Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 May laim. 20-25
  • Zi Ding, Pasal Ding Koici Muh Theih Ding?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Zi Ding, Pasal Ding Koici Muh Theih Ding?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • ZI DING, PASAL DING ZONNA
  • HUN LA-IN ENCIK IN
  • LAWMNGAIH KIPATSAKNA
  • MIDANG TE’N ZILETA NEI LO KHRISTIANTE KOICI HUH THEI UH A HIAM?
  • Thukhensatna Hoih Hong Bawlsak Thei Ding Lawm Kingaih Lai Hun
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Khat Le Khat Tung Citak Un
    Na Innkuan Lungnuam Thei Hi
  • Kitenna—Pasian Hong Piak Letsong
    Pasian’ Itna Sungah Na Kip Un
  • Zileta Neih leh Neih Loh Tawh Kisai Lai Siangtho In Bang Gen A Hiam?
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 May laim. 20-25

SIN DING THU 21

LA 107 မေတ္တာ​စံနမူနာ

Zi Ding, Pasal Ding Koici Muh Theih Ding?

“Zi hoih pen suangmanpha sangin manpha zaw pek a, ahi zongin zi hoih ngah ding haksa mahmah hi.—PAU. 31:10.

အာရုံစိုက်​ရာ

လက်တွဲဖော် ဖြစ်​လောက်​မယ့်​သူ ဟုတ်မဟုတ် သိနိုင်ဖို့ ဘယ်ကျမ်းစာအခြေခံ​မူတွေက ကူညီပေးမလဲ။ အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိတဲ့ တစ်ကိုယ်ရေ​တွေ​ကို အသင်းတော်မှာ ရှိသူ​တွေ ဘယ်လို ကူညီပေးနိုင်မလဲ။

1-2. (a) Lawm kingaih ma-in bang thute ngaihsut ding kisam a hiam? (b) “Lawmngaih nei” cih in bang a cih nopna hiam? (“Kammal Hilhcianna” en in.)

သင် အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိသလား။ ပျော်ရွှင်မှု​ဆိုတာ အိမ်ထောင်ပြု​မပြု​ဆိုတာနဲ့ မဆိုင်​ပေမဲ့ အသက်ကြီးကြီး​ငယ်ငယ် တစ်ကိုယ်ရေ ခရစ်ယာန် တော်တော်​များများ​ဟာ လက်တွဲဖော်​ကောင်း ပိုင်ဆိုင်​ချင်ကြ​တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်​နဲ့ မချစ်ကြိုက်ခင် ငွေကြေး​ပိုင်း၊ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်း အသင့်​ဖြစ်​နေ​သင့်တယ်။a (၁ ကော. ၇:၃၆) အသင့်ဖြစ်နေမယ်​ဆိုရင် အောင်မြင်​ပျော်ရွှင်တဲ့ အိမ်ထောင် ပိုင်ဆိုင်​ရနိုင်​ချေ များတယ်။

၂ လက်တွဲဖော် ဖြစ်​လောက်​မယ့်​သူ ရှာတွေ့ဖို့ အမြဲတော့ မလွယ်ဘူး။ (ပညာ. ၃၁:၁၀) သဘောကျတဲ့​သူ တွေ့​ရင်တောင် သမီးရည်းစား​အဆင့် ရောက်ဖို့ ခက်နေနိုင်တယ်။b လက်တွဲဖော် ဖြစ်​လောက်​မယ့်​သူ ဘယ်လို ရှာတွေ့နိုင်မလဲ၊ သမီးရည်းစား​အဆင့် ဘယ်လို တက်​နိုင်​မလဲ၊ အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိသူတွေကို အသင်းတော်မှာ ရှိသူ​တွေ ဘယ်လို ကူညီပေးနိုင်မလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

