Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 February laim. 8-13
  • Jehovah’ Maisakna In Bang Hamphatna Hong Ngahsak A Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah’ Maisakna In Bang Hamphatna Hong Ngahsak A Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • JEHOVAH IN MAWHNATE HONG HEPKHIATSAK
  • JEHOVAH IN MAWHNATE HONG SAWP SIANGSAK
  • JEHOVAH IN KILEMKIK NADING HONG BAWLPHAKIK
  • JEHOVAH’ MAISAKNA HANGIN HAMPHATNA KINGAH
  • Jehovah’ Maisakna Tungah Bang Hangin Lungdam Ding I Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah’ Itna Hanga I Ngah Thuphate
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah’ Maisakna—Koi Bangin Etteh Thei Ding I Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 February laim. 8-13

Sin Ding Thu 7

LA 15 ယေဟောဝါရဲ့ သားဦးကို ကြိုဆို​ဂုဏ်ပြု

Jehovah’ Maisakna In Bang Hamphatna Hong Ngahsak A Hiam?

“Nangmah in mawhna na maisak hi.”—LA. 130:4.

အာရုံစိုက်​ရာ

ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်​ပုံ ဘယ်လောက် ထူးခြားကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြတဲ့ တင်စားချက်​တချို့ကို လေ့လာပါမယ်။ ဒါမှ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ပို​တန်ဖိုးထားလေးမြတ်​တတ်လာမယ်။

1. Mihingte’ maisakna pen ba’hang tel ding haksa thei zel a hiam?

“ခွင့်လွှတ်ပါ​တယ်။” သင့်​အပြော၊ လုပ်ရပ်​တစ်ခုခုကြောင့် စိတ်ထိခိုက်​သွား​သူ​တစ်ယောက် ဒီလို​ပြောလာရင် သင် တော်တော် စိတ်​ပေါ့​သွားမှာပဲ။ ဒါပေမဲ့ “ခွင့်လွှတ်ပါ​တယ်” လို့ ပြောတဲ့အခါ ဘာကို ဆိုလိုသလဲ။ အရင်​အတိုင်း ပြန်ခင်ကြမယ်​လို့ ဆိုလိုသလား။ ဒါမှမဟုတ် ဖြစ်ခဲ့​တာ​တွေ စကား​ထဲ ထည့်​မပြောချင်တော့​ဘူး၊ အရင်​အတိုင်း​တော့ ပြန်မခင်နိုင်ဘူး​လို့ ဆိုလိုသလား။ ခွင့်လွှတ်ပါ​တယ်လို့ လူတွေ ပြောတဲ့အခါ တစ်ခါတလေ နားလည်ရ​ခက်တယ်။

2. Lai Siangtho sungah Jehovah’ maisakna koi bangin na gen a hiam? (A nuai-a ciaptehna zong en in.)

၂ မစုံလင်တဲ့ လူသားတွေကို ယေဟောဝါ​ဘုရား ခွင့်လွှတ်​ပုံ​ဟာ ထူးခြားတယ်။ လူ​အချင်းချင်း ခွင့်လွှတ်​ပုံ​နဲ့ ကွာခြားတယ်။ “ကိုယ်တော် တကယ် ခွင့်လွှတ်တဲ့​အတွက် လူတွေ ကြည်ညို​လေးစားကြ​တာ” လို့ ဆာလံ​ကျမ်း​ရေးသူ ပြောတယ်။a (ဆာ. ၁၃၀:၄) ယေဟောဝါ ခွင့်လွှတ်​ပြီ​ဆိုရင် “တကယ် ခွင့်လွှတ်” တာ။ တကယ် ခွင့်လွှတ်တယ်ဆိုတာ ဘာကို ဆိုလိုမှန်း ယေဟောဝါရဲ့ စံနမူနာ​က ဖော်ပြတယ်။ ဟီဘရူး​ကျမ်းစောင်ထဲက ကျမ်းပိုဒ်​တချို့​မှာ ယေဟောဝါရဲ့ ခွင့်လွှတ်​ပုံ​ကို ဖော်ပြတဲ့ စကားလုံး ရှိတယ်။ လူတွေရဲ့ ခွင့်လွှတ်​ပုံ​ကို ဖော်ပြဖို့တော့ အဲဒီစကားလုံးကို ကျမ်း​ရေးသူတွေ တစ်ခါမှ မသုံးဘူး။

3. Jehovah’ maisakna le mihingte’ maisakna koi bangin kilamdang a hiam? (Isaiah 55:6, 7)

၃ လူတစ်ယောက်ကို ယေဟောဝါ ခွင့်လွှတ်​ပြီ​ဆိုရင် အပြစ်တွေကို လုံးဝ ပယ်ဖျက်​လိုက်တယ်။ အရင်​အတိုင်း ရင်းရင်းနှီးနှီး ပြန်​ဆက်ဆံ​တယ်။ ကျွန်တော်တို့ကို ယေဟောဝါ အကြွင်းမဲ့ ထပ်ခါထပ်ခါ ခွင့်လွှတ်​ပေးတာ သိပ်​ကျေးဇူးတင်စရာပါပဲ။—ဟေရှာယ ၅၅:၆၊ ၇ ကို ဖတ်ပါ။

