SIN DING THU 17
LA 99 မြောက်မြားလှတဲ့ ညီအစ်ကိုများ
Ei Bek I Hi Kei Hi
‘Nang . . . kong huh ding hi.’—ISA. 41:10.
အာရုံစိုက်ရာ
ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးတဲ့ နည်းလေးနည်းက ဘာလဲ။
1-2. (a) Ei bek ihih loh lam ba’hang muang thei i hiam? (b) Hih sin ding thu ah bang thu kikum ding i hiam?
ဘဝအခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်ထဲက လှေငယ်တစ်စင်းမှာ တစ်ယောက်တည်း ကူကယ်ရာမဲ့နေသလိုမျိုး ခံစားမိနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကူကယ်ရာမမဲ့ပါဘူး။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကောင်းကင်ဘုံစံအဖ မြင်ရုံသာမက “မင်းကို . . . ကူညီပေးမယ်” ဆိုပြီး ကတိပေးထားတယ်။—ဟေရှာ. ၄၁:၁၀။
၂ (၁) လမ်းပြပေးခြင်း၊ (၂) ထောက်မပေးခြင်း၊ (၃) ကာကွယ်ပေးခြင်း၊ (၄) နှစ်သိမ့်ပေးခြင်းအားဖြင့် ယေဟောဝါဘုရား ဘယ်လို ကူညီပေးကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။ ကျွန်တော်တို့ ဘာအခက်အခဲပဲ ကြုံလာပါစေ မေ့မထားဘူး၊ စွန့်ပစ်မထားဘူးလို့ ယေဟောဝါ ကတိပေးတယ်။ ဒါကြောင့် ဘယ်တော့မှ ကူကယ်ရာမမဲ့ပါဘူး။
JEHOVAH IN LAM HONG LAK
3-4. Jehovah in koi bangin lam hong lak a hiam? (Late 48:14)
၃ ဆာလံ ၄၈:၁၄ ကို ဖတ်ပါ။ ကျွန်တော်တို့ လမ်းပြမှု လိုအပ်မှန်း ယေဟောဝါ သိတယ်။ ဒါကြောင့် လမ်းပြပေးတယ်။ ဘယ်လို လမ်းပြသလဲ။ တစ်နည်းကတော့ ကျမ်းစာအားဖြင့်ပါ။ (ဆာ. ၁၁၉:၁၀၅) ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့၊ အရည်အသွေးကောင်းတွေ ရှိလာဖို့ ကျမ်းစာကတစ်ဆင့် သွန်သင်ပေးတယ်။a ကျမ်းစာသွန်သင်ချက်တွေကို ကျွန်တော်တို့ လိုက်လျှောက်တဲ့အခါ ပိုပျော်ရွှင်လာတယ်။ အနာဂတ်မှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိလာတယ်။ ဥပမာ၊ ခွင့်လွှတ်တတ်ဖို့၊ အရာရာမှာ ရိုးသားဖို့၊ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ဖို့ ကျမ်းစာမှာ သွန်သင်ထားတယ်။ (ဆာ. ၃၇:၈။ ဟီ. ၁၃:၁၈။ ၁ ပေ. ၁:၂၂) အဲဒီအရည်အသွေးတွေ ကျွန်တော်တို့မှာ ရှိလာတဲ့အခါ ပိုကောင်းတဲ့ မိဘ၊ အိမ်ထောင်ဖက်၊ မိတ်ဆွေ ဖြစ်လာကြတယ်။
၄ ကျွန်တော်တို့နဲ့ အခက်အခဲ တူသူတွေ၊ ခံစားချက် တူသူတွေအကြောင်းလည်း ကျမ်းစာမှာ ယေဟောဝါ ထည့်သွင်းဖော်ပြထားတယ်။ (၁ ကော. ၁၀:၁၃။ ယာ. ၅:၁၇) အဲဒီလိုဖြစ်ရပ်မှန် မှတ်တမ်းတွေ ဖတ်ပြီး သင်ခန်းစာ ယူတဲ့အခါ အနည်းဆုံး နည်းနှစ်နည်းနဲ့ အကျိုးရတယ်။ ပထမ၊ ကိုယ်တစ်ယောက်တည်း အခက်အခဲ ကြုံရတာ မဟုတ်ဘူး၊ တခြားသူတွေလည်း ကိုယ့်လို ကြုံဖူးတယ်၊ ယေဟောဝါ ကူညီပေးလို့ ခံရပ်နိုင်ခဲ့ကြတယ်ဆိုတာ သိလာတယ်။ (၁ ပေ. ၅:၉) ဒုတိယ၊ အခက်အခဲတွေကို ဘယ်လို ခံရပ်ရမလဲဆိုတာ သိလာတယ်။—ရော. ၁၅:၄။
