Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 October laim. 24-29
  • Muanlahnate Beisak In

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Muanlahnate Beisak In
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • MUANLAHNATE BANGCI PAIHKHIAT DING I HIAM?
  • JEHOVAH’ HONG DON MAH A HIAM CIH MUANLAHNA
  • HUN BEISA A THU KHENSATNA NA BAWLNATE A MAN MAH HIAM CIH MUANLAHNA
  • JEHOVAH ADING KIMANNA KA NEI HIAM CIH MUANLAHNA
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 October laim. 24-29

SIN DING THU 43

LA 90 အချင်းချင်း အားပေးကြ

Muanlahnate Beisak In

“Thu khempeuh entel pha un.”—1 THE. 5:21.

အာရုံစိုက်​ရာ

ဝတ်ပြုရေးကို ထိခိုက်စေနိုင်တဲ့ သံသယတွေ ဘယ်လို ဖျောက်​မလဲ။

1-2. (a) Pasian’ mite koi bangin muanlahna nei khathei uh a hiam? (b) Hih thulu-ah bang thu kikum ding i hiam?

အသက်ကြီးကြီး​ငယ်ငယ် ကျွန်တော်တို့​အားလုံး သံသယa ဝင်​တတ်​ကြတယ်။ ဥပမာ၊ ကိုယ့်ကို ယေဟောဝါ​ဘုရား တကယ် ဂရုစိုက်​ရဲ့​လား​ဆိုပြီး သက်သေခံ လူငယ်​တစ်ယောက် သံသယဝင်​နေ​လို့ နှစ်ခြင်းခံဖို့ ချီတုံချတုံ ဖြစ်​မိ​နိုင်တယ်။ ညီအစ်ကို​တစ်ယောက် လူငယ်​ဘဝမှာ ငွေ​နောက် မလိုက်ဘဲ အမှုဆောင်​လုပ်ငန်းကို ဦးစား​ထားခဲ့တယ်။ သက်လတ်​ပိုင်း ရောက်လာတော့ မိသားစု စားနိုင်ရုံ​သောက်​နိုင်​ရုံလောက်ပဲ ထောက်ပံ့​နိုင်​တဲ့အခါ ငယ်ငယ်​က ချခဲ့တဲ့ ဆုံးဖြတ်ချက် မှန်ရဲ့လား​ဆိုပြီး သံသယဝင်​မိ​နိုင်တယ်။ သက်ကြီး ညီအစ်မ​တစ်ယောက် ဇရာထောင်း​လာပြီး အရင်က လုပ်နိုင်တာ​တွေ မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျ​မိ​နိုင်တယ်။ ‘ငါ့ကို ယေဟောဝါ တကယ် ဂရုစိုက်​ရဲ့​လား၊ ယေဟောဝါ​အတွက် ကိုယ်ကျိုးစွန့်ခဲ့တာတွေ တန်​ရဲ့​လား၊ ယေဟောဝါ​အတွက် အသုံးဝင်​သေး​ရဲ့​လား’ လို့ သင်​ကော သံသယဝင်​ဖူးသလား။

၂ သံသယ​ဝင်လာတဲ့အခါ အဖြေ​မ​ရှာ​ဘဲ ထား​ရင် ဝတ်ပြုရေး ထိခိုက်တဲ့​အထိ ဖြစ်လာနိုင်တယ်။ (၁) ကိုယ့်ကို ယေဟောဝါ တကယ် ဂရုစိုက်​ရဲ့​လား၊ (၂) အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား၊ (၃) ယေဟောဝါ​အတွက် အသုံးဝင်​ရဲ့​လား​ဆိုတဲ့ သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ သုံးသပ်​သွားပါမယ်။

MUANLAHNATE BANGCI PAIHKHIAT DING I HIAM?

