Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 March laim. 26-31
  • Jehovah’ Ban Tom Lo Hi

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah’ Ban Tom Lo Hi
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • MOSES LE ISRAEL-TE KIANG PAN SIN IN
  • SUMLEPAI HAKSAT HUN CIANG
  • MAILAM HUN ADING I GEEL KHOLH HUN CIANG
  • A Citak Pasalte’ Kam Vaikhak
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuman Thutak Kician Takin Na Thei Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 March laim. 26-31

Sin Ding Thu 13

LA 4 “ယေဟောဝါဟာ ငါ့​သိုးထိန်းပါ”

Jehovah’ Ban Tom Lo Hi

“TOPA ban tom lua ahi hiam?”—GAM. 11:23, (ZSV).

အာရုံစိုက်​ရာ

ကျွန်တော်တို့ လိုအပ်တာတွေကို ယေဟောဝါ အမြဲ ဖြည့်ဆည်းပေးမယ်ဆိုတာ ပို​စိတ်ချလာဖို့ ဒီဆောင်းပါး​က ကူညီပေးပါမယ်။

1. Egypt Gam pan Israel-te a paikhiat pih lai-in Moses in Jehovah tungah koi bangin na muang a hiam?

ဟီဘရူး​ကျမ်းမှာ ဖော်ပြထားတဲ့ ယုံကြည်ခြင်း စံနမူနာရှင် အများကြီးထဲက တစ်ယောက်ကတော့ မောရှေ​ပါ။ (ဟီ. ၃:၂-၅။ ၁၁:၂၃-၂၅) မောရှေဟာ ဖာရော​နဲ့ စစ်တပ်​ကို မကြောက်ဘဲ ယေဟောဝါ​ဘုရားကို အပြည့်​အဝ ယုံကြည်​အားကိုးပြီး အစ္စရေးတွေ​ကို အီဂျစ်ပြည်​ကနေ ခေါ်ထုတ်​လာတယ်။ အစ္စရေးတွေ​နဲ့​အတူ ပင်လယ်နီ ဖြတ်ပြီး တောကန္တာရ​ထဲ ရောက်လာတယ်။ (ဟီ. ၁၁:၂၇-၂၉) ယေဟောဝါရဲ့ ထောက်မ​နိုင်စွမ်း​ကို အစ္စရေး​အများစု သံသယ​ဝင်​လာပေမဲ့ ယေဟောဝါကို မောရှေ ဆက်ယုံကြည်​အားကိုး​တယ်။ မောရှေ အားကိုး​မမှားဘူး။ တောကန္တာရ လွင်တီးခေါင်​မှာ အစ္စရေးတွေ​အတွက် ယေဟောဝါ အံ့ဖွယ်​နည်းနဲ့ စားစရာ၊ သောက်စရာ ပြင်ဆင်​ပေးလို့ပါပဲ။a—ထွ. ၁၅:၂၂-၂၅။ ဆာ. ၇၈:၂၃-၂၅။

