Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w24 January laim. 8-14
  • Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Thuluneute
  • A Thu Kibang
  • SIH PHAWKNA ADINGIN NA LUNGSIM KIGINGKHOL IN
  • MIDANGTE HAMPHAT NADINGIN HUH IN
  • PASIAN THU LAMA A GAMTANG NAWN LO MITE HUH IN
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Unaute Tawh Kinaina In Hamphatna Om
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
w24 January laim. 8-14

SIN DING THU 2

LA 19 သခင့်​ညစာ​စားပွဲ

Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?

“Kei nong phawk nadingun hih bangin na bawl un.”—LK 22:19, Zokam Standard Version.

အာရုံစိုက်​ရာ

အောက်မေ့ရာပွဲ ဘာကြောင့် အရေးကြီးသလဲ၊ အဲဒီ​ပွဲ​အတွက် ဘယ်လို ပြင်ဆင်​နိုင်​သလဲ၊ တခြားသူတွေ လာ​တက်နိုင်ဖို့ ဘယ်လို ကူညီနိုင်သလဲ သုံးသပ်ကြည့်ပါ။

1. Sih Phawkna pen bang hangin kum khat sung ii a thupipen ni hi a hiam? (Luka 22:19, 20)

ယေဟောဝါ​လူမျိုး​အတွက် ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ​ဟာ တစ်နှစ်တာ​မှာ အရေးကြီးဆုံး ပွဲ​ပါ။ နောက်လိုက်တွေ ကျင်းပဖို့ ယေရှု သတ်သတ်မှတ်မှတ် မှာ​ခဲ့​တဲ့ တစ်ခုတည်းသော ပွဲ ဖြစ်တယ်။ (လုကာ ၂၂:၁၉၊ ၂၀ ကို ဖတ်ပါ။) အောက်မေ့ရာပွဲကို စောင့်မျှော်​ရတဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ တချို့ သုံးသပ်ကြည့်​ရအောင်။

2. Sih Phawkna i lametna a hang thu pawlkhat in bang a hiam?

၂ ရွေးဖိုး ဘယ်လောက် တန်ဖိုးကြီး​ကြောင်း၊ ရွေးဖိုး​ကြောင့် ဘာကောင်းချီးတွေ ရ​ကြောင်း၊ ကျေးဇူးတင်​လေးမြတ်တယ်ဆိုတာ ဘယ်လို ပြနိုင်​ကြောင်း အောက်မေ့ရာပွဲ​က စဉ်းစားမိ​စေ​တယ်။ (၂ ကော. ၅:၁၄၊ ၁၅) ညီအစ်ကို/မတွေနဲ့ “အပြန်အလှန် အားပေး​ခွင့်” ရစေတယ်။ (ရော. ၁:၁၂) နှစ်တိုင်း၊ မလှုပ်မရှား ဖြစ်​နေ​သူ တော်တော်​များများ အောက်မေ့ရာပွဲ လာ​တက်ကြတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရလို့ တချို့ ယေဟောဝါဆီ ပြန်လှည့်​လာကြတယ်။ စိတ်ဝင်စားသူ​တွေ​လည်း လာ​တက်ကြတယ်။ အဲဒီနေ့မှာ မြင်ရ၊ ကြားရတာတွေကြောင့် အသက်​လမ်းမှာ စ​လျှောက်​ချင်လာ​ကြတယ်။ ဒါကြောင့်​လည်း တစ်နှစ် တစ်နှစ် အောက်မေ့ရာပွဲကို ကျွန်တော်တို့ မျှော်ကြတာ။

