SIN DING THU 40
LA 30 ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
Jehovah In “Lungsim Kitamte Damsak”
“[Jehovah] in lungsim kitamte damsak a, amau’ meimate a tuamsak hi.”—LA. 147:3.
အာရုံစိုက်ရာ
စိတ်ဒဏ်ရာရှိသူတွေကို ယေဟောဝါ ဂရုစိုက်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို စိတ်ဒဏ်ရာ သက်သာစေသလဲ၊ တခြားသူတွေ စိတ်ဒဏ်ရာ သက်သာဖို့ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သုံးသလဲဆိုတာ ဒီဆောင်းပါးမှာ သိရပါမယ်။
1. Jehovah in a mite tawh kisai-in bang ngaihsutna nei a hiam?
ကျေးကျွန်တွေ ကြုံတွေ့နေရသမျှ ယေဟောဝါဘုရား သိတယ်။ ဝမ်းနည်းနေသလား၊ ဝမ်းသာနေသလား သတိထားမိတယ်။ (ဆာ. ၃၇:၁၈) စိတ်ဒဏ်ရာတွေ ရှိတဲ့ကြားကနေ အတတ်နိုင်ဆုံး ဝတ်ပြုနေကြတာ မြင်တဲ့အခါ ပီတိဖြစ်တယ်။ နှစ်သိမ့်ထောက်မပေးချင်တယ်။
2. Jehovah in lungsim kitamte bang hihsak a hiam? Jehovah’ hong donna pan hamphatna i ngah nadingin bang sem ding i hiam?
၂ စိတ်ကြေကွဲနေသူတွေရဲ့ “ဒဏ်ရာတွေကို [ယေဟောဝါ] စည်းပေးတယ်” လို့ ဆာလံ ၁၄၇:၃ မှာ ဆိုတယ်။ စိတ်ဒဏ်ရာရထားသူတွေကို ယေဟောဝါ ကြင်ကြင်နာနာ ဂရုစိုက်ပေးတာကို ပုံဖော်ထားတာပါ။ ယေဟောဝါရဲ့ ဂရုစိုက်ပေးမှုကနေ အကျိုးရဖို့ ဘာလုပ်ရမလဲ။ ဥပမာ၊ ဒဏ်ရာရထားသူ သက်သာလာအောင် ကျွမ်းကျင်ဆရာဝန် ကုသပေးနိုင်တယ်။ ဒါပေမဲ့ လူနာဘက်ကလည်း ဆရာဝန်ညွှန်ကြားချက်တွေကို တစ်သဝေမတိမ်း လိုက်နာရမယ်။ အဲဒီလိုပဲ စိတ်ဒဏ်ရာ သက်သာလာဖို့ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေကို တစ်သဝေမတိမ်း လိုက်နာရမယ်။ စိတ်ဒဏ်ရာရှိသူတွေကို ကျမ်းစာမှာ ယေဟောဝါ ဘာပြောထားသလဲ၊ ယေဟောဝါရဲ့ မေတ္တာပါ အကြံပြုချက်ကို ဘယ်လို လိုက်နာရမလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်သွားပါမယ်။
AMA ADING MANPHA IHIHLAM JEHOVAH IN HONG LUNGMUANGSAK
3. Bang hang mi pawlkhat in amau le amau man a nei lo bangin kingaihsun uh ahiam?
၃ ဒီနေ့လောကမှာ လူများစွာဟာ မေတ္တာခေါင်းပါးနေကြတယ်။ တန်ဖိုးမရှိဘူးလို့ တစ်ဖက်သား ခံစားရအောင် လုပ်ကြတယ်။ “ကျွန်မ မိဘမေတ္တာ မရခဲ့ဘူး။ အဖေက စိတ်ကြမ်းကိုယ်ကြမ်းသမား။ ‘အသုံးမကျဘူး’ ဆိုတဲ့ စကား အဖေ့ဆီက ကျွန်မ မကြားရတဲ့နေ့ မရှိဘူး” လို့ ညီအစ်မ ဟယ်လန်a ပြောတယ်။ ဟယ်လန်လိုပဲ သင်လည်း ဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရနိုင်တယ်၊ တစ်ချိန်လုံး ပျစ်ပျစ်နှစ်နှစ် ပြောဆိုခံခဲ့ရနိုင်တယ်၊ တန်ဖိုးမရှိဘူးလို့ ခံစားရနိုင်တယ်။ ဒါကြောင့် ကိုယ့်ကို တကယ် ဂရုစိုက်တဲ့သူ ရှိတယ်ဆိုတာ ယုံကြည်လက်ခံဖို့ ခက်နေနိုင်တယ်။
