ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၂/၀၆ စာ. ၁၇
  • ရွေးလေလေ ကျေနပ်မှုမရလေလေလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွေးလေလေ ကျေနပ်မှုမရလေလေလော
  • နိုးလော့!—၂၀၀၆
နိုးလော့!—၂၀၀၆
န ၂/၀၆ စာ. ၁၇

ရွေးလေလေ ကျေနပ်မှုမရလေလေလော

ယနေ့ အမေရိကန်နိုင်ငံရှိ လူတို့သည် “ဘဝကဏ္ဍအသီးသီးတွင် ယခင်ကထက် ရွေးချယ်စရာပိုများလာ” ကြောင်း ဆိုင်းယင်းတစ်ဖစ် အမေရိကန် မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်က ဖော်ပြထားသည်။ ၎င်းသည် ကုန်စည်ရွေးချယ်မှုများ၊ ဝန်ဆောင်မှုများ၊ အလုပ်အကိုင်နှင့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုများနှင့်ပတ်သက်လာလျှင် မှန်ကန်လှသည်။ ရွေးချယ်ခွင့်ပိုရလေ ဘဝတွင် ပို၍ကျေနပ်ဖွယ်ကောင်းလေဟု မျှော်လင့်ခြင်းသည် ယုတ္တိရှိပုံပေါက်ပေမည်။ သို့သော်၊ အံ့ဩစရာမှာ ထိုသို့ပြုခြင်းက စိတ်ဆင်းရဲခြင်းကိုသာ ဖြစ်စေလေ့ရှိသည်။ မည်သို့အားဖြင့်နည်း။

ရွေးချယ်မှုများနှင့်ပတ်သက်သော သဘောထားက ပျော်ရွှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု ဆောင်းပါးကဖော်ပြခဲ့သည်။ ဥပမာ၊ လူတချို့သည် တံဆိပ်အမျိုးအမည်များကို ဂရုတစိုက်ဖတ်ရှုပြီး ပစ္စည်းအသစ်အဆန်းများကို ကြည့်ရှုစစ်ဆေးကာ သူတို့ဝယ်ယူသောပစ္စည်းကို အခြားသူတို့ဝယ်ယူသောပစ္စည်းနှင့် နှိုင်းယှဉ်ကြခြင်းအားဖြင့် ကုန်ပစ္စည်းများကို အကောင်းဆုံးရွေးချယ်နိုင်ရန် ကြိုးစားအားထုတ်ပြီး အချိန်များစွာပေးခဲ့ကြသည်။ အခြားသုံးစွဲသူများမှာမူ ပိုကောင်းသောရွေးချယ်စရာများ ရှိနေသည့်တိုင် “ကျေနပ်တတ်” ဖို့ရည်ရွယ်ချက်ထားကြသည်။ ထိုသို့သောသူတို့သည် သူတို့လိုအင်ကိုဖြည့်ဆည်းပေးသော ပစ္စည်းတစ်ခုကို ရှာတွေ့သွားသောအခါ ဆက်မကြည့်ကြတော့ချေ။

အမြဲတမ်း အကောင်းဆုံးကိုသာ လိုချင်သူတို့အတွက်မှာမူ ရွေးချယ်စရာများလေ ဆုံးဖြတ်ချက်ချရန် ပိုခက်ခဲလေဖြစ်သည်။ ထို့နောက် ရွေးချယ်မှုတစ်ခုပြုလုပ်သောအခါ “သူတို့သည် အခြားရွေးစရာများကို စစ်ဆေးကြည့်ရှုဖို့ အချိန်မရရှိခဲ့ဘဲ ရွေးချယ်လိုက်ရသောကြောင့် စိုးရိမ်ခဲ့ကြသည်” ဟု ဆိုင်းယင်းတစ်ဖစ် အမေရိကန် ကဆိုသည်။ အဆုံးတွင် ထိုသို့သောသူတို့သည် “ဘဝတွင် ကျေနပ်မှုပို၍လျော့နည်းလာပြီး ပို၍ပျော်ရွှင်မှုမရှိ၊ ပို၍အကောင်းမမြင်နိုင်၊ ပို၍စိတ်ဆင်းရဲရကြောင်း တွေ့ ကြုံခံစားကြသည်။” ယင်းမှ မည်သည့်အရာကို ကျွန်ုပ်တို့ကောက်ချက်ချနိုင်သနည်း။ “အလျှံပယ်ရွေးစရာများက အနည်းဆုံးတော့ မျက်မှောက်ခေတ်လူ့အဖွဲ့အစည်းတွင် ပျော်ရွှင်မှုမဲ့သောကပ်ဘေးကို ပျံ့နှံ့စေကြောင်း ယုံကြည်ရန် အကြောင်းကောင်းရှိသည်” ဟုဆောင်းပါးက ဖော်ပြသည်။

သို့ရာတွင် သုတေသီများက ရွေးချယ်မှုနှင့်ပတ်သက်သော ဖိအားကို လျော့ပါးစေနိုင်ကြောင်း သတိပြုမိခဲ့ကြသည်။ မည်သို့အားဖြင့်နည်း။

● ဆုံးဖြတ်ချက်သည် အထူးတလည်အရေးမကြီးလျှင် ကျွန်ုပ်တို့၏ရွေးချယ်မှုများကို ကန့်သတ်ထားရန် ဆုံးဖြတ်နိုင်သည်။ ဥပမာ၊ အဝတ်အစားဝယ်ဖို့ ဈေးသွားသောအခါ ဆိုင်နှစ်ဆိုင်ထက်ပိုမသွားဖို့ စည်းမျဉ်းချထားပါ။

● ရှာရခက်သော ‘အကောင်းဆုံး’ ကို ရှာဖွေနေမည့်အစား သင့်အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီသည့်အရာတစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် ယင်းအကြောင်းနှင့်ပတ်သက်၍ ဆက်မစဉ်းစားတော့နှင့်။

● သင်ပယ်လိုက်သည့်အရာ၏ နှစ်သက်ဖွယ်ရှိရာများကို တော်ရုံသာစဉ်းစားပါ။ သင်ရွေးချယ်လိုက်သောအရာ၏ အားသာချက်များအပေါ် အာရုံစိုက်ရန် ကိုယ့်ကိုယ်ကိုဆုံးမပါ။

●“များစွာမမျှော်လင့်ပါက များစွာစိတ်မပျက်ရ” ဟူသည် အပ်ကြောင်းထပ်နေသောစကားဖြစ်သည်။ သို့သော် ဘဝတွင် ပို၍ကျေနပ်ရောင့်ရဲမှုရှိလိုလျှင် ထိုအကြံပေးချက်ကို ထည့်စဉ်းစားသင့်သည်။

[Credit Line on page 17]

Source: Scientific American

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