Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 May laim. 26-31
  • Jehovah Min—Ei Ading A Thupi Dan

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah Min—Ei Ading A Thupi Dan
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • “AMA MI DINGIN MI PAWL KHAT”
  • “NOTE PEN KEIMA TECI NA HI UH HI”
  • JEHOVAH MIN THUPI AHIH LAM A KILANGSAK A DANG THUTE
  • Jehovah Min—Jesuh Ading Thupi
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • “Jehovah’ Min Phat Un”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Kua’ Na Sem Ding Cih Tu Ni-in Teel Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 May laim. 26-31

SIN DING THU 23

LA 2 နာမတော် ယေဟောဝါ

Jehovah Min—Ei Ading A Thupi Dan

“Note pen keima teci na hi uh hi,” TOPA in ci hi.—ISA. 43:10.

အာရုံစိုက်​ရာ

ယေဟောဝါရဲ့​နာမည်ကို ကျွန်တော်တို့ ဘယ်လို သန့်ရှင်း​မြင့်မြတ်​စေ​နိုင်သလဲ၊ သံသယ ကင်းရှင်း​စေ​နိုင်သလဲ။

1-2. Jesuh in Jehovah min thupi ngaihsut ahih lam koicih theih i hiam?

အဖ​ယေဟောဝါရဲ့​နာမည်ကို ဘယ်အရာ​ထက်မဆို ယေရှု အလေးထားတယ်။ နာမတော် ထင်ရှားစေဖို့ ဘယ်သူ့ထက်မဆို ကြိုးပမ်း​တယ်။ ရှေ့ဆောင်းပါးမှာ သိခဲ့​ရတဲ့​အတိုင်း နာမတော် သန့်ရှင်း​မြင့်မြတ်​ကြောင်း၊ နည်းလမ်းတော်​တွေ မှန်ကန်ကြောင်း သက်သေထူ​ဖို့ လိုလိုလားလား အသေခံတယ်။ (မာ. ၁၄:၃၆။ ဟီ. ၁၀:၇-၉) နာမတော် သန့်ရှင်း​မြင့်မြတ်​ရေး​အတွက် အနှစ်တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ အခွင့်အာဏာ​အားလုံးကို အဖ​ဆီ ပြန်အပ်​မယ်။ (၁ ကော. ၁၅:၂၆-၂၈) နာမည်ကို ဒီလောက်​ချစ်မြတ်နိုး​ရင် နာမည်​ပိုင်ရှင်​အဖ​ကို ယေရှု ဘယ်လောက် ချစ်မြတ်နိုးသလဲ သိနိုင်တယ်။

၂ အဖရဲ့​နာမည်နဲ့ ကမ္ဘာပေါ် ယေရှု ရောက်လာတယ်။ (ယော. ၅:၄၃။ ၁၂:၁၃) နောက်လိုက်တွေကို အဖရဲ့​နာမည် သိစေတယ်။ (ယော. ၁၇:၆၊ ၂၆) အဖရဲ့​နာမည် သုံးပြီး သွန်သင်တယ်၊ အံ့ဖွယ်အမှုတွေ လုပ်တယ်။ (ယော. ၁၀:၂၅) “နာမတော်ကို ထောက်ပြီး [တပည့်တွေ]ကို ကာကွယ်​စောင့်ရှောက်ပေး” ဖို့ ဆုတောင်းတယ်။ (ယော. ၁၇:၁၁) နာမတော်ကို ယေရှု သိပ်​အလေးထား​တာ ထင်ရှားတယ်။ ဒီတော့ လူတစ်ယောက်ဟာ ယေရှုနောက်​လိုက်ပါ​လို့ ပြောပြီး ယေဟောဝါရဲ့​နာမည်ကို မသိဘူး၊ မသုံးဘူး​ဆိုရင် ရပါ့မလား။

3. Hih sin ding thu ah bang thu kikum ding i hiam?

၃ နာမတော်ကို လေးမြတ်​တန်ဖိုးထားခြင်း​အားဖြင့် ယေရှု​ခြေရာ လိုက်လျှောက်ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၁ ပေ. ၂:၂၁) “နိုင်ငံတော် သတင်းကောင်း” ဟောပြောသူတွေကို ယေဟောဝါ ဘာကြောင့် နာမတော် ခံယူ​ခွင့်​ပေး​ကြောင်း ဒီဆောင်းပါးမှာ သိရမယ်။ (မ. ၂၄:၁၄) နာမတော်ကို အလေးထားကြောင်း ကျွန်တော်တို့​တစ်ယောက်စီ ဘယ်လို ပြသင့်ကြောင်းလည်း ဆွေးနွေးပါမယ်။

“AMA MI DINGIN MI PAWL KHAT”

4. (a) Jesuh vantung a kah ma-in a nungzuite tungah bang tavuan na pia a hiam? (b) Bang dotna dot ding om a hiam?