4. Late 34:18 ah Jehovah in bang hong kamciam a hiam?
၄ သင် ဘယ်လိုပဲ ဆက်ဆံခံခဲ့ရပါစေ သင့်ကို ယေဟောဝါ ချစ်တယ်၊ တန်ဖိုးထားတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ယေဟောဝါဟာ “စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။” (ဆာလံ ၃၄:၁၈ ကို ဖတ်ပါ။) “စိတ်ထောင်းကိုယ်ကြေ” ဖြစ်နေတယ်ဆိုရင် သင့်ဆီမှာ ကောင်းကွက်တွေ တွေ့လို့ ယေဟောဝါကိုယ်တိုင် ဆွဲဆောင်ထားတယ်ဆိုတဲ့ အချက်ကို သတိရပါ။ (ယော. ၆:၄၄) သင့်ကို တန်ဖိုးထားလွန်းလို့ ကူညီပေးဖို့ အမြဲ အသင့်ရှိတယ်။
5. Mi’ simmawhna a thuakte tungah Jesuh’ a don dan pan bang sin thei i hiam?
၅ လူအထင်သေးခံရသူတွေကို မြေကြီးပေါ် အမှုဆောင်စဉ်အတွင်း ယေရှု သတိထားမိတယ်၊ ကရုဏာထား ဆက်ဆံတယ်။ (မ. ၉:၉-၁၂) ရောဂါနှိပ်စက်တဲ့ဒဏ် ခံနေရတဲ့ အမျိုးသမီးတစ်ယောက် ရောဂါပျောက်ဖို့ မျှော်လင့်ချက်နဲ့ ယေရှုရဲ့ ဝတ်လုံကို တို့လိုက်တယ်။ ဝတ်လုံကို ဘယ်သူ တို့သလဲဆိုပြီး ယေရှု မေးတော့ အမျိုးသမီး တဆတ်ဆတ် တုန်အောင် ကြောက်သွားတယ်။ ဒါနဲ့ အမျိုးသမီးကို ယေရှု နှစ်သိမ့်ပေးတယ်၊ ယုံကြည်ခြင်း ရှိတာကို ချီးမွမ်းတယ်။ (မာ. ၅:၂၅-၃၄) ယေရှုဟာ အဖေတူသား ဖြစ်တယ်။ (ယော. ၁၄:၉) ဒါကြောင့် လူတွေကို ယေရှု ဆက်ဆံပုံကနေ ယေဟောဝါရဲ့ ခံစားချက်ကို သိရတယ်။ သင့်ကို ယေဟောဝါ တန်ဖိုးထားတယ်၊ မိမိအပေါ် ထားတဲ့ ယုံကြည်ခြင်း၊ မေတ္တာ စတဲ့ အရည်အသွေးကောင်းတွေကို သတိထားမိတယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
6. Man a nei lo danin kingaihsun ihih leh bang sem thei i hiam?
၆ တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက် ဖျောက်မရဘူး၊ ပြန်ပေါ်လာတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ကိုယ့်ကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချစေတဲ့ ကျမ်းပိုဒ်တွေ ဖတ်ပါ၊ တွေးတောဆင်ခြင်ပါ။b (ဆာ. ၉၄:၁၉) ပန်းတိုင်တစ်ခု မပြည့်မီဘဲ ဖြစ်နေရင်၊ တခြားသူတွေ လုပ်သလောက် မလုပ်နိုင်လို့ စိတ်ဓာတ်ကျနေရင် ကိုယ့်ကိုယ်ကိုယ် အဆိုးကြီး မတွေးလိုက်ပါနဲ့။ သင် လုပ်နိုင်တာထက် ပိုလုပ်ဖို့ ယေဟောဝါ မမျှော်လင့်ပါဘူး။ (ဆာ. ၁၀၃:၁၃၊ ၁၄) သင် ဆိုးဆိုးရွားရွား ဆက်ဆံခံခဲ့ရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ ဒါ သင့်အမှား မဟုတ်ဘူး။ ခံရသူကို မဟုတ်ဘဲ ဆိုးဆိုးရွားရွား ဆက်ဆံသူကို ယေဟောဝါ စာရင်းရှင်းမယ်ဆိုတာ သတိရပါ။ (၁ ပေ. ၃:၁၂) “ကိုယ့်ကို ယေဟောဝါ မြင်သလို မျှမျှတတ မြင်တတ်ဖို့ မှန်မှန် ဆုတောင်းတယ်” ဆိုပြီး ငယ်ငယ်က မိဘ နှိပ်စက်တာ ခံရတဲ့ ညီအစ်မ စန်ဒရာ ပြောတယ်။
