SIN DING THU 28
LA 123 ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း
Thuman Thutak Kician Takin Na Thei Hiam?
‘Kawng gak bangin thuman thutak zang un.’—Efe. 6:14.
အာရုံစိုက်ရာ
ယေဟောဝါ သင်ပေးတဲ့ အမှန်တရား၊ စာတန်နဲ့ ဘက်တော်သားတွေ ဖြန့်တဲ့ အလိမ်အညာတွေကို ကွဲကွဲပြားပြား ဘယ်လို သိနိုင်မလဲ။
1. Thuman tawh kisai-in na lungsim bangci om a hiam?
ယေဟောဝါဘုရားရဲ့ တရားစကားမှာ ပါတဲ့ အမှန်တရားတွေကို ကျွန်တော်တို့ သိပ်မြတ်နိုးကြတယ်။ အဲဒီအမှန်တရားတွေကို အခြေခံပြီး ယုံကြည်ခြင်း တည်ဆောက်ကြတယ်။ (ရော. ၁၀:၁၇) “အမှန်တရားရဲ့ မဏ္ဍိုင်နဲ့ အုတ်မြစ်” အဖြစ် ခရစ်ယာန်အသင်းတော်ကို ယေဟောဝါ ဖွဲ့စည်းထားကြောင်းလည်း ယုံကြတယ်။ (၁ တိ. ၃:၁၅) “ဦးဆောင်တဲ့သူတွေ” ကျမ်းစာအမှန်တရား ရှင်းပြပေးတဲ့အခါ၊ ဘုရားအလိုတော်နဲ့ ညီတဲ့ လမ်းညွှန်ချက်တွေ ပေးတဲ့အခါ ဝမ်းမြောက်ဝမ်းသာ လက်ခံကြတယ်။—ဟီ. ၁၃:၁၇။
2. James 5:19-a a gen bangin, thuman thutak i san khit ciang nangawnin zong bangci thei a hiam?
၂ အမှန်တရားကို လက်ခံပြီးနောက်မှာတောင်၊ အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို လိုက်နာဖို့ လိုမှန်း သိပြီးနောက်မှာတောင် အမှန်တရားကနေ လမ်းလွဲသွားနိုင်တယ်။ (ယာကုပ် ၅:၁၉ ကို ဖတ်ပါ။) ကျမ်းစာကို၊ အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ မယုံတော့တာလောက် စာတန် ဖြစ်စေချင်တာ မရှိဘူး။—ဧ. ၄:၁၄။
3. Thuman thutak letkip ding bang hangin thupi a hiam? (Efesa 6:13, 14)
၃ ဧဖက် ၆:၁၃၊ ၁၄ ကို ဖတ်ပါ။ ယေဟောဝါကို မြေတစ်ပြင်လုံးက လူတွေ ဆန့်ကျင်လာအောင် မကြာခင် စာတန် ဝါဒဖြန့်လှည့်ဖြားတော့မယ်။ (ဗျာ. ၁၆:၁၃၊ ၁၄) ဘုရားလူမျိုးကို လှည့်စားဖို့ဆိုရင် စာတန် ပိုလို့တောင် ကြိုးစားမှာ။ (ဗျာ. ၁၂:၉) ဒါကြောင့် အမှန်တရားနဲ့ အလိမ်အညာတွေကို ခွဲခြားသိဖို့၊ အမှန်တရားကို ကိုင်စွဲဖို့ လေ့ကျင့်ထားရမယ်။ (ရော. ၆:၁၇။ ၁ ပေ. ၁:၂၂) ကြီးစွာသောဒုက္ခမှာ လွတ်မြောက်၊ မလွတ်မြောက်ဆိုတာ အဲဒီအချက်ပေါ် မူတည်နေလို့ သိပ်အရေးကြီးတယ်။
