Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 May laim. 26-31
  • Thukhensatna Hoih Hong Bawlsak Thei Ding Lawm Kingaih Lai Hun

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Thukhensatna Hoih Hong Bawlsak Thei Ding Lawm Kingaih Lai Hun
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • LAWMNGAIH NEIHNA II NGIMNA
  • KHATLEKHAT’ THU KITHEIHCIAN SAWM UN
  • ADANG NGAIHSUT DING THUTE
  • MIDANG TE’N LAWM KINGAITE KOICI HUH THEI A HIAM?
  • Zi Ding, Pasal Ding Koici Muh Theih Ding?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah A Lungkimsak Thu Khensatnate Bawl In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 May laim. 26-31

SIN DING THU 22

LA 127 ဘယ်လို​လူစားမျိုး ဖြစ်သင့်

Thukhensatna Hoih Hong Bawlsak Thei Ding Lawm Kingaih Lai Hun

“A tul thei lo sung lam hoihna na bulphuh zaw un.”—1 PE. 3:4.

အာရုံစိုက်​ရာ

သမီးရည်းစား​တွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘာလုပ်ရမလဲ။ အသင်းတော်မှာ ရှိသူ​တွေ ဘယ်လို ကူညီပေးနိုင်သလဲ။

1-2. Lawm kingaih lai hun tawh kisai-in mi pawlkhat a lungsim uh bangci om a hiam?

သမီးရည်းစား​ဘဝဟာ ရင်ခုန်​ကြည်နူး​စရာ​ကောင်းတယ်။ သင် ရည်းစား​ထား​နေတယ်​ဆိုရင် ဒီ​အချိန်​လေး​ကို ကြည်ကြည်နူးနူး ဖြတ်သန်း​ချင်မှာပဲ။ တကယ်ပဲ ရည်းစား​ဘဝဟာ စုံတွဲ​တော်တော်​များများ​အတွက် သာယာ​ကြည်နူး​စရာ​အချိန်​လေး​ပါ။ “ကျွန်မ​ခင်ပွန်းနဲ့ ရည်းစား​ဖြစ်တဲ့​အချိန်ဟာ ဘဝမှာ အပျော်ရဆုံး အချိန်တွေ​ထဲက တစ်ချိန်​ပါ။ အရေးကြီး​ကိစ္စတွေ အတူတူ ဆွေးနွေး​တိုင်ပင်​ကြတယ်။ ရယ်မော​ကြတယ်။ ကိုယ်​ချစ်ရတဲ့​သူနဲ့ ကိုယ့်ကို​ချစ်တဲ့သူ တစ်ထပ်တည်း​ကျ​မှန်း သေချာ​သွားချိန်​မှာ သိပ်ပျော်တယ်” လို့ အီသီယိုးပီးယား​နိုင်ငံက ညီအစ်မ ဆီယောန်a ပြောတယ်။

၂ “ရည်းစား​ဘဝမှာ ကျွန်တော့်​ဇနီး​အကြောင်း လေ့လာရတာ ကြည်နူး​စရာ​လေး။ ဒါပေမဲ့ အခက်အခဲတွေ​လည်း ရှိတော့ ရှိတာပေါ့​ဗျာ” လို့ နယ်သာလန်​နိုင်ငံက ညီအစ်ကို အလက်ရှို ပြောတယ်။ ရည်းစား​ဘဝမှာ ကြုံရနိုင်တဲ့ အခက်အခဲ​တချို့၊ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ကူညီပေးမယ့် ကျမ်းစာ​အခြေခံ​မူ​တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။ သမီးရည်းစား​စုံတွဲ​တွေ​ကို အသင်းတော်မှာ ရှိသူ​တွေ ကူညီနိုင်ပုံကို​လည်း သုံးသပ်​သွားပါမယ်။

LAWMNGAIH NEIHNA II NGIMNA

3. Lawmngaih neihna ii ngimna in bang a hiam? (Paunak 20:25)

၃ ရည်းစား​ဘဝဟာ သာယာ​ကြည်နူး​စရာ​ကောင်းပေမဲ့ လက်ထပ်​ဖို့ ဆုံးဖြတ်တဲ့​အထိ ဖြစ်နိုင်​တာမို့ သိပ်အရေးကြီးတယ်။ အသက်ရှင်သရွေ့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်​လေးစား​သွား​ပါ့မယ်​ဆိုပြီး မင်္ဂလာပွဲမှာ သတို့သားနဲ့ သတို့သမီးဟာ ယေဟောဝါ​ဘုရားရှေ့ သစ္စာ​ကတိ​ပြုကြရတယ်။ ဘာ​သစ္စာ​ကတိ​ပဲ​ဖြစ်ဖြစ် မပြုခင် သေသေချာချာ စဉ်းစား​သုံးသပ်သင့်တယ်။ (ပညာအလိမ္မာ ၂၀:၂၅ ကို ဖတ်ပါ။) အိမ်ထောင်ရေး သစ္စာ​ကတိ​လည်း အဲဒီလိုပဲ။ ရည်းစား​ထားတာက တစ်ယောက်​အကြောင်း တစ်ယောက် သိဖို့၊ ဆုံးဖြတ်ချက်ကောင်း ချဖို့ အခွင့်အရေး ရစေတယ်။ ဆုံးဖြတ်ချက်ကောင်း​လို့ ပြောတဲ့အခါ လက်ထပ်​ဖို့ ဆုံး​ဖြတ်လိုက်​တာ ဖြစ်နိုင်​သလို လမ်းခွဲ​ဖို့ ဆုံး​ဖြတ်လိုက်​တာ​လည်း ဖြစ်နိုင်တယ်။ လမ်းခွဲ​တာ​ဟာ ရှုံးနိမ့်​တာ မဟုတ်ပါဘူး။ လက်ထပ်​သင့်၊ မသင့် ဆုံးဖြတ်ချက်ကောင်း ချ​နိုင်​ခဲ့​လို့ ရည်းစား​ထားတဲ့ ရည်ရွယ်ချက် အထမြောက်​ပါတယ်။

