Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 April laim. 2-7
  • Kua’ Na Sem Ding Cih Tu Ni-in Teel Un

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Kua’ Na Sem Ding Cih Tu Ni-in Teel Un
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • JESUH IN JEHOVAH’ NA SEM DINGIN BA’ HANG TEEL A HIAM?
  • BA’HANG JEHOVAH BIAK DING KILAWM A HIAM?
  • JEHOVAH’ NA SEM DINGIN BA’HANG TEEL I HIAM?
  • JEHOVAH’ NA SEMSUAK IN
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah Pen A “Nungta” Pasian Ahihlam Phawk In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Jehovah Min—Ei Ading A Thupi Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 April laim. 2-7

SIN DING THU 14

LA 8 တို့​ခိုလှုံရာ ယေဟောဝါ

Kua’ Na Sem Ding Cih Tu Ni-in Teel Un

“Kei le ka innkuanpihte in ka hih uh leh TOPA’ na ka sem ding uh hi.”—JOSH. 24:15.

အာရုံစိုက်​ရာ

ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ကျွန်တော်တို့ ရွေးချယ်​ရ​တဲ့ အကြောင်းရင်းတွေ​ကို ဒီ​ဆောင်းပါး​က ပြန်​အမှတ်​ရ​စေ​ပါ​မယ်။

1. Lungnopna taktak ngah nadingin bang i sep ding kisam a hiam? Ba’hang hiam? (Isaiah 48:17, 18)

ကျွန်တော်တို့​ကို ကောင်းကင်​ဘုံစံ​အဖ ယေဟောဝါ သိပ်​ချစ်​တယ်။ အခုရော နောင်ပါ ပျော်ရွှင်​စေ​ချင်​တယ်။ (ဒေ. ၃:၁၂၊ ၁၃) မိမိ​ကို ဝတ်ပြု​ပြီး မိမိ​စံနှုန်းတွေ လိုက်နာ​မှ စစ်မှန်​တဲ့ ပျော်ရွှင်မှု ရ​မယ်​ဆိုတာ ယေဟောဝါ သိ​တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။) ဒါကြောင့် လူတွေ​ကို ထူးခြားတဲ့ စွမ်းရည်​တချို့ ထည့်သွင်း​ဖန်ဆင်း​ထား​ပေမဲ့ လူလူချင်း အုပ်ချုပ်​နိုင်​စွမ်း၊ အမှားအမှန်​စံနှုန်း သတ်မှတ်​နိုင်​စွမ်း ပေး​မထား​ဘူး။—ဒေ. ၈:၉။ ယေ. ၁၀:၂၃။

2. Satan in bang hong umsak nuam a hiam? Satan a khialh lam a kilang nadingin Jehovah in bang sem a hiam?

၂ ယေဟောဝါ​ကို ဝတ်မပြု​လည်း ပျော်ရွှင်​နိုင်​တယ်၊ လူလူချင်း အုပ်ချုပ်​နိုင်​စွမ်း ရှိ​တယ်​လို့ ကျွန်တော်တို့​ကို စာတန် ယုံ​စေ​ချင်​တယ်။ (က. ၃:၄၊ ၅) စာတန် မှား​ကြောင်း သက်သေ​ပြဖို့ အချိန်​အတိုင်းအတာ​တစ်ခု​အထိ လူလူချင်း အုပ်ချုပ်​ခွင့် ယေဟောဝါ ပေး​လိုက်​တယ်။ လူ့​အုပ်ချုပ်မှု​ကြောင့် လူတွေ ထိခိုက်​နစ်နာ​နေတာ အထင်းသား​ပါ​ပဲ။ ဒါ​ပေမဲ့ ယေဟောဝါ​ကို ဝတ်ပြု​လို့ ပျော်ရွှင်​စရာ အသက်တာ ပိုင်ဆိုင်​တဲ့ အမျိုးသား/သမီး​များစွာ​အကြောင်း ကျမ်းစာ​မှာ ဖော်ပြ​ထား​တယ်။ အဲဒီ​ထဲ​မှာ​မှ အပျော်ရွှင်ဆုံး​သူ​ကတော့ ယေရှု​ခရစ်​ပါ​ပဲ။ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ယေရှု ဘာကြောင့် ရွေးချယ်​သလဲ၊ ယေဟောဝါ​ဟာ ဘာကြောင့် ဝတ်ပြု​ခံ​ထိုက်​သလဲ၊ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ကျွန်တော်တို့ ရွေးချယ်​ရ​တဲ့ အကြောင်းရင်း​တချို့​က ဘာလဲ​ဆိုတာ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​သွား​ပါ​မယ်။

JESUH IN JEHOVAH’ NA SEM DINGIN BA’ HANG TEEL A HIAM?

