SIN DING THU 33
LA 130 ခွင့်လွှတ်တတ်ကြပါ
Mawhnalianpi A Bawlte Thunga Jehovah’ Muh Dan Etteh In
“Mi khatpeuh a khialh ciangin eite adingin Pa Pasian kiangah a hong thumsak dingin a thuman Jesuh Khrih i nei hi.”—1 JOH. 2:1.
အာရုံစိုက်ရာ
ကြီးလေးတဲ့အပြစ် လုပ်သူကို ပထမရာစု ကောရိန္သုအသင်းတော် ကိုင်တွယ်ခဲ့ပုံကနေ ဘာသင်ယူနိုင်သလဲ။
1. Mi khempeuh adinga Jehovah’ deihna in bang a hiam?
ကျွန်တော်တို့ နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချကြရတယ်။ အရေးကြီးဆုံး ဆုံးဖြတ်ချက်ကတော့ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံဖို့၊ ယုံကြည်သူချင်းတွေနဲ့အတူ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တာပါပဲ။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် လူတိုင်းကို ယေဟောဝါ ပေးထားပေမဲ့ ဖြစ်နိုင်ရင် မိမိကို ဝတ်ပြုဖို့ ဆုံးဖြတ်စေချင်တယ်။ ဘာကြောင့်လဲ။ လူတွေကို ချစ်လို့၊ လူတွေရဲ့ အကျိုးကို လိုလားလို့ပါ။ ဒါ့အပြင် လူတွေကို မိမိနဲ့ ရင်းနှီးစေချင်တယ်။ ထာဝစဉ် အသက်ရှင်စေချင်တယ်။—တရား. ၃၀:၁၉၊ ၂၀။ ဂလ. ၆:၇၊ ၈။
2. A kisikkik nai lo-te adinga Jehovah’ deihna in bang a hiam? (1 Johan 2:1)
၂ မိမိကို ဝတ်ပြုဖို့ ဘယ်သူ့ကိုမှ ယေဟောဝါ အတင်းဖိအားမပေးဘူး။ ဘာလုပ်မယ်ဆိုတာ လူတိုင်း ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်တယ်။ တကယ်လို့ နှစ်ခြင်းခံပြီးသား ခရစ်ယာန်တစ်ယောက် ကြီးလေးတဲ့အပြစ် လုပ်တယ်ဆိုရင် ဘာဖြစ်မလဲ။ နောင်တမယူရင် အသင်းတော်ကနေ ဖယ်ရှားခံရမယ်။a (၁ ကော. ၅:၁၃) ဒါပေမဲ့ ဖယ်ရှားခံရရင်တောင် နောင်တယူပြီး မိမိဆီ ပြန်လှည့်လာဖို့ ယေဟောဝါ မျှော်လင့်တုန်းပါပဲ။ တကယ်တော့ ရွေးဖိုး ပြင်ဆင်ပေးတဲ့ အကြောင်းရင်းတစ်ခုကိုက နောင်တယူသူတွေကို ခွင့်လွှတ်ပေးနိုင်ဖို့ ဖြစ်တယ်။ (၁ ယောဟန် ၂:၁ ကို ဖတ်ပါ။) အပြစ်လုပ်သူတွေ နောင်တရဖို့ မေတ္တာရပ်ခံတာကို ကြည့်ရင် ယေဟောဝါ ကရုဏာ ကြီးမားကြောင်း ထင်ရှားတယ် မဟုတ်လား။—ဇာ. ၁:၃။ ရော. ၂:၄။ ယာ. ၄:၈။