3. Sih Phawkna in leituang bupa unaute koi bangin kipumkhatsak a hiam? (Lim zong en in.)

၃ အောက်မေ့ရာပွဲ​ဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေတယ်။ ကမ္ဘာ့ဒေသ တစ်ခု​ပြီး တစ်ခုမှာ နေဝင်ပြီ​ဆိုတာနဲ့ အောက်မေ့ရာပွဲ တက်ဖို့ စုဆုံ​ကြတယ်။ ရွေးဖိုး အရေးပါပုံ​အကြောင်း အလေးပေးတဲ့ ဟောပြောချက် နားထောင်ကြတယ်။ ချီးမွမ်း​သီချင်း နှစ်​ပုဒ် ဆိုကြတယ်။ အောက်မေ့​ရာ အထိမ်းအမှတ်တွေ လက်ဆင့်ကမ်းကြတယ်။ ဆုတောင်းချက် လေးချက်​စ​လုံး​ကို “အာမင်” လို့ ခံစားချက်​အပြည့် ပြောကြတယ်။ အသင်းတော်​အားလုံး ၂၄ နာရီ​အတွင်း တစ်ပုံစံတည်း ကျင်းပ​ကြ​တာ။ ကျွန်တော်တို့​အားလုံး ဒီလို​တစ်စည်း​တစ်လုံးတည်း ဂုဏ်တင်​နေတာ မြင်တဲ့အခါ ယေဟောဝါနဲ့ ယေရှု ဘယ်လောက် ဝမ်းသာ​မလဲ စဉ်းစားကြည့်ပါ။

ရုပ်ပုံ– အောက်မေ့ရာနေ့ကို ကမ္ဘာ့ဒေသအသီးသီးက ညီအစ်ကို/မတွေ ကျင်းပနေ။ တချို့ တက်ရောက်ဖို့ ပြင်ဆင်နေ။ ၁။ ပွာတိုရီကိုမှာ မိသားစုတစ်စု အောက်မေ့ရာနေ့ နံနက်ဝတ်ပြုမှု အထူးအစီအစဉ်ကို ကြည့်နေ။ ၂။ အီတလီမှာ မောင်နှံတစ်စုံ အမှုဆောင်ထွက်ရင်း ဖိတ်စာ ပေးနေ။ ၃။ ကင်ညာမှာ ညီအစ်ကိုနှစ်ယောက် ကျမ်းစာ ဖတ်ပြနေ။ ၄။ ဂျော်ဂျီယာမှာ သားအမိနှစ်ယောက် “အောက်မေ့ရာပွဲ မုန့်လုပ်နည်း” ဗီဒီယိုမှာ ပါတဲ့အတိုင်း မုန့် လုပ်နေ။ ၅။ အိန္ဒိယမှာ ညီအစ်ကို/မတွေ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်နေ။ အောက်မေ့ရာပွဲ အထိမ်းအမှတ်တွေ ပြင်ဆင်နေ။ ၆။ ထိုင်းမှာ နိုင်ငံတော်ခန်းမ လာတဲ့ လူတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် ကြိုဆိုနေ။ ၇။ ဂျပန်မှာ အောက်မေ့ရာ အစီအစဉ်အတွင်း ညီအစ်ကိုတစ်ယောက် တဆေးမဲ့ မုန့်ကို ညီအစ်မဆီ ကမ်းပေးနေ။

အောက်မေ့ရာပွဲ​ဟာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို စည်းလုံးစေ (စာပိုဒ် ၃ ကို ကြည့်ပါ)f


4. Hih thulu-ah bang thu kikum ding i hiam?

၄ အောက်မေ့ရာပွဲအတွက် စိတ်ကို ဘယ်လို ပြင်ဆင်​နိုင်​မလဲ။ တခြားသူတွေ​ပါ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ မလှုပ်မရှား ဖြစ်နေသူတွေကို ဘယ်လို ကူညီပေးနိုင်မလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွား​ကြ​မယ်။ အထူး အခါသမယ​အတွက် အသင့်ဖြစ်နေဖို့ ဒီမေးခွန်းတွေရဲ့ အဖြေ​က ကူညီပေးပါလိမ့်မယ်။

SIH PHAWKNA ADINGIN NA LUNGSIM KIGINGKHOL IN

5. (a) Tatkhiatna a manphat mahmahna thu bang hang ngaihsut ding kisam a hiam? (Late 49:7, 8) (b) Jesuh Ba’hang Si A Hiam? video pan bang theikhia i hiam?