4. Hih thulu-ah bang thu kikum ding i hiam?
၄ ကျမ်းစာအမှန်တရားကို သဲသဲကွဲကွဲ သိဖို့၊ အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို နာခံတတ်ဖို့ ကူညီပေးမယ့် အရည်အသွေး နှစ်ခုက ဘာလဲ။ အမှန်တရားကို ဆက်ကိုင်စွဲထားနိုင်မယ့် နည်းသုံးနည်းက ဘာလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။
THUMAN THUTAK KICIAN TAKA HONG THEISAK DING PIANZIATE
5. Jehovah kihtakna in thuman thutak kician taka theih nading koi bangin hong huh a hiam?
၅ ယေဟောဝါကို ကြောက်ရွံ့ခြင်း။ ဘုရားကို တော်မှန်စွာ ကြောက်ရွံ့တယ်ဆိုတာ ဘုရားကို ချစ်လွန်းလို့ ဘုရားစိတ် ငြိုငြင်မယ့် ဘယ်အရာကိုမှ မလုပ်တာကို ဆိုလိုတာပါ။ ဘုရားနှစ်သက်မှု ရချင်လို့ ကျွန်တော်တို့ အမှားအမှန် ခွဲခြားသိချင်ကြတယ်။ (ပညာ. ၂:၃-၆။ ဟီ. ၅:၁၄) လူအများ ကြိုက်တာတွေဟာ ဘုရား မနှစ်သက်တာတွေ ဖြစ်နေတတ်လို့ လူကို ကြောက်စိတ်ထက် ဘုရားကို ချစ်စိတ် တိုးများနေရမယ်။
6. Israel makai mi sawm te’n mite a kihtak manun thuman koi bangin a lum a letin sem uh a hiam?
၆ ဘုရားထက် လူကို ကြောက်ရင် အမှန်တရားနဲ့ ဆန့်ကျင်တာတွေကို ယုံသွားနိုင်တယ်။ ကတိထားရာပြည်ကို ထောက်လှမ်းဖို့ သွားတဲ့ အစ္စရေး မျိုးနွယ်စုခေါင်းဆောင် ၁၂ ယောက်အကြောင်း သုံးသပ်ကြည့်ပါ။ သူတို့ထဲက ဆယ်ယောက်ဟာ ယေဟောဝါကို ချစ်စိတ်ထက် ခါနန်လူတွေကို ကြောက်စိတ် ပိုများနေတယ်။ “ကျုပ်တို့ တိုက်နိုင်မှာ မဟုတ်ဘူး။ အဲဒီလူတွေက ပိုအင်အားကြီးနေတယ်” လို့ အစ္စရေးတွေကို ပြောတယ်။ (တော. ၁၃:၂၇-၃၁) လူ့အမြင်အရ ကြည့်ရင် အစ္စရေးတွေထက် ခါနန်လူတွေ ပိုအားကြီးကြတာ မှန်ပါတယ်။ ဒါပေမဲ့ ရန်သူတွေကို တိုက်နိုင်မှာ မဟုတ်ဘူးလို့ ပြောတာကတော့ ဘုရားကို ထည့်မစဉ်းစားရာကျသွားပြီ။ တကယ်ဆိုရင် ဘုရား ဘာလုပ်စေချင်တယ်ဆိုတာ သူတို့ အာရုံစိုက်သင့်တယ်။ မကြာသေးခင်က ဘုရား လုပ်ပေးခဲ့တာတွေကို တွေးသင့်တယ်။ ဒီလိုသာ တွေးရင် ယေဟောဝါရဲ့ အနန္တတန်ခိုးနဲ့ ယှဉ်လိုက်တဲ့အခါ ခါနန်လူတွေရဲ့ ခွန်အားဟာ ဘာမှ မဟုတ်ဘူးဆိုတာ သဘောပေါက်လာကြမှာ။ ယောရှုနဲ့ ကာလက်ကတော့ ယုံကြည်ခြင်း မရှိတဲ့ အဲဒီလူတွေနဲ့ မတူဘူး။ ဘုရားနှစ်သက်မှု ရချင်တယ်။ “ယေဟောဝါဘုရားက ကျုပ်တို့ကို စိတ်နဲ့ တွေ့တယ်ဆိုရင် . . . ဒီပြည်ထဲ ပို့ဆောင်ပြီး အပိုင်ပေးမှာ သေချာတယ်” လို့ ပြောတယ်။—တော. ၁၄:၆-၉။
