‘ခင်ဗျားတို့ဟာ လူတွေအတွက် ထူးကဲလှတဲ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်နေကြတာပဲ’
အိန္ဒိယနိုင်ငံ၊ ဂိုအာပြည်နယ်မှအမျိုးသားတစ်ဦးသည် သူ၏ အိမ်သို့ ရောက်ရှိခဲ့သော ယေဟောဝါသက်သေနှစ်ဦးထံမှ နိုးလော့! မဂ္ဂဇင်းနှစ်စောင် ရရှိခဲ့သည်။ သူသည် ၎င်းတို့ကို ဖတ်ရှုပြီးနောက် ထုတ်ဝေသူများထံ အောက်ပါအတိုင်းစာရေးခဲ့သည်–
“လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့်အိမ်ကို အမျိုးသမီးနှစ်ဦးရောက်လာပြီး နိုးလော့! မဂ္ဂဇင်းထားသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမဂ္ဂဇင်းတွေက ဝါဒဖြန့်ချိတဲ့ မဂ္ဂဇင်းတွေပဲဆိုတဲ့အထင်နဲ့ တော်တော်ကြာတဲ့အထိ ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ မဂ္ဂဇင်းတစ်စောင်ကို မျက်စိဝေ့ကြည့်လိုက်မိလို့ ‘အမေဇုန်မိုးသစ်တော’ ဆောင်းပါး (မတ် ၈၊ ၁၉၉၈) ကိုသတိပြုမိတယ်။ အဲဒီဆောင်းပါးကို စဖတ်ခဲ့ပြီး မပြီးမချင်း အဲဒီမဂ္ဂဇင်းကို လက်ထဲကမချခဲ့ဘူး။
“အရမ်းကိုစိတ်ဝင်စားစရာကောင်းပြီး မှတ်သားစရာအချက်အလက်အများကြီးကို နိုးလော့! ထဲမှာတွေ့ခဲ့ရတယ်။ အကြောင်းအရာအမျိုးမျိုးကလည်း ကျွန်တော့်ရဲ့အာရုံကို ဖမ်းစားခဲ့တယ်။ ကျွန်တော်အလေးမြတ်ဆုံးကတော့ ဆောင်းပါးအမျိုးမျိုးဟာ အရမ်းကိုဆင်ခြင်တုံတရားနဲ့ ညီပြီး ဟန်ချက်ညီတဲ့ရှုမြင်ချက်ရှိတဲ့အတွက်ဖြစ်တယ်။”
နိုးလော့! ကိုပထမဆုံးအကြိမ်ဖတ်ရှုခဲ့သော ဤသူက “ခင်ဗျားတို့ဟာ လူတွေရဲ့အိမ်အထိ ဒီလိုတန်ဖိုးရှိတဲ့အကြောင်းအရာတွေယူသွားပေးနေတာက သူတို့အတွက် ထူးကဲလှတဲ့ဝန်ဆောင်မှုလုပ်ငန်းကို လုပ်နေကြတာပဲ” ဟူ၍ထပ်လောင်းပြောဆိုခဲ့သည်။
အသင်လည်း နိုးလော့! ကိုဖတ်ရှုခြင်းမှ အကျိုးရယူနိုင်ပါသည်။ အသင်သည် နောက်စာစောင်ကို ရလိုလျှင်လည်းကောင်း၊ သင်နှင့်အတူ ကျမ်းစာဆွေးနွေးရန် သင့်အိမ်သို့ တစ်စုံတစ်ဦးလာရောက်လည်ပတ်ခြင်းကို အလိုရှိလျှင်လည်းကောင်း ကင်းမျှော်စင်၊ ၉၄-ခ၊ အင်းလျားလမ်း၊ ရန်ကုန်မြို့၊ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာရေးဆက်သွယ်ပါ။