Sin Ding Thu 3
LA 35 ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိပါ’
Jehovah A Lungkimsak Thu Khensatnate Bawl In
“TOPA zahtakna pen pilna kipatna hi a, Siangtho Pa theihna pen thumuhna ahi hi.”—PAU. 9:10.
အာရုံစိုက်ရာ
အသိပညာ၊ သိနားလည်မှု၊ ပိုင်းခြားသိမြင်နိုင်စွမ်း သုံးပြီး ဆုံးဖြတ်ချက်ကောင်းတွေ ဘယ်လို ချနိုင်သလဲ။
1. Ba’hang thu pawlkhat khensat ding haksa a hiam?
နေ့တိုင်း ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချကြရတယ်။ ကိစ္စတချို့က ဆုံးဖြတ်ဖို့ လွယ်တယ်။ ဥပမာ၊ မနက်စာ ဘာစားမလဲ၊ ဘယ်အချိန် အိပ်ရာဝင်မလဲ စတဲ့ ကိစ္စတွေ ဖြစ်တယ်။ ကိစ္စတချို့ကတော့ ဆုံးဖြတ်ဖို့ ခက်တယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေက ကိုယ့်ရဲ့ ပျော်ရွှင်ကျန်းမာရေး၊ မိသားစုအရေး၊ ဝတ်ပြုရေးအပေါ် သက်ရောက်မှု ရှိနိုင်လို့ ဖြစ်တယ်။ ကိုယ်တိုင်နဲ့ မိသားစုအတွက် အကျိုးရှိမယ့် ဆုံးဖြတ်ချက်မျိုး၊ အထူးသဖြင့် ယေဟောဝါဘုရား နှစ်သက်လက်ခံတဲ့ ဆုံးဖြတ်ချက်မျိုး ကျွန်တော်တို့ ချချင်ကြပါတယ်။—ရော. ၁၂:၁၊ ၂။
2. Thu khensatna hoih i bawl theih nadingin bang i hih ding kisam a hiam?
၂ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ (၁) အကြောင်းစုံ သိအောင် လုပ်ပါ၊ (၂) ယေဟောဝါရဲ့ အမြင်ကို ထည့်စဉ်းစားပါ၊ (၃) ရွေးချယ်စရာတွေကို ချိန်ဆပါ။ ဒီဆောင်းပါးမှာ ဒီအဆင့်သုံးဆင့်အကြောင်း ဆွေးနွေးသွားမယ်။ ပိုင်းခြားသိမြင်နိုင်စွမ်းကို ဘယ်လို လေ့ကျင့်နိုင်ကြောင်းလည်း ဆွေးနွေးပါမယ်။—ပညာ. ၂:၁၁။
THULELATE A KICIANIN THEIH SAWM IN
3. Thu i khensat ma-in thulelate a kicianin i theih ding a kisapna a hang gentehna pia in.
၃ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ပါ။ ဒါ ဘာကြောင့် အရေးကြီးသလဲ။ လူတစ်ယောက် ကျန်းမာရေး မကောင်းလို့ ဆေးခန်း သွားပြတယ်ဆိုပါစို့။ လူနာကို မမေးမြန်းဘဲ၊ မစမ်းသပ်ဘဲ ဘယ်လို ကုမယ်ဆိုတာ ဆရာဝန် တန်းဆုံးဖြတ်သလား။ မဆုံးဖြတ်ဘူး။ သင်လည်း ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ဆိုရင် အရင်ဆုံး အကြောင်းစုံ သိအောင် လုပ်ရမယ်။ အကြောင်းစုံ သိအောင် ဘယ်လို လုပ်နိုင်သလဲ။
4. Thulelate a kicianin i theih nadingin koi bangin hih thei i hiam. (Paunak 18:13) (Lim zong en in.)
၄ အကြောင်းစုံ သိအောင် လုပ်နိုင်တဲ့ တစ်နည်းကတော့ မေးခွန်းတွေ မေးတာပါ။ ဥပမာ၊ စုဆုံပွဲတစ်ပွဲ ဖိတ်ခံရတယ်ဆိုပါစို့။ ဘယ်သူ စီစဉ်သလဲ၊ ဘာအစီအစဉ်တွေ ပါသလဲ မသိဘူးဆိုရင် ဒီမေးခွန်းတွေ မေးနိုင်တယ်– “ဘယ်အချိန်၊ ဘယ်နေရာမှာ စုဆုံမလဲ။ ဘယ်သူတွေ လာမလဲ။ ဘယ်နှယောက် လာမလဲ။ ဘယ်သူ ကြီးကြပ်ပေးမလဲ။ ဘာတွေ လုပ်မလဲ။ အသောက်အစား ပါမလား။” ဒီမေးခွန်းတွေရဲ့ အဖြေက သင် သွားသင့် မသွားသင့် ဆုံးဖြတ်နိုင်ဖို့ ကူညီပေးမယ်။—ပညာအလိမ္မာ ၁၈:၁၃ ကို ဖတ်ပါ။