5. Jehovah in kuate zangin lam hong lak a hiam?
၅ ယုံကြည်သူချင်းတွေကို သုံးပြီးတော့လည်း ယေဟောဝါ လမ်းပြတယ်။b တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော်တွေဆီ မှန်မှန် လည်ပတ်ပြီး အားပေးတယ်။ သူတို့ရဲ့ ဟောပြောချက်တွေက ကျွန်တော်တို့ကို ယုံကြည်ခြင်း ခိုင်ခံ့စေတယ်၊ စည်းလုံးစေတယ်။ (တ. ၁၅:၄၀–၁၆:၅) အသင်းတော် အကြီးအကဲတွေကလည်း ညီအစ်ကို/မတစ်ယောက်ချင်းစီကို စိတ်ဝင်တစား ကူညီပေးတယ်။ (၁ ပေ. ၅:၂၊ ၃) မိဘတွေက သားသမီးတွေ ယေဟောဝါကို ချစ်တတ်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်ဖို့၊ အမူအကျင့်ကောင်းတွေ ရှိဖို့၊ ကျမ်းစာဖတ်ဖို့၊ အစည်းအဝေး တက်ဖို့၊ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်ဖို့ သင်ကြားပေးတယ်။ (ပညာ. ၂၂:၆) ရင့်ကျက်တဲ့ ညီအစ်မတွေက ညီအစ်မငယ်တွေကို စံနမူနာကောင်း ပြတယ်၊ လက်တွေ့ကျကျ အကြံပေးတယ်၊ အားပေးတယ်။—တိ. ၂:၃-၅။
6. Jehovah’ hong lamlahna tungah lungdamna koi bangin lak thei i hiam?
၆ ယေဟောဝါ အကောင်းဆုံး လမ်းပြပေးတာ ရှင်းနေပါတယ်။ လမ်းပြမှုအတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။ “ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားပါ။ ကိုယ့်ရဲ့ သိနားလည်နိုင်စွမ်းကို အားမကိုးနဲ့” လို့ ပညာအလိမ္မာ ၃:၅၊ ၆ မှာ ဆိုထားတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားရင် ယေဟောဝါက “[ကျွန်တော်တို့]ရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေမယ်။” ဆိုလိုတာက ပြဿနာ တော်တော်များများကို ရှောင်နိုင်ဖို့၊ ပိုပျော်ရွှင်တဲ့ အသက်တာ ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးမယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ချစ်လွန်းလို့ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့အညီ အကြံပေးလမ်းပြနေတာ ကျေးဇူးတင်စရာပါပဲ။—ဆာ. ၃၂:၈။
JEHOVAH IN I KITANGSAPNA KHEMPEUH HONG PIA
7. Jehovah in i kitangsapnate koi bangin hong pia a hiam? (Filippi 4:19)
၇ ဖိလိပ္ပိ ၄:၁၉ ကို ဖတ်ပါ။ ကျွန်တော်တို့ကို ယေဟောဝါ လမ်းပြတဲ့အပြင် ထောက်မပေးတယ်။ ဘယ်လို ထောက်မသလဲ။ တစ်နည်းကတော့ စားဝတ်နေရေးအတွက် ကျွန်တော်တို့ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့အခါ ကောင်းချီးပေးခြင်းအားဖြင့်ပါ။ (မ. ၆:၃၃။ ၂ သက်. ၃:၁၂) စားဝတ်နေရေးအတွက် စိုးရိမ်တာ သဘာဝ ဖြစ်ပေမဲ့ ယေဟောဝါက အစိုးရိမ်မလွန်စေချင်ဘူး။ (မ. ၆:၂၅) ဘာကြောင့်လဲ။ ကျွန်တော်တို့ကို ဘယ်တော့မှ ပစ်ထားမှာ မဟုတ်လို့ပဲ။ (မ. ၆:၈။ ဟီ. ၁၃:၅) ထောက်မမယ်ဆိုတဲ့ ကတိ ယေဟောဝါ တည်မယ်ဆိုတာ အကြွင်းမဲ့ စိတ်ချနိုင်ပါတယ်။