၅ အောက်မေ့ရာပွဲအတွက် စိတ်ကို ပြင်ဆင်​နိုင်​တဲ့ အရေးကြီးဆုံး တစ်နည်းကတော့ ယေရှုခရစ်ရဲ့ ရွေးဖိုး ပူဇော်သက္ကာ ဘယ်လောက် တန်ဖိုးကြီး​ကြောင်း စဉ်းစားခြင်း​ပါ။ အပြစ်နဲ့ သေခြင်းကနေ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ မရွေး​နိုင်​ဘူး။ (ဆာလံ ၄၉:၇၊ ၈ ကို ဖတ်ပါ။ ယေရှု ဘာဖြစ်လို့ အသေခံ​ရတာလဲ ဗီဒီယိုကိုလည်း ကြည့်ပါ။)a ဒါကြောင့် ကျွန်တော်တို့အတွက် ယေရှု အသေခံဖို့ ယေဟောဝါ စီစဉ်တယ်။ ယေဟောဝါနဲ့ ယေရှု တကယ် စွန့်လွှတ်​အနစ်နာခံ​ခဲ့​ကြ​တာ​ပဲ။ (ရော. ၆:၂၃) ယေဟောဝါနဲ့ ယေရှု စွန့်လွှတ်​အနစ်နာခံ​ခဲ့​တာ​တွေ တွေးလေ ရွေးဖိုး​ကို ပို​တန်ဖိုးထား​တတ်​လေ ဖြစ်လာမယ်။ ဘာတွေ စွန့်လွှတ်​အနစ်နာခံ​ခဲ့ကြသလဲ။ ဦးဆုံး၊ ရွေးဖိုး​ဆိုတာ ဘာလဲ လေ့လာ​ကြရအောင်။

6. Tatkhiatna cih in bang a hiam?

၆ ရွေးဖိုး​ဆိုတာ တစ်ခုခုကို ပြန်​ရွေးဖို့ ပေး​ရတဲ့ အခ ဖြစ်တယ်။ ပထမ လူသား အာဒံဟာ စုံလင်သူ​အဖြစ် ဖန်ဆင်း​ခံရတယ်။ ဒါပေမဲ့ အပြစ် လုပ်လို့ ကိုယ်တိုင်​ကော သားစဉ်မြေးဆက်​အားလုံး​ပါ ထာဝစဉ် အသက်ရှင်​ခွင့် ဆုံးရှုံး​သွားတယ်။ အာဒံကြောင့် ဆုံးရှုံး​သွားတာကို ပြန်​ရွေးဖို့ မိမိရဲ့ ပြည့်ဝစုံလင်တဲ့ အသက်ကို ယေရှု ပေးဆက်​တယ်။ မြေကြီး​အသက်တာ တစ်လျှောက်လုံး “အပြစ် မကျူးလွန်​ခဲ့ဘူး။ လှည့်စားတဲ့ စကားတွေ မပြောခဲ့ဘူး။” (၁ ပေ. ၂:၂၂) သေဆုံးချိန်မှာ စုံလင်​နေတုန်းပဲ။ အာဒံ အပြစ်​မလုပ်ခင်​က အခြေအနေ​အတိုင်းပဲ။ ဒါကြောင့် ယေရှု ပေးတဲ့ အသက်ဟာ အာဒံ ဆုံးရှုံး​ခဲ့​တဲ့ အသက်နဲ့ ညီမျှ​တယ်။—၁ ကော. ၁၅:၄၅။ ၁ တိ. ၂:၆။

7. Leitunga Jesuh’ tuahkhak ze-etna pawlkhat in bang a hiam?

၇ မြေကြီးပေါ်မှာ စမ်းသပ်မှု အများကြီး ကြုံရပေမဲ့ ကောင်းကင်ဘုံစံ ဖခင်ကို ယေရှု အပြည့်အဝ နာခံ​တယ်။ စမ်းသပ်မှု​တချို့က ဘာလဲ။ စုံလင်သူ​အဖြစ် မွေးလာ​ပေမဲ့ မစုံလင်သူ မိဘတွေကို လက်အောက်​ခံရတယ်။ (လု. ၂:၅၁) မိဘ​စကား နားမထောင်​ဖို့၊ ဘုရားကို သစ္စာဖောက်​ဖို့ ဖိအား​တွေ ဆယ်ကျော်သက်​အရွယ်မှာ တွန်းလှန်​ရတယ်။ အရွယ်​ရောက်လာ​ပြန်​တော့ စာတန် မာရ်နတ်ရဲ့ သွေးဆောင်မှုတွေ တွန်းလှန်​ရတယ်။ တစ်ခေါက်​ဆိုရင် ဘုရားကို သစ္စာဖောက်​ဖို့ စာတန် တဲ့​ကို ပြောတာ။ (မ. ၄:၁-၁၁) ယေရှု အပြစ် လုပ်မိအောင် သွေးဆောင်ဖို့ စာတန် ဆုံးဖြတ်ထားတယ်။ ဒါမှ ရွေးဖိုး မပေးနိုင်​မှာ​ကိုး။

