ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၀၇ စာ. ၁၆
  • ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော
  • နိုးလော့!—၂၀၀၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပုံပျက်နေသောခရစ်ယာန်ဘာသာ
  • ယေရှု အမှန်တကယ် သွန်သင်ခဲ့ရာမှာ အဘယ်နည်း
  • ယနေ့ စစ်မှန်သောခရစ်ယာန်ဘာသာ
  • ခရစ်ယာန်ဂိုဏ်းတွေ ဘာကြောင့် ဒီလောက်တောင်များနေရတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခရစ်ယာန်စစ်များကား မည်သူတို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခရစ်ယာန်ဟူသည် အဘယ်အရာကို ဆိုလိုသနည်း
    နိုးလော့!—၂၀၀၇
  • စစ်မှန်သောဘာသာကို သင်မည်သို့တွေ့ ရှိနိုင်မည်နည်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၁/၀၇ စာ. ၁၆

သမ္မာကျမ်းစာရှုထောင့်

ခရစ်ယာန်ဘာသာ ကျရှုံးနေပြီလော

ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံခန့်သည် မိမိတို့ကိုယ်ကို ခရစ်ယာန်များဟု ပြောဆိုကြ၏။ သို့ရာတွင် ကမ္ဘာကြီးသည် ယခင်ကထက် နိုင်ငံရေးအရ ပို၍ကွဲပြားလာပြီး ပို၍ကြမ်းတမ်းရမ်းကားလာပုံပေါက်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ယေရှုလမ်းညွှန်ပြသခဲ့သော ခရစ်ယာန်ဘာသာသည် တစ်နည်းနည်းဖြင့် ချွတ်ယွင်းနေသည်ဟူသောအဓိပ္ပာယ်လော။ သို့မဟုတ် ခရစ်တော်၏သွန်သင်ချက်များကို လူအများကျင့်သုံးပုံက မှားယွင်းနေခြင်းလော။

ဤဆောင်းပါးတွင် ခရစ်တော်အမှန်တကယ် သွန်သင်ပေးခဲ့ရာနှင့် နောက်လိုက်များအတွက် ကိုယ်တော်ချမှတ်ခဲ့သော ပုံသက်သေကို ဆန်းစစ်ပါမည်။ ခရစ်ယာန်ဘာသာ၏အဓိပ္ပာယ်အစစ်အမှန်နှင့် ကွဲလွဲနေသော အမည်ခံခရစ်ယာန်များကြား ပျံ့နှံ့နေသည့်အယူအဆတစ်ခုကိုလည်း သုံးသပ်သွားပါမည်။

ပုံပျက်နေသောခရစ်ယာန်ဘာသာ

ခရစ်တော်သေဆုံးပြီး အနှစ်လေးရာခန့်တွင် ပုံပျက်နေသောခရစ်ယာန်ဘာသာသည် ရောမအင်ပါယာတစ်ခွင်၌ နှစ်သက်ဖွယ်ဘာသာတရားတစ်ခု ဖြစ်လာသည်။ များမကြာမီ ဤအမည်ခံခရစ်ယာန်အဖွဲ့ဝင်များသည် လက်မခံသင့်သူများမဟုတ်တော့ဘဲ ရောမလူ့အဖွဲ့အစည်း၏ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်တွင် အဓိကနေရာမှ ပါဝင်လာကြသည်။ ဩဂတ်စ္စတင်းကဲ့သို့သော ချာ့ချ်ခေါင်းဆောင်များသည် ဤအပြောင်းအလဲကို လက်ခံကာ မျှော်လင့်နေသော ဘုရားသခင့်နိုင်ငံတော် ယခုရောက်လာပြီဟု သွန်သင်ခဲ့ကြသည်။ ဤခေါင်းဆောင်များက သူတို့ရရှိထားသည့် နိုင်ငံရေးနှင့် ဘာသာရေးတန်ခိုးသြဇာအသစ်သည် မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေမည့်နည်းလမ်းဖြစ်သည်ဟု သွန်သင်ခဲ့ကြ၏။ သို့ဖြင့် မြေကြီး၏အရေးကိစ္စများကို လမ်းညွှန်ရာတွင် လူ့ကြိုးပမ်းမှုအရေးပါပုံကို အလေးပေးခဲ့ကြသည်။

