SIN DING THU 16
LA 87 လာကြ၊ လန်းဆန်းမှု ရယူကြ
Unaute Tawh Kinaina In Hamphatna Om
“Sanggamte pumkhat suakin a tut khawm uh ciangin bangzahin hoihin nuam ahi hiam?”—LA. 133:1.
အာရုံစိုက်ရာ
ညီအစ်ကို/မတွေနဲ့ ဘယ်လို ပိုရင်းနှီးလာနိုင်သလဲ။ ပိုရင်းနှီးလာတဲ့အခါ ဘာအကျိုးရသလဲ။
1-2. Jehovah in bang pen thupi ngahsut a hiam? Bang hong semsak nuam a hiam?
တခြားသူတွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသလဲဆိုတာ ယေဟောဝါဘုရား သိပ်အလေးထားတယ်။ လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ဖို့ ယေရှု သွန်သင်တယ်။ (မ. ၂၂:၃၇-၃၉) ဒါကြောင့် ယုံကြည်ခြင်း မတူသူတွေကိုတောင် ကျွန်တော်တို့ မေတ္တာပြရမယ်။ ဒီလိုမေတ္တာပြတာဟာ “လူဆိုးလူကောင်းအပေါ် နေထွက်စေ” တဲ့၊ “ဖြောင့်မတ်သူ၊ မဖြောင့်မတ်သူတွေအပေါ် မိုးရွာစေ” တဲ့ ယေဟောဝါကို အတုယူရာရောက်တယ်။—မ. ၅:၄၅။
၂ လူအားလုံးကို ယေဟောဝါ ချစ်ပေမဲ့ မှန်ရာလုပ်သူတွေကို အထူးတလည် ချစ်မြတ်နိုးတယ်။ (ယော. ၁၄:၂၁) ယေဟောဝါက မိမိကို အတုယူစေချင်တယ်။ ဒါကြောင့် ညီအစ်ကို/မတွေကို “နှစ်နှစ်ကာကာ ချစ်ကြပါ၊” “ချစ်ခင်မြတ်နိုးပါ” ဆိုပြီး ကျမ်းစာမှာ တိုက်တွန်းထားတယ်။ (၁ ပေ. ၄:၈။ ရော. ၁၂:၁၀) နှစ်နှစ်ကာကာ ချစ်တယ်၊ ချစ်ခင်မြတ်နိုးတယ်ဆိုတာ သိပ်ချစ်ရတဲ့ မိသားစုဝင် ဒါမှမဟုတ် သိပ်ခင်ရတဲ့ မိတ်ဆွေအပေါ် ထားတဲ့ ခံစားချက်မျိုး ဖြစ်တယ်။
3. Ki-itna a khan nadingin bang i sep ding kisam a hiam?
၃ ချစ်ခြင်းမေတ္တာဟာ ပန်းပင်နဲ့ တူတယ်။ ကြီးထွားလာဖို့ ဂရုတစိုက် ပြုစုပေးရတယ်။ “ညီရင်းအစ်ကိုမေတ္တာနဲ့ အချင်းချင်း ချစ်မြဲ ချစ်နေကြပါ” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၁၃:၁) ယေဟောဝါက တခြားသူတွေအပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ မေတ္တာကို တိုးသည်ထက် တိုးအောင် လုပ်စေချင်တယ်။ ညီအစ်ကို/မတွေနဲ့ ဘာကြောင့် ပိုရင်းနှီးအောင် လုပ်သင့်သလဲ၊ ဘယ်လိုနည်းနဲ့ အမြဲ ရင်းနှီးနေနိုင်မလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးကြရအောင်။
BA’HANG UNAUTE TAWH I KINAI SEMSEM NADINGIN SEP KUL A HIAM?
4. Late 133:1 ah a gen mah bangin, a kipumkhat unaute tungah manpha i sakna lungsim a kiam loh nadingin bang sem thei i hiam? (Lim zong en in.)