8. Jehovah in David koi bangin na huh a hiam?
၈ ဒါဝိဒ်ကို ယေဟောဝါ ဘယ်လို ထောက်မသလဲ။ ရှောလုမင်းလက်ကနေ ထွက်ပြေးတိမ်းရှောင်ရတဲ့ နှစ်တွေအတွင်း ဒါဝိဒ်နဲ့ အပေါင်းပါတွေ အသက်ဆက်နိုင်ဖို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးခြင်းအားဖြင့် ထောက်မတယ်။ “ဖြောင့်မတ်သူ စွန့်ပစ်ခံရတာ၊ သူ့သားသမီးတွေ တောင်းစားနေရတာကို လူငယ်ဘဝကနေ အခု အသက်ကြီးချိန်အထိ ငါ တစ်ခါမှ မတွေ့ဖူးဘူး” ဆိုပြီး အဲဒီနှစ်တွေအတွင်း ယေဟောဝါ ထောက်မပေးပုံကို ဒါဝိဒ် ပြန်စဉ်းစားရင်း ပြောတယ်။ (ဆာ. ၃၇:၂၅) သစ္စာရှိ ကျေးကျွန်တွေ ခက်ခဲနေချိန်မှာ ယေဟောဝါ ထောက်မပေးတယ်ဆိုတာကို သင်လည်း ကိုယ်တွေ့သိမှာပါ။
9. Ama mite siatna lianpi a tuak uh ciang Jehovah in a kitangsapate koi bangin na pia a hiam? (Lim zong en in.)
၉ ဘေးဒုက္ခရောက်ချိန်မှာလည်း မိမိလူမျိုးကို ယေဟောဝါ ထောက်မတယ်။ ဥပမာ၊ ပထမရာစုတုန်းက ဂျေရုဆလင်မြို့မှာ အငတ်ဘေး ကျရောက်လာတော့ တခြားဒေသမှာ ရှိတဲ့ ညီအစ်ကို/မတွေက ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ကြတယ်။ (တ. ၁၁:၂၇-၃၀။ ရော. ၁၅:၂၅၊ ၂၆) ဒီနေ့အချိန်မှာလည်း အကူအညီ လိုအပ်သူတွေကို ညီအစ်ကို/မတွေ စေတနာအပြည့်နဲ့ ကူညီကြတယ်။ ဘေးဒုက္ခရောက်ချိန်မှာ ဘေးသင့်ဒေသက ညီအစ်ကို/မတွေအတွက် စားစရာ၊ ရေ၊ အဝတ်အစား၊ ဆေးဝါးတွေ ထောက်ပံ့ဖို့ မိမိလူမျိုးကို ယေဟောဝါ လှုံ့ဆော်ပေးတယ်။ အိမ်တွေ၊ ခန်းမတွေ ပျက်စီးသွားရင် ဆောက်လုပ်ရေးအဖွဲ့တွေက ပြုပြင်ပေးတယ်။ ပိုင်ဆိုင်ရာတွေ ဒါမှမဟုတ် ချစ်ရသူတွေ ဆုံးရှုံးသွားရင် ညီအစ်ကို/မတွေက ကျမ်းစာ သုံးပြီး အားပေးနှစ်သိမ့်ကြတယ်။c
ဘေးဒုက္ခရောက်ချိန်မှာ ယေဟောဝါ ဘယ်လို ထောက်မပေးသလဲ (စာပိုဒ် ၉ ကို ကြည့်ပါ)e
10-11. Ukraine gama saang siapipa Borys’ tuahkhakna pan bang sin thei i hiam?