3. Satan in Jesuh kiangah bang thu na gen a hiam? Jesuh in bang sem dingin teel a hiam?

၃ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ရွေးချယ်​ထား​ကြောင်း မြေကြီး​ပေါ် ရှိစဉ်​တစ်လျှောက် ယေရှု ပြ​တယ်။ ဥပမာ၊ စာတန်​က မိမိ​ကို တစ်ကြိမ်​ပဲ ရှိခိုး​ဦးချ​မယ်​ဆိုရင် လောက​တိုင်းနိုင်ငံ​အားလုံး ပေး​မယ်​ဆိုပြီး ယေရှု နှစ်ခြင်း​ခံ​ပြီး​နောက် မကြာခင်​မှာ လာ​ပြော​တယ်။ “စာတန်၊ ထွက်သွား​စမ်း။ ‘ယေဟောဝါ​ဘုရား​ကို ကိုးကွယ်​ရ​မယ်။ ကိုယ်တော် တစ်ပါးတည်း​ကို​ပဲ ဝတ်ပြု​ရ​မယ်’ လို့ ကျမ်းစာ​မှာ ရေး​ထား​တယ်” ဆိုပြီး ယေရှု ပြန်​ပြော​တယ်။ (မ. ၄:၈-၁၀) ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ယေရှု ဘာကြောင့် ရွေးချယ်​သလဲ။ အကြောင်းရင်း​တချို့ သုံးသပ်​ကြည့်​ရ​အောင်။

4-5. Jesuh in Jehovah’ na a sepna a hang pawlkhat in bang a hiam?

၄ ယေဟောဝါ​ကို ယေရှု ဘာကြောင့် ဝတ်ပြု​သလဲ။ အဓိက​ကတော့ နှစ်နှစ်​ကာကာ ချစ်​လို့​ပါ​ပဲ။ (ယော. ၁၄:၃၁) ဒါ့​အပြင် ဝတ်ပြု​ထိုက်​လို့ ဝတ်ပြု​တာ ဖြစ်​တယ်။ (ယော. ၈:၂၈၊ ၂၉။ ဗျာ. ၄:၁၁) ယေဟောဝါ​နဲ့ စာတန် ဘယ်လောက် ကွာ​သလဲ​ဆိုတာ ယေရှု ကောင်းကောင်း သိတယ်။ ယေဟောဝါ​ဟာ အသက်​ရဲ့ ပင်ရင်း ဖြစ်​တယ်။ ယုံကြည်​စိတ်ချ​ထိုက်​တယ်။ ရက်ရော​တယ်။ (ဆာ. ၃၃:၄။ ၃၆:၉။ ယာ. ၁:၁၇) ယေရှု​ကို ယေဟောဝါ ပြော​သမျှ​ဟာ အမှန်​တရား ဖြစ်​တယ်။ ယေရှု ပိုင်ဆိုင်​သမျှ​ဟာ ယေဟောဝါ ပေး​ထား​တာ ဖြစ်​တယ်။ (ယော. ၁:၁၄) စာတန်​ကတော့ သေခြင်း​ကို ဖြစ်ပေါ်​စေ​တယ်။ မုသား​ပြော​သူ၊ လောဘ​ကြီး​သူ၊ အတ္တ​ကြီး​သူ ဖြစ်​တယ်။ (ယော. ၈:၄၄) ဒါကြောင့် စာတန်​ကို အတု​ယူ​ဖို့၊ ယေဟောဝါ​ကို ပုန်ကန်​ဖို့ ယေရှု တစ်ခါ​မှ မစဉ်းစား​ဘူး။—ဖိ. ၂:၅-၈။

၅ ယေဟောဝါ​ကို ယေရှု ဝတ်ပြု​ရ​တဲ့ အကြောင်းရင်း​နောက်​တစ်ခု​ကတော့ သစ္စာ​ရှိရှိ ဝတ်ပြု​ရင် ရ​လာ​မယ့် ကောင်းကျိုး​တွေ​ကို သိ​နေ​လို့​ပါ​ပဲ။ (ဟီ. ၁၂:၂) ဘာ​ကောင်းကျိုး​တွေ​လဲ။ ယေရှု သစ္စာ​ရှိ​ရင် ယေဟောဝါ​ရဲ့ နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေ​နိုင်​မယ်။ မာရ်နတ် ဖြစ်ပေါ်​စေ​တဲ့ ဆင်းရဲ​ဒုက္ခ​အားလုံး​ကို ဖယ်ရှား​နိုင်​မယ်။

BA’HANG JEHOVAH BIAK DING KILAWM A HIAM?

6-7. (a) Tu hun a mi tampite in ba’hang Jehovah na bia lo uh a hiam? (b) Ba’hang Jehovah biak ding kilawm a hiam?

