SIN DING THU 39
LA 125 “သနားကြင်နာတတ်သူတွေ ပျော်ရွှင်ချမ်းမြေ့”
Piak Khiatna-ah Lungdamna Lian Zaw
“Ngahna Sangin piak khiatna ah lungdamna lian zaw hi.”—SAWL. 20:35.
အာရုံစိုက်ရာ
ပျော်မြဲ ပျော်နေစေမယ့်၊ ပိုပျော်စေမယ့် ပေးကမ်းနည်းအမျိုးမျိုးကို လေ့လာကြည့်ပါ။
1-2. I ngah hun sangin piak khiat cianga lungdam zaw dingin hong kibawl ahih manin bang hamphatna ngah i hiam?
ရယူတဲ့အခါထက် ပေးကမ်းတဲ့အခါ၊ ပေးဆက်တဲ့အခါ ပိုပျော်အောင် လူတွေကို ယေဟောဝါဘုရား ပုံစံပြုထားတယ်။ (တ. ၂၀:၃၅) ဒီလိုပြောလို့ ရယူတဲ့အခါ မပျော်ဘူးလို့ မဆိုလိုပါဘူး။ လက်ဆောင်တစ်ခုခု ရတဲ့အခါ ဘယ်လောက် ပျော်ရမှန်း ကျွန်တော်တို့ သိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က ပေးကမ်းတဲ့အခါ၊ ပေးဆက်တဲ့အခါ ပိုပျော်ရတယ်။ ယေဟောဝါ ဒီလိုပုံစံပြုထားတာ ကျွန်တော်တို့အကျိုးအတွက်ပဲ။
၂ ဒီလိုပုံစံပြုခံထားရတဲ့အတွက် ပိုပျော်ရေး၊ မပျော်ရေးဟာ ကိုယ့်လက်ထဲ ရှိသွားတယ်။ အခွင့်အရေး ရှာပြီး တခြားသူတွေကို ပေးကမ်းခြင်း၊ ပေးဆက်ခြင်းအားဖြင့် အပျော်တိုးအောင် လုပ်နိုင်တယ်။ ဒီလိုပုံစံပြုခံထားရတာ အံ့သြစရာပဲ မဟုတ်လား။—ဆာ. ၁၃၉:၁၄။
3. Jehovah pen bang hangin “a lungdam Pasian” hi a hiam?
၃ ယေဟောဝါဟာ ဘာကြောင့် “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေသလဲ။ (၁ တိ. ၁:၁၁) ပေးကမ်းခြင်းက ပျော်ရွှင်စေတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ယေဟောဝါဟာ ဦးဆုံး ပေးကမ်းသူ၊ အပေးကမ်းနိုင်ဆုံးသူ ဖြစ်လို့ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေတာ။ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှဟာ” ယေဟောဝါဆီက လာတယ်။ (ယာ. ၁:၁၇) တမန်တော် ပေါလု ပြောသလိုပါပဲ “ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။”—တ. ၁၇:၂၈။
4. Lungdamzaw dingin bang in hong huh ding a hiam?
၄ ပေးကမ်းခြင်းကနေ ရတဲ့ ပျော်ရွှင်မှုကို ကျွန်တော်တို့အားလုံး ရချင်ကြမှာပါ။ ယေဟောဝါလို ရက်ရောရင် အဲဒီလိုပျော်ရွှင်မှု ရနိုင်ပါတယ်။ (ဧ. ၅:၁) ယေဟောဝါလို ဘယ်လို ရက်ရောနိုင်ကြောင်း၊ ပေးကမ်းပေမဲ့ ကျေးဇူးတင်မခံရရင် ဘာလုပ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ သိလာတာတွေက ပေးကမ်းခြင်းကြောင့် ပျော်မြဲ ပျော်နေဖို့၊ ပိုပျော်ဖို့ ကူညီပေးပါမယ်။