7. Koi bang danin Jehovah kihtazaw thei ding i hiam? (Lim zong en in.)
၇ ဆုံးဖြတ်ချက် ချတဲ့အခါတိုင်း ဘုရားစိတ်နဲ့ တွေ့ဖို့ အမြဲ အာရုံစိုက်ပါ။ ဒါဆိုရင် ဘုရားကို ပိုကြောက်ရွံ့တတ်လာမယ်။ (ဆာ. ၁၆:၈) ကျမ်းမှတ်တမ်းတွေ ဖတ်တဲ့အခါ ‘ငါသာ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဘယ်လို ဆုံးဖြတ်မလဲ’ ဆိုပြီး စဉ်းစားပါ။ ဥပမာ၊ ခါနန်ပြည်ကို တိုက်နိုင်မှာ မဟုတ်ဘူးလို့ အစ္စရေး မျိုးနွယ်စုခေါင်းဆောင် ဆယ်ယောက် ပြောတာကို သင် နားထောင်နေတယ်ဆိုပါစို့။ သူတို့ ပြောတာ ယုံပြီး ခါနန်လူတွေကို ကြောက်သွားမလား။ လူကြောက်စိတ်ထက် ယေဟောဝါကို ချစ်စိတ်၊ ရွှင်လန်းစေချင်စိတ် များနေမလား။ ယောရှုနဲ့ ကာလက် ပြောနေတာဟာ အမှန်တရားဆိုတာကို အစ္စရေးတစ်မျိုးလုံး မယုံကြဘူး။ ဒါကြောင့် ကတိထားရာပြည်ထဲ အဲဒီလူမျိုးဆက် ဝင်ခွင့် မရကြဘူး။—တော. ၁၄:၁၀၊ ၂၂၊ ၂၃။
သင်ဆိုရင် ဘယ်သူ့ကို ယုံမလဲ (စာပိုဒ် ၇ ကို ကြည့်ပါ)
8. Bang pianzia neih ding hanciam kul a hiam? Bang hang hiam?
၈ နှိမ့်ချခြင်း။ ယေဟောဝါဟာ နှိမ့်ချသူတွေကို အမှန်တရား ဖော်ပြတယ်။ (မ. ၁၁:၂၅) အမှန်တရား သင်ယူသိရှိဖို့ တခြားသူတွေဆီက အကူအညီကို ကျွန်တော်တို့ နှိမ့်ချမှုရှိရှိ လက်ခံခဲ့ကြတယ်။ (တ. ၈:၃၀၊ ၃၁) ဒါပေမဲ့ မာနကြီးမလာဖို့ သတိထားရမယ်။ မာနကြီးလာရင် ကိုယ့်အမြင်ဟာ ကျမ်းစာမူတွေ၊ အဖွဲ့အစည်း လမ်းညွှန်ချက်တွေလောက်ကို အရေးပါတယ်လို့ တွေးလာနိုင်တယ်။