၆ ဒီနေ့​ခေတ် လူ​တော်တော်​များများ ယေဟောဝါ​ကို ဘာကြောင့် ဝတ်မပြု​သလဲ။ ယေဟောဝါ​ရဲ့ ဂုဏ်ရည်တော်​တွေ၊ သူတို့​အတွက် လုပ်​ပေး​ထား​တာ​တွေ​အကြောင်း မသိ​လို့​ပါ။ တမန်တော် ပေါလု ဟောပြော​ခဲ့​တဲ့ အေသင်​မြို့သား​တွေ​လည်း အဲဒီလိုပဲ။—တ. ၁၇:၁၉၊ ၂၀၊ ၃၀၊ ၃၄။

၇ စစ်မှန်​တဲ့ ဘုရားသခင်​ဟာ “လူ​အားလုံး​ကို အသက်​နဲ့ ထွက်သက်​ဝင်သက်​ကို ပေး​တဲ့​အရှင်၊ အရာ​ခပ်သိမ်း​ကို ပေး​သနား​တဲ့​အရှင်” ဖြစ်​ကြောင်း အေသင်​မြို့သား​တွေ​ကို ပေါလု ရှင်းပြ​တယ်။ “ဘုရားသခင်​ကြောင့်​သာ ကျွန်တော်တို့ ဖြစ်တည်​နေ​တာ၊ အသက်​ရှင်​ပြီး သွားလာ​လှုပ်ရှား​နေ​တာ​ပါ” လို့ ဆက်​ပြော​တယ်။ ဘုရားသခင်​ဟာ ‘လူ​တစ်ဦးတည်း​ကနေ လူ​အမျိုးမျိုး​ကို ဖန်ဆင်း​တဲ့​အရှင်’ ဖြစ်​လို့ ဝတ်ပြု​ခံ​ထိုက်​တယ်။—တ. ၁၇:၂၅၊ ၂၆၊ ၂၈။

8. Jehovah in cikmahin a sep loh ding pen bang a hiam? Eite hong it mahmah ahihlam a kilangsak bang thute om a hiam?

၈ ယေဟောဝါ​ဟာ ဖန်ဆင်းရှင်၊ စကြဝဠာ အချုပ်​အခြာ​အာဏာရှင် ဖြစ်​လို့ ဆန္ဒ​ရှိ​တာ ဘာ​မဆို လုပ်​နိုင်​တယ်။ ဒါ​ပေမဲ့ မိမိ​ကို လူတွေ ဝတ်ပြု​လာ​အောင် ဘယ်တော့မှ အတင်း​အကျပ် မလုပ်​ဘူး။ အဲဒီ​အစား မိမိ တည်ရှိ​တယ်၊ တစ်ယောက်ချင်းစီ​ကို သိပ်​ချစ်​တယ်​ဆိုတာ ပေါ်လွင်​တဲ့ အထောက်​အထား​တွေ ပေး​တယ်။ လူ​များနိုင်​သမျှ များများ​ကို မိမိ​နဲ့ မိတ်ဆွေ ထာဝစဉ် ဖြစ်​စေ​ချင်​တယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့်​လည်း လူတွေ​အတွက် ဘာ​ရည်ရွယ်​ထား​တယ်၊ ရည်ရွယ်ချက် ဘယ်လို အကောင်​အထည်​ဖော်​မယ်​ဆိုတာ သွန်သင်​ပေး​တတ်​ဖို့ ကျွန်တော်တို့​ကို လေ့ကျင့်​ပေး​တယ်။ (မ. ၁၀:၁၁-၁၃။ ၂၈:၁၉၊ ၂၀) မိမိ​ကို ဝတ်ပြုသူ​တွေ​အတွက် အသင်းတော် ဖွဲ့စည်း​ပေး​ထား​တယ်။ ဂရုစိုက်​စောင့်ရှောက်​ပေး​မယ့် မေတ္တာ​ရှိ အကြီးအကဲ​တွေ ခန့်အပ်​ပေး​ထား​တယ်။—တ. ၂၀:၂၈။

9. Jehovah in mi khempeuh tungah koi bangin itna lak a hiam?

၉ မိမိ တည်ရှိ​တယ်​ဆိုတာ လက်​မခံ​သူ​တွေ​ကို​တောင် ယေဟောဝါ မေတ္တာ​ပြ​တယ်။ စဉ်းစား​ကြည့်​ပါ– သမိုင်း​တစ်လျှောက် ကိုယ့်​အမှားအမှန်​စံနှုန်းနဲ့​ကိုယ် နေထိုင်​သူ သန်း​ထောင်ပေါင်း​များစွာ ရှိ​တယ်။ ဒါ​ပေမဲ့ မိမိ​စံနှုန်း​အတိုင်း မနေထိုင်​လို့​ဆိုပြီး သူတို့ အသက်​ဆက်​ဖို့၊ ဘဝ​ကို ပျော်မွေ့​ဖို့ လိုအပ်​တာ​တွေ ယေဟောဝါ မပေး​ဘဲ မနေ​ဘူး။ (မ. ၅:၄၄၊ ၄၅။ တ. ၁၄:၁၆၊ ၁၇) မိတ်ဖွဲ့​နိုင်​စွမ်း၊ မိသားစု​ဘဝ တည်ဆောက်​နိုင်​စွမ်း၊ ကြိုးစား​ပမ်းစား လုပ်ကိုင်​ခြင်း​ရဲ့ အကျိုး​ကို ခံစား​နိုင်​စွမ်း ပေး​ထား​တယ်။ (ဆာ. ၁၂၇:၃။ ဒေ. ၂:၂၄) လူ​အားလုံး​ကို ယေဟောဝါ ချစ်​တယ်​ဆိုတဲ့ အထောက်​အထား​တွေ​ပါ​ပဲ။ (ထွ. ၃၄:၆) ယေဟောဝါ​ကို ကျွန်တော်တို့ ဝတ်ပြု​ရ​တဲ့ အကြောင်းရင်း​တချို့​အကြောင်း၊ ယေဟောဝါ ကောင်းချီး​ပေး​ပုံ​အကြောင်း သုံးသပ်​ကြည့်​ရ​အောင်။

JEHOVAH’ NA SEM DINGIN BA’HANG TEEL I HIAM?