၄ “ခင်ဗျားတို့ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ တန်ခိုး​ရပြီး ဂျေရုဆလင်​မြို့၊ ယုဒပြည်​တစ်ဝန်းလုံး၊ ရှမာရိ​ပြည်၊ ကမ္ဘာမြေ​အစွန်အဖျား​အထိ ကျွန်တော့်​အကြောင်း သက်သေခံ​ကြလိမ့်မယ်” ဆိုပြီး ယေရှု ကောင်းကင်​ပြန်​မတက်ခင်​မှာ တပည့်တွေကို ပြောတယ်။ (တ. ၁:၈) ဒါကြောင့် အစ္စရေး​ပြည်မှာ​သာမက ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းကောင်း ပျံ့နှံ့သွား​မယ်။ လူမျိုးတကာ​က လူတွေ ယေရှုတပည့် ဖြစ်ဖို့ အခွင့်အရေး ရကြမယ်။ (မ. ၂၈:၁၉၊ ၂၀) ဒါပေမဲ့ “ကျွန်တော့်​အကြောင်း သက်သေခံ​ကြလိမ့်မယ်” လို့ ပြောထားတယ်​ဆိုတော့ တပည့်သစ်တွေ​ဟာ ယေရှုအကြောင်း​ပဲ သက်သေခံရ​မ​လား။ ယေဟောဝါရဲ့​နာမည်ကို သိပြီး ယေဟောဝါအကြောင်း​ကော သက်သေခံရ​မ​လား။ တမန်တော် အခန်းကြီး ၁၅ မှာ ပါတဲ့ ဖြစ်ရပ်တွေကနေ အဖြေ​ရနိုင်ပါတယ်။

5. Mi khempeuh in Jehovah min a theih ding uh thupi ahih lam Jerusalem a sawltakte le upate in koi bangin kilangsak uh a hiam? (Lim zong en in.)

၅ ခရစ်ယာန် ဖြစ်လာဖို့ လူမျိုးခြားတွေ ဘာလုပ်ရမလဲ​ဆိုတာနဲ့ပတ်သက်ပြီး အေဒီ ၄၉ မှာ ဂျေရုဆလင်​မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ ဆွေးနွေးကြတယ်။ “ဘုရားသခင်က လူမျိုးခြားတွေ​ကို သတိရပြီး နာမတော်​အတွက် သူတို့ထဲကနေ လူတွေကို ရွေးချယ်​လိုက်တဲ့​အကြောင်း [ပေတရု] အသေးစိတ် ပြောပြခဲ့ပြီပဲ” ဆိုပြီး အစည်းအဝေး နိဂုံးပိုင်းမှာ ယေရှုရဲ့ မိတူဖကွဲ​ညီ ယာကုပ် ပြောတယ်။ ဘယ်သူ့​နာမတော်​အကြောင်း ယာကုပ် ပြောနေတာလဲ။ “ကျန်ကြွင်းသူတွေ​က ငါ့​နာမည်နဲ့ မှည့်ခေါ်ထားတဲ့ လူမျိုးခြားတွေ​နဲ့​အတူ ယေဟောဝါကို အားတက်သရော ရှာဖွေ​ကြလိမ့်မယ်။ . . . [ဒါ] ယေဟောဝါ ပြောတဲ့​စကား​ပဲ” ဆိုတဲ့ ပရောဖက် အာမုတ်​စကားကို ယာကုပ် ကိုးကားပြီး ဆက်ပြောတယ်။ (တ. ၁၅:၁၄-၁၈) တပည့်သစ်တွေ​ဟာ ယေဟောဝါအကြောင်း သိ​လာမယ့်​အပြင် ‘ယေဟောဝါရဲ့​နာမည်နဲ့ မှည့်​ခေါ်’ ခံကြရမယ်။ ဆိုလိုတာက နာမတော်ကို သူတို့ ခံယူ​ကြရမယ်။ နာမတော် ခံယူ​ထား​သူ​တွေ​အဖြစ် သူတို့ကို လူတွေ သိ​ကြ​မယ်။

