Sin Ding Thu 5
LA 108 ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ
Jehovah’ Itna Hanga I Ngah Thuphate
“Khrih Jesuh, mawhneite a hon khia dingin leitungah hong pai hi.”—1 TI. 1:15.
အာရုံစိုက်ရာ
ရွေးဖိုးကြောင့် ကျွန်တော်တို့ ဘာအကျိုးရသလဲ။ ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ။
1. Koi bang danin Jehovah lungdamsak thei i hiam?
ချစ်ခင်ရသူတစ်ယောက်ကို လှလည်း လှ၊ အသုံးလည်း တည့်တဲ့ လက်ဆောင်တစ်ခု ပေးတယ်ဆိုပါစို့။ လက်ဆောင်ကို သူ ချောင်ထိုးထားလိုက်ရင် သင် ဝမ်းနည်းမိမှာပဲ။ လက်ဆောင်ကို သူ ကောင်းကောင်း သုံးနေတယ်၊ လက်ဆောင်အတွက် ကျေးဇူးတင်တယ်ဆိုရင်တော့ သင် ဝမ်းသာမှာ သေချာတယ်။ ရွေးဖိုးလက်ဆောင်နဲ့ပတ်သက်လာရင်ကော။ သားတော်ကို အသေခံစေပြီးတော့တောင် ကျွန်တော်တို့ကို ယေဟောဝါဘုရား ရွေးဖိုးလက်ဆောင် ပေးထားတာ။ အဖိုးတန် ဒီလက်ဆောင်အတွက်၊ လက်ဆောင် ပေးဖို့ လှုံ့ဆော်ပေးတဲ့ မေတ္တာတော်အတွက် ကျွန်တော်တို့ ကျေးဇူးတင်ကြောင်း ပြရင် ယေဟောဝါ ဘယ်လောက် ဝမ်းသာလိုက်မလဲ။—ယော. ၃:၁၆။ ရော. ၅:၇၊ ၈။
2. Hih thulu-ah bang thu kikum ding i hiam?
၂ အချိန်ကြာလာတာနဲ့အမျှ ရွေးဖိုးလက်ဆောင်အတွက် ကျွန်တော်တို့ ကျေးဇူးတင်စိတ် လျော့လာနိုင်တယ်။ ကျေးဇူးတင်စိတ် လျော့လာရင် ဘုရားပေးလက်ဆောင်ကို ချောင်ထိုးလိုက်ရာ ရောက်သွားမယ်။ အဲဒီလိုမဖြစ်ဖို့ ဘုရားနဲ့ ခရစ်တော် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်စိတ် အမြဲ ရှိအောင် လုပ်နေရမယ်။ ဘယ်လို လုပ်နိုင်ကြောင်း ဒီဆောင်းပါးကနေ သိရမယ်။ ရွေးဖိုးကြောင့် လောလောဆယ် ဘာအကျိုးရနေသလဲ၊ အနာဂတ်မှာ ဘာအကျိုးရနိုင်သလဲဆိုတာ ဆွေးနွေးကြမယ်။ အထူးသဖြင့် အောက်မေ့ရာကာလအတွင်း ယေဟောဝါရဲ့ မေတ္တာအတွက် ဘယ်လို ကျေးဇူးတုံ့ပြန်နိုင်သလဲဆိုတာလည်း သုံးသပ်သွားပါမယ်။