JEHOVAH BANGIN CINGH IN
5. Jehovah in bangteng hong pia a hiam?
၅ ရက်ရောကြောင်း ယေဟောဝါ ပြတဲ့ နည်းတချို့က ဘာတွေလဲ။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။ ကျွန်တော်တို့ လိုအပ်တာတွေကို ယေဟောဝါ ပေးတယ်။ အမြဲ ပိုလျှံမနေစေရင်တောင် လိုအပ်တာတွေ အမြဲ ဖြည့်ဆည်းပေးတယ်။ ဥပမာ၊ စားစရာ၊ ဝတ်စရာ၊ နေစရာ ရှိနေစေတယ်။ (ဆာ. ၄:၈။ မ. ၆:၃၁-၃၃။ ၁ တိ. ၆:၆-၈) တာဝန်မကင်းလို့ ပေးတာလား။ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာကြောင့်လဲ။
6. Matthai 6:25, 26 pan bang theikhia i hiam?
၆ ကျွန်တော်တို့ကို ချစ်လို့ လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးတာ။ မဿဲ ၆:၂၅၊ ၂၆ မှာ ပါတဲ့ ယေရှုစကားတွေကို စဉ်းစားကြည့်ပါ။ (ဖတ်ပါ။) ဖန်ဆင်းရာတွေကို သုံးပြီး ယေရှု ဥပမာပေးတယ်။ ငှက်တွေနဲ့ပတ်သက်ပြီး “သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ။ ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား” လို့ ပြောတယ်။ ဘာသိရသလဲ။ ယေဟောဝါအတွက် သစ္စာရှိ ကျေးကျွန်တွေဟာ တိရစ္ဆာန်တွေထက် အများကြီး တန်ဖိုးရှိတယ်။ ဒီတော့ တိရစ္ဆာန်တွေကို ဂရုစိုက်တယ်ဆိုရင် ကျွန်တော်တို့ကို ပိုလို့တောင် ဂရုစိုက်မယ်ဆိုတာ စိတ်ချနိုင်တယ်။ မိသားစုကို ချစ်လို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးတဲ့ ဖခင်တစ်ယောက်လို ကျွန်တော်တို့ကို ချစ်လို့ လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးတယ်။—ဆာ. ၁၄၅:၁၆။ မ. ၆:၃၂။
7. Jehovah banga i cit theih dan lampi khat in bang a hiam? (Lim zong en in.)
၇ ယေဟောဝါလိုပဲ ကျွန်တော်တို့လည်း မေတ္တာအရင်းခံပြီး တခြားသူတွေကို လိုအပ်တာတွေ ဖြည့်ဆည်းပေးနိုင်တယ်။ ဥပမာ၊ စားစရာ၊ ဝတ်စရာ လိုအပ်နေတဲ့ ညီအစ်ကို/မတစ်ယောက်ယောက်ကို သိသလား။ သူ လိုအပ်တာတွေကို ဖြည့်ဆည်းပေးဖို့ သင့်ကို ယေဟောဝါ သုံးနိုင်တယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ဘေးဒုက္ခရောက်ချိန်မှာ အချင်းချင်း ရက်ရက်ရောရော ကူညီပေးတတ်ကြသူတွေလို့ လူသိများတယ်။ ဥပမာ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ အကူအညီ လိုအပ်တဲ့ ညီအစ်ကို/မတွေကို စားစရာ၊ ဝတ်စရာနဲ့ တခြားလိုအပ်တာတွေ ပေးကြတယ်။ ကမ္ဘာချီလုပ်ငန်းအတွက် ရက်ရက်ရောရော လှူဒါန်းလို့ ကမ္ဘာတစ်ဝန်း ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ခဲ့တယ်။ “ကောင်းမှုပြုဖို့၊ ကိုယ့်မှာ ရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်” လို့ ဟီဘရူး ၁၃:၁၆ မှာ ဖော်ပြထားတယ်။ ဒါကြောင့်လည်း ညီအစ်ကို/မတွေ အချင်းချင်း ဝေမျှပေးကမ်းကြတာ။
8. Jehovah in thahatna hong piak manin bang hamphatna ngah i hiam? (Filippi 2:13)
၈ ယေဟောဝါ အစွမ်းခွန်အား ပေးတယ်။ ယေဟောဝါမှာ အတိုင်းအဆမဲ့ အစွမ်းခွန်အား ရှိတယ်။ သစ္စာရှိ ကျေးကျွန်တွေကို အစွမ်းခွန်အား ဝမ်းမြောက်ဝမ်းသာ ပေးတယ်။ (ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။) သွေးဆောင်မှုတစ်ခု တွန်းလှန်နိုင်ဖို့ ဒါမှမဟုတ် အခက်အခဲတစ်ခု ခံရပ်နိုင်ဖို့ ယေဟောဝါဆီကနေ အစွမ်းခွန်အား တောင်းဖူးသလား။ နောက်တစ်ရက် ရှေ့ဆက်နိုင်ဖို့ ခွန်အား ပေးပါလို့ ဆုတောင်းဖူးသလား။ ဆုတောင်းထားတဲ့အတိုင်း အစွမ်းခွန်အား ရလာတဲ့အခါ “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်” တယ်လို့ ပြောတဲ့ တမန်တော် ပေါလုလို သင် ခံစားရပါလိမ့်မယ်။—ဖိ. ၄:၁၃။
