Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 May laim. 14-19
  • Itna Bulphuhin Pasian’ Thu Taangkosuak In!

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Itna Bulphuhin Pasian’ Thu Taangkosuak In!
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • LUNGDAMNA THU IT IHIH MANIN I TAANGKO HI
  • MITE IT IHIH MANIN PASIAN’ THU I TAANGKO HI
  • JEHOVAH LE A MIN IT IHIH MANIN PASIAN’ THU I TAANGKO HI
  • BEINA HUN HONG TUN CIANGDONG PASIAN’ THU TAANGKO DING
  • Jehovah In Mailamah Koi Bangin Mite Thukhen Ding A Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pasian’ Nasepna-ah Nuam I Sak Theih Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Taangko Nasepna-ah Jesuh’ Thalawp Dan Etteh In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 May laim. 14-19

SIN DING THU 20

LA 67 “တရားစကားကို ဟောပြောပါ”

Itna Bulphuhin Pasian’ Thu Taangkosuak In!

“Mi khempeuh tungah lungdamna thu kihilh masa phot ding hi.”—MRK 13:10.

အာရုံစိုက်​ရာ

ထက်ထက်သန်သန် စိတ်ပါလက်ပါ ဟောပြောဖို့ ချစ်ခြင်း​မေတ္တာက ဘယ်လို လှုံ့ဆော်ပေးသလဲ။

1. Kum 2023 annual meeting-ah bang thute theikhia i hiam?

၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးမှာa နားလည်မှု​တချို့ ပြုပြင်​ပြောင်းလဲ​လိုက်တယ်။ အမှုဆောင်​လုပ်ငန်းနဲ့​ပတ်သက်တဲ့ စိတ်လှုပ်ရှားစရာ ကြေညာချက်​တချို့ ကြားခဲ့​ရတယ်။ ဥပမာ၊ မဟာဗာဗုလုန် ဖျက်ဆီး​ခံ​ရပြီးနောက်မှာတောင် ယေဟောဝါလူမျိုး​နဲ့ ပူးပေါင်းဖို့ လူ​တချို့ အခွင့်အရေး ရှိနိုင်ကြောင်း သိခဲ့​ရတယ်။ ၂၀၂၃၊ နိုဝင်ဘာလ​က​စပြီး အမှုဆောင်​လုပ်ငန်း လုပ်ဆောင်မှု​တိုင်း​ကို မှတ်တမ်းသွင်း​စရာ မလိုတော့ကြောင်း​လည်း သိခဲ့​ရတယ်။ ဒီ​အပြောင်းအလဲတွေ​က အမှုဆောင်​လုပ်ငန်း အရင်ကလောက် အရေး​မကြီး​တော့​ဘူး​လို့ ဆိုလိုသလား။ လုံးဝ မဆိုလိုပါဘူး။

2. Ni khat khit ni khat Pasian’ nasepna bang hangin thupi semsem a hiam? (Marka 13:10)

၂ တစ်ရက်​ကုန်​သွား​တိုင်း အမှုဆောင်​လုပ်ငန်း ပိုအရေးကြီးလာတယ်။ ဘာကြောင့်လဲ။ အချိန် သိပ်မကျန်တော့​လို့​ပါ။ နောက်ဆုံး​ကာလအတွင်း ဟောပြောခြင်း​လုပ်ငန်းနဲ့ပတ်သက်ပြီး ယေရှု ဘာကြိုပြောသလဲ။ (မာကု ၁၃:၁၀ ကို ဖတ်ပါ။) မဿဲကျမ်း​ပြိုင်​မှတ်တမ်းမှာ “အဆုံး” မရောက်ခင် လူ​နေထိုင်ရာ မြေတစ်ခွင်လုံးမှာ သတင်းကောင်း ဟောရမယ်​လို့ ပြောတယ်။ (မ. ၂၄:၁၄) အဆုံး​ဆိုတာ စာတန့်​စနစ်ဆိုး​ရဲ့ အဆုံးကို ပြောတာ​ပါ။ မကြာခင် ဖြစ်လာမယ့် ဖြစ်ရပ်တွေ​အတွက် “နေ့” နဲ့ “အချိန်” ကို ယေဟောဝါ​ဘုရား သတ်မှတ်ထား​ပြီးပြီ။ (မ. ၂၄:၃၆။ ၂၅:၁၃။ တ. ၁:၇) တစ်ရက်​ကုန်​သွား​တိုင်း အဲဒီ​နေ့၊ အဲဒီအချိန် ပို​နီး​လာနေတယ်။ (ရော. ၁၃:၁၁) အဲဒီအချိန် မရောက်ခင် ကျွန်တော်တို့ ဆက်​ဟောပြောနေ​ကြရမယ်။