7. Jehovah’ nasepna-ah i tuahkhaknate bangci zang thei ding i hiam?
၇ တခြားသူတွေကို ကူညီပေးဖို့ သင့်ကို ယေဟောဝါ သုံးနိုင်တယ်ဆိုတာ သံသယ မရှိပါနဲ့။ အမှုဆောင်လုပ်ငန်းမှာ လုပ်ဖော်ဆောင်ဖက် ဖြစ်ခွင့် သင့်ကို ပေးထားတယ်။ (၁ ကော. ၃:၉) ဘဝမှာ ကြုံခဲ့ရတာတွေကြောင့် တခြားသူတွေကို သင် ပိုစာနာနားလည်ပေးတတ်လာနိုင်တယ်။ အများကြီး ကူညီပေးနိုင်တယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ဟယ်လန်ဟာ ယေဟောဝါနဲ့ ညီအစ်ကို/မတွေဆီက အကူအညီ ရခဲ့တယ်။ တခြားသူတွေကိုတောင် ပြန်ကူညီပေးနိုင်နေပြီ။ “အရင်ကဆိုရင် ကိုယ့်ကိုယ်ကိုယ် ‘ဘာမှ မဟုတ်တဲ့သူ’ လို့ ခံစားခဲ့ရတယ်။ အခုတော့ အချစ်ခံရတယ်၊ အသုံးဝင်တယ်လို့ ခံစားနေရပြီ။ ဒါ ယေဟောဝါကြောင့်ပါပဲ” လို့ ဟယ်လန် ပြောတယ်။ မှန်မှန်ရှေ့ဆောင်အဖြစ်တောင် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နေပြီ။
JEHOVAH IN A MAISAKNA HONG SANGSAK NUAM
8. Isaiah 1:18 ah Jehovah in bang hong kamciam a hiam?
၈ နှစ်ခြင်းမခံခင် ဒါမှမဟုတ် နှစ်ခြင်းခံပြီးမှ လုပ်မိတဲ့ အပြစ်တွေအတွက် ဘုရားကျေးကျွန်တချို့ နောင်တစိတ်နဲ့ တနုံ့နုံ့ ခံစားနေကြတယ်။ ကျွန်တော်တို့ကို သိပ်ချစ်လို့ ယေဟောဝါ ရွေးဖိုး ပြင်ဆင်ပေးခဲ့တယ်ဆိုတာ သတိရရမယ်။ ယေဟောဝါက ရွေးဖိုးလက်ဆောင်ကို လက်ခံစေချင်တယ်။ မိမိနဲ့ “အမှုကို ဖြေရှင်း” ပြီးပြီဆိုရင်c အကြွင်းမဲ့ ခွင့်လွှတ်မယ်လို့ ကတိပေးထားတယ်။ (ဟေရှာယ ၁:၁၈ ကို ဖတ်ပါ။) အတိတ်က အပြစ်တွေကို မေတ္တာရှင် ယေဟောဝါ မေ့ဖျောက်ပေးတာ ကျေးဇူးတင်စရာပါပဲ။ အပြစ်တွေကို မေ့ဖျောက်ပေမဲ့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကောင်းမှုတွေကို ဘယ်တော့မှ မမေ့ဘူး။—ဆာ. ၁၀၃:၉၊ ၁၂။ ဟီ. ၆:၁၀။