၄ ဆာလံ ၁၃၃:၁ ကို ဖတ်ပါ။ ယေဟောဝါကို ချစ်မြတ်နိုးသူတွေနဲ့ ရင်းနှီးနေတာ “ကောင်းလိုက်တာ၊” “ကြည်နူးစရာ ကောင်းလိုက်တာ” ဆိုပြီး ဆာလံကျမ်းရေးသူ ပြောတာကို ကျွန်တော်တို့ သဘောတူကြပါတယ်။ ဒါပေမဲ့ နေ့တိုင်း မြင်နေရတဲ့ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးကို အမှုမဲ့အမှတ်မဲ့ ဖြစ်တတ်သလိုပဲ ညီအစ်ကို/မတွေကြားက စည်းလုံးမှုကို အမှုမဲ့အမှတ်မဲ့ ဖြစ်မိနိုင်တယ်။ တစ်ပတ်တစ်ပတ် ညီအစ်ကို/မတွေနဲ့ တွေ့ဆုံရတဲ့ အကြိမ်ရေ မနည်းဘူး။ ဒါကြောင့် သူတို့ကို တန်ဖိုးထားတဲ့စိတ် လျော့သွားနိုင်တယ်။ တန်ဖိုးထားတဲ့စိတ် လျော့မသွားအောင် ဘာလုပ်နိုင်သလဲ။ အသင်းတော်အတွက်၊ ကျွန်တော်တို့အတွက် သူတို့တစ်ယောက်စီ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ အချိန်ယူ စဉ်းစားနိုင်တယ်။
ညီအစ်ကို/မတွေကြားက စည်းလုံးမှုကို အမှုမဲ့အမှတ်မဲ့ မဖြစ်ပါစေနဲ့ (စာပိုဒ် ၄ ကို ကြည့်ပါ)
5. Unaute khatlekhat itna a lahna uh mite’n a muh uh ciang bang hamphatna kingah thei a hiam?
၅ ဦးဆုံးအကြိမ် အစည်းအဝေး လာတက်သူတချို့ဟာ ညီအစ်ကို/မ အချင်းချင်း ပြတဲ့ မေတ္တာကို မြင်ပြီး စိတ်ထိမိသွားတတ်တယ်။ ဒီတစ်ချက်နဲ့တင် အမှန်တရား တွေ့ပြီလို့ ကောက်ချက်ချသွားတတ်တယ်။ “အချင်းချင်း ချစ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်တပည့်တွေပဲဆိုတာ လူတွေ သိလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၁၃:၃၅) ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာတဲ့ တက္ကသိုလ်ကျောင်းသူ ချိုင်တရာအကြောင်း သုံးသပ်ကြည့်ပါ။ ခရိုင်အစည်းအဝေး ဖိတ်ခံရလို့ လာတက်တယ်။ အစည်းအဝေးကြီး ပထမရက် တက်ပြီးနောက်မှာပဲ ကျမ်းစာသင်ပေးသူကို ဒီလိုပြောတယ်– “ကျွန်မကို မိဘတွေ တစ်ခါမှ မဖက်ဖူးဘူး။ ဒါပေမဲ့ အစည်းအဝေးကြီး တစ်ရက်တည်းမှာတင် ကျွန်မကို ပွေ့ဖက်နှုတ်ဆက်ကြတာ ၅၂ ယောက်တောင်မှ။ ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါရဲ့ မေတ္တာကို ခံစားလိုက်ရတယ်။ ဒီမိသားစုကြီးမှာ ကျွန်မ ရှိချင်တယ်။” ချိုင်တရာ ဆက်တိုးတက်လာပြီး ၂၀၂၄ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ အချင်းချင်း ပြတဲ့ မေတ္တာ အပါအဝင် အကျင့်ကောင်းတွေကို လူသစ်တွေ မြင်တဲ့အခါ ယေဟောဝါကို ဝတ်ပြုချင်လာကြတယ်။—မ. ၅:၁၆။