3. Pasian’ thu a taangko dingin bang in hong tawsawn a hiam?

၃ စဉ်းစားစရာ မေးခွန်း​တစ်ခု ပေါ်လာတယ်။ ကျွန်တော်တို့ ဘာကြောင့် သတင်းကောင်း ဟော​ကြ​သလဲ။ ချစ်ခြင်း​မေတ္တာကြောင့်​ပါ။ ဟောပြောတာဟာ သတင်းကောင်းကို၊ လူတွေကို၊ အဓိက,ကတော့ ယေဟောဝါနဲ့ နာမတော်ကို ချစ်မြတ်နိုး​ကြောင်း ပြနေတာပါပဲ။ တစ်ချက်​ချင်း​စီ ဆွေးနွေး​ကြရအောင်။

LUNGDAMNA THU IT IHIH MANIN I TAANGKO HI

4. Lungdamna thu i zak ciangin koici thukkik i hiam?

၄ ကောင်း​သတင်း ကြားတဲ့အခါ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်​လေ့ရှိ​သလဲ။ ဥပမာ၊ ကိုယ့်​မိသားစုဝင်​တစ်ယောက်မှာ ရင်သွေးလေး ရှိနေပြီဆိုတာ သိ​လိုက်ရ​ချိန်၊ ကိုယ်​သိပ်​လိုချင်​နေတဲ့ အလုပ် ရ​သွားချိန်​မျိုး​ပေါ့။ ကိုယ့်​မိသားစု၊ မိတ်ဆွေတွေကို ဒီ​သတင်း ဝမ်းသာ​အားရ ပြောပြမှာ​ပဲ။ အကောင်းတကာ့ အကောင်းဆုံး သတင်း ဖြစ်တဲ့ ဘုရားနိုင်ငံတော် သတင်းကောင်း ကြားရချိန်​မှာ​ကော အဲဒီလိုပဲ​လား။

5. Lai Siangtho thuman na theih masak lai-in na lungsim bangci om a hiam? (Lim zong en in.)

၅ ကျမ်းစာ​အမှန်တရား စ​သိ​ချိန်​မှာ ဘယ်လို ခံစားရသလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကို ကောင်းကင်ဘုံစံ​အဖ ချစ်ကြောင်း၊ ကမ္ဘာချီ မိသားစုဝင် ဖြစ်​လာ​စေ​ချင်ကြောင်း၊ နာကျင်မှု၊ ဒုက္ခတွေ အဆုံးတိုင်​စေမယ်​လို့ ကတိ​ပေးထားကြောင်း၊ သေဆုံးသွားတဲ့ ချစ်ရသူတွေကို ကမ္ဘာသစ်​မှာ အသက်ပြန်ရှင်​စေမယ်​ဆိုတဲ့ မျှော်လင့်ချက် ပေးထားကြောင်း စသဖြင့် သိလိုက်ရတယ်။ (မာ. ၁၀:၂၉၊ ၃၀။ ယော. ၅:၂၈၊ ၂၉။ ရော. ၈:၃၈၊ ၃၉။ ဗျာ. ၂၁:၃၊ ၄) ဒီ​အမှန်တရားတွေ​ကြောင့် ရင်ထဲ လှိုက်ဆူသွား​တယ်။ (လု. ၂၄:၃၂) သိလာတာတွေကို ချစ်မြတ်နိုး​လွန်းလို့ တခြားသူတွေကို မပြောပြ​ဘဲ မနေနိုင်တော့ဘူး။—ယေရမိ ၂၀:၉ နဲ့ နှိုင်းယှဉ်ပါ။

“ပျော်စရာဘဝ ထာဝရ စံစားကြ” စာအုပ် သုံးပြီး အမျိုး​သားတစ်ယောက်​ကို ညီအစ်ကို​တစ်ယောက် ကျမ်းစာ​သင်ပေးနေ။ ရုပ်ပုံ– တခြားသူတွေကို သိလာတာ​တွေ အဲဒီ​အမျိုးသား ပြောပြနေ။ ၁။ အလုပ်ဖော်​ကို။ ၂။ မိသားစုဝင်တွေကို။ ၃။ မိတ်ဆွေ​ကို။