ZI DING, PASAL DING ZONNA

3. Khristian khat in zi ding, pasal ding a zon ciangin bang thute a ngaihsut ding kisam a hiam?

၃ အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိရင် လက်တွဲဖော်​မှာ ရှိ​စေချင်​တဲ့ အရည်အသွေးတွေကို ရည်းစား​မထား​ခင်ကတည်းက စဉ်းစားထား​ပါ။c စဉ်းစား​မထား​ရင် ကိုယ်​နဲ့ ကိုက်​လောက်​တဲ့သူ​ကို မျက်စိလျှမ်းသွား​တာ​မျိုး၊ ကိုယ်​နဲ့ မကိုက်တဲ့​သူကို​မှ ရည်းစား​ထား​မိ​တာ​မျိုး ဖြစ်သွားနိုင်တယ်။ ရည်ရွယ်​ထား​သူဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်​တော့ ဖြစ်ရမယ်။ (၁ ကော. ၇:၃၉) ဒါပေမဲ့ နှစ်ခြင်းခံပြီးသူ​တိုင်း​လည်း လက်တွဲဖော်​ကောင်း မဟုတ်​ပြန်​ဘူး။ ဒါကြောင့် ‘ငါ ဘာပန်းတိုင်တွေ ရှိသလဲ။ လက်တွဲဖော်​မှာ ဘယ်​အရည်အသွေးတွေ အဓိက ရှိ​စေချင်​သလဲ။ ငါ့​သတ်မှတ်ချက်​တွေ​ဟာ အကျိုးသင့်အကြောင်းသင့် ရှိရဲ့လား’ လို့ စဉ်းစားထား​ပါ။

4. Mi pawlkhat in in zi ding, pasal ding a zon ciangun koi bangin thungen uh a hiam?

၄ အိမ်ထောင်ပြု ဖို့ စိတ်ကူး​ရှိရင် ဒီအကြောင်း သင် ဆုတောင်း​ထား​မှာ​ပဲ။ (ဖိ. ၄:၆) လက်တွဲဖော် ရစေ​ရမယ်လို့တော့ ယေဟောဝါ အာမ,မခံ​ဘူး။ ဒါပေမဲ့ သင့်​လိုအပ်ချက်တွေ၊ ခံစားချက်တွေကို ဂရုစိုက်​တယ်။ လက်တွဲဖော် ရှာ​တဲ့အခါ ကူညီပေးနိုင်တယ်။ ဒါကြောင့် ကိုယ့်​ဆန္ဒ၊ ခံစားချက်တွေကို ရင်ဖွင့်​ပြောပြပါ။ (ဆာ. ၆၂:၈) စိတ်ရှည်မှု၊ ဉာဏ်ပညာ တောင်းခံပါ။ (ယာ. ၁:၅) “လက်တွဲဖော်​မှာ ရှိ​စေချင်​တဲ့ အရည်အသွေးတွေကို ယေဟောဝါဆီ ပြောပြတယ်။ သင့်တော်တဲ့​သူနဲ့ ဆုံ​နိုင်​မယ့် အခွင့်အရေး​တွေ ရလာဖို့၊ ခင်ပွန်း​ကောင်း​တစ်ယောက်မှာ ရှိ​သင့်​တဲ့ အရည်အသွေးတွေ ရှိလာဖို့ ကူညီပေးပါ​လို့ ဆုတောင်းတယ်” ဆိုပြီး အမေရိကန်​ပြည်ထောင်စု​က တစ်ကိုယ်ရေ ညီအစ်ကို ဂျွန်d ပြောတယ်။ “လက်တွဲဖော် ရှာ​နေတုန်း ယေဟောဝါကို ဆက်သစ္စာရှိနိုင်အောင်၊ အကောင်းမြင်စိတ်နဲ့ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်​နိုင်အောင် ကူညီပေးပါ​လို့ ဆုတောင်းတယ်” ဆိုပြီး သီရိလင်္ကာ​နိုင်ငံက ညီအစ်မ တန်ညာ ပြောတယ်။ လက်တွဲဖော် ဖြစ်​လောက်​မယ့်​သူ ချက်ချင်း မတွေ့​ရင်တောင် သင့်ကို ဆက်ထောက်မ​ပေးမယ်၊ ဆက်​ပျော်ရွှင်​နေ​စေမယ်​လို့ ယေဟောဝါ ကတိ​ပေးထားတယ်။—ဆာ. ၅၅:၂၂။

