SIN DING THU 15
LA 30 ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
‘Pasian’ Kiangah I Om Ding Hoih Hi’
“Kei adingin Pasian’ kiangah om ding a hoih ahi hi.’’—LA. 73:28.
အာရုံစိုက်ရာ
ယေဟောဝါနဲ့ ဘယ်လို ပိုရင်းနှီးလာနိုင်သလဲ။ ပိုရင်းနှီးလာတဲ့အခါ ဘာအကျိုးရသလဲ။
1-2. (a) Mi khat peuhpeuh tawh i kinaih nadingin bang i hih ding kisam a hiam? (b) Hih sin ding thu ah bang thu kikum ding i hiam?
သင့်မှာ သိပ်ရင်းနှီးတဲ့ မိတ်ဆွေ ရှိသလား။ သူနဲ့ ဘယ်လို ရင်းနှီးသွားသလဲ။ အချိန်ပေးပေါင်းသင်းရင်း သူ ဘာအခက်အခဲတွေ ကြုံနေရသလဲ၊ ဘာကြိုက်သလဲ၊ ဘာမကြိုက်သလဲ သိလာတာ ဖြစ်နိုင်တယ်။ အတုယူစရာ အရည်အသွေးတွေ သတိထားမိလာတယ်။ ဒီလိုနဲ့ သူ့ကို သိပ်ခင်သွားတယ်။
၂ တစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့ဆိုရင် အချိန်ပေးပေါင်းသင်းရတယ်။ ယေဟောဝါဘုရားနဲ့ ရင်းနှီးဖို့ဆိုရင်လည်း အဲဒီလိုပဲ။ ယေဟောဝါနဲ့ ဘယ်လို ပိုရင်းနှီးလာနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အကောင်းဆုံး မိတ်ဆွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာတဲ့အခါ ဘာအကျိုးရှိသလဲ အရင်ဆုံး သုံးသပ်ကြည့်ရအောင်။
3. Jehovah tawh kinaina pan a kingah hamphatnate ba’hang ngaihsun ding kisam i hiam?
၃ ယေဟောဝါနဲ့ ရင်းနှီးတာ အကျိုးရှိမှန်း သင် သဘောတူမှာပါ။ ဒါပေမဲ့ ဘယ်လို အကျိုးရှိတယ်ဆိုတာ တွေးတောတဲ့အခါ ပိုရင်းနှီးချင်လာမယ်။ (ဆာ. ၆၃:၆-၈) ဥပမာ၊ အစားအစာ ချင့်ချိန်စားတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အိပ်ရေးဝဝ အိပ်တာ၊ ရေ လုံလုံလောက်လောက် သောက်တာ အကျိုးရှိမှန်း လူတွေ သိကြတယ်။ ဒါပေမဲ့ တော်တော်များများက သိပ်အလေးအနက်မထားကြဘူး။ အကျိုးကျေးဇူးကို တွေးမိသူတွေကတော့ ကျန်းမာရေးလိုက်စားကြတယ်။ အဲဒီလိုပဲ ယေဟောဝါနဲ့ ရင်းနှီးတာ အကျိုးရှိမှန်း သိပေမဲ့ အကျိုးကျေးဇူးတွေကို တွေးတောမှ ပိုပိုပြီးရင်းနှီးချင်လာမှာ ဖြစ်တယ်။—ဆာ. ၁၁၉:၂၇-၃၀။
