Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 August laim. 20-25
  • Pawlpi Upate Aw, Mawhna A Bawlte Tungah Hehpihna Lak Un

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Pawlpi Upate Aw, Mawhna A Bawlte Tungah Hehpihna Lak Un
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • PAWLPI UPA TE’N MAWHNALIANPI A BAWLTE A HUH DAN
  • “MIPI MAI AH NA TAII IN”
  • ‘JEHOVAH IN HEHPIHNA NEI’
  • Pawlpi Upate Aw, Pawlpi Pan Lakkhiat A Thuakte Huh Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Mawhnalianpi A Bawlte Thunga Jehovah’ Muh Dan Etteh In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pawlpi Paizia Vaihawm Dan
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
  • Mawhna Lian Bawlkha Lecin Bang Cih Ding?
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 August laim. 20-25

SIN DING THU 34

LA 107 မေတ္တာ​စံနမူနာ

Pawlpi Upate Aw, Mawhna A Bawlte Tungah Hehpihna Lak Un

Pasian migi-in thu a diah hithiatna pen na kisikkik theih nading uh a deihna hi.’—ROM. 2:4.

အာရုံစိုက်​ရာ

ကြီးလေးတဲ့​အပြစ် လုပ်​သူကို အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲ။

1. Mawhnalianpi a bawl mi pawlkhat tungah bang kilamen thei a hiam?

ကြီးလေးတဲ့​အပြစ် လုပ်​သူကို ကောရိန္သု​အသင်းတော် ဘယ်လို ကိုင်တွယ်​ရမယ်​ဆိုတာနဲ့ပတ်သက်ပြီး တမန်တော် ပေါလုရဲ့ ညွှန်ကြားချက်ကို ရှေ့ဆောင်းပါးမှာ လေ့လာခဲ့ကြတယ်။ အပြစ်​လုပ်​သူ နောင်တမရတဲ့အတွက် အသင်းတော်ကနေ ဖယ်ရှား​ခဲ့​ရတယ်။ ဒါပေမဲ့ ဒီဆောင်းပါးရဲ့ အဓိက​ကျမ်းချက်မှာ ဖော်ပြထား​သလိုပဲ ကြီးလေးတဲ့​အပြစ် လုပ်​သူတချို့ နောင်တရ​လာ​နိုင်ပါတယ်။ (ရော. ၂:၄) သူတို့ နောင်တရ​လာဖို့ အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။

2-3. Unau khat in mawhnalianpi a bawllam thei ihih leh bang i sep ding kilawm a hiam? Bang hang hiam?

၂ ညီအစ်ကို/မ​တစ်ယောက် ကြီးလေးတဲ့​အပြစ် လုပ်ထား​မှန်း အကြီးအကဲတွေ မသိရင် ဘယ်လိုလုပ်​ပြီး ကူညီပေးနိုင်မလဲ။ ဒါကြောင့် အသင်းတော်ကနေ ဖယ်ရှား​ခံရနိုင်တဲ့ ကြီးလေးတဲ့​အပြစ် တစ်ယောက်ယောက် လုပ်ထား​မှန်း ကျွန်တော်တို့ သိရင် ဘာလုပ်သင့်သလဲ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ သူ့ကို တိုက်တွန်း​သင့်​တယ်။—ဟေရှာ. ၁:၁၈။ တ. ၂၀:၂၈။ ၁ ပေ. ၅:၂။

၃ အကြီးအကဲတွေကို အပြစ်​လုပ်​သူ အသိ​မပေးရင်​ကော။ သူ အသိ​မပေးရင် ကျွန်တော်တို့ အသိပေးရမယ်။ ဒါမှ သူ့ကို အကြီးအကဲတွေ လိုအပ်သလို ကူညီပေးနိုင်မယ်။ ကိုယ့်​ညီအစ်ကို/မ​ကို မဆုံးရှုံး​ချင်လို့ အကြီးအကဲတွေကို အသိပေးတာ​ဟာ မေတ္တာပါတဲ့ လုပ်ရပ်ပါပဲ။ သူ​သာ အမှား​ဆက်လုပ်နေရင် ယေဟောဝါ​ဘုရားနဲ့ ဆက်ဆံရေး ပို​ထိခိုက်​သွားနိုင်တယ်။ အသင်းတော်​နာမည် ထိခိုက်နိုင်တယ်။ ဒါကြောင့် အပြစ်​လုပ်​သူ​အကြောင်း အကြီးအကဲတွေကို အသိပေး​ရတာ မလွယ်တဲ့​ကိစ္စ ဖြစ်ပေမဲ့ ယေဟောဝါကို ချစ်လို့၊ သူ့ကို ချစ်လို့ ကျွန်တော်တို့ သတ္တိရှိရှိ အသိ​ပေးကြတယ်။—ဆာ. ၂၇:၁၄။