ကျမ်းစာ​အမှန်တရား စ​သိ​ချိန်​မှာ စိတ်​လှုပ်ရှားလွန်းလို့ တခြားသူတွေကို မပြောပြ​ဘဲ မနေနိုင်​ကြ (စာပိုဒ် ၅ ကို ကြည့်ပါ)


6. Ernest le Rose ii tuahkhakna pan bang theikhia i hiam?

၆ ညီအစ်ကို အားနက်စ်b ရဲ့ တွေ့ကြုံမှုကို စဉ်းစားကြည့်ပါ။ အားနက်စ် ၁၀ နှစ်လောက်မှာ ဖခင် ဆုံး​သွားတယ်။ “‘အဖေ ကောင်းကင်​များ ရောက်သွားပြီ​လား ဒါမှမဟုတ် လုံးဝ ပျောက်ကွယ်​သွားပြီ​လား’ လို့ စဉ်းစားမိတယ်။ တခြား​ကလေးတွေကို သူတို့​အဖေ​တွေ​နဲ့ တတွဲတွဲ တွေ့​ရတိုင်း မနာလို​ဖြစ်​မိတယ်” လို့ ပြောတယ်။ အဖေ့​အုတ်ဂူ​ဆီ သွားပြီး “ဘုရားသခင်၊ အဖေ ဘယ်​ရောက်နေသလဲ သိချင်​လိုက်တာ” လို့ ဒူးထောက်​ဆုတောင်းလေ့​ရှိတယ်။ အဖေ ဆုံးပြီး ၁၇ နှစ်လောက်​အကြာမှာ အားနက်စ် ကျမ်းစာ​သင်အံမှု ကမ်းလှမ်း​ခံရတယ်။ ချက်ချင်း လက်ခံ​လိုက်တယ်။ သေဆုံးသွား​သူ​တွေ​ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်​နေ​သလို​ပဲ ဘာမှ မသိကြောင်း၊ အနာဂတ်မှာ အသက်ပြန်ရှင်လာ​မှာ ဖြစ်ကြောင်း သိလိုက်ရတယ်။ (ဒေ. ၉:၅၊ ၁၀။ တ. ၂၄:၁၅) နောက်ဆုံးတော့ နှစ်တွေ​တစ်လျှောက် သိပ်​သိချင်​နေတဲ့ မေးခွန်းတွေရဲ့ အဖြေ ရသွားတယ်။ သိလာတဲ့ ကျမ်းစာ​အမှန်တရားတွေ​ကြောင့် ရင်ထဲ လှိုက်ဆူသွား​တယ်။ ဇနီး ရို့စ်လည်း အားနက်စ်​နဲ့​အတူ ကျမ်းစာ​လေ့လာ​တယ်။ လေ့လာ​သိရှိလာ​တာ​တွေ​ကို ချစ်မြတ်နိုးတယ်။ ၁၉၇၈ ခုနှစ်မှာ သူတို့ နှစ်ခြင်းခံ​ကြတယ်။ မိသားစု၊ မိတ်ဆွေတွေနဲ့ နားထောင်ချင်​သူ ဘယ်သူ့ကိုမဆို အဖိုးတန် ကျမ်းစာ​အမှန်တရား ထက်ထက်သန်သန် ပြောပြကြတယ်။ ရလဒ်အနေနဲ့ လူပေါင်း ၇၀ ကျော်​ကို နှစ်ခြင်းခံတဲ့အထိ တိုးတက်လာဖို့ ကူညီပေးနိုင်​ခဲ့ကြတယ်။

7. Lai Siangtho thuman i it a leh bang sem ding i hiam? (Luka 6:45)

၇ ကျမ်းစာ​အမှန်တရားကို ချစ်မြတ်နိုး​ရင် တခြားသူတွေကို ကျွန်တော်တို့ မပြောပြ​ဘဲ မနေနိုင်တော့ဘူး။ (လုကာ ၆:၄၅ ကို ဖတ်ပါ။) “ကြားခဲ့​မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်​ပါ​ဘူး” လို့ ပြောတဲ့ ပထမရာစု ယေရှုတပည့်တွေ​လို ခံစားကြရတယ်။ (တ. ၄:၂၀) အမှန်တရားကို ချစ်မြတ်နိုး​လွန်းလို့ လူများနိုင်သမျှ များများ​ကို ပြောပြချင်ကြတယ်။

MITE IT IHIH MANIN PASIAN’ THU I TAANGKO HI

8. Lungdamna thu a taangko dingin bang in hong tawsawn a hiam? (“Mite It In—Nungzui Suaksak In.” cih kiu li bawm en in.) (Lim zong en in.)