5. Jehovah a it mite tawh koi bangin kimu thei i hiam? (1 Korin 15:58) (Lim zong en in.)

၅ “သခင့်အလုပ်မှာ အမြဲ အလုပ်များ​နေကြပါ” လို့ ကျမ်းစာ အားပေးတယ်။ (၁ ကောရိန္သု ၁၅:၅၈ ကို ဖတ်ပါ။) ဘုရားအမှုတော်မှာ အလုပ်များ​နေ​ရင်၊ ညီအစ်ကို/မ​ပေါင်းစုံ​နဲ့ အချိန်ပေး ပေါင်းသင်း​ရင် အပေါင်းအသင်းကောင်း​တွေ ရလာမယ်။ ကိုယ့်လိုပဲ ဘုရား​အမှုတော်ကို အဓိကထားတဲ့ တစ်ကိုယ်ရေ​တွေ​နဲ့ ဆုံ​မယ်။ ယေဟောဝါ စိတ်​ရွှင်လန်း​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေ​လို့ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရမယ်။

ရုပ်ပုံ– ၁။ တစ်ကိုယ်ရေ ညီအစ်မ​တစ်ယောက် ညီအစ်မ​ကြီး​တစ်ယောက်နဲ့ အမှုဆောင်​အတူတူ ထွက်​ရင်း ပျော်ပျော်ပါးပါး စကားပြော​နေ။ ၂။ တစ်ကိုယ်ရေ ညီအစ်မ​တစ်ယောက် အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းမှာ အစားအသောက် ပြင်ဆင်​ပေးနေ။ ၃။ တစ်ကိုယ်ရေ ညီအစ်ကို​တစ်ယောက် မောင်နှံတစ်စုံ​ဆီ အကြီးအကဲနဲ့​အတူ သိုးထိန်း​လည်ပတ်​နေ။ ၄။ ဘယ်ဘက်​အောက် ရုပ်ပုံ​မှာ ပါတဲ့ စီမံကိန်း​နဲ့ ညာဘက်အောက် ရုပ်ပုံ​မှာ ပါတဲ့ စီမံကိန်း​ဟာ တစ်ခုတည်း ဖြစ်။ တစ်ကိုယ်ရေ ညီအစ်ကို​တစ်ယောက် အဲဒီ​စီမံကိန်းမှာ လွှဖြတ်​နေ။

ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များ​နေမယ်၊ ညီအစ်ကို/မ ပေါင်းစုံ​နဲ့ အချိန်ပေး ပေါင်းသင်း​မယ်​ဆိုရင် အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိသူ​တစ်ယောက်နဲ့ ဆုံ​နိုင် (စာပိုဒ် ၅ ကို ကြည့်ပါ)


6. Khristian khat in in zi ding, pasal ding a zon ciangin bang a kidawp ding kisam a hiam?

၆ လက်တွဲဖော် ရှာ​တာကို ဘဝမှာ အရေးကြီးဆုံး​အရာ​တော့ မဖြစ်စေပါ​နဲ့။ (ဖိ. ၁:၁၀) စစ်မှန်တဲ့ ပျော်ရွှင်မှု​ဟာ အိမ်ထောင်ပြု​မပြု​ဆိုတာ​အပေါ် မမူတည်ဘူး။ သင်နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေး​အပေါ်​ပဲ မူတည်တယ်။ (မ. ၅:၃) တစ်ကိုယ်ရေ​ဆိုရင် နောက်ဆံမတင်းဘဲ အမှုဆောင်​လုပ်ငန်း တိုးချဲ့​ချင်​သ​လောက် တိုးချဲ့​နိုင်တယ်။ (၁ ကော. ၇:၃၂၊ ၃၃) တစ်ကိုယ်ရေ​ဘဝ ရထား​တုန်း အကောင်းဆုံး အသုံးပြုပါ။ “အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိပေမဲ့ အမှုဆောင်လုပ်ငန်းမှာ အလုပ်များ​နေ​ခဲ့​လို့ ဘဝက ကျေနပ်စရာ​ပါပဲ” လို့ အသက် ၄၀ နားကပ်​မှ အိမ်ထောင်ပြုတဲ့ အမေရိကန်​ပြည်ထောင်စု​က ညီအစ်မ ဂျက်စီကာ ပြောတယ်။