ဂျေရုဆလင်မြို့မှာ ရှိတဲ့ တမန်တော်၊ အကြီးအကဲတချို့နဲ့ ယာကုပ် စကားပြောနေ။ နှစ်ယောက်က နားထောင်ရင်း ကျမ်းလိပ်တွေ ဖွင့်ထား။

ခရစ်ယာန်တွေဟာ နာမတော်​အတွက် ယေဟောဝါ ရွေးချယ်တဲ့​လူမျိုး ဖြစ်ရမယ်ဆိုတာ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ ရှင်းရှင်းလင်းလင်း သဘောပေါက် (စာပိုဒ် ၅ ကို ကြည့်ပါ)


6-7. (a) Ba’hang Jesuh leitungah hong pai a hiam? (b) Hong paina a hang thupizaw in bang a hiam?

၆ ယေရှု​နာမည်​အဓိပ္ပာယ်​က “ယေဟောဝါဟာ ကယ်တင်ခြင်း” ဖြစ်တယ်။ တကယ်လည်း ယေရှုဟာ ယုံကြည်သူတွေကို ကယ်တင်ဖို့ ယေဟောဝါ အသုံးပြုသူ ဖြစ်ခဲ့တယ်။ လူတွေ​အတွက် အသက်ပေးဖို့ ကမ္ဘာပေါ် လာတယ်။ (မ. ၂၀:၂၈) ယေရှု ရွေးဖိုး​ပေးတဲ့အတွက် လူတွေ ကယ်တင်ခံရဖို့၊ ထာဝရ​အသက် ရဖို့ လမ်းပွင့်သွားတယ်။—ယော. ၃:၁၆။

၇ လူတွေ ဘာကြောင့် ကယ်တင်ခံရဖို့ လိုသလဲ။ ဧဒင်ဥယျာဉ်​က အဖြစ်အပျက်တွေ​ကြောင့်​ပါ။ ရှေ့ဆောင်းပါးမှာ သိခဲ့​ရတဲ့​အတိုင်း ယေဟောဝါကို ပထမ​လူသား အာဒံနဲ့ ဧဝ ပုန်ကန်​လို့ ထာဝစဉ် အသက်ရှင်​ခွင့် ဆုံးရှုံး​သွားတယ်။ (က. ၃:၆၊ ၂၄) ဒါကြောင့် အာဒံနဲ့ ဧဝ​ရဲ့ သားစဉ်မြေးဆက်​တွေ​ကို ကယ်တင်ဖို့ ယေရှု ကမ္ဘာပေါ် လာတာ။ ဒါပေမဲ့ ပိုအရေးကြီးတဲ့ အကြောင်းရင်း ရှိတယ်။ ဧဒင်ဥယျာဉ်မှာ​တုန်းက ယေဟောဝါရဲ့​နာမည် ရှုတ်ချ​ဂုဏ်ဖျက်​ခံခဲ့ရ​တာ သတိရပါ။ (က. ၃:၄၊ ၅) နာမတော် သန့်ရှင်း​မြင့်မြတ်ဖို့ သိပ်​လိုအပ်နေတယ်။ လူတွေ ကယ်တင်​ခံရ​ရုံနဲ့ နာမတော် သန့်ရှင်း​မြင့်မြတ်​မ​သွား​ဘူး။ နာမတော် သန့်ရှင်း​မြင့်မြတ်​သွား​ရင်​တော့ လူတွေ ကယ်တင်​ခံရပြီး​သား ဖြစ်မယ်။ ဒါကြောင့် နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့​ဟာ ပိုအရေးကြီးတဲ့ အကြောင်းရင်း ဖြစ်တာ။ ယေရှုဟာ ယေဟောဝါရဲ့ ကိုယ်စားလှယ်၊ နာမတော် ခံယူ​ထား​သူ ဖြစ်လို့ ဒီ​အရေးကိစ္စမှာ အဓိက အခန်းကဏ္ဍ​ကနေ ပါဝင်တယ်။