၈ ယေဟောဝါနဲ့ သားတော် ယေရှုလိုပဲ လူတွေကို ကျွန်တော်တို့ ချစ်မြတ်နိုးကြတယ်။ (ပညာ. ၈:၃၁။ ယော. ၃:၁၆) “ဘုရားသခင်ကို မသိတဲ့သူတွေ၊” “မျှော်လင့်ချက်​မဲ့” သူတွေကို သနား​စာနာ​ကြတယ်။ (ဧ. ၂:၁၂) သူတို့ဟာ ဒုက္ခ​ပင်လယ်ထဲ နစ်နေ​သူ​တွေ​နဲ့ တူတယ်။ သူတို့ လိုနေတဲ့ အသက်ကယ်​အင်္ကျီ ကျွန်တော်တို့မှာ ရှိတယ်။ အဲဒါကတော့ ဘုရားနိုင်ငံတော် သတင်းကောင်း​ပါ။ အဲဒီလိုလူတွေကို ချစ်တဲ့စိတ်၊ သနား​စာနာတဲ့​စိတ်​က အတတ်နိုင်ဆုံး သတင်းကောင်း ဟောဖို့ လှုံ့ဆော်ပေးတယ်။ အဖိုးတန် သတင်းကောင်း သူတို့ ကြားတဲ့အခါ မျှော်လင့်ချက် ရှင်သန်​လာနိုင်တယ်။ လောလောဆယ်မှာ​တောင် ပျော်စရာ ဘဝ​အသက်တာ ပိုင်ဆိုင်​လာနိုင်တယ်။ ကမ္ဘာသစ်​မှာ “စစ်မှန်တဲ့ အသက်” ဖြစ်တဲ့ ထာဝရ​အသက် ရဖို့ အခွင့်အရေး ရှိလာနိုင်တယ်။—၁ တိ. ၆:၁၉။

ကော်ဖီ​ဆိုင်​မှာ အမျိုးသမီးတစ်ယောက်ကို ညီအစ်မ​တစ်ယောက် ဝေစာ သုံးပြီး သက်သေခံ​နေ။

လူတွေကို ချစ်တဲ့စိတ်၊ သနား​စာနာတဲ့​စိတ်​က အတတ်နိုင်ဆုံး သတင်းကောင်း ဟောဖို့ လှုံ့ဆော်​ပေး (စာပိုဒ် ၈ ကို ကြည့်ပါ)


လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ

အမှုဆောင်လုပ်ငန်းမှာ လူတွေကို မေတ္တာ​ပြနိုင်ဖို့၊ တပည့်​ဖြစ်စေ​နိုင်ဖို့ ကျွန်တော်တို့မှာ ရှိ​ရမယ့် အရည်အသွေး ၁၂ ခုကို ဒီ​စာစောင်​သစ်​မှာ ဖော်ပြထားတယ်။ ကိုယ်​ပြောချင်​တာကို မဟုတ်ဘဲ တခြားသူတွေရဲ့ စိုးရိမ်​ရာ​တွေ၊ စိတ်ဝင်စားရာ​တွေ​ကို အာရုံစိုက်ဖို့ သင်ခန်းစာ​တစ်ခုစီက ကူညီပေးတယ်။ ‘သူတို့ ဘာကို အာရုံ​ရောက်နေသလဲ။ ဘာလိုအပ်သလဲ’ လို့ စဉ်းစားပါ။ “လူတွေကို တပည့် ဖြစ်စေဖို့​ဆိုတဲ့ ပန်းတိုင် ပြည့်မီဖို့ ဘယ်​နည်း​စနစ်​ထက်​မဆို . . . မေတ္တာက ကူညီ​ပေး​ပါ​လိမ့်မယ်” လို့ စာစောင်​သစ်​ရဲ့ နိဒါန်း​မှာ ဖော်ပြထားတယ်။

