ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၇/၈ စာ. ၉-၁၁
  • ကမ္ဘာမြေတစ်ဝန်း ဘေးမဲ့ဖြစ်မည့် အခါဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာမြေတစ်ဝန်း ဘေးမဲ့ဖြစ်မည့် အခါဝယ်
  • နိုးလော့!—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြိုးပမ်းမှုများသည် အဘယ်ကြောင့်မအောင်မြင်ရသနည်း
  • မြေကြီးတစ်ခွင်ဘေးမဲ့ဖြစ်ရန် စစ်မှန်သည့်တစ်ခုတည်းသောမျှော်လင့်ချက်
  • တိရစ္ဆာန်ဥယျာဉ် တောရိုင်းတိရစ္ဆာန်များ၏ နောက်ဆုံးမျှော်လင့်ရာလော
    နိုးလော့!—၁၉၉၈
  • “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
    “ကြည့်ရှုလော့ ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”
  • လူတွေကြောင့် ကမ္ဘာကြီး ပျက်စီးသွားမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာမြေ ဖျက်ဆီးခံရမလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၁၉၉၈
န၉၈ ၇/၈ စာ. ၉-၁၁

ကမ္ဘာမြေတစ်ဝန်း ဘေးမဲ့ဖြစ်မည့် အခါဝယ်

လောကတွင် အန္တရာယ်အပေးဆုံးသတ္တဝါကို တွေ့ မြင်လိုပါသလော။ မှန်ကိုကြည့်လိုက်ပါ! မှန်ပါသည်၊ ကျွန်ုပ်တို့လူသားများသည် ကမ္ဘာမြေ၏အဆိုးဆုံးအဖျက်သမားများဖြစ်ကြသည်! ကျွန်ုပ်တို့သည် ဧရာမအတိုင်းအတာဖြင့် တစ်ဦးကိုတစ်ဦးပင်သတ်ဖြတ်ကြသည်။

တောရိုင်းတိရစ္ဆာန်များအတွက် ဘေးကင်းသောကမ္ဘာမြေဖြစ်စေရန်—အထူးသဖြင့် တိရစ္ဆာန်ဥယျာဉ်များသည် နောက်ဆုံးခိုလှုံရာဖြစ်လာမည်ဆိုလျှင်ပင်—စစ်၊ လူသားတို့ဖန်တီးသည့်ဘေးတို့ကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။ ဘာလင်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်အကောင် ၁၂,၀၀၀ တွင် ၉၁ ကောင်သာ ဒုတိယကမ္ဘာစစ်ကို လွတ်မြောက်ရှင်သန်ခဲ့သည်။ အခြားတိရစ္ဆာန်ဥယျာဉ်များစွာလည်း အလားတူဒုက္ခကြုံခဲ့ရသည်။ မကြာခင်ကဖြစ်ခဲ့သောဘော်လကန်စစ်၌ ရဲစွမ်းသတ္တိရှိသောတိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများသည် တိရစ္ဆာန်များစွာကိုဘေးကင်းရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် သမင်၊ ကြောင်မျိုးရင်းဝင်များ၊ ဝက်ဝံများနှင့် ဝံပုလွေများအပါအဝင် ရာနှင့်ချီသောအခြားတိရစ္ဆာန်များစွာ သေကျေပျက်စီးခဲ့သည်။ မကြာသေးမီက သည်သြစတြေးလျန်း သတင်းစာ၏ တရားဝင်ကိုးကားဖော်ပြချက်အရ ကမ္ဘောဒီးယားတောအုပ်များ၌ ခမာနီလူမျိုးများသည် ရှားပါးသောတိရစ္ဆာန်များစွာကို တမင်သတ်ဖြတ်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့၏သားရေနှင့် အခြားသောတိရစ္ဆာန်ထွက်ကုန်တို့ကို စစ်လက်နက်များနှင့်လဲလှယ်ရန်ဖြစ်သည်!