9. A beisa hun hi loin tu hun le mailam hun mitsuan dingin bang hang hanciam kul i hiam?
၉ အတိတ်က အပြစ်တွေအတွက် နောင်တစိတ်နဲ့ တနုံ့နုံ့ ခံစားနေရတယ်ဆိုရင် အတိတ်ကို မဟုတ်ဘဲ လက်ရှိနဲ့ အနာဂတ်ကို အာရုံစိုက်ဖို့ ကြိုးစားပါ။ တမန်တော် ပေါလုဟာ ခရစ်ယာန်တွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့မိလို့ နောင်တရတယ်။ ဒါပေမဲ့ မိမိကို ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာ သိတယ်။ (၁ တိ. ၁:၁၂-၁၅) ဒါကြောင့် အတိတ်က အပြစ်တွေကို တနုံ့နုံ့ မတွေးတော့ဘူး။ လေးစားခံရတဲ့ ဖာရိရှဲအဖြစ် သူ ပြီးမြောက်အောင်မြင်ခဲ့တာတွေကို မစဉ်းစားသလို လုပ်ခဲ့မိတဲ့ အပြစ်တွေကိုလည်း မစဉ်းစားတော့ဘူး။ (ဖိ. ၃:၄-၈၊ ၁၃-၁၅) ထက်ထက်သန်သန် အမှုဆောင်တယ်။ အနာဂတ်ကို အာရုံစိုက်တယ်။ ပေါလုလိုပဲ သင်လည်း အတိတ်ကို ပြောင်းလဲလို့မရဘူး။ ဒါပေမဲ့ လုပ်လို့ရတာ ရှိပါတယ်။ လက်ရှိအခြေအနေမှာ ယေဟောဝါကို ဂုဏ်တင်တာ၊ ယေဟောဝါ ကတိပေးထားတဲ့ တောက်ပတဲ့ အနာဂတ်ကို အာရုံစိုက်တာပါ။
10. I gamtatna hanga midangte sukha ahih leh bang sem thei i hiam?
၁၀ သင့်လုပ်ရပ်တချို့ကြောင့် တခြားသူတွေ ထိခိုက်နစ်နာခဲ့လို့ သင် စိတ်မကောင်းဖြစ်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ထိခိုက်နစ်နာမှုတွေကို ဖာထေးဖို့ လုပ်နိုင်တာ လုပ်ပါ။ စိတ်ရင်းမှန်နဲ့ တောင်းပန်ပါ။ (၂ ကော. ၇:၁၁) သင့်လုပ်ရပ်ကြောင့် ထိခိုက်နစ်နာသွားသူတွေကို ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းပါ။ သင်နဲ့ သင့်ကြောင့် ထိခိုက်နစ်နာသွားသူတွေ ဘုရားရေးရာမှာ မယိမ်းယိုင်ဖို့၊ စိတ်ငြိမ်သက်ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။
11. Kamsang Jonah kiang pan bang sin thei i hiam? (Lim zong en in.)
၁၁ အမှားတွေကနေ သင်ခန်းစာ ယူပါ။ ကိုယ့်ကို ယေဟောဝါ ဘယ်လိုပဲ သုံးသုံး လိုလိုလားလား အသုံးတော်ခံပါ။ ပရောဖက် ယောနဟာ အရှေ့အရပ်က နိနဝေမြို့ကို သွားပါဆိုတဲ့ ဘုရားညွှန်ကြားချက်ကို နားမထောင်ဘဲ အနောက်အရပ်က တာရှိပြည်ကို ထွက်ပြေးသွားတယ်။ ဒါနဲ့ ယေဟောဝါ ဆုံးမတယ်။ အမှားကနေ ယောန သင်ခန်းစာ ယူတယ်။ (ယောန ၁:၁-၄၊ ၁၅-၁၇။ ၂:၇-၁၀) ယောနကို ယေဟောဝါ မစွန့်ပစ်ဘူး။ နိနဝေမြို့ကို သွားဖို့ အခွင့်အရေး နောက်တစ်ကြိမ် ပေးတယ်။ ဒီတစ်ကြိမ်တော့ ယောန ချက်ချင်း နားထောင်တယ်။ အမှားလုပ်မိလို့ နောင်တရပေမဲ့ ယေဟောဝါ ပေးတဲ့ တာဝန်ကို လက်မခံဘဲ မနေဘူး။—ယောန ၃:၁-၃။
ငါးကြီးဗိုက်ထဲကနေ ကယ်တင်ပေးပြီးနောက် နိနဝေမြို့ သွားပြီး သတင်းစကား ကြေညာဖို့ ပရောဖက် ယောနကို ယေဟောဝါ အခွင့်အရေး နောက်တစ်ကြိမ် ပေးတယ် (စာပိုဒ် ၁၁ ကို ကြည့်ပါ)