9. Kiniamkhiat suak dingin bang sep ding kisam a hiam?
၉ ယေဟောဝါနဲ့ ယှဉ်ရင် ကျွန်တော်တို့ ဘယ်လောက် သေးနုပ်ကြောင်း သတိရပါ။ ဒါဆိုရင် ဆက်နှိမ့်ချနေနိုင်မယ်။ (ဆာ. ၈:၃၊ ၄) ပိုနှိမ့်ချတတ်အောင်၊ သင်ပေးရလွယ်သူ ဖြစ်လာအောင် ကူညီပေးဖို့လည်း ဆုတောင်းပါ။ ဒါဆိုရင် ကိုယ့်အတွေးအခေါ်ထက် ကျမ်းစာနဲ့ အဖွဲ့အစည်းကနေ သင်ယူရတဲ့ ဘုရားအတွေးအခေါ်ကို ဦးစားထားတတ်လာမယ်။ နှိမ့်ချတာကို ဘုရား မြတ်နိုးကြောင်း၊ မာနကြီးတာ၊ မောက်မာတာ၊ ထောင်လွှားတာကို မုန်းကြောင်း အထောက်အထားတွေကို ကျမ်းစာဖတ်တဲ့အခါ ရှာပါ။ အခွင့်ထူးတစ်ခုကြောင့် လုပ်ပိုင်ခွင့် ပိုရတဲ့အခါ၊ ပိုအာရုံစိုက်ခံရတဲ့အခါ ဆက်နှိမ့်ချနေနိုင်ဖို့ ခါတိုင်းထက် ကြိုးစားပါ။
THUMAN THUTAK KIP TAKA LETKIP THEIH DAN
10. Ama’ mite a lamlak dingin Jehovah in kuate zang a hiam?
၁၀ အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို ဆက်ယုံကြည်စိတ်ချပါ။ မောရှေ၊ အဲဒီနောက် ယောရှုကို သုံးပြီး ရှေးခေတ် အစ္စရေးတွေကို ယေဟောဝါ လမ်းညွှန်တယ်။ (ယောရှု ၁:၁၆၊ ၁၇) ဒီအမျိုးသားတွေကို ဘုရားကိုယ်စားလှယ်တွေအဖြစ် အစ္စရေးတွေ သဘောထားသရွေ့ ကောင်းချီး ခံစားကြရတယ်။ နှစ်ရာချီ ကြာပြီးနောက် ခရစ်ယာန် အသင်းတော် စတည်ထောင်ချိန်မှာ တမန်တော် ၁၂ ယောက်က လမ်းညွှန်ပေးတယ်။ (တ. ၈:၁၄၊ ၁၅) နောက်တော့ လမ်းညွှန်ချက် ပေးသူတွေထဲမှာ ဂျေရုဆလင်မြို့က အကြီးအကဲတွေ ပါလာတယ်။ သစ္စာရှိ အမျိုးသားတွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာလို့ “အသင်းတော်တွေဟာ ယုံကြည်ခြင်း ခိုင်ခံ့မြဲမြံလာပြီး ယုံကြည်သူအရေအတွက် တစ်နေ့တခြား တိုးများလာတယ်။” (တ. ၁၆:၄၊ ၅) ဒီနေ့အချိန်မှာလည်း ဘုရားအဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ လိုက်နာတဲ့အခါ ကောင်းချီး ခံစားရတယ်။ ဘုရား ခန့်အပ်ထားသူတွေကို ကျွန်တော်တို့ လက်အောက်မခံရင် ဘုရား ဘယ်လို ခံစားရမလဲ။ အဖြေ သိဖို့ ကတိထားရာပြည်ကို သွားတဲ့ လမ်းမှာ အစ္စရေးတွေ ဘာဖြစ်ခဲ့သလဲ သုံးသပ်ကြရအောင်။