4. Maisak takpi cihna ii a khiatna i tel nadingin Jehovah in koi bangin hong huh a hiam?

၄ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့ လူတွေရဲ့ ခွင့်လွှတ်မှု ကွာခြား​လို့ တကယ် ခွင့်လွှတ်တယ်ဆိုတာ ဘာကို ဆိုလိုမှန်း မစုံလင်သူတွေ နားလည်နိုင်​ပါ့မလား။ နားလည်နိုင်ပါတယ်။ မိမိရဲ့ ခွင့်လွှတ်မှုကို တင်စားချက်​တွေ​နဲ့ ကျမ်းစာမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားလို့​ပါပဲ။ တင်စားချက်​တချို့ကို ဒီဆောင်းပါးမှာ လေ့လာ​ကြ​မယ်။ နောင်တရတယ်​ဆိုရင် အပြစ်တွေကို ယေဟောဝါ ဖယ်ရှား​ပေး​ကြောင်း၊ အရင်​အတိုင်း ရင်းရင်းနှီးနှီး ပြန်​ဆက်ဆံ​ကြောင်း အဲဒီ​တင်စားချက်​တွေ​က သိလာ​စေမယ်။ နည်းအမျိုးမျိုးနဲ့ ခွင့်လွှတ်​ပေးတဲ့ ကရုဏာရှင်​အဖ ယေဟောဝါကို ပို​ကျေးဇူးတင်​လေးမြတ်​လာ​စေမယ်။

JEHOVAH IN MAWHNATE HONG HEPKHIATSAK

5. Jehovah in i mawhnate hong maisak, cih in bang a cihnopna ahi hiam?

၅ ကျမ်းစာမှာ အပြစ်ကို သိပ်​လေးတဲ့ ဝန်ထုပ်​နဲ့ ခိုင်းနှိုင်းထားတယ်။ “ကိုယ့်​အမှားတွေဟာ ခေါင်းကို လွှမ်းမိုးတဲ့​အထိ များ​နေပြီ။ ဝန်ထုပ်ကြီး ထမ်းရ​သလို သိပ်​လေး​တာ​ပဲ” လို့ ဘုရင်​ဒါဝိဒ် ပြောတယ်။ (ဆာ. ၃၈:၄) အပြစ်​လုပ်​သူ နောင်တရတဲ့အခါ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ (ဆာ. ၂၅:၁၈။ ၃၂:၅) “ခွင့်လွှတ်​ပေး” ဆိုတဲ့ ဟီဘရူး စကားလုံးဟာ “ချီမ” ဒါမှမဟုတ် “ယူသွား” ဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။ ဒါကြောင့် ယေဟောဝါ ခွင့်လွှတ်ပေးတယ်​လို့ ပြောတဲ့အခါ ကျွန်တော်တို့ ထမ်းထားရတဲ့ အပြစ်​ဝန်ထုပ်ကြီး​ကို ချီမ​ပြီး အဝေး​တစ်နေရာ​ဆီ ယူသွားတာ​ကို မြင်ယောင်​နိုင်တယ်။

အထုပ်​ကြီး​တစ်ထုပ်​ကို ညီအစ်ကိုရဲ့ ပခုံးပေါ်​ကနေ ချီမ​ပြီး ဖယ်ရှား​ပေးနေတဲ့ လက်တစ်ဖက်။

“ခွင့်လွှတ်ပေးတယ်” (ဆာ. ၃၂:၅)


6. Jehovah in i mawhnate bangzah a kigamlatna-ah hong paihkhiatsak a hiam?

၆ အပြစ်တွေကို ကျွန်တော်တို့နဲ့ ဘယ်လောက်​ဝေးဝေး​အထိ ယေဟောဝါ ယူသွား​ကြောင်း တင်စားချက် နောက်တစ်ချက်​က ဖော်ပြတယ်။ “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို အပြစ်တွေကို ငါတို့နဲ့ အလှမ်းဝေး​စေ​တယ်” လို့ ဆာလံ ၁၀၃:၁၂ မှာ ဆိုတယ်။ နေ​ထွက်​ရာ အရှေ့​အရပ်ဟာ နေဝင်​ရာ အနောက်​အရပ်​ရဲ့ အဝေးဆုံး​မှာ ရှိတယ်။ ဘယ်တော့မှ မဆုံ​ဘူး။ ဒါကြောင့် ဒီ​တင်စားချက်​က အပြစ်တွေကို ကျွန်တော်တို့နဲ့ ဝေးနိုင်သမျှ​ဝေးဝေး ယေဟောဝါ ယူသွားတာ​ကို ဆိုလိုတယ်။ ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ကြောင်း စိတ်ချစေတယ်။