2. Jehovah in Moses kiangah, “TOPA ban tom lua ahi hiam?” ci-in bang hangin na dong a hiam? (Gamlak Vakna 11:21-23)

၂ အီဂျစ်ပြည်ကနေ အံ့ဖွယ်​နည်းနဲ့ ကယ်ထုတ်​ခံရပြီးနောက် တစ်နှစ်လောက်​အကြာမှာ အသား​စား​ချင်တယ်​ဆိုပြီး အစ္စရေးတွေ ညည်းညူ​ကြ​တဲ့​အတွက် အသား​ကျွေးမယ်လို့ ယေဟောဝါ ပြောတယ်။ မောရှေ ယုံကြည်ခြင်း ခိုင်ခံ့​ပေမဲ့ လူအားလုံး လောက်လောက်​ငင စား​ရအောင် ယေဟောဝါ ဘယ်လို​လုပ်​ပြီး ကျွေး​မလဲ​လို့ တွေးမိတယ်။ ယောက်ျား​ချည်း​ပဲ​ဆိုရင်တောင် လူ ၆၀၀,၀၀၀ ရှိပြီး တောကန္တာရ လွင်တီးခေါင်​ထဲ ရောက်နေ​ကြလို့ပဲ။ ဒါနဲ့ “ယေဟောဝါရဲ့ လက်​ဟာ တို​လွန်း​သလား” လို့ မောရှေကို ယေဟောဝါ မေးလိုက်တယ်။ (တောလည်ရာ ၁၁:၂၁-၂၃ ကို ဖတ်ပါ။) “ယေဟောဝါရဲ့ လက်” ဆိုတာ သန့်ရှင်းသော စွမ်းအားတော်၊ တစ်နည်းအားဖြင့် တန်ခိုးတော်​ကို ဆိုလိုတယ်။ ‘ပြောတဲ့​အတိုင်း လုပ်နိုင်​တဲ့ တန်ခိုး ငါ့​မှာ မရှိဘူးလို့ တွေး​နေ​သလား’ ဆိုပြီး မေးလိုက်တဲ့ သဘောပါပဲ။

3. Ba’hang Moses le Israel-te’ tuahkhakna i lunglut ding kisam a hiam?

၃ သင်နဲ့ သင့်​မိသားစု လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေး​ပါ့​မလား​လို့ တွေး​ဖူး​သလား။ ယေဟောဝါရဲ့ ထောက်မ​နိုင်စွမ်း​ကို မောရှေ​နဲ့ အစ္စရေးတွေ ဘာကြောင့် သံသယ​ဝင်​လာသလဲ​ဆိုတာ သုံးသပ်ကြည့်​ရအောင်။ ယေဟောဝါရဲ့ လက်တော် မတို​ကြောင်း ပို​စိတ်ချလာ​စေ​မယ့် ကျမ်းပိုဒ်​တချို့ကိုလည်း ဆွေးနွေး​ကြ​မယ်။

MOSES LE ISRAEL-TE KIANG PAN SIN IN

4. Israel-te in Jehovah’ huh zawhna tungah ba’hang muanlahna nei uh a hiam?

၄ ယေဟောဝါရဲ့ ထောက်မ​နိုင်စွမ်း​ကို အစ္စရေးတွေ ဘာကြောင့် သံသယ​ဝင်​လာတာ ဖြစ်မလဲ။ ကတိထားရာ​ပြည်ကို သွားတဲ့​လမ်းမှာ အစ္စရေးတွေ​နဲ့ အစ္စရေး မဟုတ်​သူ “ဧရာမ​လူအုပ်ကြီး” ဟာ တောကန္တာရ​ကြီး​ထဲ ဖြတ်​လျှောက်လာကြတယ်။ (ထွ. ၁၂:၃၈။ တရား. ၈:၁၅) မန္န​မုန့်​ပဲ စား​နေ​ရလို့ အစ္စရေး မဟုတ်​သူ​တွေ ညည်း​တဲ့​အခါ အစ္စရေးတွေ​လည်း လိုက်​ညည်း​ပြီး မောရှေကို အပြစ်တင်ကြတယ်။ (တော. ၁၁:၄-၆) အီဂျစ်ပြည်​မှာ စား​ခဲ့​ရတာတွေကို တောင့်တ​ကြတယ်။ လူတွေ ငိုယို​နေ​တော့ မောရှေလည်း အသား​ရှာကျွေး​ရမယ့် တာဝန်ဟာ ကိုယ့်​တာဝန်​လို့ ထင်သွားတယ်။—တော. ၁၁:၁၃၊ ၁၄။

5-6. Minam dangte kiang pan lungdamna mel a theithei lo lungsim Israel-te tungah a kilawhna pan bang sin thei i hiam?