တိရစ္ဆာန်ဥယျာဉ်များတွင်လည်းကောင်း၊ ပြင်ပတွင်လည်းကောင်း တိရစ္ဆာန်များကိုဘေးကင်းစေလိုလျှင် ဩစတြေးလျနိုင်ငံ၊ ဒါဝင်မြို့အနောက်တောင်ဘက်ရှိ၊ သီးခြားဖြစ်နေသောပေရွန်ကျွန်းများပေါ်တွင် ကျူးလွန်နေသကဲ့သို့သော သတ္တလောကကိုဖျက်လိုဖျက်ဆီးလုပ်ခြင်းသည် နှိပ်ကွပ်ရမည့် လုပ်ရပ်ဆိုးတစ်ခုဖြစ်သည်။ မပျံနိုင်သေးသည့်ငှက်ငယ်ထောင်နှင့်ချီပါရှိသော ဤကျွန်းများပေါ်ရှိငှက်ကြီးဝန်ပိုအုပ်သည် အရက်စက်ဆုံးနည်းဖြင့် သုံးနှစ်အတွင်း နှစ်ကြိမ်အကြောင်းမဲ့သက်သက်မီးရှို့ဖျက်ဆီးခံရသည်။

သို့ရာတွင် မကြာမီဆယ်စုနှစ်များအတွင်း မျိုးစိတ်မြောက်မြားစွာကွယ်ပျောက်သွားခြင်းသည် မလိုတမာစိတ်ကြောင့်မဟုတ်ပါ။ ယင်းသည် အလျင်အမြန်တိုးပွားနေသောလူဦးရေအတွက် နေထိုင်ရန်နှင့်နယ်မြေပျိုးထောင်ရန် အပူတပြင်းလိုအပ်ချက်၏နောက်ဆက်တွဲအကျိုးသက်ရောက်မှုဖြစ်သည်။ တိရစ္ဆာန်ကျက်စားရာဒေသများ၌ ဤသို့မညှာမတာဝင်ရောက်နေထိုင်ခြင်းနှင့် တွဲဖက်လိုက်ပါလာသည့်ညစ်ညမ်းမှုတို့ကြောင့် ကမ္ဘာ့တိရစ္ဆာန်ဥယျာဉ်ထိန်းသိမ်းရေးနည်းဗျူဟာ စာအုပ်က ဤသို့သတိပေးထားသည်– “၂၁ ရာစုနှစ်အတွက် ကမ္ဘာမြေ၏သဘာဝစနစ်အားလုံးဆိုင်ရာအလားအလာသည် ရင်မောဖွယ်ရာဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းလုံးလိုလို၌ဖြစ်နေသည့် ဖျက်ဆီးမှုများ မကြာမီအဆုံးတိုင်တော့မည်ဖြစ်ကြောင်း ညွှန်ပြသည့်အချက်တစ်ချက်မျှမရှိပါ။”

ကမ္ဘာမြေအနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်စရာတိုးများလာခြင်းကြောင့် ကမ္ဘာဂြိုဟ်တစ်ခုလုံး ဘေးမဲ့ဖြစ်လာမည့်အချိန်နှင့်ပတ်သက်၍ အလွန်မယုံနိုင်ဖွယ်ဖြစ်မနေပေလော။ သို့တိုင် ထိုမျှော်လင့်ချက်သည် လွန်ခဲ့သောအနှစ် ၅၀ နီးပါးက လက်ရှိသတ္တလောကပျက်ဆီးခြင်းနှင့်ပတ်သက်၍ ဘာမျှမသိခဲ့ကြဟု သိပ္ပံစာရေးဆရာတစ်ဦးဆိုသော အမြော်အမြင်မရှိသည့်လူသားများအပေါ်တွင် အခြေမပြုဘဲ ယင်းတို့ကိုကြိုမြင်တော်မူသော ယေဟောဝါဘုရားသခင်အပေါ်တွင် ခိုင်မာစွာအခြေပြုသည်။ လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင့်ကိုးရာကျော်က “မြေကြီးကိုဖျက်ဆီး” မည့်ကျွန်ုပ်တို့ခေတ်ရှိလူတို့နှင့်ပတ်သက်၍ ကြိုတင်မိန့်တော်မူခဲ့သည်။ (ဗျာဒိတ် ၁၁:၁၈) ကမ္ဘာပေါ်တွင် လူဦးရေကျဲသည့်အချိန်ကမိန့်တော်မူသော ပရောဖက်ပြုချက်သည် ထိုအချိန်၌အသက်ရှင်ခဲ့သူများစွာအတွက် မယုံနိုင်စရာဖြစ်သော်လည်း အမှန်ပင် တိတိကျကျဖြစ်ခဲ့သည်!