နေဝင်​ဆည်းဆာ။

“နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို” (ဆာ. ၁၀၃:၁၂)


7. Jehovah in i mawhnate hong hepkhiatsak dan ding tawh kisai Lai Siangtho in koi bangin na gen a hiam? (Mikah 7:18, 19)

၇ အပြစ်တွေကို ကျွန်တော်တို့နဲ့ ဝေးနိုင်သမျှ​ဝေးဝေး ယူ​သွားပြီးနောက် ယေဟောဝါ ဆက်​ဆုပ်ကိုင်​ထားသလား။ ဆုပ်ကိုင်​မထားဘူး။ “ကျွန်တော့်​အပြစ်တွေကို ကိုယ်တော့်​နောက်ကျော​ဘက် ပစ်လိုက်တယ်” လို့ ဘုရင်​ဟေဇကိ ပြောတယ်။ (ဟေရှာ. ၃၈:၉၊ ၁၇) နောင်တရ​သူရဲ့ အပြစ်တွေကို ယေဟောဝါ ယူပြီး မြင်ကွင်းကနေ ပျောက်ကွယ်သွားအောင် ပစ်လိုက်​တာကို ဆိုလိုနေတာ​ပါ။ “ကျွန်တော့်​အပြစ်တွေကို တစ်ခါမှ မရှိခဲ့​သလို လုပ်လိုက်တယ်” လို့လည်း အဲဒီ​ကျမ်းစကားကို ပြန်ဆို​နိုင်တယ်။ ဒီအချက်​နဲ့ပတ်သက်ပြီး မိက္ခာ ၇:၁၈၊ ၁၉ မှာ တင်စားချက် နောက်တစ်ချက် တွေ့ရတယ်။ (ဖတ်ပါ။) အပြစ်တွေကို နက်ရှိုင်းတဲ့ ပင်လယ်ထဲ ပစ်​ချလိုက်တယ်​လို့ ယေဟောဝါ ပြောထားတယ်။ ရှေးခေတ်​တုန်းက နက်ရှိုင်းတဲ့ ပင်လယ်ထဲ ကျ​သွားတာ ဘာမဆို ဘယ်တော့မှ ပြန်​မတွေ့နိုင်​တော့​ဘူး။

ရုပ်ပုံ– ၁။ ယေဟောဝါရဲ့ ကောင်းကင်​ပလ္လင်​အနောက်ဘက်​ဆီ အထုပ်​ကြီး​တစ်ထုပ်​ကို ပစ်ချ။ ၂။ ပင်လယ်​ကြမ်းပြင်​ထိ အထုပ်​ကြီး ကျ​သွား။

“ကျွန်တော့်​အပြစ်တွေကို ကိုယ်တော့်​နောက်ကျော​ဘက် ပစ်လိုက်တယ်” (ဟေရှာ. ၃၈:၁၇)

“အပြစ်တွေကို နက်ရှိုင်းတဲ့​ပင်လယ်ထဲ ပစ်ချ​လိမ့်မယ်” (မိ. ၇:၁၉)


8. Bangteng thei khinta i hiam?

၈ တင်စားချက်​တွေ​အရ ယေဟောဝါ ခွင့်လွှတ်တယ်​လို့ ပြောတဲ့အခါ အပြစ်ရှိတယ်လို့ တနုံ့နုံ့ မခံစားရအောင် အပြစ်​ဝန် ပေါ့​စေ​တာကို ဆိုလိုကြောင်း သိခဲ့​ရပြီ။ “ကျူးလွန်ခဲ့တဲ့ တရားမဲ့​လုပ်ရပ်တွေ ခွင့်လွှတ်ခံရ​သူ၊ အပြစ်တွေ ဖုံးအုပ်​ခံရသူတွေဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။ အပြစ်ရှိတယ်လို့ ယေဟောဝါ လုံးဝ မယူမှတ်တဲ့သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ဒါဝိဒ် ပြောတာ တကယ် မှန်တယ်။ (ရော. ၄:၆-၈) တကယ် ခွင့်လွှတ်တယ်ဆိုတာ ဒါ​ပဲ။