3. Muanlahnate i beisak theih dan lam khat in bang a hiam?

၃ သံသယတွေ ဖျောက်​နိုင်​တဲ့ တစ်နည်းကတော့ ကျမ်းစာကနေ အဖြေရှာ​တာ​ပါ။ ကျမ်းစာကနေ အဖြေရှာ​တဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်း​လာမယ်။ “ယုံကြည်ခြင်း ခိုင်မြဲ​နေ” နိုင်မယ်။—၁ ကော. ၁၆:၁၃။

4. Koi bang danin “thu khempeuh entel pha” thei i hiam? (1 Thesalonika 5:21)

၄ ၁ သက်သာလောနိတ် ၅:၂၁ ကို ဖတ်ပါ။ “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေးပါ” လို့ ကျမ်းစာ အားပေးတယ်။ ဘယ်လို စစ်ဆေးနိုင်​သလဲ။ ကိုယ့်​အတွေးအခေါ် မှန်မမှန် ကျမ်းစာနဲ့ တိုက်​စစ်​ခြင်း​အားဖြင့်​ပါ။ ကိုယ့်ကို ဘုရား တကယ် ဂရုစိုက်​ရဲ့​လား​လို့ သံသယဝင်​နေတဲ့ လူငယ်လေး​အကြောင်း သုံးသပ်ကြည့်ပါ။ ဘုရား ဂရုမစိုက်​လို့​ပဲ ဒီလို​အတွေးဝင်လာ​တာ​ဆိုပြီး သဘောထား​သင့်​သ​လား။ မ​ထားသင့်​ဘူး။ ယေဟောဝါရဲ့ အတွေးအခေါ်ကို သိဖို့ ကျမ်းစာမှာ အဖြေ​ရှာခြင်းအားဖြင့် “အရာရာကို မှန်မမှန် အသေအချာ စစ်ဆေး” သင့်​တယ်။

5. Thu khat peuhpeuh tungah muanlahna nei ihih leh tua tawh kisai-in Jehovah’ hong dawnna koi bangin “za” thei ding i hiam?

၅ ကျမ်းစာ​ဖတ်တဲ့အခါ ယေဟောဝါ ပြောတာကို “ကြား” ရတယ်။ ဒါပေမဲ့ တစ်ခုခုကို သံသယဝင်​နေ​လို့ အဖြေ​ကြား​ချင်ရင် ကျမ်းစာ​ဖတ်ရုံ​နဲ့ မလုံလောက်ဘူး။ ဖတ်ရင်း​နဲ့ အဖြေရှာ​တွေ့​လာမှာ​ပါ​လို့ တွေး​လို့​မရဘူး။ အဖြေ​ရစေမယ့် ကျမ်းပိုဒ်တွေ ရှာ​ဖတ်​ရမယ်။ အဖွဲ့အစည်း​စာပေတွေ၊ လေ့လာမှု ကိရိယာတွေ သုံးပြီး သတ်သတ်မှတ်မှတ် ရှာဖွေ​လေ့လာရမယ်။ (ပညာ. ၂:၃-၆) လေ့လာမှု​ကနေ အဖြေရှာ​တွေ့ဖို့ ဆုတောင်းရမယ်။ အဲဒီနောက် ကိုယ့်​အခြေအနေနဲ့ ကိုက်တဲ့ ကျမ်းစာမူတွေ၊ လက်တွေ့ကျ​အချက်တွေ ရှာရမယ်။ ကိုယ်​နဲ့ အခြေအနေ တူတဲ့ သစ္စာရှိ ကျေးကျွန်တွေ​အကြောင်း ကျမ်းမှတ်တမ်းတွေ​လည်း ဖတ်နိုင်တယ်။

6. Muanlahnate a bei nadingin kikhopnate in koi bangin hong huh thei a hiam?

၆ အစည်းအဝေး မှန်မှန် တက်တဲ့အခါ​လည်း ယေဟောဝါ ပြောတာကို “ကြား” ရတယ်။ ဟောပြောချက်မှာ ကြားရတာ​တစ်ခုခု၊ မှတ်ချက်​တစ်ခုခု​ဟာ ကျွန်တော်တို့ သံသယတွေ ဖျောက်ဖို့ လိုနေတာ ကွက်တိ ဖြစ်နေနိုင်တယ်။ (ပညာ. ၂၇:၁၇) သံသယ​တချို့ကို ဘယ်လို ဖျောက်​နိုင်​မလဲ သုံးသပ်ကြည့်​ရအောင်။

