Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 January laim. 20-25
  • Tatkhiatna In Hong Theihsak Thute

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Tatkhiatna In Hong Theihsak Thute
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • TATKHIATNA PAN A HONG THEIHSAK JEHOVAH’ THU
  • TATKHIATNA PAN A HONG THEIHSAK JESUH’ THU
  • SINSUAK IN
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Kum Khat Sung ii A Thupipen Ni Adingin Na Kigingkhol Ta Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Tatkhiatna—Pasian Hong Piak A Manpha Pen Letsong
    Lai Siangtho In Bang Hong Sinsak A Hiam?
  • Jehovah In Nang Hong It
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 January laim. 20-25

Sin Ding Thu 4

LA 18 ရွေးနုတ်ဖိုး​အတွက် ကျေးဇူးတင်ပါ

Tatkhiatna In Hong Theihsak Thute

Pasian in eite hong itna hong lak hi.’—1 JOH. 4:9.

အာရုံစိုက်​ရာ

ရွေးဖိုး​က ယေဟောဝါ​ဘုရားနဲ့ ယေရှုခရစ်ရဲ့ ဘယ်​အရည်အသွေးတွေကို ပေါ်လွင်​စေ​သလဲ။

1. Kum simin a kibawl Jesuh Sih Phawkna ah i kikhop ciang bang hamphatna ngah i hiam?

ရွေးဖိုးဟာ အဖိုး​မဖြတ်နိုင်တဲ့ လက်ဆောင်​ဆိုတာ ကျွန်တော်တို့​အားလုံး သဘောတူ​ကြမှာ​ပါ။ (၂ ကော. ၉:၁၅) ရွေးဖိုးကြောင့် ယေဟောဝါ​ဘုရားနဲ့ ကျွန်တော်တို့ ခင်မင်​ရင်းနှီး​နိုင်​ကြတယ်။ ထာဝရ​အသက် မျှော်လင့်ချက် ရှိလာကြတယ်။ ကျွန်တော်တို့ကို ချစ်မြတ်နိုး​လို့ ရွေးဖိုး​ပြင်ဆင်ပေးတဲ့ ယေဟောဝါကို ကျေးဇူးတင်​သင့်​တယ် မဟုတ်လား။ (ရော. ၅:၈) ရွေးဖိုး​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် ပျောက်​မသွားဖို့ မိမိရဲ့ သေခြင်း​နှစ်ပတ်လည်​ပွဲ​ကို ယေရှု ကျင်းပ​ခိုင်းတယ်။—လု. ၂၂:၁၉၊ ၂၀။

2. Hih thulu-ah bang thu kikum ding i hiam?

၂ ဒီ​နှစ် အောက်မေ့​ရာ အစီအစဉ်ကို ၂၀၂၅၊ ဧပြီ ၁၂ ရက်၊ စနေနေ့မှာ ကျင်းပ​ပါမယ်။ တက်ရောက်ဖို့ ကျွန်တော်တို့​အားလုံး စီစဉ်ထား​ကြ​မှာ​ပါ။ ကျွန်တော်တို့အတွက် ယေဟောဝါနဲ့ သားတော်​ယေရှု လုပ်ပေးခဲ့တာ​တွေ​ကို အောက်မေ့ရာနေ့ မတိုင်ခင်နဲ့ ပြီးနောက် အပတ်​တွေ​မှာ အချိန်ယူ တွေးတော​ဆင်ခြင်​တာ အကျိုးရှိတယ်။ ယေဟောဝါနဲ့ ယေရှုအကြောင်း ရွေးဖိုး​ကနေ ဘာသိရသလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ရွေးဖိုးကြောင့် ဘာအကျိုးတွေ ရသလဲ၊ ရွေးဖိုး​အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ပြနိုင်သလဲ​ဆိုတာ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