10. (a) (a) Jehovah’ na i sepna a hang in bang a hiam? (Matthai 22:37) (b) Jehovah in koi bangin hong maisakin hong thei siam a hiam? (Late 103:13, 14)

၁၀ ယေရှု​လို​ပဲ ကျွန်တော်တို့ ယေဟောဝါ​ကို နှစ်နှစ်​ကာကာ ချစ်​လို့ ဝတ်ပြု​ကြ​တယ်။ (မဿဲ ၂၂:၃၇ ကို ဖတ်ပါ။) ဂုဏ်ရည်တော်​တွေ​အကြောင်း သိ​လာ​တဲ့​အခါ ယေဟောဝါ​ကို ချစ်​လာ​ကြ​တယ်။ ယေဟောဝါ​ရဲ့ ခွင့်လွှတ်​နားလည်​ပေး​မှု​အကြောင်း စဉ်းစား​ကြည့်​ပါ။ အစ္စရေး​တွေ အကြိမ်ကြိမ် ပုန်ကန်​ပေမဲ့ “မကောင်း​တဲ့ လမ်းစဉ်​တွေ​ကနေ ပြန်လှည့်​လာ​ကြ​ပါ​တော့” ဆိုပြီး ယေဟောဝါ မေတ္တာ​ရပ်ခံ​တယ်။ (ယေ. ၁၈:၁၁) ကျွန်တော်တို့ မစုံလင်​ဘူး၊ မြေမှုန့်​ပဲ​ဆိုတာ ယေဟောဝါ မမေ့​ဘူး။ ဒါကြောင့် အမှား​အများကြီး လုပ်​မိ​ရင်​တောင် ခွင့်လွှတ်​ပေး​တယ်။ (ဆာလံ ၁၀၃:၁၃၊ ၁၄ ကို ဖတ်ပါ။) ယေဟောဝါ​ရဲ့ ခွင့်လွှတ်​နားလည်​ပေး​မှု​အကြောင်း၊ တခြား​ဂုဏ်ရည်တော်​တွေ​အကြောင်း စဉ်းစား​လိုက်​တဲ့​အခါ ယေဟောဝါ​ကို ထာဝစဉ် ဝတ်ပြု​ချင်​သွား​တယ် မဟုတ်​လား။

11. Jehovah’ na i sepna ahang pawlkhat in bang a hiam?

၁၁ ယေဟောဝါ​ကို ဝတ်ပြု​ရ​တဲ့ အကြောင်းရင်း​နောက်​တစ်ခု​ကတော့ ဝတ်ပြု​ထိုက်​လို့​ပါ။ (မ. ၄:၁၀) ဒါ့​အပြင် သစ္စာ​ရှိရှိ ဝတ်ပြု​ရင် ရ​လာ​မယ့် ကောင်းကျိုး​တွေ​ကို သိ​နေ​လို့ ဖြစ်​တယ်။ ဘာ​ကောင်းကျိုး​တွေ​လဲ။ ကျွန်တော်တို့ သစ္စာ​ရှိ​ရင် ယေဟောဝါ​ရဲ့ နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေ​နိုင်​မယ်။ မာရ်နတ် မှား​ကြောင်း သက်သေ​ပြ​နိုင်​မယ်။ ယေဟောဝါကို စိတ်ရွှင်လန်း​စေ​နိုင်​မယ်။ ယေဟောဝါ​ကို ထာဝစဉ် ဝတ်ပြု​နိုင်​တဲ့ အလား​အလာ ရှိ​မယ်။—ယော. ၁၇:၃။

12-13. Unaunu Jane le Pam’ tuahkhakna pan bang sin thei i hiam?