9. Mailam hun tawh kisai-in mite bang thu theisaknuam na hiam? Bang hang hiam? (Ezekiel 33:7, 8)

၉ လူတွေကို ချစ်မြတ်နိုးတာက လောကစနစ်​အဆုံး ရောက်လာတော့​မယ့်​အကြောင်း သတိပေးဖို့​လည်း လှုံ့ဆော်ပေးတယ်။ (ယေဇကျေလ ၃၃:၇၊ ၈ ကို ဖတ်ပါ။) ယေဟောဝါကို မကိုးကွယ်တဲ့ မိသားစုဝင်တွေ အပါအဝင် လူအားလုံးကို ကျွန်တော်တို့ သနား​စာနာ​ကြတယ်။ “ဒီ​လောက တည်​ချိန်​ကနေ အခုထိ မဖြစ်ဖူးသေး​တဲ့၊ နောင်လည်း ဖြစ်မှာ မဟုတ်တဲ့ ကြီးစွာသောဒုက္ခ” ရောက်လာတော့မယ်ဆိုတာ မသိဘဲ တစ်ရက်ပြီး​တစ်ရက် ပုံမှန်​အတိုင်း သူတို့ လှုပ်ရှား​သွားလာ​နေကြတာ။ (မ. ၂၄:၂၁) မှားယွင်းတဲ့ ဘာသာရေး အရင်ဆုံး ဖျက်ဆီးခံရမယ်၊ အဲဒီနောက် အာမဂေဒုန်မှာ လောကစနစ်​ဆိုး​တစ်ခုလုံး ဖျက်ဆီးခံရမယ်​ဆိုတာ သူတို့ကို သိစေချင်​ကြတယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၇:၁၆၊ ၁၇။ ၁၉:၁၁၊ ၁၉၊ ၂၀) အခု​အချိန်မှာ မယုံကြည်သူ မိသားစုဝင်တွေ အပါအဝင် လူများနိုင်သမျှ များများ သတိပေးချက်ကို နားထောင်ပြီး စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်လာ​ဖို့ ကျွန်တော်တို့ ဆုတောင်းကြတယ်။ ဒါပေမဲ့ သတိပေးချက်ကို အခု​အချိန် နားမထောင်​ကြ​ရင်​ကော။

10. Mite vauna i piaksuak ding bang hangin thupi a hiam?

၁၀ ရှေ့ဆောင်းပါးမှာ ရှင်းပြခဲ့တဲ့​အတိုင်း မဟာဗာဗုလုန် ဖျက်ဆီး​ခံရတာ မြင်တဲ့အခါ စိတ်နှလုံး ပြောင်းလဲ​လာ​သူတွေကို ကယ်တင်ဖို့ ယေဟောဝါ ဆန္ဒ​ရှိနိုင်တယ်။ အဲဒီလိုသာ​ဆိုရင် အခု​အချိန်မှာ လူတွေကို ဆက်သတိ​ပေးနေ​ဖို့ ပိုလို့တောင် အရေးကြီး​သေးတယ်။ စဉ်းစားကြည့်ပါ– အခု​အချိန် ကျွန်တော်တို့ သတိပေး​နေ​မှ နောင်တစ်ချိန် သူတို့ သတိရ​စရာ ရှိနေမှာ။ (ယေဇကျေလ ၃၃:၃၃ နဲ့ နှိုင်းယှဉ်ပါ။) ကျွန်တော်တို့ သတိပေး​ခဲ့ဖူး​တာကို ပြန်သတိရပြီး အချိန်မနှောင်းခင် စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ချင်လာနိုင်​တယ်။ “ငလျင်ကြီး လှုပ်​ပြီး” နောက် ဖိလိပ္ပိ​မြို့က ထောင်မှူး စိတ်နှလုံး ပြောင်းလဲ​လာ​သလို မဟာဗာဗုလုန် ဖျက်ဆီး​ခံရတာ​လို​မျိုး ကမ္ဘာ​တစ်ခုလုံးကို တုန်လှုပ်​သွား​စေ​တဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက် စိတ်နှလုံး ပြောင်းလဲ​လာ​သူတချို့ ရှိနိုင်တယ်။—တ. ၁၆:၂၅-၃၄။