TU HUNAH ZONG TATKHIATNA IN HONG HAMPHATPIH DAN
3. Tu hunah tatkhiatna hanga i ngah hamphatna khat in bang a hiam?
၃ ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကြောင့် အခုကတည်းက ကျွန်တော်တို့ အကျိုးရနေကြတယ်။ ဥပမာ၊ ရွေးဖိုးကို အခြေခံပြီး ကျွန်တော်တို့ကို ယေဟောဝါ အပြစ်ခွင့်လွှတ်ပေးတယ်။ တာဝန်ရှိလို့ မဟုတ်ဘဲ ခွင့်လွှတ်ပေးချင်တဲ့ ဆန္ဒရှိလို့ ခွင့်လွှတ်ပေးတာ။ “အို ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်” ဆိုပြီး ကျေးဇူးတင်စိတ်အပြည့်နဲ့ ဆာလံကျမ်းရေးသူ ပြောတယ်။—ဆာ. ၈၆:၅။ ၁၀၃:၃၊ ၁၀-၁၃။
4. Jehovah in kuate adingin tatkhiatna vaihawmsak a hiam? (Luka 5:32; 1 Timoti 1:15)
၄ ယေဟောဝါရဲ့ ခွင့်လွှတ်မှု မရထိုက်ဘူးလို့ တချို့ ခံစားရနိုင်တယ်။ တကယ်တော့ ဘယ်သူမှ မရထိုက်တာပါ။ မိမိဟာ “ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး” ဆိုပြီး ပေါလု ပြောတယ်။ “ဒါပေမဲ့ ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ဆက်ပြောတယ်။ (၁ ကော. ၁၅:၉၊ ၁၀) အပြစ်တွေအတွက် ကျွန်တော်တို့ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ ခွင့်လွှတ်ခံထိုက်လို့ မဟုတ်ဘဲ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လို့ပဲ။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု မရထိုက်ဘူးလို့ ခံစားနေရရင် အပြစ်မဲ့သူတွေအတွက် မဟုတ်ဘဲ နောင်တရတဲ့ အပြစ်သားတွေအတွက် ယေဟောဝါ ရွေးဖိုးပြင်ဆင်ပေးတယ်ဆိုတာ သတိရပါ။—လုကာ ၅:၃၂။ ၁ တိမောသေ ၁:၁၅ တို့ကို ဖတ်ပါ။
5. Jehovah’ maisakna ngah dingin kilawm mah ing, ci-a kingaihsut huai hiam? Hilhcian in.
၅ နှစ်ပေါင်းများစွာ ဘုရားအမှုဆောင်ခဲ့သူ ဖြစ်ရင်တောင် ကိုယ့်ကိုယ်ကိုယ် အခွင့်ထူးခံ လူတန်းစား၊ ဘုရားခွင့်လွှတ်မှု ရထိုက်သူလို့ ဘယ်သူမှ မတွေးသင့်ဘူး။ ကျွန်တော်တို့ သစ္စာရှိရှိ အမှုဆောင်တာကို ယေဟောဝါ တန်ဖိုးထားပါတယ်။ (ဟီ. ၆:၁၀) ဒါပေမဲ့ ရွေးဖိုးဆိုတာ ကျွန်တော်တို့ ဘုရားအမှုဆောင်လို့ အဖိုးအခအဖြစ် ပေးတာ မဟုတ်ဘူး။ လက်ဆောင်အဖြစ် ပေးတာ။ ဘုရားခွင့်လွှတ်မှု ရထိုက်သူလို့ ထင်နေရင် မလိုအပ်ဘဲ ခရစ်တော် အသေခံခဲ့တာလို့ ပြောရာရောက်တယ်။—ဂလာတိ ၂:၂၁ နဲ့ နှိုင်းယှဉ်ပါ။
6. Ba’hang Paul in hanciam taka Jehovah’ na sem a hiam?
၆ ဘုရားခွင့်လွှတ်မှု ရဖို့ မိမိဘက်က လုပ်နိုင်တာ ဘာမှ မရှိမှန်း ပေါလု သိတယ်။ ဒါဆိုရင် ဘာကြောင့် ကြိုးစားပမ်းစား အမှုဆောင်သလဲ။ မဟာကရုဏာတော်အတွက် ကျေးဇူးတင်ကြောင်း ပြချင်လို့ပဲ။ (ဧ. ၃:၇) ပေါလုလိုပဲ ကျွန်တော်တို့လည်း ဘုရားခွင့်လွှတ်မှု ရဖို့ မဟုတ်ဘဲ ဘုရားခွင့်လွှတ်မှုအတွက် ကျေးဇူးတင်ကြောင်း ပြဖို့ ကြိုးစားပမ်းစား အမှုဆောင်ကြတယ်။
7. Tu hunah tatkhiatna hanga i ngah hamphatna adang khat in bang a hiam? (Rom 5:1; James 2:23)
၇ ရွေးဖိုးကြောင့် လောလောဆယ် ရနေတဲ့ အကျိုးကျေးဇူးနောက်တစ်ခုကတော့ ယေဟောဝါဘုရားနဲ့ ခင်မင်ရင်းနှီးနိုင်တာပါ။a ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့အတိုင်း ကျွန်တော်တို့ မွေးလာချိန်မှာ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်း ရှိမနေကြဘူး။ ဒါပေမဲ့ ရွေးဖိုးကြောင့် ‘ဘုရားသခင်နဲ့ ခင်မင်ရင်းနှီး’ နိုင်လာတယ်။—ရောမ ၅:၁။ ယာကုပ် ၂:၂၃ တို့ကို ဖတ်ပါ။