3. Hih thulu-ah bang thu kikum ding i hiam?
၃ အပြစ်အပေါ်၊ အပြစ်လုပ်သူတွေအပေါ် ထားတဲ့ မိမိရဲ့ သဘောထားကို ယေဟောဝါ အတုယူစေချင်တယ်။ ဘယ်လို အတုယူနိုင်ကြောင်း ဒီဆောင်းပါးကနေ သိရပါမယ်။ (၁) ကြီးလေးတဲ့အပြစ် လုပ်သူကို ကောရိန္သုအသင်းတော် ဘယ်လို ကိုင်တွယ်ခဲ့သလဲ။ (၂) အပြစ်လုပ်သူ နောင်တရတဲ့အခါ အသင်းတော်က ဘယ်လို ဆက်ဆံခဲ့သလဲ။ (၃) အပြစ်လုပ်သူတွေအပေါ် ထားတဲ့ ယေဟောဝါရဲ့ သဘောထားနဲ့ပတ်သက်ပြီး ဒီမှတ်တမ်းကနေ ဘာသိရသလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။
MAWHNALIANPI A BAWLTE TUNGA PAWLPI’ SEP DAN
4. Kum zalom masa-a Korin pawlpi-ah koi bang thu na piang a hiam? (1 Korin 5:1, 2)
၄ ၁ ကောရိန္သု ၅:၁၊ ၂ ကို ဖတ်ပါ။ တည်ထောင်ခါစ ကောရိန္သုအသင်းတော်က သတင်းတစ်ခုကို တတိယ သာသနာပြုခရီးစဉ်အတွင်း ပေါလု ကြားလိုက်ရတယ်။ ညီအစ်ကိုတစ်ယောက် မိထွေးဖြစ်သူနဲ့ ပေါင်းသင်းနေထိုင်တယ်ဆိုတဲ့ သတင်းပါ။ တော်တော် ထိတ်လန့်စရာပါပဲ။ “အဲဒီလုပ်ရပ်မျိုးဟာ လူမျိုးခြားတွေထဲမှာတောင် မရှိဘူး။” ဒီလုပ်ရပ်ကို အသင်းတော်က လက်ခံခွင့်ပြုထားတဲ့အပြင် ဒီလိုလက်ခံခွင့်ပြုထားတာကို ဂုဏ်ယူနေပုံပဲ။ ‘မစုံလင်သူတွေကို ယေဟောဝါ ကရုဏာထား နားလည်ပေးတယ်။ ဒါကြောင့် ငါတို့လည်း ဒီလူကို ကရုဏာထား နားလည်ပေးနေတာ’ လို့ တွေးကြတာ ဖြစ်နိုင်တယ်။ ယေဟောဝါဟာ ကရုဏာ ရှိပေမဲ့ မိမိလူမျိုး အပြစ်လုပ်တာကို လက်သင့်မခံဘူး။ ဒီလူရဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်ကြောင့် အသင်းတော်နာမည် ထိခိုက်မှာ သေချာတယ်။ သူနဲ့ ပေါင်းသင်းသူတချို့ သူ့လမ်းစဉ် လိုက်လာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် အသင်းတော်ကို ပေါလု ဘာညွှန်ကြားသလဲ။
5. Pual in Korin pawlpi kiang bang gen a hiam? Bang hang hiam? (1 Korin 5:13) (Lim zong en in.)(၁ ကောရိန္သု ၅:၁၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၅ ၁ ကောရိန္သု ၅:၁၃ ကို ဖတ်ပါ။ နောင်တမယူသူကို အသင်းတော်ကနေ ဖယ်ရှားဖို့ စွမ်းအားတော် လမ်းညွှန်မှုနဲ့ အသင်းတော်ဆီ ပေါလု စာရေးတယ်။ “သူနဲ့ ပေါင်းဖော်ဖို့ မပြောနဲ့ အတူစားသောက်တာတောင် မလုပ်ကြဖို့” ညွှန်ကြားတယ်။ (၁ ကော. ၅:၁၁) ဘာကြောင့်လဲ။ လူတစ်ယောက်နဲ့ အတူထိုင်ပြီး စားသောက်တဲ့အခါ စကားလက်ဆုံကျသွားဖို့ လွယ်တယ်။ အပြစ်လုပ်သူနဲ့ ညီအစ်ကို/မတွေကို ပေါလု အရောတဝင် မနေစေချင်တာ ထင်ရှားတယ်။ သူ့အကျင့်တွေ အသင်းတော်ဆီ ကူးစက်မလာဖို့ပါ။ (၁ ကော. ၅:၅-၇) ဒါ့အပြင် မပေါင်းသင်းဘဲ ခပ်တန်းတန်း နေမှ သူ့လုပ်ရပ် ဘယ်လောက် ဆိုးတယ်ဆိုတာ သူ သဘောပေါက်လာမယ်။ အရှက်ရပြီး နောင်တယူချင်လာမယ်။
နောင်တမယူသူကို အသင်းတော်ကနေ ဖယ်ရှားဖို့ စွမ်းအားတော် လမ်းညွှန်မှုနဲ့ အသင်းတော်ဆီ ပေါလု စာရေး (စာပိုဒ် ၅ ကို ကြည့်ပါ)