လူတစ်ယောက်ဟာ ယေရှုနောက်​လိုက်ပါ​လို့ ပြောပြီး ယေဟောဝါရဲ့​နာမည်ကို မသိဘူး၊ မသုံးဘူး​ဆိုရင် ရပါ့မလား

8. Jesuh a um mi khempeuh in bang a san ding uh kisam a hiam?

၈ ဂျူး​ဖြစ်စေ၊ လူမျိုးခြား​ဖြစ်စေ ယေရှုကို ယုံကြည်သက်ဝင်သူတိုင်း​ဟာ ကယ်တင်ခြင်း​ရဲ့​ရင်းမြစ် ဖြစ်တဲ့ ယေရှုရဲ့​အဖ ယေဟောဝါကို အသိအမှတ်ပြု​ရမယ်။ (ယော. ၁၇:၃) ဒါ့အပြင် ယေရှုလိုပဲ သူတို့ ယေဟောဝါရဲ့​နာမည်နဲ့ မှည့်​ခေါ်​ခံရမယ်။ နာမတော် သန့်ရှင်း​မြင့်မြတ်ဖို့ ဘယ်လောက် အရေးကြီးကြောင်း​လည်း သဘောပေါက်​ရမယ်။ သူတို့ရဲ့ ကယ်တင်ခြင်း​ဟာ အဲဒီအချက်​အပေါ် မူတည်​နေတယ်။ (တ. ၂:၂၁၊ ၂၂) ယုံကြည်သူ​တိုင်း ယေဟောဝါကို​ကော ယေရှုကို​ပါ သိကျွမ်း​ရမယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့်​လည်း “အဖရဲ့​နာမည်ကို သိအောင် သူတို့ကို ကျွန်တော် ပြောပြပါ​ပြီ။ နောင်လည်း ပြောပြ​ဦး​မှာ​ပါ။ ဒါမှ ကျွန်တော့်ကို ချစ်တဲ့ အဖရဲ့​မေတ္တာမျိုး​နဲ့ သူတစ်ပါးကို သူတို့ ချစ်​နိုင်​လိမ့်မယ်။ သူတို့နဲ့ ကျွန်တော် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်လာလိမ့်မယ်” ဆိုပြီး ဆုတောင်းချက်ကို ယေရှု နိဂုံးချုပ်​ထားတာ။—ယော. ၁၇:၂၆။

“NOTE PEN KEIMA TECI NA HI UH HI”

9. Jesuh nungzui khempeuhte in bang a sep uh kul a hiam?

၉ သိခဲ့​ရတဲ့​အတိုင်း ယေရှုနောက်​လိုက်​အားလုံး နာမတော်ကို သန့်ရှင်း​မြင့်မြတ်​စေ​ရမယ်။ (မ. ၆:၉၊ ၁၀) နာမတော်ကို အရာရာ​ထက် အလေး​ထားရမယ်။ အလေးထားကြောင်း လုပ်ရပ်နဲ့ ပြရမယ်။ ဒါဆိုရင် နာမတော်ကို ဘယ်လို သန့်ရှင်း​မြင့်မြတ်​စေ​နိုင်သလဲ၊ စာတန့်​စွပ်စွဲချက်တွေ မှားကြောင်း ဘယ်လို သက်သေပြနိုင်သလဲ။

10. Isaiah a lian 42 pan 44ah bang etsakna thukhenna vai na gen a hiam? (Isaiah 43:9; 44:7-9) (Lim zong en in.)

၁၀ နာမတော်ကို ဘယ်လို သန့်ရှင်း​မြင့်မြတ်​စေနိုင်​ကြောင်း ဟေရှာယ အခန်းကြီး ၄၂ ကနေ ၄၄ မှာ ဖော်ပြထားတယ်။ အဲဒီမှာ ပုံဆောင် တရားရေး အမှုကိစ္စ​တစ်ခု​အကြောင်း ဖတ်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားလို့ ပြောသူ​အားလုံးကို ဘုရားစစ် ဟုတ်မဟုတ် ယေဟောဝါ သက်သေထူ​ခိုင်းတယ်။ သက်သေတွေ ခေါ်လာ​ခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ သက်သေ မထွက်​ဆို​နိုင်​ဘူး။—ဟေရှာယ ၄၃:၉။ ၄၄:၇-၉ ကို ဖတ်ပါ။