JEHOVAH’ HONG DON MAH A HIAM CIH MUANLAHNA

7. Mi pawlkhat in bang kingaihsun kha thei a hiam?

၇ ‘ငါ့ကို ယေဟောဝါ တကယ် ဂရုစိုက်​ရဲ့​လား’ လို့ သံသယဝင်​ဖူးသလား။ ကိုယ့်ကိုယ်ကိုယ် အရေးမပါဘူးလို့ ခံစားနေရရင် စကြဝဠာ ဖန်ဆင်းရှင်​နဲ့ မိတ်ဆွေ ဘယ်လိုမှ မဖြစ်နိုင်ဘူး​လို့ တွေးမိ​မယ်။ ဘုရင်​ဒါဝိဒ်​လည်း အဲဒီလို​တွေး​ခဲ့​ပုံ​ပဲ။ လူတွေကို ယေဟောဝါ ဂရုစိုက်​တာ ဒါဝိဒ် တအံ့တဩ ဖြစ်ခဲ့တယ်။ “အို ယေဟောဝါ၊ လူဟာ ဘာမို့လို့ ကိုယ်တော် ဂရုစိုက်​နေ​ရတာလဲ။ သေမျိုး​ဖြစ်တဲ့​လူဟာ ဘာမို့လို့ ကိုယ်တော် အာရုံစိုက်​နေ​ရတာလဲ” လို့ မေးခွန်းထုတ်​တယ်။ (ဆာ. ၁၄၄:၃) ဒီ​မေးခွန်းရဲ့ အဖြေကို ဘယ်မှာ ရှာတွေ့နိုင်သလဲ။

8. Samuel Masa 16:6, 7, 10-12-a a gen bangin, Jehovah in mihingte a et ciang bang na ciamteh a hiam?

၈ တခြားသူတွေ​အမြင်မှာ အရေးမပါ​ပုံ​ပေါက်​သူတွေကို ယေဟောဝါ သတိထားမိကြောင်း ကျမ်းစာကနေ သိရတယ်။ ဥပမာ၊ ယေရှဲ​ရဲ့ သားတစ်ယောက်​ကို အစ္စရေး​မင်းလောင်း​အဖြစ် ဘိသိက်ပေးဖို့ ရှမွေလ​ကို ယေဟောဝါ လွှတ်လိုက်တယ်။ သား​ရှစ်ယောက်​ထဲက ခုနစ်ယောက်ကို ယေရှဲ ခေါ်​ပြတယ်။ အငယ်ဆုံး​သား ဒါဝိဒ်​ကိုတော့ ခေါ်​မပြဘူး။b ဒါပေမဲ့ ယေဟောဝါ ရွေး​တာ ဒါဝိဒ် ဖြစ်နေတယ်။ (၁ ရှမွေလ ၁၆:၆၊ ၇၊ ၁၀-၁၂ ကို ဖတ်ပါ။) ဒါဝိဒ်ရဲ့ နှလုံးသားကို ယေဟောဝါ မြင်တယ်။ မိမိကို ဒီ​လူငယ်လေး ဘယ်လောက် ချစ်မှန်း သိတယ်။

9. Jehovah in hong don ahihlam bang hang lungmuang thei na hiam? (Lim zong en in.)

၉ သင့်ကို ဂရုစိုက်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ စဉ်းစားကြည့်ပါ။ သင့်​အခြေအနေနဲ့ ကွက်တိ​ကျတဲ့ အကြံဉာဏ်တွေ ပေးတယ်။ (ဆာ. ၃၂:၈) သင့်​အကြောင်း ဂဃနဏ မသိဘဲ ဒီလို​အကြံ​ပေး​နိုင်ပါ့မလား။ (ဆာ. ၁၃၉:၁) အကြံဉာဏ်အတိုင်း လိုက်လျှောက်​လို့ အကျိုး​ရတဲ့အခါ ကိုယ့်ကို ယေဟောဝါ ဂရုစိုက်တယ်ဆိုတာ ယုံကြည်​စိတ်ချလာမယ်။ (၁ ရာ. ၂၈:၉။ တ. ၁၇:၂၆၊ ၂၇) သင် ကြိုးစားပြီး အမှုဆောင်တာ၊ နာခံတာ​ကို ယေဟောဝါ မြင်တယ်။ သင့်​အရည်အသွေးကောင်းတွေကို မြင်ပြီး သင်နဲ့ မိတ်ဆွေ ဖြစ်ချင်တယ်။ (ယေ. ၁၇:၁၀) သင့်ဘက်က​လည်း မိတ်ဆွေ ဖြစ်ချင်​တာကို မြင်တဲ့အခါ ယေဟောဝါ သိပ်ပျော်မယ်။—၁ ယော. ၄:၁၉။