6. Pual ii laikhak pen pawlpi in koici thukkik a hiam? Tua in mawhna a bawl mi adingin bang hamphatna omsak a hiam?
၆ မိမိစာကို ကောရိန္သုအသင်းတော် ဘယ်လို တုံ့ပြန်မလဲ ပေါလု သိချင်နေတယ်။ မိမိညွှန်ကြားတဲ့အတိုင်း အပြစ်လုပ်သူကို ဖယ်ရှားလိုက်ပြီဆိုတဲ့သတင်း တိတုဆီက ကြားရတော့ ပေါလု ဝမ်းသာသွားတယ်။ (၂ ကော. ၇:၆၊ ၇) ပိုဝမ်းသာစရာကောင်းတာက ဖယ်ရှားခံရပြီး သိပ်မကြာခင်မှာပဲ အပြစ်လုပ်သူ နောင်တရနေပြီဆိုတဲ့ သတင်းပါ။ အမူအကျင့်၊ သဘောထား ပြောင်းလဲနေပြီ။ ဘုရားစံနှုန်းတွေ လိုက်နာနေပြီ။ (၂ ကော. ၇:၈-၁၁) အခု၊ အသင်းတော်ကို ပေါလု ဘာများ ထပ်ညွှန်ကြားမလဲ။
MAWHNA A BAWL A KISIKKIK MITE TUNGA PAWLPI SEP DAN
7. Pawipi pan mawhna a bawl mi lakkhiatna in bang hamphatna omsak a hiam? (2 Korin 2:5-8)
၇ ၂ ကောရိန္သု ၂:၅-၈ ကို ဖတ်ပါ။ “ခင်ဗျားတို့အများစုရဲ့ ပြစ်တင်ဆုံးမစကားဟာ အဲဒီလူအတွက် လုံလောက်ပါပြီ” လို့ ပေါလု ပြောတယ်။ အပြစ်လုပ်သူကို အသင်းတော်ကနေ ဖယ်ရှားတာက သူ့ကို နောင်တရလာစေတယ်။ နောင်တရပြီဆိုရင် အသင်းတော်အနေနဲ့ သူ့ကို ဆက်ပြီး ပြစ်တင်ဆုံးမနေစရာ မလိုတော့ဘူး။—ဟီ. ၁၂:၁၁။
8. Pual in pawlpi kiang bang gen lai a hiam?
၈ အပြစ်လုပ်သူ နောင်တရနေပြီ ဖြစ်လို့ ပြန်လက်ခံဖို့ အသင်းတော်ကို ပေါလု ညွှန်ကြားတယ်။ ဒါ့အပြင် “သူ့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ပြီး နှစ်သိမ့်ပေး” ဖို့၊ “သူ့ကို တကယ် ချစ်မှန်း သူ သိအောင် သက်သေပြ” ဖို့ ပြောတယ်။ တကယ် ခွင့်လွှတ်တယ်၊ ချစ်တယ်ဆိုတာ နောင်တရသူ ခံစားမိအောင် အပြောအဆို၊ လုပ်ရပ်နဲ့ သက်သေပြဖို့ ပြောနေတာပါ။ ဒါမှလည်း အသင်းတော်ထဲ ပြန်ရောက်လာတာကို ညီအစ်ကို/မတွေ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပေးတယ်လို့ နောင်တရသူ ခံစားရမှာ။