၁၀ မိမိကို ဝတ်မပြုသေးသူတွေကိုလည်း ယေဟောဝါ ထောက်မတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ယုံကြည်ခြင်း မတူသူတွေကို မေတ္တာပြဖို့ အခွင့်အရေး ရှာကြတယ်။ (ဂလ. ၆:၁၀) ဒီလိုမေတ္တာပြတာဟာ သက်သေခံချက်ကောင်း ဖြစ်လာလေ့ရှိတယ်။ ယူကရိန်းနိုင်ငံက ကျောင်းအုပ်ဆရာကြီး ဘိုးရစ္စရဲ့ တွေ့ကြုံမှုကို သုံးသပ်ကြည့်ပါ။ ဆရာကြီးဟာ ယေဟောဝါသက်သေ မဟုတ်ပေမဲ့ သက်သေခံကျောင်းသားတွေအပေါ် ကောင်းတယ်။ သက်သေခံတွေရဲ့ ယုံကြည်ချက်ကို လေးစားတယ်။ နိုင်ငံအတွင်းက ပိုဘေးကင်းတဲ့ဒေသကို ဆရာကြီး စစ်ဘေးရှောင်ဖို့ ဆုံးဖြတ်တော့ ညီအစ်ကိုတွေ ကူညီပေးကြတယ်။ နောက်ပိုင်းမှာ ယေရှုရဲ့ သေခြင်းအောက်မေ့ရာ အစီအစဉ်ကို ဆရာကြီး လာတက်တယ်။ “ကျွန်တော့်ကို မေတ္တာထား ဂရုစိုက်ပေးကြလို့ ယေဟောဝါသက်သေတွေကို သိပ်ကျေးဇူးတင်တယ်” ဆိုပြီး နောက်ကြောင်း ပြန်တွေးရင်း ဆရာကြီး ပြောတယ်။
၁၁ ယုံကြည်ခြင်း တူတူ၊ မတူတူ အကူအညီ လိုအပ်သူတွေကို မေတ္တာပြခြင်းအားဖြင့် သနားကြင်နာတတ်တဲ့ အဖဘုရားကို ကျွန်တော်တို့အားလုံး အတုယူနိုင်တယ်။ (လု. ၆:၃၁၊ ၃၆) ကျွန်တော်တို့ ပြတဲ့ မေတ္တာကြောင့် လူတွေ ခရစ်တော်ရဲ့တပည့် ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ (၁ ပေ. ၂:၁၂) ဒါပေမဲ့ သူတို့ ခရစ်တော်ရဲ့တပည့် ဖြစ်လာသည်ဖြစ်စေ၊ ဖြစ်မလာသည်ဖြစ်စေ ပေးကမ်းခြင်းကြောင့် ကျွန်တော်တို့ ပိုပျော်ရွှင်ရမှာကတော့ အသေအချာပါပဲ။—တ. ၂၀:၃၅။
JEHOVAH IN HONG HON KHIA
12. Jehovah in ama mite a mihonin koicih hon khia dingin na kamciam a hiam? (Late 91:1, 2, 14)
၁၂ ဆာလံ ၉၁:၁၊ ၂၊ ၁၄ ကို ဖတ်ပါ။ မိမိနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကနေ မိမိလူမျိုးကို ကာကွယ်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ စာတန်ကြောင့် စစ်မှန်တဲ့ ဝတ်ပြုရေး ပျက်စီးယိုယွင်းသွားတာမျိုး ဘယ်တော့မှ အဖြစ်မခံဘူး။ (ယော. ၁၇:၁၅) “ကြီးစွာသောဒုက္ခ” အတွင်းမှာကော လူမျိုးတော်ကို အုပ်စုလိုက်အနေနဲ့ ဘယ်လို ကာကွယ်ပေးမလဲ။ မိမိနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် အန္တရာယ်တွေကနေသာမက အသက်အန္တရာယ်ကနေပါ ကာကွယ်ပေးမယ်။ ဒီကတိကို အပြည့်အဝ စိတ်ချနိုင်ပါတယ်။—ဗျာ. ၇:၉၊ ၁၄။
