ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၁၀ စာ. ၆-၇
  • မကြာခဏမေးတတ်သည့် မေးခွန်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မကြာခဏမေးတတ်သည့် မေးခွန်းများ
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သင်တို့က အမေရိကန်ဂိုဏ်းခွဲလား။
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၈/၁၀ စာ. ၆-၇

မကြာခဏမေးတတ်သည့် မေးခွန်းများ

ယေဟောဝါသက်သေတွေကို လူတချို့ ဘာကြောင့် မနှစ်သက်ကြသလဲ

လူအတော်များများက ယေဟောဝါသက်သေတွေ ဘာကို ယုံကြည်သလဲဆိုတာ တိကျမှန်ကန်စွာ မသိလို့သာလျှင် ဖြစ်ပါတယ်။ တချို့ကျတော့ သက်သေခံတွေရဲ့ သတင်းကောင်းဟောပြောခြင်း လုပ်ငန်းကို မနှစ်သက်ကြတဲ့အတွက် ဖြစ်နိုင်တယ်။ တကယ်တော့ သက်သေခံတွေဟာ အိမ်နီးနားချင်းတွေကို မေတ္တာရှိတဲ့အတွက် ဒီလုပ်ငန်းကို လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ “ယေဟောဝါဘုရား၏ နာမတော်ကို ခေါ်၍ဆုတောင်းသောသူတိုင်းသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” ဆိုတာကို သူတို့သိထားကြတယ်။—ရောမ ၁၀:၁၃။

ယေဟောဝါသက်သေတွေဟာ ပရိုတက်စတင့်တွေလား၊ ကျမ်းစာကို စာသားအတိုင်း အနက်ဖွင့်ဆိုသူတွေလား ဒါမှမဟုတ် ဂိုဏ်းဂဏခွဲတစ်ခုလား

ယေဟောဝါသက်သေတွေဟာ ခရစ်ယာန်တွေ ဖြစ်ကြတယ်၊ ဒါပေမဲ့ ပရိုတက်စတင့်တွေ မဟုတ်သလို ကက်သလစ်တွေလည်း မဟုတ်ကြပါ၊— သူတို့ရဲ့သွန်သင်ချက်တချို့ဟာ သမ္မာကျမ်းစာနဲ့ မကိုက်ညီကြောင်း သက်သေခံများ သိထားကြတယ်။ ဥပမာ၊ မေတ္တာရဲ့ အကောင်းဆုံးပြယုဂ်ဖြစ်တဲ့ ဘုရားသခင်က လူသားတွေကို မီးငရဲမှာ ထာဝရညှဉ်းဆဲနှိပ်စက်တယ်လို့ သမ္မာကျမ်းစာက မသွန်သင်ဘူး။ လူတွေမှာ မသေနိုင်တဲ့ ဝိညာဉ်ရှိတယ်လို့ မသွန်သင်ဘူး ဒါမှမဟုတ် ခရစ်ယာန်တွေဟာ နိုင်ငံရေးနဲ့ ရောယှက်သင့်တယ်လို့လည်း သမ္မာကျမ်းစာက မသွန်သင်ဘူး။—ယေဇကျေလ ၁၈:၄။ ယောဟန် ၁၅:၁၉။ ၁၇:၁၄။ ရောမ ၆:၂၃။a

“ကျမ်းစာကို စာသားအတိုင်း အဓိပ္ပာယ်ဖွင့်ဆိုသူတို့ (ရှိရင်းစွဲဝါဒီ) ရဲ့အယူဝါဒဟာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပရိုတက်စတင့် ဘာသာဝင်တို့ကြားမှာ တော်တော်ပျံ့နှံ့လာတယ်” လို့ ကမ္ဘာ့စွယ်စုံကျမ်းစာအုပ်က ဆိုထားတယ်။ တချို့သော ရှိရင်းစွဲဝါဒီ အဖွဲ့အစည်းတွေဟာ “ကျမ်းစာသားတွေကို စာသားအတိုင်း အဓိပ္ပာယ်ကောက်ပြီး လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ရာထူးတွေကို ခံယူခဲ့ကြတယ်။” ဒီဖော်ပြချက်က ယေဟောဝါသက်သေတွေနဲ့ မကိုက်ညီပါ။ ဖော်ပြခဲ့တဲ့အတိုင်း သူတို့ဟာ နိုင်ငံရေးနဲ့ ကင်းရှင်းပြီး နိုင်ငံရေး ဒါမှမဟုတ် တခြားနည်းတွေအားဖြင့် သူတို့ရဲ့အယူအဆတွေကို အခြားသူတွေ လက်ခံလာအောင် အတင်းအကျပ် ဖိအားပေးတာမျိုး မရှိပါ။ အဲဒီအစား သူတို့ဟာ အစောပိုင်းခရစ်ယာန်တွေကို တုပတဲ့အနေနဲ့ ကျိုးကြောင်းဆင်ခြင်မှုနဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို အသုံးပြုပြီး လူတွေနဲ့၊ များသောအားဖြင့် လူတစ်ဦးချင်းစီနဲ့ ပြောဆိုဆွေးနွေးကြတယ်။—တမန်တော် ၁၉:၈။