ရုပ်ပုံ– ယေဟောဝါရဲ့ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေခြင်း အရေးကိစ္စမှာ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ ပါဝင်စဉ် ကောင်းကင်တမန်တွေ ကောင်းကင်မှာ ပျံဝဲနေ။ ၁။ မောင်နှံတစ်စုံ အများရှေ့သက်သေခံခြင်းမှာ ပါဝင်နေ။ ၂။ ညီအစ်မငယ်တစ်ယောက် အတန်းဖော်ကို jw.org ကတ် ပေးနေ။ ၃။ အများသုံး ယာဉ်ပေါ်မှာ အမျိုးသားတစ်ယောက်ကို ညီအစ်ကိုတစ်ယောက် သက်သေခံနေ။ ၄။ ညီအစ်ကိုတစ်ယောက်ကို မျက်နှာဖုံး စွပ်ထားတဲ့ အရာရှိတွေ လက်ထိတ်ခတ်ခေါ်သွား။ ၅။ ဆေးရုံတက်နေရတဲ့ ညီအစ်မတစ်ယောက် သွေးနဲ့ပတ်သက်တဲ့ မိမိခံယူချက်အကြောင်း ဆရာဝန်ကို ရှင်းပြနေ။

ပုံဆောင် တရားရုံးမှာ ယေဟောဝါ​အတွက် ကျွန်တော်တို့ နည်းအမျိုးမျိုးနဲ့ သက်သေ​ထွက်ဆို​နေ​ကြ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)


11. Isaiah 43:10-12-ah Jehovah in a mite kiang bang thu na gen a hiam?

၁၁ ဟေရှာယ ၄၃:၁၀-၁၂ ကို ဖတ်ပါ။ “မင်းတို့ဟာ ငါ့​သက်သေတွေပဲ။ ငါဟာ ဘုရားသခင်ပဲ” ဆိုပြီး မိမိလူမျိုးကို ယေဟောဝါ ပြောတယ်။ “ငါ​က​လွဲပြီး တခြား​ဘုရားသခင် ရှိသေး​သလား” လို့ မေးတယ်။ (ဟေရှာ. ၄၄:၈) အဲဒီ​မေးခွန်းကို ဖြေဖို့ ကျွန်တော်တို့ အခွင့်အရေး ရထားတယ်။ ယေဟောဝါက​လွဲပြီး စစ်မှန်တဲ့ ဘုရားသခင် မရှိကြောင်း၊ နာမတော်ဟာ အမြင့်မြတ်ဆုံး ဖြစ်ကြောင်း အပြောအဆို၊ လုပ်ရပ်​အားဖြင့် သက်သေထူ​ကြတယ်။ အခက်ကြုံ​အောင် စာတန် လုပ်ရင်​တောင် ယေဟောဝါကို တကယ် ချစ်တယ်၊ သစ္စာစောင့်သိ​တယ်​ဆိုတာ အသက်တာ​လမ်းစဉ်​အားဖြင့် သက်သေပြ​ကြတယ်။ ဒါ နာမတော်ကို သန့်ရှင်း​မြင့်မြတ်​စေ​တာ​ပဲ။

12. Isaiah 40:3, 5-a genkholhna koi bangin hong tangtung a hiam?

၁၂ “ယေဟောဝါ​ဘုရားရဲ့​လမ်းကို” စေတမန် ရှင်းလင်း​ပေးမယ့်​အကြောင်း၊ တစ်နည်းအားဖြင့် အသင့်ပြင်​ပေးမယ့်​အကြောင်း ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၄၀:၃) အဲဒီ​ကြိုဟောချက် ဘယ်လို ပြည့်စုံလာသလဲ။ ယေရှု သွား​မယ့်​လမ်းကို နှစ်ခြင်းပေးသူ ယောဟန် အသင့်ပြင်​ပေးတယ်။ ယေရှုဟာ ယေဟောဝါရဲ့​နာမည်နဲ့ ရောက်လာ​သူ၊ ပြောရေးဆိုခွင့်​ရှိသူ ဖြစ်လို့ ယေရှုရဲ့​လမ်းကို အသင့်ပြင်​ပေးတာ​ဟာ “ယေဟောဝါ​ဘုရားရဲ့​လမ်းကို” အသင့်ပြင်​ပေးသလို​ပါပဲ။ (မ. ၃:၃။ မာ. ၁:၂-၄။ လု. ၃:၃-၆) “ယေဟောဝါ​ဘုရားရဲ့ ဂုဏ်​ကျက်သရေ ထင်ရှား​မယ်” လို့လည်း ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၄၀:၅) အဲဒီ​ကြိုဟောချက်​ကော ဘယ်လို ပြည့်စုံလာသလဲ။ ယေရှု ကမ္ဘာပေါ် ရောက်လာတဲ့အခါ ယေဟောဝါကို အပြည့်အဝ အတုယူ​တဲ့အတွက် ယေဟောဝါ​ကိုယ်တိုင် ကမ္ဘာပေါ် ရောက်လာတဲ့​အလား ဖြစ်ခဲ့တယ်။ (ယော. ၁၂:၄၅) မိမိရဲ့ အပြောအဆို၊ လုပ်ရပ်​အားဖြင့် ယေဟောဝါ​အတွက် သက်သေ​ထွက်ဆို​ပေးသလို ဖြစ်ခဲ့တယ်။