9. Midangte phattuam nadinga i thatang i zatna tawh Jehovah koici etteh thei i hiam? (Lim zong en in.)
၉ ကျွန်တော်တို့မှာ ယေဟောဝါလို အတိုင်းအဆမဲ့ အစွမ်းခွန်အား မရှိဘူး။ ယေဟောဝါလို တခြားသူတွေကို အစွမ်းခွန်အား မပေးနိုင်ဘူး။ ဒါပေမဲ့ တခြားသူတွေအကျိုးအတွက် ကိုယ့်အစွမ်းခွန်အားကို သုံးခြင်းအားဖြင့် ယေဟောဝါကို အတုယူနိုင်တယ်။ ဥပမာ၊ အသက်ကြီးတဲ့ ဒါမှမဟုတ် မကျန်းမာတဲ့ ညီအစ်ကို/မကို အိမ်မှုကိစ္စ ဝိုင်းကူပေးနိုင်တယ်၊ ဈေးဝယ်ပေးနိုင်တယ်။ အခြေအနေ ပေးတယ်ဆိုရင် အစည်းအဝေးခန်းမ သန့်ရှင်းရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ကူညီနိုင်တယ်။ ကိုယ့်အစွမ်းခွန်အားကို ဒီနည်းတွေနဲ့ သုံးတဲ့အခါ ညီအစ်ကို/မတွေ အကျိုးရတယ်။
10. Kammal’ vangliatna pen koici zat thei i hiam?
၁၀ စကားလုံးတွေဟာ အစွမ်းထက်တယ်ဆိုတာကိုလည်း မမေ့ပါနဲ့။ စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးရင် အားတက်သွားမယ့်သူတစ်ယောက်ယောက်ကို စဉ်းစားမိသလား။ ချီးမွမ်းပေးလိုက်ပါ။ နှစ်သိမ့်မှု လိုနေသူတစ်ယောက်ယောက်ကို သိသလား။ နှစ်သိမ့်ပေးလိုက်ပါ။ ချီးမွမ်းပေးဖို့၊ နှစ်သိမ့်ပေးဖို့ သူ့ဆီ သွားလည်နိုင်တယ်၊ ဖုန်းဆက်နိုင်တယ်။ ကတ်၊ အီးမေးလ်၊ စာတို ပို့နိုင်တယ်။ ဝေဝေဆာဆာ ပြောတတ်ဖို့ မလိုပါဘူး။ စိတ်ရင်းနဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းက သူ နောက်တစ်ရက် ဆက်သစ္စာရှိနိုင်ဖို့ ဒါမှမဟုတ် အားတက်သွားဖို့ လိုနေတာ ကွက်တိ ဖြစ်နိုင်ပါတယ်။—ပညာ. ၁၂:၂၅။ ဧ. ၄:၂၉။