သိပ္ပံနှင့်နည်းပညာက မျိုးသုဉ်းမည့်ဘေးကြုံနေရသော တိရစ္ဆာန်မျိုးစိတ်များကို အလွန်သေးငယ်သည့်အသံလွှင့်စက်များနှင့် ဂြိုဟ်တုများဖြင့် စောင့်ကြည့်နိုင်ခြင်း၊ မိုးသစ်တောပျက်စီးမှုကို အာကာသမှနေ၍ စတုရန်းမီတာဖြင့်တိုင်းတာနိုင်ခြင်း၊ လေထုညစ်ညမ်းမှုကို သန်းလီစိတ်အထိတိုင်းတာနိုင်ခြင်းတို့ကဲ့သို့သော အံ့မခန်းဖွယ်ရာများကို ပြုလုပ်နိုင်သည့်အချိန်တွင် ဤကဲ့သို့ဖျက်ဆီးမှုများဖြစ်ပျက်နေခြင်းသည် ရှေ့နောက်မညီဟန်ဖြစ်နေသည်။ သို့တိုင် လူသည်ဤကဲ့သို့တောင်ပုံရာပုံဖြစ်နေသည့် ပြဿနာများကို အနည်းအကျဉ်းမှလွဲ၍ ဖြေရှင်းနိုင်စွမ်းရှိပုံမပေါ်ပါ။ လူသည် ထိန်းမရသောရထားတစ်စင်းကို မောင်းနေသူတစ်ဦးနှင့်တူသည်။ သူသည် အီလက်ထရွန်းနစ်စက်ခလုတ်ခုံ၏အကူအညီအားဖြင့် အဖြစ်အပျက်တိုင်းကိုသိနေသော်လည်း ရထားကိုရပ်တန့်အောင်မလုပ်နိုင်ပေ!

ကြိုးပမ်းမှုများသည် အဘယ်ကြောင့်မအောင်မြင်ရသနည်း

စက်ရုံတစ်ရုံတွင် ထောင်လွှားပြီးစည်းစနစ်မရှိသည့်မန်နေဂျာသည် ၎င်းအားရာထူးတိုးမပေးတော့မည့်အပြင် လအနည်းငယ်အတွင်းအလုပ်ဖြုတ်ပစ်မည့်အကြောင်း အလုပ်ရှင်ပြောသည်ကို နားစွန်နားဖျားကြားမိသည့်အဖြစ်ကိုမြင်ယောင်ကြည့်ပါ။ သူသည် အလွန်ခံပြင်းနာကြည်းသောစိတ်ဖြင့်အငြိုးထားကာ အကြီးအကျယ်ဖျက်ဆီးဖို့ အလုပ်သမားအတော်များများအားလိမ်လည်၊ လာဘ်ထိုး၍ ပရိယာယ်အမျိုးမျိုးကိုအသုံးပြုသည်။ သူတို့အပြစ်တင်မခံရသည့်နည်းဖြင့် စက်ပျက်အောင်၊ ထုတ်လုပ်မှုနှေးအောင်၊ ထွက်ကုန်အရည်အသွေးညံ့ဖျင်းအောင် လိမ္မာပါးနပ်စွာဖန်တီးလာကြသည်။ တစ်ချိန်တည်းတွင် ရိုးသားသောအလုပ်သမားများသည် အဖြစ်မှန်ကိုမသိကြဘဲ ပြုပြင်ရန်ကြိုးစားကြသည်။ သို့သော် ကြိုးစားလေ ပိုဆိုးလေဖြစ်နေသည်။