JEHOVAH LE A MIN IT IHIH MANIN PASIAN’ THU I TAANGKO HI

11. Jehovah tungah pahtawina, phatna le thahatnate koi bangin pia i hiam? (Maangmuhna 4:11) (Lim zong en in.)

၁၁ သတင်းကောင်း ဟော​ရတဲ့ အဓိက အကြောင်းရင်းဟာ ယေဟောဝါ​ဘုရားနဲ့ နာမတော်ကို ချစ်မြတ်နိုး​လို့​ပါပဲ။ အမှုဆောင်​လုပ်ငန်းဟာ သိပ်ချစ်ရတဲ့ ဘုရားကို ချီးမွမ်း​ဂုဏ်တင်တဲ့ နည်း​တစ်နည်း ဖြစ်တယ်။ (ဗျာဒိတ် ၄:၁၁ ကို ဖတ်ပါ။) ဂုဏ်တင်မှု၊ ချီးမွမ်းမှု​နဲ့ အစွမ်း​ခွန်အား​တွေ​ကို ဘုရား ရထိုက်တယ်​ဆိုတာ ကျွန်တော်တို့ သဘော​တူကြတယ်။ “အရာခပ်သိမ်း​ကို [ဘုရား] ဖန်ဆင်း​ခဲ့” ကြောင်း၊ ဘုရားကြောင့်​သာ ကျွန်တော်တို့ တည်​ရှိနေကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တခြားသူတွေကို ပြောပြတာ​ဟာ ဘုရားကို ဂုဏ်တင်​ချီးမွမ်း​နေတာပါပဲ။ အခြေအနေ ပေးသလောက် အမှုဆောင်လုပ်ငန်းမှာ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ အသုံးပြုနေတာ​ဟာ ကိုယ့်​အစွမ်း​ခွန်အားကို ဘုရားဆီ ပေးနေတာ​ပါပဲ။ (မ. ၆:၃၃။ လု. ၁၃:၂၄။ ကော. ၃:၂၃) ဘုရားကို ချစ်မြတ်နိုး​လွန်းလို့ ဘုရားအကြောင်း ပြောပြချင်ကြတယ်။ နာမတော်​အကြောင်း၊ ယေဟောဝါ ဘယ်လို ဘုရား​မျိုး ဖြစ်ကြောင်း​လည်း ပြောပြချင်ကြတယ်။ ဘာကြောင့်လဲ။

ရုပ်ပုံ– တခြားသူတွေကို သတင်းကောင်း ဝေမျှနိုင်​တဲ့ နည်းများ။ ၁။ အာဖရိကမှာ အမျိုးသမီးတစ်ယောက်​နဲ့ သားသမီးတွေကို မောင်နှံတစ်စုံ ဟော​နေ။ ၂။ ကား​ဂိတ်​မှာ ဘတ်စကား စောင့်​နေတုန်း အမျိုးသမီးတစ်ယောက်ကို ညီအစ်မ​တစ်ယောက် သက်သေခံ​နေ။ ၃။ ကမ်းခြေ​မှာ အနားယူ​နေတုန်း ဘေးမှာ ထိုင်နေတဲ့ အမျိုး​သားတစ်ယောက်​ကို ညီအစ်ကို​တစ်ယောက် သက်သေခံ​နေ။

အခြေအနေ ပေးသလောက် အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေ အသုံးပြုတာဟာ ယေဟောဝါကို ကိုယ့်ရဲ့ အစွမ်း​ခွန်အား ပေးတာ ဖြစ် (စာပိုဒ် ၁၁ ကို ကြည့်ပါ)