4. Lawmngaih neihna tawh kisai-in bang hangin muhna man neih ding kisam a hiam?

၄ ရည်းစား​ထားတာ​နဲ့ပတ်သက်ပြီး တစ်ကိုယ်ရေ​တွေ အမြင်မှန် ရှိသင့်တယ်။ အမြင်မှန်​သာ ရှိရင် လက်ထပ်​ဖို့ ရည်ရွယ်ချက် မရှိဘဲ ရည်းစား​ထား​မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ကိုယ်ရေ​တွေ​ပဲ အမြင်မှန် ရှိ​ရမှာ မဟုတ်ဘူး။ ကျွန်တော်တို့​အားလုံး အမြင်မှန် ရှိသင့်တယ်။ ဥပမာ၊ လူ​နှစ်ယောက် ရည်းစား​ဖြစ်ပြီ​ဆိုရင် ယူ​ကို ယူရမယ်လို့ တချို့ တွေးကြတယ်။ ဒါက တစ်ကိုယ်ရေ ခရစ်ယာန်တွေ​အပေါ် ဘာ​သက်ရောက်မှု ရှိသလဲ။ “ညီအစ်ကို​တစ်ယောက်နဲ့ ညီအစ်မ​တစ်ယောက် ရည်းစား​ဖြစ်ပြီ​ဆိုရင် ယူဖို့ ဝိုင်းတွန်းကြ​ပြီ။ ဒါကြောင့် စုံတွဲ​တချို့ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေ​ပါ​လျက်​နဲ့ ဆက်​တွဲ​နေ​ကြ​ရော။ တချို့ကျတော့ ရည်းစား​ထား​ကို မထား​တော့​တာ။ ဖိအားပေး​ခံရတာ​က တကယ် စိတ်ရှုပ်​စရာ​ကောင်းတယ်” လို့ အမေရိကန်​ပြည်ထောင်စု​က တစ်ကိုယ်ရေ ညီအစ်မ မလစ်ဆာ ပြောတယ်။

KHATLEKHAT’ THU KITHEIHCIAN SAWM UN

5-6. Khatlekhat’ thu bangteng theih sawm ding kisam a hiam? (1 Peter 3:4)

၅ သင် ရည်းစား​ထား​နေတယ်​ဆိုရင် လက်ထပ်​သင့်၊ မသင့် ဆုံးဖြတ်နိုင်ဖို့ ဘာလုပ်ရမလဲ။ တစ်ယောက်​အကြောင်း တစ်ယောက် ကောင်းကောင်း သိအောင် လုပ်ပါ။ ရည်းစား​မဖြစ်ခင် သူ့​အကြောင်း နည်းနည်းပါးပါး သိထားပြီး​တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုဆိုရင် သူ့ “စိတ်ထား” ဘယ်လို ရှိသလဲဆိုတာ လေ့လာဖို့ အခွင့်အရေး ရှိလာပြီ။ (၁ ပေတရု ၃:၄ ကို ဖတ်ပါ။) သူ့ရဲ့ ဘုရားရေးရာ အခြေအနေ၊ စရိုက်၊ စဉ်းစား​တွေးခေါ်ပုံ​ကို ပိုသိ​လာ​ရနိုင်တယ်။ ရည်းစား​သက်တမ်း ကြာလာတာနဲ့အမျှ ဒီမေးခွန်းတွေရဲ့ အဖြေ သင် ရ​သင့်​တယ်– ‘သူဟာ ငါ့အတွက် အိမ်ထောင်ဖက်ကောင်း ဖြစ်​လာ​မလား။’ (ပညာ. ၃၁:၂၆၊ ၂၇၊ ၃၀။ ဧ. ၅:၃၃။ ၁ တိ. ၅:၈) ‘ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်​ဂရုစိုက်​ပေး​နိုင်မလား။ အားနည်းချက်တွေ သည်းခံ​နိုင်မလား။’ (ရော. ၃:၂၃) တစ်ယောက်​အကြောင်း တစ်ယောက် သိလာတာနဲ့အမျှ သတိရ,ရမှာ ရှိတယ်။ လိုက်ဖက်​ညီတယ်​ဆိုတာ နှစ်ယောက်သား ဘယ်လောက် အသွင်တူ​သလဲ​ဆိုတာနဲ့ မတိုင်းတာ​ဘူး။ အသွင်မတူတာတွေ​ကို ဘယ်လောက် ညှိနှိုင်း​ယူနိုင်သလဲ​ဆိုတာနဲ့ တိုင်းတာ​တယ်။

