ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၀ စာ. ၃
  • “ပျံ့နှံ့နေသော စိတ်မချရမှုကပ်ဘေး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ပျံ့နှံ့နေသော စိတ်မချရမှုကပ်ဘေး”
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယုံကြည်စိတ်ချမှုပြဿနာ အဘယ်ကြောင့်ဖြစ်ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယုံကြည်စိတ်ချမှုကို ပြန်လည်ရရှိစေနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ပြန်အသက်ရှင်လာတဲ့ ယောက်ျားကလေး နှစ်ယောက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ‘အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၁၀/၁၀ စာ. ၃

“ပျံ့နှံ့နေသော စိတ်မချရမှုကပ်ဘေး”

အနောက်အာဖရိကမှာရှိတဲ့ ၁၂ နှစ်အရွယ်ကလေးတစ်ဦးဟာ တရားဝင် ဖွင့်ထားတဲ့ကုန်စုံဆိုင်ကနေ သူ့မိခင် ဝယ်လာတဲ့ ငှက်ဖျားတိုက်ဖျက်ဆေးအတုစားခဲ့မိလို့ ဆေးရုံရောက်နေတယ်။ “စျေးကွက်မှာ ဆေးအတုတွေတွေ့လာခဲ့တာ ၁၅ နှစ်ရှိသွားပြီ” လို့ဆေးရုံ ဆရာဝန်တစ်ဦးပြောတယ်။a

အာရှမှာ မွေးကင်းစကလေးငယ်ရဲ့မိဘတွေဟာ ထိတ်လန့်သွားကြတယ်။ သူတို့ကလေးကို အာဟာရကြွယ်ဝတဲ့နို့လို့ပြောကြရာကို တိုက်ကျွေးနေရင်းက အဲ့ဒီနို့မှာ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်ပါမှန်းသိသွားလို့ပဲ။ ဝမ်းနည်းစရာက ကလေးငယ် သေဆုံးသွားတယ်။

ယုံကြည်စိတ်ချရတဲ့ အမေရိကန် စီးပွားရေးသမားတစ်ဦးက သူ့ဖောက်သည်တွေဆီကနေ ဒေါ်လာဘီလီယံနဲ့ချီပြီး လှည့်စားရယူ ခဲ့တယ်။ “ရာစုနှစ်ရဲ့ အတော်ဆုံးကလိမ်ကျမှု” လို့အမည်တပ်ခဲ့တဲ့ လိမ်လည်မှုမှာ လူထောင်ပေါင်းများစွာက သူတို့ရဲ့ပင်စင်လစာငွေတွေ ပျောက်သွားမှန်းသိလိုက်ရတယ်။

ဒီနေ့ကမ္ဘာမှာ လူတိုင်းလိုလိုရဲ့ယုံကြည်စိတ်ချမှုက တစ်ချိန်မဟုတ်တစ်ချိန် တလွဲအသုံးချခံရတယ်။ ပြင်သစ်သတင်းစာ Le Monde အမည်ပေးထားတဲ့ “ပျံ့နှံ့နေသော စိတ်မချရမှုကပ်ဘေး” က ကမ္ဘာတစ်ဝန်း ဆိုးရွားတဲ့စီးပွားရေးအခြေအနေကိုတောင် ဖြစ်ပေါ်စေခဲ့တယ်။

ဘယ်အချက်တွေက မျက်မှောက်ခေတ် “စိတ်မချရမှုကပ်ဘေး” ကိုဖြစ်ပေါ်စေသလဲ။ သင်ယုံကြည်စိတ်ချနိုင်တဲ့သူတစ်ဦးတစ်ယောက် ရှိသလား။

[အောက်ခြေမှတ်ချက်]

a ပင်သစ်နိုင်ငံ ပဲရစ်ထုတ်သတင်းစာတစ်စောင် (Le Figaro) မှာဖော်ပြထား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