13. Jehovah in mimal khatciat tungah koi bangin hon khia a hiam?
၁၃ တစ်ယောက်ချင်းစီကိုကော ယေဟောဝါ ဘယ်လို ကာကွယ်သလဲ။ အမှားအမှန် ပိုင်းခြားသိမြင်နိုင်ဖို့ ကျမ်းစာကတစ်ဆင့် ကူညီပေးတယ်။ (ဟီ. ၅:၁၄) ကျမ်းစာမူတွေ လိုက်နာတဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေး၊ ကျန်းမာပျော်ရွှင်ရေးကို ထိခိုက်စေမယ့် အန္တရာယ်တွေကနေ ကျွန်တော်တို့ ကာကွယ်ခံကြရတယ်။ (ဆာ. ၉၁:၄) အသင်းတော်ကတစ်ဆင့်လည်း ယေဟောဝါ ကာကွယ်ပေးတယ်။ (ဟေရှာ. ၃၂:၁၊ ၂) ယေဟောဝါကို ချစ်တဲ့၊ ကျမ်းစာမူတွေ လိုက်နာတဲ့ ညီအစ်ကို/မတွေနဲ့အတူတူ စည်းဝေးတာ၊ အမှုဆောင်တာ၊ စုဆုံပေါင်းသင်းတာက ကျွန်တော်တို့ကို အားရှိစေတယ်။ အမှားလုပ်ချင်စိတ်ကို တွန်းလှန်ဖို့ အကူအညီ ဖြစ်စေတယ်။—ပညာ. ၁၃:၂၀။
14. (a) Jehovah in ba’hang ze-etna khempeuh panin hong hon khia lo a hiam? (b) Late 9:10 in bang hong lungmuangsak a hiam? (A nuai-a ciaptehna zong en in.)
၁၄ ရှေးအချိန်မှာ ကျေးကျွန်တွေကို နှိပ်စက်ညှဉ်းပန်းမှု၊ အသက်အန္တရာယ်ကနေ ယေဟောဝါ ကာကွယ်ပေးချိန်တွေ ရှိတယ်။ ဒါပေမဲ့ အမြဲတော့ ကာကွယ်မပေးဘူး။ ဘာကြောင့်လဲ။ စာတန် မှားတယ်ဆိုတာ သက်သေပြနိုင်ဖို့ပါ။ (ယောဘ ၂:၄-၆။ မ. ၂၃:၃၄) ဒါ့အပြင် “လူအားလုံးဟာ မျှော်လင့်မထားတဲ့အချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ ကြုံရတတ်လို့ပဲ” လို့ ကျမ်းစာ ဆိုတယ်။ (ဒေ. ၉:၁၁) ဒီနေ့ခေတ်မှာလည်း စမ်းသပ်မှုတိုင်းကနေ ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်လို့ ပြောလို့မရဘူး။ ဒါပေမဲ့ မိမိကို ချစ်မြတ်နိုးသူတွေကို ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ စိတ်ချနိုင်ပါတယ်။d—ဆာ. ၉:၁၀။
JEHOVAH IN HONG HEHNEM
15. Thu i nget ciang, Lai Siangtho i sim ciang, le i kikhop ciang koi bangin hehnepna kingah i hiam? (2 Korin 1:3, 4)
၁၅ ၂ ကောရိန္သု ၁:၃၊ ၄ ကို ဖတ်ပါ။ တစ်ခါတလေ ကျွန်တော်တို့ ပူဆွေးဝမ်းနည်းကြတယ်၊ စိုးရိမ်သောကရောက်ကြတယ်၊ စိတ်ဖိစီးကြတယ်။ လောလောဆယ်တောင် စိတ်ဖိစီးစရာတစ်ခုခုကြောင့် ကူကယ်ရာမဲ့နေတယ်လို့ ခံစားနေရနိုင်တယ်။ သင့်ခံစားချက်ကို နားလည်ပေးနိုင်တဲ့သူ ရှိသလား။ ရှိပါတယ်။ ယေဟောဝါဘုရားပါ။ ယေဟောဝါက