12. Koi bang danin Pasian’ nasepna-ah Pasian’ min siangthosak i hiam?

၁၂ ယေဟောဝါကို ချစ်မြတ်နိုးတာက နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့​လည်း လှုံ့ဆော်ပေးတယ်။ (မ. ၆:၉) ယေဟောဝါအကြောင်း စာတန် ပြော​ထားသမျှ အလိမ်အညာတွေ​ချည်း​ပဲ​ဆိုတာ တခြားသူတွေကို ကျွန်တော်တို့ ပြောပြချင်ကြတယ်။ (က. ၃:၁-၅။ ယောဘ ၂:၄။ ယော. ၈:၄၄) ယေဟောဝါဟာ ဘယ်သူ ဖြစ်ကြောင်း၊ ဘယ်လို ဘုရား​မျိုး ဖြစ်ကြောင်း အမှုဆောင်မှာ နားထောင်သူ ဘယ်သူ့ကိုမဆို ပြောပြချင်ကြတယ်။ ဘုရားရဲ့ အထင်ရှားဆုံး အရည်အသွေးဟာ မေတ္တာ ဖြစ်တယ်၊ ဘုရားရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း​ဟာ ဖြောင့်မတ်​မှန်ကန်​တယ်၊ မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရားနိုင်ငံတော်​က အဆုံးတိုင်​စေ​ပြီး လူ့​မိသားစု​အတွက် ငြိမ်သက်​ပျော်ရွှင်မှု ဆောင်ကြဉ်း​ပေး​တော့မယ်ဆိုတာ လူတိုင်းကို ပြောပြချင်ကြတယ်။ (ဆာ. ၃၇:၁၀၊ ၁၁၊ ၂၉။ ၁ ယော. ၄:၈) ဒီလိုမျိုး​ပြောပြတာ​ဟာ နာမတော်ကို သန့်ရှင်း​မြင့်မြတ်​စေ​နေတာပဲ။ ယေဟောဝါ​သက်သေဆိုတဲ့ နာမည်နဲ့အညီ နေ​နေတယ်​ဆိုတဲ့ အသိကြောင့်လည်း ကျွန်တော်တို့ ကျေနပ်​ပျော်ရွှင်ရတယ်။ ဘာကြောင့်လဲ။

13. Jehovah Teci ci-a a hong kisap pen bang hangin angtang i hiam? (Isaiah 43:10-12)

၁၃ မိမိရဲ့ “သက်သေတွေ” လို့ ကျွန်တော်တို့ကို ယေဟောဝါ ခေါ်တယ်။ (ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။) “ယေဟောဝါသက်သေများ​ဟု အခေါ်ခံရ​ခြင်းက ဂုဏ်​အရှိဆုံး ဖြစ်သည်” လို့ လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​က အုပ်ချုပ်ရေးအဖွဲ့ဆီက လာတဲ့ စာမှာ ဖော်ပြ​ဖူးတယ်။c ဘာကြောင့်လဲ။ စာရိတ္တ ကောင်းမွန်​ကြောင်း တရားရုံးမှာ ကိုယ့်ကို သက်သေ​လိုက်​ပေးမယ့်​သူ လိုနေတယ် ဆိုပါစို့။ ကိုယ် ကောင်းကောင်း သိ​သူ၊ ယုံကြည်​ရသူ၊ ယုံလို့ ရတယ်ဆိုတဲ့ နာမည်ကောင်း ရှိသူကို ရွေး​မယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ကို သက်သေ​အဖြစ် ယေဟောဝါ ရွေး​တာ​ဟာ ကျွန်တော်တို့​အကြောင်း ကောင်းကောင်း သိကြောင်း၊ မိမိဟာ စစ်မှန်ပြီး တစ်ဆူတည်း​သော ဘုရား ဖြစ်မှန်း သက်သေခံ​ပေးမယ်​ဆိုတာ ယုံကြောင်း ပြလိုက်တာပဲ။ ယေဟောဝါ​သက်သေ ဖြစ်ခွင့်​ရတာကို ကျွန်တော်တို့ သိပ်​ဂုဏ်ယူ​တဲ့အတွက် အခွင့်အရေး ရတိုင်း နာမတော်ကို ကြေညာ​ကြတယ်။ ဘုရားအကြောင်း အလိမ်အညာတွေ ဖော်ထုတ်​ကြတယ်။ ဒီနည်းအားဖြင့် ဂုဏ်ယူ​စွာ ခံ​ယူထားတဲ့ ယေဟောဝါ​သက်သေဆိုတဲ့ နာမည်နဲ့အညီ နေထိုင်ကြတယ်။—ဆာ. ၈၃:၁၈။ ရော. ၁၀:၁၃-၁၅။