8. Jesuh in adang bang ze-etnate tuak lai a hiam?

၈ မြေကြီးပေါ် အမှုဆောင်ချိန်​အတွင်းမှာ​လည်း နောက်ထပ် စမ်းသပ်မှုတွေ ယေရှု ကြုံရတယ်။ လိုက်​နှောင့်ယှက် ခံရတယ်။ အသက် အန္တရာယ် ခြိမ်းခြောက်​ခံရတယ်။ (လု. ၄:၂၈၊ ၂၉။ ၁၃:၃၁) နောက်လိုက်တွေ​ရဲ့ မစုံလင်မှုကို သည်းခံ​ရတယ်။ (မာ. ၉:၃၃၊ ၃၄) မြေကြီး​အသက်တာ နောက်ဆုံး စမ်းသပ်မှု​မှာ ညှဉ်းဆဲခံရ​တယ်။ အလှောင်​ခံရတယ်။ နာနာကျင်ကျင် အရှက်တကွဲ အသတ်ခံရတယ်။ (ဟီ. ၁၂:၁-၃) ယေဟောဝါ ကာကွယ်​မ​ပေးလို့ နောက်ဆုံး စမ်းသပ်မှုတွေ​ကို တစ်ယောက်တည်း ခါးစည်း​ခံခဲ့ရတယ်။b—မ. ၂၇:၄၆။

9. Jesuh’ sihna tawh kisai-in na lungsim bangci om a hiam? (1 Peter 1:8)

၉ ရွေးဖိုး ပေးနိုင်ဖို့ ယေရှု အကြီးအကျယ် အနစ်နာခံ​ခဲ့​တာ ရှင်းနေပါတယ်။ ကိုယ့်အတွက် ယေရှု ဘယ်လောက် လိုလိုလားလား အနစ်နာခံ​ခဲ့တယ်​ဆိုတာ စဉ်းစား​လိုက်တော့ ပိုချစ်လာတယ် မဟုတ်လား။—၁ ပေတရု ၁:၈ ကို ဖတ်ပါ။

10. Tatkhiatna a piakzawh nadingin Jehovah in bangteng suplawh a hiam?

၁၀ ယေဟောဝါ​ကော ဘာတွေ လိုလိုလားလား အနစ်နာခံ​သလဲ။ ယေဟောဝါနဲ့ ယေရှုရဲ့ သားအဖ နှောင်ကြိုး​လောက် ခိုင်မြဲတဲ့ နှောင်ကြိုး မရှိဘူး။ (ပညာ. ၈:၃၀) မြေကြီးပေါ် ယေရှု ဝေဒနာ အလူးအလဲ ခံစားရ​ချိန် ယေဟောဝါ ဘယ်လို ဖြစ်နေမလဲ။ သားတော် မတရား ဆက်ဆံ​ခံရတာ၊ ငြင်းပယ်​ခံရတာ၊ ဝေဒနာ တမြည့်မြည့် ခံစားရတာ ကြည့်ပြီး ရင်​ကွဲ​နေ​မှာ​ပဲ။

11. Jesuh a kithah lai-in Jehovah in bangzah taka nasa ding cih gentehna pia in.

၁၁ သားသမီး ဆုံးရှုံးဖူးတဲ့ မိဘ​ဆိုရင် ကိုယ်ချင်းစာ​တတ်​မှာ​ပါ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို ယုံပေမဲ့ ချစ်ရသူ သေဆုံး​လို့ မ​နာကျင်​တဲ့သူ မရှိဘူး။ ဒါဆိုရင် အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ချစ်သား ဝေဒနာ ခံစားပြီး သေသွား​တာကို ကြည့်နေ​ရတဲ့ ယေဟောဝါ ဘယ်လို ခံစားရမလဲ နားလည်မှာ​ပါ။c—မ. ၃:၁၇။