JEHOVAH IN MAWHNATE HONG SAWP SIANGSAK

9. Bangzah ciang dong hong maisak cih i theih nadingin Jehovah in bang gentehna na zang a hiam?

၉ နောင်တ​ယူ​သူရဲ့ အပြစ်တွေကို ရွေးဖိုး​အားဖြင့် ယေ​ဟောဝါ ချေဖျက်​ပေး​ကြောင်း တင်စားချက် နောက်တစ်ချက်​နဲ့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အပြစ်တွေကို ဆေးကြောတယ်​ဆိုတဲ့ တင်စားချက်​ပါ။ ရလဒ်အနေနဲ့ အပြစ်သား သန့်စင်သွားတယ်။ (ဆာ. ၅၁:၇။ ဟေရှာ. ၄:၄။ ယေ. ၃၃:၈) “မင်းတို့ရဲ့ အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်​လို ဖြူဖွေး​သွားမယ်။ ကတ္တီ​ပါ​လို နီရဲ​နေ​ရင်တောင် သိုးမွေး​လို ဖြူဖွေး​သွားမယ်” လို့ ယေဟောဝါ​ကိုယ်တိုင် ပြောထားတယ်။ (ဟေရှာ. ၁:၁၈) ပိတ်စ​မှာ ကြက်သွေးရောင်၊ ကတ္တီပါရောင် စွန်းသွားရင် အစွန်း​ချွတ်​ရ တော်တော် ခက်တယ်။ ဒါပေမဲ့ ဘယ်လောက် စွန်းထင်း​နေတဲ့ အပြစ်​ပဲ ဖြစ်ပါစေ ပြောင်သွားတဲ့အထိ ယေဟောဝါ သန့်စင်ပေး​နိုင်​ကြောင်း ဒီ​တင်စားချက်​က ဖော်ပြတယ်။

ညီအစ်မ ဝတ်ထားတဲ့ အဖြူရောင် တီရှပ်​ပေါ်မှာ ကြက်သွေးရောင်​အစွန်း အကြီးကြီး စွန်းနေ။ နောက်ပိုင်း အဲဒီ​တီရှပ်​ပေါ်မှာ ဘာ​အစွန်း​မှ​တောင် မကျန်။

“မင်းတို့ရဲ့​အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင်​နှင်းပွင့်​လို ဖြူဖွေး​သွားမယ်” (ဟေရှာ. ၁:၁၈)


10. A maisakna’ a zaina i theih nadingin Jehovah in adang bang gentehna na zang a hiam?

၁၀ ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း အပြစ်ဟာ အကြွေးနဲ့ တူတယ်။ (မ. ၆:၁၂။ လု. ၁၁:၄) အပြစ်​လုပ်မိ​တိုင်း အကြွေးနစ်​သည်ထက် နစ်သွား​သလိုပဲ။ ယေဟောဝါဆီ​မှာ ကျွန်တော်တို့ အကြွေး​အများကြီး တင်​နေတယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်လွှတ်တဲ့အခါ အကြွေး​လျှော်​ပေးလိုက်တာနဲ့ တူတယ်။ ခွင့်လွှတ်ပြီး​သား အပြစ်ကြွေးတွေ​ကို ပြန်မဆပ်​ခိုင်း​တော့​ဘူး။ အကြွေးလျှော်ခံရ​တဲ့အခါ ပေါ့ပါး​လန်းဆန်း​သွား​သလို ခွင့်လွှတ်ခံရ​တဲ့အခါ ကျွန်တော်တို့ ပေါ့ပါး​လန်းဆန်း​သွားကြတယ်။

ညီအစ်ကို​တစ်ယောက် ခံစားချက် ပြောပြနေ​ချိန် စာရွက်​ကို ဖြဲနေ​တဲ့ လက်​တစ်စုံ။

‘ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေ​ကို ခွင့်လွှတ်​ပေးပါ’ (မ. ၆:၁၂)


11. Mawhnate “sawp siang” cih kammal in bang a cihnopna ahi hiam? (Sawltak 3:19)

၁၁ ယေဟောဝါက အပြစ်ကြွေးတွေ​ကို လျှော်ပေးရုံ လျှော်ပေး​တာ မဟုတ်ဘူး၊ ပယ်ဖျက်​လိုက်တာ။ (တမန်တော် ၃:၁၉ ကို ဖတ်ပါ။) အကြွေး​လျှော်​ပေးတာက အကြွေးစာရင်းမှာ ကြက်ခြေခတ် အကြီးကြီး ခြစ်လိုက်​တာ​နဲ့ တူတယ်။ ခြစ်လိုက်​ပေမဲ့ ကြက်ခြေခတ်​အောက်​က ကိန်းဂဏန်း​ကို မြင်​နေရတုန်းပဲ။ ပယ်ဖျက်​တာ​ကျတော့ အဲဒီလို မဟုတ်ဘူး။ ရှေး​အချိန်တုန်းက သုံးတဲ့ မင်အမျိုးအစား​ဟာ ကာဗွန်၊ သစ်စေး၊ ရေ​နဲ့ ရောစပ်​ထားတာ။ ရေးထားတာကို စိုနေတဲ့ ရေမြှုပ်နဲ့ ဖျက်ပစ်​နိုင်တယ်။ ဒါကြောင့် “ပယ်ဖျက်” လို့ ပြောတဲ့အခါ လုံးဝ ပျက်​သွားတာကို ဆိုလိုတယ်။ စာလုံး​ရာ​တောင် ထင်​မကျန်​ခဲ့ဘူး။ အကြွေး​မတင်ဖူးသလို ဖြစ်သွားတယ်။ အပြစ်ကြွေးတွေ​ကို လျှော်ပေးရုံ လျှော်ပေး​တာ မဟုတ်ဘဲ ကျွန်တော်တို့ တစ်ခါမှ အပြစ်​မလုပ်ဖူး​သလို ယေဟောဝါ သတ်မှတ်​ပေးတာ ကျေးဇူးတင်စရာပါပဲ။—ဆာ. ၅၁:၉။