11. Moses a langpangte tungah bang thu piang a hiam? (Lim zong en in.)
၁၁ ကတိထားရာပြည်ကို သွားတဲ့ လမ်းမှာ မောရှေကို အစ္စရေးတွေထဲက အထင်ကရ ပုဂ္ဂိုလ်တွေ ပုန်ကန်ကြတယ်။ မောရှေကို ယေဟောဝါ ခေါင်းဆောင်ခန့်ထားတာနဲ့ပတ်သက်ပြီး မကျေမနပ် ဖြစ်ကြတယ်။ “[မောရှေပဲ သန့်ရှင်းတာ မဟုတ်ဘူး။] ဒီလူအားလုံး သန့်ရှင်းတယ်။ ယေဟောဝါဘုရားလည်း သူတို့နဲ့အတူ ရှိတယ်” လို့ ပြောကြတယ်။ (တော. ၁၆:၁-၃) ဘုရားအမြင်မှာ “ဒီလူအားလုံး” သန့်ရှင်းတာ မှန်ပါတယ်။ ဒါပေမဲ့ မိမိလူမျိုးကို ဦးဆောင်ဖို့ မောရှေကို ယေဟောဝါကိုယ်တိုင် ရွေးထားတာ။ (တော. ၁၆:၂၈) မောရှေကို အပြစ်တင်တာ ယေဟောဝါကို အပြစ်တင်နေတာပဲ။ ပုန်ကန်သူတွေဟာ ယေဟောဝါ ဘာဖြစ်စေချင်တယ်ဆိုတာကို အာရုံမစိုက်ကြဘူး။ အာဏာနဲ့ ထင်ပေါ်ကျော်ကြားမှု ပိုရဖို့ပဲ အာရုံစိုက်ကြတယ်။ ဒါကြောင့် ပုန်ကန်တဲ့ ခေါင်းဆောင်တွေကိုကော အလိုတူ အလိုပါတွေကိုပါ ဘုရား ဒဏ်ခတ်လိုက်တယ်။ (တော. ၁၆:၃၀-၃၅၊ ၄၁၊ ၄၉) ဒီနေ့အချိန်မှာလည်း အဖွဲ့အစည်း လမ်းညွှန်ချက်တွေကို မထီလေးစား မလုပ်မိဖို့ အရေးကြီးတယ်။ မထီလေးစား လုပ်သူဟာ ဘုရားနှစ်သက်မှု ရမှာ မဟုတ်ဘူး။
သင်ဆိုရင် ဘယ်သူ့ဘက် ပါမလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)
12. Bang hangin Jehovah’ pawlpi muang tawntung thei i hiam?
၁၂ ယေဟောဝါရဲ့ အဖွဲ့အစည်းကို ကျွန်တော်တို့ အမြဲယုံကြည်စိတ်ချနိုင်တယ်။ ကျမ်းစာနားလည်မှု၊ အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း တစ်ခုခု ပြုပြင်ပြောင်းလဲဖို့ လိုတဲ့အခါ ယေဟောဝါစိတ်နဲ့ တွေ့ဖို့က အဓိက ဖြစ်လို့ ဦးဆောင်နေသူတွေဟာ အပြောင်းအလဲတွေ ချက်ချင်း လုပ်တယ်။ (ပညာ. ၄:၁၈) ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ကျမ်းစာကို အခြေခံတယ်။ ကျမ်းစာဟာ ဘုရားကျေးကျွန်အားလုံး လိုက်နာရမယ့် စံ ဖြစ်လို့ပါပဲ။
13. “A man thute,” cih in bang a hiam? Bang sep ding kisam a hiam?
၁၃ “အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို အမြဲ လိုက်နာစောင့်ထိန်းပါ။” (၂ တိ. ၁:၁၃) “အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရ” ဆိုတာ ကျမ်းစာမှာ ပါတဲ့ ခရစ်ယာန်သွန်သင်ချက်တွေကို ပြောတာပါ။ (ယော. ၁၇:၁၇) ကျွန်တော်တို့ ယုံကြည်သမျှဟာ အဲဒီသွန်သင်ချက်တွေကို အခြေခံတယ်။ အဲဒီသွန်သင်ချက်တွေကို စံအဖြစ် ကိုင်စွဲဖို့ အဖွဲ့အစည်း သင်ပေးတယ်။ အဲဒီလိုကိုင်စွဲနေသရွေ့ ကောင်းချီး ခံစားရမယ်။