ညီအစ်မငယ် ကိုယ်ပိုင်​လေ့လာမှု လုပ်နေ။ ကျမ်းစာကို ဖွင့်ထား။ တက်ဘလက်​ကနေ ကာတွန်း​သရုပ်ဖော်​ဗီဒီယို ကြည့်နေ။

“ဘုရားကို ရှာဖွေမယ်​ဆိုရင် အတွေ့ခံမယ်။”—၁ ရာ. ၂၈:၉ (စာပိုဒ် ၉ ကို ကြည့်ပါ)c


HUN BEISA A THU KHENSATNA NA BAWLNATE A MAN MAH HIAM CIH MUANLAHNA

10. Hun beisa a i thu khensatnate tawh kisai-in bangci kingaihsun kha thei i hiam?

၁၀ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား​လို့ တချို့ သံသယဝင်​မိ​နိုင်တယ်။ ယေဟောဝါ​အတွက် အပြည့်အဝ အမှုဆောင်နိုင်အောင် အလုပ်အကိုင်​ကောင်း၊ စီးပွားရေး​ကောင်း​တွေ လက်လွှတ်​အဆုံးရှုံး​ခံ​ခဲ့​တာ ဖြစ်နိုင်တယ်။ ဒီလိုနဲ့ နှစ်ဆယ်ချီ ကြာသွားတယ်။ ကိုယ်​နဲ့ မတူတဲ့ လမ်းကို လျှောက်ခဲ့​ကြ​တဲ့ အသိ​မိတ်ဆွေတွေကို ကြည့်​လိုက်တဲ့အခါ ငွေ​အများကြီး ရှာ​နိုင်​ကြ​ပုံ​ပဲ၊ သက်သောင့်သက်သာ နေနိုင်​ကြ​ပုံ​ပဲ။ ဒါကြောင့် ‘ယေဟောဝါ​အတွက် ငါ ကိုယ်ကျိုးစွန့်ခဲ့တာတွေ တန်​ရဲ့​လား။ အလုပ်များများ လုပ်ပြီး ပိုက်ဆံ​ပို​ရှာခဲ့​သင့်​တာ’ လို့ တွေး​လာနိုင်တယ်။

11. Bang in Late 73 a atpa’ lungsim nawngkaisak a hiam?

၁၁ သင်လည်း သံသယဝင်​လာ​ရင် ဆာလံ ၇၃ ကျမ်း​ရေးသူ​အကြောင်း စဉ်းစား​လိုက်ပါ။ ယေဟောဝါကို ဝတ်မပြု​သူ​တွေ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာ၊ အပူအပင်​ကင်း​ကင်း နေ​နေ​ရ​ပုံ​ပဲ။ (ဆာ. ၇၃:၃-၅၊ ၁၂) သူတို့ ကြီးပွား​ကောင်းစား​ပုံ​ပေါက်နေတာကို ဆာလံ​ကျမ်း​ရေးသူ မြင်တဲ့အခါ ဘုရား​အမှုဆောင်ဖို့ ကိုယ်ကျိုးစွန့်ခဲ့တာတွေ မတန်​သလို ခံစားလာရတယ်။ အဲဒီ​ခံစားချက်​ကြောင့် စိတ်​အနှောင့်​အယှက်​ဖြစ်ပြီး “တစ်နေ့လုံး ဒုက္ခ​ခံနေရတယ်။” (ဆာ. ၇၃:၁၃၊ ၁၄) အဲဒီ​ခံစားချက်ကို ဘယ်လို ဖျောက်​ခဲ့​သလဲ။