PAWLPI UPA TE’N MAWHNALIANPI A BAWLTE A HUH DAN

4. Mawhna a baw mi tawh a kimuhkhop uh cianga pawlpi upate’ ngimna in bang a hiam?

၄ အသင်းတော်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့​အပြစ် လုပ်တဲ့အခါ အကြီးအကဲ​သုံးယောက်ကို အကြီးအကဲအဖွဲ့က ရွေးချယ်ပြီး ကော်မတီ ဖွဲ့တယ်။a အကြီးအကဲတွေဟာ ကျိုးနွံမှု၊ နှိမ့်ချမှု ရှိကြတယ်။ အပြစ်​လုပ်​သူ နောင်တရ​လာအောင် ကြိုးစား​ကူညီပေးမှာ ဖြစ်ပေမဲ့ သူ ပြောင်းလဲ​လာအောင် အတင်း​လုပ်လို့​မရဘူး​ဆိုတာ အသိအမှတ်ပြုကြတယ်။ (တရား. ၃၀:၁၉) အပြစ်​လုပ်​သူ​တိုင်း ဘုရင်​ဒါဝိဒ်လို နောင်တရမှာ မဟုတ်ဘူးဆိုတာ​လည်း အသိအမှတ်ပြုကြတယ်။ (၂ ရှ. ၁၂:၁၃) ယေဟောဝါ ဆုံးမ​ပဲ့ပြင်​တာကို လက်မခံသူ​တွေ ရှိနိုင်တယ်။ (က. ၄:၆-၈) ဘာပဲဖြစ်ဖြစ် အပြစ်​လုပ်​သူ နောင်တရ​လာအောင် အတတ်နိုင်ဆုံး ကူညီပေးဖို့​ဟာ အကြီးအကဲတွေရဲ့ ပန်းတိုင် ဖြစ်တယ်။ အပြစ်​လုပ်​သူနဲ့ တွေ့ဆုံတဲ့အခါ အကြီးအကဲတွေ ဘာသတိရသင့်သလဲ။

5. Mawhna a baw mi tawh a kimuhkhop uh ciangin pawlpi upa te’n bang pianziate a lahkhiat ding uh kisam a hiam? (2 Timoti 2:24-26) (Lim zong en in.)

၅ အပြစ်​လုပ်သူဟာ ပျောက်​သွားတဲ့ သိုးလို ဖြစ်​နေပေမဲ့ ယေဟောဝါ​အတွက် အဖိုးတန်ဆဲပဲ​ဆိုတာ အကြီးအကဲတွေ သတိရကြတယ်။ (လု. ၁၅:၄၊ ၆) ဒါကြောင့် သူနဲ့ တွေ့ဆုံတဲ့အခါ မကြင်မနာ ပြောဆို​ဆက်ဆံတာ​မျိုး မလုပ်ကြဘူး။ စစ်ဆေး​မေးမြန်းဖို့​သက်​သက် တွေ့တာ​လို့ သဘောမထားကြဘူး။ ၂ တိမောသေ ၂:၂၄-၂၆ မှာ ဖော်ပြထားတဲ့ အရည်အသွေးတွေ တင်ပြကြ​တယ်။ (ဖတ်ပါ။) သူ သဘောထား ပြောင်းလဲ​လာဖို့ နူးညံ့​သိမ်မွေ့စွာ ကူညီပေးကြတယ်။

ပျောက်​သွားတဲ့ သိုး​ကို သိုးထိန်း လိုက်ရှာ​နေ။ ပျောက်နေတဲ့ သိုး​ဟာ ချုံငြိနေ​ပြီး ခြေထောက် ဒဏ်ရာ ရထား။