ဤလောက၏မရိုးသားသော “မန်နေဂျာ” သည် အလားတူပင် လူသားများနှင့်ကမ္ဘာမြေကိုဖျက်ဆီးရန်ကြံစည်သည်။ သို့သော် ဤသာဓကအရ စိတ်ကြီးဝင်ပြီး ကိုးကွယ်မှုကိုအငမ်းမရ ရချင်သူ ခံပြင်းနာကြည်းစိတ်ဝင်နေသည့် နာမ်ဝိညာဉ်သတ္တဝါကောင်းကင်တမန်—စာတန်—၏အကြံအစည်များကို သမ္မာကျမ်းစာက ရှင်းလင်းဖော်ထုတ်ထားသောကြောင့် ကျွန်ုပ်တို့သည် “သူ၏အကြံအစည်များကိုသိကြ” ရန်လိုသည်။ (၂ ကောရိန္သု ၂:၁၁; ၄:၄) ဘုရားသခင်သည် သူ့ကိုကိုယ်တော်၏ကောင်းကင်မိသားစုမှမောင်းထုတ်ပြီး ဖျက်ဆီးပစ်ရန် စီရင်ချက်ချထားသည်။—ကမ္ဘာဦး ၃:၁၅; ရောမ ၁၆:၂၀။

မရိုးသားသောမန်နေဂျာနည်းတူ ဤ “မုသာ၏အဘ” သည်လည်း သူ၏အမျက်ကိုပွင့်အံထုတ်ရန် လျှို့ဝှက်နည်းမြောက်မြားစွာကို အသုံးပြုလျက်ရှိသည်။ သူသည် ယေဟောဝါဘုရားသခင်ကိုမုန်းပြီး ကိုယ်တော့်ဖန်ဆင်းရာများကိုပျက်စီးစေလိုသည်။ (ယောဟန် ၈:၄၄) စာတန်၏အထိရောက်ဆုံးကိရိယာများမှာ လိမ်လည်၍ဝါဒဖြန့်ခြင်း၊ လောဘ၊ ရုပ်ပဓာနဝါဒနှင့် အန္တရာယ်ပေးသောဘာသာရေးသွန်သင်ချက်တို့ဖြစ်သည်။ ယင်းတို့ဖြင့် သူသည် ‘ကမ္ဘာမြေတစ်ခုလုံးကို လှည့်ဖြား’ ပြီး—အနာဂတ်တွင်ကမ္ဘာမြေကို စောင့်ရှောက်ကြမည့်—လူသားများကို “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ရှေ့မှာ အားကြီးသောမုဆိုးဖြစ်” သောနိမ်ရောဒ၏နောက်လိုက်၊ အရက်စက်ဆုံးအဖျက်သမားများဖြစ်လာစေသည်။—ဗျာဒိတ် ၁၂:၉၊ ၁၂; ကမ္ဘာဦး ၁:၂၈; ၁၀:၉။