ရလဒ်အနေနှင့် လူအများစုက ခရစ်ယာန်တစ်ဦးသည် နိုင်ငံရေးအဖွဲ့အစည်းတွင် ကဏ္ဍတစ်ရပ်မှပါဝင်ရသည်ဟု ယုံကြည်လာကြ၏။ ယင်းသို့ဖြင့် ခရစ်ယာန်တစ်ဦးသည် သူရှင်သန်ရာ လူ့အဖွဲ့အစည်း၏ဆန္ဒအတိုင်းဖြစ်ဖို့ တစ်ချိန်ချိန်တွင် မိမိ၏ဘာသာရေးယုံကြည်ချက်အချို့ကို ဒုတိယနေရာတွင်ထားရမည်ဟု အများစုက ယုံကြည်လာကြသည်။ ဥပမာ၊ လူအချို့သည် ခရစ်တော်၏သွန်သင်ချက်ဖြစ်သော ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်းအကြောင်းပြောဆို၍ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်စစ်ပွဲများကို အားပေးထောက်ခံကြသည်။ ထိုနည်းအတိုင်းပင် ချာ့ချ်များသည် မိမိတို့၏ နောက်လိုက်များအား ဘုရားသခင့်နိုင်ငံတော်အတွက် ဆုတောင်းရန်အားပေးကာ တစ်ချိန်တည်းတွင် ဖိနှိပ်ချုပ်ချယ်သော အုပ်စိုးရှင်များကို ထောက်ခံကြသည်။

ယေရှုသည် ဤသို့သော အတုအယောင်ခရစ်ယာန်ဘာသာကို တည်ထောင်ခဲ့ခြင်း မဟုတ်ချေ။ ယင်းသည် လူတို့ဖန်တီးသော ဘာသာရေးပုံစံတစ်မျိုးဖြစ်ပြီး ယနေ့အမည်ခံခရစ်ယာန်အများစုက ယင်းလမ်းစဉ်အတိုင်း လိုက်လျှောက်ကြသည်။ ယနေ့ခရစ်ယာန်ဘောင်အားလုံးတွင် ကျမ်းစာမူများကို အလေးမထားသည့်သဘောထား ပျံ့နှံ့နေခြင်းက လူတို့ဖန်တီးထားသော ယင်းခရစ်ယာန်ဘာသာ အမှန်ပင်ကျရှုံးနေကြောင်းဖော်ပြသည့် သာဓကဖြစ်သည်။

ယေရှု အမှန်တကယ် သွန်သင်ခဲ့ရာမှာ အဘယ်နည်း

ယေရှုသည် “ဤလောကနှင့်မဆက်ဆံသကဲ့သို့” ကိုယ်တော်၏နောက်လိုက်များလည်း လောကနှင့် “မဆက်ဆံ” သင့်ဟု ယေရှုအမှန်တကယ်မိန့်မှာခဲ့ကြောင်း သိရသည့်အတွက် အချို့က အံ့သြကြပေမည်။ (ယောဟန် ၁၇:၁၅၊ ၁၆) ခရစ်တော်သည် အဘယ်ကြောင့် တပည့်များကို ထိုသို့အားပေးခဲ့သနည်း။ ယေရှုချစ်မြတ်နိုးသော တပည့်ဖြစ်သည့် တမန်တော်ဟောဟန်က အဖြေပေးခဲ့သည်။ သူက ‘ကမ္ဘာလောကတစ်ခုလုံးသည် စာတန်တန်ခိုး လွှမ်းမိုးလျက်ရှိနေသောကြောင့်’ ဟုရေးခဲ့သည်။—၁ ယောဟန် ၅:၁၉၊ ခမ။