၁၂ အသက်​ငယ်​စဉ်​မှာ​တောင် ယေဟောဝါ​ကို နှစ်နှစ်​ကာကာ ချစ်​တတ်​လာ​နိုင်​တယ်။ ယေဟောဝါ​ကို ချစ်​တဲ့​မေတ္တာ​ဟာ တိုး​သည်​ထက် တိုး​လာ​နိုင်​တယ်။ ညီအစ်မ​အရင်း​တွေ ဖြစ်​တဲ့ ဂျိန်း​နဲ့ ပမ်​အကြောင်း သုံးသပ်​ကြည့်​ပါ။a ကျမ်းစာ စ​လေ့လာ​ချိန်​မှာ ဂျိန်း​က အသက် ၁၁ နှစ်၊ ပမ်​က ၁၀ နှစ်။ မိဘတွေ​က ကျမ်းစာ မလေ့လာ​ပေ​မဲ့ ဂျိန်း​နဲ့ ပမ်​ကို သက်သေခံ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​ခွင့် ပေး​တယ်။ ဒါ​ပေမဲ့ မိသားစု​နဲ့​တော့ ချာ့ချ်​လိုက်​တက်​ရ​မယ်​လို့ ပြော​တယ်။ “မူးယစ်​ဆေး သုံးဖို့၊ လိင်​အကျင့်​ယိုယွင်း​ဖို့ အတန်းဖော်​တွေ ဖိအား​ပေး​ကြ​တယ်။ ဒါ​ပေမဲ့ သက်သေခံ​တွေ​နဲ့ ကျမ်းစာ​လေ့လာ​ရင်း သိ​လာ​တာ​တွေ​ကြောင့် ဖိအား​တွေ တွန်းလှန်​နိုင်​ခဲ့​တယ်” လို့ ဂျိန်း ပြော​တယ်။

၁၃ အသက် ၂၀ မပြည့်​ခင်​မှာ​ပဲ သူတို့​နှစ်ယောက် နှစ်ခြင်းခံ​တယ်။ နောက်တော့ ရှေ့ဆောင်​လုပ်​ကြ​တယ်။ မိဘ​တွေ အသက်​ကြီး​လာ​တော့​လည်း မိဘ​တွေ​ကို ဂရုစိုက်​ပေး​ရင်း ရှေ့ဆောင် ဆက်​လုပ်​ကြ​တယ်။ “၂ တိမောသေ ၂:၁၉ မှာ ပြော​ထား​သလို ‘ယေဟောဝါ​ဘုရား​က မိမိ​ရဲ့ လူ ဘယ်သူ​လဲ’ သိ​တယ်၊ အမြဲ ဂရုစိုက်​စောင့်ရှောက်​တယ်​ဆိုတာ ကျွန်မ ကိုယ်တွေ့​ပါ​ပဲ” ဆိုပြီး နောက်ကြောင်း ပြန်တွေး​ရင်း ဂျိန်း ပြော​တယ်။ မိမိ​ကို ချစ်​လို့ ဝတ်ပြု​သူ​တွေ​ကို ယေဟောဝါ အမြဲ ဂရုစိုက်​စောင့်ရှောက်​တယ်​ဆိုတာ ရှင်း​နေ​ပါ​တယ်။

14. Jehovah’ min koi bangin siangthosak thei ding i hiam? (Lim zong en in.)

၁၄ ယေဟောဝါ​နဲ့​ပတ်သက်ပြီး လူ​တွေ သိ​ထား​တာ​တွေ​ဟာ မှား​နေ​တယ်။ ဒါကြောင့် သူတို့​ကို ကျွန်တော်တို့ အမှန်​အတိုင်း သိ​စေ​ချင်​တယ်။ ဥပမာ​တစ်ခု စဉ်းစား​ကြည့်​ပါ။ သင့်​မိတ်ဆွေ​ဟာ ကြင်နာ​တယ်၊ ရက်ရော​တယ်၊ ခွင့်လွှတ်​တတ်​တယ်။ ဒါ​ပေမဲ့ သင့်​မိတ်ဆွေ ရက်စက်​တယ်၊ မရိုးသား​ဘူး​ဆိုပြီး လူ​တစ်ယောက် စွပ်စွဲ​တာ​ကို တစ်နေ့ ကြား​လိုက်​ရ​တယ်​ဆိုပါစို့။ သင် ဘာ​လုပ်​မလဲ။ မိတ်ဆွေ​ဘက်​ကနေ ကာကွယ်​ပြောဆို​မယ် မဟုတ်​လား။ အဲဒီလို​ပဲ စာတန်​နဲ့ စာတန့်​ဩဇာ​အောက်​မှာ ရှိ​သူ​တွေ​က ယေဟောဝါ​အကြောင်း အလိမ်​အညာ​တွေ ဖြန့်​ပြီး နာမတော်​ကို ရှုတ်ချ​ဂုဏ်ဖျက်​ဖို့ ကြိုးစား​နေ​ကြ​တယ်။ သင် ဘာ​လုပ်​မလဲ။ ယေဟောဝါ​အကြောင်း လူ​တွေ​ကို အမှန်​အတိုင်း သိ​စေ​ခြင်း​အားဖြင့် နာမတော်​ကို ကာကွယ်​ပေး​မယ် မဟုတ်​လား။ (ဆာ. ၃၄:၁။ ဟေရှာ. ၄၃:၁၀) ယေဟောဝါ​ကို စိတ်​နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ဖို့ ရွေးချယ်​ထား​ကြောင်း အပြော​နဲ့​ကော လုပ်ရပ်​နဲ့​ပါ ကျွန်တော်တို့ ပြ​ကြ​တယ်။