12. Sih Phawkna ni hong tun ma-in bangteng sem thei i hiam?

၁၂ အခု​က​စပြီး အောက်မေ့ရာပွဲ မတိုင်ခင် ကိုယ်ပိုင်​လေ့လာမှုမှာ၊ မိသားစု ဝတ်ပြုမှု​မှာ ရွေးဖိုး​အကြောင်း လေ့လာ​ပါ။ ယေဟောဝါ​သက်သေတွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် ဒါမှမဟုတ် တခြား လေ့လာမှု အထောက်အကူပြု ကိရိယာတွေ သုံးပြီး အသေးစိတ် လေ့လာ​ပါ။d ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း—လေ့ကျင့်ခန်း စာစောင် မှာ ပါတဲ့ အောက်မေ့ရာပွဲ ကျမ်းစာ ဖတ်ရှုခြင်း ဇယားအတိုင်း ဖတ်ပါ။ အောက်မေ့​ရာ​နေ့မှာ နံနက်​ဝတ်ပြုမှု အထူး အစီအစဉ် ကြည့်ဖို့​လည်း မမေ့ပါနဲ့။ အောက်မေ့​ရာ​နေ့​အတွက် စိတ်ကို ပြင်ဆင်ထား​ရင် ကိုယ်တိုင် အကျိုးရမယ်။ တခြားသူတွေ အကျိုးရဖို့လည်း ကူညီပေးနိုင်မယ်။—ဧဇ. ၇:၁၀။

ရှာဖွေ​လေ့လာစရာ​များ

ရွေးဖိုး​အကြောင်း ရှာဖွေ​လေ့လာတဲ့အခါ ဒီလို​မေးခွန်းတွေရဲ့ အဖြေ ရှာနိုင်တယ်–

  • ရွေးဖိုး ဘာကြောင့် လိုသလဲ။ အာဒံနဲ့ ဧဝ​ကို ခွင့်လွှတ်​လိုက်ရင် ပြီး​တာကို ယေဟောဝါ ဘာကြောင့် ခွင့်မလွှတ်​သလဲ။

  • မြေကြီးပေါ် လာပြီး ရွေးဖိုး ပေးဖို့ ယေရှုဟာ ဘာကြောင့် အသင့်တော်ဆုံး ဖြစ်သလဲ။

  • ရွေးဖိုး​ကြောင့် အခု ဘာကောင်းချီးတွေ ရသလဲ။

  • ရွေးဖိုး​ကြောင့် အနာဂတ်မှာ ဘာကောင်းချီးတွေ ရမလဲ။

MIDANGTE HAMPHAT NADINGIN HUH IN

13. Sih Phawkna hun thupi pan midang te’n hamphatna a ngah nadingun a masa penin bang sem thei na hiam?

၁၃ အောက်မေ့​ရာ​နေ့ အစီအစဉ်ကနေ တခြားသူတွေ အကျိုးရဖို့ ဘယ်လို ကူညီပေးနိုင်မလဲ။ ဦးဆုံး လုပ်နိုင်တာ​ကတော့ ဖိတ်စာ ပေးတာ​ပါ။ အမှုဆောင်မှာ ဖိတ်စာ ဝေ​တဲ့​အပြင် ဆွေမျိုး၊ အလုပ်ဖော်၊ အတန်းဖော်၊ အသိ​တွေ​ကို ဖိတ်ဖို့ စာရင်း လုပ်ပါ။ ပုံနှိပ် ဖိတ်စာ မလောက်​ရင် လင့်ခ် ပို့ပေး​နိုင်တယ်။ ဘယ်​နှယောက် လာ​တက်​မလဲ မပြောနိုင်ဘူး။ —ဒေ. ၁၁:၆။

14. Sapna ngahna in lungsim a sukkhak dan i neu muh loh ding bang hang kisam a hiam?

၁၄ အ​ဖိတ်​ခံရတဲ့ ခံစားချက်ကို လျှော့မတွက်​ပါ​နဲ့။ အောက်မေ့ရာပွဲ လိုက်​တက်မယ်​ဆိုပြီး မယုံကြည်သူ ခင်ပွန်း ပြော​လာလို့ ညီအစ်မ​တစ်ယောက် အံ့ဩသွားတယ်။ ဘာကြောင့် အံ့ဩ​သွား​သလဲ။ အရင်က အကြိမ်ကြိမ် ဖိတ်​ပေမဲ့ တစ်ခါမှ လိုက်​မတက်ဘူး။ ဒီ​နှစ်​မှ ဘာကြောင့် လိုက်​တက်ချင်​သလဲ။ “ဖိတ်စာ ရထားတယ်” လို့ ခင်ပွန်း ပြောတယ်။ သူနဲ့ ခင်တဲ့ အကြီးအကဲ ပေး​သွားတာ။ အဲဒီ​နှစ်က စပြီး နှစ်တိုင်း အောက်မေ့ရာပွဲ လိုက်​တက်တယ်။