9. A kisikkikte’ mawhna maisak ding pen mi pawlkhat adingin bang hang haksa thei a hiam?
၉ နောင်တရသူ အသင်းတော်ထဲ ပြန်ရောက်လာတာကို တချို့ မကြည်ဖြူတာမျိုး ဖြစ်ခဲ့သလား။ ကျမ်းစာမှာ ဖော်ပြမထားပေမဲ့ ဖြစ်ခဲ့ပုံပဲ။ ဘာကြောင့် မကြည်ဖြူတာ ဖြစ်နိုင်သလဲ။ သူ့လုပ်ရပ်ကြောင့် အသင်းတော်တစ်ခုလုံး ဂယက်ရိုက်သွားခဲ့တာ ဖြစ်နိုင်တယ်။ အသင်းတော်ထဲက တချို့ ပတ်ဝန်းကျင်မှာ မျက်နှာမပြရဲခဲ့တာ ဖြစ်နိုင်တယ်။ ‘ကိုယ့်မှာတော့ ကိုယ်ကျင့်တရား စင်ကြယ်ဖို့ ကြိုးစားလိုက်ရတာ။ အပြစ်လုပ်ထားသူကို အခုလို အသင်းတော်မှာ ပြန်လက်ခံတာ မတရားဘူး’ လို့ တချို့ ခံစားရနိုင်တယ်။ (လုကာ ၁၅:၂၈-၃၀ နဲ့ နှိုင်းယှဉ်ပါ။) ဒါပေမဲ့ အသင်းတော်ထဲ ပြန်ရောက်လာသူကို မေတ္တာပြဖို့ ဘာကြောင့် အရေးကြီးသလဲ။
10-11. Pawlpi upa te’n a kisikkikte’ mawhna maisak kei uh leh bang piang thei a hiam?
၁၀ စစ်မှန်တဲ့ နောင်တရသူကို အကြီးအကဲတွေ အသင်းတော်ထဲ ပြန်လက်မခံဘူး ဒါမှမဟုတ် အသင်းတော်ထဲ ပြန်ရောက်လာပြီးနောက်ပိုင်း ညီအစ်ကို/မတွေ မေတ္တာမပြကြဘူးဆိုရင် ဘာဖြစ်နိုင်သလဲ။ “သူ ဖြေမဆည်နိုင်အောင် ဝမ်းနည်း” သွားနိုင်တယ်။ ‘ငါ့အတွက် အသင်းတော်မှာ နေရာ မရှိတော့ဘူး’ လို့ ခံစားသွားနိုင်တယ်။ လက်လျှော့အရှုံးပေးပြီး ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ မကြိုးစားတော့တာတောင် ဖြစ်နိုင်တယ်။
၁၁ နောင်တရသူကို ခွင့်မလွှတ်တဲ့ ညီအစ်ကို/မတွေကော ဘာဖြစ်သွားနိုင်သလဲ။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်နိုင်တယ်။ ဘာကြောင့်လဲ။ နောင်တရသူတွေကို မေတ္တာထား ခွင့်လွှတ်တတ်တဲ့ ယေဟောဝါကို အတုယူရာမရောက်ဘဲ မေတ္တာကင်းမဲ့တဲ့ စာတန်ကို အတုယူရာရောက်လို့ပါပဲ။ နောင်တရသူနဲ့ ဘုရားရဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ မာရ်နတ် အသုံးပြုတဲ့ လက်ကိုင်တုတ် ဖြစ်သွားနိုင်တယ်။—၂ ကော. ၂:၁၀၊ ၁၁။ ဧ. ၄:၂၇။