စာရွက်မှာ ရေးထားတာတွေကို ရေမြှုပ်နဲ့ ဖျက်​နေတဲ့ လက်တစ်ဖက်။

“ခင်ဗျားတို့ရဲ့​အပြစ်တွေကို ပယ်ဖျက်​စေချင်တယ်​ဆိုရင်” (တ. ၃:၁၉)


12. Meii lum a kici gentehna kammal in bang hong theisak i hiam?

၁၂ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့​ပတ်သက်ပြီး တင်စားချက် နောက်တစ်ချက် ရှိတယ်။ “မိုးတိမ်​နဲ့ ဖုံးအုပ်​သလို မင်းရဲ့ အမှားတွေကို ငါ​ဖုံးအုပ်​ပေးမယ်။ တိမ်ထုကြီး​နဲ့ ဖုံးအုပ်​သလို မင်းရဲ့ အပြစ်တွေကို ဖုံးအုပ်​ပေးမယ်” လို့ ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၄၄:၂၂) ယေဟောဝါ​ကိုယ်တိုင်​ကော ကျွန်တော်တို့​ပါ မမြင်ရ​တော့​အောင် အပြစ်တွေကို တိမ်ထုကြီး​နဲ့ ဖုံးအုပ်​ပေးလိုက်တယ်​လို့ တင်စား​ထားတာ။

တိမ်ထုကြီး။

“မိုးတိမ်​နဲ့ ဖုံးအုပ်​သလို မင်းရဲ့ အမှားတွေကို ငါ​ဖုံးအုပ်​ပေးမယ်” (ဟေရှာ. ၄၄:၂၂)


13. Jehovah in i mawhnate hong maisak ciang i lungsimah koi bangin om a hiam?

၁၃ တင်စားချက်တွေ​ကနေ ဘာသင်ယူနိုင်သလဲ။ ယေဟော​ဝါ ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ အပြစ်​မလုပ်ဖူး​သလို ဖြစ်သွားတယ်။ ယေရှုခရစ်ရဲ့ အသွေး​အားဖြင့် အပြစ်ကြွေး အားလုံး ကျေသွားပြီ။ အပြစ်​စွန်းထင်း​နေ​ဦး​မလား​ဆိုပြီး မခံစားသင့်​ဘူး။ နောင်တရသူကို ယေဟောဝါ တကယ် ခွင့်လွှတ်တယ်ဆိုတာ ဒါ​ပဲ။

JEHOVAH IN KILEMKIK NADING HONG BAWLPHAKIK

အပြင်​ကို ကြည့်​ရင်း ညီအစ်မ​တစ်ယောက် အေးအေးဆေးဆေး တွေးတော​ဆင်ခြင်​နေ။

ကောင်းကင်ဘုံစံ ဘုရား ခွင့်လွှတ်​ပေးလို့ ဘုရားနဲ့ ကျွန်တော်တို့ ဆက်ဆံရေးကောင်း ပြန်​ရှိနိုင် (စာပိုဒ် ၁၄ ကို ကြည့်ပါ)


14. Jehovah in hong maisak takpi ahihlam ba’hang lungmuang thei i hiam? (Lim zong en in.)

၁၄ ကျွန်တော်တို့ တကယ် ခွင့်လွှတ်ခံရ​လို့ ဘုရားနဲ့ ဆက်ဆံရေးကောင်း ပြန်​ရှိနိုင်တယ်။ အပြစ်ရှိတယ်လို့ တနုံ့နုံ့ ခံစား​နေစရာ မလိုဘူး။ ယေဟောဝါ တေး​ထား​မှာ၊ အပြစ်ပေးဖို့ အခွင့်အရေး ရှာ​နေ​မှာ​ကို စိုးရိမ်​စရာ မလိုဘူး။ ယေဟောဝါ ဘယ်တော့မှ အဲဒီလို မလုပ်ဘူး။ ယေဟောဝါ ခွင့်လွှတ်တယ်​လို့ ပြောရင် တကယ် ခွင့်လွှတ်ကြောင်း ဘာကြောင့် စိတ်ချ​နိုင်သလဲ။ “သူတို့​အမှားကို ငါ​ခွင့်လွှတ်​မယ်။ သူတို့​အပြစ်ကို သတိရမှာ မဟုတ်ဘူး” လို့ ပရောဖက် ယေရမိကို ယေဟောဝါ ပြောတယ်။ (ယေ. ၃၁:၃၄) ဒီစကားတွေကို ကိုးကားပြီး “သူတို့ရဲ့ အပြစ်တွေအကြောင်း [ယေဟောဝါ] ပြန်​မစဉ်းစား​တော့​ဘူး” လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီ. ၈:၁၂) ဘာကို ဆိုလို​သလဲ။