၅ အစ္စရေး မဟုတ်​သူ​တွေ​ဆီကနေ ကျေးဇူး​မသိတတ်တဲ့ သဘောထား အစ္စရေးတွေ ကူးစက်​သွားတာ ထင်ရှားတယ်။ ကျွန်တော်တို့လည်း တခြားသူတွေ​ဆီကနေ ကျေးဇူး​မသိတတ်တဲ့ သဘောထား ကူးစက်​လာနိုင်တယ်။ ကိုယ့်​မှာ အရင်က ရှိခဲ့တာ​တွေ​ကို တမ်းတ​ရာ​ကနေ၊ တခြားသူတွေ​မှာ ရှိတာတွေကို မနာလို​ဖြစ်ရာကနေ ယေဟောဝါ ပေးတာ​တွေ​နဲ့ မရောင့်ရဲ​ဘဲ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လို​အခြေအနေမှာ​ပဲ​ဖြစ်ဖြစ် ရောင့်ရဲ​တတ်​မှ ပျော်ရွှင်​မယ်။

၆ ယေဟောဝါ ဘာကတိ​ပေးထား​သလဲ​ဆိုတာ အစ္စရေးတွေ သတိရသင့်တယ်။ တောကန္တာရ​ထဲ သွား​လာနေစဉ်​မှာ မဟုတ်ဘဲ ကတိထားရာပြည် ရောက်တဲ့အခါ လိုအပ်တာ​ထက် အလျှံပယ် ဖြည့်ဆည်းပေးမယ်လို့ ကတိ​ပေးထားတာ။ ကျွန်တော်တို့လည်း ဒီလောကစနစ်​မှာ မပိုင်ဆိုင်​ရတာတွေကို အာရုံမစိုက်ဘဲ ကမ္ဘာသစ်​မှာ ပြည့်စုံလာမယ့် ယေဟောဝါရဲ့ ကတိတွေကို အာရုံစိုက်သင့်​တယ်။ ယေဟောဝါကို ပိုယုံကြည်​အားကိုး​တတ်လာ​စေ​မယ့် ကျမ်းပိုဒ်တွေ တွေးတော​ဆင်ခြင်​သင့်​တယ်။

7. Jehovah’ ban a tom loh lam ba’hang lungmuang thei i hiam?

၇ မိမိ​လက်တော် ဘယ်လောက် အား​ကြီးတယ်​ဆိုတာ​သာမက ဘယ်လောက် ဆန့်ထုတ်​နိုင်တယ်​ဆိုတာ မောရှေကို စဉ်းစားမိ​စေချင်​လို့ လက်တော်​ဟာ “တို​လွန်း​သလား” ဆိုပြီး ယေဟောဝါ မေးတာ ဖြစ်နိုင်တယ်။ အစ္စရေးတွေ တောကန္တာရ လွင်တီးခေါင်​ထဲ ရောက်နေ​ပါ​စေ အသား ဝဝ​လင်လင် ကျွေး​နိုင်တယ်။ တကယ်လည်း “လက်တော်ကို ဆန့်ပြီး” ယေဟောဝါ တန်ခိုး​ပြခဲ့​တယ်။ (ဆာ. ၁၃၈:၆၊ ၇) ဒါကြောင့် ကျွန်တော်တို့ အခက်အခဲ ကြုံတဲ့​အခါ​လည်း လက်တော်​ဆန့်ထုတ်​ပြီး ကူညီပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။