ရှေးခေတ်က သိုးထိန်း​တွေ​လိုပဲ အကြီးအကဲတွေဟာ ပျောက်​သွားတဲ့ သိုး​ကို အစွမ်းကုန် လိုက်ရှာ (စာပိုဒ် ၅ ကို ကြည့်ပါ)


6. Mawhna a bawl mi tawh a kimuhkhop ma-un Pawlpi upa te’n a lungsim uh koici kigingkholsak thei uh a hiam? (Rom 2:4)

၆ အပြစ်​လုပ်​သူနဲ့ မတွေ့ဆုံခင် အကြီးအကဲတွေ စိတ်ကို ပြင်ဆင်ထားကြတယ်။ “ခင်ဗျား​ကို နောင်တ​ရစေချင်လို့ ဘုရားသခင် ကရုဏာ​ပြနေတာ” ဆိုတဲ့ ပေါလုရဲ့ စကားကို သတိရကြတယ်။ အပြစ်လုပ်သူတွေ​အပေါ် ယေဟောဝါရဲ့ ဆက်ဆံပုံ​ကို အတုယူကြတယ်။ (ရောမ ၂:၄ ကို ဖတ်ပါ။) မိမိတို့ရဲ့ အဓိက​တာဝန်ဟာ ခရစ်တော်ရဲ့ လမ်းညွှန်မှု​အောက်မှာ သိုးတွေကို ထိန်းကျောင်းဖို့ ဖြစ်တယ်ဆိုတာ သတိရကြတယ်။ (ဟေရှာ. ၁၁:၃၊ ၄။ မ. ၁၈:၁၈-၂၀) အပြစ်​လုပ်​သူ နောင်တရ​လာအောင် ကူညီပေးဖို့​ဆိုတဲ့ ပန်းတိုင်ကို သူနဲ့ မတွေ့ဆုံခင်​မှာ အကြီးအကဲ​ကော်မတီ ဆုတောင်း​သုံးသပ်​တယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်း​စာပေတွေမှာ ရှာဖွေ​လေ့လာ​တယ်။ ပိုင်းခြားသိမြင်မှု ရှိဖို့ ဆုတောင်းတယ်။ သူ့ကို အတွေးအခေါ်၊ လုပ်ရပ် မှားသွား​စေ​တဲ့ အကြောင်းရင်းတွေ​နဲ့ပတ်သက်ပြီး ဘာတွေ မေးဖို့ လိုအပ်​မလဲ​ဆိုတာ စဉ်းစားထား​တယ်။—ပညာ. ၂၀:၅။

7-8. Mawhna a bawl mi tawh a kimuhkhop ciangun pawlpi upa te’n Jehovah’ lungduaina koici etteh thei uh a hiam?

၇ ယေဟောဝါရဲ့ စိတ်ရှည်မှု​ကို အကြီးအကဲတွေ အတုယူကြတယ်။ ကျမ်းစာခေတ်မှာ အပြစ်လုပ်သူတွေ​ကို ယေဟောဝါ ဘယ်လို ဆက်ဆံခဲ့​သလဲ​ဆိုတာ အကြီးအကဲတွေ သတိရကြတယ်။ ဥပမာ၊ အပြစ်​လုပ်ရင် ဘာ​ဆိုးကျိုးတွေ ကြုံရမယ်၊ ကောင်းတာ လုပ်ရင် ဘာကောင်းချီးတွေ ရမယ်ဆိုတာ ကာအိန​ကို ယေဟောဝါ စိတ်ရှည်ရှည် ကျိုးကြောင်း​ဆင်ခြင်​ပြခဲ့တယ်။ (က. ၄:၆၊ ၇) ဒါဝိဒ်​ကို တည့်မတ်ပေးဖို့ ပရောဖက် နာသန်​ကို စေလွှတ်တယ်။ ဒါဝိဒ်​စိတ်ကို ထိမိစေ​မယ့် ပုံဥပမာ​တစ်ခု နာသန် သုံးခဲ့တယ်။ (၂ ရှ. ၁၂:၁-၇) ခေါင်းမာတဲ့ အစ္စရေးလူမျိုး​ဆီ ပရောဖက်တွေ​ကို ယေဟောဝါ “အကြိမ်ကြိမ် စေလွှတ်ခဲ့တယ်။” (ယေ. ၇:၂၄၊ ၂၅) မိမိလူမျိုး နောင်တရ​မှ ယေဟောဝါ စပြီး ကူညီ​တာ မဟုတ်ဘူး။ အပြစ်​လုပ်​နေဆဲ​အချိန်မှာ​တောင် ကူညီပေးတယ်။