၁။ အစည်းအဝေးကြီးခန်းမရှေ့ ဆန္ဒပြနေတဲ့ အယူဖောက်ပြန်သူတစ်စုကို အမျိုးသမီးတစ်ယောက် မြင်ရ။ ၂။ အများရှေ့ သက်သေခံနေတဲ့ မောင်နှံဆီ အဲဒီအမျိုးသမီး စကားသွားပြောနေ။

ယေဟောဝါရဲ့ နာမတော်ကို သင် ကာကွယ်​မလား (စာပိုဒ် ၁၄ ကို ကြည့်ပါ)b


15. Sawltak Paul in a nuntakna ah kikhelnate bawl ahih manin bang hamphatnate ngah a hiam? (Filipi 3:7, 8)

၁၅ ယေဟောဝါ နှစ်သက်​လက်ခံ​တဲ့​နည်း​နဲ့ ဝတ်ပြု​နိုင်​ဖို့ ဒါ​မှ​မဟုတ် အမှုတော်​မှာ ပို​ပါဝင်​နိုင်​ဖို့ ကျွန်တော်တို့ အပြောင်း​အလဲ​တွေ လိုလို​လားလား လုပ်​ကြ​တယ်။ ဥပမာ၊ တမန်တော် ပေါလု​ဟာ ဂျူး​ဘာသာ​မှာ ထွန်းပေါက်​သူ ဖြစ်​တယ်။ ဒါ​ပေမဲ့ ခရစ်တော်​နောက် လိုက်​ဖို့၊ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ဂျူး​ဘာသာ​ကို စွန့်​ခဲ့​တယ်။ (ဂလ. ၁:၁၄) ပေါလု ဘာ​အကျိုး​ကျေးဇူး​တွေ ရ​သလဲ။ အဓိပ္ပာယ်​ပြည့်ဝ​တဲ့ အသက်တာ ပိုင်ဆိုင်​တယ်။ ခရစ်တော်​နဲ့​အတူ ကောင်းကင်​မှာ အုပ်ချုပ်​ဖို့ အခွင့်​အရေး ရ​တယ်။ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ဆုံးဖြတ်​ခဲ့​တာ​ကို တစ်ခါ​မှ နောင်တ​မရ​ဘူး။ ကျွန်တော်တို့​လည်း ယေဟောဝါ​ကို ဝတ်ပြု​ရင် နောင်တ​ရ​စရာ​အကြောင်း ရှိ​မှာ မဟုတ်​ဘူး။—ဖိလိပ္ပိ ၃:၇၊ ၈ ကို ဖတ်ပါ။

16. Unaunu Julia’s tuahkhakna pan bang sin thei i hiam? (Lim zong en in.)

၁၆ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ဦးစား​ထား​ရင် အခု​ကော အနာဂတ်​မှာ​ပါ အဓိပ္ပာယ်​ပြည့်ဝ​တဲ့ အသက်တာ ပိုင်ဆိုင်​နိုင်​တယ်။ ညီအစ်မ ဂျူလီယာ​အကြောင်း သုံးသပ်​ကြည့်​ပါ။ ဂျူလီယာ ငယ်ငယ်​တုန်း​က ချာ့ချ်​ဓမ္မတေး​သံစုံ​အဖွဲ့​မှာ သီချင်း​ဆို​တယ်။ ဂျူလီယာ အရည်​အချင်း ရှိ​တာ​ကို အော်ပရာ အဆိုတော်ကြီး​တစ်ယောက် သတိ​ထား​မိ​ပြီး မြေတောင်​မြှောက်​ပေး​တယ်။ မကြာခင်​မှာ​ပဲ ပါရမီရှင်မလေး​ဆိုပြီး ဂျူလီယာ နာမည်​ရ​လာ​တယ်။ ကြီးကျယ်​ခမ်းနား​တဲ့ ဂီတ​ခန်းမ​တွေ​မှာ ဖျော်ဖြေ​ရ​တယ်။ နောက်ပိုင်း​မှာ နာမည်ကြီး ဂီတ​ကျောင်း တက်​တော့ ကျောင်းနေဖက်​တစ်ယောက်​က ဂျူလီယာ​ကို ဘုရား​အကြောင်း၊ ဘုရား​နာမည်​ဟာ ယေဟောဝါ​ဆိုတဲ့​အကြောင်း ပြောပြ​တယ်။ သိပ်​မကြာခင်​မှာ​ပဲ ဂျူလီယာ တစ်ပတ်​နှစ်ကြိမ် ကျမ်းစာ​လေ့လာ​တယ်။ နောက်ဆုံး​မှာ​တော့ မိမိ​ဘဝ​ကို ဂီတ​လောက​မှာ မဟုတ်​ဘဲ ဘုရား​အမှု​ဆောင်​ခြင်း​မှာ မြှုပ်နှံ​ဖို့ ဆုံးဖြတ်​လိုက်​တယ်။ ဒီလို​ဆုံးဖြတ်​ရ​တာ လွယ်​တော့ မလွယ်​ဘူး။ “ဘုရားပေး ပါရမီ​ကို အလဟဿ အဖြစ်​ခံ​တာ တော်တော် မိုက်မဲ​တာ​ပဲ​ဆိုပြီး လူတွေ ဝိုင်း​ပြော​ကြ​တယ်။ ဒါ​ပေမဲ့ ဘုရား​အမှု​ဆောင်​ဖို့ ကျွန်မ​ဘဝ​ကို အပြည့်​အဝ အသုံးပြု​ချင်​တယ်” လို့ ဂျူလီယာ ပြော​တယ်။ လွန်​ခဲ့​တဲ့ အနှစ် ၃၀ ကျော်​က အဲဒီ​ဆုံးဖြတ်ချက်​နဲ့​ပတ်သက်​ပြီး အခု သူ ဘယ်လို ခံစား​ရ​သလဲ။ “ကျွန်မ စိတ်​အေးချမ်း​တယ်။ ကျွန်မ​ရဲ့ လိုအင်​ဆန္ဒ​အားလုံး​ကို အနာဂတ်​မှာ ယေဟောဝါ ဖြည့်ဆည်း​ပေး​မယ်​ဆိုတာ ယုံ​တယ်” လို့ ပြော​တယ်။—ဆာ. ၁၄၅:၁၆။