မြေကြီးတစ်ခွင်ဘေးမဲ့ဖြစ်ရန် စစ်မှန်သည့်တစ်ခုတည်းသောမျှော်လင့်ချက်

သို့ရာတွင် မျိုးသုဉ်းခြင်းကိုဖြစ်စေသည့် လူသားနှင့်လူထက်သာလွန်သောစွမ်းအားရှင်တို့ကိုအောင်နိုင်မည်မဟုတ်ပါ။ သက်ရှိအရာအားလုံးကိုဖန်ဆင်းတော်မူသောအဆုံးမရှိတန်ခိုးရှင်သည် ဤကြောက်မက်ဖွယ်ဝဲဂယက်ကိုဖယ်ရှားပစ်နိုင်ပြီး ယင်းကို ကိုယ်တော့်ကောင်းကင်အစိုးရအားဖြင့် လုပ်ဆောင်ပေးရန် ကိုယ်တော်ကတိပေးတော်မူခဲ့သည်။ ကိုယ်တော်သည် မြေကြီးကိုဖျက်ဆီးသောသူများကို ဖျက်ဆီးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော” ဟုကျွန်ုပ်တို့ဆုတောင်းသောအခါ ယင်းအတွက်ကျွန်ုပ်တို့ဆုတောင်းနေခြင်းဖြစ်သည်။—မဿဲ ၆:၉၊ ၁၀; ဗျာဒိတ် ၁၁:၁၈။

လာမည့်ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပေါ်တွင်ဘုရားသခင့်အလိုတော်ပြည့်စုံခြင်းနှင့်ဆက်စပ်နေကြောင်း သင်သတိပြုမိပါသလော။ အကြောင်းမှာ ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးကိုအုပ်စိုးမည့်ဘုရားသခင့်အစိုးရဖြစ်သည်။ ယင်းသည် နိုင်ငံတော်တစ်ခုဖြစ်သည့်အားလျော်စွာ ဘုရင်တစ်ပါး—“ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” တည်းဟူသော ယေရှုခရစ်—ရှိသည်။ (ဗျာဒိတ် ၁၉:၁၆) ၎င်းတွင် လက်အောက်ခံသူများလည်းရှိသည်။ ယေရှုဤသို့မိန့်တော်မူခဲ့၏– “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံရကြလတ္တံ့။” (မဿဲ ၅:၅) မှန်ပါသည်၊ ဤစိတ်နူးညံ့သိမ်မွေ့သူများသည် မြေကြီးဆိုင်ရာကနဦးလက်အောက်ခံများဖြစ်ကြပြီး ဘုရားသခင့်နိုင်ငံတော်ကူညီမှုဖြင့် ၎င်းတို့ရထားသည့်အမွေကို နှစ်လိုဖွယ်ကောင်းအောင် ပြုစုစောင့်ရှောက်ကြကာ သက်ရှိများစွာပွားများသည့် အံ့သြဖွယ်ပရဒိသုဖြစ်လာရန် လုပ်ဆောင်ကြမည်။ စိတ်ဝင်စားစရာမှာ နည်းဗျူဟာ စာအုပ်ကဤသို့ဖော်ပြထားသည်– “လူသားထုတစ်ရပ်လုံးသည် သဘာဝနှင့်အသစ်သောသဟဇာတဖြစ်နိုင်မှသာလျှင် လူသားနှင့်သဘာဝတို့အတွက် အနာဂတ်အာမခံချက်ရှိမည်ဖြစ်သည်။”

သမိုင်းနှင့်မစုံလင်သောလူ့သဘာဝတို့က ယနေ့လူသားထုတစ်ရပ်လုံး အဆိုပါသဘာဝနှင့် “အသစ်သောသဟဇာတ” ရှိစွာနေထိုင်နိုင်မည်မဟုတ်ကြောင်း ဖော်ပြသည်၊ အကြောင်းမှာ ယေဟောဝါကိုဥပေက္ခာပြုကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဤလောကကို ဤမျှတိုင်ဆက်၍ခွင့်ပြုရသည့်အကြောင်းတစ်ရပ်မှာ လူသားတို့၏ကိုယ်ပိုင်အုပ်ချုပ်မှုသည် အချည်းနှီးသာဖြစ်ကြောင်း သက်သေထူရန်ဖြစ်သည်။ သို့ရာတွင် ခရစ်တော်၏အုပ်စိုးမှုကိုတမ်းတသူတိုင်းသည် များမကြာမီ ပြည့်ဝစုံလင်သောငြိမ်သက်ခြင်းနှင့်မွေ့လျော်ကြပေတော့မည်။ ဟေရှာယ ၁၁:၉ ကဤအချက်ကိုအတည်ပြုထားပြီး ဤသူများသာလျှင် အဘယ်ကြောင့် သဘာဝနှင့် “အသစ်သောသဟဇာတ” ဖြစ်နိုင်ကြောင်းကိုလည်း ဖော်ပြထားသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”—မှန်ပါသည်၊ မြင့်မြတ်သောပညာရေးသည် သော့ချက်ဖြစ်သည်။ သဘာဝလောက၏ဘုရားသခင်တစ်ပါးတည်း၌သာ ထိုသို့သောဉာဏ်ပညာရှိခြင်းသည် ယုတ္တိမတန်ပေလော။