HUN LA-IN ENCIK IN

7. Na lunglutlam na gen ma-a hun la-a na etcik pen bang hangin pilvai a hiam? (Paunak 13:16)

၇ လက်တွဲဖော် ဖြစ်​လောက်​မယ့်​သူ တွေ့ပြီလို့ ထင်​ရင်​ကော ချက်ချင်း ဖွင့်​ပြော​သင့်​သလား။ ပညာရှိသူဟာ တစ်ခုခု မဆုံးဖြတ်ခင် သိ​စရာ ရှိတာ သိအောင် လုပ်တယ်လို့ ကျမ်းစာ ဖော်ပြတယ်။ (ပညာအလိမ္မာ ၁၃:၁၆ ကို ဖတ်ပါ။) ဒါကြောင့် ဖွင့်​မပြောခင် အချိန်​အတိုင်းအတာ​တစ်ခုအထိ လေ့လာ​အကဲခတ်​တာ ပညာရှိတယ်။ “ခံစားချက်​ဆိုတာ ပေါ်​လွယ်​ပျောက်​လွယ်တယ်။ ဒါကြောင့် အချိန်ယူ​အကဲခတ်ပါ။ ဒါဆိုရင် တစ်ခဏ ရင်ခုန်​သွားတာ​ကြောင့် ချိန်းတွေ့​တာ​မျိုး မဖြစ်တော့ဘူး” လို့ နယ်သာလန်​နိုင်ငံက ညီအစ်ကို အက်ရှ်ဝင် ပြောတယ်။ အကဲခတ်​ရင်း ကိုယ်​နဲ့ ကိုက်​လောက်​မယ့်​သူ မဟုတ်မှန်း သိသွား​တာ​လည်း ဖြစ်နိုင်တယ်။

8. Zi ding, pasal dinga a kilawm le kilawm loh koi bangin kiencik thei a hiam? (Lim zong en in.)

၈ မသိမသာ ဘယ်လို အကဲခတ်​နိုင်​သလဲ။ အသင်းတော် အစည်းအဝေးတွေမှာ၊ စုဆုံ​ပေါင်းသင်းမှု​တွေ​မှာ သူ့ရဲ့ ဘုရားရေးရာ​အခြေအနေ၊ အကျင့်​စာရိတ္တ၊ အပြုအမူတွေကို သတိထားကြည့်ပါ။ ဘယ်သူတွေနဲ့ မိတ်ဖွဲ့​သလဲ။ ဘာအကြောင်းတွေ ပြောသလဲ။ (လု. ၆:၄၅) ကိုယ်​နဲ့ ပန်းတိုင် တူ​သလား။ သူ့​အသင်းတော် အကြီးအကဲတွေ၊ သူ့​အကြောင်း ကောင်းကောင်း သိတဲ့ ရင့်ကျက်တဲ့ ခရစ်ယာန်တွေကို တီး​ခေါက်​ကြည့်ပါ။ (ပညာ. ၂၀:၁၈) သူ ဘယ်လို နာမည်မျိုး ရထားသလဲ၊ ဘာအရည်အသွေးတွေ ရှိသလဲ မေးကြည့်ပါ။ (ရု. ၂:၁၁) အကဲခတ်​တဲ့အခါ တစ်ဖက်​လူ နေ​ရ​မခက်​ပါ​စေ​နဲ့။ တစ်ချိန်လုံး ရစ်သီ​ရစ်သီ မလုပ်ပါနဲ့။ သူ့​ခံစားချက်၊ အတွင်းရေး​ကိစ္စတွေကို လေးစားပါ။

ရုပ်ပုံ– အစောပိုင်း ရုပ်ပုံ​မှာ ပါတဲ့ တစ်ကိုယ်ရေ ညီအစ်ကိုနဲ့ ညီအစ်မ အစည်းအဝေးမှာ အချင်းချင်း ပါးပါးနပ်နပ် အကဲခတ်​နေ။ ၁။ သက်ကြီး​စုံတွဲ​ကို ညီအစ်ကို ဘယ်လို ဆက်ဆံသလဲ​ဆိုတာ ညီအစ်မ အကဲခတ်​နေ။ ၂။ ကြားရက် အစည်းအဝေးမှာ ညီအစ်မ ကျောင်းသား​တာဝန် လုပ်နေတာကို ညီအစ်ကို အကဲခတ်​နေ။

ဖွင့်​မပြောခင် အချိန်​အတိုင်းအတာ​တစ်ခုအထိ မသိမသာ အကဲခတ်ပါ (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