4. Late 73:28 a atpa in bang gen a hiam?
၄ ဆာလံ ၇၃:၂၈ ကို ဖတ်ပါ။ ဆာလံ ၇၃ ကျမ်းရေးသူဟာ ယေဟောဝါရဲ့ ဗိမာန်တော်မှာ ဂီတပညာရှင်အဖြစ် အမှုဆောင်တဲ့ လေဝိအမျိုးသား ဖြစ်တယ်။ ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်နိုင်တယ်။ ဒါပေမဲ့ “ဘုရားသခင့် အနီးအပါးမှာ နေရတာ အကျိုးရှိပါတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ရတယ်။ အကျိုးရှိတယ်ဆိုတာ တခြားသူတွေကိုလည်း ဆာလံကျမ်းရေးသူ သိစေချင်တယ်။ အကျိုးကျေးဇူးတချို့က ဘာလဲ။
‘PASIAN’ KIANGAH OMNA’ IN LUNGNOPNA HONG NGAHSAK
5. (a) Jehovah kiang kinai semsemna in ba’hang lungnopna kingah semsem a hiam? (b) Jehovah hong piak pilna in hamphatna hong piak dan le hong hu dan pen a kicianin gen in? (Paunak 2:6-16.)
၅ ယေဟောဝါနဲ့ ပိုရင်းနှီးလေ ပိုပျော်ရွှင်ရလေပဲ။ (ဆာ. ၆၅:၄) ဘာကြောင့်လဲ။ တစ်ချက်အနေနဲ့ ယေဟောဝါက ကျမ်းစာကတစ်ဆင့် လက်တွေ့ကျ ဉာဏ်ပညာ ပေးတယ်။ အဲဒီဉာဏ်ပညာက ကျွန်တော်တို့ကို ထိခိုက်စေမယ့်အရာတွေကနေ၊ အမှားလုပ်မိမယ့်အဖြစ်ကနေ ကာကွယ်ပေးတယ်။ (ပညာအလိမ္မာ ၂:၆-၁၆ ကို ဖတ်ပါ။) ဒါကြောင့်လည်း “ဉာဏ်ပညာကို ရှာတွေ့တဲ့သူနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်းကို ရယူတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတာ။—ပညာ. ၃:၁၃။
6. Ba’hang Late a atpa’ lungsim nuam lo a hiam?
၆ ယေဟောဝါရဲ့ မိတ်ဆွေတွေ စိတ်ပျက်ဝမ်းနည်းတဲ့အချိန်လည်း ရှိတတ်ပါတယ်။ ဥပမာ၊ ဆာလံ ၇၃ ကျမ်းရေးသူဟာ အပျက်သဘောထား ဝင်ပြီး မပျော်မရွှင်ဖြစ်လာတယ်။ ဘုရားကိုကော ဘုရားစံနှုန်းတွေကိုပါ အလေးမထားသူတွေ ကြီးပွားကောင်းစားနေတာကို မြင်တော့ စိတ်အနှောင့်အယှက်ဖြစ်မိတယ်၊ မနာလိုမရှုဆိတ် ဖြစ်မိတယ်။ လူဆိုးတွေ၊ မောက်မာသူတွေ ကျန်းမာသန်စွမ်းပြီး အပူအပင်ကင်းကင်း နေရတယ်၊ စည်းစိမ်တိုးပြီးရင်း တိုးနေတယ်ဆိုပြီး ငြူစူမိတယ်။ (ဆာ. ၇၃:၃-၇၊ ၁၂) ယေဟောဝါကို ဝတ်ပြုနေတာ အကျိုးရှိရဲ့လားလို့ တွေးတဲ့အထိ ဖြစ်လာတယ်။ “ငါ့စိတ်ကို ဖြူစင်အောင်ထားလည်း အလကားပဲ။ ငါ့လက်ကို အပြစ်မဲ့ခြင်းနဲ့ ဆေးရင်လည်း အလကားပဲ” လို့ စိတ်ပျက်လက်ပျက် ပြောတယ်။—ဆာ. ၇၃:၁၃။