ယေဟောဝါကို လျစ်လျူရှုမြဲရှုနေသူများနှင့်ပတ်သက်၍ကော အသို့နည်း။ “အဓမ္မလူတို့မူကား၊ ပြည်တော် [“မြေကြီး၊” ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်” ဟုနယပုံပြင် ၂:၂၂ ကဆိုထားသည်။ မှန်ပါသည်၊ ကိုယ်တော့်ဖန်ဆင်းရာများကို တစ်ကိုယ်ကောင်းဆန်စွာခေါင်းပုံဖြတ်ဖျက်ဆီးနေသူအားလုံးကို တရားမျှတစွာစီရင်မည့် အလျင်အမြန်ချဉ်းကပ်လာနေသည့် ကြီးစွာသောဒုက္ခတွင် သူတို့၏ရန်လိုမှု သို့မဟုတ် လျစ်လျူရှုမှု၏အခအဖြစ် သူတို့၏အသက်ကို ပေးဆပ်ကြရမည်ဖြစ်သည်။—ဗျာဒိတ် ၇:၁၄; ၁၁:၁၈။

ပြန်လည်ဖွဲ့စည်းထားသောမြေကြီးအစီအစဉ်တွင် သင်ပါဝင်လိုသလော။ သို့ဆိုလျှင် ကျေးဇူးပြု၍ သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် သင့်အား ဘုရားသခင့်တောင်းဆိုရာများကိုသင်ယူပါ။ သို့ပြုခြင်းအားဖြင့်သာလျှင် သင့်ကို ဖန်ဆင်းရှင်ကဲ့သို့တွေးခေါ်တတ်ရန် စွမ်းဆောင်ပေးနိုင်သည်။ (၂ တိမောသေ ၃:၁၆; ဟေဗြဲ ၄:၁၂) ထို့အပြင် သင်သိရှိထားသည့်အတိုင်းလိုက်လျှောက်ခြင်းဖြင့် သင်သည် ယခုပင် ပို၍ကောင်းသောနိုင်ငံသားကောင်းဖြစ်လာမည်သာမက အလျင်အမြန်ချဉ်းကပ်လာနေသော “မြေကြီးသစ်” ကိုအပ်နှင်းခံထိုက်သောလူစားမျိုးဖြစ်ကြောင်း ယေဟောဝါအားပြသရာရောက်ပေမည်။—၂ ပေတရု ၃:၁၃။

ဤမဂ္ဂဇင်းကိုထုတ်ဝေသူများ သို့မဟုတ် အနီးဆုံးအသင်းတော်ရှိယေဟောဝါသက်သေများသည် သင်ဆန္ဒရှိလျှင် အခမဲ့အိမ်တွင်းကျမ်းစာသင်တန်းအားဖြင့်သော်လည်းကောင်း၊ ဤကိစ္စများကိုရှင်းပြသောစာအုပ်စာတမ်းများအားဖြင့်သော်လည်းကောင်း သင့်ကို ကူညီပေးရန်ဝမ်းမြောက်ကြပါမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