၆ ရည်းစား​ဘဝမှာ နောက်ထပ် ဘာတွေ သိအောင် လုပ်သင့်​သလဲ။ ပုံအော​ပြီး မချစ်လိုက်ခင်​မှာ အနာဂတ် ပန်းတိုင်​လို​မျိုး အရေးကြီး​ကိစ္စ​တချို့ ဆွေးနွေးချင်​ကြ​မှာ​ပါ။ ကျန်းမာရေး၊ ငွေကြေး အရှုပ်​အရှင်း၊ အတိတ်​ဆိုး စတဲ့ အတွင်းကျကျ ကိစ္စတွေနဲ့ပတ်သက်ပြီး​တော့​ကော။ ရည်းစား​ဖြစ်ခါစ​မှာ ကိစ္စ​အားလုံး ဆွေးနွေးဖို့ မလိုပါဘူး။ (ယောဟန် ၁၆:၁၂ နဲ့ နှိုင်းယှဉ်ပါ။) အတွင်းကျကျ မေးခွန်း​တချို့ကို ဖြေဖို့ စောလွန်းသေး​တယ်လို့ ခံစားရရင် အဲဒီလို ခံစားရတဲ့​အကြောင်း သူ့ကို ပြောပြပါ။ ဒါပေမဲ့ သူ ဆုံးဖြတ်ချက် တစ်ခုခု ချနိုင်ဖို့​ဆိုရင် တစ်ချိန်ချိန်မှာ​တော့ ဒီအကြောင်းတွေ ပြော​ကို ပြောပြ​ရမှာ။ အဲဒီအချိန် ရောက်လာတဲ့အခါ မခြွင်းမချန် ပြောပြပါ။

7. Khatlekhat’ thu a kitheih nadingun koici sep theih ding uh a hiam? (“Omna Mun A Kigamla Lawmtate” kiu li bawm en in.) (Lim zong en in.)

၇ သူ့​အတွင်းစိတ်ကို သိအောင် ဘယ်လို လုပ်နိုင်မလဲ။ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ပြောဆိုပါ။ မေးခွန်းတွေ မေးပါ။ နားထောင်​ပေးပါ။ (ပညာ. ၂၀:၅။ ယာ. ၁:၁၉) စကားပြောဖို့ အခွင့်အရေး ရစေမယ့်​အရာတွေ အတူတူ လုပ်ပါ။ ဥပမာ၊ လူအများ ရှိတဲ့​နေရာမှာ အတူတူ စားသောက်​တာ၊ လမ်းလျှောက်ထွက်တာ၊ အမှုဆောင်တာ​လို​မျိုး​ပေါ့။ မိသားစု၊ မိတ်ဆွေတွေနဲ့ ပေါင်းသင်း​ချိန်​မှာ​လည်း တစ်ယောက်​အကြောင်း တစ်ယောက် သိလာနိုင်တယ်။ အခြေအနေ အမျိုးမျိုးမှာ၊ လူအမျိုးမျိုးနဲ့ ဆက်ဆံရာမှာ သူ ဘယ်လို ပြုမူ​သလဲ သိခွင့်​ရစေမယ့် အခြေအနေ​လေး​တွေ ဖန်တီး​ပါ။ နယ်သာလန်​နိုင်ငံက ညီအစ်ကို အက်ရှ်ဝင် ဘာလုပ်သလဲ မှတ်သားပါ။ အလီရှာ​နဲ့ ရည်းစား​ဘဝ​အကြောင်း ဒီလိုပြောတယ်– “တစ်ယောက်​အကြောင်း တစ်ယောက် သိခွင့်​ရစေမယ့် အခြေအနေ​လေး​တွေ ဖန်တီး​ကြတယ်။ ရိုးရိုးလေး​ပါပဲ။ အတူတူ ချက်ပြုတ်​ကြတယ်။ တခြား အတူတူ လုပ်လို့ ရတာ​လေး​တွေ လုပ်ကြတယ်။ အဲဒီလို​အချိန်တွေမှာ အချင်းချင်းရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေ မြင်လာ​ရတယ်။”