ရုပ်ပုံ– ဂျူလီယာ​ရဲ့ ရွေးချယ်မှု​ကို ပြန်လည်​သရုပ်ဖော်​ထား။ ၁။ ပရိသတ်​တွေ​ရှေ့ စင်မြင့်​ပေါ်မှာ သီချင်းဆို​နေ။ ၂။ အသင်းတော် အစည်းအဝေးမှာ ခင်ပွန်းနဲ့​အတူ သီချင်းဆို​နေ။

ယေဟောဝါကို ဝတ်ပြုဖို့ ဦးစားထားရင် အဓိပ္ပာယ်​ပြည့်ဝ​တဲ့ အသက်တာ ပိုင်ဆိုင်​ရမယ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)c


JEHOVAH’ NA SEMSUAK IN

17. (a) Jehovah’ na sem dingin a teel nai lote in bang sem ding kisam a hiam? Ba’hang hiam? (b) Jehovah’ na sem dingin a teel khinte in bang na thei uh a hiam?

၁၇ လောက​စနစ် အဆုံး​တိုင်​ခါ​နီး​မှာ ကျွန်တော်တို့ အသက်​ရှင်​နေ​ကြ​တယ်။ “‘သိပ်​မကြာခင်​မှာ’ ‘ကြွ​လာ​တဲ့​အရှင် ရောက်​တော့​မယ်။ နှောင့်နှေး​မှာ မဟုတ်​ဘူး’” လို့ တမန်တော် ပေါလု ပြော​တယ်။ (ဟီ. ၁၀:၃၇) ဒါ ဘာ​အဓိပ္ပာယ်​လဲ။ ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ရွေးချယ်​ချိန် နည်းနည်း​ပဲ ကျန်​တော့​တယ်။ ဒါကြောင့် ယေဟောဝါ​ကို ဝတ်မပြု​သေး​သူ​တွေ မြန်​နိုင်​သမျှ​မြန်မြန် ရွေးချယ်​ဆုံးဖြတ်​ရ​မယ်။ (၁ ကော. ၇:၂၉) ယေဟောဝါ​ကို ဝတ်ပြု​ဖို့ ရွေးချယ်​ပြီး​သူ​တွေ​အတွက်​ကော ဘာ​အဓိပ္ပာယ် ရှိ​သလဲ။ ယေဟောဝါ​ကို ဝတ်ပြု​လို့ အခက်​အခဲ​တွေ ရင်ဆိုင်​ရ​မယ်​ဆို​ပေမဲ့ အဲဒီ​အခက်​အခဲ​တွေ “သိပ်​မကြာခင်​မှာ” အဆုံး​တိုင်​တော့​မယ်။

18. Jehovah le Jesuh in bang hong semsak nuam a hiam?

၁၈ မိမိ​နောက် စ​ပြီး လိုက်​ဖို့​သာ​မက အမြဲ လိုက်​ဖို့ တပည့်​တွေ​ကို ယေရှု အားပေး​တယ်။ (မ. ၁၆:၂၄) ဒါကြောင့် ယေဟောဝါ​ကို ဝတ်ပြု​တာ နှစ်ပေါင်း​များစွာ ကြာ​ပြီ​ဆိုရင်​တောင် ဆက်​ဝတ်ပြု​ဖို့ ဆုံးဖြတ်​ထား​ရ​မယ်။ ဆက်​ဝတ်ပြု​နိုင်​ဖို့ ကြိုးစား​အားထုတ်​ရ​မယ်။ လွယ်​မှာ​တော့ မဟုတ်​ဘူး။ ဒါ​ပေမဲ့ လောလော​ဆယ်​မှာ​တောင် ဘာ​ကောင်းချီး​တွေ ခံစား​နေ​ရ​သလဲ၊ ဘယ်လောက် ကျေနပ်​ပျော်ရွှင်​နေ​ရ​သလဲ စဉ်းစား​ကြည့်​လိုက်​ပါ။—ဆာ. ၃၅:၂၇။