8. Gamlak ah mi tampite’ a sepkhak khialhna pen eite in koi bangin pelh thei ding i hiam? (Lim zong en in.)

၈ မကြာခင်​မှာ​ပဲ ငုံး​တွေ တောင်ပုံ​ရာပုံ ကျ​လာ​စေ​ခြင်း​အားဖြင့် အသား​ကျွေး​မယ်​ဆိုတဲ့ ကတိကို ယေဟောဝါ ပြည့်စုံစေ​တယ်။ ဒါပေမဲ့ အစ္စရေးတွေ ကျေးဇူး​မသိတတ်​ကြ​ဘူး။ လောဘ​ကြီး​ပြီး တစ်နေ့လုံး၊ တစ်ညလုံး၊ နောက်တစ်နေ့​လုံး ငုံး​တွေ စုသိမ်း​ကြတယ်။ “စားစရာ အငမ်း​မရ တောင့်တ​သူတွေကို” ယေဟောဝါ အမျက်ထွက်​ပြီး ဒဏ်ခတ်​လိုက်တယ်။ (တော. ၁၁:၃၁-၃၄) ဘာ​သင်ခန်းစာ ရသလဲ။ လောဘ အတော​မသတ်​နိုင်​တာ​မျိုး မဖြစ်ရဘူး။ ဆင်းရဲ​သည်​ဖြစ်စေ၊ ချမ်းသာ​သည်​ဖြစ်စေ ယေဟောဝါ၊ ယေရှုနဲ့ ပိုရင်းနှီးအောင် ကြိုးစားခြင်း​အားဖြင့် “ကောင်းကင်​ဘဏ္ဍာ” ကို ဦးစားပေး စုဆောင်း​ရမယ်။ (မ. ၆:၁၉၊ ၂၀။ လု. ၁၆:၉) ဒါဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ထောက်မပေးမယ်​ဆိုတာ စိတ်ချနိုင်တယ်။

တောကန္တာရမှာ အစ္စရေးတွေ ညဘက် ငုံး​အများကြီး စုသိမ်း​နေ။

တောကန္တာရမှာ ယေဟောဝါ ငုံး​တွေ ချပေးတဲ့အခါ လူများစွာ ဘယ်လို တုံ့ပြန်သလဲ။ ဒီဖြစ်ရပ်ကနေ ဘာ​သင်ခန်းစာ ယူနိုင်သလဲ (စာပိုဒ် ၈ ကို ကြည့်ပါ)


9. Eite in bang lungmuang thei i hiam?

၉ ဒီနေ့​အချိန်မှာ ယေဟောဝါ လက်တော်​ဆန့်ထုတ်​ပြီး မိမိ​လူမျိုးကို ကူညီပေးနေတယ်။ ဒီလို​ပြော​လို့ ကျွန်တော်တို့ ငွေရေး​ကြေးရေး၊ စားရေး​သောက်ရေး ဘယ်တော့မှ ပူပင်​စရာ မလိုဘူးလို့ မဆိုလိုဘူး။b ယေဟောဝါ ဘယ်တော့မှ ပစ်မထားဘူး၊ ကျွန်တော်တို့ ဘာအခက်အခဲ​ပဲ ကြုံရပါစေ ထောက်မပေးမယ်​လို့ ဆိုလိုတာ​ပါ။ ယေဟောဝါရဲ့ လက်တော် မတို​ဘူး​ဆိုတာ စိတ်ချကြောင်း ပြနိုင်တဲ့ အခြေအနေ​နှစ်ရပ်​ကို သုံးသပ်ကြည့်​ရအောင်။ (၁) ငွေကြေး​အခက်အခဲ ကြုံတဲ့အခါ၊ (၂) ရှေ့ရေး​အတွက် စီစဉ်တဲ့​အခါ ဖြစ်တယ်။

SUMLEPAI HAKSAT HUN CIANG

10. Koi bang dinmunte-ah sumlepai haksa kha thei i hiam?

၁၀ လောကစနစ်​အဆုံး နီးလာလေ နိုင်ငံရေး မငြိမ်သက်မှု၊ စစ်၊ သဘာဝဘေး၊ ကပ်ရောဂါ​အသစ်တွေ​ကြောင့် ပို​ခက်ခဲ​လာနိုင်တယ်။ မျှော်လင့်မထားတဲ့ အကုန်အကျ​တွေ ရှိလာနိုင်တယ်။ အလုပ်​ပြုတ်​သွားနိုင်တယ်။ အိုးအိမ်​စည်းစိမ် ဆုံးရှုံး​သွားနိုင်တယ်။ မိသားစု စားဝတ်နေရေး​အတွက် လက်ရှိ​နေရာမှာပဲ အလုပ်​အသစ် ရှာ​ရနိုင်တယ်။ ဒါမှမဟုတ် မိသားစုလိုက် တခြား​နေရာ ပြောင်းရွှေ့ဖို့ စဉ်းစား​လာ​ရနိုင်တယ်။ ယေဟောဝါကို ယုံကြည်​အားကိုးကြောင်း ပြနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ ဘာက ကူညီပေးမလဲ။