ရုပ်ပုံ– ၁။ သမီးရည်းစား​စုံတွဲ​တစ်တွဲ ကော်ဖီ​ဆိုင်​မှာ စကားပြော​နေ​ကြ။ ၂။ နောက်​သမီးရည်းစား​စုံတွဲ​တစ်တွဲ ပေါင်းသင်းမှု​မှာ အစားအသောက် အတူတူ ပြင်​နေ​ကြ။ ၃။ ညီအစ်ကိုနဲ့ ညီအစ်မ ဗီဒီယိုကောလ် ပြော​နေ။ jw.org မှာ တင်ထားတဲ့ “အိမ်ထောင်​ပြုမယ်ဆိုရင် ဘာတွေကို ငါ မျှော်လင့်​ထားသင့်သလဲ—အပိုင်း ၁” ဆောင်းပါးကို လေ့လာ​နေ​ကြ။ ကျမ်းစာကို ညီအစ်ကို ဖွင့်ထား။

စကားပြောဖို့ အခွင့်အရေး ရစေမယ့်​အရာတွေ အတူတူ လုပ်တဲ့အခါ တစ်ယောက်​အကြောင်း တစ်ယောက် ပိုသိ​လာနိုင် (စာပိုဒ် ၇-၈ ကို ကြည့်ပါ)


အဝေးရောက် ချစ်သူ​တွေ

သင့်​ချစ်သူ​ဟာ အဝေးမှာ နေတယ်၊ ဖုန်းဆက်၊ ဗီဒီယိုကောလ် ခေါ်ပြီး ဆက်သွယ်​ရတယ်​ဆိုရင်တောင် ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက် တော်တော်​များများ လိုက်လုပ်​လို့ ရပါတယ်။ ပွင့်ပွင့်လင်းလင်း စကားပြောနိုင်တယ်။ တစ်ဖက်​က ပြောတာကို အလေးအနက်​ထား နားထောင်နိုင်တယ်။ ဒါပေမဲ့ လူချင်းတွေ့​ပြီး အချိန်ပေး မပေါင်းရင် တစ်ယောက်​အကြောင်း တစ်ယောက် သိဖို့ ခက်​တာ​လေး​တွေ ရှိနိုင်တယ်။ ဒါကြောင့် ဖြစ်နိုင်တဲ့အခါ သွားလည်​ပါ။ တခြား​စုံတွဲ​တွေ​ထက် ထည့်စဉ်းစား​ရမယ့် အချက်တွေ ပို​လာနိုင်တယ်။ ဥပမာ၊ သူ ရှိတဲ့​နေရာ လိုက်နေ​ချင်​သလား၊ လိုက်နေ​နိုင်မလား။ သူ့​ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ အံဝင်​အောင် ကြိုးစားချင်​သလား၊ ကြိုးစား​နိုင်မလား။ ရည်းစား​ဘဝမှာ အချင်းချင်း သွား​တွေ့ဖို့၊ လက်ထပ်ပြီး​ရင် သူ့​မိသားစု၊ မိတ်ဆွေတွေ​ဆီ သွားလည်​ဖို့ ခရီးစရိတ် တတ်နိုင်​သလား။—လု. ၁၄:၂၈။

8. Lawm kingaite in Lai Siangtho sin khawm uh leh bang hamphatna ngaih thei uh a hiam?

၈ အတူတူ ကျမ်းစာ​လေ့လာရင်း​နဲ့​လည်း တစ်ယောက်​အကြောင်း တစ်ယောက် သိလာနိုင်တယ်။ လက်ထပ်ပြီး​သွား​ရင် မိသားစု ဝတ်ပြုမှုအတွက် အချိန်ပေး​ကြရမယ်။ ဒါမှ ကိုယ့်​အိမ်ထောင်မှာ ဘုရားက နံပါတ်​တစ် ဖြစ်​နေ​မှာ။ (ဒေ. ၄:၁၂) ဒါကြောင့် ရည်းစား​ဘဝ​ကတည်းက အချိန်ပေးပြီး အတူတူ ကျမ်းစာ​လေ့လာ​ပါ။ သမီးရည်းစား​တွေ​ဟာ မိသားစု မဖြစ်သေး​တာ၊ ညီအစ်ကိုဟာ ညီအစ်မရဲ့ ဦးခေါင်း မဖြစ်သေး​တာ မှန်ပါတယ်။ ဒါပေမဲ့ အတူတူ ကျမ်းစာ မှန်မှန် လေ့လာတဲ့အခါ အချင်းချင်းရဲ့ ဘုရားရေးရာ အခြေအနေ သိလာနိုင်တယ်။ အကျိုးကျေးဇူး နောက်တစ်ခုကို အမေရိကန်​ပြည်ထောင်စု​က ညီအစ်ကို မက်စ်​နဲ့ ညီအစ်မ လေဇာ​တို့ စုံတွဲ သတိထားမိ​ကြတယ်။ “ရည်းစား၊ အိမ်ထောင်၊ မိသားစု​ဘဝနဲ့​ပတ်သက်တဲ့ အဖွဲ့အစည်း​စာပေတွေကို ရည်းစား​ဖြစ်ခါစ​မှာ လေ့လာ​ကြတယ်။ အဲဒီလို​လေ့လာတော့ ဒီအတိုင်း​သာ​ဆိုရင် ပြော​ဖြစ်မှာ မဟုတ်တဲ့ အရေးကြီး ကိစ္စ​တော်တော်​များများ ပြောဖို့ လမ်းကြောင်းပွင့်သွား​တယ်” လို့ မက်စ် ပြောတယ်။