15. Sih Phawkna ading i sap ciangin bang thu i phawk ding kisam a hiam?

၁၅ အစည်းအဝေး တစ်ခါမှ မတက်ဖူးသူတွေ​မှာ မေးစရာ အများကြီး ရှိနိုင်တယ်ဆိုတာ သတိရပါ။ ဘာတွေ မေး​လာနိုင်သလဲ၊ ဘယ်လို ပြန်ဖြေမလဲ ကြိုစဉ်းစားထားပါ။ (ကော. ၄:၆) ‘ဘာတွေ လုပ်ကြ​မလဲ။ ဘယ်လောက် ကြာ​မလဲ။ ဘယ်လို ဝတ်​လာ​ရမလဲ။ ဝင်​ကြေး ကောက်​မ​လား။ အလှူငွေ ထည့်​ရမလား’ စသဖြင့် တချို့ တွေးမိနိုင်တယ်။ ဖိတ်စာ ပေးတဲ့အခါ “သိချင်​တာ ရှိသလား” လို့ ရိုးရိုးလေး မေးကြည့်ပါ။ သူတို့ သိချင်​တာ ဖြေပေးပါ။ လူအားလုံးနဲ့​ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း၊ နိုင်ငံတော်​ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုတွေ သုံးပြီး အစည်းအဝေး ကျင်းပ​ပုံ ရှင်းပြပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ သင်ခန်းစာ ၂၈ ထဲက အချက်​တချို့ ပြောပြပါ။

16. Sih Phawkna-a hong kikhawm mi te’n bang dotnate dong thei uh a hiam?

၁၆ အောက်မေ့ရာပွဲ တက်ပြီးနောက် စိတ်ဝင်စားသူ လူသစ်တွေ​မှာ မေးစရာတွေ ထပ်​ရှိနိုင်တယ်။ ဥပမာ၊ ‘ဘာကြောင့် မုန့်နဲ့ ဝိုင်ကို လူ​နည်းနည်းပဲ သုံးဆောင်​သလဲ၊ ဘယ်သူမှ မသုံးဆောင်​သလဲ။ တစ်နှစ် ဘယ်နှကြိမ် ကျင်းပ​သလဲ။ အစည်းအဝေး​အားလုံး ဒီအတိုင်း ကျင်းပ​သ​လား’ ဆိုပြီး မေး​လာနိုင်တယ်။ အောက်မေ့ရာပွဲ ဟောပြောချက်မှာ ဒီအချက်တွေ ပြော​သွား​ရင်တောင် လူသစ်တွေကို ထပ်​ရှင်းပြ​ရနိုင်တယ်။ jw.org မှာ တင်ထားတဲ့ “ယေဟောဝါ​သက်သေတွေ သခင့်​ညစာ​စားပွဲ ကျင်းပ​ပုံ​က တခြား​ဘာသာရေး​အဖွဲ့တွေ ကျင်းပ​ပုံ​နဲ့ ဘာကြောင့် မတူတာ​လဲ” ဆောင်းပါး​ကနေ အဖြေ ရှာနိုင်တယ်။ ‘စိတ်ရင်းမှန်သူ​တွေ’ အကျိုးရဖို့ အောက်မေ့ရာပွဲ မကျင်းပခင်​ကော၊ ကျင်းပ​နေစဉ်​ကော၊ ကျင်းပပြီး​နောက်မှာ​ပါ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကူညီပေးချင်​ကြတယ်။—တ. ၁၃:၄၈။

PASIAN THU LAMA A GAMTANG NAWN LO MITE HUH IN

17. Pawlpi upa te’n Pasian thu lama a gamtang nawn lo mite koi bangin huh thei uh a hiam? (Ezekiel 34:12, 16)

၁၇ မလှုပ်မရှား ဖြစ်နေသူတွေကို အောက်မေ့ရာပွဲ ကာလအတွင်း အကြီးအကဲတွေ ဘယ်လို ကူညီပေးနိုင်သလဲ။ ဂရုစိုက်ကြောင်း ပြပါ။ (ယေဇကျေလ ၃၄:၁၂၊ ၁၆ ကို ဖတ်ပါ။) အောက်မေ့​ရာ​နေ့ မတိုင်ခင် များနိုင်သမျှ များများ​ကို ဆက်သွယ်ပါ။ သူတို့ကို ဂရုစိုက်ကြောင်း၊ တတ်နိုင်တဲ့​ဘက်​က ကူညီပေးချင်ကြောင်း ပြောပါ။ အောက်မေ့ရာပွဲ လာ​တက်ဖို့ ဖိတ်ပါ။ လာတက်တဲ့အခါ နွေးနွေးထွေးထွေး ကြိုဆိုပါ။ အောက်မေ့​ရာ​နေ့ ပြီးနောက်မှာ​လည်း သူတို့နဲ့ အဆက်အသွယ် မပြတ် ရှိပါ။ ယေဟောဝါဆီ ပြန်လှည့်လာဖို့ ကူညီပေးနိုင်​သမျှ ကူညီပေးပါ။—၁ ပေ. ၂:၂၅။