သင် နာကျင်ခံစားနေရတာကို မြင်တဲ့အပြင် “ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ . . . နှစ်သိမ့်ပေးတယ်။” ကျွန်တော်တို့ နှစ်သိမ့်မှု ဘယ်လို ရသလဲ။ ရင်ဖွင့်ဆုတောင်းတဲ့အခါ “လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ရတယ်။ (ဖိ. ၄:၆၊ ၇) ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ စကားတွေကို ဖတ်တဲ့အခါလည်း နှစ်သိမ့်မှု ရတယ်။ ကျွန်တော်တို့ကို သိပ်ချစ်ကြောင်း ဖော်ပြထားတဲ့ စကားတွေ၊ ပညာရှိ အကြံပေးချက်တွေ၊ မျှော်လင့်ချက်တွေ ကျမ်းစာမှာ ပါလို့ပဲ။ ဒါ့အပြင် အစည်းအဝေး တက်တဲ့အခါ ကျမ်းစာထဲက အားရှိစရာ အကြောင်းအရာတွေ ကြားရလို့၊ ကျွန်တော်တို့ကို သိပ်ချစ်တဲ့ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းရလို့ နှစ်သိမ့်မှု ရတယ်။
16. Unau Nathan le Priscilla’ tuahkhakna pan bang sin thei i hiam?
၁၆ ကျမ်းစာကတစ်ဆင့် ယေဟောဝါ နှစ်သိမ့်အားပေးကြောင်း အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ ညီအစ်ကို နေသန်နဲ့ ညီအစ်မ ပရစ်စီးလာရဲ့ တွေ့ကြုံမှုကနေ သိရတယ်။ ဟောပြောသူ ပိုလိုအပ်တဲ့ဒေသမှာ လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက သူတို့ သွားအမှုဆောင်ကြတယ်။ “ယေဟောဝါ ကောင်းချီးပေးမယ်လို့ သေချာပေါက် တွက်ထားခဲ့တာ” လို့ နေသန် ပြောတယ်။ ဒါပေမဲ့ နေရာအသစ်ကို ရောက်ပြီးနောက် နှစ်ယောက်စလုံး ကျန်းမာရေး ပြဿနာ ပေါ်လာတယ်။ သင့်တော်တဲ့အလုပ် ရှာမတွေ့လို့ ငွေကြေးခက်ခဲလာတယ်။ နောက်ဆုံးတော့ အိမ်ပြန်လာရတယ်။ ပြန်ရောက်လာတော့လည်း ငွေကြေးခက်ခဲတုန်းပဲ။ “မျှော်လင့်ထားတဲ့နည်းနဲ့ ယေဟောဝါ ဘာကြောင့် ကောင်းချီးမပေးသလဲလို့ တွေးမိတယ်။ ကျွန်တော် အမှားတစ်ခုခု လုပ်ခဲ့လို့များလားဆိုတဲ့အတွေး ဝင်လာတဲ့အထိပဲ” လို့ နေသန် ပြောတယ်။ ဒါပေမဲ့ အကူအညီ လိုအပ်ချိန်မှာ ယေဟောဝါ စွန့်ပစ်မထားခဲ့မှန်း နေသန်နဲ့ ပရစ်စီးလာ နောက်ပိုင်းမှာ သဘောပေါက်လာတယ်။ “အဲဒီအတောအတွင်း ကျမ်းစာက မိတ်ဆွေကောင်းတစ်ယောက်လို အားပေးတယ်၊ လမ်းပြပေးတယ်။ အခက်အခဲကို အာရုံမစိုက်ဘဲ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးပုံကို အာရုံစိုက်တာက ရှေ့လျှောက် ကြုံလာရသမျှကို ယုံကြည်ခြင်းနဲ့ ရင်ဆိုင်ဖို့ ကူညီပေးတယ်” လို့ နေသန် ပြောတယ်။