ADANG NGAIHSUT DING THUTE

9. Lawmngaih neihlam kuate theisak ding cih khensat ciangin bang thute ngaihsut ding kisam a hiam?

၉ ရည်းစား​ထား​နေပြီဆိုတာ ဘယ်သူတွေကို အသိပေး​သင့်သလဲ။ ဒါ နှစ်ယောက်သား ဆုံးဖြတ်​ရမယ့် ကိစ္စ​ပါ။ ရည်းစား​ဖြစ်ခါစ​မှာ လူ​နည်းနည်းလောက်ကိုပဲ အသိပေးဖို့ ဆုံးဖြတ်နိုင်ပါတယ်။ (ပညာ. ၁၇:၂၇) လူ​နည်းနည်းပဲ သိတော့ ဖိအား​တွေ၊ မေးခွန်းတွေ သိပ်မများ​တော့​ဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အသိပေး​မထား​ရင် လူသိ​မှာ ကြောက်ပြီး ပုန်းလျှိုးကွယ်လျှိုး ချိန်းတွေ့​မိ​နိုင်တယ်။ ဒါ သိပ်အန္တရာယ်​ရှိတယ်။ ဒါကြောင့် အကြံ​ကောင်း ပေးနိုင်​မယ့်​သူ၊ လက်တွေ့ကျကျ ကူညီပေးနိုင်​မယ့်​သူ​တွေ​လောက်ကို​တော့ အသိပေးထား​တာ ပညာရှိရာကျတယ်။ (ပညာ. ၁၅:၂၂) ဥပမာ၊ မိသားစုဝင်​တချို့၊ ရင့်ကျက်တဲ့ မိတ်ဆွေ​တချို့ ဒါမှမဟုတ် အကြီးအကဲ​တချို့ကို အသိပေး​ထားနိုင်တယ်။

10. Lawm kingaite in mi mai le Pasian mai-ah a zahtakhuai kizopna koi bangin hisak thei uh a hiam? (Paunak 22:3)

၁၀ လူရှေ့၊ ဘုရားရှေ့ သိက္ခာ​ရှိတဲ့ ဆက်ဆံရေး ဘယ်လို ဖြစ်စေနိုင်သလဲ။ ခံစားချက်​ချင်း နီးစပ်​လာတဲ့အခါ လူ​ချင်း နီးကပ်​ချင်လာ​တာ သဘာဝပါပဲ။ ကိုယ်ကျင့်တရား စင်ကြယ်​နေဖို့ ဘာက ကူညီပေးနိုင်သလဲ။ (၁ ကော. ၆:၁၈) မတော်တရော်​စကားတွေ မပြောပါနဲ့။ နှစ်ယောက်တည်း မနေပါနဲ့။ အလွန်အကျွံ မသောက်စားပါ​နဲ့။ (ဧ. ၅:၃) ဒါတွေ​က လိင်စိတ် ကြွစေနိုင်​လို့၊ မှန်ရာ လုပ်ဖို့ ခက်​စေနိုင်​လို့​ပါ။ ဒါကြောင့် အချင်းချင်း​ကို၊ ဘုရား​စံနှုန်းတွေကို လေးစားတဲ့​အနေနဲ့ ဘယ်လို စည်းလေးတွေ ထား​မယ်​ဆိုတာ ပုံမှန် တိုင်ပင်​ပါ။ (ပညာအလိမ္မာ ၂၂:၃ ကို ဖတ်ပါ။) အီသီယိုးပီးယား​နိုင်ငံက ညီအစ်ကို ဒါဝတ်​နဲ့ ညီအစ်မ အောမက်ဇ်​ကို ဘာက ကူညီပေးသလဲ မှတ်သားပါ။ “လူအများ ရှိတဲ့​နေရာ၊ ကိုယ့်​မိတ်ဆွေ​သူငယ်ချင်းတွေ ပါတဲ့​နေရာမှာပဲ တွေ့တယ်။ ကား​ထဲ၊ အိမ်ထဲမှာ နှစ်ယောက်တည်း ဘယ်တော့မှ မနေဘူး။ ဒါကြောင့် သွေးဆောင်မှု ဖြစ်စေနိုင်တဲ့ အခြေအနေတွေ ရှောင်နိုင်​ခဲ့​တာ” လို့ ပြောကြတယ်။