19. Unaupa Gene’ tuahkhakna pan bang sin thei i hiam?

၁၉ ယေဟောဝါ​ကို ဝတ်ပြု​ရင် လက်လွတ်​ဆုံးရှုံး​စရာ​တွေ များ​တယ်​လို့ တချို့ ခံစား​ရ​တယ်။ သင်​ဟာ လူငယ်​တစ်ယောက်​ဆိုရင် ယေဟောဝါ​ကို ဝတ်ပြု​လို့ ပျော်​စရာ​တွေ လက်လွတ်​ဆုံးရှုံး​သွား​မှာ​ကို စိတ်ပူ​နေ​သလား။ “ယေဟောဝါ​သက်သေ ဖြစ်​ရ​တာ သိပ်​ကျဉ်းကျပ်​တယ်​လို့ ခံစား​ရ​တယ်။ ရွယ်တူ​ချင်း​တွေ​ကို ကြည့်​လိုက်​ရင် ပါတီ​တက်​လိုက်၊ ရည်းစား​ထား​လိုက်၊ အကြမ်းဖက် ဗီဒီယို​ဂိမ်း​တွေ ဆော့​လိုက်​နဲ့ သိပ်​ပျော်​စရာ​ကောင်း​ပုံ​ပဲ။ ကိုယ့်​မှာ​တော့ အစည်း​အဝေး၊ အမှု​ဆောင်​နဲ့​ပဲ အချိန်​ကုန်​နေ​တယ်” လို့ လူငယ် ညီအစ်ကို ဂျင်း ပြော​တယ်။ အဲဒီလို​အတွေး ဝင်​လာ​တဲ့​အတွက် ဂျင်း ဘာ​ဖြစ်​သွား​သလဲ။ “အသင်းတော်​မှာ ရှိသူ​တွေ​ရှေ့​တစ်မျိုး၊ ကွယ်ရာ​တစ်မျိုး ကျွန်တော် နေ​လာ​တယ်။ ခဏ​တော့ ပျော်​ရ​ပါ​တယ်။ ဒါ​ပေမဲ့ အပျော်​က ကြာကြာ​မခံ​ဘူး။ ဒီလို​နဲ့ ကျွန်တော် လျစ်လျူ​ရှု​ခဲ့​တဲ့ ကျမ်းစာ​အမှန်​တရား​တွေ​ကို ပြန်​တွေး​မိ​တယ်။ အဲဒီ​နောက်​မှာ​တော့ ယေဟောဝါ​ကို စိတ်​နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ဖို့ ဆုံးဖြတ်​လိုက်​တယ်။ အဲဒီ​အချိန်​က​စပြီး ကျွန်တော့်​ဆုတောင်းချက် တစ်ခု​မကျန် ယေဟောဝါ နားညောင်း​ပေး​တယ်​လို့ ခံစား​လာ​ရ​တယ်” ဆိုပြီး ဂျင်း ပြော​တယ်။

20. Bang i khensat ding kisam a hiam?

၂၀ “တံတိုင်းတော်​ထဲ​မှာ နေ​ဖို့ ကိုယ်တော် ရွေးချယ်​ပြီး ဖိတ်ခေါ်​ထား​တဲ့​သူ​ဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ဆာလံ​ကျမ်း​ရေးသူ စပ်ဆို​တယ်။ (ဆာ. ၆၅:၄) “ကျုပ်​နဲ့ ကျုပ်​ရဲ့ မိသားစု​ကတော့ ယေဟောဝါ​ဘုရား​ကို​ပဲ ဝတ်ပြု​မယ်” လို့ ပြော​တဲ့ ယောရှု​လိုပဲ ယေဟောဝါ​ကို ဆက်​ဝတ်ပြု​သွား​ဖို့ ဆုံးဖြတ်​ထား​ကြ​ရ​အောင်။—ယောရှု ၂၄:၁၅။

NANGH BANGCI DAWNG DING?

  • Jesuh in Jehovah’ na sem dingin ba’hang teel a hiam?

  • Ba’hang Jehovah i biak ding kilawm a hiam?

  • Jehovah’ na sem dingin ba’hang teel na hiam?

LA 28 ယေဟောဝါနဲ့ မိတ်ဆွေ ဖြစ်​ခြင်း

a အမည်လွှဲများ။

b ပုံအညွှန်း– အစည်းအဝေးကြီး ကျင်းပတဲ့ ခန်းမ​အပြင်ဘက်မှာ ဆန့်ကျင်သူတွေ အော်ဟစ်​ဆန္ဒ​ပြနေတာကို အမျိုးသမီးတစ်ယောက် တွေ့ပြီးနောက် အနီးအနားက အများရှေ့ သက်သေခံခြင်း​စင်​ကို သွားပြီး ကျမ်းစာ​အမှန်တရား နားထောင်။

c ပုံအညွှန်း– ယေဟောဝါကို ဝတ်ပြုဖို့ ဂျူလီယာ အပြောင်းအလဲ လုပ်ခဲ့​ပုံ​ကို ပြန်လည်​သရုပ်ဖော်​ထား။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