8. Ba’hang thunget theihna hunpha ading Jehovah tungah lungdam ding i hiam?
၈ ယေဟောဝါနဲ့ ခင်မင်ရင်းနှီးလို့ ကျွန်တော်တို့ ဆုတောင်းနိုင်ကြတယ်။ လူအများရှေ့ ဆုတောင်းသံကိုသာမက တစ်ယောက်ချင်းစီရဲ့ သီးသန့် ဆုတောင်းသံကို ယေဟောဝါ ကြားတယ်။ ဆုတောင်းတာက စိတ်အေးချမ်းစေရုံ၊ အပူအပင် လျော့စေရုံပဲ မဟုတ်ဘူး။ ယေဟောဝါနဲ့ ပိုရင်းနှီးလာစေတယ်။ (ဆာ. ၆၅:၂။ ယာ. ၄:၈။ ၁ ယော. ၅:၁၄) ဆုတောင်းတဲ့အခါ အဖယေဟောဝါ နားထောင်တယ်၊ အဖနဲ့ ရင်းနှီးနေစေတယ်ဆိုတာ ယေရှု သိလို့ မြေကြီးပေါ် ရှိစဉ် မကြာခဏ ဆုတောင်းတယ်။ (လု. ၅:၁၆) ယေဟောဝါနဲ့ ခင်မင်ရင်းနှီးခွင့် ရနိုင်တာ၊ ဆုတောင်းစကားပြောခွင့်တောင် ရနိုင်တာ ဘယ်လောက် ကျေးဇူးတင်စရာကောင်းလိုက်သလဲ။ ဒါဟာ ရွေးဖိုးကြောင့် ရလာတဲ့ အခွင့်ထူးပါပဲ။
TATKHIATNA HANGIN MAILAM HUNAH HAMPHATNA I NGAH THEIH DAN
9. Pasian a bia a citak mite in tatkhiatna hangin mailam hunah bang hamphatna ngah ding uh a hiam?
၉ ရွေးဖိုးကြောင့် သစ္စာရှိ ကျေးကျွန်တွေ အနာဂတ်မှာ ဘာအကျိုးရမလဲ။ ထာဝရအသက် ရမယ်။ လူဟာ သေမျိုး ဖြစ်လို့ ထာဝစဉ် အသက်မရှင်နိုင်ဘူးလို့ လူတော်တော်များများ ထင်ကြတယ်။ ဒါပေမဲ့ လူတွေ ထာဝစဉ် အသက်ရှင်ဖို့ဟာ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ဖြစ်တယ်။ အာဒံသာ အပြစ်မလုပ်ခဲ့ရင် လူတိုင်း ထာဝစဉ် အသက်ရှင်နေမှာ ဖြစ်လို့ ထာဝရအသက်ကို အထူးအဆန်းလို့ ထင်ကြမှာ မဟုတ်ဘူး။ လောလောဆယ်တော့ ထာဝစဉ် အသက်ရှင်တယ်ဆိုတာကို အထူးအဆန်းလို့ ထင်နိုင်တယ်။ ဒါပေမဲ့ သားတော်ရင်းကိုတောင် လက်ဆောင်အဖြစ် ယေဟောဝါ ပေးတာကကော မထူးခြားလို့လား။ တန်ဖိုးကြီးကြီး ပေးပြီးပြီဆိုမှတော့ လူတွေကို ယေဟောဝါ ထာဝစဉ် အသက်ရှင်စေမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—ရော. ၈:၃၂။