12. Late 73:16-18-a a gen bangin, lungsim a nawngkaisak thu pen Late a atpa in koi bangin beisak a hiam?

၁၂ ဆာလံ ၇၃:၁၆-၁၈ ကို ဖတ်ပါ။ သန့်ရှင်းရာဌာနတော်ကို ဆာလံ​ကျမ်း​ရေးသူ သွားတယ်။ သန့်ရှင်းရာဌာနတော်​မှာ ယေဟောဝါကို ဝတ်ပြုသူ​တွေ​အလယ် ရောက်မှပဲ ရှင်းရှင်းလင်းလင်း စဉ်းစား​နိုင်​သွားတယ်။ လူ​တချို့ သက်သောင့်သက်သာ​ဘဝ ပိုင်ဆိုင်​ထား​ပုံ​ပေါက်ပေမဲ့ အနာဂတ် မျှော်လင့်ချက် မပိုင်ဆိုင်​ထားတာ သဘောပေါက်သွားတယ်။ ဒါကြောင့် ဆာလံ​ကျမ်း​ရေးသူ စိတ်​အနှောင့်​အယှက်​ဖြစ်​မနေတော့ဘူး။ ဘုရား​အမှုဆောင်တာကို ဦး​စား​ထားတာက​သာ အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်မှန်း စိတ်ချသွားတယ်။ ဘုရား​အမှု ဆက်​ဆောင်​မယ်​ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာလာတယ်။—ဆာ. ၇၃:၂၃-၂၈။

13. Hun beisa a thu khensatna i bawlte tungah muanlahna nei i hih leh bang sem thei i hiam? (Lim zong en in.)

၁၃ ဆာလံ​ကျမ်း​ရေးသူ​လိုပဲ သင်လည်း စိတ်​အနှောင့်​အယှက်​ဖြစ်စေတဲ့ ခံစားချက်ကို ဖျောက်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဘုရား​ကောင်းချီးတွေ အပါအဝင် ကိုယ့်​မှာ ရှိတဲ့ ကောင်းမွန်​ရာတွေကို လောကက လူတွေမှာ ရှိတဲ့​အရာတွေ​နဲ့ နှိုင်းယှဉ်​ကြည့်​လိုက်ပါ။ လောကက လူတွေဟာ လောကက ပေးသလောက်​ပဲ ပိုင်ဆိုင်​ကြရတယ်။ အနာဂတ် မျှော်လင့်ချက် မရှိလို့ ဒီ​ဘဝမှာ သက်သောင့်သက်သာ နေ​ရဖို့​က အရေးကြီးဆုံး​လို့ ခံယူ​ထားကြတယ်။ သင်ကတော့ အခု​အချိန်မှာ ဘုရား​ကောင်းချီးတွေ ရနေတယ်။ အနာဂတ်မှာ​လည်း ဒီထက်​ကောင်းတဲ့ ကောင်းချီးတွေ ရဦးမယ်။ (ဆာ. ၁၄၅:၁၆) ဒါ့အပြင် စဉ်းစားစရာ​က အခု လျှောက်နေတဲ့ လမ်းကို မရွေး​ဘဲ တခြား​လမ်း ရွေး​ခဲ့ရင်​ကော ကိုယ့်​ဘဝ​အခြေအနေ ဘယ်လို ရှိနေမယ်​ဆိုတာ တပ်အပ်ပြော​နိုင်​လို့​လား။ သေချာ​တာက​တော့ ယေဟောဝါနဲ့ လူလူချင်းကို ချစ်တဲ့ မေတ္တာကို အခြေခံပြီး ဆုံးဖြတ်ချက် ချ​သူ​တွေ​ဟာ ကောင်းမွန်​ရာ​တစ်ခုမှ လက်လွတ်​မဆုံးရှုံး​ရ​ဘူး​ဆိုတာ​ပါပဲ။

