ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၂ ၄/၈ စာ. ၂၃
  • လွင်တီးခေါင်ဒေသကို ဖြစ်ထွန်းစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လွင်တီးခေါင်ဒေသကို ဖြစ်ထွန်းစေခြင်း
  • နိုးလော့!—၂၀၀၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၅
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၀၄
  • ကမ္ဘာချီ ရေရှားပါးမှု ပြဿနာအကြောင်း ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အသက်ရေ ရှာပုံတော်
    နိုးလော့!—၂၀၀၂
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၂
န၀၂ ၄/၈ စာ. ၂၃

လွင်တီးခေါင်ဒေသကို ဖြစ်ထွန်းစေခြင်း

အိန္ဒိယမှ နိုးလော့! စာရေးသူပေးပို့သည်

အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းခရိုင်တစ်ခုဖြစ်သော လွင်တီးခေါင် လက်ဒါကာဒေသကို ပို၍ဖြစ်ထွန်းသောနယ်မြေဖြစ်အောင် မည်သို့ ပြုလုပ်မည်နည်း။ ထိုမေးခွန်းသည် အငြိမ်းစားမြို့ပြအင်ဂျင်နီယာ တက်စ်ဝမ် နော်ဖဲလ်၏စိတ်ထဲတွင် ရှိနေခဲ့သောမေးခွန်းဖြစ်သည်။ ဟိမဝန္တာတောင်များပေါ်ရှိ သဘာဝရေခဲမြစ်များသည် မိုးနည်း၍ လယ်သမားများ မိမိတို့လယ်မြေများကို ရေသွင်းဖို့လိုသည့်အချိန် ဧပြီလတွင် မစီးဆင်းဘဲ ဇွန်လကျမှ စတင်အရည်ပျော်စီးဆင်းသည်။ နော်ဖဲလ်သည် ကျွမ်းကျင်လိမ္မာသောဖြေရှင်းချက်တစ်ခုကို ပြုလုပ်ခဲ့သည်– နှစ်၏အစောပိုင်းအချိန်တွင် ရေခဲစတင်အရည်ပျော်မည့် နိမ့်သောတောင်များတွင် ရေခဲမြစ်အတုကို တည်ဆောက်ခြင်းဖြစ်သည်။

အိန္ဒိယသတင်းဆိုင်ရာ သည်ဝိခ်မဂ္ဂဇင်းအရ နော်ဖဲလ်နှင့်သူ၏အဖွဲ့သားများသည် တောင်ကျချောင်းတစ်ခုကို ရေလွှဲပေါက် ၇၀ ပါရှိပြီးပေ ၇၀၀ ရှည်သောလူတို့ဆောက်လုပ်သည့် မြောင်းတစ်ခုသို့ ရေလွှဲဖို့လုပ်ဆောင်ခဲ့ကြသည်။ ရေများသည် ထိုမှတစ်ဆင့် တောင်၏ဆင်ခြေလျှောပုံစံက ထိန်းချုပ်သည့်နှုန်းအတိုင်း ဖြည်းဖြည်းစီးဆင်းသွားကာ တောင်ဆင်ခြေလျှောအနိမ့်ပိုင်းတွင် တည်ဆောက်ထားသည့် ရေကာတာသို့မရောက်မီ ရေခဲသွားသည်။ တဖြည်းဖြည်း ရေခဲမြစ်ပုံစံဖြစ်လာပြီး နောက်ဆုံးတွင် ရေကာတာကိုဖုံးလွှမ်းသွားမည်။ တောင်ရိပ်အောက်တွင်ရှိနေပြီး ရေခဲမြစ်သည် ဧပြီလအပူချိန်မြင့်တက်လာချိန်၌သာ အရည်ပျော်မည်ဖြစ်ပြီး ထိုအချိန်တွင် အလွန်လိုအပ်နေသောရေများကို ရမည်ဖြစ်သည်။

ရေခဲမြစ်အတုတစ်ခုတည်ဆောက်ရေးအကြံအစည်သည် အောင်မြင်ခဲ့ပါသလော။ နော်ဖဲလ်၏အကြံအစည်သည် အလွန်လက်တွေ့ကျလွန်းသဖြင့် လက်ဒါကာတွင် ထိုကဲ့သို့သောရေခဲမြစ်ဆယ်ခုကို တည်ဆောက်ပြီးဖြစ်ကာ ထပ်မံဆောက်လုပ်ရန် အစီအစဉ်များရှိသည်။ ထိုကဲ့သို့သောရေခဲမြစ်တစ်ခုကို ပေ ၄,၅၀၀ မြင့်သောတောင်တစ်ခုတွင် တည်ဆောက်ခဲ့ပြီး ရေဂါလံကိုးသန်းခန့် ရရှိစေသည်။ အကုန်အကျ မည်မျှရှိသနည်း။ “ရေခဲမြစ်တစ်ခုကိုတည်ဆောက်ရာတွင် နှစ်လနီးပါးကြာပြီး ရူပီးငွေ ၈၀,၀၀၀ [ဒေါ်လာ ၁,၈၆၉] ကုန်ကျကာ အကုန်အကျအများစုသည် အလုပ်သမားခဖြစ်သည်” ဟုသည်ဝိခ်မဂ္ဂဇင်းကဆို၏။

လူသား၏ကြံဆတီထွင်မှုသည် နည်းမှန်လမ်းကျညွှန်ကြားပြုလုပ်သည့်အခါ အမှန်ပင် အကျိုးဖြစ်ထွန်းနိုင်သည်။ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်၏ ညွှန်ကြားမှုအောက်တွင် လူသားများသည် အဘယ်ပြီးမြောက်အောင်မြင်မှုများ လုပ်ဆောင်နိုင်မည်ကို စဉ်းစားကြည့်ပါလေ! သမ္မာကျမ်းစာ၌ ဤသို့ကတိပြုထား၏– “တောနှင့်လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသောအရပ်သည်လည်း ရွှင်လန်း၍ နှင်းပွင့်ကဲ့သို့ အပွင့်ပွင့်လိမ့်မည်။ . . . တော၌စမ်းရေထွက်၍ လွင်ပြင်၌မြစ်ရေစီးလိမ့်မည်။” (ဟေရှာယ ၃၅:၁၊ ၆) ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးကို အလှဆင်ပေးခြင်းတွင် ပါဝင်ရမည်ဖြစ်၍ အထူးနှစ်မြို့စရာပင်!

[Picture Credit Lines on page 23]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

Arvind Jain, The Week Magazine

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