6. Unaute tawh i kinai semsemna in koi bang danin kidalna hong hisak thei a hiam?
၆ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာတာက ကျွန်တော်တို့အတွက် အကာအကွယ် ဖြစ်စေနိုင်တယ်။ “နေ့တိုင်း အချင်းချင်း အားပေးတိုက်တွန်းကြပါ။ အဲဒီလိုမလုပ်ရင် အပြစ်ရဲ့ လှည့်စားနိုင်စွမ်းကြောင့် ခေါင်းမာလာမှာ စိုးရတယ်” လို့ ပေါလု ပြောတယ်။ (ဟီ. ၃:၁၃) ခြေလှမ်းမှားလုမတတ် ဖြစ်နေတဲ့အခါ ကျွန်တော်တို့ကို ကူညီပေးဖို့ အကင်းပါးတဲ့ ညီအစ်ကို/မတစ်ယောက်ကို ယေဟောဝါ လှုံ့ဆော်ပေးနိုင်တယ်။ (ဆာ. ၇၃:၂၊ ၁၇၊ ၂၃) ဒီလိုအားပေးကူညီမှုမျိုးဟာ သိပ်အကျိုးရှိတယ်။
7. Itna le kipumkhatna koi bangin kizom a hiam? (Kolose 3:13, 14)
၇ အချင်းချင်း မေတ္တာပြဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းဝင် ဖြစ်နေလို့ ကျွန်တော်တို့ ကောင်းချီးများစွာ ခံစားရတယ်။ (၁ ယော. ၄:၁၁) ဥပမာ၊ “ဆက်ပြီး သည်းခံ” ဖို့ မေတ္တာက လှုံ့ဆော်ပေးတဲ့အတွက် ညီအစ်ကို/မတွေ ပိုစည်းလုံးလာတယ်။ (ကောလောသဲ ၃:၁၃၊ ၁၄ ကို ဖတ်ပါ။ ဧ. ၄:၂-၆) ဒါကြောင့် ကမ္ဘာပေါ်က တခြားဘယ်အဖွဲ့အစည်းမှာမှ မခံစားရတဲ့ ငြိမ်သက်စည်းလုံးမှုကို အသင်းတော် အစည်းအဝေးတွေမှာ ခံစားနေရတယ်။
KHATLEKHAT KIPAHTAWI UN
8. Jehovah in leitung bupa unaute koi bang danin kipumkhatsak a hiam?
၈ ကမ္ဘာတစ်ဝန်းမှာ ညီအစ်ကို/မတွေ မစုံလင်ပေမဲ့ စည်းလုံးနေတာ ယေဟောဝါကြောင့်ပါပဲ။ (၁ ကော. ၁၂:၂၅) အချင်းချင်း ချစ်ဖို့ “ဘုရားသခင်ကိုယ်တိုင်” သင်ပေးတယ်လို့ ကျမ်းစာ ဆိုတယ်။ (၁ သက်. ၄:၉) ဘယ်လို သင်ပေးသလဲ။ အချင်းချင်း ပိုရင်းနှီးလာဖို့ ဘာလုပ်ရမယ်ဆိုတာ ကျမ်းစာကတစ်ဆင့် သွန်သင်ပေးတယ်။ ယေဟောဝါသက်သေတွေဟာ ကျမ်းစာသွန်သင်ချက်တွေကို စေ့စေ့စပ်စပ် လေ့လာဆန်းစစ်ခြင်း၊ လက်တွေ့ကျင့်သုံးခြင်းအားဖြင့် “ဘုရားသခင်ကိုယ်တိုင်” သင်ပေးတာကို ခံယူနေကြတယ်။—ဟီ. ၄:၁၂။ ယာ. ၁:၂၅။
9. Khatlekhat kipahtawina tawh kisai-in Rom 12:9-13 in koi bangin hong hilh a hiam?
၉ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီးလာဖို့ ကျမ်းစာက ဘယ်လို သွန်သင်သလဲ။ ရောမ ၁၂:၉-၁၃ မှာ ပါတဲ့ ပေါလုရဲ့ စကားတွေကို သုံးသပ်ကြည့်ပါ။ (ဖတ်ပါ။) “ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ” လို့ ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ခွင့်လွှတ်ခြင်း၊ ဧည့်ဝတ်ပြုခြင်း၊ ရက်ရောခြင်းအားဖြင့် ကိုယ်တိုင်အစပြုပြီး “ချစ်ခင်မြတ်နိုး” ကြောင်း ပြဖို့ ပြောနေတာပါ။ (ဧ. ၄:၃၂) ကိုယ်နဲ့ ပိုရင်းနှီးလာအောင် ညီအစ်ကို/မတွေ ကြိုးစားတာကို စောင့်နေဖို့ မလိုဘူး။ “ကိုယ်တိုင်အစပြုပြီး” ပိုရင်းနှီးဖို့ ကြိုးစားရမယ်။ ဒါဆိုရင် ယေရှု ပြောသလိုပဲ “ရယူခြင်းထက် ပေးကမ်းခြင်း” ကြောင့် “ပိုပျော်ရွှင်” ရမယ်။—တ. ၂၀:၃၅။