ပြတင်းပေါက်​မှန် သန့်ရှင်းရေး လုပ်ရင်း ပရဒိသု​အသက်တာ​အကြောင်း ညီအစ်ကို မြင်ယောင်​နေ။ အသီးအနှံ​အပြည့်​ပါတဲ့ လက်​တွန်းလှည်း​ကို တွန်းရင်း ဇနီး​နဲ့​အတူ လမ်းလျှောက်​နေတာ၊ အနားမှာ သမင်​ကလေး မြက်​စားနေတာ​ကို မြင်ယောင်။

ယေဟောဝါ ပေးမယ့် ကောင်းချီးတွေကို အာရုံစိုက်ပါ (စာပိုဒ် ၁၃ ကို ကြည့်ပါ)d


JEHOVAH ADING KIMANNA KA NEI HIAM CIH MUANLAHNA

14. Pasian’ mi pawlkhat in bang dinmunte tuakkha thei a, koi bangin kingaihsun kha thei uh a hiam?

၁၄ ဘုရား​ကျေးကျွန်​တချို့ဟာ အသက်ကြီးလာလို့၊ ကျန်းမာရေး မကောင်း​လို့၊ မသန်စွမ်း​လို့ အမှုတော်မှာ ဆန္ဒ​ရှိသလောက် မပါဝင်နိုင်​ကြ​ဘူး။ ဒါကြောင့် ယေဟောဝါ​အတွက် အရေးမပါဘူးလို့ ခံစားရနိုင်တယ်။ ‘ယေဟောဝါ​အတွက် အသုံးဝင်​ရဲ့​လား’ လို့ တွေးမိနိုင်တယ်။

15. Late 71 a atpa in bang pen lungmuang a hiam?

၁၅ ဆာလံ ၇၁ ကျမ်း​ရေး​သူလည်း အဲဒီလို​ခံစားခဲ့ရတယ်။ “အားအင် ဆုတ်ယုတ်​သွားချိန်​မှာ မ​ပစ်ထား​လိုက်ပါ​နဲ့” လို့ ဆုတောင်းတယ်။ (ဆာ. ၇၁:၉၊ ၁၈) ဒါပေမဲ့ သစ္စာရှိရှိ​သာ အမှုဆောင်ရင် ဘုရား ထောက်မပေး​မယ်​ဆိုတာ စိတ်ချတယ်။ အကန့်အသတ်​တွေ ရှိပေမဲ့ အတတ်နိုင်ဆုံး အမှုဆောင်သူတွေကို ဘုရား နှစ်သက်​မှန်း သဘောပေါက်တယ်။—ဆာ. ၃၇:၂၃-၂၅။

16. Kum ham unaute pen Jehovah ading koi bang danin kimanna neitek uh a hiam? (Late 92:12-15)

၁၆ သက်ကြီး ညီအစ်ကို/မ​တို့၊ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်ပါ။ အကန့်အသတ်​တွေ ရှိပေမဲ့ သင် သစ္စာရှိရှိ အမှုဆောင်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာလံ ၉၂:၁၂-၁၅ ကို ဖတ်ပါ။) မလုပ်နိုင်တော့တာ​တွေ​ကို အာရုံမစိုက်ပါနဲ့။ လုပ်နိုင်တာတွေကိုပဲ အာရုံစိုက်ပါ။ ဥပမာ၊ သစ္စာရှိ စံနမူနာ ပြပြီး တခြားသူတွေကို အားပေးနိုင်တယ်။ တခြားသူတွေကို စိတ်ဝင်တစား ရှိနိုင်တယ်။ နှစ်တွေ​တစ်လျှောက် ယေဟောဝါ ဘယ်လို ထောက်မခဲ့​ကြောင်း၊ ဘယ်​အနာဂတ် ကတိတွေကို သင် ထက်ထက်သန်သန် စောင့်မျှော်နေ​ကြောင်း ပြောပြနိုင်တယ်။ တခြားသူတွေ​အတွက် ဆုတောင်းပေးနိုင်တယ်။ ဆုတောင်းခြင်း​ရဲ့ အစွမ်း​ကို လျှော့မတွက်​ပါ​နဲ့။ (၁ ပေ. ၃:၁၂) သင့်​အခြေအနေ ဘယ်လိုပဲ ရှိပါစေ ယေဟောဝါ​အတွက်၊ တခြားသူတွေ​အတွက် လုပ်ပေးနိုင်​တာ တစ်ခုခုတော့ ရှိပါတယ်။