7. I khasiat hun ciang koi bangin lungnopna ngah thei i hiam? (Lim zong en in.)
၇ ဆာလံကျမ်းရေးသူ စိတ်ပျက်ဝမ်းနည်းနေပေမဲ့ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာဌာနတော်ထဲ” သွားတယ်။ အဲဒီအချိန်မှာ သူ့သဘောထားကို ယေဟောဝါ တည့်မတ်ပေးလိုက်တယ်။ (ဆာ. ၇၃:၁၇-၁၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ စိတ်ပျက်ဝမ်းနည်းနေတဲ့အခါ အကောင်းဆုံး မိတ်ဆွေ ယေဟောဝါ သိတယ်။ ဒါကြောင့် ဘာလုပ်ရမလဲ သိဖို့ ကူညီပေးပါဆိုပြီး ဆုတောင်းနိုင်တယ်။ ကျမ်းစာကတစ်ဆင့် ပေးတဲ့ အကြံဉာဏ်၊ ညီအစ်ကို/မတွေဆီကတစ်ဆင့် ပေးတဲ့ အားပေးမှုက စိတ်ပျက်ဝမ်းနည်းစရာတွေ ရှိတဲ့ကြားက ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ခွန်အားရှိစေတယ်။ စိုးရိမ်စိတ်တွေ သိပ်များနေရင်တောင် ယေဟောဝါ နှစ်သိမ့်ပေးပြီး စိတ်သက်သာရာရစေမယ်။—ဆာ. ၉၄:၁၉။a
ဆာလံ ၇၃ ကို ရေးတဲ့ လေဝိအမျိုးသားဟာ “ဘုရားသခင်ရဲ့ ခမ်းနားတဲ့ သန့်ရှင်းရာဌာနတော်” ထဲမှာ ရပ်နေ (စာပိုဒ် ၇ ကို ကြည့်ပါ)
‘PASIAN’ KIANGAH OMNA’ IN KHIATNA NEI NUNTAKNA LE LAMETNA HONG NEISAK
8. Jehovah kiangah omna in hong ngahsak adang hamphatnate in bang a hiam?
၈ ယေဟောဝါနဲ့ ရင်းနှီးခြင်းရဲ့ အကျိုးကျေးဇူး နောက်ထပ်နှစ်ခု ရှိတယ်။ ပထမ၊ ဘဝအဓိပ္ပာယ် ရှိစေတယ်။ ဒုတိယ၊ အနာဂတ် မျှော်လင့်ချက် ခိုင်မာစေတယ်။ (ယေ. ၂၉:၁၁) အဲဒီအကျိုးကျေးဇူးတွေအကြောင်း အသေးစိတ် ဆန်းစစ်ကြည့်ရအောင်။
9. Jehovah tawh kinaina in ba’hang i nuntakna a khiatna hong neisak a hiam?
၉ ယေဟောဝါနဲ့ ရင်းနှီးတာက ဘဝအဓိပ္ပာယ် ရှိစေတယ်။ ဒီနေ့ခေတ် လူတော်တော်များများက ဘုရားသခင် ရှိတယ်ဆိုတာ မယုံဘူး။ လူရယ်လို့ ဘာကြောင့် ဖြစ်လာသလဲ မသိဘူး။ တစ်ချိန်မှာ လူသားမျိုးနွယ် ပျောက်ကွယ်သွားမယ်လို့ ထင်နေကြတယ်။ ကျွန်တော်တို့ကတော့ “ဘုရားသခင် တည်ရှိတယ်” ဆိုတာ ကျမ်းစာကတစ်ဆင့် သိထားကြတယ်။ “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်” ဖြစ်လို့ ဘုရားသခင်အတွက် ကျွန်တော်တို့ လုပ်ဆောင်သမျှ အချည်းနှီး မဖြစ်ဘူးဆိုတာ စိတ်ချကြတယ်။ (ဟီ. ၁၁:၆) ဒါ့အပြင် ယေဟောဝါက မိမိကို ဝတ်ပြုဖို့ လူတွေကို ပုံစံပြုဖန်ဆင်းထားတယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုတဲ့အခါ ပုံစံပြုထားတာနဲ့ အံဝင်နေတဲ့အတွက် လောလောဆယ်မှာလည်း ကျွန်တော်တို့ ပျော်ရွှင်ကြရတယ်။—တရား. ၁၀:၁၂၊ ၁၃။