၈ ကြီးလေးတဲ့​အပြစ် လုပ်​သူကို ကူညီပေးတဲ့အခါ ယေဟောဝါကို အကြီးအကဲတွေ အတုယူကြတယ်။ ၂ တိမောသေ ၄:၂ မှာ ဖော်ပြထား​သလို “အစွမ်းကုန် စိတ်ရှည်” ကြတယ်။ အပြစ်​လုပ်​သူ မှန်ရာ​လုပ်ချင်​လာအောင် စိတ်ရှည်ရှည် ကျိုးကြောင်း​ဆင်ခြင်​ပြကြတယ်။ အကြီးအကဲတွေ စိတ်မရှည်​ရင် ပြောတဲ့​စကားတွေကို သူ နား​မဝင်​ဘဲ ဖြစ်သွားမယ်။ နောင်တ​ယူဖို့ ခက်​သွားမယ်။

9-10. Mawhna a bawl mi in ama sepnate a theih tel nadingin pawlpi upa te’n koici huh thei a hiam?

၉ သူ ဘာကြောင့် အပြစ်​လုပ်မိ​သွားတယ်​ဆိုတာ ပိုင်း​ဖြတ်နိုင်ဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ ဥပမာ၊ သူ ဘာကြောင့် ဘုရားရေးရာမှာ တဖြည်းဖြည်း အားနည်း​သွား​သလဲ။ ကိုယ်ပိုင်​လေ့လာမှု မလုပ်​တော့​လို့​လား။ အမှုဆောင်မှာ မပါဝင်တော့​လို့​လား။ မှန်မှန် ဆု​မ​တောင်းတော့​လို့​လား။ ပြီးရင် ပြီး​ရော ဆုတောင်းလို့​လား။ မကောင်းတဲ့ ဆန္ဒတွေကို မတွန်းလှန်​တော့​လို့​လား။ အပေါင်းအသင်း၊ ဖျော်ဖြေရေး ရွေးချယ်မှု မှားသွား​လို့ မကောင်းတဲ့ အတွေးအခေါ်၊ ဆန္ဒ ဝင်လာတာ​လား။ အပြစ်​လုပ်မိ​သွား​စေ​တဲ့ ဒီ​ခြေလှမ်း​တွေ​ကြောင့် အဖ​ယေဟောဝါ ဘယ်လို ခံစားရမယ်ဆိုတာ သူ သဘောပေါက်ရဲ့လား။

၁၀ ယေဟောဝါနဲ့ ဆက်ဆံရေးကို ထိခိုက်​သွား​စေ​တဲ့၊ အပြစ်​လုပ်မိ​သွား​စေ​တဲ့ ခြေလှမ်း​တွေ​ကို သူ ဆင်ခြင်​မိအောင် အကြီးအကဲတွေ မေးခွန်း မေးနိုင်တယ်။ ဒါပေမဲ့ သိဖို့ မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို နှိုက်နှိုက်​ချွတ်ချွတ် မ​မေး​သင့်​ဘူး။ (ပညာ. ၂၀:၅) ဒါ့အပြင် ဒါဝိဒ်​ကို ကူညီပေး​တုန်းက နာသန် ပုံဥပမာ သုံးခဲ့​သလို အပြစ်​လုပ်​သူ သူ့​ခြေလှမ်း​တွေ​ကို ဆင်ခြင်​မိ​ဖို့၊ သူ မှားသွားတယ်​ဆိုတာ သဘောပေါက်​လာဖို့ ပုံဥပမာတွေ​ကို အကြီးအကဲတွေ သုံးနိုင်တယ်။ ကော်မတီနဲ့ ပထမ​အကြိမ် တွေ့ဆုံချိန်​မှာ​တင် သူ့​ခြေလှမ်း​တွေ​အတွက် ယူကျုံးမရ ဝမ်းနည်း​နေနိုင်တယ်။ နောင်တရ​နေနိုင်တယ်။