17. Bang hangin ei le ei midangte tawh kitehkak lo ding i hiam?

၁၇ အမှုတော်မှာ အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ဓာတ်ကျ​လာ​ရင် သင် လုပ်​နိုင်သလောက် လုပ်တာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ တခြားသူတွေနဲ့ နှိုင်းယှဉ်ချင်စိတ်​ကို ဖျောက်ပါ။ ဘာကြောင့်လဲ။ ကျွန်တော်တို့ကို တခြားသူတွေနဲ့ ယေဟောဝါ မ​နှိုင်းယှဉ်​လို့​ပဲ။ (ဂလ. ၆:၄) ဥပမာ၊ ယေရှုကို မာရိ တန်ဖိုးကြီး ဆီမွှေး​ပေးတယ်။ (ယော. ၁၂:၃-၅) ဆင်းရဲတဲ့ မုဆိုးမ​ကတော့ တန်ဖိုး​သိပ်မရှိတဲ့ ဒင်္ဂါးငယ်​နှစ်ပြားပဲ ဗိမာန်တော်မှာ လှူ​နိုင်တယ်။ (လု. ၂၁:၁-၄) သူတို့​နှစ်ယောက်ကို ယေရှု မ​နှိုင်းယှဉ်​ဘူး။ မာရိ​ကော ဆင်းရဲတဲ့ မုဆိုးမ​ပါ ယုံကြည်ခြင်း ရှိတာကို မြင်တယ်။ ယေရှုဟာ အဖ​ယေဟောဝါကို အပြည့်အဝ အတုယူ​သူ ဖြစ်တယ်။ ဒါကြောင့် ယေဟောဝါကို ချစ်လို့၊ ယုံကြည်လို့ သင် ပေးဆက်​သမျှ​ကို ယေဟောဝါ မြင်တယ်​ဆိုတာ စိတ်ချနိုင်တယ်။ နည်းနည်းလေး​ပဲ ပေးဆက်​နိုင်တယ်လို့ သင် ခံစားရပေမဲ့ ယေဟောဝါ တကယ် တန်ဖိုးထားတယ်။

18. Muanlahnate beisak nadingin bang in hong huh ding a hiam? (“Muanlahnate Beisak Nadingin Lai Siangtho In Hong Huh Thei,” cih kiu li bawm zong en in.)

၁၈ ကျွန်တော်တို့​အားလုံး သံသယဝင်​တတ်​ကြ​ပါတယ်။ ဒါပေမဲ့ သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ကူညီပေးနိုင်တယ်။ ဒါကြောင့် သံသယဝင်​လာတာ​နဲ့ အဖြေရှာ​ပါ။ ဒါဆိုရင် စိတ်ဓာတ်ကျ​အားငယ်​မနေ​ဘဲ ယုံကြည်စိတ်ချမှု​အပြည့် ရှိနေမယ်။ ကျွန်တော်တို့​တစ်ယောက်ချင်းစီ​ကို ယေဟောဝါ ဂရုစိုက်​တယ်။ ကိုယ်ကျိုးစွန့်​ခဲ့​သမျှ တန်ဖိုးထားတယ်။ ဆုချမယ်။ သစ္စာရှိ ကျေးကျွန်​အားလုံးကို မိမိရဲ့ မေတ္တာနဲ့ ဂရုစိုက်မှု ရထိုက်သူတွေ​လို့ ယေဟောဝါ သဘောထားတယ်​ဆိုတာ စိတ်ချ​ထား​လိုက်ပါ။

သံသယတွေ ဖျောက်ဖို့ ကျမ်းစာ ကူညီပေးနိုင်

  • သင့်ကို ယေဟောဝါ ဂရုစိုက်

    “မကြောက်နဲ့။ မင်းနဲ့​အတူ ငါ​ရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်။ ဖြောင့်မတ်တဲ့ ညာလက်နဲ့ မြဲမြဲကိုင်ထားမယ်။”—ဟေရှာ. ၄၁:၁၀။