12. Korin pawlpi in Jehovah koici etteh thei uh a hiam?
၁၂ ယေဟောဝါနဲ့ပတ်သက်ပြီး ကျမ်းရေးသူတချို့ ဘာပြောသလဲ သတိပြုပါ။ ယေဟောဝါဟာ “ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” လို့ ဒါဝိဒ် ပြောတယ်။ (ဆာ. ၈၆:၅) “ကိုယ်တော့်လို ဘုရားမျိုး ရှိလို့လား။ ကိုယ်တော်ဟာ . . . အမှားကို ခွင့်လွှတ်တဲ့ဘုရား၊ အပြစ်တွေကို မှတ်မထားတဲ့ ဘုရားပါ” လို့ မိက္ခာ ပြောတယ်။ (မိ. ၇:၁၈) ဒါ့အပြင် “လူဆိုးက မိမိလမ်းစဉ်ကို စွန့်ပါစေ။ လူယုတ်မာကလည်း မိမိအကြံအစည်တွေကို စွန့်ပါစေ။ ကရုဏာပြမယ့် ယေဟောဝါဆီ ပြန်လှည့်လာပါစေ။ ဘုရားသခင်က အကြွင်းမဲ့ ခွင့်လွှတ်လိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ (ဟေရှာ. ၅၅:၇) ဒီတော့ စာတန်ကို မဟုတ်ဘဲ ယေဟောဝါကို ကောရိန္သုအသင်းတော် ဘယ်လို အတုယူနိုင်သလဲ။ နောင်တရသူကို ယေဟောဝါ ခွင့်လွှတ်သလို ခွင့်လွှတ်ခြင်းအားဖြင့် အတုယူနိုင်တယ်။
13. Pawlpi sungah a kisikkikte sankik nading a hun bang hang ziakaisak ding kilawm lo a hiam? (“Korin Pawlpi In Mawhna A Bawl Pa Bang Hun Ciangin Na Sangkik A Hiam?” kiu li bawm en in.)
၁၃ ကောရိန္သုအသင်းတော်ဟာ ယေဟောဝါကို အတုယူတဲ့အနေနဲ့ နောင်တရသူကို ခွင့်လွှတ်ပေးရမယ်။ သူ့ကို ချစ်မှန်း သက်သေပြရမယ်။ နောင်တရသူကို ခွင့်လွှတ်ပါဆိုတဲ့ ပေါလုရဲ့ ညွှန်ကြားချက်ကို လိုက်နာခြင်းအားဖြင့် “အရာရာမှာ နာခံမှုရှိတယ်” ဆိုတာ သူတို့ သက်သေပြကြတယ်။ (၂ ကော. ၂:၉) အသင်းတော်ကနေ ဖယ်ရှားလိုက်တာ လအနည်းငယ်ပဲ ကြာသေးပေမဲ့ အပြစ်လုပ်သူ နောင်တရနေပြီ။ ဒါကြောင့် သူ့ကို အသင်းတော်ထဲ ပြန်လက်ခံဖို့ အကြီးအကဲတွေ အချိန်မဆွဲသင့်ဘူး။
JEHOVAH’ THUMANNA LE HEHPIHNA ETTEH THEIH DAN
14-15. Mawhnalianpi a bawlte tunga Korin pawlp’ sep dan pan bang theikhia i hiam? (2 Peter 3:9) (Lim zong en in.)
၁၄ ကြီးလေးတဲ့အပြစ် လုပ်သူကို ကောရိန္သုအသင်းတော် ကိုင်တွယ်ပုံအကြောင်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတာဟာ “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။” (ရော. ၁၅:၄) ဒီမှတ်တမ်းကနေ ဘာတွေ သိရသလဲ။ ယေဟောဝါဟာ မိမိလူမျိုး ဘာလုပ်လုပ် ခွင့်ပြုတဲ့ဘုရား၊ စံနှုန်းတွေကို လျှော့ပေါ့ပေးတဲ့ဘုရား မဟုတ်ဘူး။ ကြီးလေးတဲ့အပြစ် လုပ်တာကို လက်သင့်မခံဘူး။ (ယု. ၄) ယေဟောဝါ ကရုဏာ ရှိတဲ့အတွက် နောင်တမယူသူကို အသင်းတော်မှာ ဆက်ထားမယ်လို့ တချို့ ထင်နိုင်တယ်။ တကယ်တော့ အသင်းတော်မှာ ဆက်ထားမှ ယေဟောဝါ ကရုဏာ မရှိရာရောက်မှာ။ နောင်တမယူသူကို အသင်းတော်မှာ ဆက်ထားတာ အသင်းတော်တစ်ခုလုံးအတွက် အန္တရာယ်ရှိလို့ပဲ။—ပညာ. ၁၃:၂၀။ ၁ ကော. ၁၅:၃၃။