TATKHIATNA PAN A HONG THEIHSAK JEHOVAH’ THU

3. A cingtaak mi khat’ sihna in mi awn tampite mawhna le sihna pan koi bangin suaktasak a hiam? (Lim zong en in.)

၃ ယေဟောဝါ တရားမျှတတယ်​ဆိုတာ ရွေးဖိုး​ကနေ သိရတယ်။ (တရား. ၃၂:၄) ဘာကြောင့်လဲ။ ယေဟောဝါကို အာဒံ မနာခံ​ခဲ့​လို့ အပြစ်ရှိ​သွားပြီး သေ​ရတယ်။ ကျွန်တော်တို့လည်း အာဒံရဲ့ သားစဉ်မြေးဆက်​တွေ ဖြစ်လို့ အပြစ်ရှိသူတွေ ဖြစ်သွား​ပြီး သေ​ကြရတယ်။ (ရော. ၅:၁၂) ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ ယေဟောဝါ လွတ်မြောက်​စေချင်​လို့ ယေရှုကို မြေကြီးပေါ် စေလွှတ်ပြီး ရွေးဖိုး​ပေး​စေ​တယ်။ စုံလင်သူ​တစ်ယောက် အသေခံ​တာက ဘယ်လိုလုပ်ပြီး လူ​သန်းချီ​ကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်​စေ​သလဲ။ “လူတစ်ယောက် [အာဒံ]ရဲ့ မနာခံမှုကြောင့် လူများစွာ အပြစ်ရှိသူတွေ ဖြစ်လာတယ်။ အလားတူ၊ လူတစ်ယောက် [ယေရှု]ရဲ့ နာခံမှု​ကြောင့် လူများစွာ ဖြောင့်မတ်သူတွေ ဖြစ်လာတယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (ရော. ၅:၁၉။ ၁ တိ. ၂:၆) တစ်နည်း​အားဖြင့် စုံလင်သူ​တစ်ယောက် နာခံမှု မရှိလို့ လူတွေ အပြစ်နဲ့ သေခြင်း​အောက် ကျ​ရောက်သွားတယ်။ အဲဒီလိုပဲ လူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့​ဆိုရင် စုံလင်သူ​တစ်ယောက် နာခံမှု ရှိဖို့ပဲ လိုတယ်။

ရုပ်ပုံ– ၁။ အာဒံ။ နောက်ခံ​ပုံ​မှာ လူတွေ အခေါင်း သယ်​ပြီး အသုဘ လိုက်​ပို့​နေ။ ၂။ ယေရှုခရစ်။ နောက်ခံ​ပုံ​မှာ အသက်အရွယ်၊ လူမျိုး၊ ယဉ်ကျေးမှု၊ နောက်ခံ ပေါင်းစုံ​က လူတွေ။

စုံလင်သူ​တစ်ယောက် နာခံမှု မရှိလို့ လူတွေ အပြစ်နဲ့ သေခြင်း​အောက် ကျရောက်သွား။ အဲဒီလိုပဲ လူတွေ အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်ဖို့​ဆိုရင် စုံလင်သူ​တစ်ယောက် နာခံမှု ရှိဖို့ပဲ လို (စာပိုဒ် ၃ ကို ကြည့်ပါ)


4. Tatkhiatna piak kul lo-a Adam’ suanlekhakte lak pan ama thu a mangte Jehovah in ba’hang a tawntungin nuntaksak ziau thei lo a hiam?

၄ ကျွန်တော်တို့ကို ကယ်တင်ဖို့ သားတော်ကို ယေဟောဝါ အသေခံ​ခိုင်း​ဖို့ တကယ် လိုသလား။ အာဒံရဲ့ သားစဉ်မြေးဆက်​တွေ​ထဲက မိမိကို နာခံ​သူတွေကို ထာဝစဉ် အသက်ရှင်​ခွင့်​ပြုလိုက်ရင် မရဘူး​လား။ လူ့အမြင်အရ ကြည့်ရင် ဒါဟာ မေတ္တာရှိတဲ့၊ အကျိုးသင့်​အကြောင်းသင့်​ရှိတဲ့ ဖြေရှင်းနည်း ဖြစ်ပုံရတယ်။ ယေဟောဝါကတော့ ဒါကို တရား​နည်းလမ်း​ကျတဲ့ ဖြေရှင်းနည်း​လို့ မမြင်ဘူး။ ယေဟောဝါဟာ တရား​မျှတ​လို့ အာဒံရဲ့ ကြီးလေးတဲ့​အပြစ်ကို မရှိခဲ့​သယောင် သဘော​မထားဘူး။