ဂိုဏ်းဂဏခွဲတစ်ခုဆိုတာ ဘာသာတရား အဖွဲ့တစ်ခုအတွင်းမှာရှိတဲ့ သဘောထားမတူတဲ့အုပ်စု တစ်ခု ဒါမှမဟုတ် ဘာသာအသစ်တစ်ခုဖွဲ့စည်းဖို့ ခွဲထွက်လာတဲ့အုပ်စုတစ်ခု ဖြစ်တယ်။ ယေဟောဝါသက်သေတွေက ဘယ်ချာ့ချ်ကမှ ခွဲထွက်လာတာ မဟုတ်ဘူး။ သူတို့သည် ဂိုဏ်းဂဏခွဲတစ်ခု မဟုတ်ပါ။

သက်သေခံတွေရဲ့ စည်းဝေးမှာ ဘာတွေလုပ်သလဲ

မည်သူမဆို တက်ရောက်နိုင်တဲ့ သူတို့ရဲ့စည်းဝေးတွေက ကျမ်းစာအကြောင်း အဓိကလေ့လာသင်ယူတဲ့နေရာဖြစ်ပြီး တစ်ခါတစ်ရံ ပရိသတ်တွေကို ပါဝင်စေလေ့ရှိတယ်။ ပတ်စဉ်စည်းဝေးတွေထဲကတစ်ခုဖြစ်တဲ့ သီအိုကရက်တစ်ဓမ္မအမှုကျောင်းဟာ အသင်းသားတွေကို သွန်သင်ခြင်း၊ ဖတ်ရှုခြင်းနဲ့ သုတေသနလုပ်ခြင်းတို့မှာ တိုးတက်အောင် အထောက်အကူပြုတယ်။ နောက်တစ်ခုက သက်သေခံမဟုတ်တဲ့သူတွေကို အထူးစိတ်ဝင်စားစေမယ့် အကြောင်းအရာတစ်ခုကို အခြေခံတဲ့ မိနစ် ၃၀ ကြာ ကျမ်းစာ ဟောပြောချက် ဖြစ်တယ်။ အဲဒီနောက် ပုံမှန်အားဖြင့် ကင်းမျှော်စင် မဂ္ဂဇင်းနဲ့ ကျမ်းစာလေ့လာကြတယ်။ စည်းဝေးတွေကို သီချင်းဆို၊ ဆုတောင်းခြင်းနဲ့ စတင်ပြီး အဆုံးသတ်တယ်၊ စည်းဝေးတွေမှာ ရန်ပုံငွေတောင်းခံခြင်း ဒါမှမဟုတ် အလှူငွေကောက်ခံခြင်း မရှိပါ။—၂ ကောရိန္သု ၈:၁၂။

ယေဟောဝါသက်သေတွေကို ငွေကြေး ဘယ်လို ထောက်ပံ့သလဲ

သူတို့ရဲ့လုပ်ငန်းကို စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ ထောက်ပံ့တယ်။ သက်သေခံတွေဟာ နှစ်ခြင်းပေးခြင်း၊ မင်္ဂလာဆောင်ပွဲ၊ စျာပနာအခမ်းအနား ဒါမှမဟုတ် တခြား ဘယ်ဘာသာရေး ဝန်ဆောင်မှုအတွက်မဆို အဖိုးအခ မယူကြပါ။ သူတို့ရဲ့အဖွဲ့အစည်းကို သတ်မှတ်ထားတဲ့ ငွေကြေးပမာဏ ပေးဆောင်ရခြင်းမျိုးလည်း မရှိပါ။ အလှူငွေထည့်ဝင်လိုတဲ့ ဘယ်သူမဆိုဟာ ဝတ်ပြုရာခန်းမရဲ့ သင့်တော်တဲ့နေရာမှာရှိတဲ့ အလှူငွေပုံးထဲမှာ ထည့်နိုင်ပါတယ်။ ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ ကျမ်းစာစာပေတွေကို စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့ ထုတ်ဝေတဲ့အတွက် အကုန်အကျ သက်သာပြီး သူတို့ရဲ့ သင့်တော်တဲ့၀တ်ပြုရာခန်းမတွေနဲ့ ဌာနခွဲ အဆောက်အအုံ အများစုကိုလည်း စေတနာ့ဝန်ထမ်းတွေနဲ့ပဲ ဆောက်လုပ်ကြတယ်။