17. Unaunu Helga in hehnepna koi bangin na ngah a hiam? (Lim zong en in.)
၁၇ ညီအစ်ကို/မတွေကတစ်ဆင့်လည်း ယေဟောဝါ နှစ်သိမ့်အားပေးကြောင်း ဟန်ဂေရီနိုင်ငံမှာ နေတဲ့ ညီအစ်မ ဟယ်လ်ဂါရဲ့ တွေ့ကြုံမှုကနေ သိရတယ်။ နှစ်များစွာအတွင်း အခက်အခဲမျိုးစုံ ကြုံရလို့ ဟယ်လ်ဂါ သောကများခဲ့တယ်။ အဖြစ်ဆိုးလိုက်တာလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တဲ့အခါ ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ နှစ်သိမ့်ပေးခဲ့မှန်း သဘောပေါက်လာတယ်။ “အလုပ်ကြောင့်၊ မကျန်းမာတဲ့ သားလေးကို ပြုစုရတာကြောင့်၊ တခြားအကြောင်းရင်းတွေကြောင့် ကျွန်မ ခွန်အားလျော့လာတာနဲ့ ယေဟောဝါ အမြဲ ကူညီပေးတယ်။ နှစ်သိမ့်ပေးမယ်ဆိုတဲ့ကတိ တည်တယ်။ ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်း တစ်ရက်လေးမှ ကတိမပျက်ဘူး။ ညီအစ်ကို/မတွေရဲ့ စာနာနားလည်ပေးတဲ့စကားတွေ၊ အားပေးစကားတွေကတစ်ဆင့် ယေဟောဝါ အားရှိစေတာ အကြိမ်ကြိမ်ပါပဲ။ အလိုအပ်ဆုံးအချိန်မှာ စာတိုတစ်စောင်၊ ကတ်တစ်ကတ် အမြဲ ရတတ်တယ်။ ချီးမွမ်းစကားလေး ကြားရတတ်တယ်” လို့ ဟယ်လ်ဂါ ပြောတယ်။
တခြားသူတွေကို နှစ်သိမ့်ပေးဖို့ သင့်ကို ယေဟောဝါ ဘယ်လို သုံးနိုင်သလဲ (စာပိုဒ် ၁၇ ကို ကြည့်ပါ)
18. Midangte koi bangin hehnem thei i hiam?
၁၈ နှစ်သိမ့်ပေးရှင် ယေဟောဝါကို အတုယူခွင့် ကျွန်တော်တို့ ရထားတယ်။ ဒါဆိုရင် တခြားသူတွေကို ဘယ်လို နှစ်သိမ့်ပေးနိုင်သလဲ။ သူတို့ ပြောတာ စိတ်ရှည်ရှည် နားထောင်ပေးနိုင်တယ်။ ကြင်ကြင်နာနာ စကားပြောနိုင်တယ်။ လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ (ပညာ. ၃:၂၇) ယေဟောဝါကို ဝတ်မပြုသေးသူတွေ အပါအဝင် ဒုက္ခရောက်နေသူအားလုံးကို နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ အသိတစ်ယောက်ယောက် ပူဆွေးဝမ်းနည်းနေတယ်၊ ဖျားနာနေတယ်၊ စိုးရိမ်သောကရောက်နေတယ်ဆိုရင် သူ့ဆီ သွားလည်တယ်။ သူ ပြောတာ နားထောင်ပေးတယ်။ အားရှိစရာ ကျမ်းပိုဒ်တွေ ဝေမျှတယ်။ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ယေဟောဝါကို ဒီနည်းတွေနဲ့ အတုယူတဲ့အခါ ဘာအကျိုးတွေ ရလာနိုင်သလဲ။ ညီအစ်ကို/မတွေ အခက်အခဲ ခံရပ်နိုင်သွားတာ ဖြစ်နိုင်တယ်။ အမှန်တရားနဲ့ပတ်သက်ပြီး မယုံကြည်သူတွေ သဘောထား ပြောင်းလာတာ ဖြစ်နိုင်တယ်။—မ. ၅:၁၆။