18. Pasian thu lama a gamtang nawn lo mite koi bangin huhna pia thei i hiam? (Rom 12:10)

၁၈ အောက်မေ့ရာပွဲ လာတက်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေကို အသင်းတော်​တစ်ခုလုံး ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ နွေးနွေးထွေးထွေး၊ ကြင်ကြင်နာနာ၊ လေးလေးစားစား ဆက်ဆံခြင်း​အားဖြင့်​ပါ။ (ရောမ ၁၂:၁၀ ကို ဖတ်ပါ။) မလှုပ်မရှား ဖြစ်​နေ​သူ​တွေ​ဟာ အစည်းအဝေး ပြန်​တက်ဖို့ ရှိန်နေ​နိုင်တယ်။ ညီအစ်ကို/မတွေ ဟက်ဟက်ပက်ပက် မရှိကြ​မှာ စိုးရိမ်​နိုင်တယ်။e ဒါကြောင့် စိတ်​ကသိကအောက် ဖြစ်စေမယ့် မေးခွန်းတွေ မ​မေးပါ​နဲ့။ အရှိုက်​ထိ​စေ​မယ့် စကားတွေ မပြောပါနဲ့။ (၁ သက်. ၅:၁၁) မလှုပ်မရှား ဖြစ်​နေ​သူ​တွေ​လည်း ညီအစ်ကို/မတွေ​ပါပဲ။ သူတို့နဲ့အတူ ပြန်​ဝတ်ပြု​ရလို့ ကျွန်တော်တို့ ပျော်ကြတယ်။—ဆာ. ၁၁၉:၁၇၆။ တ. ၂၀:၃၅။

ရုပ်ပုံ– ၁။ သီချင်းစာအုပ်အဟောင်းနဲ့ ကျမ်းစာအဟောင်း ကိုင်ထားတဲ့ မလှုပ်မရှား ညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမ လာဖို့ ရှိန်နေ။ အောက်မေ့ရာပွဲ လာနေတဲ့ ညီအစ်ကို/မတွေကို ခပ်လှမ်းလှမ်းကနေပဲ ကြည့်နေ။ ၂။ နောက်ပိုင်း၊ မလှုပ်မရှား ညီအစ်ကိုနဲ့ တခြားညီအစ်ကိုတစ်ယောက် နိုင်ငံတော်ခန်းမထဲမှာ ရယ်ရယ်မောမော စကားပြောနေ။

ညီအစ်ကို/မတွေ ဘယ်လို ဆက်ဆံ​ကြ​သလဲ

“အသင်းတော်က သူငယ်ချင်းတွေ ကျွန်တော့်ကို ဘယ်လိုများ မြင်​မလဲ​ဆိုပြီး စိုးရိမ်​လို့ ခန်းမကို မ​သွား​ရဲ​ဘူး။ လွန်ခဲ့တဲ့ အနှစ်​သုံးဆယ်​ကတည်းက အသင်းတော်မှာ ရှိနေတဲ့ သက်ကြီး ညီအစ်မ​တစ်ဦး ကျွန်တော့်ကိုလည်း တွေ့​ရော ‘ခု​လို ပြန်​လာတာ ဝမ်းသာ​လိုက်တာ၊ သားရယ်’ တဲ့။ သူ့​စကားကြောင့် ကျွန်တော် စိတ်ထိမိ​သွားတယ်။ အခုမှပဲ ရင်ထဲ ပေါ့​သွားတော့တယ်။”—ဂါဗီရာ။