ထို့ကြောင့် ခရစ်တော်၏သွန်သင်ချက်များက ဤမြေကြီးပေါ်တွင် ဖြောင့်မတ်မျှတသည့်ကမ္ဘာကို ဆောင်ကြဉ်းပေးမည့်အရာမှာ လူ့အဖွဲ့အစည်းများမဟုတ်ဘဲ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သာဖြစ်ကြောင်း လူတို့အား ညွှန်ပြခဲ့သည်။ (မဿဲ ၆:၁၀) ယေရှုကိုယ်တော်တိုင်လည်း သူ့ခေတ်ရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ပတ်သက်လိုစိတ် စိုးစဉ်းမျှမရှိခဲ့ချေ။ နိုင်ငံရေးရာထူးရာခံကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သည်။ (ယောဟန် ၆:၁၅) ကိုယ်တော်သည် အကြမ်းဖက်မှုကို အငြင်းပွားမှုများ ဖြေရှင်းသည့်နည်းအဖြစ် လက်မခံခဲ့ချေ။ (မဿဲ ၂၆:၅၀-၅၃; ယောဟန် ၁၈:၃၆) ယေရှုသည် မည်သည့်အခြေခံဥပဒေ၊ မည်သည့် နိုင်ငံသားအခွင့်အရေးဆိုင်ရာဥပဒေကိုမျှ မပြဋ္ဌာန်းခဲ့ချေ။ သူ့ခေတ်အခါက အရေးကိစ္စများကို နိုင်ငံရေးအရမဖြေရှင်းခဲ့ချေ။ ဥပမာ၊ လှုပ်ရှားပြောင်းလဲရေးဝါဒီတစ်ဦးအဖြစ် ကျွန်များအခွင့်အရေးရရန် မလုပ်ဆောင်ခဲ့ချေ၊ ဂျူးများ၏ ရောမဆန့်ကျင်ရေးလှုပ်ရှားမှုတွင်လည်း မပါဝင်ခဲ့ချေ။

သို့သော်၊ ယေရှုသည် လူတို့နှင့် သူတို့၏ပြဿနာများကို အရေးမစိုက်ဟုမဆိုလိုပါ။ ယေရှုသည် လူသားချင်းအကျိုးအတွက် လူတစ်ဦးစီ လုပ်ဆောင်ရမည့်တာဝန်အကြောင်း များစွာသင်ကြားပေးခဲ့သည်။ ကိုယ်တော်သည် အခွန်များကို မှန်မှန်ကန်ကန်ပေးဆောင်ရန် အားပေးတိုက်တွန်းခဲ့ပြီး အာဏာပိုင်များ၏ဥပဒေကို လက်အောက်ခံရန်လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။ (မဿဲ ၂၂:၁၇-၂၁) လိုအပ်သူများ၏အကျိုးအတွက် မည်သို့စိတ်ဝင်စားမှုပြရမည်ကို သင်ကြားပေးခဲ့သည်။ ထို့ပြင် အခြားသူများ၏ဂုဏ်သိက္ခာကို မည်သို့လေးစားရမည်၊ ကိုယ်ချင်းစာနာမှု၊ ခွင့်လွှတ်မှု၊ သနားကြင်နာမှု မည်သို့ပြရမည်တို့ကိုလည်း သွန်သင်ပေးခဲ့သည်။ (မဿဲ အခန်းကြီး ၅-၇) ခရစ်တော်သွန်သင်ချက်၏ အဓိကအာရုံစိုက်ရာမှာ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သည့်မေတ္တာဖြစ်ခြင်းကြောင့် ထင်ရှားကျော်ကြားခဲ့သည်။—မာကု ၁၂:၃၀၊ ၃၁။

