမ်း မရှိကြောင်း၊ ယေဟောဝါမှာပဲ ရှိကြောင်း အသိအမှတ်ပြုကြရအောင်။ (ဟေရှာယ ၅၅:၈၊ ၉ ကို ဖတ်ပါ။) သားတော် ဘုရင် ယေရှုဟာ ဖခင် တရားမျှတတာ၊ ကရုဏာ ရှိတာကို အပြည့်အဝ အတုယူတယ်။ ဒါကြောင့် တရားစီရင်ခြင်း ကိစ္စအဝဝကို ယေဟောဝါနဲ့ ယေရှုဆီ စိတ်ချလက်ချ အပ်ထားကြရအောင်။ (ဟေရှာ. ၁၁:၃၊ ၄) ကြီးစွာသောဒုက္ခအတွင်းမှာ လူတွေကို ယေဟောဝါနဲ့ ယေရှု ဘယ်လို တရားစီရင်မလဲ။ ကျွန်တော်တို့ ဘာတွေ မသိသလဲ။ ဘာတွေ သိသလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
LA 57 လူအမျိုးမျိုးကို ဟောပြောခြင်း
a ၂၀၂၂၊ စက်တင်ဘာ ကင်းမျှော်စင် စာ. ၁၄-၁၉ ကို ကြည့်ပါ။
b အာဒံ၊ ဧဝ၊ ကာအိနတို့နဲ့ပတ်သက်ပြီး ၂၀၁၃၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် စာ. ၁၂၊ အောက်ခြေမှတ်ချက်ကို ကြည့်ပါ။
c ယုဒ သေဆုံးတဲ့အခါ ထာဝရအပြီး ဖျက်ဆီးခံရမယ်၊ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် ရှိမှာ မဟုတ်ဘူးဆိုတာ ယောဟန် ၁၇:၁၂ မှာ ပါတဲ့ “ပျက်စီးခြင်းရဲ့ သား” ဆိုတဲ့ ယေရှုစကားက ဖော်ပြတယ်။
d jw.org မှာ တင်ထားတဲ့ “ခွင့်မလွှတ်နိုင်တဲ့ အပြစ်ဆိုတာ ဘာလဲ” ဆောင်းပါးကို ကြည့်ပါ။