“ဘယ်သူမှ သတိ​မပြုမိအောင် ခန်းမ​ထဲက နောက်ဆုံး​ခုံ​မှာ သွား​ထိုင်​လိုက်တယ်။ ဒါပေမဲ့ ကလေးဘဝ​ကတည်းက သိခဲ့​တဲ့သူ​တွေ ကျွန်တော့်ကိုလည်း မြင်​ရော မှတ်မိ​သွားကြတယ်။ ကျွန်တော့်ကို ဝမ်းသာ​အားရ ပွေ့ဖက်​နှုတ်ဆက်​ကြ​တော့ ဘယ်လို ပျော်​သွား​မှန်း မသိဘူး။ ကိုယ့်​အိမ်​ကိုယ် ပြန်ရောက်​သွား​သ​လိုပဲ။”—မာကို။

19. Jesuh’ sihna i phawkna pan bang hamphatnate kingah a hiam?

၁၉ အောက်မေ့ရာပွဲ ဘယ်လောက် အရေးကြီးကြောင်း သိခဲ့ကြပြီ။ အောက်မေ့ရာပွဲ တက်တဲ့အခါ ကိုယ်တိုင်​ကော တခြားသူတွေ​ပါ အကျိုး အများကြီး ရတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လာတယ်။ သူတို့ လုပ်ပေးတာ​တွေ​အတွက် ဘယ်လောက် ကျေးဇူးတင်ကြောင်း ပြ​ခွင့် ရတယ်။ ညီအစ်ကို/မတွေနဲ့ ပိုရင်းနှီး​လာတယ်။ ရွေးဖိုး​ကနေ တခြားသူတွေ အကျိုးရဖို့ ကူညီပေး​ခွင့် ရတယ်။ နှစ်တိုင်း မိမိ​သေခြင်းကို သတိရဖို့ ယေရှု မှာ​ခဲ့​တာ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့် တစ်နှစ်တာရဲ့ အရေးကြီးဆုံး နေ့ ဖြစ်တဲ့ အောက်မေ့​ရာ​နေ့​အတွက် အခုကတည်းက ပြင်ဆင်ထား​ကြရအောင်။

၂၀၂၄ ခုနှစ်အတွက် အောက်မေ့​ရာ​နေ့​ဟာ တနင်္ဂနွေနေ့ ကျတယ်။ တနင်္ဂနွေနေ့ ကျတဲ့ နှစ်တွေ​မှာ ခါတိုင်း စနေ/တနင်္ဂနွေ ကျင်းပတဲ့ အသင်းတော် အစည်းအဝေး မရှိဘူး။ ဒါကြောင့် နောက်အပတ်​အတွက် လေ့လာရန် ဆောင်းပါး မရှိပါဘူး။

NANGH BANGCI DAWNG DING?

  • Sih Phawkna ni adingin lungsim koi bangin kigingkhol thei i hiam?

  • Midangte hamphat nadingin koi bangin huh thei i hiam?

  • Pasian thu lama a gamtang nawn lo mite koi bangin huh thei i hiam?

LA 18 Tatkhiatna Hangin Lungdam Ung

a ဒီဆောင်းပါးမှာ ညွှန်းထားတဲ့ ဆောင်းပါး၊ ဗီဒီယိုတွေကို jw.org ရှာဖွေမှု အသွင်အပြင် သုံးပြီး ရှာပါ။

b ၂၀၂၁၊ ဧပြီလ ကင်းမျှော်စင် မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ဆောင်းပါးကို ကြည့်ပါ။

c ယေဟောဝါထံ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၂၃၊ စာပိုဒ် ၈-၉ ကို ကြည့်ပါ။

d “ရှာဖွေ​လေ့လာစရာ​များ” လေးထောင့်ကွက်ကို ကြည့်ပါ။

e ရုပ်ပုံနဲ့ “ညီအစ်ကို/မတွေ ဘယ်လို ဆက်ဆံ​ကြ​သလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။ နိုင်ငံတော်​ခန်းမ​ထဲ ဝင်ဖို့ မလှုပ်မရှား ညီအစ်ကို ရှိန်နေပေမဲ့ ဝင်လာ။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခံရ။ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်း​ရလို့ ပျော်​သွား။

f ပုံအညွှန်း– ကမ္ဘာ့ဒေသ​တစ်ခုမှာ ယေဟောဝါရဲ့ လူမျိုး အောက်မေ့ရာပွဲ ကျင်းပ​နေချိန် တခြား​ဒေသ​တွေ​မှာ အောက်မေ့ရာပွဲ ကျင်းပဖို့ ညီအစ်ကို/မတွေ ပြင်ဆင်​နေ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