ယေဟောဝါသက်သေတွေဟာ ဆေးဝါးကုသမှုတွေကို လက်ခံပါသလား

လက်ခံပါတယ်။ တကယ်ဆိုရင် သူတို့ကိုယ်တိုင်နဲ့ သူတို့ချစ်ရတဲ့သူတွေအတွက် အကောင်းဆုံး ဆေးကုသမှုတွေကို အတတ်နိုင်ဆုံး ရှာယူကြတယ်။ ဒါ့အပြင် သက်သေခံများစွာဟာ ဆေးဘက်ဆိုင်ရာ နယ်ပယ်တွေမှာ သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာ အကူတွေ၊ ဆရာဝန်တွေနဲ့ ခွဲစိတ်ဆရာဝန်တွေအဖြစ် အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ သွေးသွင်းခြင်းကို ရှောင်ကြတယ်။ ‘သွေးကို ကြဉ်ရှောင်လျက်နေ’ ဖို့ ကျမ်းစာက ပြောတယ်။ (တမန်တော် ၁၅:၂၈၊ ၂၉) စိတ်ဝင်စားစရာက သွေးမဲ့ဆေးကုသမှုကို “အကောင်းဆုံး ဆေးကုသမှု” အဖြစ် ရှုမြင်တဲ့ဆရာ၀န်တွေ များသထက် များလာခြင်းဖြစ်ပြီး ဒီကုသနည်းကို သုံးခြင်းဖြင့် သွေးနဲ့ဆက်နွယ်တဲ့ အရာတွေကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ပါတယ်။

a ယင်းအကြောင်းအရာတွေနဲ့ အခြားအရေးကြီး အကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်မှာ တွေ့ ရှိနိုင်ပါတယ်။

ဆက်ဆံရေးကောင်းရှိတဲ့နေရာ

မက္ကဆီကိုတောင်ပိုင်းရှိ ဘီကူကယ်လ် ဒီ အိုကမ်ပိုမြို့ဟာ အနည်းငယ် ထူးခြားနေတယ်။ “အဲဒီမြို့မှာ နေထိုင်သူအများစုက ယေဟောဝါသက်သေတွေ ဖြစ်ကြတယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ၀န်းကျင်နဲ့ အစိုးရနဲ့ ဆက်ဆံရေးကောင်း ရှိနေတယ်။ . . . နေထိုင်သူတွေဟာ ဆေးလိပ်နဲ့ မူးယစ်သေစာ သောက်စားမှုတွေ မလုပ်ကြတော့ဘဲ အခုဆိုရင် သီချင်းတွေဆိုပြီး ကျမ်းစာဖတ်နေကြတယ်။ သူတို့တွေဟာ အာဏာပိုင်တွေကိုလည်း လေးစားကြတယ်” လို့ မက္ကဆီကိုက သတင်းစာတစ်စောင် (Excélsior) မှာ ဖော်ပြထားတယ်။

မြို့ထဲမှာ ဘာသာတရား အမျိုးမျိုး ရှိပေမဲ့လည်း “ဘာသာရေးပဋိပက္ခနဲ့ အငြင်းပွားမှုတွေ မဖြစ်ပေါ်လာဘူး” လို့ ဖော်ပြထားတယ်။ ဒီလိုလည်း ဆက်ဖော်ပြသေးတယ်- “ရန်လိုမှု မရှိဘူး၊ ဘာသာမတူတာက အိမ်နီးချင်းတွေ တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်စကားပြောဖို့ အတားအဆီး မဖြစ်စေဘူး။ . . . မိသားစုတိုင်းက သူတို့ရဲ့ဘာသာတရားကို လွတ်လွတ်လပ်လပ် ဖွင့်ဟပြောပြကြပြီး အဲဒီလိုပြောခြင်းက စည်းလုံးစွာ အတူတကွနေထိုင်ဖို့ အတားအဆီး မဖြစ်စေဘူး။ ဘီကူကယ်လ်မြို့မှာ ယေဟောဝါသက်သေတွေ အများကြီးရှိနေခြင်းက လူတွေအတွက် ထူးဆန်းပုံ မရဘူး။” ဒါ့အပြင် သက်သေခံတွေရဲ့ ကလေးတွေဟာ ‘အတန်းထဲမှာ သပ်သပ်ရပ်ရပ် ၀တ်ဆင်တယ်၊ အဆင့် ကောင်းတယ်၊ အမူအကျင့်လည်း ကောင်းကြတယ်’ ဆိုတာကို အဲဒီမှာရှိတဲ့ သက်သေခံမဟုတ်တဲ့ အထက်တန်းပြဆရာတစ်ဦး သတိပြုမိခဲ့တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