9. Lunglutlam gen ma-in bang pen kiciatsak kul a hiam?

၉ ဖွင့်​မပြောခင် ဘယ်လောက်ကြာကြာ အကဲခတ်​သင့်သလဲ။ စောစောစီးစီး ဖွင့်​ပြောရင် လေးလေးနက်နက် မဆုံးဖြတ်​သူ​လို့ အထင်​ခံရနိုင်တယ်။ (ပညာ. ၂၉:၂၀) ကြာနေ​ပြန်​ရင်​လည်း ပြတ်ပြတ်သားသား မဆုံးဖြတ်​သူ​လို့ အထင်​ခံရနိုင်တယ်။ အထူးသဖြင့် ကိုယ်​စိတ်ဝင်စား​နေတာ သူ ရိပ်မိရင်​ပေါ့။ (ဒေ. ၁၁:၄) သူ့ကိုပဲ လက်ထပ်မယ်​ဆိုပြီး မပိုးပန်းခင် သေချာ​နေစရာ မလိုဘူး​ဆိုတာ သတိရပါ။ လက်ထပ်မယ်​ဆိုရင် ကိုယ့်ဘက်က အသင့်​ဖြစ်နေတယ်၊ သူဟာ လက်တွဲဖော် ဖြစ်​လောက်​တယ်​ဆိုတာတော့ သေချာ​နေ​ရမယ်။

10. Nang hong deih mi khat, deih kik lo na hih leh bang na sep ding kisam a hiam?

၁၀ ကိုယ့်ကို တစ်ယောက်ယောက် ကြိုက်​နေတာ ရိပ်မိရင် ဘာလုပ်သင့်သလဲ။ ပြန်​မကြိုက်​နိုင်ရင် ကိုယ့်​အပြုအမူတွေ ပြတ်သား​နေပါစေ။ ပြန်​မကြိုက်​နိုင်​ဘဲ မျှော်လင့်ချက် ပေးတာ အကြင်အနာ မဲ့​ရာ​ရောက်တယ်။—၁ ကော. ၁၀:၂၄။ ဧ. ၄:၂၅။

11. Lawmngaih ding ahih kei leh zi ding, pasal ding teelsak ciangin bangteng limtaka ngaihsut ding kisam a hiam?

၁၁ ဒေသတချို့မှာ တစ်ကိုယ်ရေ​တွေ​ကို မိဘတွေ၊ တခြား​အရွယ်ရောက်​သူ​တွေ​က အိမ်ထောင်ချ​ပေးကြတယ်။ ဒေသတချို့မှာ​တော့ မိဘတွေ၊ မိတ်ဆွေတွေက အောင်သွယ်​ပေးကြတယ်။ လူချင်းတွေ့​ကြည့်ဖို့ စီစဉ်ပေးကြတယ်။ ရည်းစား၊ အိမ်ထောင်ဖက် စပ်ပေး​ဖို့ တောင်းဆိုခံရ​ရင် နှစ်ဦး​နှစ်ဖက်​ရဲ့ အကြိုက်​တွေ၊ တောင်းဆိုချက်တွေ ထည့်စဉ်းစားပါ။ သင့်တော်တဲ့​သူ တွေ့ပြီလို့ ထင်​ရင် သူ့ရဲ့ စရိုက်၊ အရည်အသွေး၊ အရေးကြီးဆုံးကတော့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိ​မရှိ သိအောင် လုပ်ပါ။ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိတာက ငွေကြေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်း​ထက် အများကြီး ပိုအရေးကြီးတယ်။ အိမ်ထောင်ပြု​မပြု ဆုံးဖြတ်ရမှာ တစ်ကိုယ်ရေ ညီအစ်ကိုနဲ့ ညီအစ်မရဲ့ တာဝန် ဖြစ်တယ်ဆိုတာကို​တော့ သတိရပါ။—ဂလ. ၆:၅။