5. Jehovah in a tawntungin thuman sem ding cih pen ba’hang muang thei i hiam?

၅ ယေဟောဝါသာ ရွေးဖိုး​ပြင်ဆင်​မပေးဘူး၊ တရားမျှတမှုကို ဘေးချိတ်​ပြီး အာဒံရဲ့ မစုံလင်တဲ့ သားစဉ်မြေးဆက်​တွေ​ကို ထာဝစဉ် အသက်ရှင်​ခွင့်​ပြု​လိုက်မယ်​ဆိုရင် ဘာဖြစ်နိုင်သလဲ။ တခြား​ကိစ္စတွေမှာ​လည်း တရားမျှတမှုကို ယေဟောဝါ ဘေးချိတ်​လိုက်​မလား​ဆိုပြီး လူတွေ စဉ်းစား​လာနိုင်တယ်။ ပေးထားတဲ့ ကတိ​အားလုံး တည်​ပါ့မလား​ဆိုပြီး သံသယဝင်လာနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလို​စဉ်းစားဖို့၊ သံသယဝင်​ဖို့ မလိုပါဘူး။ ဘာကြောင့်လဲ။ ချစ်သားတော်​ကို အသေခံ​စေ​တဲ့​အထိ ယေဟောဝါ တရား​မျှတ​လို့​ပဲ။ ဒါကြောင့် ဘယ်ကိစ္စမဆို အမြဲ တရား​မျှတ​မယ်​ဆိုတာ စိတ်ချနိုင်တယ်။

6. Jehovah in tatkhiatna hong vaihawmsakna a hang khat in bang a hiam? (1 Johan 4:9, 10)

၆ ယေဟောဝါ ရွေးဖိုး​ပြင်ဆင်​ပေးတာ​ဟာ တရား​မျှတ​တာ တစ်ခုတည်း​ကြောင့် မဟုတ်ဘူး။ မေတ္တာ​ကြီးမား​လို့​ပဲ။ (ယော. ၃:၁၆။ ၁ ယောဟန် ၄:၉၊ ၁၀ ကို ဖတ်ပါ။) ကျွန်တော်တို့ကို ယေဟောဝါ ထာဝစဉ် အသက်ရှင်စေ​ချင်​ရုံသာမက မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်ကြောင်း ရွေးဖိုး​ကနေ သိရတယ်။ စဉ်းစားကြည့်ပါ– အာဒံ အပြစ်​လုပ်လိုက်​ချိန်​မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မွေး​လာချိန်​မှာ ယေဟောဝါရဲ့ မိသားစုဝင် မဟုတ်ဘူး။ ဒါပေမဲ့ ရွေးဖိုး​ကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ဒါကြောင့် ယုံကြည်ခြင်း၊ နာခံမှု ရှိသူ​အားလုံး တစ်နေ့ကျရင် ယေဟောဝါရဲ့ မိသားစုဝင် ဖြစ်ခွင့်​ရလာမယ်။ လောလောဆယ်မှာ​တောင် ယေဟောဝါနဲ့​ကော ယုံကြည်သူချင်းတွေနဲ့​ပါ ခင်မင်​ရင်းနှီး​နိုင်​ကြတယ်။ ယေဟောဝါရဲ့ မေတ္တာကို တကယ် ခံစားနေရတာ​ပါပဲ။—ရော. ၅:၁၀၊ ၁၁။

7. Jesuh gimna a thuakna in Jehovah’ itna koi bangin hong teelkhiasak a hiam?

၇ ယေဟောဝါ စိတ်​အထိခိုက်​ခံပြီး ရွေးဖိုး​ပြင်ဆင်​ပေးတာကို စဉ်းစားလိုက်တဲ့​အခါ မေတ္တာ​ကြီးမားကြောင်း ပိုနားလည်​လာ​ရတယ်။ အခက်​ကြုံ​ရင် ယေဟောဝါအပေါ် ဘယ်သူမှ သစ္စာ​ရှိ​မှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲ​ထားတယ်။ စာတန့်​စွပ်စွဲချက် မှားကြောင်း သက်သေ​ပြဖို့ သားတော် မသေဆုံးခင် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။ (ယောဘ ၂:၁-၅။ ၁ ပေ. ၂:၂၁) ယေရှုကို လူတွေ လှောင်ပြောင်တယ်။ စစ်သားတွေ ကျာပွတ်နဲ့ ရိုက်တယ်။ သစ်တိုင်ပေါ် တင်ပြီး သံနဲ့ ရိုက်တယ်။ နောက်ဆုံးတော့ ယေရှု ဝေဒနာ မချိမဆံ့ ခံစားပြီး သေသွားတယ်။ (မ. ၂၇:၂၈-၃၁၊ ၃၉) ယေဟောဝါ အချိန်မရွေး ဝင်​တားနိုင်စွမ်း ရှိပေမဲ့ ဒီအတိုင်း ကြည့်​နေခဲ့ရ​တယ်။ “သူ့ကို ဘုရား ကယ်ချင်​ရင် ကယ်​ပါ​စေ” လို့ လူတွေ ခနဲ့​ချိန်​မှာ ယေဟောဝါ ကယ်​လိုက်လို့ ရတယ်။ (မ. ၂၇:၄၂၊ ၄၃) ဒါပေမဲ့ ကယ်​လိုက်ရင် ယေရှု ရွေးဖိုး​မပေးနိုင်တော့​ဘူး၊ ကျွန်တော်တို့အတွက် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါကြောင့် နောက်ဆုံး​ထွက်သက်​အထိ သားတော် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုလိုက်တယ်။