11. Itna a kilangsak gamtatnate tawh kisai-in bang thute ngaihsut ding kisam a hiam?

၁၁ ချစ်ခင်​ယုယ​ကြောင်း ပြတဲ့ အပြုအမူတွေ​နဲ့ပတ်သက်ပြီး​တော့​ကော။ ချစ်သူ​နှောင်ကြိုး ခိုင်မြဲလာ​တာ​နဲ့အမျှ ချစ်ခင်​ယုယ​ကြောင်း သင့်တော်တဲ့ နည်းတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ လိင်စိတ် ပြင်းပြ​လာ​ရင် တစ်ဖက်​လူ​နဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် စဉ်းစား​ဆုံးဖြတ်ဖို့ ခက်သွားနိုင်တယ်။ (သီ. ၁:၂။ ၂:၆) မချုပ်တည်း​နိုင်​တော့​ဘဲ လွယ်လွယ်ကူကူ အမှား​လုပ်မိ​သွားနိုင်တယ်။ (ပညာ. ၆:၂၇) ဒါကြောင့် ကျမ်းစာ​အခြေခံ​မူတွေနဲ့​အညီ ချစ်ခင်​ယုယမှု​ကို ဘယ်လို ပြမယ်၊ ဘယ်လို မပြဘူး​ဆိုတာ ရည်းစား​ဖြစ်ခါစ​မှာ စည်းလေးတွေ သတ်မှတ်ထား​ပါ။b (၁ သက်. ၄:၃-၇) ‘ငါတို့​နှစ်ယောက်ရဲ့ ချစ်ခင်​ယုယ​တဲ့ အပြုအမူတွေကို ငါတို့​ဒေသက လူတွေ ဘယ်လို မြင်ကြ​မလဲ။ ဒီလို​အပြုအမူတွေက ငါ့ကို ဒါမှမဟုတ် သူ့ကို လိင်စိတ် ကြွလာ​စေ​မလား’ လို့ နှစ်ယောက်သား စဉ်းစားကြည့်ပါ။

12. Lawm kingaih lai-in buainate le lungsim kituak lohnate a om leh bang a ngaihsut ding uh kisam a hiam?

၁၂ ပြဿနာတွေ၊ သဘောထား ကွဲလွဲမှုတွေကို ဘယ်လို ဖြေရှင်း​နိုင်​သလဲ။ တစ်ခါတလေ သဘောထား ကွဲလွဲ​တာဟာ လက်တွဲ​ဖို့ အဆင်မပြေ​တဲ့ သဘောလား။ မဟုတ်ပါဘူး။ သဘောထား မကွဲလွဲ​တဲ့ စုံတွဲ​ရယ်​လို့ မရှိပါဘူး။ အောင်မြင်​သာယာတဲ့ အိမ်ထောင်​ဆိုတာ အသွင်​မတူတာ​တွေ​ကို ညှိနှိုင်း​ယူ​နိုင်​တဲ့ လူ​နှစ်ယောက် ပေါင်းစည်း​ထားတာ။ ဒါကြောင့် ရည်းစား​ဘဝမှာ ပြဿနာ ဘယ်လို ဖြေရှင်းသလဲ​ဆိုတာက လက်ထပ်ပြီး​ရင် အိမ်ထောင် သာယာ၊ မသာယာ​ဆိုတာ ဖော်ပြ​နေနိုင်တယ်။ ‘ငါတို့ အေးအေးဆေးဆေး၊ လေးလေးစားစား ညှိနှိုင်း​တိုင်ပင်​လို့ ရ​သလား။ ကိုယ့်​အမှား​ကိုယ် ရှောရှောရှူရှူ ဝန်ခံ​သလား။ ကြိုးစား​ပြင်​သလား။ မြန်မြန်ဆန်ဆန် လိုက်လျော​တတ်​သလား၊ တောင်းပန်​သလား၊ ခွင့်လွှတ်​သလား’ လို့ နှစ်ယောက်သား စဉ်းစားကြည့်ပါ။ (ဧ. ၄:၃၁၊ ၃၂) ဒါပေမဲ့ ရည်းစား​ဘဝမှာ တကျက်ကျက် စကား​များ​ရန်ဖြစ်​တယ်၊ တစ်ချိန်လုံး သဘောထား ကွဲလွဲ​တယ်​ဆိုရင်တော့ လက်ထပ်ပြီး​ရင်​လည်း အခြေအနေ ထူးလာမယ့်ပုံ မပေါ်​ဘူး။ အဆင်မပြေ​နိုင်​မှန်း သိရင် လမ်းခွဲ​တာ​ဟာ နှစ်ယောက်စလုံး​အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။c

13. Lawm kingaih hun bangzah sawt ding kilawm cih thu a theih nadingun bang thute in huh ding a hiam?

၁၃ ရည်းစား​သက်တမ်း ဘယ်လောက် ကြာသင့်သလဲ။ အလျင်စလို ဆုံးဖြတ်ရင် ဆိုးကျိုးတွေ ကြုံရ​တတ်တယ်။ (ပညာ. ၂၁:၅) ဒါကြောင့် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိဖို့ အချိန် အလုံအလောက် ယူ​သင့်​တယ်။ မလိုအပ်ဘဲ​တော့ အချိန်​မဆွဲ​သင့်​ဘူး။ “မျှော်လင့်​နေတဲ့​အရာ​က ကြန့်ကြာနေရင် စိတ်အား​လျော့​စေ​တယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၃:၁၂) ဒါ့အပြင် ရည်းစား​သက်တမ်း ကြာလေ လိင်​အကျင့်​ယိုယွင်း​စေနိုင်​တဲ့ သွေးဆောင်မှုတွေ တွန်းလှန်​ရ​ခက်​လေ ဖြစ်နိုင်တယ်။ (၁ ကော. ၇:၉) ရည်းစား​သက်တမ်းဟာ အဓိက မဟုတ်ပါဘူး။ ‘ဆုံးဖြတ်ချက် ချနိုင်ဖို့​ဆိုရင် သူ​နဲ့ပတ်သက်ပြီး ငါ ဘာ​သိဖို့ လိုနေ​သေးသလဲ’ လို့သာ စဉ်းစားပါ။

MIDANG TE’N LAWM KINGAITE KOICI HUH THEI A HIAM?