13. Koi bangin Jesuh etteh thei i hiam?

၁၃ နာမတော်ကို သန့်ရှင်း​မြင့်မြတ်စေခြင်း​အားဖြင့် ယေရှုကို အတုယူနိုင်တယ်။ ယေရှုလိုပဲ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့​သက်သေတွေ ဖြစ်တယ်။ နာမတော်ကို ခံယူထားတယ်။ ယေဟောဝါရဲ့ အံ့ဖွယ်​လုပ်ဆောင်မှုတွေ​အကြောင်း တွေ့ဆုံ​သူ​တိုင်း​ကို ပြောပြတယ်။ ယေဟောဝါအကြောင်း ထိထိမိမိ သက်သေခံဖို့​ဆိုရင် နာမတော် သန့်ရှင်း​မြင့်မြတ်​ရေး​အတွက် ယေရှု လုပ်ဆောင်ခဲ့သမျှ​အကြောင်း ချန်ထား​လို့ မဖြစ်​ဘူး။ (တ. ၁:၈) ယေရှုဟာ ယေဟောဝါရဲ့ အရေးပါဆုံး သက်သေ ဖြစ်တယ်။ (ဗျာ. ၁:၅) နာမတော်ကို အလေးထားကြောင်း ကျွန်တော်တို့​တစ်ယောက်စီ တခြား​ဘယ်နည်းတွေနဲ့ ပြကြသလဲ။

JEHOVAH MIN THUPI AHIH LAM A KILANGSAK A DANG THUTE

14. Jehovah min tawh kisai i lungsimah koicih ngaihsun i hiam? (Late 105:3)

၁၄ နာမတော်​အတွက် ဂုဏ်ယူ​ကြတယ်။ (ဆာလံ ၁၀၅:၃ ကို ဖတ်ပါ။) နာမတော်​အတွက် ကျွန်တော်တို့ ဂုဏ်ယူ​ဝါကြွား​တဲ့အခါ ယေဟောဝါ နှစ်သက်တယ်။ (ယေ. ၉:၂၃၊ ၂၄။ ၁ ကော. ၁:၃၁။ ၂ ကော. ၁၀:၁၇) နာမတော်ကို ဂုဏ်တင်​ရတာ၊ နည်းလမ်းတော်​တွေ မှန်ကန်ကြောင်း သက်သေပြ​ရတာ အခွင့်ထူး​လို့ ကျွန်တော်တို့ သဘောထားတယ်။ ယေဟောဝါ​သက်သေ ဖြစ်တယ်ဆိုတာ အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ တခြားသူတွေကို ပြောပြဖို့ မရှက်​ရ​ဘူး။ စာတန်က ကျွန်တော်တို့ကို နာမတော်​အကြောင်း မပြောစေချင်​ဘူး။ (ယေ. ၁၁:၂၁။ ဗျာ. ၁၂:၁၇) စာတန်နဲ့ ပရောဖက်​အတုအယောင်​တွေ​က နာမတော်ကို လူတွေ မေ့သွား​အောင် လုပ်ချင်​နေကြတယ်။ (ယေ. ၂၃:၂၆၊ ၂၇) ဒါပေမဲ့ နာမတော်ကို ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့အတွက် “တစ်နေ့လုံး” ချီးမွမ်းကြတယ်။—ဆာ. ၅:၁၁။ ၈၉:၁၆။