၁၅ ဘယ်သူ့ကိုမှ ယေဟောဝါ မပျက်စီးစေချင်ဘူးဆိုတာလည်း ဒီမှတ်တမ်းကနေ သိရတယ်။ ဖြစ်နိုင်သရွေ့ လူတွေကို ကယ်တင်ချင်တယ်။ အတွေးအခေါ်၊ လုပ်ရပ် ပြောင်းလဲပြီး မိမိနဲ့ ဆက်ဆံရေးကောင်း ပြန်ရှိချင်သူတွေကို ကရုဏာပြတယ်။ (ယေဇ. ၃၃:၁၁။ ၂ ပေတရု ၃:၉ ကို ဖတ်ပါ။) ဒါကြောင့် ကောရိန္သုအသင်းတော်က အပြစ်လုပ်သူ နောင်တရပြီး လမ်းစဉ်ပြောင်းလဲလာတဲ့အခါ သူ့ကို ခွင့်လွှတ်ပြီး အသင်းတော်မှာ ပြန်လက်ခံဖို့ ပေါလုကတစ်ဆင့် ယေဟောဝါ ညွှန်ကြားတယ်။
အသင်းတော်ထဲ ပြန်ရောက်လာသူတွေကို ယေဟောဝါလိုပဲ ကျွန်တော်တို့ မေတ္တာ၊ ကရုဏာပြ (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)
16. Mawhnalianpi a bawlte tunga Korin pawlpi sep dan tawh kisai-in na lungsim bangci om a hiam?
၁၆ ကြီးလေးတဲ့အပြစ် လုပ်သူကို ကောရိန္သုအသင်းတော် ကိုင်တွယ်ပုံကနေ ယေဟောဝါ မေတ္တာရှိတယ်၊ ဖြောင့်မတ်တယ်၊ တရားမျှတတယ်ဆိုတာ သိရတယ်။ (ဆာ. ၃၃:၅) ယေဟောဝါကို ချီးမွမ်းဂုဏ်တင်ချင်စိတ် ပိုတိုးများလာတယ်။ ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်ပြီး ခွင့်လွှတ်မှု လိုအပ်ကြတယ်။ ဒါကြောင့် ခွင့်လွှတ်ပေးနိုင်ဖို့ ရွေးဖိုးကို ယေဟောဝါ ကရုဏာပါပါ ပြင်ဆင်ပေးထားတာ ကျေးဇူးတင်စရာပါပဲ။ မိမိလူမျိုးကို ယေဟောဝါ တကယ် ချစ်ကြောင်း၊ မိမိလူမျိုးအတွက် အကောင်းဆုံးကို လိုလားကြောင်း သိရတာကလည်း နှစ်သိမ့်မှု ဖြစ်စရာပါပဲ။
17. A zom thulu-ah bang thu kikum ding i hiam?
၁၇ ဒီနေ့အချိန်မှာ တစ်ယောက်ယောက် ကြီးလေးတဲ့အပြစ် လုပ်ရင်ကော အကြီးအကဲတွေအနေနဲ့ ယေဟောဝါရဲ့ ကရုဏာကို ဘယ်လို အတုယူနိုင်သလဲ။ အပြစ်လုပ်သူ နောင်တရလာအောင် ဘယ်လို ကူညီပေးနိုင်သလဲ။ တစ်ယောက်ယောက်ကို အသင်းတော်ကနေ ဖယ်ရှားဖို့ ဒါမှမဟုတ် ပြန်လက်ခံဖို့ အကြီးအကဲတွေ ဆုံးဖြတ်တဲ့အခါ အသင်းတော် ဘယ်လို တုံ့ပြန်သင့်သလဲ။ ဒီမေးခွန်းတွေကို နောက်ဆောင်းပါးတွေမှာ ဆွေးနွေးသွားပါမယ်။
LA 109 နှစ်နှစ်ကာကာ ချစ်ကြပါ
a အရင်တုန်းကတော့ နှင်ထုတ်ခံရသူလို့ ခေါ်တယ်။ ဒါပေမဲ့ ၁ ကောရိန္သု ၅:၁၃ မှာ ပေါလု သုံးထားတဲ့ အသုံးအနှုန်းနဲ့အညီ အသင်းတော်ကနေ ဖယ်ရှားခံရသူလို့ ပြောင်းလဲခေါ်ဆိုပါမယ်။