11. Jehovah in midangte koi bangin pilna pia a hiam?
၁၁ ယေဟောဝါ ဉာဏ်ပညာ ပေးတယ်။ “တစ်ယောက်ယောက် ဉာဏ်ပညာ လိုနေရင် ဘုရားသခင်ဆီ တောင်းမြဲတောင်းပါစေ။ ကဲ့ရဲ့တာမျိုး မလုပ်ဘဲ လူအားလုံးကို ရက်ရက်ရောရော ပေးတတ်တဲ့ ဘုရားသခင်က တောင်းတဲ့သူကို ဉာဏ်ပညာ ပေးလိမ့်မယ်” လို့ ယာကုပ် ပြောတယ်။ (ယာ. ၁:၅) ဒီကျမ်းပိုဒ်မှာ ဖော်ပြထားတဲ့အတိုင်း ယေဟောဝါဟာ ပညာမလျှိုဘူး။ တခြားသူတွေကို ဉာဏ်ပညာ ရက်ရက်ရောရော ပေးတယ်။ “ကဲ့ရဲ့တာမျိုး မလုပ်ဘဲ” ပေးတယ်ဆိုတာကိုလည်း သတိပြုပါ။ လိုအပ်လို့ ဉာဏ်ပညာ တောင်းတာကို အရှက်ရအောင် မလုပ်ဘူး။ တောင်းဖို့တောင် အားပေးတယ်။—ပညာ. ၂:၁-၆။
12. I theih thute midangte kiang gensawn nading bang hunpha om a hiam?
၁၂ ကျွန်တော်တို့လည်း တခြားသူတွေကို ကိုယ်သိတာတွေ ဝေမျှခြင်းအားဖြင့် ယေဟောဝါကို အတုယူနိုင်တယ်။ (ဆာ. ၃၂:၈) တခြားသူတွေကို ကိုယ်သိတာတွေ ဝေမျှဖို့ အခွင့်အရေး အများကြီး ရှိတယ်။ ဥပမာ၊ အမှုဆောင်မှာ လူသစ်တွေကို ကျွန်တော်တို့ လေ့ကျင့်ပေးရတတ်တယ်။ အသင်းတော်တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အသင်းတော် အမှုထမ်းတွေ၊ နှစ်ခြင်းခံပြီးသား ညီအစ်ကိုတွေကို အကြီးအကဲတွေ စိတ်ရှည်ရှည် ကူညီပေးကြတယ်။ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ အတွေ့အကြုံ များသူတွေက အတွေ့အကြုံ နည်းသူတွေကို ဝိုင်းဝန်းလေ့ကျင့်ပေးကြတယ်။
13. Jehovah in midangte pilna a piak dan tawh kisai-in bang etteh thei i hiam?
၁၃ တခြားသူတွေကို လေ့ကျင့်ပေးတဲ့အခါ ယေဟောဝါကို အတုယူနိုင်တယ်။ ဉာဏ်ပညာကို ယေဟောဝါ ရက်ရက်ရောရော ပေးတယ်ဆိုတာ သတိရပါ။ ကျွန်တော်တို့လည်း အသိပညာနဲ့ အတွေ့အကြုံကို ရက်ရက်ရောရော ဝေမျှပေးကြတယ်။ ကိုယ်လေ့ကျင့်သင်ကြားပေးလိုက်လို့ ကိုယ့်နေရာ သူ ဝင်ယူသွားမလား စိုးရိမ်ပြီး ဆရာစားချန်တာမျိုး မလုပ်ကြဘူး။ ‘ငါ့တုန်းက ဘယ်သူမှ သင်ပေးခဲ့တာ မဟုတ်ဘူး။ ကိုယ့်အလှည့်ကျရင်လည်း ကိုယ့်ဘာသာ လေ့လာ’ ဆိုတဲ့ သဘောထားမျိုး မရှိကြဘူး။ အဲဒီလိုသဘောထား ရှိသူတွေအတွက် ဘုရားအဖွဲ့အစည်းမှာ နေရာမရှိဘူး။ အသိပညာသာမက ပေးလို့ ရတာ ဘာမဆို ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ပေးချင်ကြတယ်။ (၁ သက်. ၂:၈) “တခြားသူတွေကို သွန်သင်ပေး” နိုင်တဲ့အထိ “သူတို့ အရည်အချင်း ရှိလာ” ဖို့ မျှော်လင့်ကြတယ်။ (၂ တိ. ၂:၁၊ ၂) တခြားသူတွေကို ကိုယ်သိတာတွေ ရက်ရက်ရောရော ဝေမျှတဲ့အခါ နှစ်ဦးနှစ်ဖက် ဉာဏ်ပညာ တိုးမယ်၊ ပိုပျော်မယ်။