10. Jehovah tungah lamenin a muangte ii mailam thu Late 37:29 ah koi bangin na kigelh a hiam?
၁၀ အနာဂတ်လို့ ပြောလိုက်ရင် လူများစွာက လက်ရှိဘဝအတွက်ပဲ စဉ်းစားတယ်။ အလုပ်လုပ်မယ်၊ အိမ်ထောင်သားမွေးပြုမယ်၊ အိုစာမင်းစာ စုဆောင်းမယ်ဆိုတာလောက်ပဲ အတွေးထဲ ရှိတယ်။ ဘုရားသခင် ဘာကတိတွေ ပေးထားသလဲ မသိကြဘူး။ ကျွန်တော်တို့ကတော့ ယေဟောဝါကို မျှော်လင့်အားကိုးတယ်။ (ဆာ. ၂၅:၃-၅။ ၁ တိ. ၆:၁၇) ကိုယ် မိတ်ဖွဲ့ထားတဲ့ဘုရား ယေဟောဝါကို ယုံကြည်အားကိုးတယ်။ ကတိတော်တွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချတယ်။ အနာဂတ်လို့ ပြောလိုက်ရင် ပရဒိသုမှာ ယေဟောဝါကို ထာဝစဉ် ဝတ်ပြုဖို့အထိ စဉ်းစားကြတယ်။—ဆာလံ ၃၇:၂၉ ကို ဖတ်ပါ။
11. Jehovah tawh i kinaina in bang hamphatna hong ngahsak a hiam? Ama kiang nai ding i hanciam ciang, Jehovah lungsim bangci om a hiam?
၁၁ ယေဟောဝါနဲ့ ရင်းနှီးခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိသေးတယ်။ ဥပမာ၊ မိမိနဲ့ ရင်းနှီးသူတွေ အပြစ်လုပ်မိပေမဲ့ နောင်တယူတဲ့အခါ ခွင့်လွှတ်မယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ (ဟေရှာ. ၁:၁၈) ဒါကြောင့် အပြစ်ဝန်ထုပ်ကြီး ပိုက်ထားစရာ မလိုတော့ဘူး။ (ဆာ. ၃၂:၁-၅) ဒါ့အပြင် ရင်းနှီးဖို့ ကျွန်တော်တို့ ကြိုးစားတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ (ပညာ. ၂၃:၁၅) ယေဟောဝါနဲ့ ရင်းနှီးခြင်းရဲ့ တခြားအကျိုးကျေးဇူးတွေကိုလည်း သင် စဉ်းစားမိမှာ သေချာပါတယ်။ ဒါဆိုရင် ပိုရင်းနှီးလာဖို့ ဘာလုပ်နိုင်သလဲ။
“PASIAN KIANGAH” KI-OMSUAK THEI
12. Jeovah tawh na kinai nadingin bangteng sem khinta na hiam?
၁၂ သင်ဟာ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက်ဆိုရင် ယေဟောဝါနဲ့ ရင်းနှီးဖို့ အတော်လေး လုပ်ခဲ့ပြီးပါပြီ။ ယေဟောဝါဘုရား၊ ခရစ်တော် ယေရှုနဲ့ပတ်သက်တဲ့ အမှန်တရား လေ့လာခဲ့တယ်။ အပြစ်တွေအတွက် နောင်တယူခဲ့တယ်။ ယေဟောဝါကို အခိုင်အမာ ယုံကြည်သက်ဝင်တယ်။ အလိုတော်အတိုင်း အတတ်နိုင်ဆုံး နေထိုင်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ပိုရင်းနှီးဖို့ဆိုရင် ဒါတွေ ဆက်လုပ်နေရမယ်။—ကော. ၂:၆။