11. Mawhna a bawlte tungah Jesuh koi bangin gamta a hiam?

၁၁ ယေရှုကို အကြီးအကဲတွေ အတုယူကြတယ်။ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်​ညှဉ်းဆဲ​နေတာလဲ” လို့ တာရှု​မြို့သား ရှောလု​ကို ယေရှု မေးတယ်။ ရှောလု ကိုယ့်လုပ်ရပ်​တွေ​ကို ဆင်ခြင်​မိအောင် ယေရှု ကူညီပေး​လိုက်တာပါပဲ။ (တ. ၉:၃-၆) “ကိုယ့်ကိုယ်ကိုယ် ပရောဖက်မ​လို့ ပြောနေတဲ့ ယေဇဗေလ” ကိစ္စမှာ​ကော။b “နောင်တရဖို့ ငါ အချိန်ပေး” တယ်လို့ ယေရှု ပြောတယ်။—ဗျာ. ၂:၂၀၊ ၂၁။

12-13. Kisikkik nadinga hun tampi a kisamte adingin pawlpi upa te’n koi bangin vaihawmsak thei a hiam? (Lim zong en in.)

၁၂ ယေရှုကို အတုယူတဲ့အနေနဲ့ အကြီးအကဲတွေဟာ အပြစ်​လုပ်​သူ နောင်တရမှာ မဟုတ်ဘူးလို့ အလျင်စလို ကောက်ချက်​မ​ချ​ကြ​ဘူး။ ကော်မတီနဲ့ ပထမ​အကြိမ် တွေ့ဆုံချိန်​မှာ​တင် တချို့ နောင်တရ​လာနိုင်ပေမဲ့ တချို့အတွက် အချိန် ပို​လိုအပ်နိုင်တယ်။ ဒါကြောင့် တစ်ကြိမ်​ထက်မက တွေ့ဆုံဖို့ စီစဉ်နိုင်တယ်။ အကြီးအကဲတွေ ပြောတာကို ပထမ​အကြိမ် တွေ့ဆုံ​ပြီးနောက်မှာ အပြစ်​လုပ်​သူ လေးလေးနက်နက် စဉ်းစား​လာနိုင်တယ်။ အပြစ်​ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ ဆုတောင်း​လာနိုင်တယ်။ (ဆာ. ၃၂:၅။ ၃၈:၁၈) ဒီလိုနဲ့ ဒုတိယ​အကြိမ် တွေ့ဆုံချိန်​မှာ ပထမ​အကြိမ် တွေ့ဆုံချိန်​နဲ့ မတူ​တော့​ဘဲ သဘောထား ပြောင်းလဲသွား​လောက်ပြီ။

၁၃ အပြစ်​လုပ်​သူ နောင်တရ​လာအောင် ကူညီပေးတဲ့အခါ အကြီးအကဲတွေ စာနာမှု၊ ကြင်နာမှု ရှိကြတယ်။ မိမိတို့ ကြိုးစား​ကူညီပေးတာကို ယေဟောဝါ ကောင်းချီးပေးဖို့ ဆုတောင်းကြတယ်။ အပြစ်​လုပ်​သူ အသိတရား ရလာပြီး နောင်တရဖို့ မျှော်လင့်​ကြတယ်။—၂ တိ. ၂:၂၅၊ ၂၆။

ရုပ်ပုံ– ၁။ ညီအစ်ကို​တစ်ယောက်ကို အကြီးအကဲ​သုံးယောက် တွေ့ဆုံ​နေ။ အကြီးအကဲတွေ ပြောတာကို ညီအစ်ကို အာရုံမစိုက်ဘဲ တခြား​ဘက် ကြည့်နေ။ ၂။ နောက်ပိုင်းမှာ ညီအစ်ကို့ကို အကြီးအကဲတွေ ထပ်​တွေ့ဆုံ​နေ။ အကြီးအကဲတွေ ပြောတာကို ညီအစ်ကို အာရုံစိုက် နားထောင်​နေ။

နောင်တရဖို့ အချိန်​ပေးတဲ့အနေနဲ့ အပြစ်​လုပ်​သူကို အကြီးအကဲတွေ တစ်ကြိမ်​ထက်မက တွေ့ဆုံ (စာပိုဒ် ၁၂ ကို ကြည့်ပါ)