15. Jehovah min i sapna ii a khiatna in bang a hiam?

၁၅ နာမတော်ကို အမြဲ ခေါ်ကြတယ်။ (ယောလ ၂:၃၂။ ရော. ၁၀:၁၃၊ ၁၄) နာမတော်ကို ခေါ်တယ်​ဆိုတာ ယေဟောဝါရဲ့​နာမည်ကို သိတာ၊ သုံးတာ​လောက်​ပဲ မဟုတ်ဘူး။ ခံစားချက်၊ အရည်အသွေးတွေ ရှိတဲ့ ပုဂ္ဂိုလ်​တစ်ပါး​အဖြစ် ယေဟောဝါကို ကျွန်တော်တို့ သိကျွမ်း​ကြတယ်၊ အားကိုးကြတယ်၊ အကူအညီနဲ့ လမ်းညွှန်မှု တောင်းခံ​ကြတယ်။ (ဆာ. ၂၀:၇။ ၉၉:၆။ ၁၁၆:၄။ ၁၄၅:၁၈) တခြားသူတွေကို နာမတော်၊ ဂုဏ်ရည်တော်​တွေ​အကြောင်း ပြောပြကြတယ်။ လူတွေ ဘဝလမ်းစဉ် ပြောင်းလဲ​ပြီး ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကူညီပေးကြတယ်။—ဟေရှာ. ၁၂:၄။ တ. ၂:၂၁၊ ၃၈။

16. Satan a khialh lam koi bangin kilangsak thei i hiam?

၁၆ နာမတော်​အတွက် လိုလိုလားလား ဆင်းရဲဒုက္ခခံ​ကြတယ်။ (ယာ. ၅:၁၀၊ ၁၁) ဆင်းရဲဒုက္ခခံ​ရချိန်မှာ​တောင် ယေဟောဝါကို သစ္စာစောင့်သိ​တာက စာတန် မှားကြောင်း သက်သေ​ပြရာရောက်တယ်။ “လူဟာ အသက်ဆက်ရှင်​ဖို့ ကိုယ်​ပိုင်ဆိုင်သမျှကို ပေးမှာပဲ” လို့ ယောဘ​ခေတ်မှာ စာတန် ပြောထားတယ်။ (ယောဘ ၂:၄) အခြေအနေ​ကောင်းမှ ယေဟောဝါကို လူတွေ ဝတ်ပြုမယ်၊ အခက်အခဲ ကြုံလာရင် စွန့်ခွာ​သွားမယ်လို့ စွပ်စွဲ​လိုက်တာပဲ။ စာတန့်​စွပ်စွဲချက် မှားကြောင်း သစ္စာရှိ ယောဘ သက်သေပြတယ်။ ကျွန်တော်တို့လည်း စာတန် ဘယ်လိုပဲ အခက်ကြုံ​အောင် လုပ်ပါ​စေ ယေဟောဝါကို မ​စွန့်ခွာ​ဘူး​ဆိုတာ သက်သေပြဖို့ အခွင့်အရေး ရှိတယ်။ နာမတော်ကို ထောက်ပြီး ယေဟောဝါ ကာကွယ်​စောင့်ရှောက်ပေးမယ်​ဆိုတာ အပြည့်အဝ စိတ်ချနိုင်ပါတယ်။—ယော. ၁၇:၁၁။

17. Peter Masa 2:12-a a gen mah bangin, a dang koi bang dan tawh Jehovah min phat thei i hiam?

၁၇ နာမတော်ကို ဂုဏ်တင်​ချီးမွမ်းစရာ ဖြစ်စေ​ကြတယ်။ (ပညာ. ၃၀:၉။ ယေ. ၇:၈-၁၁) နာမတော် ခံယူ​ထားလို့ ကျွန်တော်တို့​ကြောင့် နာမတော် ချီးမွမ်းစရာ ဖြစ်နိုင်​သလို ရှုတ်ချစရာ​လည်း ဖြစ်နိုင်တယ်။ (၁ ပေတရု ၂:၁၂ ကို ဖတ်ပါ။) ကျွန်တော်တို့ရဲ့ အပြောအဆို၊ လုပ်ရပ်ကြောင့် နာမတော် ချီးမွမ်းစရာ​ဖြစ်ဖို့ အစွမ်းကုန် ကြိုးစား​ချင်ကြပါတယ်။ ဒါဆိုရင် မစုံလင်သူတွေ ဖြစ်နေဆဲ​အချိန်မှာ​တောင် နာမတော်ကို ဂုဏ်တင်နိုင်​မယ်။