13. Jehovah tawh i kinaisuak nadingin bangteng sepkul a hiam?
၁၃ ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ဘာတွေ လုပ်ရမလဲ။ (၁) ဆက်ပြီး ကျမ်းစာဖတ်ရှုလေ့လာရမယ်။ ကျမ်းစာဖတ်တဲ့အခါ ယေဟောဝါအကြောင်း အခြေခံ အချက်အလက်တွေ သိဖို့လောက်ပဲ ပန်းတိုင်မထားသင့်ဘူး။ ကိုယ့်ကို ယေဟောဝါ ဘာလုပ်စေချင်သလဲ သိဖို့၊ ကျမ်းစာမူတွေအတိုင်း အသက်ရှင်ဖို့ ပန်းတိုင်ထားသင့်တယ်။ (ဧ. ၅:၁၅-၁၇) (၂) ကိုယ့်ကို ယေဟောဝါ နည်းလမ်းပေါင်းစုံနဲ့ ဘယ်လို မေတ္တာပြသလဲဆိုတာ တွေးတောခြင်းအားဖြင့် ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ရမယ်။ (၃) ယေဟောဝါကို စိတ်ထိခိုက်စေမယ့်အရာတွေ၊ စိတ်ထိခိုက်အောင် လုပ်သူတွေကို အမြဲ ရှောင်ရမယ်။—ဆာ. ၁:၁။ ၁၀၁:၃။
14. Nisim i nuntakna ah koi bangin Jehovah lungdamsak thei ding i hiam? (1 Korin 10:31) (Lim zong en in.)
၁၄ ၁ ကောရိန္သု ၁၀:၃၁ ကို ဖတ်ပါ။ ယေဟောဝါကို စိတ်ရွှင်လန်းစေမယ့်အရာတွေ လုပ်ဖို့လည်း အရေးကြီးတယ်။ စိတ်ရွှင်လန်းစေမယ့်အရာတွေလို့ ပြောတဲ့အခါ ဟောပြောတာ၊ အစည်းအဝေး တက်တာလောက်ပဲ ပါဝင်တာ မဟုတ်ဘူး။ နေ့စဉ်အသက်တာမှာ လုပ်သမျှ ပါဝင်တယ်။ ဥပမာ၊ အရာရာမှာ ရိုးသားတဲ့အခါ၊ တခြားသူတွေကို ဝေမျှပေးကမ်းတဲ့အခါ ယေဟောဝါ စိတ်ရွှင်လန်းတယ်။ (၂ ကော. ၈:၂၁။ ၉:၇) ဒါ့အပြင် ယေဟောဝါက အသက်ဆုလက်ဆောင်ကို တန်ဖိုးထားစေချင်တယ်။ ဒါကြောင့် ချင့်ချိန်စားသောက်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ခြင်းအားဖြင့် အသက်ကို တန်ဖိုးထားကြောင်း ပြတဲ့အခါ အသက်ပေးရှင်နဲ့ ပိုရင်းနှီးလာမယ်။ အသေးအမွှားလို့ ထင်ရတဲ့ ကိစ္စတွေမှာတောင် စိတ်တော်ရွှင်လန်းစေဖို့ ကြိုးစားတဲ့အခါ ကျွန်တော်တို့ကို ယေဟောဝါ ပိုချစ်လာမယ်။—လု. ၁၆:၁၀။
ယာဉ်စည်းကမ်း လိုက်နာတာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တာ၊ တခြားသူတွေကို ဝေမျှပေးကမ်းတာဟာ ယေဟောဝါကို စိတ်ရွှင်လန်းစေနိုင်တဲ့ နည်းလမ်းတချို့ဖြစ် (စာပိုဒ် ၁၄ ကို ကြည့်ပါ)