11. Sumlepai haksatna i siansak theih nadingin bangin hong huh ding a hiam? (Luka 12:29-31)

၁၁ စိုးရိမ်​ပူပန်မှုတွေ​ကို ယေဟောဝါဆီ ဆုတောင်း​ပြောပြဖို့ သိပ်အရေးကြီးတယ်။ (ပညာ. ၁၆:၃) ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ဉာဏ်ပညာ ပေးဖို့၊ ‘အစိုးရိမ်​မလွန်’ ဖို့ ဆုတောင်းပါ။ (လုကာ ၁၂:၂၉-၃၁ ကို ဖတ်ပါ။) ရောင့်ရဲ​တတ်​အောင် ကူညီပေးဖို့ အသနားခံပါ။ (၁ တိ. ၆:၇၊ ၈) ငွေကြေး​အခက်အခဲ ဖြေရှင်းနိုင်ပုံ​နဲ့​ပတ်သက်ပြီး အဖွဲ့အစည်း​စာပေတွေမှာ ရှာဖွေ​လေ့လာပါ။ jw.org မှာ တင်ထားတဲ့ ဗီဒီယိုတွေ၊ ဆောင်းပါးတွေ​ကနေ လူ​တော်တော်​များများ အကျိုးရနေကြတယ်။

12. Innkuan ading a hoih pen khensatna i bawl theih nadingin koi bang dotnate ngaihsun thei i hiam?

၁၂ တချို့က မိသားစုနဲ့ ခွဲပြီး အဝေးကြီး​မှာ အလုပ်သွား​လုပ်ကြတယ်။ ဒါပေမဲ့ ဒါ ပညာမဲ့​တဲ့ ဆုံးဖြတ်ချက် ဖြစ်မှန်း နောက်မှ သဘောပေါက်​လာကြတယ်။ ဒါကြောင့် အလုပ်​တစ်ခု လက်ခံ​တော့​မယ်​ဆိုရင် ငွေကြေး​အကျိုးအမြတ် ဘယ်လောက် ရနိုင်တယ်​ဆိုတာ​ပဲ မစဉ်းစားပါနဲ့။ ဘုရားရေးရာပိုင်း​မှာ ဘယ်လောက် စတေး​ရနိုင်တယ်​ဆိုတာ စဉ်းစားပါ။ (လု. ၁၄:၂၈) ‘အဝေးကြီး​မှာ အလုပ်​သွား​လုပ်ရင် အိမ်ထောင်ရေး ဘယ်လို ထိခိုက်​နိုင်သလဲ။ အစည်းအဝေး၊ အမှုဆောင် ပျက်​မလား။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်း​ရပါ့​မလား’ လို့ စဉ်းစားပါ။ သားသမီး ရှိတယ်​ဆိုရင် ဘယ်လို စဉ်းစား​နိုင်သလဲ။ ‘သားသမီးတွေနဲ့ အတူ​မနေ​ရင် ဘယ်လိုလုပ် “ယေဟောဝါ မိန့်မှာ​တဲ့​အတိုင်း သူတို့ကို ဆုံးမ​သွန်သင်​ပြီး ပြုစုပျိုးထောင်” နိုင်​တော့​မလဲ’ လို့ စဉ်းစားနိုင်တယ်။ (ဧ. ၆:၄) ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာ​မူတွေကို မလေးမြတ်​တဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ​ရဲ့ အမြင်ကို မဟုတ်ဘဲ ယေဟောဝါရဲ့ အမြင်ကို ထည့်စဉ်းစားပါ။c အာရှ​မှာ နေတဲ့ ညီအစ်ကို တိုနီ​အကြောင်း သုံးသပ်ကြည့်ပါ။ ဝင်ငွေ​ကောင်းတဲ့ အလုပ်​အများကြီး ကမ်းလှမ်း​ခံရတယ်။ ဒါပေမဲ့ နိုင်ငံခြား​မှာ သွား​လုပ်ရမှာ။ ဆုတောင်းပြီးနောက်၊ ဇနီး​နဲ့ တိုင်ပင်ပြီးနောက် အလုပ်တွေ ငြင်းလိုက်တယ်။ အသုံးစရိတ် ဘယ်လို လျှော့​ချနိုင်မလဲ​ဆိုတာ စဉ်းစားတယ်။ “ဒီလို​ဆုံးဖြတ်​လိုက်တဲ့​အတွက် လူအများကြီး ယေဟောဝါအကြောင်း သိလာအောင်၊ သားသမီးတွေ ဘုရား​ရေးရာမှာ ထက်သန်​လာအောင် ကူညီပေးခွင့် ရသွားတယ်။ မဿဲ ၆:၃၃ မှာ ပါတဲ့ ယေရှု​စကားကို လိုက်နာသရွေ့ လိုအပ်တာတွေ ယေဟောဝါ ဖြည့်ဆည်းပေးမယ်​ဆိုတာ ကျွန်တော်တို့​မိသားစု သိလာတယ်” လို့ တိုနီ ပြောတယ်။

MAILAM HUN ADING I GEEL KHOLH HUN CIANG

13. Mailam hun ading ngaihsun khol kawmin tu hunah bangteng sem thei i hiam?

၁၃ ရှေ့ရေး​အတွက် စီစဉ်တဲ့​အခါ​လည်း ယေဟောဝါကို ယုံကြည်​အားကိုးကြောင်း ပြနိုင်တယ်။ ရှေ့ရေး ကြိုတွေးပြီး ကြိုးကြိုးစားစား အလုပ်လုပ်ဖို့ ကျမ်းစာက အားပေးတယ်။ (ပညာ. ၆:၆-၁၁) ငွေ​စုဆောင်း​ဖို့ အခြေအနေ​ပေးလို့ စုဆောင်း​တာ မမှားပါဘူး။ ငွေ​က အတိုင်း​အတာ​တစ်ခုအထိ ကာကွယ်ပေး​နိုင်လို့ပဲ။ (ဒေ. ၇:၁၂) ဒါပေမဲ့ ငွေရှာ​တာကို ဘဝမှာ အရေးကြီးဆုံး​အရာ မဖြစ်စေ​သင့်​ဘူး။

14. Mailam hun ading geel kholhna i bawl ciang Hebru 13:5 i phawk ding ba’hang kisam a hiam?

၁၄ ဥစ္စာ​အများကြီး စုဆောင်း​ထားပေမဲ့ “ဘုရားသခင်ရှေ့​မှာ ဆင်းရဲတဲ့​သူဟာ” ဆင်ခြင်​ဉာဏ်​မဲ့​ရာ​ရောက်တယ်လို့ ပုံဥပမာ​တစ်ခုမှာ ယေရှု ပြောတယ်။ (လု. ၁၂:၁၆-၂၁) ဒါ့အပြင် မိမိ​တပည့် ဖြစ်ချင်ရင် ပိုင်ဆိုင်သမျှ “စွန့်လွှတ်​နိုင်” ရမယ်လို့ ပြောတယ်။ (လု. ၁၄:၃၃) မနက်ဖြန် ဘာ​ဖြစ်လာမယ်​ဆိုတာ ဘယ်သူမှ မသိဘူး။ (ပညာ. ၂၃:၄၊ ၅။ ယာ. ၄:၁၃-၁၅) ပထမ​ရာစုတုန်းက ယုဒပြည်မှာ ရှိတဲ့ ခရစ်ယာန်တွေဟာ ပိုင်ဆိုင်ရာတွေ ဆုံးရှုံး​သွားချိန်​မှာ ဝမ်းမြောက်​တဲ့​စိတ်နဲ့ သည်းခံ​ကြတယ်။ (ဟီ. ၁၀:၃၄) ဒီနေ့လည်း နိုင်ငံရေး​မှာ မပါဝင်လို့ အလုပ်ပြုတ်​သွားတဲ့၊ ပိုင်ဆိုင်ရာတွေ ဆုံး​ရှုံးသွားတဲ့ ညီအစ်ကို/မ အများကြီး ရှိတယ်။ (ဗျာ. ၁၃:၁၆၊ ၁၇) သူတို့ ဘာကြောင့် ခံရပ်နိုင်​သလဲ။ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို အကြွင်းမဲ့ ယုံကြည်​စိတ်ချလို့​ပါပဲ။ (ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။) ဒါကြောင့် ကျွန်တော်တို့လည်း ရှေ့ရေး​အတွက် အတတ်နိုင်ဆုံး စီစဉ်​ကြတယ်။ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါ ယေဟောဝါ ထောက်မပေးမယ်​ဆိုတာ အကြွင်းမဲ့ စိတ်ချကြတယ်။

15. Khristian nu le pate in a tate tungah koi bang a kilawm a kituaka muhna a neih ding uh kisam a hiam? (Lim zong en in.)

၁၅ ဒေသတချို့မှာ မောင်နှံစုံတွေ သားသမီး​ယူ​တဲ့ အဓိက အကြောင်းရင်း​က အသက်​ကြီး​လာ​ရင် ထောက်ပံ့​မယ့်​သူ ရှိနေ​အောင် ဖြစ်တယ်။ ဒါပေမဲ့ “မိဘတွေကသာ သားသမီးတွေအတွက် စုဆောင်း​ပေးရမှာ” လို့ ကျမ်းစာ ဆိုတယ်။ (၂ ကော. ၁၂:၁၄) မိဘတွေ အသက်​ကြီးလာတဲ့​အခါ သားသမီးတွေ​ဆီ​က အထောက်အပံ့ ယူ​ရ​နိုင်​ပါတယ်။ သားသမီး တော်တော်​များများ​ကလည်း မိဘတွေကို ကျေကျေ​နပ်နပ် ထောက်ပံ့​ကြ​ပါတယ်။ (၁ တိ. ၅:၄) ဒါပေမဲ့ အထောက်အပံ့ ရဖို့ ရည်ရွယ်ချက်နဲ့ သားသမီး ပြုစု​ပျိုးထောင်​တာ​ထက် သားသမီးတွေ အမှန်တရား​လမ်းစဉ်​မှာ လျှောက်လှမ်းဖို့ ကူညီပေးတာ​က ပို​ဝမ်းသာစရာ​ကောင်းတယ်​ဆိုတာ ခရစ်ယာန်​မိဘတွေ အသိအမှတ်ပြုကြတယ်။—၃ ယော. ၄။

သမီး၊ သမက်​နဲ့ မောင်နှံတစ်စုံ ပျော်ပျော်ရွှင်ရွှင် ဗီဒီယိုကောလ် ပြော​နေ။ သမီးနဲ့ သမက်​က ဆောက်လုပ်ရေး လုပ်ငန်းခွင်​သုံး အပေါ်​အင်္ကျီ​တွေ ဝတ်​ထား။

ယေဟောဝါကို ယုံကြည်​အားကိုး​တဲ့ မောင်နှံစုံတွေ​ဟာ ရှေ့ရေး​အတွက် ဆုံးဖြတ်ချက် ချတဲ့အခါ ကျမ်းစာမူတွေကို ထည့်စဉ်းစား (စာပိုဒ် ၁၅ ကို ကြည့်ပါ)d