8. A tapa gimna a thuakna a muh ciang Jehovah’ lungsim nasa ding ahihlam ba’hang gen thei i hiam? (Lim zong en in.)

၈ ယေဟောဝါဟာ အနန္တ​တန်ခိုးရှင် ဖြစ်တဲ့အတွက် ခံစားချက် မရှိဘူးလို့ ဆိုလိုသလား။ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ပုံသဏ္ဌာန်တော်​အတိုင်း ဖန်ဆင်းခံ​ထား​ကြရတယ်။ ကျွန်တော်တို့မှာ ခံစားချက် ရှိတယ်​ဆိုကတည်းက ယေဟောဝါ​မှာ​လည်း ခံစားချက် ရှိလို့ပဲ။ ယေဟောဝါ “စိတ်ထိခိုက်” တယ်၊ “စိတ်နာ” တယ် စသဖြင့် ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒီတော့ သားတော် ဝေဒနာ ခံစားရတာ​ကို မြင်တဲ့အခါ ယေဟောဝါ ဘယ်လောက် စိတ်ထိခိုက်မယ်​ဆိုတာ သိဖို့ အာဗြဟံ​နဲ့ အိဇက်​အကြောင်း စဉ်းစားကြည့်ပါ။ တစ်ဦးတည်းသော​သားကို ပူဇော်​ဖို့ အာဗြဟံ​ကို ယေဟောဝါ ပြောတယ်။ (က. ၂၂:၉-၁၂။ ဟီ. ၁၁:၁၇-၁၉) ဓားချက်​တစ်ချက်​တည်းနဲ့​တင် သားကို အဆုံး​စီရင်​နိုင်​မှန်း သိတာ​တောင် သတ်ဖို့ ဟန်ပြင်​လိုက်​ချိန်​မှာ အာဗြဟံ သိပ်​ခံစားခဲ့ရတာ။ ဘုရားတရား​မဲ့​သူ​တွေ မိမိ​သားတော်ကို သေတဲ့​အထိ ရက်ရက်စက်စက် နှိပ်စက်​နေတာကို မြင်တဲ့အခါ ယေဟောဝါ ပိုလို့တောင် ခံစားရမှာ။—သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ—အာဗြဟံ၊ အပိုင်း ၂ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

ယေရှု သစ်တိုင်တင်​ခံရ။

သားတော် ဝေဒနာ ခံစား​ရချိန်မှာ ယေဟောဝါ စိတ်ထိခိုက် (စာပိုဒ် ၈ ကို ကြည့်ပါ)


9. Jehovah’ itna thu Rom 8:32, 38,39 pan bang theikhia i hiam?

၉ မိသားစု၊ မိတ်ဆွေတွေ ကိုယ့်ကို ဘယ်လောက်ပဲ ချစ်​ပါစေ ယေဟောဝါလောက် မချစ်နိုင်ဘူး​ဆိုတာ ရွေးဖိုး​ကနေ သိရတယ်။ (ရောမ ၈:၃၂၊ ၃၈၊ ၃၉ ကို ဖတ်ပါ။) ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ချစ်တာ​ထက်​တောင် ယေဟောဝါ ပိုချစ်တယ်။ သင် ထာဝစဉ် အသက်ရှင်ချင်​သလား။ ယေဟောဝါ ပိုလို့တောင် အသက်ရှင်စေ​ချင်​သေးတယ်။ သင် အပြစ်​ခွင့်လွှတ်​ခံ​ချင်​သလား။ ယေဟောဝါ ပိုလို့တောင် ခွင့်လွှတ်​ပေးချင်​သေးတယ်။ တောင်းဆိုတာ​ဆိုလို့ ရွေးဖိုး​အတွက် ကျေးဇူးတင်​လေးမြတ်ကြောင်း ပြဖို့​ပဲ။ ကျေးဇူးတင်​လေးမြတ်ကြောင်း ဘယ်လို ပြနိုင်​သလဲ။ ယေဟောဝါကို ယုံကြည်ခြင်း၊ နာခံခြင်းအားဖြင့်​ပါ။ ရွေးဖိုးဟာ ယေဟောဝါရဲ့ မေတ္တာကို ပေါ်လွင်စေတဲ့ လက်ဆောင်မွန်​ပါပဲ။ ကမ္ဘာသစ် ရောက်ရင်​လည်း ယေဟောဝါရဲ့ မေတ္တာ​အကြောင်း ပိုသိလာရ​ဦး​မယ်။—ဒေ. ၃:၁၁။