15. Midangte tungah koicih bawl dingin Jehovah in hong lamen a hiam?
၁၅ ဖြောင့်မတ်သူတွေကိုကော မဖြောင့်မတ်သူတွေကိုပါ ယေဟောဝါ မေတ္တာပြတယ်။ (မ. ၅:၄၅) ကျွန်တော်တို့ကိုလည်း မေတ္တာပြတတ်စေချင်တယ်။ ဥပမာ၊ “ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင် မပြောဖို့၊ ရန်လိုတတ်သူ မဖြစ်ဖို့၊ အကျိုးသင့်အကြောင်းသင့်ရှိဖို့၊ လူအားလုံးနဲ့ ပြောဆိုဆက်ဆံတဲ့အခါ နူးညံ့သိမ်မွေ့ဖို့” သတိပေးထားတယ်။ (တိ. ၃:၂) ဒါကြောင့် ကိုယ်နဲ့ ယုံကြည်ခြင်း မတူတာနဲ့ပဲ တခြားသူတွေကို ကျွန်တော်တို့ အထင်အမြင် မသေးကြဘူး။ (၂ တိ. ၂:၂၃-၂၅) လူတိုင်းကို အမြဲ မေတ္တာထား ဆက်ဆံတဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။
MAWHNA I BAWLKHAK ZONGIN “PASIAN KIANGAH OM” THEI
16. Late 73 a atpa’ lungsim bangci om a hiam?
၁၆ လုပ်ခဲ့တဲ့အမှားတွေကြောင့် ယေဟောဝါနဲ့ မရင်းနှီးနိုင်တော့ဘူးလို့ ခံစားရတဲ့အချိန် ရှိနိုင်တယ်။ ဆာလံ ၇၃ ကျမ်းရေးသူအကြောင်း သတိရပါ။ “ငါ့မှာတော့ ခြေလှမ်းတွေ မှားလုမတတ်၊ ခြေချော်လဲမတတ် ဖြစ်ခဲ့တယ်” လို့ ပြောတယ်။ (ဆာ. ၇၃:၂) “ရှေ့တော်မှာ အသိဉာဏ် မရှိတဲ့ တိရစ္ဆာန်လို” “စဉ်းစားဉာဏ်မဲ့ပြီး” “စိတ်အချဉ်ပေါက်နေခဲ့” တယ်လို့ ဝန်ခံတယ်။ (ဆာ. ၇၃:၂၁၊ ၂၂) ဒါပေမဲ့ အပျက်သဘောထား ဝင်ခဲ့လို့ ယေဟောဝါ မချစ်တော့ဘူး၊ ခွင့်မလွှတ်ဘူးလို့ ဆာလံကျမ်းရေးသူ တွေးသလား။
17. (a) A lung a kiat mahmah hunah zong Late a atpa in bang sem a hiam? (b) Late a atpa tung pan bang sin thei i hiam?(Lim zong en in.)
၁၇ ယေဟောဝါ မချစ်တော့ဘူးလို့ ဆာလံကျမ်းရေးသူ ခံစားရရင်တောင် ခဏပဲ ခံစားလိုက်ရမှာပါ။ စိတ်ချုံးချုံးကျနေချိန်မှာတောင် ယေဟောဝါနဲ့ ရင်းနှီးနေဖို့ လိုတယ်ဆိုတာ အသိအမှတ်ပြုလို့ပါပဲ။ “အခုတော့ ကိုယ်တော်နဲ့အတူ ကျွန်တော် အမြဲ ရှိနေပါတယ်။ ကျွန်တော့်ညာလက်ကို ကိုယ်တော် ဆုပ်ကိုင်ထားတယ်။ ကိုယ်တော် အကြံဉာဏ် ပေးပြီး လမ်းပြတယ်။ အဲဒီနောက် ကျွန်တော့်ကို ဂုဏ်ကျက်သရေ ရှိစေလိမ့်မယ်” လို့ ပြောတယ်။ (ဆာ. ၇၃:၂၃၊ ၂၄) ကျွန်တော်တို့လည်း ယုံကြည်ခြင်း အားနည်းတဲ့အခါ၊ အမှားတွေကြောင့် စိတ်ဓာတ်ကျလာတဲ့အခါ ကျောက်ဆောင်နဲ့တူတဲ့ ယေဟောဝါကို အားကိုးသင့်တယ်။ (ဆာ. ၇၃:၂၆။ ၉၄:၁၈) ခဏတာ ခြေလှမ်းမှားသွားရင်တောင် ယေဟောဝါ “ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” ဆိုတာ ယုံကြည်စိတ်ချရင်း ပြန်လှည့်လာနိုင်တယ်။ (ဆာ. ၈၆:၅) အထူးသဖြင့် စိတ်ချုံးချုံးကျနေချိန်မှာ ယေဟောဝါနဲ့ ပိုရင်းနှီးနေဖို့ ကြိုးစားသင့်တယ်။—ဆာ. ၁၀၃:၁၃၊ ၁၄။
ယုံကြည်ခြင်း အားနည်းနေတဲ့အခါ အချိန်ပိုပေးပြီး ဆုတောင်းခြင်း၊ အစည်းအဝေး မှန်မှန်တက်ခြင်းအားဖြင့် ယေဟောဝါနဲ့ ပိုရင်းနှီးဖို့ ကြိုးစားသင့် (စာပိုဒ် ၁၇ ကို ကြည့်ပါ)
“PASIAN’ KIANGAH” A TAWNTUNGIN OM IN
18. Ba’hang Jehovah tawh a tawntungin kinai thei semsem i hiam?
၁၈ ယေဟောဝါနဲ့ ဘယ်လောက်အထိပဲ ရင်းနှီးနိုင်တယ်၊ ယေဟောဝါအကြောင်း ဘယ်လောက်အထိပဲ သင်ယူနိုင်တယ်ဆိုတာမျိုး အကန့်အသတ် မရှိပါဘူး။ “ဘုရားသခင်ရဲ့ ကောင်းချီး၊ ဉာဏ်ပညာ၊ အသိပညာတွေဟာ ကြွယ်ဝများပြားလိုက်တာ။ တရားစီရင်ချက်တွေကို စိစစ်လို့ မကုန်နိုင်ဘူး” လို့ ကျမ်းစာ ဆိုတယ်။ (ရော. ၁၁:၃၃) ဒါကြောင့် ယေဟောဝါအကြောင်း သင်ယူစရာ ထာဝစဉ် ရှိနေမယ်။ ယေဟောဝါနဲ့ ထာဝစဉ် ရင်းနှီးသည်ထက် ရင်းနှီးနိုင်မယ်။
19. Mailam hun tawh kisai Late laibu in bang hong lungmuangsak a hiam?
၁၉ “ကိုယ်တော်ရဲ့ လူတွေ၊ ကိုယ်တော့်စားကျက်ထဲက သိုးတွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ ကိုယ်တော့်ကို ထာဝစဉ် ကျေးဇူးတင်ချီးမွမ်းပါ့မယ်။ ချီးမွမ်းစကားတွေကို လူမျိုးအဆက်ဆက် ကြေညာပါ့မယ်” လို့ ဆာလံ ၇၉:၁၃ မှာ ဖော်ပြထားတယ်။ သင်လည်း ယေဟောဝါနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာတဲ့အခါ ကောင်းချီးတွေ ထာဝစဉ် ခံစားရမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ “ကိုယ်တော်ဟာ ကျွန်တော့်ကျောက်ဆောင်ပါ။ ကျွန်တော့်ဝေစု အမြဲ ဖြစ်နေမှာပါ” ဆိုပြီး ပြောနိုင်ပါစေ။—ဆာ. ၇၃:၂၆။
LA 32 ယေဟောဝါဘက် ရပ်တည်ကြ
a စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ ဝမ်းနည်းမှုဒဏ်ကို နှစ်ရှည်လများ ခံစားနေရသူတချို့ဟာ ဆရာဝန် ပြဖို့ လိုအပ်နိုင်တယ်။ ပိုသိချင်ရင် ၂၀၂၃၊ အမှတ် ၁ ကင်းမျှော်စင် ကို ကြည့်ပါ။