နှလုံးခွဲစိတ်ကုဆရာဝန်က နိုးလော့! မဂ္ဂဇင်းအားချီးကျူးစကားဆို
၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်း၌ “နှလုံးရပ်တန့်ခြင်း ဘာပြုလုပ်ပေးနိုင်မည်နည်း” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတွဲတစ်ခုပါရှိသည်။ ဂျာမနီမှ အရေးပါဆုံးနှလုံးအစားထိုးကုခွဲစိတ်ဆရာဝန်တစ်ဦးလည်းဖြစ်၊ ရင်ခေါင်းပိုင်းနှင့်နှလုံးဆိုင်ရာဌာန၏နာယကလည်းဖြစ်သူ ပါမောက္ခသောမတ်စ် စတက်ဂ်ျမန်းသည် အဆိုပါဆောင်းပါးများကိုဖတ်ရှုပြီးနောက် ထုတ်ဝေသူတို့ထံ အောက်ပါအတိုင်းရေးသားခဲ့၏–
“နှလုံးရောဂါအကြောင်း၊ အထူးသဖြင့် နှလုံးရပ်တန့်ခြင်းများနှင့်ပတ်သက်သည့်အကြောင်းကို စိတ်ဝင်စားစွာဖြင့် ကျွန်တော်ဖတ်မိပါသည်။ ဤနယ်ပယ်တွင် ကျွမ်းကျင်သူတစ်ဦးဖြစ်သော ကျွန်တော်သည် နှလုံးရပ်တန့်ခြင်းနှင့်ပတ်သက်သော သင်တို့၏ရှင်းပြချက်နှင့် အဆိုပါအကြောင်းနှင့်ပတ်သက်သည့်အချက်အလက်များမှာ အလွန်ကောင်းကြောင်း ထုတ်မပြောဘဲမနေနိုင်လောက်အောင်ဖြစ်ရသည်—တစ်ဖက်က နှလုံးရောဂါဝေဒနာသည်တစ်ဦးချင်းကို များစွာနားလည်ပေးကြရန်နှင့် အခြားတစ်ဖက်တွင် ဆေးဘက်ဆိုင်ရာအချက်အလက်များ၏ မှန်ကန်သောမှတ်တမ်းတစ်ခုကို ဖော်ပြပေးထားသည်။ ရှင်းပြချက်တို့သည် ခြုံငုံ၍မြင်စေပြီး အချက်အလက်သည် ကျိုးကြောင်းခိုင်လုံသည်။ နှလုံးရပ်တန့်ခြင်းလက္ခဏာများကို စောစောစီးစီးသတိပြုမိသည်နှင့် အထူးအရေးတကြီးသဘောထားစေခြင်းသည်လည်း အရေးကြီးလှသည်။
“ဆေးသိပ္ပံနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ စုပေါင်းအားထုတ်မှုရှိလင့်ကစား သွေးလွှတ်ကြောငယ် မာကျစ်ရောဂါ—နှင့် အထူးသဖြင့် နှလုံးရပ်တန့်ခြင်း—သည် အနောက်နိုင်ငံများ၌ သေဆုံးမှုအများဆုံးဖြစ်စေသော အကြောင်းရင်းဖြစ်သည်။ နှလုံးပတ်သွေးလွှတ်ကြော မာကျစ်ရောဂါ (မာကျစ်ခြင်း၊ ကျဉ်းမြောင်းခြင်း၊ သွေးကြောပိတ်ဆို့ခြင်း) ၏အရေးပါသောပြောင်းလဲမှုများကို နေ့စဉ်ကိုင်တွယ်ဖြေရှင်းပေးနေရပြီး နှလုံးခွဲစိတ်ကုသခြင်းဆိုင်ရာ နည်းမျိုးစုံအားဖြင့် ဤရောဂါများကို ကုသပေးနေရသည့် နှလုံးခွဲစိတ်ကုဆရာဝန်တစ်ဦးအနေဖြင့် လူထု—နှင့် ဝေဒနာရှင်ဖြစ်လာဖို့ အလားအလာရှိသူတို့—အတွက် ခြေမြစ်ခိုင်လုံပြီး တိကျသောရှင်းပြချက်မှာ မည်မျှအရေးပါလှကြောင်း ကျွန်တော်သိပါ၏။
“ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်၏တင်ဆက်မှုအပေါ် လှိုက်လှိုက်လှဲလှဲချီးကျူးပြောဆိုခွင့် ကျွန်တော့်အားပေးပါ—တစ်ကြိမ်တည်း၌လည်း သင်၏ဆောင်းပါးသည် များစွာသောလူတို့အား အကောင်းဆုံးအကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု မျှော်လင့်နေပါသည်။”
နိုးလော့! မဂ္ဂဇင်းကို သင်လစဉ်ပုံမှန်ဖတ်ရှုလိုလျှင် သို့မဟုတ် အိမ်တွင်းအခမဲ့ကျမ်းစာသင်အံမှုကို လာရောက်ကျင်းပစေလိုလျှင် စာမျက်နှာ ၅ တွင်ဖော်ပြထားသော သင့်လျော်သည့်လိပ်စာအတိုင်း ကင်းမျှော်စင်အသင်းသို့ စာရေးဆက်သွယ်ပါ။