TATKHIATNA PAN A HONG THEIHSAK JESUH’ THU

10. (a) Jesuh in ama sihna tawh kisai a diakin bang lunghimawh a hiam? (b) Jesuh in Satan zuau khempa ahihlam koi bangin kilangsak a hiam? (“Satan Pen Zuau Khempa Ahihlam Jesuh’ Citakna In Kilangsak” kiu li bawm zong en in.)

၁၀ ဖခင်​ရဲ့ ဂုဏ်သတင်းကို ယေရှု အလေးထားတယ်​ဆိုတာ ရွေးဖိုး​ကနေ သိရတယ်။ (ယော. ၁၄:၃၁) ဘုရားကို စော်ကား​ပြောဆိုသူ၊ အကြည်အညို​ပျက်အောင် လုပ်သူ​ဆိုတဲ့ စွဲချက်​နဲ့ အသတ်ခံရ​လို့ အဖ​နာမည် ထိခိုက်​မှာ ယေရှု သိပ်​စိတ်ပူ​တယ်။ ဒါကြောင့် “ကျွန်တော့်​အဖ၊ ဖြစ်နိုင်မယ်​ဆိုရင် ဒီ​ခွက်​ကို လွှဲဖယ်​ပေးပါ” လို့ ဆုတောင်းတယ်။ (မ. ၂၆:၃၉) ယေရှု သေတဲ့​အထိ သမာဓိ​စောင့်သိ​တဲ့​အတွက် ဘာကို သက်သေထူ​နိုင်​ခဲ့​သလဲ။ အဖ​ကို စာတန် နာမည်​ဖျက်ပြီး ပြောဆို​ထားတာ​တွေ မှားတယ်​ဆိုတာ သက်သေ​ထူ​နိုင်ခဲ့တယ်။


စာတန် မုသာကောင် ဖြစ်ကြောင်း ယေရှုရဲ့ သမာဓိက သက်သေထူ

အခက်ကြုံ​ရင် ယေဟောဝါအပေါ် ဘယ်သူမှ သစ္စာ​ရှိ​မှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲ​ထားတယ်။ ဝေဒနာ ခံစားပြီး သေဆုံးသွားတဲ့​အထိ ယေရှု သမာဓိ​စောင့်သိ​ခြင်း​အားဖြင့် စာတန့်​စွပ်စွဲချက် မှားကြောင်း သက်သေ​ထူ​ခဲ့တယ်။ (ယောဘ ၂:၄၊ ၅) အာဒံဟာ ယေရှုလိုပဲ ပြည့်ဝ​စုံလင်သူ ဖြစ်လို့ ဆန္ဒ​သာ ရှိရင် သမာဓိ​စောင့်သိ​နိုင်တယ်။ အာဒံ အပြစ်​လုပ်လိုက်တာ​ဟာ ကိုယ်တိုင်ရဲ့ ရွေးချယ်မှု ဖြစ်တယ်၊ ယေဟောဝါ ဖန်ဆင်း​တုန်းက လိုအပ်ချက် ရှိခဲ့လို့ မဟုတ်ဘူး​ဆိုတာ​ကိုလည်း ယေရှု သက်သေ​ထူ​ခဲ့တယ်။

ဂေသရှေမန် ဥယျာဉ်မှာ ယေရှု ပြင်းပြင်းပြပြ ဆုတောင်းနေ။

အဖ​ဘုရားကို ယေရှု သိပ်ချစ်ကြောင်း ရွေးဖိုး​က ပေါ်လွင်​စေ (စာပိုဒ် ၁၀ ကို ကြည့်ပါ)