14. Midang te’n lawm kingaite a taka zuih thei pah dingin koici huh thei a hiam? (Lim zong en in.)

၁၄ ညီအစ်ကို​တစ်ယောက်နဲ့ ညီအစ်မ​တစ်ယောက် ရည်းစား​ဖြစ်နေပြီဆိုတာ သိရင် ဘယ်လို ကူညီပေးနိုင်သလဲ။ အတူတူ စားသောက်​ဖို့၊ မိသားစု ဝတ်ပြုမှု​မှာ ပါဝင်ဖို့၊ အပန်းဖြေဖို့ ဖိတ်နိုင်​တယ်။ (ရော. ၁၂:၁၃) ဒါဆိုရင် တစ်ယောက်​အကြောင်း တစ်ယောက် သူတို့ ပိုသိ​လာနိုင်​ကြ​မယ်။ သူတို့ ချိန်း​တွေ့တဲ့အခါ အဖော်​လိုက်​ပေးနိုင်တယ်။ အကြိုအပို့ လုပ်ပေးနိုင်တယ်။ သူတို့​ချင်း သီးသန့် စကားပြောနိုင်ဖို့ အိမ်ကို ဖိတ်နိုင်​တယ်။ (ဂလ. ၆:၁၀) “အတူတူ​လည်း ရှိချင်တယ်၊ နှစ်ယောက်တည်း ဖြစ်​နေ​မှာ​လည်း စိုး​တယ်​ဆိုရင် အိမ်​လာ​ခဲ့​ပါ​လို့ ညီအစ်ကို/မတချို့ ပြောကြတယ်။ အဲဒီလို​ပြောပေး​လို့ သိပ်ပျော်တာပဲ” ဆိုပြီး ကိုယ်တိုင်နဲ့ အက်ရှ်ဝင် ကျေးဇူးတင်​မိ​တဲ့​အချက်ကို အစောပိုင်းမှာ ဖော်ပြတဲ့ အလီရှာ ပြောတယ်။ ချိန်းတွေ့​တဲ့​နေရာ အဖော်​လိုက်​ပေးဖို့ တောင်းဆိုခံရ​ရင် မိတ်ဆွေတွေကို ကူညီပေးနိုင်တဲ့ အခွင့်ထူး​လို့ သဘောထားပါ။ နှစ်ယောက်တည်း​တော့ လွှတ်​မထားပါနဲ့။ တစ်ချိန်တည်းမှာ သူတို့​ချင်း သီးသန့် စကားပြောဖို့ လိုတယ်ဆိုတာ​လည်း သိထား​ပေးပါ။—ဖိ. ၂:၄။

ပေါင်းသင်းမှု​တစ်ခုမှာ သမီးရည်းစား​စုံတွဲ​တစ်တွဲ အတူတူ ထိုင်နေ​ကြ။ သီးသန့် စကားပြော​နေ​ကြ။

သမီးရည်းစား​စုံတွဲ​တွေ​ကို လက်တွေ့ကျကျ ကူညီနိုင် (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)


15. Midang te’n lawm kingaite koi koi bangin huh thei lai a hiam? (Paunak 12:18)

၁၅ ပြော​သင့်​တာ ပြောပြီး မပြော​သင့်​တာ မပြောတာက​လည်း သမီးရည်းစား​စုံတွဲ​တွေ​ကို ကူညီရာ​ရောက်တယ်။ ချုပ်တည်းမှု ပြ​ရမယ့်​အချိန်တွေ ရှိတယ်။ (ပညာအလိမ္မာ ၁၂:၁၈ ကို ဖတ်ပါ။) ဥပမာ၊ ဘယ်သူနဲ့ ဘယ်သူကတော့ ရည်းစား​ဖြစ်နေပြီဆိုတာ တခြားသူတွေကို ကျွန်တော်တို့ ပြောပြချင်​နိုင်တယ်။ ဒါပေမဲ့ စုံတွဲ​တွေ​အနေနဲ့ ကိုယ်တိုင် အသိပေး​ချင်​နိုင်တယ်။ ဒါ့အပြင် သမီးရည်းစား​စုံတွဲ​တွေ​အကြောင်း အတင်းအဖျင်း မပြောသင့်​ဘူး။ အတွင်းရေး မဝေဖန်​သင့်​ဘူး။ (ပညာ. ၂၀:၁၉။ ရော. ၁၄:၁၀။ ၁ သက်. ၄:၁၁) လက်ထပ်​ဖို့ ဖိအားပေး​ရာ​ရောက်တဲ့ စကားတွေ မပြော​သင့်​ဘူး၊ မေးခွန်းတွေ မမေးသင့်​ဘူး။ “မင်္ဂလာဆောင်​ဖို့ နှစ်ယောက်သား မတိုင်ပင်​ရသေးခင် လူတွေ ဝိုင်းဝိုင်း​မေး​ကြ​တဲ့အခါ နေ​ရ​ခက်​ခဲ့တယ်” လို့ ညီအစ်မ အယ်လီဇာ​တို့ ဇနီးမောင်နှံ ပြောတယ်။