BEINA HUN HONG TUN CIANGDONG PASIAN’ THU TAANGKO DING

14. Mailamah bang a thalawphuai thute hong piang thei a hiam?

၁၄ အနာဂတ်မှာ စိတ်လှုပ်ရှားစရာ​တွေ ဖြစ်​လာတော့​မယ်။ ကြီးစွာသောဒုက္ခ မစခင် နောက်ထပ် လူအများကြီး အမှန်တရား လက်ခံ​လာဖို့ ကျွန်တော်တို့ မျှော်လင့်​ကြတယ်။ လူ့​သမိုင်း​ရဲ့ အမှောင်ဆုံး​အချိန် ကြီးစွာသောဒုက္ခအတွင်း​မှာ​တောင် လူများစွာ စာတန့်လောက,ကနေ ထွက်လာပြီး ယေဟောဝါကို ကျွန်တော်တို့နဲ့​အတူ ဂုဏ်တင်​ချီးမွမ်း​လာနိုင်​ကြောင်း သိရလို့ ဝမ်းသာ​ကြတယ်။—တ. ၁၃:၄၈။

15-16. Bang semsuak ding ihi hiam? Bang hun ciangdong a hiam?

၁၅ လောလောဆယ် ကျွန်တော်တို့မှာ လုပ်စရာ ရှိတယ်။ နောက်​ဘယ်တော့မှ ထပ်​မလုပ်​ရတော့​မယ့် အလုပ်ပါ။ အဲဒါကတော့ ကမ္ဘာ​မြေတစ်ခွင် ဘုရားနိုင်ငံတော် သတင်းကောင်း ဟောဖို့ ဖြစ်တယ်။ တစ်ချိန်တည်းမှာ ဆက်သတိ​ပေးနေ​ရမယ်။ ဒီ​စနစ်ဆိုး​ရဲ့ အဆုံး တစ်ဟုန်ထိုး လာ​နေပြီဆိုတာ လူတွေ သိဖို့ လိုတယ်။ ဒါမှ တရားစီရင်ချိန် ရောက်တဲ့အခါ ကျွန်တော်တို့ ဟောခဲ့​တဲ့ သတင်းဟာ ယေဟောဝါ​ဘုရားဆီ​က လာ​မှန်း သိ​ကြ​မှာ။—ယေဇ. ၃၈:၂၃။

၁၆ ဒီတော့ ဘာ​ဆုံးဖြတ်ထား​ကြ​မလဲ။ “တော်ပြီ၊ မဟော​နဲ့​တော့” လို့ ယေဟောဝါ ပြောတဲ့​အချိန်ထိ သတင်းကောင်းကို၊ လူတွေကို၊ ယေဟောဝါကို၊ နာမတော်ကို ချစ်မြတ်နိုးစိတ်​နဲ့ အရေးတကြီး ထက်ထက်သန်သန် ဇွဲရှိရှိ ဆက်​ဟော​နေ​ကြရအောင်။

NANGH BANGCI DAWNG DING?

  • Lungdamna thu i itna in Pasian’ thu taangko dingin koi bangin hong tawsawn a hiam?

  • Mite i itna in Pasian’ thu taangko dingin koi bangin hong tawsawn a hiam?

  • Jehovah le ama min i itna in Pasian’ thu taangko dingin koi bangin hong tawsawn a hiam?

LA 54 “Hih Pen Lampi Hi”

a ၂၀၂၃၊ အောက်တိုဘာ​လ ၇ ရက်၊ အမေရိကန်​ပြည်ထောင်စု၊ နယူးယောက်​ပြည်နယ်၊ နယူးဘာ့ဂ်​မြို့ အစည်းအဝေး​ခန်းမမှာ ယေဟောဝါသက်သေများရဲ့ နှစ်ပတ်လည် အစည်းအဝေး ကျင်းပခဲ့တယ်။ ၂၀၂၃၊ နိုဝင်ဘာလ​မှာ အပိုင်း ၁ အဖြစ်၊ ၂၀၂၄၊ ဇန်နဝါရီလမှာ အပိုင်း ၂ အဖြစ် အစီအစဉ်​တစ်ခုလုံးကို JW ရုပ်သံထုတ်လွှင့်မှု​မှာ တင်ဆက်​ပေးခဲ့တယ်။

b ၂၀၁၅၊ ဖေဖော်ဝါရီ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်—ယုတ္တိ​ရှိပြီး ရှင်းလင်းတဲ့ ကျမ်းစာ​အဖြေကို ကျွန်တော် သဘော​ကျ” ဆောင်းပါးကို ကြည့်ပါ။

c ၂၀၀၇ မတ်လ နိုင်ငံတော်ဓမ္မအမှု စာ. ၃ ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