16. Nu le pate in a tate amau le amau a vak zawh nadingun koi bangin huh thei a hiam? (Efesa 4:28)

၁၆ မိဘတို့၊ သားသမီးတွေ ကိုယ့်​ခြေထောက်​ပေါ်​ကိုယ် ရပ်​နိုင်အောင် လမ်းကြောင်း​ပေးတဲ့​အခါ ယေဟောဝါကို ယုံကြည်​အားကိုးကြောင်း ပြပါ။ ဘာမဆို ကြိုးကြိုး​စားစား လုပ်တတ်အောင် ငယ်ငယ်​ကတည်းက သင်ပေးပါ။ (ပညာ. ၂၉:၂၁။ ဧဖက် ၄:၂၈ ကို ဖတ်ပါ။) စာ​ကြိုးစားဖို့ အားပေးပါ။ ကိုယ့်​ခြေထောက်​ပေါ်​ကိုယ် ရပ်နိုင်ဖို့၊ အမှုဆောင်​လုပ်ငန်းမှာ ပို​ပါဝင်နိုင်ဖို့၊ ရှေ့ဆောင်​လုပ်နိုင်ဖို့ ဘယ်လို​ပညာရပ်​မျိုး ဆည်းပူးမယ်​ဆိုတာ သားသမီးတွေ ဆုံးဖြတ်​ကြရမယ်။ သားသမီးတွေ ဆုံးဖြတ်ချက်ကောင်း ချနိုင်အောင် ကူညီပေးဖို့ မိဘတွေ​အနေနဲ့ ကျမ်းစာ​မူတွေ ရှာဖွေ​လေ့လာ​ထားရမယ်။

17. Bang pen lungmuang thei i hiam?

၁၇ လိုအပ်တာတွေကို ယေဟောဝါ ဖြည့်ဆည်းပေး​နိုင်တယ်၊ ဖြည့်ဆည်းပေး​ချင်တယ်​ဆိုတာ သစ္စာရှိ ကျေးကျွန်တွေ စိတ်ချနိုင်ပါတယ်။ လောကစနစ်​အဆုံး နီးလာလေ ယေဟောဝါကို ယုံကြည်​အားကိုးဖို့ ပို​လို​လာ​လေ​ပဲ။ ဘာတွေ​ပဲ ဖြစ်လာပါစေ ကျွန်တော်တို့ လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ တန်ခိုးတော်​ကို ယေဟောဝါ အသုံးပြုမယ်​ဆိုတာ စိတ်ချ​ထား​ကြရအောင်။ ယေဟောဝါရဲ့ လက်တော်​ဟာ အားကြီး​ပြီး ဆန့်ထုတ်​နိုင်​တဲ့​အတွက် ကျွန်တော်တို့ ဘယ်နေရာမှာပဲ ရှိနေပါစေ ထောက်မ​ပေးနိုင်တယ်။

NANGH BANGCI DAWNG DING?

  • Moses le Israel-te kiang pan bang sin thei i hiam?

  • Sumlepai haksat hun ciang Jehovah muang ihih lam koi bangin lak thei i hiam?

  • Mailam hun ading sumlepai tawh kisai geel kholhna i bawl ciang bang i phawk ding kisam a hiam?

LA 150 ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ

a ၂၀၂၃၊ အောက်တိုဘာ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

b ၂၀၁၄၊ စက်တင်ဘာ ၁၅ ကင်းမျှော်စင် (အင်္ဂလိပ်) မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

c ၂၀၁၄၊ ဧပြီ ၁၅ ကင်းမျှော်စင် မှာ ပါတဲ့ “မည်သူမျှ သခင်​နှစ်ဦး​အစေကို မခံနိုင်” ဆောင်းပါးကို ကြည့်ပါ။

d ပုံအညွှန်း– ယေဟောဝါကို ယုံကြည်​အားကိုး​တဲ့ မောင်နှံတစ်စုံ​ဟာ ခန်းမ ဆောက်လုပ်ရေး စီမံကိန်းမှာ ခင်ပွန်းနဲ့​အတူ ပါဝင်​ကူညီ​နေတဲ့ သမီးကို ဆက်သွယ်​နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