မေးခွန်းတွေ မေးခြင်းအားဖြင့် အကြောင်းစုံ သိအောင် လုပ်ပါ (စာပိုဒ် ၄ ကို ကြည့်ပါ)a
5. Thulelate a kicianin i theih khit teh bang sem ding kisam i hiam?
၅ အကြောင်းစုံ သိပြီဆိုရင် အခြေအနေတစ်ခုလုံးကို သေသေချာချာ သုံးသပ်ပါ။ ဥပမာ၊ စုဆုံပွဲ လာမယ့်သူတွေထဲမှာ ကျမ်းစာမူတွေကို မလေးမြတ်သူတွေ ပါမယ် ဒါမှမဟုတ် ကြီးကြပ်သူ မရှိဘဲ သောက်စားကြမယ်ဆိုရင် ဘယ်လို လုပ်မလဲ။ အထိန်းအကွပ်မဲ့ပွဲ ဖြစ်သွားနိုင်တယ်ဆိုတာ သုံးသပ်မိသလား။ (၁ ပေ. ၄:၃) စုဆုံပွဲက အစည်းအဝေး ဒါမှမဟုတ် အမှုဆောင်နဲ့ အချိန်တိုက်နေရင်ကော။ အခြေအနေတစ်ခုလုံးကို သုံးသပ်တဲ့အခါ ဆုံးဖြတ်ချက်ကောင်း ချဖို့ ပိုလွယ်မယ်။ ဒါပေမဲ့ လုပ်ရမှာ ရှိသေးတယ်။ ‘အခြေအနေကို ကိုယ်ကတော့ ဒီလိုမြင်တယ်။ ယေဟောဝါကော ဘယ်လို မြင်သလဲ’ ဆိုပြီး စဉ်းစားရမယ်။—ပညာ. ၂:၆။
JEHOVAH’ MUH DAN NGAIHSUN IN
6. James 1:5-a a gen mah bangin, ba’hang Jehovah kiangah thungen ding kisam i hiam?
၆ ယေဟောဝါရဲ့ အမြင်ကို နားလည်ဖို့ ဆုတောင်းပါ။ ‘ဉာဏ်ပညာ လိုနေရင် ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးမယ်’ လို့ ယေဟောဝါ ကတိပေးထားတယ်။ (ယာကုပ် ၁:၅ ကို ဖတ်ပါ။) ကိုယ့်ဆုံးဖြတ်ချက်ကို ယေဟောဝါ နှစ်သက်၊ မနှစ်သက် ပိုင်းခြားသိနိုင်ဖို့ အဲဒီဉာဏ်ပညာက ကူညီပေးမယ်။
7. Jehovah muh dan koi bangin thei thei i hiam? Gentehna pia in.
၇ ယေဟောဝါဆီက လမ်းညွှန်မှု တောင်းပြီးရင် ဘာလမ်းညွှန်သလဲဆိုတာ အာရုံစိုက်ပါ။ ခရီးသွားရင်း လမ်းပျောက်သွားလို့ ဒေသခံတစ်ယောက်ကို လမ်းမေးတယ်ဆိုပါစို့။ ဖြေတာ မစောင့်ဘဲ ထွက်သွားမလား။ ထွက်သွားမှာ မဟုတ်ဘူး။ သူ လမ်းညွှန်တာကို ဂရုတစိုက် နားထောင်မှာပဲ။ အဲဒီလိုပဲ ယေဟောဝါဆီက ဉာဏ်ပညာ တောင်းပြီးရင် ဘာလမ်းညွှန်သလဲဆိုတာ သိအောင် လုပ်ပါ။ သိနိုင်တဲ့ တစ်နည်းကတော့ ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာပညတ်တွေ၊ မူတွေ ရှာဖွေလေ့လာတာပါပဲ။ ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ စုဆုံပွဲ သွားသင့် မသွားသင့် ဆုံးဖြတ်တဲ့အခါ ဘာတွေ သုံးသပ်နိုင်သလဲ။ အထိန်းအကွပ်မဲ့ပွဲတွေ၊ မကောင်းတဲ့ အပေါင်းအသင်းတွေအကြောင်း၊ ကိုယ့်ဆန္ဒထက် ဘုရားနိုင်ငံတော်ကို ဦးစားထားသင့်ကြောင်း ကျမ်းစာမှာ ပြောထားတာကို သုံးသပ်နိုင်တယ်။—မ. ၆:၃၃။ ရော. ၁၃:၁၃။ ၁ ကော. ၁၅:၃၃။