ညီအစ်ကို​တစ်ယောက် ကောင်းကင်ကို မော့ကြည့်​နေ။

“သူတို့​အပြစ်ကို သတိရမှာ မဟုတ်ဘူး” (ယေ. ၃၁:၃၄)


15. Jehovah in i mawhnate phawkin nei nawn lo ding, cih in bang a cihnopna ahi hiam?

၁၅ ကျမ်းစာမှာ ပါတဲ့ “သတိရ” ဆိုတဲ့ စကားလုံး​က ပြန်တွေးတာ​လောက်ကို​ပဲ အမြဲ မရည်ညွှန်း​ဘူး။ တစ်ခုခု လုပ်တာကို​လည်း ရည်ညွှန်း​နိုင်တယ်။ “သခင်ယေရှု၊ ဘုရင်​ဖြစ်တဲ့အခါ ကျွန်တော့်ကို သတိရပါ” ဆိုပြီး ယေရှု​ဘေးမှာ သစ်တိုင်တင်ခံရတဲ့ ရာဇဝတ်သား ပြောတယ်။ (လု. ၂၃:၄၂၊ ၄၃) မိမိ​အကြောင်း ပြန်တွေး​ဖို့​လောက် မဟုတ်ဘဲ တစ်ခုခု လုပ်ပေးဖို့ ယေရှုကို တောင်းဆို​နေတာ။ ရှင်ပြန်ထမြောက်ပေး​မယ်​လို့ ရာဇဝတ်သားကို ယေရှု ပြောတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အပြစ်တွေကို ယေဟောဝါ သတိရမှာ မဟုတ်ဘူးလို့ ပြောတဲ့အခါ ခွင့်လွှတ်ပြီး​သား အပြစ်တွေ​အတွက် နောင်​တစ်ချိန်ချိန် ပြစ်ဒဏ်ပေး​တာ​မျိုး မလုပ်​မှာ​ကို ဆိုလိုတယ်။

16. Maisakna taktak hanga suahtakna i ngahna pen Lai Siangtho sungah koi bangin na genteh a hiam?

၁၆ တကယ် ခွင့်လွှတ်ခံရ​တဲ့အခါ ခံစားရတဲ့ လွတ်မြောက်မှု​ကို ကျမ်းစာမှာ တင်စားချက် နောက်တစ်ချက်​နဲ့ ဖော်ပြထားတယ်။ အမွေ​ရထားတဲ့ မစုံလင်မှု၊ ဉာဉ်ဆိုး​ကြောင့် ကျွန်တော်တို့ဟာ “အပြစ်ရဲ့ ကျွန်” ဖြစ်နေကြတယ်။ ဒါပေမဲ့ ယေဟောဝါ ခွင့်လွှတ်​ပေးတဲ့အခါ “အပြစ်ရဲ့ လက်ကနေ လွတ်မြောက်” သွားတဲ့ ကျွန်​နဲ့ တူတယ်။ (ရော. ၆:၁၇၊ ၁၈။ ဗျာ. ၁:၅) လွတ်မြောက်သွား​တဲ့ ကျွန်​တစ်ယောက်လို ပျော်ရွှင်​နိုင်​ကြတယ်။

လက်​ထိပ် ပြတ်​ပြီး လွတ်မြောက်သွား​တဲ့ လက်​တစ်စုံ။

“ခင်ဗျားတို့​ဟာ အပြစ်ရဲ့ လက်ကနေ လွတ်မြောက်ပြီ” (ရော. ၆:၁၈)


