ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၄/၈ စာ. ၁၂
  • ခေတ်သစ် ရှမာရိ လူကောင်းတစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခေတ်သစ် ရှမာရိ လူကောင်းတစ်ဦး
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ကောင်းသော ရှမာရိလူ” ဆိုတာ ဘာကို ဆိုလိုသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အိမ်နီးချင်းကောင်းတစ်ဦးဖြစ်ကြောင်း ရှမာရိတစ်ဦး သက်သေထူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ကြင်နာတတ်ဖို့ သင်ခန်းစာ
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၄/၈ စာ. ၁၂

ခေတ်သစ် ရှမာရိ လူကောင်းတစ်ဦး

မက္ကဆီကိုနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ရှမာရိလူကောင်းဟု ခေါ်လေ့ရှိသည့် လူသားချင်းမေတ္တာရှိသူတစ်ဦးအကြောင်း ကျမ်းစာပုံပြင်ကို ကျွန်ုပ်တို့အများစု ကြားဖူးကြသည်။ (လုကာ ၁၀:၂၉-၃၇) ဤပုံပမာတွင် အကူအညီလိုနေသူ လူသားချင်းအပေါ်ပြသခဲ့သော ရှမာရိအမျိုးသားတစ်ဦး၏ ထူးကဲသည့်မေတ္တာကို ယေရှုခရစ် ဖော်ပြခဲ့၏။ ယနေ့ကော ထိုရှမာရိလူကောင်းနှင့်တူသည့် ပုဂ္ဂိုလ်များရှိသလော။ မက္ကဆီကိုနိုင်ငံမှ အောက်ပါအဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။

ဘေတူအဲလ်တို့မိသားစုသည် ခရီးသွားရာမှအပြန်၊ အိမ်နှင့် မိုင်အနည်းငယ်ဝေးသော လမ်းမပေါ်တွင် ယာဉ်တိုက်မှုကြီးတစ်ခုဖြစ်သည်ကို တွေ့လိုက်ရသည့်အတွက် အကူအညီပေးရန် သူတို့ရပ်တန့်လိုက်သည်။ မတော်တဆမှုတွင်ပါဝင်သည့် ဆရာဝန်ဖြစ်သူ ယာဉ်မောင်းတစ်ဦးက သူ၏ကိုယ်ဝန်ဆောင်ဇနီးနှင့် သမီးငယ်နှစ်ဦးကို အနီးဆုံးဆေးရုံသို့ ပို့ပေးရန် တောင်းဆိုခဲ့သည်။ ဆေးရုံသို့ ပို့ပေးပြီးနောက်၊ နောက်ထပ်အကူအညီပေးရန် ယာဉ်တိုက်မှုဖြစ်ရာသို့ ဘေတူအဲလ် ပြန်လာခဲ့သည်။

ဘေတူအဲလ်က ဤသို့ပြန်ပြောပြ၏– “ဖယ်ဒရယ်လမ်းမကြီး ကင်းလှည့်အဖွဲ့ရောက်လာပြီး လူသေမှုဖြစ်ခဲ့တဲ့အတွက် စစ်ဆေးမေးမြန်းဖို့ ဆရာဝန်ကို ထိန်းသိမ်းထားလိုက်ကြတယ်။ ဆရာဝန်က ဘာကြောင့် သူ့ကိုကူညီရသလဲလို့ မေးတော့ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်တဲ့အကြောင်း၊ ကိုယ်နဲ့စပ်ဆိုင်သူတွေကို ချစ်သင့်တယ်ဆိုတာ ကျမ်းစာကနေ သိရှိထားတဲ့အကြောင်း ရှင်းပြခဲ့တယ်။ သူ့ဇနီးနဲ့ ကလေးတွေအတွက် မစိုးရိမ်ဖို့၊ ကျွန်တော်တို့ တာဝန်ယူကြည့်ရှုပေးမယ်လို့ ပြောပြတော့ ကျေးဇူးတင်လွန်းလို့ မျက်ရည်ကျလာပြီး သူ့ရဲ့အဖိုးတန်ပစ္စည်းတွေကို သိမ်းထားပေးဖို့ အပ်ခဲ့တယ်။”

ဘေတူအဲလ်တို့မိသားစုသည် ဆရာဝန်၏မိသားစုကို အိမ်သို့ခေါ်လာပြီး ရက်အတန်ကြာ တာဝန်ယူကြည့်ရှုပေးခဲ့သည်။ ဘေတူအဲလ်သည် သူတို့နှင့် ကျမ်းစာသင်အံမှုစတင်ရန် အခွင့်အရေးရခဲ့သည်။ ဆရာဝန်သည် အချုပ်ခံရာမှ ပြန်လွတ်လာသည့်အခါ ယေဟောဝါသက်သေများအား ကျေးဇူးတင်လေးစားကြောင်း ပြောခဲ့၏။ သူ၏ဇာတိမြို့သို့ ပြန်ရောက်လျှင် ကျမ်းစာဆက်လေ့လာမည်ဟု ကတိပေးပြီး ဇနီးဖြစ်သူ သားယောက်ျားလေးမွေးခဲ့လျှင် ဘေတူအဲလ်ဟု နာမည်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ဘေတူအဲလ် ဤသို့ဆက်ပြော၏– “နှစ်နှစ်ကြာပြီး အခုအချိန်မှာ သူတို့ဆီ သွားရောက်လည်ပတ်ဖို့ အခွင့်အရေးရခဲ့တယ်။ သူတို့ ကျမ်းစာလေ့လာနေကြပြီး သူတို့ရဲ့သားလေးကို ဘေတူအဲလ်လို့ နာမည်ပေးထားတော့ ကျွန်တော်အံ့သြသွားတယ်!”

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဘေတူအဲလ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