JEHOVAH IN A KHA SIANGTHO THAHATNA TUNGTAWNIN HONG LUNGNUAMSAK
12. Siatna i tuah ciang Jehovah in koi bangin lungdaihna hong pia a hiam? (Filippi 4:6, 7)
၁၂ ကျွန်တော်တို့ အဖြစ်ဆိုး ကြုံရတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ယေဟောဝါ စိတ်ဒဏ်ရာ သက်သာစေတယ်။ ရွန်နဲ့ ကယ်ရိုတို့ ဇနီးမောင်နှံအကြောင်း စဉ်းစားကြည့်ပါ။ သားဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလို့ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြတယ်။ “စမ်းသပ်မှု အမျိုးမျိုး ကြုံဖူးပါတယ်။ ဒီတစ်ခုကတော့ ခံရအခက်ဆုံးပဲ။ အိပ်မပျော်တဲ့ ညပေါင်း မနည်းဘူး။ ဒါပေမဲ့ ယေဟောဝါဆီ ဆုတောင်းလိုက်တဲ့အခါ ဖိလိပ္ပိ ၄:၆၊ ၇ မှာ ဖော်ပြထားတဲ့ ငြိမ်သက်ခြင်းကို တကယ် ခံစားရတယ်” လို့ ပြောကြတယ်။ (ဖတ်ပါ။) သင်လည်း အဖြစ်ဆိုး ကြုံရလို့ စိတ်ကြေကွဲနေတယ်ဆိုရင် ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ ဘယ်နှကြိမ်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲကြာကြာ ဆုတောင်းလို့ရတယ်။ (ဆာ. ၈၆:၃။ ၈၈:၁) သန့်ရှင်းသော စွမ်းအားတော် ထပ်တလဲလဲ တောင်းခံပါ။ သင့်တောင်းခံချက်ကို ယေဟောဝါ ဘယ်တော့မှ လျစ်လျူမရှုဘူး။—လု. ၁၁:၉-၁၃။
13. Citak taka Jehovah i biaksuak nadingin kha siangtho thahatna in koi bangin hong huh thei a hiam? (Effesa 3:16)
၁၃ အဖြစ်ဆိုးတစ်ခုခုကြောင့် သင် ရုပ်သေးကြိုးပြတ် ဖြစ်နေသလား။ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့ သန့်ရှင်းသော စွမ်းအားတော်က အားဖြည့်ပေးနိုင်တယ်။ (ဧဖက် ၃:၁၆ ကို ဖတ်ပါ။) ညီအစ်မ ဖလော်ရာအကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်းနဲ့အတူ သာသနာပြုတွေအဖြစ် အမှုဆောင်နေတုန်းမှာပဲ ခင်ပွန်း သစ္စာဖောက်လို့ ကွာရှင်းလိုက်ကြတယ်။ “သစ္စာဖောက်ခံလိုက်ရတယ်ဆိုတဲ့ အတွေးကို ခေါင်းထဲကနေ ထုတ်လို့မရဘူး။ ခံရပ်နိုင်ဖို့ ယေဟောဝါဆီကနေ သန့်ရှင်းသော စွမ်းအားတော် တောင်းခံတယ်။ ကျွန်မကို ယေဟောဝါ စိတ်ဒဏ်ရာ သက်သာလာစေတယ်။ ဘယ်လိုမှ ခံရပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တဲ့ အခြေအနေကို ခံရပ်နိုင်စေတယ်” လို့ ပြောတယ်။ ယုံကြည်ခြင်း တိုးများလာဖို့ ဘုရား ကူညီပေးတယ်၊ ဘယ်အခက်အခဲကိုမဆို ခံရပ်နိုင်ဖို့ ကူညီပေးဦးမယ်လို့ ဖလော်ရာ ခံစားရတယ်။ “ဆာလံ ၁၁၉:၃၂ မှာ ပြောထားသလိုပါပဲ ‘ခံယူတတ်တဲ့စိတ်ကို ကိုယ်တော် ပေးထားတဲ့အတွက် ပညတ်လမ်းစဉ်တွေကို မက်မက်မောမော လိုက်လျှောက်မယ်’” လို့ ဖလော်ရာ ပြောတယ်။