14. Khristian pawlkhat te’n koi bang danin ”a man thute” a lenkip lo na suak uh a hiam?
၁၄ “အကျိုးဖြစ်ထွန်းတဲ့ တရားစကားရဲ့ အနှစ်သာရကို” မကိုင်စွဲတော့ရင် ဘာဖြစ်သွားမလဲ။ ပထမရာစုခေတ်အကြောင်း သုံးသပ်ကြည့်ပါ။ ယေဟောဝါရဲ့နေ့ ရောက်ပြီဆိုတဲ့ ကောလာဟလကို ခရစ်ယာန်တချို့ ဖြန့်နေကြတယ်။ တမန်တော် ပေါလုဆီက လာပုံပေါက်တဲ့ စာကြောင့် အဲဒီလိုဖြန့်ကြတာ။ ပေါလုဆီက စာ ဟုတ်မဟုတ် အချိန်ယူ မစစ်ဆေးဘဲ ကောလာဟလကို သက်သာလောနိတ်အသင်းတော်က ခရစ်ယာန်တချို့ ယုံသွားကြတယ်။ တခြားသူတွေကိုတောင် ဖြန့်ကြတယ်။ သူတို့နဲ့အတူ ပေါလု ရှိတုန်းက သင်ပေးခဲ့တာတွေကိုသာ သတိရနေရင် အဲဒီလိုလှည့်စားခံရမှာ မဟုတ်ဘူး။ (၂ သက်. ၂:၁-၅) ကြားသမျှ မယုံဖို့ ညီအစ်ကိုတွေကို ပေါလု အကြံပေးတယ်။ “ဒီနှုတ်ဆက်စကားကို ကျွန်တော် ပေါလုကိုယ်တိုင် ရေးလိုက်တာပါ။ ဒီလက်ရေးကို ကြည့်ရင် ကျွန်တော့်စာတွေမှန်း သိနိုင်ပါတယ်” ဆိုပြီး သက်သာလောနိတ်အသင်းတော်ဆီ ရေးတဲ့ ဒုတိယစာကို ပေါလု နိဂုံးချုပ်ထားတယ်။ နောက်နောင် လှည့်စားမခံရအောင် မိမိဆီက စာ ဟုတ်မဟုတ် ဘယ်လို စစ်ဆေးရမလဲဆိုတာ သင်ပေးလိုက်တာပဲ။—၂ သက်. ၃:၁၇။
15. Ahi taktak a bang khemnate pan ei le ei koi bangin kidal thei i hiam? Tuahkhakna gen in. Lim zong en in? (Lim zong en in.)
၁၅ ပေါလုရဲ့ စကားတွေကနေ ဘာသင်ယူနိုင်သလဲ။ ကျမ်းစာသွန်သင်ချက်နဲ့ မညီတာတွေ၊ လှုပ်လှုပ်ခတ်ခတ် သတင်းတွေ ကြားတဲ့အခါ ကျွန်တော်တို့ ပိုင်းခြားသိမြင်မှု ရှိရမယ်။ အရင်ဆိုဗီယက်ပြည်ထောင်စုက ညီအစ်ကိုတွေဟာ ကမ္ဘာ့ဌာနချုပ်က လာပုံပေါက်တဲ့စာကို ရခဲ့ကြတယ်။ တကယ်တော့ ရန်သူတွေ ဖြန့်လိုက်တာ။ ဂိုဏ်းခွဲဖို့ ညီအစ်ကိုတွေကို စာထဲမှာ အားပေးထားတယ်။ စာကို ကြည့်ရင်တော့ အဖွဲ့အစည်းဆီကနေ လာပုံပဲ။ ဒါပေမဲ့ သစ္စာရှိ ညီအစ်ကိုတွေဟာ လှည့်ဖြားမခံကြဘူး။ သင်ယူသိရှိထားတာတွေနဲ့ စာမှာ ပါတာတွေ မကိုက်ညီမှန်း သဘောပေါက်ကြတယ်။ ဒီနေ့လည်း ကျွန်တော်တို့ စိတ်ရှုပ်သွားအောင်၊ စိတ်ဝမ်းကွဲအောင် အင်တာနက်၊ လူမှုမီဒီယာကတစ်ဆင့် ရန်သူတွေ လုပ်နေတယ်။ ကျွန်တော်တို့ “စဉ်းစားဆင်ခြင်နိုင်စွမ်း အလွယ်တကူ ပျောက်ဆုံး” မသွားသင့်ဘူး။ ကြားရဖတ်ရတာတွေဟာ သင်ယူသိရှိထားတဲ့ အမှန်တရားနဲ့ ညီမညီ ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်။—၂ သက်. ၂:၂။ ၁ ယော. ၄:၁။
ဟုတ်သယောင်ယောင် ရှိတဲ့ အလိမ်အညာတွေကြောင့် လှည့်ဖြားမခံပါနဲ့ (စာပိုဒ် ၁၅ ကို ကြည့်ပါ)a