ယနေ့ စစ်မှန်သောခရစ်ယာန်ဘာသာ

သို့ဖြစ်လျှင် ခရစ်တော်၏ စစ်မှန်သောနောက်လိုက်တစ်ဦးသည် မည်သို့ နေထိုင်ကျင့်ကြံမည်နည်း။ ယေရှုကဲ့သို့ နေထိုင်ကျင့်ကြံမည်ဖြစ်သည်။ တိုင်းပြည်၏ ဥပဒေများကို သစ္စာရှိရှိနာခံစဉ် နိုင်ငံရေးကိစ္စများတွင် လုံးလုံးကြားနေမည်ဖြစ်သည်။ (ယောဟန် ၁၂:၄၇၊ ၄၈) အကြီးအကျယ်ဖိနှိပ်မှုများ ခံရသော်လည်း ခရစ်ယာန်မူများနှင့်ပတ်သက်လာလျှင် အလျှော့ပေးမည်မဟုတ်ချေ။ (၁ ပေတရု ၂:၂၁-၂၃) တစ်ချိန်တည်းတွင် လူသားချင်းတို့၏အကျိုးစီးပွားကို ဥပေက္ခာပြုမည်မဟုတ်ချေ။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ယေရှုကဲ့သို့ ပတ်ဝန်းကျင်ရှိ လူတို့၏အကျိုးအတွက် စိတ်ဝင်တစားလုပ်ဆောင်မည်။ (မာကု ၆:၃၄) ခရစ်တော်၏သွန်သင်ချက်များကို နားလည်သဘောပေါက်ပြီး ယင်းနှင့်အညီ အသက်ရှင်နေထိုင်ခြင်းဖြင့် ပို၍ပျော်ရွှင်သောအသက်တာရရှိရန် အခြားသူများအား ကူညီပေးရာတွင်လည်း မိမိကိုယ်ကို အသုံးတော်ခံမည်ဖြစ်သည်။—ယောဟန် ၁၃:၁၇။

ယင်းကြောင့် ယနေ့ယေဟောဝါသက်သေများသည် သူတို့၏ပတ်ဝန်းကျင်လောကနှင့်ဆက်ဆံရာတွင် ခရစ်တော်ကို ကြိုးစားတုပကြသည်။ လောကနှင့်မဆက်ဆံသော်လည်း ငြိမ်ဝပ်၍ ဥပဒေနာခံသည့် နိုင်ငံသားများဖြစ်ကြသည်။ ယနေ့ခေတ်မြင်တွေ့နေကျ ကြမ်းတမ်းရမ်းကားမှုနှင့် နိုင်ငံရေးပဋိပက္ခများတွင် ယေရှုနည်းတူ မပါဝင်ကြချေ။ လောကပြဿနာများကို ဖြေရှင်းပေးမည့်အရာအဖြစ် ဘုရားသခင့်နိုင်ငံတော်ကိုသာ စိတ်အားထက်သန်စွာ မျှော်လင့်ကြသည်။ စစ်မှန်သောခရစ်ယာန်ဘာသာသည် ပို၍ပျော်ရွှင်သည့်အသက်တာရရှိစေပြီး အသင်းသားအချင်းချင်းကိုလည်း သင့်တင့်ညီညွတ်မှုရှိစေ၏။ (ယောဟန် ၁၃:၃၄၊ ၃၅) ယင်းသည် မည်သည့်အခါမျှ ကျရှုံးမည်မဟုတ်ချေ။

သင်စဉ်းစားဖူးသလော

◼ ခရစ်ယာန်များသည် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သင့်သလော။—ယောဟန် ၆:၁၅။

◼ အကြမ်းဖက်မှုကို အငြင်းပွားမှုများဖြေရှင်းနည်းအဖြစ် ခရစ်တော် ထောက်ခံခဲ့သလော။—မဿဲ ၂၆:၅၀-၅၃။

◼ စစ်မှန်သောခရစ်ယာန်များ၏ ထင်ရှားသည့်အမှတ်အသားကား အဘယ်နည်း။—ယောဟန် ၁၃:၃၄၊ ၃၅။

[Picture Credit Line on page 16]

EL COMERCIO, Quito, Ecuador

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