10. Khatlekhat kipahtawina ah koi bang danin lawpna lungsim tawh sem thei ding i hiam? (Lim zong en in.)
၁၀ “ကိုယ်တိုင်အစပြုပြီး အချင်းချင်းကို ဂုဏ်တင်ပါ” လို့ ပြောပြီးတာနဲ့ “လုံ့လဝီရိယရှိပါ။ မပျင်းရိပါနဲ့” လို့ ပေါလု ဆက်ပြောတာ စိတ်ဝင်စားစရာပါပဲ။ လုံ့လဝီရိယရှိသူဟာ တာဝန်တစ်ခုခု ရတဲ့အခါ ကြိုးစားပမ်းစား လုပ်တယ်။ “လိုအပ်နေသူတွေကို ကူညီပေးနိုင်စွမ်း ရှိတယ်ဆိုရင် ကူညီဖို့ မတွန့်ဆုတ်ပါနဲ့” လို့ ပညာအလိမ္မာ ၃:၂၇၊ ၂၈ မှာ ဖော်ပြထားတယ်။ ဒါကြောင့် တစ်ယောက်ယောက် အကူအညီ လိုအပ်နေတာ တွေ့ရင် ကျွန်တော်တို့ ကူညီနိုင်တာ ကူညီတယ်။ အချိန်မဆွဲဘူး။ တခြားတစ်ယောက်ယောက် ကူညီပေးမှာပါလို့ မတွေးဘူး။—၁ ယော. ၃:၁၇၊ ၁၈။
အကူအညီ လိုအပ်နေသူတွေကို ကိုယ်တိုင်အစပြုပြီး ကူညီပေးသင့် (စာပိုဒ် ၁၀ ကို ကြည့်ပါ)
11. Khatlekhat i kinai semsem theih nadingin bang in hong huh ding a hiam?
၁၁ အချင်းချင်း ဂုဏ်တင်နိုင်တဲ့ နောက်တစ်နည်းကတော့ အချိန်မဆွဲဘဲ ခွင့်လွှတ်ပေးခြင်းပါပဲ။ “စိတ်ဆိုးမပြေဘဲ နေမဝင်စေနဲ့” လို့ ဧဖက် ၄:၂၆ မှာ ဆိုထားတယ်။ ဘာကြောင့်လဲ။ အခန်းငယ် ၂၇ အရ စိတ်ဆိုးမပြေရင် မာရ်နတ်ကို အခွင့်အရေး ပေးရာရောက်သွားနိုင်လို့ပါ။ အချင်းချင်း ခွင့်လွှတ်ဖို့ ကျမ်းစာမှာ ယေဟောဝါ ခဏခဏ ပြောတယ်။ “ဆက်ပြီး . . . ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ” လို့ ကောလောသဲ ၃:၁၃ မှာ အားပေးထားတယ်။ ခွင့်လွှတ်ပေးတာလောက် အချင်းချင်းကို ပိုရင်းနှီးစေတဲ့အရာ သိပ်မရှိဘူး။ ခွင့်လွှတ်တာက “အချင်းချင်း သင့်သင့်မြတ်မြတ် ရှိ” စေတယ်။ “သန့်ရှင်းသော စွမ်းအားတော်ကြောင့် ရလာတဲ့ စည်းလုံးမှုနှောင်ကြိုးကို” ထိန်းသိမ်းရာရောက်တယ်။ (ဧ. ၄:၃) ခွင့်လွှတ်ခြင်းဟာ ညီအစ်ကို/မတွေကြားက စည်းလုံးမှု၊ သင့်မြတ်မှုနဲ့ တိုက်ရိုက် ဆက်စပ်နေတာ ရှင်းနေပါတယ်။