LAWMNGAIH KIPATSAKNA

12. Na lunglutlam koici gen ding na hiam?

၁၂ တွဲ​ကြည့်ဖို့ ဆုံး​ဖြတ်လိုက်​ပြီ​ဆိုရင် ဘယ်လို ဖွင့်​ပြော​မလဲ။e လူအများ ရှိတဲ့​နေရာမှာ​ဖြစ်ဖြစ်၊ ဖုန်းနဲ့​ဖြစ်ဖြစ် စကားပြောဖို့ စီစဉ်နိုင်တယ်။ ကိုယ်​စိတ်ဝင်စား​နေကြောင်း၊ သူ့​အကြောင်း ပိုသိ​ချင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပါ။ (၁ ကော. ၁၄:၉) သူ စဉ်းစားဖို့ အချိန်​လိုရင် အချိန်ပေးပါ။ (ပညာ. ၁၅:၂၈) အငြင်း​ခံ​ရရင် သူ့​ခံစားချက်ကို လေးစားပါ။

13. Mi khat in a hong lunglutlam hong gen ciangin bang sem thei na hiam? (Kolose 4:6)

၁၃ ကိုယ်​က ဖွင့်​ပြော​ခံရသူ​ဆိုရင်ကော။ သတ္တိ​မွေးပြီး ကိုယ့်ကို လာ​ဖွင့်​ပြောတာ ဖြစ်လို့ ထောက်ထား​ပါ။ လေးလေးစားစား ရှိပါ။ (ကောလောသဲ ၄:၆ ကို ဖတ်ပါ။) စဉ်းစားဖို့ အချိန်​လိုရင် လိုကြောင်း ပြောပါ။ ဒါပေမဲ့ မြန်နိုင်သမျှ မြန်မြန် အဖြေပေး​ပါ။ (ပညာ. ၁၃:၁၂) ကိုယ်​စိတ်မဝင်စား​ရင် စိတ်မဝင်စား​ကြောင်း ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ပြောပါ။ “ကျွန်တော့်​ခံစားချက်ကို ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ချက်ချင်း ပြောပြ​လိုက်တယ်။ ကြိုး​ရှည်ရှည်​နဲ့ လံမထားချင်​လို့​ပါ။ အဲဒီနောက်ပိုင်းမှာလည်း စိတ်ပြောင်း​သလိုလို မပြောမိ​မလုပ်မိဖို့ သတိထားတယ်” လို့ ဩစတြီးယား​နိုင်ငံက ညီအစ်ကို ဟန့်စ် ပြောတယ်။ ကိုယ့်ဘက်ကလည်း စိတ်ဝင်စားတယ်​ဆိုရင်တော့ သမီးရည်းစား​ဘဝ​နဲ့ပတ်သက်ပြီး ကိုယ် ဘယ်လို သဘောထားတယ်၊ ဘာတွေ တောင်းဆို​ချင်တယ်​ဆိုတာ ပြောပြပါ။ ယဉ်ကျေးမှု​နောက်ခံ၊ တခြား​အကြောင်းရင်းတွေကြောင့် ကိုယ့်​တောင်းဆိုချက်နဲ့ သူ့​တောင်းဆိုချက် ကွာနိုင်တယ်။

MIDANG TE’N ZILETA NEI LO KHRISTIANTE KOICI HUH THEI UH A HIAM?

14. How can we support single Christians with our words?

၁၄ အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိတဲ့ တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ဘယ်လို ကူညီနိုင်မလဲ။ တစ်နည်းကတော့ အပြောအဆို ဆင်ခြင်ခြင်း​အားဖြင့်​ပါ။ (ဧ. ၄:၂၉) ‘အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိသူတွေကို ငါ မထိတထိ စ​သလား။ တစ်ကိုယ်ရေ ညီအစ်ကို​တစ်ယောက်နဲ့ ညီအစ်မ​တစ်ယောက် စကားပြောတာ တွေ့တာ​နဲ့​ပဲ ကြိုက်​နေကြပြီ​လို့ ယူဆ​သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (၁ တိ. ၅:၁၃) ဒါ့အပြင် အိမ်ထောင်​မပြု​တာ​နဲ့​ပဲ လူဖြစ်ရှုံး​သလိုလို ခံစား​သွား​ရအောင် မလုပ်သင့်ဘူး။ “‘ဘာလို့ အိမ်ထောင်​မပြု​တာ​လဲ။ အရွယ်ကဖြင့် မငယ်​တော့​ဘူး​နော်’ လို့ ညီအစ်ကို/မတချို့ ပြောကြတယ်။ ဒီလို​စကားတွေကြောင့် တန်ဖိုးထား​မခံရဘူး​လို့ တစ်ကိုယ်ရေ​တွေ ခံစားရတယ်။ အိမ်ထောင်ပြု​မှ ရတော့မယ်​ဆိုတဲ့ အပူ​ပဲ တိုးလာ​စေ​တယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ ညီအစ်ကို ဟန့်စ် ပြောတယ်။ တစ်ကိုယ်ရေ ခရစ်ယာန်တွေကို ဟိုဟိုဒီဒီ ပြော​မယ့်​အစား ချီးကျူး​ဖို့ အခွင့်အရေး ရှာ​ရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။—၁ သက်. ၅:၁၁။