8. I theihnop thute i muh na’ng huhna a kisap a leh bang sem thei i hiam? (Lim zong en in.)
၈ အချက်အလက်တွေ ရှာတွေ့ဖို့ အကူအညီ လိုအပ်ချိန်တွေ ရှိနိုင်တယ်။ အကူအညီ လိုအပ်ရင် ရင့်ကျက်တဲ့ ညီအစ်ကို/မတစ်ယောက်ကို အကြံတောင်းနိုင်တယ်။ ကိုယ်တိုင် ရှာဖွေလေ့လာတာကလည်း အကျိုးရှိတယ်။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် နဲ့ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ အထောက်အကူပြု အချက်အလက်တွေ အများကြီးရှိတယ်။ ကိုယ့်ပန်းတိုင်ဟာ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ဆိုတာ သတိရပါ။
ယေဟောဝါရဲ့ အမြင်ကို ထည့်စဉ်းစားပါ (စာပိုဒ် ၈ ကို ကြည့်ပါ)b
9. Jehovah a lungkimsak thu khensatna i bawl theih nadingin bang sem ding i hiam? (Efesa 5:17)
၉ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ ဘာလုပ်ရမလဲ။ အရင်ဆုံး၊ ယေဟောဝါအကြောင်း ကောင်းကောင်း သိအောင် လုပ်ရမယ်။ “အသန့်ရှင်းဆုံးအရှင်ရဲ့ အကြောင်းကို သိရှိခြင်းဟာ သိနားလည်မှုပဲ” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၉:၁၀) ယေဟောဝါရဲ့ အရည်အသွေး၊ ရည်ရွယ်ချက်၊ နှစ်သက်ရာ၊ မနှစ်သက်ရာတွေကို သိလာတဲ့အခါ စစ်မှန်တဲ့ သိနားလည်မှု ရှိလာမယ်။ ‘ယေဟောဝါအကြောင်း ငါ သိရသလောက် ဘယ်လို ဆုံးဖြတ်ရင် ယေဟောဝါ နှစ်သက်မလဲ’ လို့ စဉ်းစားပါ။—ဧဖက် ၅:၁၇ ကို ဖတ်ပါ။
10. Lai Siangtho thubulte pen Innkuan ngeina, ahih kei leh tualsung ngeina dante sangin ba’hang thupizaw a hiam?
၁၀ ယေဟောဝါ နှစ်သက်ဖို့ မိသားစု၊ ဆွေမျိုးတွေ သဘောမတွေ့တဲ့ ဆုံးဖြတ်ချက် တစ်ခါတလေ ချရနိုင်တယ်။ ဥပမာ၊ ဘုရားရေးရာကို ဦးစားမထားပေမဲ့ ချမ်းသာသူ ဒါမှမဟုတ် ငွေအများကြီး တင်တောင်းနိုင်သူနဲ့ သမီးဖြစ်သူကို မိဘတချို့ အိမ်ထောင်ချပေးချင်နိုင်တယ်။ ကောင်းစားစေချင်လို့ မိဘတွေ စီစဉ်တာ မှန်ပေမဲ့ ကိုယ်တိုင် ဘုရားရေးရာ ဦးစားမထားသူတစ်ယောက်က ငါ့ကို ဘုရားရေးရာမှာ ဦးဆောင်နိုင်ပါ့မလားလို့ စဉ်းစားရမယ်။ ဒီကိစ္စကို ယေဟောဝါ ဘယ်လို မြင်မလဲ။ မဿဲ ၆:၃၃ မှာ အဖြေတွေ့နိုင်တယ်။ ‘ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမြဲ ဦးစားထားကြပါ’ လို့ ယေရှု အားပေးထားတယ်။ မိဘဆွေမျိုးအသိုင်းအဝိုင်းကို ကျွန်တော်တို့ လေးစားပေမဲ့ ယေဟောဝါစိတ် ရွှင်လန်းစေဖို့ အဓိကထားသင့်တယ်။
ရွေးချယ်စရာတွေကို ချိန်ဆပါ
11. Na teel dingte na khensat theih nadingin bang pianzia in hong huh ding a hiam? (Filippi 1:9, 10)
၁၁ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ သုံးသပ်ပြီးရင် ရွေးချယ်စရာတွေကို ချိန်ဆပါ။ (ဖိလိပ္ပိ ၁:၉၊ ၁၀ ကို ဖတ်ပါ။) ဘာကို ရွေးချယ်ရင် ဘာအကျိုးဆက် ရှိနိုင်တယ်ဆိုတာ တွေးကြည့်ဖို့ ပိုင်းခြားသိမြင်နိုင်စွမ်းက ကူညီပေးတယ်။ ကိစ္စတချို့က လွယ်လွယ် ဆုံးဖြတ်လို့ရတယ်။ ဒါပေမဲ့ ကိစ္စတိုင်းက ရိုးရှင်းမနေဘူး။ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိရင်တော့ ရှုပ်ထွေးတဲ့ ကိစ္စတွေမှာတောင် ဆုံးဖြတ်ချက်ကောင်း ချနိုင်မယ်။
12-13. Nasep tawh kisai khensatna hoih i bawl theih nadingin thu khentel theihna in koi bangin hong huh ding a hiam?