    “ငါ​ယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့​ကောင်းကျိုး​အတွက် သွန်သင်ပေးတဲ့​အရှင်၊ မင်းတို့ လျှောက်​သင့်​တဲ့ လမ်းအတိုင်း လမ်းညွှန်ပေး​တဲ့ အရှင်​ပဲ။”—ဟေရှာ. ၄၈:၁၇။

  • မိမိကို ဝတ်ပြုဖို့ သင် ဆုံးဖြတ်ခဲ့တာကို ယေဟောဝါ တန်ဖိုးထား

    “ငါ့သား၊ မင်း​သာ ဉာဏ်ပညာ ရှိမယ်ဆိုရင် ငါ သိပ်ဝမ်းသာမှာ​ပဲ။”—ပညာ. ၂၃:၁၅။

    “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေ​တပ်မက်​တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။ ‘မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး’ လို့ ဘုရားသခင် ပြော​ထားတာ​ပဲ။”—ဟီ. ၁၃:၅။

  • မိမိ​အတွက် လုပ်​နိုင်သလောက် လုပ်တာကို ယေဟောဝါ တန်ဖိုးထား

    “လူတိုင်း​က ယေဟောဝါ​ဘုရား ကောင်းချီးပေး​ထားတဲ့​အတိုင်း လက်ဆောင် ယူ​လာရမယ်။”—တရား. ၁၆:၁၇။

    “ခင်ဗျားတို့က သန့်ရှင်းသူတွေကို အလုပ်အကျွေးပြု​ခဲ့တယ်၊ အခုလည်း အလုပ်အကျွေးပြု​နေတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်တဲ့​ဘုရား ဖြစ်လို့ ခင်ဗျားတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်​အတွက် ပြတဲ့ မေတ္တာကို ဘယ်တော့မှ မမေ့​ပါ​ဘူး။”—ဟီ. ၆:၁၀။

NANGH BANGCI DAWNG DING?

  • Jehovah in hong don takpi ahihlam koi bangin thei i hiam?

  • Nidanga thu khensatna i bawlte tungah muanlahna i neih pen koi bangin beisak thei ding i hiam?

  • Jehovah ading kimanna a nei lo danin muanlahna nei i hih leh bang sep ding kisam i hiam?

LA 111 တို့​ဝမ်းမြောက်​ရတဲ့​အကြောင်းများ

a စကားလုံး ရှင်းလင်းချက်။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတာ​ဟာ ကိုယ့်ကို ယေဟောဝါ တကယ် ဂရုစိုက်​ရဲ့​လား၊ အရင်က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေ မှန်ရဲ့လား​ဆိုတဲ့ သံသယတွေ ဖြစ်တယ်။ ယေဟောဝါ​ဘုရားနဲ့ ဘုရား​ကတိတွေကို မယုံ​လို့ ဝင်လာတဲ့ သံသယတွေကို မဆိုလိုပါဘူး။

b ယေဟောဝါ ရွေးချယ်​ချိန်​မှာ ဒါဝိဒ် အသက် ဘယ်လောက်​ရှိပြီ​ဆိုတာ ကျမ်းစာမှာ အတိအကျ ဖော်ပြမထားပေမဲ့ ဆယ်ကျော်သက်​ပဲ ရှိဦးမယ်။—၂၀၁၁၊ စက်တင်ဘာ ၁ ကင်းမျှော်စင် စာ. ၂၉၊ ပိုဒ်. ၂ ကို ကြည့်ပါ။

c ပုံအညွှန်း– ယေဟောဝါရဲ့ အတွေးအခေါ်ကို သိဖို့ ကျမ်းစာမှာ သက်သေခံ လူငယ် အဖြေရှာ​နေ။

d ပုံအညွှန်း– မိသားစုကို ထောက်ပံ့ဖို့ ညီအစ်ကို​တစ်ယောက် ပြတင်းပေါက်​မှန်​ဆေး​တဲ့ အလုပ်လုပ်နေ​ရင်း ပရဒိသု​အသက်တာကို မြင်ယောင်​ကြည့်​နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