15. (a) Rom 15:2-a Lai Siangtho thubul tawh kizui-in zi ding, pasal ding zonsak ma-in bang pen ngaihsut ding kisam a hiam? (Lim zong en in.) (b) Video panin bang sin thei na hiam? A nuai-a ciaptehna zong en in.

၁၅ ဒီ​ညီအစ်ကိုနဲ့ ဒီညီအစ်မ လိုက်​မှာ​ပဲ​လို့ ထင်​ရင်​ကော။ တခြားသူတွေရဲ့ ခံစားချက်ကို ထည့်တွက်ဖို့ ကျမ်းစာ ဆိုတယ်။ (ရောမ ၁၅:၂ ကို ဖတ်ပါ။) တစ်ကိုယ်ရေ တော်တော်​များများ​က အောင်သွယ်​ပေးတာ မကြိုက်ကြဘူး။ သူတို့ရဲ့ ဆန္ဒ​ကို လေးစား​ရမယ်။ (၂ သက်. ၃:၁၁) တချို့ကျတော့ အောင်သွယ်​ပေး​စေချင်​နိုင်တယ်။ ဒါပေမဲ့ တောင်းဆို​မခံရ​ဘဲ အောင်သွယ်​မပေးသင့်ဘူး။f (ပညာ. ၃:၂၇) တချို့က ပေါ်ပေါ်ထင်ထင် အောင်သွယ်​ပေးတာ​မျိုး မကြိုက်ကြဘူး။ “ညီအစ်ကို/မ အများကြီးကို ဖိတ်ပြီး ပေါင်းသင်း​ဖို့ စီစဉ်​ပေးနိုင်တယ်။ ဆုံ​ဖို့ အခွင့်အရေး​လောက်​ပဲ ကိုယ့်ဘက်က ဖန်တီး​ပေးပါ။ ကျန်တာ သူတို့​အပိုင်း ထား​လိုက်” လို့ ဂျာမနီ​နိုင်ငံက တစ်ကိုယ်ရေ ညီအစ်မ လေးဒီယာ ပြောတယ်။

စုဆုံ​ပေါင်းသင်းမှု​တစ်ခုမှာ တစ်ကိုယ်ရေ ညီအစ်ကိုနဲ့ ညီအစ်မ စကားပြော​နေ။

ညီအစ်ကို/မ အများကြီး ပါတဲ့ ပေါင်းသင်းမှု​မှာ တစ်ကိုယ်ရေ ခရစ်ယာန်တွေ ဆုံခွင့်​ရ (စာပိုဒ် ၁၅ ကို ကြည့်ပါ)


16. Zileta nei lo Khristiante in bang a phawk ding uh kisam a hiam?

၁၆ တစ်ကိုယ်ရေ​ဖြစ်ဖြစ်၊ အိမ်ထောင်သည်​ဖြစ်ဖြစ် ကျွန်တော်တို့​အားလုံး ကျေနပ်​ပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်​နိုင်ပါတယ်။ (ဆာ. ၁၂၈:၁) အိမ်ထောင်ပြုဖို့ စိတ်ကူး​ရှိပေမဲ့ သင့်တော်တဲ့​သူ ရှာ​မတွေ့သေးဘူး​ဆိုရင် အာရုံ​နှစ်ပြီး ဘုရား​အမှု ဆက်​ဆောင်​နေပါ။ “ပရဒိသုမှာ အိမ်ထောင်ဖက်​နဲ့​အတူ ကုန်ဆုံး​မယ့်​အချိန်နဲ့ ယှဉ်ရင် တစ်ကိုယ်ရေ​ဘဝနဲ့ နေ​ရတဲ့ အချိန်က တော်တော် တိုတယ်။ ဒါကြောင့် တစ်ကိုယ်ရေ​ဘဝ ရတုန်း တန်ဖိုးထားပါ။ အကောင်းဆုံး အသုံးချပါ” လို့ မကာအိုက ညီအစ်မ စန်းယွီ ပြောတယ်။ သင့်တော်တဲ့​သူ တွေ့လို့ ရည်းစား​ထား​နေပြီ​ဆိုရင်ကော။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • Zi ding, pasal ding muh nadingin bang sem thei na hiam?