LUNGDAMNA HONG LAHKHIAT LOH CIANG UN
14. I piakkhiat ciangin mi a tamzaw te’n koi bangin hong thukkik uh a hiam?
၁၄ ပေးကမ်းတဲ့အခါ များသောအားဖြင့် ကျေးဇူးတင်ခံရပါတယ်။ အထူးသဖြင့် ညီအစ်ကို/မတွေကို ပေးကမ်းတဲ့အခါ ဖြစ်တယ်။ သူတို့ စာရေးပြီး ကျေးဇူးတင်ကြောင်း ပြောလာနိုင်တယ်၊ တစ်နည်းနည်းနဲ့ ကျေးဇူးတင်ကြောင်း ပြလာနိုင်တယ်။ (ကော. ၃:၁၅) ကျေးဇူးတင်ခံရတဲ့အခါ အပျော်တိုးရတယ်။
15. Lungdamna hong lahkhiat loh ciangun bang pen i phawk ding kisam a hiam?
၁၅ ကျေးဇူးတင်မခံရချိန်တွေလည်း ရှိနိုင်တယ်။ အချိန်ကုန်ခံ၊ လူပင်ပန်းခံ၊ ငွေကုန်ကြေးကျခံပြီး ကိုယ်ကူညီပေးလိုက်တာကို တစ်ဖက်က သတိထားမိပုံတောင် မပေါ်ပါလားလို့ ခံစားရနိုင်တယ်။ အပျော်မပျက်ဖို့ ဘာလုပ်နိုင်သလဲ။ အဓိက ကျမ်းချက် ဖြစ်တဲ့ တမန်တော် ၂၀:၃၅ ကို သတိရပါ။ ပေးကမ်းလို့ ရတဲ့ ပျော်ရွှင်မှုဟာ တစ်ဖက်သားရဲ့ တုံ့ပြန်ပုံပေါ် မမူတည်ဘူး။ ကျေးဇူးတင်မခံရပုံပေါက်ရင်တောင် ပေးကမ်းခြင်းကြောင့် ပျော်ရွှင်နိုင်ဆဲပါပဲ။ ဘယ်လိုနည်းနဲ့လဲ။ နည်းလမ်းတချို့ သုံးသပ်ကြည့်ရအောင်။
16. I piak khiat ciangin bang pen i phawk ding kisam a hiam?
၁၆ ပေးကမ်းတာဟာ ယေဟောဝါကို အတုယူနေတာ ဖြစ်ကြောင်း သတိရပါ။ လူတွေ ကျေးဇူးတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ကောင်းမွန်ရာတွေ ယေဟောဝါ ပေးတယ်။ (မ. ၅:၄၃-၄၈) ကျွန်တော်တို့လည်း “ပြန်ရမယ်လို့ မမျှော်လင့်ဘဲ” ပေးကမ်းမယ်ဆိုရင် “ရမယ့်ဆုဟာ ကြီးမြတ်လိမ့်မယ်” လို့ ယေဟောဝါ ကတိပေးတယ်။ (လု. ၆:၃၅) ကိုယ်ပေးကမ်းလိုက်သူဆီကနေ ကျေးဇူးသိတတ်မှုလေးတောင် ပြန်မရရင်လည်း စိတ်မပျက်ပါနဲ့။ တခြားသူတွေကို “စေတနာစိတ်နဲ့” ကိုယ်ကူညီပေးသမျှအတွက် ယေဟောဝါ ဆုချမယ်။—ပညာ. ၁၉:၁၇။ ၂ ကော. ၉:၇။
17. I piak khiat cianga Jehovah i etteh theih dan adang thu khat in bang a hiam? (Luka 14:12-14)
၁၇ ပေးကမ်းတဲ့အခါ ယေဟောဝါကို အတုယူနိုင်တဲ့ နောက်တစ်နည်းကို လုကာ ၁၄:၁၂-၁၄ မှာ တွေ့ရတယ်။ (ဖတ်ပါ။) ကျေးဇူးတုံ့ပြန်နိုင်သူတွေကို ဧည့်ဝတ်ပြုတာ၊ ရက်ရောတာ မမှားပါဘူး။ ဒါပေမဲ့ တစ်ခုခု ပြန်ရဖို့ မျှော်လင့်ချက်နဲ့ တစ်ခါတလေ ပေးကမ်းမိနေရင် ဘာလုပ်နိုင်သလဲ။ ယေရှု အကြံပေးသလိုပဲ ကျေးဇူးမတုံ့ပြန်နိုင်သူတွေကို ဧည့်ဝတ်ပြုလိုက်ပါ၊ ရက်ရောမှု ပြလိုက်ပါ။ ဒါဆိုရင် ယေဟောဝါကို အတုယူနေတယ်ဆိုတဲ့ အသိနဲ့ ပျော်မယ်။ တစ်ခုခု ပြန်ရဖို့ မျှော်လင့်မထားတဲ့အတွက် ကျေးဇူးတင်မခံရလည်း အပျော်မပျက်တော့ဘူး။