16. Lawm kingaite a kikhen uh ciangin midang te’n bang a cih ding uh kisam a hiam?

၁၆ သမီးရည်းစား​စုံတွဲ​တွေ လမ်းခွဲလိုက်ရင်​ကော။ စစ်စစ်​ပေါက်ပေါက် လိုက်​မမေး​သင့်​ဘူး။ တစ်ဖက်ဖက်​ကို အပြစ်မတင်​သင့်​ဘူး။ (၁ ပေ. ၄:၁၅) “ညီအစ်ကို​တစ်ယောက်နဲ့ ကျွန်မ လမ်းခွဲ​ရတဲ့ အကြောင်းရင်း​နဲ့ပတ်သက်ပြီး တခြားသူတွေ ဟိုပြော​ဒီပြော ပြောတာ ပြန်ကြား​တယ်။ တကယ် စိတ်မကောင်း​ဘူး” လို့ ညီအစ်မ လေယာ ပြောတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့​သလို လမ်းခွဲ​တာ​ဟာ ရှုံးနိမ့်​တာ မဟုတ်ပါဘူး။ လက်ထပ်​သင့်၊ မသင့် ဆုံးဖြတ်ချက်ကောင်း ချ​နိုင်​ခဲ့​လို့ ရည်းစား​ထားတဲ့ ရည်ရွယ်ချက် အထမြောက်​ပါတယ်။ ဒါပေမဲ့ လမ်းခွဲလိုက်လို့ သူတို့ ခံစား​နေ​ရနိုင်တယ်။ အထီးကျန်​နေနိုင်တယ်။ ဒါကြောင့် သူတို့ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ရှာပါ။—ပညာ. ၁၇:၁၇။

17. Lawm kingaite in bang a sepsuak ding uh kisam a hiam?

၁၇ သိခဲ့​ရတဲ့​အတိုင်း သမီးရည်းစား​ဘဝဟာ အခက်အခဲတွေ ရှိသလို ကြည်နူး​စရာ​လည်း ကောင်းတယ်။ “ပွင့်ပွင့်လင်းလင်း ပြော​ရရင် ရည်းစား​ထား​ရတာ တော်တော် အလုပ်များ​တယ်။ ဒါပေမဲ့ တစ်ယောက်​အကြောင်း တစ်ယောက် လေ့လာဖို့ အချိန်ကုန် လူ​ပင်ပန်း​ခံရ​ကျိုး နပ်ပါတယ်” လို့ ညီအစ်မ ဂျက်ဆီကာ ပြောတယ်။ သင် ရည်းစား​ထား​နေတယ်​ဆိုရင် တစ်ယောက်​အကြောင်း တစ်ယောက် သိအောင် ဆက်လုပ်ပါ။ ဒါဆိုရင် နှစ်ယောက်စလုံး ဆုံးဖြတ်ချက်ကောင်း ချနိုင်ပါလိမ့်မယ်။

MIDANG TE’N LAWM KINGAITE KOICI HUH THEI A HIAM?

  • Lawmngaih neihna ii ngimna in bang a hiam?

  • Lawm kingai te’n khatlekhat’ thu a kitheihcian nadingun koici sep thei uh a hiam?

  • Pawlpi sunga mi te’n lawm kingaite koici huh thei uh a hiam?

LA 49 ယေဟောဝါရဲ့ စိတ်နှလုံး ရွှင်ပြုံး​စေ​ခြင်း

a အမည်လွှဲများ။

b တခြားသူရဲ့ လိင်​အင်္ဂါ​ကို ကိုင်တွယ်​ပွတ်သပ်​တာ​ဟာ လိင်အကျင့်ယိုယွင်းမှု ပုံစံ​တစ်မျိုး ဖြစ်တယ်။ အသင်းတော် အကြီးအကဲတွေအနေနဲ့ တရားရေး ကိုင်တွယ်ဖို့ လိုပါတယ်။ ရင်သားကို ကိုင်တွယ်​ပွတ်သပ်​တာ၊ စာပို့​ဖုန်းဆက်ပြီး မတော်တရော်​တွေ ပြောတာ​လည်း အခြေအနေပေါ် မူတည်ပြီး တရားရေး ကိုင်တွယ်​ခံရနိုင်တယ်။

c ထပ်သိချင်ရင် ၁၉၉၉၊ ဩဂုတ် ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