17. Jehovah’ maisakna in koi bang danin liamna damsak a hiam? (Isaiah 53:5)

၁၇ ဟေရှာယ ၅၃:၅ ကို ဖတ်ပါ။ အပြစ်သားတွေဟာ သေစေနိုင်​တဲ့​ရောဂါ စွဲနေ​သူနဲ့ တူတယ်လို့ ကျမ်းစာမှာ တင်စားထားတယ်။ သားတော်​က​တစ်ဆင့် ယေဟောဝါ ပြင်ဆင်ပေးတဲ့ ရွေးဖိုး ပူဇော်သက္ကာ​ကြောင့် ပုံဆောင်သဘောအရ ကျွန်တော်တို့ အနာ​ရောဂါ ပျောက်ကင်း​သွားတယ်။ (၁ ပေ. ၂:၂၄) ကျွန်တော်တို့ အပြစ်​လုပ်တဲ့အခါ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်​သွားတယ်။ ဒါပေမဲ့ ရွေးဖိုး​ကို အခြေခံပြီး ယေဟောဝါ ခွင့်လွှတ်​ပေးလို့ ဆက်ဆံရေးကောင်း ပြန်​ရှိနိုင်​ကြတယ်။ ရောဂါဆိုး ပျောက်ကင်း​သွား​သူ​တစ်ယောက် အကြီးအကျယ် ဝမ်းသာ​သွား​သလို ကျွန်တော်တို့လည်း ဘုရားနဲ့ ဆက်ဆံရေးကောင်း ပြန်​ရှိလို့၊ ဘုရားမျက်နှာသာ ပြန်ရလို့ ဝမ်းသာ​နိုင်​ကြတယ်။

ရုပ်ပုံ– ယေဟောဝါနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ယေရှုရဲ့ ပူဇော်သက္ကာ​က ကူညီပေး။ ၁။ ဒုက္ခ​သစ်တိုင်ပေါ်​က ယေရှု။ ၂။ ပန်းခြံ​မှာ ညီအစ်ကို​တစ်ယောက် အေးအေးဆေးဆေး ဆုတောင်းနေ။

“သူ့​ဒဏ်ရာ​တွေ​ကြောင့် ငါတို့ အနာ​ရောဂါ ပျောက်ကင်း​သွားတယ်” (ဟေရှာ. ၅၃:၅)


JEHOVAH’ MAISAKNA HANGIN HAMPHATNA KINGAH

18. Jehovah’ maisakna tawh kisai gentehna a tuamtuam panin bang teng thei khinta na hiam? (“Jehovah’ Hong Maisak Dan” kiu li bawm zong en in.)

၁၈ ယေဟောဝါရဲ့ ခွင့်လွှတ်မှုနဲ့​ပတ်သက်တဲ့ တင်စားချက်​အမျိုးမျိုး​ကနေ ဘာတွေ သိခဲ့ကြပြီ​လဲ။ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်လွှတ်တဲ့အခါ တစ်ခါမှ အပြစ်​မလုပ်ဖူး​သလို သဘော​ထားပေးတယ်။ နောင်​တစ်ချိန်ချိန်​မှ ပြစ်ဒဏ်ပေး​တာ​မျိုး မလုပ်ဘူး။ အရင်​အတိုင်း ရင်းရင်းနှီးနှီး ပြန်​ဆက်ဆံ​တယ်။ ယေဟောဝါရဲ့ စစ်မှန်တဲ့ ခွင့်လွှတ်​ပေး​မှု​ဟာ လက်ဆောင်ပါ​ပဲ။ ကျွန်တော်တို့ ရထိုက်​လို့ မဟုတ်ဘဲ ကျွန်တော်တို့ကို ချစ်လို့၊ မဟာကရုဏာ​ရှိလို့ ယေဟောဝါ ပေးတဲ့ လက်ဆောင်ပါ။—ရော. ၃:၂၄။