18. Midangte a sia lama i muh loh nadingin bang in hong huh ding a hiam?
၁၈ တခြားသူတွေကို အဆိုးမမြင်ပါနဲ့။ (၁ ကော. ၁၃:၇) ကျေးဇူးတင်မခံရတဲ့အခါ ‘သူ တကယ်ပဲ ကျေးဇူးမသိတတ်တာလား ဒါမှမဟုတ် ကျေးဇူးမတင်ဖြစ်တာများလား’ လို့ စဉ်းစားလိုက်ပါ။ ကိုယ်မျှော်လင့်ထားသလို သူတို့ ကျေးဇူးမတုံ့ပြန်ဖြစ်တဲ့ တခြားအကြောင်းရင်းတွေလည်း ရှိနိုင်တယ်။ တချို့က ကျေးဇူးတင်ပေမဲ့ ကျေးဇူးတင်တယ်ဆိုတာ ထုတ်မပြောတတ်တာ၊ ထုတ်မပြတတ်တာ ဖြစ်နိုင်တယ်။ တစ်ချိန်က တခြားသူတွေကို ကူညီပေးနိုင်သူ ဖြစ်ခဲ့ပေမဲ့ အခု တခြားသူတွေဆီက အကူအညီ ယူရလို့ ရှက်နေနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ညီအစ်ကို/မတွေကို အဆိုးမမြင်ဖို့၊ ပျော်ပျော်ရွှင်ရွှင် ပေးကမ်းဖို့ မေတ္တာက ကူညီပေးပါလိမ့်မယ်။—ဧ. ၄:၂။
19-20. I piak khiat ciangin lungduaina pen bang hangin hamphatna om a hiam? (Lim zong en in.)
၁၉ စိတ်ရှည်ပါ။ ရက်ရောတာနဲ့ပတ်သက်ပြီး “အစာကို ရေပေါ် ပစ်ချပါ။ ရက်အတော်ကြာရင် ပြန်တွေ့ရလိမ့်မယ်” လို့ ပညာရှိ ဘုရင်ရှောလမုန် ပြောတယ်။ (ဒေ. ၁၁:၁) ဒီကျမ်းပိုဒ်မှာ ဖော်ပြထားသလိုပဲ တချို့က အချိန် ‘အတော်ကြာမှ’ ကျေးဇူးတင်ကြောင်း ပြလာနိုင်တယ်။ ညီအစ်မတစ်ယောက် အဲဒီလိုကြုံခဲ့တယ်။
၂၀ နှစ်ခြင်းခံပြီးခါစ ညီအစ်မတစ်ယောက်ဆီ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီး အားပေးစာ ရေးတယ်။ ယေဟောဝါကို ဆက်သစ္စာစောင့်သိဖို့ အရေးကြီးကြောင်း စာထဲမှာ အားပေးထားတယ်။ ရှစ်နှစ်လောက်ကြာပြီးမှ အဲဒီညီအစ်မ အခုလိုစာပြန်တယ်– “နှစ်တွေတစ်လျှောက် အစ်မကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာ အစ်မ သိချင်မှ သိမယ်။ ဒါကြောင့်လည်း အစ်မ သိရအောင်လို့ အခုလိုစာရေးလိုက်တာပါ။ အစ်မရဲ့ စာက သိပ်နွေးထွေးတယ်။ စာမှာ ပါတဲ့ ကျမ်းပိုဒ်က ကျွန်မစိတ်ကို တကယ် ထိမိစေခဲ့လို့ အခုထိ မှတ်မိနေပါတယ်။”a သူ ကြုံခဲ့ရတဲ့ အခက်အခဲတချို့အကြောင်း ပြောပြပြီးနောက် “အရာအားလုံးကို အရှုံးပေးပြီး