14. Kha siangtho thahatna i ngah nadingin bang teng sem thei i hiam?
၁၄ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပြီးရင် ဘာတွေ လုပ်နိုင်သလဲ။ စွမ်းအားတော် သက်ရောက်မယ့်အရာတွေ လုပ်ပါ။ အစည်းအဝေး တက်ပါ။ ဟောပြောပါ။ နေ့တိုင်း ကျမ်းစာဖတ်ခြင်းအားဖြင့် ကိုယ့်စိတ်နှလုံးကို ယေဟောဝါရဲ့ အတွေးတွေနဲ့ ဖြည့်ပါ။ (ဖိ. ၄:၈၊ ၉) ကျမ်းစာဖတ်တဲ့အခါ အဖြစ်ဆိုး ကြုံခဲ့ရတဲ့ ကျမ်းစာဇာတ်ကောင်တွေအကြောင်း သတိပြုပါ။ သူတို့ ခံရပ်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးခဲ့တယ်ဆိုတာ စဉ်းစားပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ စန်ဒရာ အခက်အခဲတွေ တသီတတန်း ကြုံခဲ့ရတယ်။ “ယောသပ်အကြောင်း ကျမ်းမှတ်တမ်းက တကယ် စိတ်ထိမိစေတယ်။ အခက်အခဲတွေ၊ မတရားမှုတွေ ကြုံရပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေးကို ယောသပ် အထိခိုက်မခံဘူး” လို့ ပြောတယ်။—က. ၃၉:၂၁-၂၃။
JEHOVAH IN UNAUTE TUNGTAWNIN HONG LUNGNUAMSAK
15. Kuate in hong huh thei a, koi bangin hong huh thei ding uh a hiam? (Lim zong en in.)
၁၅ ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ မေတ္တာပြတယ်။ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ ညီအစ်ကို/မတွေ “တကယ် အားပေးထောက်မ” နိုင်တယ်။ (ကော. ၄:၁၁) ရင်ဖွင့်တာကို စာနာမှုရှိရှိ နားထောင်ပေးနိုင်တယ်။ ဘေးမှာ အတူတူ ရှိနေပေးနိုင်တယ်။ ကျမ်းပိုဒ်တစ်ပိုဒ် သုံးပြီး အားပေးနိုင်တယ်။ အတူတူ ဆုတောင်းပေးနိုင်တယ်။d (ရော. ၁၅:၄) ခံနိုင်ရည် ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ယေဟောဝါ တွေးသလို တွေးဖို့ သတိပေးနိုင်တယ်။ အစားအသောက် ပြင်ဆင်ပေးတာလိုမျိုး လက်တွေ့ကျကျ ကူညီပေးတာလည်း ဖြစ်နိုင်တယ်။
ယုံကြည်စိတ်ချထိုက်တဲ့၊ ရင့်ကျက်တဲ့ မိတ်ဆွေကောင်းတွေက အားပေးထောက်မနိုင် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
16. Midangte kiang pan huhna i ngah nadingin bang sem ding i hiam?
၁၆ တခြားသူတွေဆီက အားပေးထောက်မမှု ရဖို့ဆိုရင် ကိုယ့်ဘက်က တောင်းခံဖို့ လိုတတ်တယ်။ ညီအစ်ကို/မတွေက ကျွန်တော်တို့ကို ချစ်တယ်၊ ကူညီပေးချင်တယ်။ (ပညာ. ၁၇:၁၇) ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လို ခံစားနေရတယ်၊ ဘာလိုအပ်တယ်ဆိုတာ သိချင်မှ သိမယ်။ (ပညာ. ၁၄:၁၀) ဒါကြောင့် စိတ်သောကရောက်နေတယ်ဆိုရင် ရင့်ကျက်တဲ့ မိတ်ဆွေတွေကို ရင်ဖွင့်ပါ။ ဘာက ကိုယ့်အတွက် အကူအညီ ဖြစ်နိုင်တယ်ဆိုတာ ပြောပြပါ။ ရင်းနှီးတဲ့ အကြီးအကဲ တစ်ယောက်၊ နှစ်ယောက်ကို ရင်ဖွင့်နိုင်တယ်။ ညီအစ်မတချို့ကျတော့ ရင့်ကျက်တဲ့ ညီအစ်မတစ်ယောက်ယောက်ဆီ ရင်ဖွင့်တဲ့အတွက် စိတ်သက်သာရာရခဲ့ကြတယ်။