၁၂ မိသားစုကို ထောက်ပံ့ဖို့ အလုပ်ရှာနေတယ်ဆိုပါစို့။ ရွေးချယ်စရာ အလုပ်နှစ်ခု ရှိတယ်။ အလုပ်အမျိုးအစား၊ အလုပ်ချိန်၊ သွားချိန်လာချိန် စသဖြင့် အကြောင်းစုံ သိအောင် လုပ်တယ်။ အလုပ်နှစ်ခုစလုံးက ကျမ်းစာမူတွေနဲ့ မဆန့်ကျင်ဘူး။ အလုပ်တစ်ခုက ကိုယ်ကြိုက်တဲ့ အလုပ်အမျိုးအစား ဖြစ်နေလို့ ဒါမှမဟုတ် လစာ ပိုကောင်းလို့ ရွေးချယ်ချင်မိနိုင်တယ်။ ဒါပေမဲ့ မဆုံးဖြတ်ခင် စဉ်းစားရမှာတွေ ရှိတယ်။
၁၃ “ပိုအရေးကြီးတဲ့အရာတွေ” ဖြစ်တဲ့ ဝတ်ပြုရေး၊ မိသားစုအရေးကို ငွေထက် ဦးစားထားနိုင်ဖို့ ဒီလိုစဉ်းစားပါ– ‘အလုပ်ချိန်က အစည်းအဝေးနဲ့ တိုက်နေသလား။ မိသားစုအတွက်၊ မိသားစုရဲ့ ဘုရားရေးရာအတွက် ပေးရမယ့် အချိန်တွေ ပဲ့သွားမလား။’ ဒီလိုစဉ်းစားမယ်ဆိုရင် ဘုရားကောင်းချီး ရစေမယ့် ဆုံးဖြတ်ချက် ချနိုင်မယ်။
14. Mi dangte a puk loh nadingun thu khentel theihna le itna in koi bangin hong huh ding a hiam?
၁၄ ကိုယ့်ဆုံးဖြတ်ချက်က “သူတစ်ပါးကို တိုက်မိလဲစေ” မလားဆိုတာ ထည့်စဉ်းစားဖို့လည်း ပိုင်းခြားသိမြင်နိုင်စွမ်းက ကူညီပေးတယ်။ (ဖိ. ၁:၁၀) ဥပမာ၊ ဝတ်စားဖြီးလိမ်းပုံလိုမျိုး ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ဆုံးဖြတ်တဲ့အခါ ဖြစ်တယ်။ ဝတ်စားဖြီးလိမ်းပုံတစ်မျိုးမျိုးကို ကိုယ်က ကြိုက်တယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေ ဒါမှမဟုတ် အပြင်လူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ဘယ်လို လုပ်မလဲ။ တခြားသူတွေရဲ့ အမြင်ကို လေးစားဖို့ ပိုင်းခြားသိမြင်နိုင်စွမ်းက ကူညီပေးတယ်။ “ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာ” ဖို့၊ ချင့်ချိန်မှု ရှိဖို့ မေတ္တာက လှုံ့ဆော်ပေးတယ်။ (၁ ကော. ၁၀:၂၃၊ ၂၄၊ ၃၂။ ၁ တိ. ၂:၉၊ ၁၀) ပိုင်းခြားသိမြင်နိုင်စွမ်းနဲ့ မေတ္တာ ရှိရင် တခြားသူတွေကို လေးစားရာရောက်မယ့် ဆုံးဖြတ်ချက် ချနိုင်မယ်။