14. Mawhna a bawl mi a hong kisikkikna pen kua hang a hiam? Bang hang hih bangin gen thei i hiam?

၁၄ အပြစ်​လုပ်​သူ နောင်တရ​လာတယ်​ဆိုရင် ဝမ်းသာစရာ​ပါပဲ။ (လု. ၁၅:၇၊ ၁၀) သူ နောင်တရ​လာတာ ဘယ်သူ့ကြောင့်​လဲ။ ကြိုးစား​ကူညီပေးတဲ့ အကြီးအကဲတွေ​ကြောင့်​လား။ အပြစ်လုပ်သူတွေ​နဲ့ပတ်သက်ပြီး “ဘုရားသခင် အခွင့်အရေး​ပေးတာ ဖြစ်ကောင်း​ဖြစ်လိမ့်မယ်” လို့ ပေါလု ပြောတာကို သတိရပါ။ (၂ တိ. ၂:၂၅) လမ်းလွဲသွား​သူရဲ့ အတွေးအခေါ်၊ သဘောထားကို ပြောင်းလဲ​စေ​တာ လူ မဟုတ်ဘူး၊ ယေဟောဝါ ဖြစ်တယ်။ နောင်တရဖို့ ယေဟောဝါ အခွင့်အရေး ပေးတဲ့အတွက် ဘာရလဒ်တွေ ရ​လာမလဲ။ အမှန်တရားနဲ့​ဆိုင်တဲ့ တိကျမှန်ကန်တဲ့ အသိ​အ​ပညာ ပိုသိလာမယ်၊ အသိတရား ရလာမယ်၊ မာရ်နတ် ထောင်​ထားတဲ့ ကျော့ကွင်း​ကနေ လွတ်​နိုင်မယ်​လို့ ပေါလု ရှင်းပြတယ်။—၂ တိ. ၂:၂၆။

15. Mawhna a bawl mi a hong kisikkik ciangin pawlpi upa te’n koi bangin huhsuak ding uh a hiam?

၁၅ အပြစ်​လုပ်​သူ နောင်တရတဲ့အခါ သူ့ဆီ အကြီးအကဲတွေ သိုးထိန်း​လည်ပတ်ဖို့ အကြီးအကဲ​ကော်မတီက စီစဉ်ပေးတယ်။ သွေးဆောင်မှုတွေကို သူ ဆက်​တွန်းလှန်နိုင်​အောင်၊ မှန်ရာ​လုပ်နိုင်အောင် ကူညီပေးဖို့​ပါ။ (ဟီ. ၁၂:၁၂၊ ၁၃) သူ လုပ်ထားတဲ့ အပြစ်​နဲ့ပတ်သက်ပြီး တခြားသူတွေကို အကြီးအကဲတွေ ပြော​မပြ​ကြ​ဘူး။ ဒါပေမဲ့ အသင်းတော်ကို ဘာ​အသိပေးဖို့ လို​နိုင်​သလဲ။

“MIPI MAI AH NA TAII IN”

16. Timoti Masa 5:20-a Pual’ gen “mipi mai ah” cih in kuate ahi hiam?

၁၆ ၁ တိမောသေ ၅:၂၀ ကို ဖတ်ပါ။ “အပြစ်​လုပ်ရတာ အကျင့်​ပါ​နေတဲ့သူတွေ​ကို လူအများရှေ့မှာ ဆုံးမ​ပါ” လို့ အကြီးအကဲ တိမောသေကို ပေါလု ပြောတယ်။ “လူအများ” ဆိုတာ အသင်းတော်​တစ်ခုလုံးကို အမြဲ ဆိုလိုသလား။ မဆိုလိုပါဘူး။ သူ့​အပြစ်အကြောင်း သိထားပြီးသား​သူတွေကို ဆိုလိုတာ​ပါ။ သူ့​အပြစ်အကြောင်း သိထားပြီးသား​သူ​တွေ​လို့ ပြောတဲ့အခါ မျက်မြင်​သက်သေတွေ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အပြစ်​လုပ်​သူ ပြောပြ​ထားလို့ ဒီကိစ္စကို သိနေ​သူ​တွေ ဖြစ်နိုင်တယ်။ အပြစ်​လုပ်​သူကို ဆုံးမပြီး ဖြစ်ကြောင်း သူတို့​လောက်ကို​ပဲ အကြီးအကဲတွေ အသိပေးမှာ ဖြစ်တယ်။

17. Mawhna a bawl mi thuhilhna kithuaksak khin ahihlam koi bang dinmun ciangin pawlpi sungah kitaangko ding a hiam? Bang hang hiam?