12. Khatlekhat i kimaisak theih nadingin Jehovah in koi bangin hong huh a hiam?
၁၂ ကိုယ့်ကို စိတ်ထိခိုက်အောင် လုပ်သူကို ခွင့်လွှတ်ဖို့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ စွမ်းအားတော် အကူအညီနဲ့သာဆိုရင် ခွင့်လွှတ်နိုင်တယ်။ “ချစ်ခင်မြတ်နိုးပါ၊” “လုံ့လဝီရိယရှိပါ” လို့ ပေါလု ပြောပြီးနောက် “စွမ်းအားတော်ရဲ့ စေ့ဆော်မှုနဲ့ စိတ်ထက်သန်နေပါ” လို့ တိုက်တွန်းတယ်။ ယေဟောဝါ လုပ်စေချင်တာ မှန်သမျှ လုပ်ဖို့ သန့်ရှင်းသော စွမ်းအားတော်က စိတ်ထက်သန်နေစေနိုင်တယ်လို့ ဆိုလိုတာပါ။ ယေဟောဝါ လုပ်စေချင်တဲ့အရာတွေထဲမှာ ချစ်ခင်မြတ်နိုးကြောင်း ပြတာ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်တာ ပါတယ်။ အဲဒီကဏ္ဍတွေမှာ စွမ်းအားတော်က စိတ်ထက်သန်နေစေနိုင်တယ်။ ဒါကြောင့်လည်း ယေဟောဝါဆီက ကျွန်တော်တို့ စွမ်းအားတော် တောင်းခံကြတာ။—လု. ၁၁:၁၃။
PAWL KIKHEN KEI UN
13. Bang in pawl kikhenna omsak thei a hiam?
၁၃ အသင်းတော်ကို နောက်ခံအမျိုးမျိုးက “လူအမျိုးမျိုး” နဲ့ ဖွဲ့စည်းထားတယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့် ဝတ်စားဖြီးလိမ်းပုံ၊ ကျန်းမာရေး ဂရုစိုက်ပုံ၊ ဖျော်ဖြေရေး ရွေးချယ်ပုံလိုမျိုး ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူကြဘူး။ သတိမထားဘူးဆိုရင် အမြင်ကွဲရာကနေ စိတ်ဝမ်းကွဲလာနိုင်တယ်။ (ရော. ၁၄:၄။ ၁ ကော. ၁:၁၀) တခြားသူတွေရဲ့ အမြင်ထက် ကိုယ့်အမြင် သာတယ်လို့ သဘောမထားမိဖို့ ဂရုစိုက်ရမယ်။ (ဖိ. ၂:၃) အချင်းချင်း ချစ်ဖို့ “ဘုရားသခင်ကိုယ်တိုင်” သင်ပေးထားလို့ပါပဲ။
14. Bang i sep den ding hanciam kul a hiam? Ba’hang hiam?
၁၄ တခြားသူတွေကို အားရှိလန်းဆန်းစေဖို့ အမြဲကြိုးစားခြင်းအားဖြင့်လည်း အသင်းတော်မှာ စည်းလုံးမှု တိုးများစေနိုင်တယ်။ (၁ သက်. ၅:၁၁) မလှုပ်မရှားဖြစ်သူ၊ အသင်းတော်ကနေ ဖယ်ရှားခံရသူ တော်တော်များများ မကြာသေးခင်က အသင်းတော်ထဲ ပြန်ရောက်လာတယ်။ သူတို့ကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ (၂ ကော. ၂:၈) ဆယ်နှစ်လုံးလုံး မလှုပ်မရှားဖြစ်ပြီးနောက် ဦးဆုံးအကြိမ် အစည်းအဝေး ပြန်လာတက်တဲ့ ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ “ညီအစ်ကို/မတွေက ကျွန်မကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုကြတယ်။ လက်ဆွဲနှုတ်ဆက်ကြတယ်” လို့ ပြောတယ်။ (တ. ၃:၁၉) ညီအစ်ကို/မတွေရဲ့ လုပ်ရပ်ဟာ ရိုးရိုးလေးဆိုပေမဲ့ ညီအစ်မ ဘယ်လောက် စိတ်ထိမိသွားသလဲ။ “ပျော်ရွှင်ကြည်နူးစရာ ရိပ်မြုံလေးဆီ ယေဟောဝါ လက်ဆွဲခေါ်လာပေးသလို ခံစားရတယ်” လို့ ပြောတယ်။ ကြင်နာမှုလုပ်ရပ်တွေအားဖြင့် တခြားသူတွေကို အားပေးတတ်မယ်ဆိုရင် “ဝန်ပိလို့ ပင်ပန်းနေသူ” ကို လန်းဆန်းစေရာမှာ ခရစ်တော် အသုံးပြုသူတွေ ဖြစ်လာနိုင်တယ်။—မ. ၁၁:၂၈၊ ၂၉။