15. A thupi thu khensatna i bawlte i sepkhiat ma-in bangteng ngaihsut kul a hiam?
၁၅ အရေးကြီး ဆုံးဖြတ်ချက် ချတဲ့အခါ အကောင်အထည်ဖော်ဖို့ ဘာတွေ လုပ်ရမလဲဆိုတာလည်း စဉ်းစားပါ။ “ကုန်ကျစရိတ်ကို တွက်ချက်” ဖို့ ယေရှု ပြောတယ်။ (လု. ၁၄:၂၈) ဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့ အချိန်၊ ငွေ၊ ခွန်အား ဘယ်လောက် စိုက်ထုတ်ဖို့ လိုမလဲ စဉ်းစားပါ။ တချို့အခြေအနေတွေမှာ မိသားစုဝင်တစ်ယောက်စီ ဘယ်လို ဝိုင်းပံ့ပိုးဖို့ လိုမယ်ဆိုတာ မိသားစုနဲ့ တိုင်ပင်နိုင်တယ်။ ဒီလိုစဉ်းစားတာ၊ တိုင်ပင်တာ ဘာကြောင့် အကျိုးရှိသလဲ။ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ပြုပြင်ရမလား၊ ဆုံးဖြတ်ချက် ပြောင်းကို ပြောင်းရမလားဆိုတာ အဖြေပေါ်လာနိုင်လို့ပါ။ ဒါ့အပြင် မိသားစုနဲ့ တိုင်ပင်တယ်၊ သူတို့ ပေးတဲ့ အကြံဉာဏ်ကို အလေးထားတယ်ဆိုရင် ဆုံးဖြတ်ချက်ကို သင် အကောင်အထည်ဖော်နိုင်ဖို့ သူတို့ ဝိုင်းပံ့ပိုးပေးချင်လာမယ်။—ပညာ. ၁၅:၂၂။
ဆုံးဖြတ်ချက် အောင်မြင်ဖို့ လုပ်နိုင်ရာ
16. I thukhensatna lawhcin nadingin bang kalsuannate zuih kul a hiam? (“Thu Khensatna Hoih I Bawl Theih Dan,” kiu li bawm zong en in.)
၁၆ ဒီဆောင်းပါးမှာ အကြံပြုထားတဲ့ အဆင့်တွေအတိုင်း အကြောင်းစုံ သိအောင် လုပ်ပြီးပြီ၊ အကူအညီ ဖြစ်စေမယ့် ကျမ်းစာမူတွေကို ဆန်းစစ်ပြီးပြီဆိုရင် ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ သင် အဆင်သင့်ဖြစ်နေပြီ။ ဆုံးဖြတ်ချက် ချပြီးတဲ့နောက် ဘာလုပ်နိုင်သလဲ။ အောင်မြင်အောင် ကူညီပေးဖို့ ဆုတောင်းနိုင်တယ်။
17. Thu khensatna hoih i bawl theih nadingin bang thupi pen a hiam?
၁၇ ကိုယ်ဆုံးဖြတ်တာတွေ အောင်မြင်ခဲ့တဲ့ အကြိမ်ရေ မနည်းဘူးဆိုရင်တောင် ဘာကို သတိရသင့်သလဲ။ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ဆိုရင် ကိုယ့်ဉာဏ်ရည်ဉာဏ်စွမ်း၊ အတွေ့အကြုံကို မဟုတ်ဘဲ ယေဟောဝါဆီက ဉာဏ်ပညာကို အားကိုးဖို့က အဓိကဆိုတာ သတိရရမယ်။ ဉာဏ်ပညာရဲ့ အဓိက အစိတ်အပိုင်း သုံးခု ဖြစ်တဲ့ အသိပညာ၊ သိနားလည်မှု၊ ပိုင်းခြားသိမြင်နိုင်စွမ်းကို ယေဟောဝါတစ်ပါးတည်း ပေးနိုင်တယ်။ (ပညာ. ၂:၁-၅) စိတ်တော်နဲ့ တွေ့မယ့် ဆုံးဖြတ်ချက်တွေ ချဖို့ ယေဟောဝါတစ်ပါးတည်းကသာ ကူညီပေးနိုင်တယ်။—ဆာ. ၂၃:၂၊ ၃။
LA 28 ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်ခြင်း
a ပုံအညွှန်း– စုဆုံပွဲ လာဖို့ ဖုန်းနဲ့ ဖိတ်ခံရတဲ့ လူငယ်ညီအစ်ကို/မတွေ စုဆုံပွဲအကြောင်း ပြောနေ။
b ပုံအညွှန်း– စုဆုံပွဲ သွားမသွား ဆုံးဖြတ်နိုင်ဖို့ ညီအစ်ကိုတစ်ယောက် လေ့လာမှု လုပ်နေ။