16. Rom 16:17, 18-a a gen bangin, mi pawlkhat in thuman thutak langpang uh ahih leh bang sem thei i hiam?
၁၆ ယေဟောဝါကို သစ္စာစောင့်သိသူတွေနဲ့ စည်းစည်းလုံးလုံး နေပါ။ ဝတ်ပြုကိုးကွယ်သူတွေကို ယေဟောဝါ စည်းလုံးစေချင်တယ်။ အမှန်တရားကို ကျွန်တော်တို့ ကိုင်စွဲနေသရွေ့ စည်းလုံးနေမယ်။ အမှန်တရားကို ဆန့်ကျင်သူဟာ အသင်းတော်ကို စိတ်ဝမ်းကွဲပြားအောင် လုပ်သူပဲ။ သူတို့ကို “ကြဉ်ရှောင်” ဖို့ ယေဟောဝါ သတိပေးတယ်။ မကြဉ်ရှောင်ရင် ကျွန်တော်တို့ပါ အမှန်တရားနဲ့ ဆန့်ကျင်တာတွေကို ယုံသွားနိုင်တယ်။—ရောမ ၁၆:၁၇၊ ၁၈ ကို ဖတ်ပါ။
17. Thuman thutak kician taka thei-in lenkip leng bang hamphatna ngah ding i hiam?
၁၇ အမှန်တရားကို သဲသဲကွဲကွဲ သိပြီး ကိုင်စွဲထားရင် ယေဟောဝါနဲ့ ဆက်ရင်းနှီးနေမယ်။ ယုံကြည်ခြင်း ခိုင်မာနေမယ်။ (ဧ. ၄:၁၅၊ ၁၆) စာတန်ရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ အလိမ်အညာတွေ လှည့်စားတာ မခံရတော့ဘူး။ ကြီးစွာသောဒုက္ခအတွင်း ဘုရားကာကွယ်မှုအောက် လုံလုံခြုံခြုံ ရှိနေမယ်။ ဒါကြောင့် အမှန်တရားကို ဆက်ကိုင်စွဲထားပါ။ “ဒါဆိုရင် ငြိမ်သက်ခြင်းရဲ့ ဘုရားသခင်ဟာ ခင်ဗျားတို့နဲ့အတူ ရှိလိမ့်မယ်။”—ဖိ. ၄:၈၊ ၉။
LA 122 မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ
a ပုံအညွှန်း– လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာတုန်းကအကြောင်း ပြန်လည်သရုပ်ဖော်ထားတဲ့ ရုပ်ပုံ။ အရင်ဆိုဗီယက်ပြည်ထောင်စုက ညီအစ်ကိုတွေဟာ ကမ္ဘာ့ဌာနချုပ်က လာပုံပေါက်တဲ့ စာတစ်စောင် ရ။ တကယ်တော့ ရန်သူတွေဆီက လာတဲ့စာ ဖြစ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ရဲ့ ရန်သူတွေဟာ အဖွဲ့အစည်းအပေါ် အမြင်စောင်းစေတဲ့အရာတွေကို အင်တာနက်ကတစ်ဆင့် ဖြန့်နိုင်။