15. Pawlpi sungah kipumkhatna hong khangtosak theih dan adang khat in bang a hiam? (Lim zong en in.)
၁၅ အပြောအဆိုအားဖြင့်လည်း အသင်းတော်မှာ စည်းလုံးမှု တိုးများစေနိုင်တယ်။ “လျှာက အစာကို မြည်းတတ်သလို နားကလည်း စကားတွေကို စစ်ဆေးတတ်တယ် မဟုတ်လား” လို့ ယောဘ ၁၂:၁၁ မှာ ဖော်ပြထားတယ်။ သိပ်တော်တဲ့ စားဖိုမှူးဟာ အစားအစာ မတည်ခင်းခင် အရင်ဆုံး မြည်းစမ်းတတ်သလို ကျွန်တော်တို့လည်း တစ်ခုခု မပြောခင် အရင်ဆုံး စစ်ဆေးသင့်တယ်။ (ဆာ. ၁၄၁:၃) ကိုယ်ပြောမယ့် စကားဟာ “နားထောင်သူအတွက် အကျိုးရှိစေတဲ့၊” တည်ဆောက်မှု၊ လန်းဆန်းမှု ဖြစ်စေတဲ့စကားမျိုး ဖြစ်သင့်တယ်။—ဧ. ၄:၂၉။
တခြားသူတွေကို တစ်ခုခု မပြောခင် အရင်ဆုံး ဆန်းစစ်ပါ (စာပိုဒ် ၁၅ ကို ကြည့်ပါ)
16. A diakin kuate in thapiakna kammal zanga a pau ding uh kisam a hiam?
၁၆ အထူးသဖြင့် ခင်ပွန်းသည်တွေ၊ မိဘတွေဟာ အားပေးမှု ဖြစ်စေတဲ့နည်းနဲ့ ပြောဆိုသင့်တယ်။ (ကော. ၃:၁၉၊ ၂၁။ တိ. ၂:၄) အကြီးအကဲတွေလည်း ယေဟောဝါရဲ့ သိုးတွေကို လန်းဆန်းမှု၊ နှစ်သိမ့်မှု ဖြစ်စေတဲ့နည်းနဲ့ ပြောဆိုသင့်တယ်။ (ဟေရှာ. ၃၂:၁၊ ၂။ ဂလ. ၆:၁) “သင့်တော်တဲ့အချိန်မှာ ပြောလိုက်တဲ့စကားဟာ သိပ်ကောင်းတယ်” လို့ ကျမ်းစာ ဆိုတယ်။—ပညာ. ၁၅:၂၃။
KI-ITNA PEN “GAMTATNA TAWH KILANGSAK” UN
17. Unaute tungah lungsim takpi tawh koi bangin it thei ding i hiam?
၁၇ “မေတ္တာကို အပြောလောက်သာ မဟုတ်ဘဲ လုပ်ရပ်နဲ့ တကယ် ပြကြပါ” လို့ တမန်တော် ယောဟန် အားပေးတယ်။ (၁ ယော. ၃:၁၈) ညီအစ်ကို/မတွေကို ကျွန်တော်တို့ မေတ္တာစစ်နဲ့ ချစ်ချင်ကြတယ်။ မေတ္တာစစ်နဲ့ ဘယ်လို ချစ်တတ်လာနိုင်သလဲ။ အချိန်ပေးပေါင်းသင်းလေ ပိုရင်းနှီးလေ၊ ပိုချစ်လေပဲ။ ဒါကြောင့် အစည်းအဝေးမှာ၊ အမှုဆောင်မှာ အချိန်ပေးပေါင်းသင်းဖို့ အခွင့်အရေး ရှာပါ။ အချိန်ပေးပြီး သွားလည်ပါ။ ဒါဆိုရင် အချင်းချင်း ချစ်ဖို့ “ဘုရားသခင်ကိုယ်တိုင်” သင်ပေးတာကို ခံယူကြောင်း ပြရာရောက်တယ်။ (၁ သက်. ၄:၉) ဒါ့အပြင် “ညီအစ်ကိုတွေ စည်းစည်းလုံးလုံး အတူနေထိုင်ကြတာ ကောင်းလိုက်တာ။ ကြည်နူးစရာ ကောင်းလိုက်တာ” လို့ ဆက်ပြောနိုင်ပါလိမ့်မယ်။—ဆာ. ၁၃၃:၁။
LA 90 အချင်းချင်း အားပေးကြ