၁၇ တစ်ခါတလေ​ကျတော့ တစ်ယောက်ယောက် အပြစ်​လုပ်တာကို အသင်းတော်က လူ​တော်တော်​များများ သိထားတာ​မျိုး၊ သိ​လာနိုင်​တာ​မျိုး ရှိတတ်တယ်။ အဲဒီလို​အခြေအနေမှာ​တော့ “လူအများ” ဆိုတာ အသင်းတော်​တစ်ခုလုံးကို ဆိုလိုတယ်။ ဒါကြောင့် အပြစ်​လုပ်​သူကို ဆုံးမပြီး ဖြစ်ကြောင်း အသင်းတော်ကို အကြီးအကဲ​တစ်ယောက် ကြေညာမှာ ဖြစ်တယ်။ “ဒါမှ တခြားသူတွေ​အတွက် သတိပေးချက် ဖြစ်လိမ့်မယ်။”

18. Kum 18 nuai tui kiphum khin khat in mawhna bawl ahih leh pawlpi upa te’n koi bangin sem ding uh a hiam? (Lim zong en in.)

၁၈ အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူ ကြီးလေးတဲ့​အပြစ် လုပ်ရင်​ကော။ သက်သေခံ မိဘနဲ့​အတူ သူ့ကို အကြီးအကဲ​နှစ်ယောက် တွေ့ဆုံဖို့ အကြီးအကဲအဖွဲ့ စီစဉ်ပေးတယ်။c သူ နောင်တရ​လာဖို့ ဘယ်လို ကူညီပေးခဲ့ပြီလဲ​ဆိုတာ မိဘတွေကို အကြီးအကဲတွေ မေးတယ်။ မိဘတွေ ကူညီပေးတာကို သူ လက်ခံပြီး အတွေးအခေါ်၊ အပြုအမူ ပြောင်းလဲနေတယ်​ဆိုရင် မိဘတွေ ဆက်​ကူညီပေးဖို့ အကြီးအကဲ​နှစ်ယောက် ဆုံးဖြတ်နိုင်တယ်။ အကြီးအကဲ​ကော်မတီ ဖွဲ့ဖို့ မလိုဘူး။ သားသမီးကို မေတ္တာပါပါ ဆုံးမသွန်သင်​ဖို့​ဟာ မိဘတွေကို ဘုရား ပေးထားတဲ့ တာဝန် ဖြစ်လို့​ပါပဲ။ (တရား. ၆:၆၊ ၇။ ပညာ. ၆:၂၀။ ၂၂:၆။ ဧ. ၆:၂-၄) ဒါပေမဲ့ သူ့ကို ဆက်​ကူညီပေးနေသလား၊ ကူညီပေးတာကို သူ လက်ခံ​သလား​ဆိုတာ မိဘတွေကို အကြီးအကဲတွေ ရံဖန်ရံခါ မေး​မှာ ဖြစ်တယ်။ သူ နောင်တ​မရဘဲ အပြစ်​ဆက်လုပ်​နေမယ်ဆိုရင်​တော့ သက်သေခံ မိဘနဲ့​အတူ သူ့ကို အကြီးအကဲ​ကော်မတီ တွေ့ဆုံပါမယ်။

နှစ်ခြင်းခံပြီးသား ကလေးနဲ့ မိဘတွေ​နဲ့​အတူ အိမ်မှာ အကြီးအကဲ​နှစ်ယောက် တွေ့ဆုံ​နေ။ အကြီးအကဲ​တစ်ယောက် ကျမ်းစာ​ဖတ်ပြ​နေ။

အသက် ၁၈ နှစ်အောက် နှစ်ခြင်းခံပြီးသူ ကြီးလေးတဲ့​အပြစ် လုပ်တဲ့အခါ သက်သေခံ မိဘနဲ့​အတူ သူ့ကို အကြီးအကဲ​နှစ်ယောက် တွေ့ဆုံ (စာပိုဒ် ၁၈ ကို ကြည့်ပါ)