အဖ​ဘုရားကို ယေရှု သိပ်ချစ်ကြောင်း ရွေးဖိုး​က ပေါ်လွင်​စေ (စာပိုဒ် ၁၀ ကို ကြည့်ပါ)


11. Lungsim takpi tawk mite a itlam Jesuh in koi bangin lak a hiam? (Johan 13:1)

၁၁ လူတွေကို ယေရှု အလေးထားတယ်​ဆိုတာ​လည်း ရွေးဖိုး​ကနေ သိရတယ်။ အထူးသဖြင့် နောက်လိုက်တွေကို အလေးထားတယ်။ (ပညာ. ၈:၃၁။ ယောဟန် ၁၃:၁ ကို ဖတ်ပါ။) မြေကြီးပေါ်မှာ ကြုံရမယ့်​အရာ​တချို့ဟာ သိပ်​ခက်မယ်​ဆိုတာ ယေရှု သိတယ်။ အထူး​သဖြင့် ဝေဒနာ မချိမဆံ့ ခံစားပြီး သေရမယ့်​ကိစ္စ ဖြစ်တယ်။ ဒါပေမဲ့ တာဝန်​အရ မဟုတ်ဘဲ လူတွေကို ချစ်လို့ အခက်အခဲ​အားလုံးကို ရင်ဆိုင်ခဲ့​တယ်။ ဟောပြောခြင်း၊ သွန်သင်ခြင်း၊ လူတွေကို ကူညီပေးခြင်း​အားဖြင့် ချစ်ကြောင်း ပြတယ်။ မိမိ မသေဆုံးခင် ညမှာ​တောင် တမန်တော်တွေကို ခြေဆေး​ပေးပြီး စံနမူနာ ပြတယ်။ နှစ်သိမ့်​အားပေး​စကား ပြောတယ်။ (ယော. ၁၃:၁၂-၁၅) သစ်တိုင်ပေါ် သေလု​ဆဲဆဲမှာတောင် ဘေး​က ရာဇဝတ်သားကို ပရဒိသု မျှော်လင့်ချက်​အကြောင်း ပြောပြတယ်။ မိခင်​ကို စိုးရိမ်​မကင်း ဖြစ်​လွန်းလို့ ဂရုစိုက်ပေးဖို့ ယောဟန်​လက်ထဲ အပ်​ခဲ့တယ်။ (လု. ၂၃:၄၂၊ ၄၃။ ယော. ၁၉:၂၆၊ ၂၇) လူတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း ယေရှုရဲ့ သေခြင်းက​ပဲ ပေါ်လွင်​စေ​တာ မဟုတ်ဘူး။ မြေကြီး​အသက်တာ​တစ်ခုလုံး​က ပေါ်လွင်​စေ​တယ်။

12. Jesuh in phattuamna i ngah nadingin bangteng hong sepsak a hiam?

၁၂ ယေရှု “တစ်ကြိမ်တည်း​အပြီး” အသေခံခဲ့​ပေမဲ့ အခုအချိန်ထိ ကျွန်တော်တို့​အကျိုး​အတွက် လုပ်ပေး​နေတာ​တွေ ရှိတယ်။ (ရော. ၆:၁၀) ဘာတွေလဲ။ ရွေးဖိုး​ကနေ ကျွန်တော်တို့ အကျိုး​ခံစားရဖို့ အချိန်​ပေးပြီး အားသွန်ခွန်စိုက် ကြိုးစား​နေတယ်။ ဘုရင်၊ ပုရောဟိတ်မင်း၊ အသင်းတော်ရဲ့ ဦးခေါင်း​အနေနဲ့ ယေရှု ဘယ်လောက် အလုပ်များ​နေ​မလဲ မြင်ယောင်ကြည့်ပါ။ (၁ ကော. ၁၅:၂၅။ ဧ. ၅:၂၃။ ဟီ. ၂:၁၇) ကြီးစွာသော​ဒုက္ခ အဆုံးမတိုင်ခင် ဘိသိက်ခံ​နဲ့ လူအုပ်ကြီး​ကို စုသိမ်း​ရတဲ့ အလုပ်ကို ကြီးကြပ်ပေး​နေတယ်။ (မ. ၂၅:၃၂။ မာ. ၁၃:၂၇) သစ္စာရှိ​ကျွန်ကို သုံးပြီး နောက်ဆုံး​ကာလ​အတွင်း အချိန်တန် အစားအစာ ဖောဖောသီသီ ကျွေးနေတယ်။ (မ. ၂၄:၄၅) အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း​မှာ​လည်း ကျွန်တော်တို့​အတွက် အကျိုးရှိ​မယ့်​အရာတွေ ဆက်လုပ်​ပေး​ဦး​မယ်။ ကျွန်တော်တို့​အတွက် သားတော်ကို ယေဟောဝါ ပေးအပ်တယ်​လို့ ပြောတဲ့​အခါ အသေခံဖို့​လောက်​သာ ပေးအပ်​တာ မဟုတ်ဘူး​ပဲ။