18. Jehovah min ei ading thupi ahih lam i lah theih dan lam khat in bang a hiam? (A nuai-a ciaptehna zong en in.)

၁၈ နာမတော်ကို ကိုယ့်​ဂုဏ်သတင်း​ထက် အလေးထားကြတယ်။ (ဆာ. ၁၃၈:၂) ဒါ ဘာကြောင့် အရေးကြီးသလဲ။ နာမတော်ကို အလေးထားလို့ ကိုယ့်​ဂုဏ်သတင်း ထိခိုက်တဲ့​အချိန်တွေ ရှိနိုင်တယ်။a ယေရှု​ဆိုရင် နာမတော်ကို ဂုဏ်တင်ဖို့ ရာဇဝတ်သား​အဖြစ် အရှက်တကွဲ လိုလိုလားလား အသေခံခဲ့တယ်။ “အရှက်ခွဲခံရတာကို အရေးမစိုက်” ဘူး။ ကိုယ့်ကို လူတွေ ဘယ်လို မြင်​မလဲ အလွန်အမင်း စိတ်မပူဘူး။ (ဟီ. ၁၂:၂-၄) အဖရဲ့​ဆန္ဒ​ကို​ပဲ အာရုံစိုက်တယ်။—မ. ၂၆:၃၉။

19. Jehovah min tawh kisai na lungsimah koi bangin ngaihsun na hiam? Ba’hang hiam?

၁၉ နာမတော်​အတွက် ကျွန်တော်တို့ ဂုဏ်ယူ​ဝါကြွား​ကြတယ်။ ယေဟောဝါ​သက်သေလို့ အခေါ်ခံရ​တာ အခွင့်ထူး​လို့ သဘောထားကြတယ်။ တခြားသူတွေ အထင်သေး​လှောင်ပြောင်​ရင်တောင် ယေဟောဝါကို ဆက်​ချီးမွမ်းကြတယ်။ နာမတော်ကို ကိုယ့်​ဂုဏ်သတင်း​ထက် အလေးထားကြတယ်။ စာတန် ဘယ်လိုပဲ တားဆီး​ပါ​စေ နာမတော်ကို ဆက်​ချီးမွမ်းဖို့ ဆုံးဖြတ်ထား​ကြရအောင်။ ဒါဆိုရင် နာမတော်ကို ယေရှုခရစ် အလေးထား​သလို ကျွန်တော်တို့လည်း အလေးထားကြောင်း သက်သေပြ​နိုင်​ပါလိမ့်မယ်။

NANGH BANGCI DAWNG DING?

  • Ba’hang Jesuh’ nungzuite in Jehovah min thupi sa uh a hiam?

  • Bang etsakna thukhen zum vai-ah kihel ihi hiam?

  • Ei ading Jehovah min thupi ahih lam koi bangin lakkhia thei i hiam?

LA 10 တို့​ဘုရား ယေဟောဝါကို ချီးမွမ်းကြ

a သားသမီးတွေနဲ့ ပိုင်ဆိုင်ရာ​အားလုံး ဆုံးရှုံး​သွားချိန်​မှာ “ယောဘ​က အပြစ်​မလုပ်ဘူး။ ဘုရားသခင် မှားတယ်လို့လည်း မစွပ်စွဲ​ဘူး။” (ယောဘ ၁:၂၂။ ၂:၁၀) ဒါပေမဲ့ အမှား​တစ်ခုခု လုပ်ခဲ့​မိ​လို့ ဖြစ်မယ်ဆိုပြီး မိတ်ဆွေ​သုံးယောက် စွပ်စွဲ​လာချိန်​မှာ ကိုယ့်​နာမည်ပျက်​မှာ​ကို သစ္စာရှိ ယောဘ စိတ်ပူသွားတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်​ရင်း “မဆင်မခြင် ပြောလိုက်​မိ” တယ်။ နာမတော်ကို သန့်ရှင်းမြင့်မြတ်စေဖို့​ထက် ကိုယ့်​နာမည်ကို ကာကွယ်ဖို့ ဦးစားပေး​မိ​သွားတယ်။—ယောဘ ၆:၃။ ၁၃:၄၊ ၅။ ၃၂:၂။ ၃၄:၅။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