  • Lunglutlam gen ma-a etcik pen bang hangin pilvai a hiam?

  • Zi neih, pasal neih ding a lunggulh zileta nei lo Khristiante pen pawlpi sunga mi te’n koici huh thei uh a hiam?

LA 137 သစ္စာရှိ အမျိုးသမီးများ

a အိမ်ထောင်ပြုဖို့ အဆင်​သင့်​ဖြစ်​မဖြစ် သိနိုင်ဖို့ jw.org မှာ တင်ထားတဲ့ “ရည်းစား​ထားခြင်း—အပိုင်း ၁–ရည်းစား​ထားဖို့ ငါ အဆင်သင့် ဖြစ်ပြီလား” ဆောင်းပါးကို ကြည့်ပါ။

b စကားလုံး ရှင်းလင်းချက်။ ဒီဆောင်းပါးနဲ့ နောက်ဆောင်းပါးမှာ ပါတဲ့ “သမီးရည်းစား​ထားတယ်” ဆိုတဲ့ အသုံးအနှုန်းဟာ သင့်တော်တဲ့ အိမ်ထောင်ဖက် ဖြစ်နိုင်၊ မဖြစ်နိုင် ဆုံးဖြတ်ဖို့ အမျိုးသားနဲ့ အမျိုးသမီး တစ်ယောက်နဲ့ တစ်ယောက် ပိုသိအောင် လုပ်တဲ့ အချိန်ကာလကို ဆိုလိုတယ်။ နိုင်ငံ​တချို့​မှာ ချိန်းတွေ့​တယ်၊ တွဲ​တယ်လို့လည်း သုံးတယ်။ ရည်းစား​ထားခြင်း​ဟာ စိတ်ဝင်စားကြောင်း အပြန်အလှန် ဖွင့်ဟချိန်​မှာ စတင်ပြီး အိမ်ထောင်ပြုတော့​မယ် ဒါမှမဟုတ် လမ်းခွဲ​တော့​မယ်​လို့ ဆုံးဖြတ်ချိန်မှာ အဆုံးသတ်​တယ်။

c ရှင်းရှင်းလင်းလင်း နားလည်နိုင်ဖို့ နောက်​စာပိုဒ်​တွေ​မှာ သင့်တော်တဲ့ လက်တွဲဖော်​ကို ညီအစ်ကို​တစ်ယောက်အနေနဲ့ ဖော်ပြ​သွားပါမယ်။ ဒါပေမဲ့ ညီအစ်မတွေနဲ့​လည်း ဆိုင်​ပါတယ်။

d အမည်လွှဲများ။

e ယဉ်ကျေးမှု​တချို့​မှာ ညီအစ်ကိုတွေ​ဘက်​က စပြီး ပိုးပန်း​ကြတယ်။ ဒါပေမဲ့ ညီအစ်မတွေ​ဘက်ကလည်း စပြီး ပိုးပန်း​နိုင်တယ်။ (ရု. ၃:၁-၁၃) ထပ်ဆင့် သိချင်ရင် ၂၀၀၅ ဇွန် ၈ နိုးလော့! မှာ ပါတဲ့ “လူငယ်များအမေး . . . ကျွန်မ ဘယ်လို​ခံစားနေရတယ်​ဆိုတာ သူ့ကို ဘယ်လို ပြော​ရမလဲ” ဆောင်းပါးကို ကြည့်ပါ။

f ယုံကြည်ခြင်း တိုက်ပွဲ​မှာ အောင်မြင်သူ​များ—တစ်ကိုယ်ရေ ခရစ်ယာန်​များ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