SINSUAK IN

13. Lim taka thungaihsutna in Jehovah le Jesuh ii itna thu sinsuak dingin koi bangin hong huh a hiam?

၁၃ ယေဟောဝါ​ဘုရားနဲ့ ယေရှုရဲ့ မေတ္တာ​အကြောင်း လေးလေးနက်နက် တွေးတောလေ သင်ယူစရာ တိုး​လေ​ပါပဲ။ ဒီ​နှစ် အောက်မေ့​ရာ​ကာလ​အတွင်း ခရစ်ဝင်ကျမ်း အနည်းဆုံး တစ်ကျမ်း​လောက်ကို စေ့စေ့စပ်စပ် ဖတ်ပါ။ တစ်ထိုင်တည်း အများကြီး မဖတ်ပါ​နဲ့။ အလောတကြီး မဖတ်ပါ​နဲ့။ ယေဟောဝါနဲ့ ယေရှုကို ချစ်မြတ်နိုး​သင့်​တဲ့ ထပ်ဆင့် အကြောင်းရင်းတွေ စဉ်းစားပါ။ တခြားသူတွေကို သိလာတာ​တွေ ပြောပြပါ။

14. Thu kanna in tatkhiatna le adang thu hilhnate sinsuak dingin koi bangin hong huh a hiam? (Late 119:97) (Lim zong en in.)

၁၄ သင်ဟာ အမှန်တရား​သက်တမ်း ကြာနေပြီ​ဆိုရင် ဘုရားရဲ့ တရားမျှတမှု၊ မေတ္တာ၊ ရွေးဖိုး​အကြောင်း လေ့လာတာ ထပ်​နေပြီ ဖြစ်လို့ သင်ယူစရာ ရှိသေးလို့​လား​ဆိုပြီး တွေးမိနိုင်တယ်။ တကယ်တော့ သင်ယူ​စရာတွေ မကုန်နိုင်​ပါ​ဘူး။ အဖွဲ့အစည်း​စာပေတွေမှာ ဖတ်​စရာ၊ မှတ်​စရာ​တွေ​မှ အများကြီး​ပဲ။ ဒါကြောင့် ကျမ်းပိုဒ်​တစ်ပိုဒ် ဖတ်လို့ ကောင်းကောင်း နားမလည်ဘူး​ဆိုရင် ရှာဖွေ​လေ့လာပါ။ ရှာဖွေ​လေ့လာခဲ့​တာက​နေ ယေဟောဝါအကြောင်း၊ သားတော်အကြောင်း၊ သူတို့ရဲ့ မေတ္တာ​အကြောင်း သိလာ​ရတာကို တစ်နေ့လုံး တွေးတောဆင်ခြင်ပါ။—ဆာလံ ၁၁၉:၉၇ ကို ဖတ်ပါ။

သက်ကြီး ညီအစ်ကို​တစ်ယောက် တက်ဘလက်၊ ကျမ်းစာ၊ မှတ်စု​စာအုပ် သုံးပြီး ကိုယ်ပိုင်လေ့လာမှု လုပ်နေ။ “ကမ္ဘာသစ် ဘာသာပြန်ကျမ်း” နောက်ဆက်တွဲ ခ​၁၂-ခ “ယေရှုရဲ့ မြေကြီး​အသက်တာ နောက်ဆုံး​သီတင်းပတ် (အပိုင်း ၂)” ဇယား​နဲ့ “ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်” စာအုပ်၊ အခန်း ၁၂၉ ကို လေ့လာ​နေ။

အမှန်တရား​သက်တမ်း ကြာနေပြီ​ဆိုရင်တောင် ရွေးဖိုး​ကို ကျေးဇူးတင်​လေးမြတ်​ရတဲ့ အကြောင်းရင်းတွေ သင်ယူ​လို့ မကုန်နိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ)