‘JEHOVAH IN HEHPIHNA NEI’

19. Mawhna a bawl mi tawh a kimuhkhop ciangun pawlpi upa te’n Jehovah koici etteh uh a hiam?

၁၉ ကော်မတီမှာ ပါဝင်တဲ့ အကြီးအကဲတွေဟာ အသင်းတော်ကို စင်ကြယ်​အောင် ထားဖို့ တာဝန် ရှိတယ်။ (၁ ကော. ၅:၇) ဒါပေမဲ့ အပြစ်​လုပ်​သူ နောင်တရ​လာဖို့ သူတို့ အတတ်နိုင်ဆုံး ကူညီပေးကြတယ်။ အပြစ်​လုပ်​သူ နောင်တရ​လာမှာ​ပါ​ဆိုတဲ့ မျှော်လင့်ချက် အမြဲ ထားကြတယ်။ ဘာကြောင့်လဲ။ “အလွန်​ချစ်ခင်စာနာပြီး ကရုဏာကြီး” တဲ့ ယေဟောဝါကို အတုယူ​ကြ​လို့​ပါပဲ။ (ယာ. ၅:၁၁) ယေဟောဝါရဲ့ ကရုဏာ​ကို အတုယူ​သူ​တစ်ယောက်ကတော့ သက်ကြီး တမန်တော် ယောဟန်​ပါ။ “သားသမီးတို့၊ ဒီ​အကြောင်းအရာတွေကို ရေး​ရတာက ခင်ဗျားတို့ အပြစ်​မလုပ်မိအောင်​ပါ။ ဒါပေမဲ့ တစ်ယောက်ယောက် အပြစ်​လုပ်မိရင်တောင် ကူညီပေးမယ့်​သူ ရှိပါတယ်။ သူကတော့ အဖ​ဘုရားနဲ့​အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်​ပဲ” လို့ ယောဟန် ပြောတယ်။—၁ ယော. ၂:၁။

20. A zom thulu-ah bang thu kikum ding i hiam?

၂၀ ဝမ်းနည်းစရာက အပြစ်​လုပ်​သူတချို့ နောင်တ​မယူဘူး။ နောင်တ​မယူ​သူတွေကို အသင်းတော်ကနေ ဖယ်ရှား​ရမယ်။ ဒီလို​ကိစ္စ​မျိုးကို အကြီးအကဲတွေ ဘယ်လို ကိုင်တွယ်​ကြ​သလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • Rom 2:4-a a gen bangin, mawhna a bawl mi tawh kimuhkhop cianga pawlpi upate’ ngimna in bang a hiam?

  • Timoti Nihna 2:24-26 -a a gen bangin, pawlpi upa te’n bang pianziate a lahkhiat ding uh kisam a hiam?

  • “Mipi mai ah na taii in,” cih in bang a cihnopna hiam?

LA 103 လူ့​အသွင်​ဆု သိုးထိန်းများ

a အရင်တုန်းကတော့ တရားရေး​ကော်မတီ​လို့ ခေါ်တယ်။ ဒါပေမဲ့ တရားစီရင်​တာ​ဟာ အကြီးအကဲ​တာဝန်​ရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်။ ဒါကြောင့် တရားရေး​ကော်မတီ​လို့ မ​ခေါ်​ဘဲ အကြီးအကဲ​ကော်မတီ​လို့ ပြောင်းလဲ​ခေါ်ဆို​ပါမယ်။

b “ယေဇဗေလ” ဆိုတာ အသင်းတော်မှာ ရှိသူတွေကို လမ်းလွဲအောင် လုပ်နေတဲ့ မိန်းမ​တစ်ယောက် ဒါမှမဟုတ် မိန်းမ​တစ်စု​ကို ဆိုလိုတာ ဖြစ်နိုင်တယ်။

c မိဘတွေကို ပြော​ထားတာ​ဟာ တရားဝင် အုပ်ထိန်းသူ ဒါမှမဟုတ် မိဘ​တာဝန် ယူ​ပေးထားသူ​တွေ​နဲ့​လည်း သက်ဆိုင်ပါတယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