JEHOVAH IN HONG HUH DEN
19. Jehovah in bang teng hong sepsak a hiam? Koi bangin amah etteh thei i hiam?
၁၉ မိမိကို ချစ်မြတ်နိုးသူအားလုံးကို ယေဟောဝါ သိပ်ဂရုစိုက်တယ်။ အခက်အခဲ ကြုံချိန်မှာ စွန့်ပစ်မထားဘူး။ သားသမီးတွေကို မေတ္တာထား ဂရုစိုက်တဲ့ မိဘလိုပဲ သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဂရုစိုက်တယ်။ ဘယ်လိုနည်းနဲ့လဲ။ လမ်းပြပေးခြင်း၊ ထောက်မပေးခြင်း၊ ကာကွယ်ပေးခြင်း၊ နှစ်သိမ့်ပေးခြင်းအားဖြင့်ပါ။ တခြားသူတွေ အခက်အခဲ ကြုံချိန်မှာ အားပေးထောက်မမယ်ဆိုရင် ကောင်းကင်ဘုံစံအဖကို အတုယူရာရောက်တယ်။ ရှေ့လျှောက် ကျွန်တော်တို့ အခက်အခဲတွေ၊ ဝမ်းနည်းစရာတွေ ကြုံရနိုင်ပေမဲ့ ယေဟောဝါ အတူရှိနေမယ်ဆိုတာ စိတ်ချထားနိုင်တယ်။ “မကြောက်နဲ့။ မင်းနဲ့အတူ ငါ ရှိတယ်” လို့ ကတိပေးထားလို့ပါပဲ။ (ဟေရှာ. ၄၁:၁၀) အားရှိစရာပဲ မဟုတ်လား။ ကျွန်တော်တို့ ဘယ်တော့မှ ကူကယ်ရာမမဲ့ပါဘူး။
LA 100 ဧည့်ဝတ်ကျေပွန်ပါ
a ၂၀၁၁၊ ဧပြီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “ဘုရားသခင်ကိုဂုဏ်တင်တဲ့ ဆုံးဖြတ်ချက်တွေချပါ” ဆောင်းပါးကို ကြည့်ပါ။
b ၂၀၂၄၊ ဖေဖော်ဝါရီ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါ လမ်းညွှန်တဲ့အတိုင်း ဆက်လျှောက်ပါ” ဆောင်းပါး၊ စာပိုဒ် ၁၁-၁၄ ကို ကြည့်ပါ။
c jw.org ရှာဖွေရန် အကွက်မှာ “ဘေးအန္တရာယ် ကယ်ဆယ်ရေး” ဆိုတာ ရိုက်ထည့်ပြီး လောလောလတ်လတ် တွေ့ကြုံမှုတွေ ရှာနိုင်တယ်။
d ၂၀၁၇၊ ဖေဖော်ဝါရီ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။
e ပုံအညွှန်း– မာလာဝီနိုင်ငံမှာ သဘာဝဘေး ကျရောက်ပြီးနောက် ညီအစ်ကို/မတွေကို အဖွဲ့အစည်းက ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေး၊ ကျမ်းစာ သုံးပြီး နှစ်သိမ့်ပေး။