15. Lai Siangtho i sim ciang, thu a thak ahih kei leh a lunglut huai thute ba’hang zon beh kul a hiam?

၁၅ ကျမ်းစာ​ဖတ်​တိုင်း၊ ရှာဖွေ​လေ့လာ​တိုင်း အကြောင်းအရာ​အသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာ​အချက် မတွေ့ရင်​လည်း စိတ်ဓာတ်​မကျပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ရွှေကျင်​သမားလို့ မြင်ယောင်ကြည့်ပါ။ ရွှေစလေး​တစ်စ ရဖို့​တောင် နာရီနဲ့ချီ၊ ရက်နဲ့ချီ ရှာ​ရ​တတ်တယ်။ ဒါပေမဲ့ ရွှေမှုန်​ရွှေစတိုင်း​ဟာ တန်ဖိုး​ရှိလို့ လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာ​မယ် မဟုတ်လား။ ရွှေ​ထက်မက တန်ဖိုး​ရှိတဲ့ ကျမ်းစာထဲက ရတနာတွေ​ကော။ သေးသေးမွှားမွှား ဖြစ်နေရင်​တောင် အဖိုးတန်တယ်။ (ဆာ. ၁၁၉:၁၂၇။ ပညာ. ၈:၁၀) ဒါကြောင့် ကျမ်းစာဖတ်​တဲ့အခါ အကြောင်းအရာ​အသစ် ဒါမှမဟုတ် စိတ်ဝင်စားစရာ​အချက်တွေကို လက်မလျှော့ဘဲ စိတ်ရှည်ရှည် ရှာပါ။—ဆာ. ၁:၂။

16. Jehovah le Jesuh koi bangin etteh thei i hiam?

၁၆ သင်ယူ​သိရှိလာ​တာ​တွေ​ကို လက်တွေ့​ကျင့်သုံးနိုင်မယ့် နည်း​တွေ စဉ်းစားပါ။ ဥပမာ၊ တခြားသူတွေကို မျက်နှာ​မလိုက်တမ်း ဆက်ဆံခြင်း​အားဖြင့် တရားမျှတတဲ့ ယေဟောဝါကို အတုယူပါ။ ယေဟောဝါနဲ့ လူတွေကို ချစ်ခြင်း၊ ယေဟောဝါရဲ့ နာမတော်​အတွက်၊ ညီအစ်ကို/မတွေ​အတွက် ကိုယ်ကျိုးစွန့်​ခြင်း​အားဖြင့် ယေရှုကို အတုယူပါ။ ဒါ့အပြင် အဖိုး​မဖြတ်နိုင်တဲ့ ရွေးဖိုး​လက်ဆောင်​ကနေ တခြားသူတွေ​လည်း အကျိုး​ရနိုင်အောင် ဟောပြော​သက်သေခံ​ပါ။

17. A zom sin ding thu-ah bang thu kikum ding i hiam?

၁၇ ရွေးဖိုး​အကြောင်း သင်ယူ​သိရှိ​လေ ယေဟောဝါနဲ့ ယေရှုကို ပိုချစ်လေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ ယေရှုကို ပို​ချစ်​လာတာ​နဲ့​အမျှ သူတို့လည်း ကျွန်တော်တို့ကို ဆထက်တိုး ပို​ချစ်​ပေးကြ​မှာ။ (ယော. ၁၄:၂၁။ ယာ. ၄:၈) ဒါကြောင့် ကျမ်းစာ၊ အဖွဲ့အစည်း​စာပေတွေကို သုံးပြီး ရွေးဖိုး​အကြောင်း ဆက်သင်ယူ​ကြရအောင်။ ရွေးဖိုးကြောင့် ဘာအကျိုးတွေ ရသလဲ။ ယေဟောဝါရဲ့ မေတ္တာ​အတွက် ဘယ်လို ကျေးဇူး​တုံ့ပြန်​နိုင်သလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • Jehovah’ thumanna tawh kisai tatkhiatna pan bang theikhia i hiam?

  • Jehovah’ itna tawh kisai tatkhiatna pan bang theikhia i hiam?

  • Jesuh’ itna tawh kisai tatkhiatna pan bang theikhia i hiam?

LA 107 မေတ္တာ​စံနမူနာ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