10. Sathau nilhte le tuu dangte in bang lamen uh a hiam?
၁၀ ထာဝရအသက်ဟာ အနာဂတ်မှာ ရမယ့် ကောင်းချီး ဖြစ်ပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို အခုကတည်းက မြင်ယောင်ခံစားကြည့်စေချင်တယ်။ ဘိသိက်ခံတွေဆိုရင် ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်ရမယ့် စိတ်လှုပ်ရှားစရာ ကောင်းကင်အသက်တာကို စောင့်မျှော်နေကြတယ်။ (ဗျာ. ၂၀:၆) တခြားသိုးတွေကျတော့ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း မရှိတော့မယ့် ကမ္ဘာသစ်အသက်တာကို စောင့်မျှော်နေကြတယ်။ (ဗျာ. ၂၁:၃၊ ၄) သင်ဟာ ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတဲ့ တခြားသိုးလား။ ကမ္ဘာသစ်အသက်တာဟာ ကောင်းကင်အသက်တာ မရသူတွေအတွက် နှစ်သိမ့်ဆု မဟုတ်ပါဘူး။ တကယ်တော့ လူတွေကို ယေဟောဝါ စဖန်ဆင်းကတည်းက ကမ္ဘာမြေပေါ် နေဖို့ ပုံစံပြုထားတာ။ ဒါကြောင့် ကမ္ဘာသစ်အသက်တာဟာ အတိုင်းထက်အလွန် ပျော်စရာကောင်းမှာ သေချာတယ်။
11-12. Leitung thakah a kingah ding thupha pawlkhat in bang a hiam? (Lim zong en in.)
၁၁ ကမ္ဘာသစ်အသက်တာကို မြင်ယောင်ကြည့်ပါ။ ဖျားနာမှာ၊ သေမှာ သင် စိတ်ပူဖို့ မလိုတော့ဘူး။ (ဟေရှာ. ၂၅:၈။ ၃၃:၂၄) တော်သင့်လျောက်ပတ်တဲ့ သင့်လိုအင်ဆန္ဒအားလုံးကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်။ ကမ္ဘာသစ်မှာ ဘာတွေ လေ့လာသင်ယူချင်သလဲ။ တိရစ္ဆာန်တွေအကြောင်းလား။ ဂီတပညာလား။ ပန်းချီပညာလား။ ကမ္ဘာသစ်မှာ ဗိသုကာ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး အတတ်ပညာ တတ်ကျွမ်းသူတွေ လိုမှာတော့ သေချာတယ်။ ဟင်းလျာတွေ ဖန်တီးတတ်ဖို့၊ ဆောက်လုပ်ရေးသုံး၊ စိုက်ပျိုးရေးသုံး ကိရိယာတွေ လုပ်တတ်ဖို့၊ ဥယျာဉ်ခြံမြေ ထိန်းသိမ်းတတ်ဖို့လည်း လိုမှာ။ (ဟေရှာ. ၃၅:၁။ ၆၅:၂၁) ထာဝစဉ် အသက်ရှင်ရမှာ ဖြစ်လို့ စိတ်ကူးမိသမျှ အတတ်ပညာတွေ ဆည်းပူးဖို့ အချိန်အများကြီး ရှိမယ်။
၁၂ ရှင်ပြန်ထမြောက်လာသူတွေကို ကြိုဆိုတဲ့အခါ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလိုက်မလဲ။ (တ. ၂၄:၁၅) ဒါ့အပြင် ဖန်ဆင်းခြင်းလက်ရာအမျိုးမျိုးကို လေ့လာရင်း ယေဟောဝါကို သင် ပိုသိကျွမ်းလာမှာကိုလည်း စဉ်းစားကြည့်ပါ။ (ဆာ. ၁၀၄:၂၄။ ဟေရှာ. ၁၁:၉) အကောင်းဆုံးကတော့ အပြစ်စိုးစဉ်းမှ မရှိဘဲ ယေဟောဝါကို ကိုးကွယ်နိုင်မယ်။ လောလောဆယ် “အပြစ်မှာ ခဏပျော်ပါးဖို့” အတွက် အနာဂတ်ကောင်းချီးတွေကို သင် လက်လွတ်ခံမလား။ (ဟီ. ၁၁:၂၅) ဘယ်လက်လွတ်ခံမလဲ။ လက်ရှိမှာ ဘာပဲ စွန့်လွှတ်ရပါစေ စွန့်လွှတ်ရသမျှထက် အနာဂတ်မှာ ရမယ့် ကောင်းချီးတွေဟာ ပိုသာတယ်။ ဒါ့အပြင် ကမ္ဘာသစ်အသက်တာကို အမြဲ မျှော်ပဲ မျှော်နေရမှာ မဟုတ်ဘူး။ ‘ကမ္ဘာသစ်မှာ ငါ အသက်ရှင်နေတယ်’ လို့ ပြောနိုင်တဲ့ နေ့ရက်တွေ ရောက်လာမယ်။ သားတော်ကို အသေခံစေတဲ့အထိသာ ကျွန်တော်တို့ကို ယေဟောဝါ မချစ်ရင် ဒီကောင်းချီးတွေ ရနိုင်မှာ မဟုတ်ဘူး။