ဒီဆောင်းပါး အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ရုပ်ပုံတွေ။ ရုပ်ပုံ– အပြစ်တွေကို ဖယ်ရှား​ပေးတယ်။ ၁။ “ခွင့်လွှတ်ပေးတယ်”– အထုပ်​ကြီး​တစ်ထုပ်​ကို ညီအစ်ကိုရဲ့ ပခုံးပေါ်​ကနေ ချီမ​ပြီး ဖယ်ရှား​ပေးနေတဲ့ လက်တစ်ဖက်။ ၂။ “နေထွက်ရာအရပ်နဲ့ နေဝင်ရာအရပ် အလှမ်းဝေးသလို”– နေဝင်​ဆည်းဆာ။ ၃။ “ကျွန်တော့်​အပြစ်တွေကို ကိုယ်တော့်​နောက်ကျော​ဘက် ပစ်လိုက်တယ်”– ယေဟောဝါရဲ့ ကောင်းကင်​ပလ္လင်​အနောက်ဘက်​ဆီ အထုပ်​ကြီး​တစ်ထုပ်​ကို ပစ်ချ။ ၄။ “အပြစ်တွေကို နက်ရှိုင်းတဲ့​ပင်လယ်ထဲ ပစ်ချ​လိမ့်မယ်”– ပင်လယ်​ကြမ်းပြင်​ထိ အထုပ်​ကြီး ကျ​သွား။ ရုပ်ပုံ– အပြစ်တွေကို ချေဖျက်​ပေးတယ်။ ၁။ “မင်းတို့ရဲ့​အပြစ်တွေဟာ ကြက်သွေးရောင် ထနေရင်တောင် နှင်းပွင့်​လို ဖြူဖွေး​သွားမယ်”– ညီအစ်မ ဝတ်ထားတဲ့ အဖြူရောင် တီရှပ်​ပေါ်မှာ ကြက်သွေးရောင်​အစွန်း အကြီးကြီး စွန်းနေ။ နောက်ပိုင်း အဲဒီ​တီရှပ်​ပေါ်မှာ ဘာ​အစွန်း​မှ​တောင် မကျန်။ ၂။ “ကျွန်တော်တို့ရဲ့ အပြစ်ကြွေးတွေ​ကို ခွင့်လွှတ်​ပေးပါ”– ညီအစ်ကို​တစ်ယောက် ခံစားချက် ပြောပြနေ​ချိန် စာရွက်​ကို ဖြဲနေ​တဲ့ လက်​တစ်စုံ။ ၃။ “ခင်ဗျားတို့ရဲ့​အပြစ်တွေကို ပယ်ဖျက်​စေချင်တယ်​ဆိုရင်”– စာရွက်မှာ ရေးထားတာတွေကို ရေမြှုပ်နဲ့ ဖျက်​နေတဲ့ လက်တစ်ဖက်။ ၄။ “မိုးတိမ်​နဲ့ ဖုံးအုပ်​သလို မင်းရဲ့ အမှားတွေကို ငါ​ဖုံးအုပ်​ပေးမယ်”– တိမ်ထုကြီး။ ရုပ်ပုံ– ပြန်လည်​သင့်မြတ်​ခွင့် ယေဟောဝါ ပေးတယ်။ ၁။ “သူတို့​အပြစ်ကို သတိရမှာ မဟုတ်ဘူး”– ညီအစ်ကို​တစ်ယောက် ကောင်းကင်ကို မော့ကြည့်​နေ။ ၂။ “ခင်ဗျားတို့​ဟာ အပြစ်ရဲ့ လက်ကနေ လွတ်မြောက်ပြီ”– လက်​ထိပ် ပြတ်​ပြီး လွတ်မြောက်သွား​တဲ့ လက်​တစ်စုံ။ ၃။ “သူ့​ဒဏ်ရာ​တွေ​ကြောင့် ငါတို့ အနာ​ရောဂါ ပျောက်ကင်း​သွားတယ်”– ဒုက္ခ​သစ်တိုင်ပေါ်​က ယေရှု။ နောက်​ရုပ်ပုံ​မှာ ပန်းခြံ​မှာ ညီအစ်ကို​တစ်ယောက် အေးအေးဆေးဆေး ဆုတောင်းနေ။

19. (a) Bang ading lungdam ding i hiam? (Rom 4:8) (b) A zom sin ding thu-ah bang thu kikum ding i hiam?

၁၉ ရောမ ၄:၈ ကို ဖတ်ပါ။ ယေဟောဝါ “တကယ် ခွင့်လွှတ်” လို့ ကျွန်တော်တို့​ယောက်တိုင်း သိပ်ကျေးဇူးတင်​ လေးမြတ်​ကြ​မှာ​ပါ။ (ဆာ. ၁၃၀:၄) ဒါပေမဲ့ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရချင်ရင် ကျွန်တော်တို့ လုပ်ရမှာ ရှိတယ်။ “သူတစ်ပါးရဲ့ အပြစ်ကို ခွင့်မလွှတ်ရင်တော့ အဖ​ဘုရားက ခင်ဗျားတို့ရဲ့ အပြစ်ကို ခွင့်လွှတ်​မှာ မဟုတ်ဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၁၄၊ ၁၅) ဒါကြောင့် ယေဟောဝါကို အတုယူပြီး တခြားသူတွေကို ခွင့်လွှတ်​ရမယ်။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကို ဘယ်လို အတုယူ​နိုင်​မလဲ။ ဒီအကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေး​ကြ​မယ်။

NANGH BANGCI DAWNG DING?

  • Jehovah in i mawhnate hong hepkhiatsakna thu Lai Siangtho sungah koi bangin na gelh a hiam?

  • Jehovah in i mawhna hong sawp siangsak ahihlam koi cih theih i hiam?

  • Jehovah in hong maisak takpi ahih manin bang hamphatna ngah i hiam?

LA 46 ကျေးဇူးပါ၊ ယေဟောဝါ

a မူရင်း ဟီဘရူး​ကျမ်းမှာ သုံးထားတဲ့ “ခွင့်လွှတ်” ဆိုတဲ့ အသုံးအနှုန်းဟာ ခွင့်လွှတ်မှု ပုံစံ​အမျိုးမျိုး ရှိပေမဲ့ စစ်မှန်တဲ့ ခွင့်လွှတ်မှု တစ်မျိုးတည်း ရှိတယ်ဆိုတာ ဖော်ပြတယ်။ ဘာသာပြန်ကျမ်း​များစွာမှာ ဆာလံ ၁၃၀:၄ ထဲက အရေးကြီးတဲ့ ဒီ​ကွာခြားချက် မြုပ်နေပေမဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း မှာတော့ ပေါ်လွင်​တယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