17. Bang thute hanga midangte’ huhna nial kha thei i hiam? I nial khak loh nadingin bang teng sem thei i hiam?
၁၇ တစ်သီးပုဂ္ဂလ မနေပါနဲ့။ စိတ်သောကရောက်နေချိန်မှာ တခြားသူတွေနဲ့ မတွေ့ချင်တာ ဖြစ်နိုင်တယ်။ တစ်ခါတလေ ညီအစ်ကို/မတွေ အထင်မှားတာ၊ စကားမှားတာ ဖြစ်နိုင်တယ်။ (ယာ. ၃:၂) ဒါပေမဲ့ ဒီအကြောင်းရင်းတွေကြောင့် သူတို့ကို မရှောင်ပါနဲ့။ သူတို့ကို သုံးပြီး သင့်ကို ယေဟောဝါ အားပေးထောက်မနိုင်တယ်။ “ရွေးချယ်စရာ မရှိတဲ့ အဆုံးမှာမှ မိတ်ဆွေတွေကို ဆက်သွယ်ချင်မိတယ်” လို့ စိတ်ကျဝေဒနာ ခံစားနေရတဲ့ အကြီးအကဲ ညီအစ်ကို ဂါဗင် ပြောတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းဖို့ ဂါဗင် ကြိုးစားတဲ့အတွက် အကျိုးရခဲ့တယ်။ “ဘဝမှာ ကြုံခဲ့ရတာတွေကြောင့် လူတွေကို မယုံရဲတော့ဘူး။ ဒါပေမဲ့ ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်သလို ချစ်တတ်ဖို့၊ ယုံသလို ယုံတတ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်မ ဒီလိုကြိုးစားနေလို့ ယေဟောဝါ ပျော်မယ်ဆိုတာ ကျွန်မ သိတယ်။ အဲဒီအသိကြောင့် ကျွန်မလည်း ပျော်ရတယ်” လို့ ညီအစ်မ အေမီ ပြောတယ်။
HONG DAMSAK DING CIH JEHOVAH KAMCIAMNA IN HONG LUNGNUAMSAK
18. Bang lungmuang thei i hiam? Tu hunah bang sem thei i hiam?
၁၈ ကျွန်တော်တို့ရဲ့ ခန္ဓာပိုင်း၊ စိတ်ပိုင်း ဒဏ်ရာအားလုံးကို မကြာခင် ယေဟောဝါ အရှင်း ကုသပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (ဗျာ. ၂၁:၃၊ ၄) အဲဒီအချိန် ရောက်ရင် အရင်က ကြုံခဲ့ရတဲ့ နာကျင်စရာတွေ “စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး။” (ဟေရှာ. ၆၅:၁၇) လောလောဆယ်မှာတောင် ကျွန်တော်တို့ရဲ့ “ဒဏ်ရာတွေကို [ယေဟောဝါ] စည်းပေး” နေတယ်။ စိတ်ဒဏ်ရာ သက်သာဖို့ ယေဟောဝါ မေတ္တာပါပါ ပြင်ဆင်ပေးထားတာတွေကနေ အကျိုးအပြည့်အဝ ရယူပါ။ “ဘုရားသခင်ဟာ [ကျွန်တော်တို့ကို] ဂရုစိုက်တဲ့ အရှင်” ဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ သံသယ မဝင်ပါနဲ့။—၁ ပေ. ၅:၇။
LA 7 Jehovah, I Thahatna
a အမည်လွှဲများ။
b “သင့်ကို ယေဟောဝါ တန်ဖိုးထား” လေးထောင့်ကွက်ကို ကြည့်ပါ။
c ယေဟောဝါနဲ့ “အမှုကို ဖြေရှင်း” ဖို့ဆိုရင် နောင်တရကြောင်း သက်သေပြရမယ်။ အပြစ်ခွင့်လွှတ်ပေးဖို့ တောင်းခံခြင်း၊ ဘဝလမ်းစဉ် ပြောင်းလဲခြင်းအားဖြင့် သက်သေပြနိုင်တယ်။ ကြီးလေးတဲ့အပြစ် လုပ်မိရင် အသင်းတော် အကြီးအကဲတွေဆီက အကူအညီ တောင်းရမယ်။—ယာ. ၅:၁၄၊ ၁၅။
d ဥပမာ၊ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ ပါတဲ့ “စိုးရိမ်ပူပန်မှု၊” “နှစ်သိမ့်မှု” ခေါင်းစဉ်အောက်က ကျမ်းပိုဒ်တွေကို သုံးသပ်ပါ။