ကမ္ဘာသစ်မှာ ဘာကောင်းချီးတွေ ရဖို့ သင် အမျှော်လင့်ဆုံးလဲ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)
JEHOVAH’ ITNA THUKKIK IN
13. Jehovah’ itna tungah i lungdamna koi bangin thukkik ding i hiam? (2 Korin 6:1)
၁၃ ယေဟောဝါရဲ့ မေတ္တာအတွက် ဘယ်လို ကျေးဇူးတုံ့ပြန်နိုင်သလဲ။ ဘုရားအမှုဆောင်ခြင်းကို ဘဝမှာ ဦးစားထားခြင်းအားဖြင့်ပါ။ (မ. ၆:၃၃) “အသက်ရှင်နေသူတွေဟာ ကိုယ့်အတွက် အသက်မရှင်တော့ဘဲ ကိုယ့်အတွက် အသေခံပြီး အသက်ပြန်ရှင်လာတဲ့ ခရစ်တော်အတွက် အသက်ရှင်သင့်တယ်။” (၂ ကော. ၅:၁၅) ယေဟောဝါ မဟာကရုဏာတော် ပြတာကို ကျွန်တော်တို့ အကျိုးမဲ့ မဖြစ်စေချင်ကြဘူး။ အတတ်နိုင်ဆုံး ဘုရားအမှုဆောင်ခြင်းအားဖြင့် ကျေးဇူးတုံ့ပြန်ချင်ကြပါတယ်။—၂ ကောရိန္သု ၆:၁ ကို ဖတ်ပါ။
14. Jehovah’ lamlahna koi bang danin muang taka zui thei ding i hiam?
၁၄ ယေဟောဝါရဲ့ လမ်းညွှန်မှုကို ယုံယုံကြည်ကြည် လိုက်နာခြင်းအားဖြင့်လည်း ကျေးဇူးတုံ့ပြန်နိုင်တယ်။ ဥပမာ၊ ကျောင်းပညာ ဘယ်လောက် သင်ယူမလဲ၊ ဘာအလုပ် လုပ်မလဲ ဆုံးဖြတ်တယ်ဆိုပါစို့။ ယေဟောဝါ ဘာဆုံးဖြတ်စေချင်သလဲ စဉ်းစားရမယ်။ (၁ ကော. ၁၀:၃၁။ ၂ ကော. ၅:၇) ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ ပြတဲ့အခါ ယေဟောဝါကို ပိုအားကိုးတတ်လာမယ်။ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ မျှော်လင့်ချက် ပိုခိုင်မာလာမယ်။—ရော. ၅:၃-၅။ ယာ. ၂:၂၁၊ ၂၂။
15. Jesuh Sih Phawk hun sungin Jehovah tungah i lungdamna koi bangin thukkik thei i hiam?
၁၅ ယေဟောဝါကို ကျေးဇူးတုံ့ပြန်နိုင်တဲ့ နောက်တစ်နည်း ရှိသေးတယ်။ အောက်မေ့ရာကာလအတွင်း လုပ်နိုင်တာမှန်သမျှ လုပ်ခြင်းပါ။ အောက်မေ့ရာ အစီအစဉ်ကို ကိုယ်တိုင် တက်ဖြစ်အောင် စီစဉ်ထားသလို တခြားသူတွေကိုလည်း ဖိတ်နိုင်တယ်။ (၁ တိ. ၂:၄) အောက်မေ့ရာ အစီအစဉ် ဘယ်လိုမျိုးလဲဆိုတာ ကိုယ်ဖိတ်ထားသူတွေကို ရှင်းပြနိုင်တယ်။ ယေရှု ဘာဖြစ်လို့ အသေခံရတာလဲ၊ လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း စတဲ့ jw.org က ဗီဒီယိုတွေ ပြနိုင်တယ်။ မလှုပ်မရှားဖြစ်နေသူတွေကို အကြီးအကဲတွေ မမေ့မလျော့ ဖိတ်သင့်တယ်။ ပျောက်နေတဲ့ သိုးတချို့ သိုးအုပ်ဆီ ပြန်လာတဲ့အခါ ကောင်းကင်မှာကော မြေကြီးမှာပါ သိပ်ဝမ်းမြောက်နေကြမှာ။ (လု. ၁၅:၄-၇) အောက်မေ့ရာ အစီအစဉ်မှာ အချင်းချင်းကိုပဲ နှုတ်ဆက်တာမျိုး မဟုတ်ဘဲ လူသစ်တွေ၊ လာမတက်တာ ကြာပြီ ဖြစ်သူတွေကို နှုတ်ဆက်ပါ။ ကြိုဆိုပေးကြတယ်လို့ သူတို့ကို ကျွန်တော်တို့ ခံစားစေချင်တယ်။—ရော. ၁၂:၁၃။
