ကျောင်းသင်ရိုးပြင်ပလှုပ်ရှားမှုအတွက် အဖိုးထိုက်သောအထောက်အကူ
“ကင်းမျှော်စင် နှင့် နိုးလော့! ဂျာနယ်တို့သည် ကျွန်မဖတ်ဖူးသမျှဂျာနယ်တို့တွင် အထူးဗဟုသုတဖြစ်စေသော၊ ဖတ်၍နားလည်ရန် အလွယ်ကူဆုံးသော၊ အလွန်အခန့်သင့်သော၊ အလွန်အားတက်ဖွယ်ကောင်းသော ဂျာနယ်များဖြစ်ပါသည်။ ကျွန်မ၏ ကျောင်းသင်ရိုးပြင်ပလှုပ်ရှားမှုအတွက် အချက်အလက်အများစုကို ဤမဂ္ဂဇင်းများမှရရှိပါသည်။ ကျောင်းတွင် အကြောင်းအရာတစ်ခုခုကို သင်ရသည့်အခါတိုင်း ထိုအကြောင်းအရာနှင့်စပ်လျဉ်းသည့် ဆောင်းပါးတစ်ခုခုကို ၎င်းမဂ္ဂဇင်းများတွင် အမြဲတမ်းတွေ့ရတတ်သဖြင့် ကျွန်မအဖို့ အားတက်စရာဖြစ်သည့်အပြင် ထိုအကြောင်းအရာနှင့် ထိုအကြောင်းအရာ၏ အရေးကြီးမှုကိုနားလည်သဘောပေါက်ရန် ထောက်ကူပေးသည်” ဟု ဆယ်ကျော်သက်ရွယ် စာဖတ်ပရိသတ်တစ်ဦးက ရေးသားပေးပို့ခဲ့သည်။
“ဥပမာအားဖြင့် ကျွန်မတို့ပါဝင်ရသည့် သိပ္ပံပညာပြပွဲအတွက် သိပ္ပံသင်ရိုးပြင်ပလှုပ်ရှားမှုဆိုင်ရာ အကြောင်းအရာတစ်ခုကို ကျွန်မလိုအပ်ခဲ့သည်။ ထိုလှုပ်ရှားမှုအတွက် ပိုစတာသုံးခု၊ အစီရင်ခံစာတစ်စောင်နှင့် ပုံစံငယ်တစ်ခုတို့လိုအပ်သည်။ သို့နှင့် ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်ထုတ် နိုးလော့! ၌ ဆွေးနွေးတင်ပြထားသည့် “ဖန်လုံအိမ်အာနိသင်” အကြောင်းကိုတင်ပြရန် ကျွန်မဆုံးဖြတ်လိုက်သည်။ ထိုဆောင်းပါး၌ပါရှိသည့် သရုပ်ဖော်ပုံများအပေါ်အခြေပြုကာ ကျွန်မ၏ပိုစတာများကိုရေးဆွဲ၍ ထိုဆောင်းပါးမှအချက်အလက်များဖြင့် ကျွန်မ၏အစီရင်ခံစာကိုရေးသားသည်။ ဇီဝဗေဒဆရာက ကျွန်မကို အဆင့် ‘က’ ပေးသည့်အပြင် ဂေဟဗေဒနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းဘာသာရပ်အတွက် ပထမဆုကိုပါ ဆွတ်ခူးရရှိခဲ့ပါသည်!” ဟုသူမကရှင်းပြထားသည်။
ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းကို စာတိုက်ဖြင့် အိမ်တိုင်ရာရောက် ပို့ပေးစေလိုလျှင်လည်းကောင်း၊ အခမဲ့ အိမ်တွင်းကျမ်းစာသင်အံမှု အလိုရှိလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄ ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ မှ သင့်လျော်ရာလိပ်စာဖြင့် စာရေးဆက်သွယ်ပါ။