အမှန်တရားကနေ၊ တာဝန်ဝတ္တရားတွေကနေ ရုန်းထွက်ချင်စိတ် ပေါက်တဲ့အချိန်တွေ ရှိတယ်။ ဒါပေမဲ့ စာမှာ ပါတဲ့ ကျမ်းပိုဒ်ကို သတိရသွားပြီး အရှုံးမပေးဘဲ ရှေ့ဆက်နိုင်ခဲ့တာ။ ဒီရှစ်နှစ်အတွင်း အစ်မရဲ့ စာလောက် ကျွန်မကို အားပေးမှု ဖြစ်စေခဲ့တာ မရှိဘူး” လို့ ပြောတယ်။ အချိန် ‘အတော်ကြာမှ’ ရလာတဲ့ ဒီပြန်စာကြောင့် တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီး ဘယ်လောက်တောင် ပျော်သွားမလဲ။ ကျွန်တော်တို့လည်း ကိုယ်ပေးကမ်းခဲ့တာတွေ၊ ပေးဆက်ခဲ့တာတွေအတွက် အတော်ကြာမှ ကျေးဇူးတင်ခံရတာမျိုး ကြုံနိုင်တယ်။
21. Jehovah banga a cinghsuak dingin bang hangin khensat na hiam?
၂၁ ဆွေးနွေးခဲ့တဲ့အတိုင်း ရယူတဲ့အခါထက် ပေးကမ်းတဲ့အခါ၊ ပေးဆက်တဲ့အခါ ပိုပျော်အောင် ကျွန်တော်တို့ကို ယေဟောဝါ ထူးထူးခြားခြား ပုံစံပြုထားတယ်။ ညီအစ်ကို/မတွေကို ကူညီပေးနိုင်တဲ့အခါ ကျွန်တော်တို့ ပျော်တယ်။ ကျေးဇူးတင်ခံရတဲ့အခါ ပျော်တယ်။ ဒါပေမဲ့ ကျေးဇူးတင်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ လုပ်သင့်တာကို လုပ်ခဲ့လို့ ပျော်နိုင်တယ်။ တခြားသူတွေကို ကျွန်တော်တို့ ဘာပဲပေးပေး ကျွန်တော်တို့ကို “ယေဟောဝါဘုရား ဒီထက်မက ပေးနိုင်ပါတယ်။” (၂ ရာ. ၂၅:၉) ယေဟောဝါ ပေးတာကို ရတာလောက် ပျော်စရာကောင်းတာ မရှိနိုင်ဘူး။ ဒါကြောင့် ရက်ရောတဲ့ ကောင်းကင်ဘုံစံအဖ ယေဟောဝါကို ဆက်အတုယူဖို့ ဆုံးဖြတ်ထားကြရအောင်။
LA 17 “ငါဆန္ဒရှိ”
a စာထဲမှာ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီး ရေးပေးလိုက်တဲ့ ကျမ်းပိုဒ်ဟာ “ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သတိမထားရင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့သမျှ အလဟဿ ဖြစ်ပြီး အကျိုးအပြည့်အဝ မခံစားရဘဲ ဖြစ်လိမ့်မယ်” ဆိုတဲ့ ၂ ယောဟန် ၈ ဖြစ်ပါတယ်။
b ပုံအညွှန်း– ညီအစ်မတစ်ယောက်ဆီ တိုက်နယ်ကြီးကြပ်မှူးရဲ့ ဇနီး အားပေးစာ ရေးနေတာကို ပြန်လည်သရုပ်ဖော်ထား။ ကျေးဇူးတင်ကြောင်း ပြန်စာကို နှစ်အတော်ကြာမှ ရ။