16. Ba’hang Jesuh Sih Phawk hun sungin taangko nasepna-ah tampi kihel dingin kilawm i hiam?
၁၆ အောက်မေ့ရာကာလအတွင်း အမှုဆောင်မှာ ပိုပါဝင်နိုင်မလား။ ဒါဟာ ဘုရားနဲ့ ခရစ်တော် လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ နည်းလမ်းကောင်းပဲ။ အမှုဆောင်မှာ ပိုပါဝင်လေ ဘုရားထောက်မမှု ပိုခံစားရလေ၊ ဘုရားကို ပိုယုံကြည်ကိုးစားလေ ဖြစ်လာမယ်။ (၁ ကော. ၃:၉) ဒါ့အပြင် ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ၊ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် တို့မှာ ပါတဲ့ အောက်မေ့ရာကာလ ကျမ်းစာဖတ်ရှုခြင်းဇယားအတိုင်း အမီလိုက်ဖတ်နိုင်တယ်။ အဲဒီကျမ်းပိုဒ်တွေကို အခြေခံပြီး ကိုယ်ပိုင်လေ့လာမှုတောင် လုပ်နိုင်တယ်။
17. Bang in Jehovah lungdamsak a hiam? (“Jehovah’ Itna Thukkik Theih Dante” kiu li bawm zong en in.)
၁၇ ဒီဆောင်းပါးမှာ အကြံပြုထားသမျှအတိုင်း သင် လုပ်ဖို့ အခြေအနေ ပေးချင်မှ ပေးမယ်။ သင် လုပ်နိုင်တာကို တခြားသူတွေ လုပ်နိုင်တာနဲ့ ယေဟောဝါ မနှိုင်းယှဉ်ဘူး။ မိမိကို သင် သိပ်ချစ်မှန်း သိတယ်။ အဖိုးတန် ရွေးဖိုးလက်ဆောင်အတွက် သင် ကျေးဇူးတင်ကြောင်း ပြတာကို မြင်တဲ့အခါ ယေဟောဝါ ပီတိဖြစ်တယ်။—၁ ရှ. ၁၆:၇။ မာ. ၁၂:၄၁-၄၄။
18. Jehovah Pasian le Jesuh tungah ba‘hang lungdam i hiam?
၁၈ ရွေးဖိုးကြောင့်သာ ကျွန်တော်တို့ အပြစ်ခွင့်လွှတ်ခံကြရတယ်။ ယေဟောဝါနဲ့ ခင်မင်ရင်းနှီးနိုင်ကြတယ်။ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နိုင်ကြတယ်။ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လို့ ဒီကောင်းချီးတွေ ရလာတာ။ ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာအတွက် ကျေးဇူးတင်ကြောင်း အမြဲ ပြကြရအောင်။ (၁ ယော. ၄:၁၉) အသက်စွန့်တဲ့အထိ ကျွန်တော်တို့ကို သိပ်ချစ်တဲ့ ယေရှုကိုလည်း ကျေးဇူးတင်ကြောင်း ပြကြရအောင်။—ယော. ၁၅:၁၃။
LA 154 အစဉ်တည်တဲ့ မေတ္တာ
a သေတဲ့အထိ သားတော် သစ္စာစောင့်သိမယ်ဆိုတာ ယေဟောဝါ စိတ်ချတယ်။ သားတော် အသေမခံခင်ကတည်းက ယေဟောဝါရဲ့ အမြင်မှာ ရွေးဖိုးပေးပြီးသလို ဖြစ်နေပြီ။ ဒါကြောင့် ခရစ်ယာန်ခေတ် မတိုင်ခင် အသက်ရှင်ခဲ့တဲ့ သစ္စာရှိ ဝတ်ပြုသူတွေကို ခွင့်လွှတ်ပေးခဲ့တာ ဖြစ်တယ်။—ရော. ၃:၂၅။